← Chapters

အခန်း (၂၁၅၁-၂၁၅၂)

Vol. 154 Ch. 2151-2152

အခန်း (၂၁၅၁-၂၁၅၂)

Vol. 154 Ch. 2151-2152

အပိုင်း(၂၁၅၁)

"ကျုပ်တို့ကို လိုက်ပို့ဆောင်ပေးမှာလား"

ဝေ့ဝူယင်က တရားဥပဒေ ထိန်းသိမ်းသူကို မေးလိုက်သည်။ တရားဥပဒေ ထိန်းသိမ်းသူက တိုက်ရိုက်ပင် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ဝေ့ဝူယင်က လက်ဟန်ဖြင့် သဘောတူလိုက်သည်။ တရားဥပဒေ ထိန်းသိမ်းသူသည် တွန့်ဆုတ်မနေဘဲ သင်္ဘော ဒါဇင်ပေါင်းများစွာမှ ဝိညာဉ်ရေးရာ သံကြိုးများကို ပစ်လွှတ်ကာ အီလီစီယမ် အသေး နှင့် လျှို့ဝှက်မြူနှင်း တို့၏ ဘေးတစ်ဖက်တစ်ချက်ကို စုစည်း ချည်နှောင်လိုက်ကြသည်။ ၎င်းသည် မြွေကြီးတစ်ကောင်က သားကောင်ကို ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေပြီး၊ လေထုနှင့် အသက်ရှင်သန်ရေး စီရင်ထုံးများမှအလွဲ ကျန်ရှိသမျှသော စွမ်းအင်အားလုံးကို အနှောင့်အယှက်ပေးသည့် ဝိညာဉ်လှိုင်းများ ထုတ်လွှတ်လိုက်ကြသည်။

ဝေ့ဝူယင်က ပါခက်ကို လှမ်းကြည့်လိုက်၏။ ပါခက်က သင်္ဘောပေါ်တွင် ကျင့်ကြံနေသူများကို လက်ညိုးဖြင့် အကြိမ်အနည်းငယ် ညွှန်ပြလိုက်ရာ၊ သူတို့ကို ရွှေရောင် မြူခိုးများက လွှမ်းခြုံသွားပြီး ထိုဝိညာဉ်လှိုင်းများကို တားဆီးပေးလိုက်သည်။

ဝေ့ဝူယင်သည် စကားအများကြီး ပြောစရာမလိုဘဲ မိမိ၏ အလိုဆန္ဒကို သိမြင်သော သူမ၏ ထိုးထွင်းသိမြင်မှုကို အတော်ပင် ကျေနပ်မိသွားသည်။ တရားဥပဒေ ထိန်းသိမ်းသူ၏ အရှိန်အဝါမှာ တစ်ချက်မျှ ပြင်းထန်လာသော်လည်း ပါခက်က သင်္ဘောပေါ်ရှိ လူများကိုသာ အကာအကွယ်ပေးရန် သူမ၏ လျှို့ဝှက်စွမ်းအားကို အသုံးပြုနေခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ပြန်လည် ငြိမ်သက်သွားသည်။ သင်္ဘောများမှာ အမိန့်မရရှိသေးသဖြင့်သာ တိုက်ခိုက်မှုကို ရပ်တန့်ထားခြင်း ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ဝင်ရောက်ခြင်းမှာ ဤမျှ ထူးဆန်းပြီး ရန်လိုသော ကြိုဆိုမှုမျိုးနှင့် ကြုံရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အကယ်၍ သူတို့ အဇူရာမြစ်ကို စော်ကားခဲ့လျှင်ပင် အဂ္ဂိရတ် အမိန့်တော် ဆိုသည်မှာ ပုဂ္ဂိုလ်ရေး အာဃာတများနှင့် ဆုံးရှုံးမှုများအတွက် အသုံးပြုနိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် သူတို့တွင် အလွန်လျှင်မြန်သော ဆက်သွယ်ရေးစနစ်နှင့် အထောက်အထားကို ဖော်ထုတ်နိုင်စွမ်း ရှိနေလျှင်ပင် ဝေ့ဝူယင်အနေဖြင့် ဤသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုမျှနှင့် အဂ္ဂိရတ် အမိန့်တော် တစ်ခုကို ထုတ်ပြန်၍ မရနိုင်ပါချေ။ အီလီစီယမ် အသေး နှင့် လျှို့ဝှက်မြူနှင်း တို့မှာ ဆွဲခေါ်ခြင်း ခံနေရပြီ ဖြစ်သည်။ အဖြူရောင် ကောင်းကင်မှာ အကျဉ်းသား ဖြစ်နေသဖြင့် သူမနှင့် ပါလာသူများမှာလည်း သက်ဆိုင်ရာ အာဏာပိုင်များက အခြေအနေကို အတည်မပြုနိုင်မချင်း ရာဇဝတ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ အဖြစ် သတ်မှတ်ခံရပြီး တန်းတူ ဆက်ဆံခံရမည် ဖြစ်သည်။

ဝေ့ဝူယင်အနေဖြင့် သာလွန် အဂ္ဂိရတ် ကြယ်တာရာ ပိုင်ဆိုင်သူ တစ်ဦးအဖြစ် အာဏာပြနိုင်ခြင်းမှာ သူကိုယ်တိုင်က ဘေးလူမဟုတ်ဘဲ ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူ ဖြစ်သောကြောင့်လည်း ပါဝင်သည်။ သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို ချိတ်ပိတ်မခံရခြင်းမှာ သူတို့ဘက်မှ အညံ့ခံလိုစိတ် ရှိခြင်းနှင့် တရားဥပဒေ ထိန်းသိမ်းသူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်သာ ဖြစ်ပေသည်။

"..."

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုစဉ်အတွင်း နတ်ပရီက မေးမြန်းလိုက်သည်။

"လောကရှန့်ထို အဖြူရောင် ကောင်းကင်... ခင်ဗျား ဒီရွှင်းစို့တာအို တိုက်ပွဲ ဖြစ်နေတာကို သိရဲ့လား"

ဤအခြေအနေများ ဖြစ်ပျက်နေပြီး ရလဒ်ကို သူမ မသိရှိခြင်းမှာ ထူးဆန်းလှသည်။ သို့သော် အဖြူရောင် ကောင်းကင်သည် သူတော်စင် နွေဦးကွင်းပြင်နှင့်အတူ အရေးတကြီး ထွက်ခွာသွားခဲ့ရပြီး၊ ထို့နောက်တွင် ဝေ့ဝူယင်၏ ဟင်းလင်းပြင် လက်စွပ်အတွင်း၌သာ ချိတ်ပိတ်ခံထားရကာ အရှင်ကျားနှလုံးသားနှင့်သာ စကားပြောခွင့် ရခဲ့သည်ကို နတ်ပရီ မသိရှိပေ။

ထွက်ပြေးရန်လား။ သူမ ထိုသို့ မတွေးဝံ့ပါချေ။ ဝေ့ဝူယင်က သူမကို တစ်ကြိမ် အသက်ချမ်းသာပေးခဲ့ပြီး ဖြစ်ရာ၊ သူစိမ်း ဂလက်ဆီတစ်ခုတွင် ထွက်ပြေးရန် ကြိုးစားခြင်းမှာ သေဒဏ်နှင့် မခြားကြောင်း သူမ သိထားသည်။

အဖြူရောင် ကောင်းကင်က စိတ်ပျက်လက်ပျက် အသံဖြင့် ပြန်ပြောလိုက်၏။

"ကျွန်မရဲ့ ပင်လယ်နဲ့ ကောင်းကင် တက္ကသိုလ် နဲ့ ကြည်နူးကျောက်စိမ်း တက္ကသိုလ် ကြားမှာ အဂ္ဂိရတ် တိုက်ပွဲ တစ်ခု ဖြစ်နေတာကိုတော့ သိပါတယ်... ဒါပေမဲ့ ကျွန်မ ဂလက်ဆီကနေ ထွက်မသွားခင်အထိ အဲဒါက ရွှင်းစို့တာအို တိုက်ပွဲ ဖြစ်လာမယ်ဆိုတာ ဒါမှမဟုတ် ဘယ်ပစ္စည်းတွေကို လောင်းကြေး ထားမယ်ဆိုတာကို ကျွန်မ တကယ် မသိခဲ့ပါဘူး"

"နင်က ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ..."

နက်ပစ်က ဤအချက်မှာ အဓိပ္ပာယ်မရှိဟု ယူဆနေသည်။

အဖြူရောင် ကောင်းကင်က သူမ၏ ပါးလေးများကို ဖောင်းလိုက်ရင်း ချစ်စဖွယ် မျက်နှာ အမူအရာလေးနှင့်...

"အဇူရာ ပင်လယ်က သဘောတူလိုက်တာ ဖြစ်မှာပါ... များသောအားဖြင့် ဒီလိုကိစ္စတွေကို သူပဲ ကိုင်တွယ်တာလေ... သူက ရှုံးခဲပါတယ်... တစ်ခုခုတော့ ဖြစ်သွားလို့ အခြေအနေတွေ ပြောင်းလဲသွားပြီး ကျွန်မတို့ရဲ့ မျိုးဆက် ပိုင်ဆိုင်ခွင့်တွေနဲ့ ဆေးဖော်စပ်နည်းတွေကို အလျင်စလို လောင်းကြေးထပ်လိုက်တာ ဖြစ်ပါလိမ့်မယ်..."

"ဘာလို့ သူက နင့်ရဲ့ သဘောတူညီချက် မပါဘဲ ဒီလောက်ကြီးမားတဲ့ လောင်းကြေးကို လက်ခံရတာလဲ... လောကရှန့်ထို အဇူရာပင်လယ် က ဂျူနီယာ အဆင့် လောကရှန့်ထို တစ်ယောက်ပဲ ဆိုတော့ နင့်ထက် တစ်ဆင့် နိမ့်တာပဲလ်... နင်မသိဘဲ သူက ဒီလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုလုပ် ချနိုင်မှာလဲ"

နက်ပစ်က ရှေ့နောက်မညီသော ဤအခြေအနေကို ဆက်လက် မေးခွန်းထုတ်နေတော့သည်။

"အဲဒါကြောင့်လည်း သူတို့က နင့်ရဲ့ ထွက်ခွာသွားမှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ ယူဆနေကြတာ ဖြစ်မှာပေါ့..."

ပါခက်က ဖြည့်စွက် ပြောလိုက်သည်။

"ကျွန်မ မသွားခင်မှာ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ဆုံးဖြတ်ဖို့ သူ့ကို အာဏာအပြည့် လွှဲပေးခဲ့တာပါ ဟုတ်ပြီလား... သူက အတွေ့အကြုံရော အသက်အရွယ်ရော ကျွန်မထက်ကြီးတဲ့ စီနီယာဖြစ်သလို၊ ဒီအဖွဲ့အစည်းနဲ့ ကျွန်မတို့ ပူးတွဲပိုင်ဆိုင်တဲ့ မျိုးဆက်ရဲ့ အခြေခံအုတ်မြစ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်တယ်"

အဖြူရောင် ကောင်းကင်က ပြန်ပြောလိုက်သည်။ သူတော်စင် နွေဦးကွင်းပြင်နှင့်အတူ ရုတ်တရက် သွားရမည့် ခရီးစဉ်မှာ အလွန်အန္တရာယ် များနိုင်သည်ဟု သူမ တွေးမိသောကြောင့် အဖြူရောင်ကောင်းကင် ရတနာ ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သူမ အစောပိုင်းက ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပါက အလုပ်များ မကြန့်ကြာစေရန် သူမ၏ ပါတနာကို ဆုံးဖြတ်ချက် အပြည့်အဝ ချခွင့်ပေးခဲ့ခြင်းကို နက်ပစ်အနေဖြင့် လက်ခံနိုင်ရုံသာ ရှိတော့သည်။

အဖြူရောင် ကောင်းကင်သည် ဤမျှ မြန်မြန်ဆန်ဆန် ပြန်ရောက်လာလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။ တောက်ပသော ကြယ်နန်းတော် ပိုင်ဆိုင်သည့် ကြယ်တာရာ တံတားကို အသုံးပြုရန် သူတော်စင် နွေဦးကွင်းပြင် အသုံးပြုခဲ့ရသော အရင်းအမြစ်များမှာ အလွန်များပြားလှပြီး ၎င်းမှာ တစ်ဦးတည်းအတွက် တစ်ကြောင်းပြန်ခရီးသာ ဖြစ်သည်။

ကြယ်တာရာ တံတားဆိုသည်မှာ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်း ကို အသုံးပြု၍ ကျင့်ကြံသူများကို ဂလက်ဆီ အတိုင်းအတာဖြင့် သော်လည်းကောင်း၊ ဂလက်ဆီ ပြင်ပသို့သော်လည်းကောင်း ပို့ဆောင်ပေးနိုင်သည့် အစွမ်းထက်သော အစီအရင် အစုအဝေးကြီး ဖြစ်သည်။

အကယ်၍ အရာအားလုံးကသာ အစီအစဉ်အတိုင်း ဖြစ်ခဲ့လျှင်၊ သာမန် ခရီးသွားလာမှု နည်းလမ်းများဖြင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ပြန်ရောက်ရန်မှာ ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်နှင့်ချီ၍ ကြာမြင့်နိုင်ပေသည်။ အီလီစီယမ် အသေး ကဲ့သို့သော သင်္ဘောမျိုးမှာ ခြွင်းချက် ဖြစ်သည်။ နွေဦးလေပြေ သင်္ဘောပင်လျှင် ထိုမျှလောက် စွမ်းရည် မရှိချေ။

အဖြူရောင် ကောင်းကင်က ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူမ မျှော်လင့်ချက် ထားနေသော်လည်း ဝေ့ဝူယင်က ဤကိစ္စကို မည်သို့ ကိုင်တွယ်မည်၊ ထို့အပြင်... ပြင်ပသားတစ်ဦးအနေဖြင့် ကိုင်တွယ်နိုင်ပါမည်လား ဆိုသည်ကို မသိပေ။ ဝေ့ဝူယင်၏ မျက်မှောင်ကြုတ်ထားမှုမှာ မိနစ်နှင့်အမျှ ပို၍ပင် နက်ရှိုင်းလာသည်ကို သူမ သတိထားမိလိုက်သည်။ သူမ၏ နှလုံးသားမှာ စိုးရိမ်မှုများဖြင့် တဒိန်းဒိန်း ခုန်လာရတော့သည်။

"အဆင်ပြေရဲ့လား..."

သူမက နူးညံ့သောအသံဖြင့် မေးလိုက်သည်။ ထိုအခါမှသာ လူတိုင်းက ဝေ့ဝူယင်၏ မျက်ဝန်းများမှာ ညှို့မှိုင်းနေပြီး အထူးသဖြင့် သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပို၍ တင်းမာလာနေသည်ကို သတိပြုမိလိုက်ကြသည်။

"လောကရှန့်ထို အာရုဏ်ဦး..."

နတ်ပရီကလည်း လှမ်းမေးလိုက်၏။ ဝေ့ဝူယင်က ရုတ်တရက် အံကြိတ်လိုက်ရာ သူ၏ နတ်ဘုရားသဖွယ် ခန့်ညားသော မျက်နှာထက်တွင် စိတ်ပျက်မှုများ အထင်းသား ပေါ်လွင်သွားသည်။ ပါခက်၏ အတွင်းစွမ်းအင်များမှာ အသိစိတ်အရ စတင် လှုပ်ရှားလာတော့သည်။ ဝေ့ဝူယင်က တိုက်ခိုက်ရန် ပြင်နေခြင်းလော။ အကယ်၍ ထိုသို့ဆိုလျှင်လည်း သူမ အသင့်ပင်။ သူမ၏ မျက်ဝန်းများတွင် စစ်သည်တော်တိုင်း၏ နှလုံးသားကို မီးရှို့နိုင်သည့် တိုက်ခိုက်လိုစိတ်များ တဖျတ်ဖျတ် တောက်ပလာတော့သည်။

"တောက်..."

ဝေ့ဝူယင်က မကျေမနပ် ရေရွတ်လိုက်၏။

"...နှေးလိုက်တာ"

"..." အဖြူရောင် ကောင်းကင်။

"..." နတ်ပရီ။

"..." နက်ပစ်။

"..." အီမန်တက်။

"..." လော့နင်း။

"..." ပါခက်။

***

အပိုင်း(၂၁၅၂)

သူတို့ကို ဆွဲခေါ်နေသော ဝိညာဉ်သံကြိုးများနှင့် ဟင်းလင်းပြင် သင်္ဘောများမှာ တစ်နာရီလျှင် မိုင်အနည်းငယ်နှုန်းခန့်ဖြင့်သာ ရွေ့လျားနေသဖြင့် ဝေ့ဝူယင်၏ စိတ်ပျက်မှုမှာ ထိပ်ဆုံးသို့ ရောက်နေခြင်း ဖြစ်သည်။ ဤမျှ နှေးကွေးသော အရှိန်နှင့်ဆိုလျှင် အစွမ်းကုန် သန့်စင်ခြင်း မြူခိုး နယ်စပ်သို့ ရောက်ရန်ပင် တစ်နှစ်ခန့် ကြာပေလိမ့်မည်။ နယ်စပ်ကိုတင် ပြောခြင်း ဖြစ်သည်။

ကြီးထွားခြင်းဇုံ သို့ ရောက်ရန်ဆိုလျှင်ရော...။

နှစ်ပေါင်းများစွာလား။ ဆယ်စုနှစ်များစွာလား။

မည်သည့် သူတော်စင်ကမျှ ဤအရှိန်ကို ပြဿနာဟု မယူဆသော်လည်း ဝေ့ဝူယင်အတွက်မူ ကြီးမားသော ပြဿနာ ဖြစ်နေသည်။ သူသည် မကြာသေးမီကမှ အသက် ၁၀၀ ပြည့်ခဲ့သူ ဖြစ်ပြီး ငရဲဘုံ၏ ကပ်ဘေးများ ကလည်း သူ့နောက်သို့ အစဉ်တစိုက် လိုက်ပါနေသည် မဟုတ်ပါလော။ စစ်မှန်သော ဟင်းလင်းပြင် နဂါး တစ်ဦးအနေဖြင့် ဤကဲ့သို့ ခရုသွားသကဲ့သို့ နှေးကွေးသော အရှိန်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။

"တာအို တရားဥပဒေ ထိန်းသိမ်းသူ"

ဝေ့ဝူယင်က အော်ဟစ်လိုက်သည်။ တရားဥပဒေ ထိန်းသိမ်းသူမှာ ရှေ့ဆုံးမှနေ၍ မှန်မှန်အရှိန်ဖြင့် ပျံသန်းနေပြီး အီလီစီယမ် အသေး နှင့် လျှို့ဝှက်မြူနှင်း တို့အပေါ်တွင် သူ၏ ဝိညာဉ်အာရုံကို အစွမ်းကုန် စိုက်ထားသည်။ သူတော်စင် (၄) ဦးထဲမှ တစ်ဦးမှာ တစ်ခုခုလုပ်ရန် ပြင်ဆင်နေသည်ကို သူတို့ သတိပြုမိထားပြီးဖြစ်ရာ မသင်္ကာဖွယ် လှုပ်ရှားမှု အနည်းငယ် မြင်သည်နှင့် ပစ်ခတ်ရန် သင်္ဘောများကို ညွှန်ကြားထားပြီး ဖြစ်သည်။

တာအို တရားဥပဒေ ထိန်းသိမ်းသူက လှည့်ကြည့်ကာ ဝေ့ဝူယင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်လိုက်ကြသည်။ သို့သော် ထိုခန့်ညားလှသော လူငယ်မှာ သူ့ကို ကြည့်နေခြင်း မဟုတ်ဘဲ အဝေးတစ်နေရာသို့ လှမ်းကြည့်နေခြင်း ဖြစ်သည်။ ဤသည်ကို သတိပြုမိလိုက်ချိန်တွင် သူ၏ နှလုံးသားမှာ တုန်လှုပ်သွားရ၏။

"ငါ အားလုံးကို ကြီးထွားခြင်းဇုံ ဆီ တိုက်ရိုက် ခေါ်သွားမယ်..."

ဝေ့ဝူယင်က ကြေညာလိုက်သည်။

"မင်း တစ်ခုခု လှုပ်ရှားဖို့ ကြိုးစားရင် ငါ မင်းကို အရင်သတ်မယ်... ပြီးမှ မင်းသေတဲ့ကိစ္စအတွက် မျှော်စင်နဲ့ ဆေးအချို့ လဲလှယ်ပြီး ဖြေရှင်းလိုက်မယ်"

ထိုမျှ အာဏာပြင်းလှသော သတင်းစကားကို ကြေညာလိုက်ပြီးနောက် အဖြေကိုပင် မစောင့်တော့ဘဲ ဝေ့ဝူယင်သည် သူ၏ လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။

ချွင်... ချွင်... ချွင်...

ဝိညာဉ်သံကြိုးများမှာ ဝိညာဉ်အလင်းအစအနများအဖြစ် လွင့်စဉ်ကာ ဖုန်မှုန့်များအလား ကြေမွသွားခဲ့ရသည်။ ဟင်းလင်းပြင် သင်္ဘောများမှာ တုံ့ပြန်ရန် အသင့်ဖြစ်နေသော်လည်း ခြွင်းချက်မရှိ အားလုံးမှာ ရုတ်တရက် စွမ်းအင်များ ပြတ်တောက်သွားခဲ့ရသည်။ ထို့နောက် ဝေ့ဝူယင်သည် ဟင်းလင်းပြင် သာမည ဥပဒေသ ကို အသုံးချကာ သူ၏ လက်ဝါးဖြင့် ဖိနှိပ်လိုက်ရာ... အီလီစီယမ် အသေး နှင့် လျှို့ဝှက်မြူနှင်း တို့ကို သက်တန့်ရောင် အလင်းတန်းများက လွှမ်းခြုံသွားတော့သည်။

ဝုန်း

သင်္ဘောနှစ်စင်းစလုံးမှာ သူတော်စင် နွေဦးကွင်းပြင် အသုံးပြုခဲ့သော အရှိန်အဝါမျိုးနှင့် ထပ်တူကျသည့် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကာ လှပသော သက်တန့်ရောင် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ချန်ရစ်ရင်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ ထိုအလင်းတန်းမှာ နယ်စပ်ကို အလွယ်တကူပင် ဖြတ်ကျော်ဝင်ရောက်သွားခဲ့၏။

"..."

ဟင်းလင်းပြင် သင်္ဘောများပေါ်ရှိ အဖွဲ့သားများ။

"..."

တရားဥပဒေ ထိန်းသိမ်းသူ။

အားလုံးမှာ မှင်တက် နေကြသော်လည်း... ခဏအကြာတွင် မေ့နေရာမှ ရုတ်တရက် သတိရလိုက်သကဲ့သို့ တရားဥပဒေ ထိန်းသိမ်းသူ၏ မျက်ဝန်းများမှာ ကျယ်ပြန့်သွားရသည်။

အဘယ်ကြောင့်နည်း။ ဟင်းလင်းပြင် ဥပဒေသက သူတို့အား လွှမ်းခြုံလာသောကြောင့် ဖြစ်သည်။ အသိစိတ်အရ အစွမ်းကုန် ခုခံရန် ပြင်ဆင်လိုက်သော်လည်း သူတို့၏ ကျင့်ကြံမှု၊ ဝိညာဉ်၊ အသိစိတ်ပင်လယ်နှင့် ခန္ဓာကိုယ်တို့မှာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့ရသည်။

ဝိညာဉ်ချိတ်ပိတ်ခြင်း အစီအရင်ကြောင့် တရားဥပဒေ ထိန်းသိမ်းသူမှာ အခြားသော ကြယ်တာရာ ဖြတ်သန်းမှု အလင်းတန်း တစ်ခုက အဂ္ဂိရတ် အမိန့်တော် နှင့်အတူ သူတို့ကို ဆွဲခေါ်သွားသည်ကို ကြောင်စီစီဖြင့်သာ ကြည့်နေနိုင်တော့သည်။

ဝေးကွာသော နေရာမှနေ၍ အခြေအနေကို စောင့်ကြည့်နေသော ဉာဏ်အလင်းရ သူတော်စင် အဆင့်ရှိ တရားဥပဒေ ထိန်းသိမ်းသူကြီးမှာမူ ကျောရိုးထဲအထိ စိမ့်တက်သွားသော တုန်လှုပ်မှုကို ခံစားလိုက်ရတော့သည်။

ဤအဂ္ဂိရတ် ပညာရှင်က မည်သူနည်း။

...

သက်တမ်းမှာ ဆယ်စုနှစ်ပေါင်းများစွာမှသည် ရာစုနှစ်ပေါင်းများစွာအထိ အသက် ရှည်လျားလှခြင်းနှင့် ကျင့်ကြံခြင်းအတွက် အထီးကျန်စွာ အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းတို့၏ အကျိုးဆက်မှာ ကျင့်ကြံသူတစ်ဦး၏ အချိန်အပေါ်ထားရှိသော အမြင်နှင့် လှုပ်ရှားမှုများ၏ ကြာမြင့်ချိန်အပေါ် သဘောထားများကို မသိမသာ ပြောင်းလဲစေခဲ့သည်။

ကျင့်ကြံမှုအဆင့် မြင့်မားလေလေ၊ ကျင့်ကြံခြင်း သတ်မှတ်ချိန်များမှာ ပိုမိုကြာမြင့်လာလေလေ ဖြစ်သည်။ ဝေ့ဝူယင်သည် အသက် ၁၀၀ ကျော်မျှသာရှိသေးသည့် သာမန်လူသားတစ်ဦး မျှသာ ဖြစ်သော်လည်း သူ၏ နောက်ဆုံးအကြိမ် အထီးကျန် ကျင့်ကြံမှုမှာ (၁၇) နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီး၊ ထိုကျင့်ကြံမှုမှာလည်း နီးကပ်လာသည့် ကြောက်မက်ဖွယ်ရာ ငရဲဘုံ၏ ကပ်ဘေးများ ကြောင့်သာ အချိန်မတိုင်မီ အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ တိုက်ကြီးများ၊ ဂြိုဟ်များ သို့မဟုတ် ထို့ထက်ငယ်သော နေရာများရှိ သာမန်လူသားများအတွက် ရွာများ၊ မြို့များနှင့် နိုင်ငံများအကြား ခရီးသွားလာခြင်းမှာ ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်လေ့ရှိပြီး၊ သူတို့၏ နေ့စဉ်လုပ်ဆောင်ချက်များမှာ တစ်ရက်ပင် မပြည့်မီ ပြီးဆုံးသွားတတ်ကြသည်။

သို့သော် မြင့်မားသော အဆင့်ရှိသည့် ကျင့်ကြံသူများအတွက်မူ လှုပ်ရှားမှု နယ်ပယ်မှာ ဂြိုဟ်များ၊ ကြယ်စုတန်းများနှင့် ဂလက်ဆီဇုံများအထိ ကျယ်ပြန့်လှရာ၊ ထူးခြားသော အကူအညီမပါဘဲ ခရီးသွားလာရန်မှာ နှစ်ပေါင်းများစွာမှသည် ရာစုနှစ်နှင့်ချီ၍ ကြာမြင့်နိုင်ပေသည်။

ထို့ကြောင့် သူတော်စင်အဆင့်ရှိ တရားဥပဒေ ထိန်းသိမ်းသူသည် ဂလက်ဆီ၏ အပြင်ဘက် အခွံအနားတွင် ရှိနေစဉ် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ဆီသို့ ဂရုတစိုက် ဖြည်းညှင်းစွာ ချဉ်းကပ်ခြင်းကို ပြဿနာဟု မယူဆခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ဂလက်ဆီများအကြားရှိ ဟင်းလင်းပြင် ဖြစ်ပြီး လျှို့ဝှက်သော အန္တရာယ်များ ရှိနေနိုင်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် မြွေလိမ်မြွေကောက် ပုံသဏ္ဌာန်ရှိပြီး ငွေရောင်အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းကာ အပျက်အစီး မန်နာများကို ရှူရှိုက်နေသည့် လေးမြီးပါ ဟင်းလင်းပြင် သားရဲတစ်ကောင်သည် ဝေ့ဝူယင် ဖန်တီးလိုက်သော ကြယ်တာရာ ဖြတ်သန်းမှု အလင်းတန်း နှင့် တိုက်မိကာ သွေးအိတ်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ရသည်။

ထိုဟင်းလင်းပြင် သားရဲမှာ အလွန်အမင်း အစွမ်းထက်လှသည်မဟုတ်သော်လည်း အမှောင် ဟင်းလင်းပြင်အတွင်း ရှာဖွေရန် ခက်ခဲပြီး၊ ဟင်းလင်းပြင် သင်္ဘောများကို ရုတ်တရက် တိုက်ခိုက်ကာ ချက်ချင်း ပျောက်ကွယ်သွားတတ်သဖြင့် အနှောင့်အယှက်ပေးလေ့ရှိသည်။ ဝိညာဉ်အမြင် ဖွင့်မထားသော ကျင့်ကြံသူတစ်ဦးအတွက်မူ ၎င်း၏ တိုက်ခိုက်မှုကိုပင် သတိမပြုမိလိုက်ဘဲ အသက်ဆုံးရှုံးနိုင်ပေသည်။ ၎င်းသည် သာမန်လူသားများနှင့် ဟင်းလင်းပြင် သင်္ဘောများကိုပါ ဒုက္ခပေးခဲ့ဖူးသည့် သားရဲတစ်ကောင် ဖြစ်သည်။ ဤအချက်ကြောင့်ပင် တရားဥပဒေ ထိန်းသိမ်းသူမှာ ဂရုတစိုက် သွားလာနေခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝေ့ဝူယင်သည် သူ၏ စိတ်ပျက်မှုများကြားမှပင် ထိုသားရဲ၏ အသက်ကို အမှတ်မထင်ပင် ခြွေယူလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်ရန် ချောင်းမြောင်းနေခြင်း ဖြစ်ရာ ဝေ့ဝူယင်အနေဖြင့်လည်း ၎င်းကို အဆုံးသတ်ပေးရန် ဝန်မလေးခဲ့ပေ။ သူသည် သွေးစွန်းနေသော အကြွင်းအကျန်များကိုပင် ဟင်းလင်းပြင် နဂါး လျှို့ဝှက်စွမ်းအာ’ဖြင့် ဖန်တီးထားသော လည်ပတ်နေသည့် ဟင်းလင်းပြင် တံခါးအတွင်းသို့ စုပ်ယူလိုက်သည်။ ထိုလုပ်ဆောင်ချက်မှာ ဉာဏ်အလင်းရ သူတော်စင် တစ်ဦး၏ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့ပြီး မည်သည့် အသားစ သွေးစမျှ ကျန်ရစ်ခြင်း မရှိခဲ့ပေ။

ဝေ့ဝူယင်အတွက်မူ သူ၏ အလျင်စလိုဖြစ်မှုမှာ ခိုင်လုံသော အကြောင်းပြချက် ရှိနေသည်။ စက္ကန့်တိုင်းမှာ ငရဲဘုံ၏ ကပ်ဘေးများ နှင့် ပိုမိုနီးကပ်လာနေသလို၊ ယွီစွန်းလီနှင့် ချိန်းဆိုထားသော နှစ်နှစ်တာ သတ်မှတ်ချက်ကိုလည်း ဖြည့်ဆည်းပေးရန် လိုအပ်နေသေးသည်။

ဝေ့ဝူယင် အစောပိုင်းက စကား ပြောဆိုခဲ့စဉ်တွင် ဝိညာဉ်စွမ်းအားများ ထည့်သွင်းကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ တိုက်ရိုက် ပြောဆိုခဲ့ခြင်း ဖြစ်ရာ၊ အာရုံစိုက်နေသူ မည်သူမဆို သူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော အာဏာစက်ပြင်းလှသည့် စကားလုံးများကို ခံစားမိနိုင်ပေသည်။ အဖြူရောင် ကောင်းကင်၏ မျက်ဝန်းများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ် သွားခဲ့၏။

ထိုခြိမ်းခြောက်မှုမှာ ပြတ်သားပြီး လေးနက်လှရာ အခြားနည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် မဖြစ်နိုင်ပေ။ ပုံမှန်အားဖြင့် တရားဥပဒေ ထိန်းသိမ်းသူတစ်ဦးကို ဤသို့ ခြိမ်းခြောက်ဝံ့သူကို သူမ ရယ်မောမိပေလိမ့်မည်။ သို့သော် ဝေ့ဝူယင်က တရားဥပဒေ ထိန်းသိမ်းသူ၏ အသက်ကို အဂ္ဂိရတ် ထုတ်ကုန်အချို့ဖြင့် လဲလှယ်မည်ဟု ပြောလိုက်ချိန်တွင်မူ အဖြူရောင် ကောင်းကင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။ ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် အမိန့်တော်နှင့် ပတ်သက်သော ဂလက်ဆီ ဥပဒေသများကို အသေးစိတ် သိရှိနေခြင်းပင်။

အစောပိုင်းက သူမသည် ကြောက်ရွံ့မှုများကြောင့် သတိမပြုမိခဲ့သော်လည်း ယခုအခါ သက်တန့်ရောင် အလင်းတန်းများကြားတွင် ခရီးသွားရင်း စိတ်တည်ငြိမ်သွားချိန်၌ အချက်အလက်များကို ဆက်စပ်မိသွားခြင်း ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် အကြောင်းအမျိုးမျိုးကြောင့် အဂ္ဂိရတ်ပညာရှင်များသည် အချို့သော ပုဂ္ဂိုလ်များကို အရင်သတ်ပိုင်ခွင့်ရှိပြီးမှ နောက်မှ ဒဏ်ငွေပေးဆောင်၍ ဖြေရှင်းနိုင်သည့် အထူးအခွင့်အရေး တစ်ရပ်ကို ကျင့်သုံးနိုင်သည်။ အကယ်၍ သူတို့သည် ထိုဒဏ်ငွေကို ပေးဆောင်နိုင်ပါက အခြေအနေမှာ အလွယ်တကူ ပြေလည်သွားမည် ဖြစ်သည်။

သို့သော် ၎င်းတွင် အကန့်အသတ်များ ရှိသလို၊ ဒဏ်ငွေ မပေးဆောင်နိုင်ပါက ခံရမည့် ပြစ်ဒဏ်မှာလည်း အလွန်ကြောက်မက်ဖွယ် ကောင်းလှသဖြင့် အဂ္ဂိရတ်ပညာရှင်များကို စိတ်ထင်တိုင်း မလုပ်မိစေရန် တားဆီးထားခြင်းလည်း ဖြစ်သည်။ အသက်ဇီဝများကို အမျိုးအစားခွဲခြား၍ တန်ဖိုးသတ်မှတ်ထားသည့် ရှုပ်ထွေးသော ဖော်မြူလာများလည်း ရှိနေသည်။ ဥပမာအားဖြင့် အကာအကွယ်ပေးထားသော အဆင့်ရှိ သာမန်လူသားတစ်ဦးကို သတ်ရန်ဆိုလျှင်ပင် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် အကြိမ်ကြိမ် စဉ်းစားရပေလိမ့်မည်။

ဟုတ်ပေသည်။ လူတိုင်းမှာ ထိုအကာအကွယ်အောက်တွင် ရှိနေသည်တော့ မဟုတ်ပါ။ တရားဥပဒေ ထိန်းသိမ်းသူများမှာ ထိုအကာအကွယ်ပေးထားသော အဆင့်အတန်းအောက်တွင် ရှိကြပြီး၊ အဖွဲ့သားများမှာမူ တာဝန်ထမ်းဆောင်နေစဉ် အချိန်အတွင်းသာ ယာယီ အကာအကွယ် ရရှိကြသည်။ အကာအကွယ် မရှိသော ကျင့်ကြံသူများအတွက်မူ အဂ္ဂိရတ်ပညာရှင် သို့မဟုတ် ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများကို မစော်ကားမိရန်သာ လိုအပ်သည်။ သူတို့၏ ကံကြမ္မာမှာ သူတို့အပေါ်၌သာ မူတည်ပြီး၊ တရားမျှတမှုအတွက်မူ သူတို့၏ အဖွဲ့အစည်း သို့မဟုတ် နယ်မြေခံ ခေါင်းဆောင်များအပေါ်၌သာ... တစ်နည်းအားဖြင့် မိမိ၏ နောက်ခံ အင်အားအပေါ်၌သာ... မူတည်ပေသည်။

ပါခက်၏ နှုတ်ခမ်းထက်တွင် စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ အကြောင်းပြချက် မရှိဘဲ သူမ၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေမိသည်။ ဝေ့ဝူယင်၏ ခြိမ်းခြောက်မှုမှာ သူ၏ လွှမ်းမိုးမှုကို သက်သေပြလိုက်ခြင်းဖြစ်သလို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ဝင်ရောက်ရန်အတွက် ခန့်ညားသော အစပြုမှုတစ်ခုလည်း ဖြစ်ပေသည်။ ဤသတင်းမှာ ဂလက်ဆီအတွင်းရှိ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ နားထဲသို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။

***

All Chapters