အခန်း (၂၁၆၅-၂၁၆၆)
Vol. 155 Ch. 2165-2166
အပိုင်း(၂၁၆၅)
အခြေအနေများ ပြောင်းလဲသွားသည့်အတွက် အဖြူရောင် ကောင်းကင်မှာ များစွာ စိတ်သက်သာရာ ရသွားခဲ့သည်။ အမှန်စင်စစ် လောင်းကြေးကို ပေးဆပ်ရန်မှာ သူမအတွက် အလွန်မခက်ခဲလှပေ။ ဝေ့ဝူယင်သည် လောင်းကြေး၏ အနိုင်အရှုံး အခြေအနေများကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခြင်း မပြုသော်လည်း သူမ၏ မျိုးနွယ်စုပိုင် ပစ္စည်းနှင့် ဆေးဖော်စပ်နည်းလမ်းကို မေရှန့်ယောင် လက်ထဲသို့ မရောက်အောင် ကာကွယ်ပေးခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်က ဝေ့ဝူယင်သည် သူမ၏ အသက်ကို သတ်ဖြတ်နိုင်သော သားသတ်သမားကဲ့သို့ ဖြစ်နေခဲ့သော်လည်း ယခုမူ သူမကို ထိခိုက်မှုမရှိဘဲ ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးလိုက်သည့် ကရုဏာရှင်နှင့် တူလှပေတော့သည်။
အဖြူရောင် ကောင်းကင် ဝေ့ဝူယင် အပေါ် အလွန်အမင်း ကျေးဇူးတင်မိပါသည်။ ထို့အပြင် ဝေ့ဝူယင်နှင့် ကံကြမ္မာ အဆက်အသွယ်တစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ရာ နောင်တွင် အကျိုးကျေးဇူးများ ရနိုင်ပေသည်။ ဝေ့ဝူယင်သည် အဂ္ဂိရတ်ပညာတွင် ထူးချွန်ရုံမျှမက သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်ကဲ့သို့သော မိစ္ဆာဆန်ဆန် သူတော်စင်တစ်ဦးထက်ပင် သာလွန်ကြောင်း သူမ တစ်ဦးတည်းသာ သိရှိနားလည်ထားသည်။
နွေဦးကွင်းပြင်ကဲ့သို့သော လူမှာ အထွတ်အထိပ် သူတော်စင်တစ်ဦး၏ လက်ထဲတွင် လွယ်လွယ်နှင့် သေဆုံးလိမ့်မည့် လူစားမျိုး မဟုတ်ချေ။ မည်သို့ပင် ဆိုစေ... နွေဦးကွင်းပြင်မှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ ထိပ်တန်းပညာရှင်တစ်ဦး မဟုတ်ပါလော။ သူမသည် ဝေ့ဝူယင်၏ အစစ်အမှန် စွမ်းအားကို မသိရှိသော်လည်း ထိုပုဂ္ဂိုလ်ကို လျှို့ဝှက် အာဏာရှင်အဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့သည်။
အခြားသူများ သိမသိကို သူမ မသိသော်လည်း ဝေ့ဝူယင်၏ အချိန်နှင့် အာကာသ အတားအဆီး အစီအရင်ကပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းရန် လုံလောက်နေပြီ ဖြစ်သည်။ လောက၌ သာမည အာဏာစက်ကို ပိုင်ဆိုင်သော သူတော်စင် အနည်းငယ်သာ ရှိပြီး ဝေ့ဝူယင်က အနည်းဆုံး နှစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုအချက်ကြောင့်ပင် ဝေ့ဝူယင်ကို စမ်းသပ်လိုသောလူများမှာ ချက်ချင်း ရပ်တန့်သွားခဲ့ကြခြင်း ဖြစ်သည်။
သူသည် နယ်ခြားသား ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ... ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးကို မည်သူမျှ မဆင်မခြင် မရန်စဝံ့ကြချေ။ ထို့အပြင် သူသည် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားသည့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်တစ်ဦးလည်း ဖြစ်နေပြန်သည်။ ဝေ့ဝူယင်သည် တောက်ပသော ကြယ်နန်းတော်နှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေသည့် အထွတ်အထိပ် သူတော်စင်တစ်ဦး ဖြစ်သည်ဟူသော ကောလာဟလများပင် ထွက်ပေါ်နေပြီ ဖြစ်သည်။
ကြယ်တာရာ ရွှေ့ပြောင်းခြင်း ဓာတ်ပြားများမှာ ထိုအချက်ကို အတော်လေ သက်သေခံနေသော်လည်း နန်းတော်ဘက်မှ မည်သည့်အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ သူတို့သည် ဝေ့ဝူယင်ကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။ အခြားသူများ၏ အမြင်တွင် ၎င်းမှာ ကြယ် တံတား ဓာတ်ပြား၏ ရလဒ်ကို စောင့်ကြည့်နေခြင်းဟု ထင်မြင်ကြသည်။ ထို့ကြောင့် တောက်ပသော ကြယ်နန်းတော်တွင် ရင်းနှီးမြှုပ်နှံလိုသူနှင့် သဘောတူညီချက်များ ပြုလုပ်လိုသူ အရေအတွက်မှာ မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။
နာရီအနည်းငယ်အတွင်း ဟောင်ချန်းရွှယ်သည် လောင်းကြေး အခြေအနေများကို ပြန်လည်ပြင်ဆင်ပြီး သတ်မှတ်ရက် အနည်းငယ်အတွင်း ပေးချေရန် အဆုံးသတ်နိုင်ခဲ့သည်။ အဖြူရောင် ကောင်းကင်သည် သူမ၏ အဖြူရောင် ကောင်းကင် ကျောက်မျက်ကို ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီး ပင်လယ်နှင့် ကောင်းကင် တက္ကသိုလ်မှာလည်း "အဂ္ဂိရတ် ကျွန်ပြုခြင်း" အဖြစ်မှ လွတ်မြောက်ခဲ့သည်။
ဆေးဖော်စပ်နည်းလမ်း အပြည့်အစုံကို ရရှိပြီးနောက် ဝေ့ဝူယင်သည် ပါခက်၏ ကောင်းကင်ရတနာ ဖြစ်သော ရွှေရောင် ဓားကောက်ကို အသုံးပြု၍ "ကောင်းကင်ချည်နှောင် ဝိညာဉ် ကျိဆိုခြင်း" ကို ပြုလုပ်ခဲ့သည်။ ထိုသစ္စာဆိုမှုအရ နောက်ထပ် နှစ်ပေါင်းတစ်သောင်းအတွင်း "ကောင်းကင်သန့်စင် ပဲ့တင်သံ" ဆေးလုံး၏ ဖော်စပ်နည်းလမ်းကိုဖြစ်စေ၊ သူ ထိုနည်းလမ်းကို ရရှိထားခြင်းကိုဖြစ်စေ မည်သူမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန် မေရှန့်ယောင်ကို တားမြစ်ထားသည်။
ဤသစ္စာဆိုမှုမှာ တစ်ဖက်သတ် ဆန်လှသည်။ ဝေ့ဝူယင်သည် ထိုအကြောင်းကို အခြားသူများနှင့် ဆွေးနွေးနိုင်သလို၊ သူ၏ တပည့်များ သို့မဟုတ် မိတ်ဖက်များကို လွတ်လပ်စွာ ဝေမျှနိုင်သည်။ သို့သော် မေရှန့်ယောင်နှင့် သူမ၏ တာအိုစောင့်ရှောက်သူမှာမူ ထိုဆေးလုံးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို လုံးဝ ထုတ်ဖော်ခြင်း မပြုနိုင်ပေ။ လော့နင်နှင့် ပါခက် တို့အတွက်မူ ဝေ့ဝူယင်က မည်သည့် ကန့်သတ်ချက်မျှ မထားရှိခဲ့ဘဲ သူတို့ကို သစ္စာဆိုစေခြင်းကိုလည်း ငြင်းပယ်ခဲ့သည်။
ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ခန်းမအုပ်ချုပ်ရေးမှူး ဟောင်ချန်းရွှယ် တည်ခင်းသော ဝိုင်ကို သောက်သုံးရင်း ကြိမ်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေ၏။ သူ၏ နောက်တွင်မူ ပါခက်သည် အစောင့်အရှောက်တစ်ဦးကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။ သူမသည် မည်သည့်ထောင့်မှ ကြည့်ကြည့် အလွန်လှပသော အမျိုးသမီး တစ်ဦး ဖြစ်သည်။
ဟောင်ချန်းရွှယ်နှင့် ဝေ့ဝူယင်တို့မှာ ရောက်တတ်ရာရာ စကားပြောဆို နေကြ၏။
"လောကရှန့်ထို အာရုဏ်ဦး... ကောင်းကင် နှလုံးသားရဲ့ ကြေကွဲစရာ ဇာတ်လမ်းကို ကြားဖူးလား..."
ဝေ့ဝူယင်က ဝိုင်ကို တစ်ငုံသောက်ကာ အနွေးဓာတ်ကို ခံစားရင်း ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဘယ်သူက မကြားဖူးဘဲ နေမှာလဲ..."
"ဟားဟား... ဟုတ်တာပေါ့... ဒါက အရမ်းကို နာမည်ကြီးတဲ့ ကိစ္စပဲလေ... သူ့ရဲ့ အလှက ဂလက်ဆီ တစ်ခုလုံးရဲ့ နှလုံးသားကို ခိုးယူနိုင်တယ်လို့ ဆိုကြတာကိုး... အထွတ်အထိပ် သူတော်စင်ရဲ့ လုပ်ရပ်တွေကိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါတယ်"
ဟောင်ချန်းရွှယ်က ခေါင်းခါရင်း မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူက စကားဆက် လိုက်ပြန်၏။
"ကျွန်တော် တစ်ခါက ကြားဖူးတာကတော့ အမည်မဲ့ ဂလက်ဆီရဲ့ သူတော်စင် အီမန်တက်က..."
"ပြတ်သားသော ဆည်းဆာ ဂလက်ဆီပါ"
ဝေ့ဝူယင်က ပြန်ပြင်ပေးလိုက်သည်။
"ဟုတ်တာပေါ့... မကြာသေးခင်ကမှ အဲ့ဒီဂလက်ဆီမှာ အပြောင်းအလဲတွေ ရှိခဲ့တယ်လို့ ကြားလိုက်မိသေးတယ်၊ ဒါပေမဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကတော့ အဝေးကြီးအထိ မပြန့်သေးဘူးလေ... ဒါနဲ့... ပြတ်သားသော ဆည်းဆာ ဂလက်ဆီက သူတော်စင် အီမန်တက်ရဲ့ အလှက ကောင်းကင် နှလုံးသားနဲ့ ယှဉ်နိုင်တယ်ဆိုတာတော့ အမှန်ပဲ... ကျွန်တော် ကြည့်ရသလောက်တော့ သိပ်ပြီး ကွာခြားလှမယ် မထင်ဘူး"
ဟောင်ချန်းရွှယ်က မူးမူးရူးရူးဖြင့် ရယ်မောရင်း ပြောဆိုလိုက်သည်။
ဝေ့ဝူယင် ခဏမျှ စဉ်းစားမိသွားသည်။ အီမန်တက်သည် ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည့် အလှပိုင်ရှင် ဖြစ်သည်မှာ သေချာသော်လည်း သူ၏ မျက်လုံးထဲတွင်မူ ရွှယ်ရီဖေး၊ ချင်ချူးမူနှင့် ယွီစွန်းလီတို့၏ အလှကို မမီချေ။ အထူးသဖြင့် ယွီစွန်းလီ၏ ကိုယ်လုံးကိုယ်ပေါက် အလှနှင့် ရွှယ်ရီဖေး၏ အနှိုင်းမဲ့ နှုတ်ခမ်းအလှတို့ကို တွေးတောမိသောအခါ သူ၏ သွေးများပင် အနည်းငယ် ဆူပွက်လာခဲ့သည်။
သို့သော်လည်း... အမှန်စင်စစ် သွေးများ ဆူပွက်လာရခြင်းမှာ ထိုအကြောင်းကို တွေးတောမိရုံမျှကြောင့် မဟုတ်ပေ။ သူ၏ မျက်လုံးများက အရင်းအမြစ်ကို လိုက်လံ ရှာဖွေရင်း ဘယ်ဘက်နှင့် ညာဘက် လက်မောင်းပေါ်သို့ ရောက်ရှိသွား၏။ ထိုနေရာရှိ တက်တူးများမှာ ပူလောင်လာပြီး သူ၏ ဝိညာဉ်ထံသို့ အရေးပေါ် သတိပေးချက်တစ်ခု ပေးပို့နေခြင်း ဖြစ်သည်။
ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ငရဲ၏ကပ်ဘေး...
စတုတ္ထမြောက် ကပ်ဘေး...
ဝေ့ဝူယင်သည် မျက်လုံးများကို အတန်ကြာ မှိတ်ထားလိုက်၏။ ဟောင်ချန်းရွှယ်မှာ မူးနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သတိရှိနေဆဲ ဖြစ်ရာ ဝေ့ဝူယင်၏ အမူအရာကြောင့် သူ၏ မျက်နှာမှာ တည်ကြည်သွားခဲ့သည်။ သူသည် လူမိုက် တစ်ယောက် မဟုတ်ချေ။ ဝေ့ဝူယင်သည် အလွန် ထူးချွန်သော ပညာရှင်တစ်ဦး ဖြစ်ကြောင်း သူ သိထားသည်။
ဝေ့ဝူယင်သည် အစပိုင်းတွင် အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံသူ တစ်ဦး၏ အော်ရာမျိုးကို မထုတ်ဖော်ခဲ့သဖြင့် သူသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်ခြေ ရှိနေသည်။ ထိုမျှ အဆင့်မြင့်သော ပညာရှင်တစ်ဦးနှင့် ဝိုင်သောက်ခွင့် ရခြင်းမှာ တန်ဖိုးဖြတ်၍ မရနိုင်သလို သူနှင့် ပတ်သက်ရုံမျှဖြင့်ပင် ဟောင်ချန်းရွှယ်၏ အဆင့်အတန်းမှာ မြင့်တက်လာမည်မှာ အသေအချာပင်။ ထို့အပြင် ဝေ့ဝူယင်၏ သာလွန် သန့်စင် အဂ္ဂိရတ်ကြယ်တာရာများကပင် သူ့ကို အခြားသူများထက် မနိမ့်ကျသော နေရာသို့ ပို့ဆောင်ပေးထားပြီး ဖြစ်သည်။
[ညာဘက်လက်မောင်း - ရမ္မက်...
ကမ္မတန်ဖိုး - ၀
ပထမကပ်ဘေး ရှင်သန်ခြင်း ... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၁ နှစ်
...
[ဘယ်ဘက်လက်မောင်း - မာန ]
ကမ္မတန်ဖိုး - ၀
ပထမကပ်ဘေး အောင်မြင်ခြင်း ... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၁ နှစ်
***
အပိုင်း(၂၁၆၆)
ဝေ့ဝူယင်သည် ဝမ်မင်ယာ အသက်ကို ရင်း၍ ပေးအပ်ခဲ့သော အချက်အလက်များကို သူ၏ နှလုံးသားထဲတွင် အကြိမ်ကြိမ် ပြန်လည် ဆန်းစစ်နေမိသည်။
သူ အဆင်သင့် ဖြစ်ပြီလား။ ထိုမေးခွန်းအား ဖြေရလျှင် သူ အမြဲတမ်း အဆင်သင့် ဖြစ်နေခဲ့သည်။
သူ့အသက်ကို ရယူရန် ရောက်ရှိလာသော ထိုကပ်ဘေးဆိုးကြီးမှာ နီးကပ်လာသော်လည်း သူ၏ နှလုံးသားမှာမူ... ... လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ချေ။
"ကျုပ် သွားရတော့မယ်"
ဝေ့ဝူယင်က ဝိုင်ခွက်ကို အသာအယာ ချလိုက်ရင်း ထိုင်ခုံမှ ထရပ်ကာ ပြောလိုက်သည်။ ပါခက်၏ ကျောရိုးမှာ ချက်ချင်းပင် မတ်သွားခဲ့ပြီး ဝေ့ဝူယင်၏ အရိပ်ကို ကြည့်ရင်း သူမ၏ နှလုံးသားမှာ တုန်လှုပ်လာခဲ့သည်။ သူမသည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကျင့်ကြံလာသူ ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင်မူ ငရဲကို နင်းခြေနေသော မာနကြီးသည့် နတ်ဘုရားတစ်ပါးကို ကြည့်နေရသည့် အိမ်မွေးကြောင်လေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။
"သင်္ဘောဆီ ပြန်တော့..."
ဝေ့ဝူယင်က ပါခက်ကို ညွှန်ကြားလိုက်ရာ သူမက မသိစိတ်ဖြင့် ခေါင်းညိတ် ခံယူလိုက်သည်။ ထို့နောက် သူက ဟောင်ချန်းရွှယ်ကို လက်သီးဆုပ် ဂါရဝပြုလိုက်၏။
"ကျုပ်မှာ ဖြေရှင်းစရာ ကိစ္စတစ်ခု ရှိလာလို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်..."
"ခွင့်လွှတ်ပေးဖို့..."
ဟောင်ချန်းရွှယ် ကြောင်အသွားစဉ်မှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားပြီး ဤလောကထဲတွင် မတည်ရှိတော့သကဲ့သို့ ပျောက်ကွယ်သွားခဲ့တော့သည်။ ဟောင်ချန်းရွှယ်၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်မတတ် ဖြစ်သွား၏။
ထိုအရာက အာကာသ ရွှေ့ပြောင်းခြင်းလော...။
ပါခက်မှာလည်း ထိုနေရာတွင် ဆက်မနေတော့ဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။ သူမ၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေခဲ့၏။ ဝေ့ဝူယင်နှင့် ပိုမို နီးစပ်လေလေ သူသည် ပို၍ လျှို့ဝှက်နက်နဲကာ အတိုင်းအဆမရှိသောသူ ဖြစ်ကြောင်း သိလာရလေပင်။ ထို့အပြင် သူမ၏ စိတ်ထဲတွင် ဝေ့ဝူယင်၏ ပုံရိပ်ကို မြင်ယောင်လာကာ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းအတွင်း တစ်ခါမျှ မခံစားဖူးသော တောင့်တမှုမျိုးကို ခံစားလာရသည်။ ၎င်းမှာ အချစ် မဟုတ်ပေ။
ထိုအရာက ရမ္မက်လော...။
ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အပြင်ဘက်တွင် ဟင်းလင်းပြင် ကျောက်ဆူးကို ချထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူသည် ဤကပ်ဘေးမှ ပြန်မလာနိုင်ခဲ့ပါက ပြုလုပ်ရမည့် ကြိုတင်ပြင်ဆင်မှုများကို အကြိမ်ကြိမ် ဆန်းစစ်ခဲ့သည်။ သူသည် မိမိကိုယ်ကို ယုံကြည်မှု ရှိသော်လည်း ဖြစ်နိုင်သမျှ အခြေအနေအားလုံးအတွက် ပြင်ဆင်ထားခြင်းမှာ သူ၏ ဗီဇပင် ဖြစ်သည်။ သူ ပျောက်ကွယ်သွားခဲ့လျှင်ပင် ယွီစွန်းလီနှင့် ချိန်းဆိုထားသော နှစ်နှစ်တာ ချိန်းဆိုမှုကို ဆက်လက် လုပ်ဆောင်ပေးမည့် ဝိညာဉ်ကျောက်စိမ်း များကိုပင် စီစဉ်ထားခဲ့ပြီး သူမကို လွတ်လပ်စွာ နေထိုင်ရန် တိုက်တွန်းထားခဲ့သည်။
[ညာဘက်လက်မောင်း - ရမ္မက်...
ကမ္မတန်ဖိုး - ၀
ပထမကပ်ဘေး ရှင်သန်ခြင်း ... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး စတင်ခြင်း
...
[ဘယ်ဘက်လက်မောင်း - မာန ]
ကမ္မတန်ဖိုး - ၀
ပထမကပ်ဘေး အောင်မြင်ခြင်း ... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး စတင်ခြင်း...
...
"သူ ပြန်လာပြီ"
"ဘယ်သူ ပြန်လာတာလဲ"
"သူ... သူ ပြန်ရောက်လာပြီဟေ့"
"ဘယ်သူလဲ လို့..."
"မာန အပြစ်သား သေမျိုး ပေါ့"
ငရဲ၏ အနက်ရှိုင်းဆုံး နေရာများမှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ အရပ်လေးမျက်နှာလုံး တုန်ဟည်းသွားခဲ့သည်။ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ထိတ်လန့်ဖွယ်ရာ ဒိုင်မန်းရှင်း ငရဲဘုံများကြားမှ သတ္တဝါအပေါင်းတို့သည် သတ်မှတ်ထားသော နေရာတစ်ခုသို့ အလုအယက် စုရုံးရောက်ရှိလာကြသည်။ မကြာသေးမီကပင် ခန့်မှန်းရခက်သော ငရဲအဆင့်များသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကြောင့် ဆူပူအုံကြွနေခဲ့သည်။
လွန်ခဲ့သော အချိန်အတန်ကြာက သေမျိုးဝိညာဉ် အမွေခံ အပြစ်သား တစ်ဦးသည် ငရဲ၏ သန့်စင်ခြင်း ဒိုင်မန်းရှင်း တစ်ဆယ့်ရှစ်ခုကို ရင်ဆိုင်ရန် ဆင်းသက်လာခဲ့သည်။ သူသည် အားလုံး၏ ခန့်မှန်းချက်များကို ကျော်လွန်၍ အသက်ရှင်ကျန်ရစ်ခဲ့ရုံမျှမက ထိုငရဲဘုံများကို အကြိမ်ကြိမ် အောင်နိုင်ခဲ့သည်။ ဤကဲ့သို့ ငရဲကို ဖီဆန်သော တည်ရှိမှုမျိုးက ငရဲသားတို့၏ အာရုံစိုက်မှုကို မည်သို့လျှင် မရဘဲ နေပါမည်နည်း။
သေမျိုးစွန့်ခွာခြင်း ဒိုင်မန်းရှင်း၊ နောင်တနှလုံးသား ဒိုင်မန်းရှင်း နှင့် ဝေဒနာလမ်းသွယ် ဒိုင်မန်းရှင်း...
ငရဲ၏ သန့်စင်ခြင်း ကပ်ဘေးကြီး တစ်ဆယ့်ရှစ်ခုအနက် သုံးခုမှာ သူ၏ ခြေဖဝါးအောက်တွင် ကျရှုံးခဲ့ရပြီ ဖြစ်သည်။ အကြိမ်တိုင်းမှာ ပို၍ ထူးခြားဆန်းပြားလာခဲ့သည်။ အထူးသဖြင့် မာန အပြစ်သား သေမျိုး၏ တတိယမြောက် ကပ်ဘေးဖြစ်သည့် "ဓားနှင့် မီးလျှံ ကပ်ဘေး" ပင်...။ ၎င်းမှာ သေမျိုးတစ်ဦး လုံးဝ မအောင်မြင်နိုင်ဟု သတ်မှတ်ထားသော ကပ်ဘေး ဖြစ်သည်။ ငရဲသားတို့က ဤသေမျိုး၏ ခရီးလမ်းမှာ ဤနေရာ၌ပင် အဆုံးသတ်တော့မည်ဟု တစ်ခဲနက် ယုံကြည်ခဲ့ကြသည်။
သူတို့၏ စိတ်ဝင်စားမှုများ လျော့ပါးသွားခဲ့သည်။ ထိုသေမျိုးမှာ မျှော်လင့်ထားသည်ထက် စောစီးစွာ ရောက်ရှိလာကြောင်း သိရသောအခါ သူတို့ လာရောက်ကြည့်ရှုရန်ပင် စိတ်မပါကြတော့ချေ။ သူ၏ ငရဲလမ်းခရီး စတင်ကတည်းက စောင့်ကြည့်ခဲ့သူ အနည်းငယ်သာ အခက်အခဲများကြားမှ လာရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း သူတို့၏ အဆိုးမြင် မျှော်လင့်ချက်များမှာ ရိုက်ချိုးခံလိုက်ရပြန်သည်။ အကြိမ်ကြိမ်ပင်။
ဤမာန အပြစ်သား သေမျိုးသည် ကြမ်းတမ်းလှသော ခြေလှမ်းပေါင်း ၁၀၈ သန်းကျော်ကို အသက်ရှင်ရုံမျှ ကျော်ဖြတ်ခဲ့သည်မဟုတ်ဘဲ ဝေဒနာလမ်းသွယ် ဒိုင်မန်းရှင်းကိုပင် အပိုင်သိမ်းယူနိုင်ခဲ့သည်။
ပြန်လှန်ကြည့်လျှင် သေမျိုးတစ်ဦးအနေဖြင့် ထိုဒိုင်မန်းရှင်းကို အပိုင်သိမ်းပုံမှာ မကြုံစဖူး ထူးခြားလှပေသည်။ ၎င်းမှာ အထွတ်အထိပ် စိတ်စွမ်းအားကို ပြသလိုက်ခြင်းပင်။ အဘယ်ကြောင့်နည်း။ ထိုခရီးလမ်း တစ်လျှောက်လုံးတွင် "ဝိညာဉ်သန့်စင် မြူခိုး" တစ်စက်ကလေးမျှပင် လောင်ကျွမ်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ အနည်းငယ်မျှပင် မလောင်ကျွမ်းခဲ့ချေ။
ဝိညာဉ်သန့်စင် မြူခိုး ဆိုသည်မှာ ငရဲ၏ သန့်စင်ခြင်း စွမ်းအား ဖြစ်သည်။ ဝေဒနာလမ်းသွယ်၏ စည်းမျဉ်းများအရ ပြင်းထန်သော မီးလျှံ သို့မဟုတ် ထက်မြက်သော ဓားသွားတို့ကြောင့် ဝိညာဉ်၏ အနက်ရှိုင်းဆုံးမှ နာကျင်မှုကို ခံစားရလျှင် ထိုသန့်စင်ခြင်း စွမ်းအား ထွက်ပေါ်လာစမြဲ ဖြစ်သည်။ ထိုအရာမှာ ဝိညာဉ်၏ အသိစိတ်နှင့် အပြစ်တို့ကို ဓားက မလှီးဖြတ်မီ သို့မဟုတ် မီးက မလောင်ကျွမ်းမီ ဖြစ်ပျက်ရမည့် အရာဖြစ်သည်။
သူ၏ အောင်မြင်မှု သတင်းကြောင့် ငရဲတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ထို့အပြင်... ငရဲ၏ အထက်ထပ်များကို အုပ်ချုပ်သော တည်ရှိမှု နှစ်ခုမှာ ဤမာန အပြစ်သား သေမျိုးသည် ရမ္မက် အပြစ်သား အဖြစ် ကပ်ဘေးသုံးခုကို ဆက်တိုက် ရင်ဆိုင်ရန် ပြန်လာခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ယခု သူ့အတွက် နောက်ထပ် စိန်ခေါ်မှုက ငရဲ၏ စတုတ္ထမြောက် ကပ်ဘေး ဖြစ်သော အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်းပင်...။
ဝေ့ဝူယင် အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်းသို့ မရောက်မီကပင် သူတို့သည် အဝေးမှ ငရဲသားများကို အကြောင်းကြားထားခဲ့ရာ သေမျိုး၏ ကျရှုံးမှု သို့မဟုတ် အောင်မြင်မှုကို ကြည့်ရှုရန် သတ္တဝါအများအပြား စုရုံးလာခဲ့ကြသည်။ ထိုအချိန်မှစ၍ သူတို့သည် ငရဲသားအချို့ကို စောင့်ကြည့်ရန် တာဝန်ပေးထားခဲ့သည်။ ယခုမူ ငရဲသားများစွာမှာ လှုပ်ရှားနေကြပြီ ဖြစ်သည်။
ငရဲ...
ငရဲ၏ စတုတ္ထ ကပ်ဘေး...
သေမျိုးမျှော်လင့်ချက်မဲ့ခြင်း ကပ်ဘေး...
ဤနေရာတွင် အတောင်ပံပါသော ပုံရိပ်နှစ်ခုမှာ အကွာအဝေးတစ်ခုတွင် ရပ်နေကြသည်။ သူတို့မှာ ငွေရောင်အတောင်ပံ သို့မဟုတ် ကြက်သွေးရောင်အတောင်ပံများ မဟုတ်ကြသလို ရက်စက်ကြမ်းကြုတ်သော အော်ရာ သို့မဟုတ် သန့်ရှင်းသော အော်ရာများလည်း မရှိကြပေ။ သူတို့မှာ မြရောင်အတောင်ပံနှင့် အပြာနုရောင် အတောင်ပံပိုင်ရှင်များ ဖြစ်ကြသည်။ မြရောင်အတောင်ပံရှိသူမှာ သေခြင်းတရားကဲ့သို့ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်း အော်ရာကို ထုတ်ဖော်နေပြီး အပြာနုရောင် အတောင်ပံရှိသူမှာမူ မကုန်ခမ်းနိုင်သော ရှင်သန်ခြင်း အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"ဟင်... သူတို့ သတိပေးချက် ထုတ်ပြန်လိုက်ပြီ"
မြရောင်အတောင်ပံရှိသူက ခပ်တိုးတိုး ပြောလိုက်သော်လည်း သူ၏ အသံမှာ အလွန်နက်ရှိုင်း၍ ဟိန်းထွက်နေသည်။ သူက အတောင်ပံများကို အဖော်ဖြစ်သူထံမှ အာရုံစိုက်မှုကို ရယူရန် ခတ်လိုက်သည်။
နားကွဲမတတ် စူးရှသောအသံတစ်ခု ပြန်လည်ထွက်ပေါ်လာ၏။
"ငါ သိတယ်"
သူ၏ အပြာနုရောင် အတောင်ပံများမှာ ရေထဲတွင် အကြာကြီး စိမ်ထားသော အရေပြားကဲ့သို့ တွန့်လိပ်နေသဖြင့် ကြည့်ရသူကို စိတ်မသက်မသာ ဖြစ်စေသော်လည်း ၎င်းမှ ထွက်ပေါ်လာသော နူးညံ့သည့် အလင်းတန်းမှာမူ သေခါနီး ဝိညာဉ်ကိုပင် မျှော်လင့်ချက် ပေးနိုင်စွမ်း ရှိသည်။
ထိုနှစ်ဦးစလုံးမှာ မာန အပြစ်သား သေမျိုး၏ ငရဲနှင့် နောက်ဆုံး တိုက်ပွဲကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ခဲ့ကြသူများ ဖြစ်သည်။ ထိုသေမျိုး၏ ရှင်သန်ခြင်းအတွက် တိုက်ပွဲဝင်မှုကို ကြည့်ရှုရခြင်းမှာ စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသော အံ့ဩစရာ တစ်ခုပင်။ ယခုအခါတွင် သူ၏ အနာဂတ်နှင့် ပတ်သက်၍ ယုံကြည်သူနှင့် သံသယရှိသူဟူ၍ အုပ်စုကွဲနေကြသည်။ အချို့က သူ၏ ကံကောင်းခြင်းမှာ ကုန်ဆုံးတော့မည်ဟု ယုံကြည်ကြပြီး အချို့ကမူ သူ၏ ထူးချွန်မှုမှာ ငရဲ၏ မည်သည့်စိန်ခေါ်မှုကိုမဆို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ အုပ်စုတတိယတစ်ခုမှာမူ အနိုင်အရှုံးကို စိတ်မဝင်စားဘဲ ပါဝင်ပတ်သက်လိုရုံမျှဖြင့် စောင့်ကြည့်နေကြသူများ ဖြစ်သည်။
ဝှစ်... ဝှစ်...
အမည်မသိ အရပ်မျက်နှာမှ ခရီးနှင်လာသော အလင်းလုံးနှစ်လုံး ရောက်ရှိလာသည်။ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ငွေရောင်အတောင်ပံနှင့် ကြက်သွေးရောင်အတောင်ပံ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့သည် နောက်ထပ် ငရဲဘုံပါဝင်သော လုံးဝန်းသည့် အလင်းလုံးကို စိုးရိမ်တကြီး ရှာဖွေနေကြပုံရသည်။
အပြာနုရောင် အတောင်ပံပိုင်ရှင်က သူတို့ဘက်သို့ ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။
"မင်းတို့ အနှစ်သက်ဆုံး သေမျိုးက ဟိုမှာလေ"
***