အခန်း (၃၂၅-၃၂၆)
Vol. 33 Ch. 325-326
အခန်း ၃၂၅- ချောက်နက်ကြီး
မြေပြင်တစ်ခွင်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေသည်။
အဝါရောင် သဲမှုန်ပေါင်းများစွာသည် လျင်မြန်စွာ စုစည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ဓားသွားများကဲ့သို့ ထက်ရှနေ၏။
၎င်းတို့သည် အရှိန်အဟုန်ဖြင့် လည်ပတ်ကာ လမ်းကြောင်းတစ်လျှောက်ရှိသမျှကို ပိုင်းဖြတ်
ရင်း လင်ချွမ် နှင့် သူ၏ အဖော်ရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်လာသည်။
မိမိတို့စွမ်းရည်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် တန်ခိုးရှင်များပင်လျှင် ဤကဲ့သို့သော သဘာဝတရား၏ ကြီးမားသည့် စွမ်းအားကို ခုခံရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ဓားနတ်ဘုရား၏ မျက်နှာအမူအရာမှာ အလွန်တည်ကြည် လေးနက်သွားသည်။
လင်ချွမ်သည်လည်း ဤအခြေအနေကြောင့် အနည်းငယ် အံ့အားသင့်သွားရ၏။
ခဏတာ အကဲဖြတ်ကြည့်ပြီးနောက်၊ သူသည် သိုင်းဧကရာဇ် ဖြစ်ခဲ့စဉ်ကပင် ဤတိုက်ခိုက်မှုကို မနည်းခုခံနိုင်ရုံသာ ရှိမည်ကို သဘောပေါက်လိုက်သည်။
သို့သော် အခြားသူများကို ထိခိုက်မှုမရှိဘဲ ဦးဆောင်ခေါ်သွားရန်မှာမူ အတော်ပင် ခက်ခဲလှ၏။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သိုင်းဘုရင် နယ်ပယ်အဆင့်သို့ ကျော်လွန်ပြီးနောက်၌မူ သူသည် ထိုအရာကို အမှုမထားတော့ပေ။
"ငါ့ရဲ့ လက်ရှိစွမ်းအားက ဒီတိုက်ခိုက်မှုကို အလွယ်တကူ ဖြေရှင်းဖို့ လုံလောက်တာထက်တောင် ပိုနေပြီ"
သူ၏ လက်ကို တစ်ချက်တုန်ခါလိုက်သည်နှင့် ဟင်းလင်းပြင်ထဲတွင် ဂယက်တစ်ခု ချက်ချင်းပေါ်လာသည်။
နယ်ပယ်၏ နက်နဲသော အသိတရားများအတိုင်း ထိုဂယက်သည် လေဆင်နှာမောင်းထံသို့ အရင်ဦးဆုံး ရောက်ရှိသွားကာ အက်ကြောင်းတစ်ခုကို ဆွဲဖြဲလိုက်သည်။
ရုတ်တရက်ဆိုသလို သဲနှင့် ဖုန်မှုန့် အမြောက်အမြားမှာ ထိုအက်ကြောင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေဆင်နှာမောင်းမှာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းကို ရပ်တန့်စေနိုင်ခြင်းမှာ သိုင်းနတ်ဘုရားတစ်ဦး၏ ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်တော့၏။
ဓားနတ်ဘုရား အံ့ဩမှင်သက်နေစဉ်မှာပင် အောက်ဘက်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
လင်ချွမ်၏ ခုနက လှုပ်ရှားမှုသည် ဤဒေသရှိ အင်အားစုများကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ရှိသည်။
အင်အားစုပေါင်းများစွာမှာ ရုတ်တရက် ပွင့်အံထွက်လာသည်။
မြေပြင်မှာ နက်ရှိုင်းစွာ နိမ့်ဆင်းသွားပြီး ကျဉ်းမြောင်းသော လမ်းကလေးတစ်ခုမှလွဲ၍ ဘေးတစ်ဖက်တစ်ချက်စီတွင် နက်ရှိုင်းသော ကျင်းကြီးများ ပေါ်လာကာ အောက်ဘက်ရှိ ချောက်နက်ကြီးကို မြင်တွေ့လိုက်ရ၏။
ထိုချောက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ဓားနတ်ဘုရားမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။
၎င်းမှာ ဆွဲဆောင်မှုရှိသလို တုန်လှုပ်စရာလည်း ကောင်းသည့် ဒြပ်မဲ့အင်အားတစ်ခုက သူ၏ အတွေးစများကို အေးခဲစေကာ ဆွဲယူနေသကဲ့သို့ ခံစားရစေ၏။
ထိုစဉ် နယ်ပယ်မှာ အနည်းငယ် တုန်ခါသွားပြီး ဟင်းလင်းပြင်ကို သီးခြားခွဲထုတ်လိုက်သည်။
ဒြပ်မဲ့အင်အားတစ်ခုက အောက်ဘက်ရှိ ချောက်နက်၏ အကြည့်ကို ပိတ်ဆို့လိုက်သောကြောင့် ဓားနတ်ဘုရားမှာ သတိပြန်ဝင်လာသည်။
ခုနက အခိုက်အတန့်ကို ပြန်တွေးမိကာ ဓားနတ်
ဘုရားမှာ ချွေးအေးများ ထွက်လာပြီး လင်ချွမ်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
"ဒီနေရာက တကယ့်ကို ကြောက်စရာကောင်းတာပဲ"
"ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ ဘာလို့ သတိမထားမိခဲ့ကြတာလဲ"
လင်ချွမ်၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် တည်ကြည်သွားပြီး စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် သိုင်းနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးမှသာ ဤအရာကို စမ်းသပ်ခဲ့ခြင်း။
သို့မဟုတ်ပါက ပြဿနာများစွာနှင့် ရင်ဆိုင်ရနိုင်ပြီး ဘေးကင်းစွာ ထွက်ခွာနိုင်ရန်မှာလည်း လွယ်ကူသော အလုပ်တစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ဦး စကားပြောနေစဉ် အောက်ဘက်ရှိ မှောင်မိုက်မှုမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
နက်နဲသော အင်အားတစ်ခုက အောက်ခြေမှနေ၍ မြှင့်တင်ပေးလိုက်သကဲ့သို့။
လူတိုင်းကို အံ့အားသင့်စေသည်မှာ အောက်ဘက်ရှိ နက်ရှိုင်းသော ကျင်းထဲမှ မှောင်မိုက်သော စွမ်းအားများ ရုတ်တရက် လှိုင်းထလာခြင်းပင်။
၎င်းကို မြင်သောအခါ လင်ချွမ်က အကြံတစ်ခု ရသွားသည်။
အဆင့်တက်လာမှုကြောင့် သူ၏ နယ်ပယ်စွမ်းအားမှာ အတိုင်းအဆမရှိ တိုးတက်လာခဲ့သည်။
သူတို့၏ တည်နေရာကို ကောင်းကင်ပေါ်သို့ ဒေါင်လိုက် မြှင့်တင်လိုက်ခြင်းဖြင့် အောက်ဘက်မှ ရိုက်ခတ်မှုများကို ရှောင်လွှဲလိုက်သည်။
အောက်ဘက်တွင်မူ မြစ်ဝါမြစ် နှင့် ဆင်တူသော မှောင်မိုက်ပြီး လှိုင်းထနေသည့် ရေစီးကြောင်းတစ်ခု ပေါ်လာသည်။
၎င်း၏ အောက်ခြေမှနေ၍ ထူးဆန်းသော စွမ်းအားများ စိမ့်ထွက်နေသကဲ့သို့ ရှိနေ၏။
ရုတ်တရက်ဆိုသလို ကြီးမားသော ပူဖောင်းတစ်ခု ပေါက်ထွက်လာပြီးနောက် ခရမ်းရောင်အစက်အပြောက်များရှိသည့် လက်မောင်းကြီးတစ်ခု ထွက်ပေါ်လာကာ အပေါ်သို့ လှမ်းတက်လာသည်။
၎င်းကို မြင်လျှင်မြင်ချင်း ဓားနတ်ဘုရားသည် သူ၏ ဓားဖြင့် အောက်သို့ အားကုန်ခုတ်ချလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် ထိုလက်ကြီး၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွား၏။
အစက်အပြောက်များပါသော စွမ်းအားအမြောက်အမြားမှာ နှင်းပွင့်များကဲ့သို့ ကွာကျသွားသော်လည်း လက်မောင်းကြီး၏ အဓိကအပိုင်းမှာမူ ပြင်းထန်စွာ ထိခိုက်ခြင်း မရှိပေ။
၎င်းသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အပေါ်သို့ ဆက်လက်တက်လာပြန်သည်။
အကွာအဝေး အတော်ဝေးသော်လည်း လင်ချွမ်နှင့် သူ၏ အဖော်မှာ ထိုလက်ကြီးနှင့် ပိုမိုနီးကပ်လာသည်ဟု ခံစားရသည်။
တစ်မီတာခန့်သာ ရှေ့သို့ တိုးလိုက်လျှင်ပင် ထိုလက်ကြီးသည် သူတို့နှစ်ဦး၏ ဝိညာဉ်များကို ဖမ်းဆုပ်သွားနိုင်မည့်အလား ခံစားရသည်။
"ဟမ့်"
လင်းချွမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကြောက်မက်ဖွယ် အသံလှိုင်းတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
'ပြာလဲ့သော ပင်လယ်ဒီရေသီချင်း' မှ ဆင်းသက်လာသော အသံလှိုင်းဆိုင်ရာ ကိုယ်ခံပညာမှာ သိုင်းနတ်ဘုရား နယ်ပယ်၏ ကျင့်ကြံမှုအောက်တွင် ချက်ချင်းဆိုသလို အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
၎င်းမှာ ညည်းသံမျှသာ ဖြစ်သော်လည်း လေထုထဲတွင် ဂယက်ပေါင်းများစွာကို ဖြစ်ပေါ်စေ၏။
ကြောက်မက်ဖွယ် စွမ်းအားများသည် မြေနဂါးတစ်ကောင်ကဲ့သို့ အောက်ဘက်သို့ တဟုန်ထိုး ပြိုကျသွားသည်။
ထိုလက်မောင်းကြီးမှာ တိုက်ခိုက်ခံရမှုကြောင့် ပြင်းထန်စွာ တုန်ခါသွားရ၏။
၎င်း၏ မျက်နှာပြင်မှ စွမ်းအားများ ကွာကျသွားပြီးနောက် အတွင်းပိုင်းမှ တုန်ခါကာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။
ထို့နောက် ကျောက်ခဲနှင့် အမှိုက်သရိုက်များကဲ့သို့ နေရာတင် ပြိုကျသွားသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဓားနတ်ဘုရားမှာ သိုင်းနတ်ဘုရားနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပိုမိုနက်ရှိုင်းစွာ သဘောပေါက်သွားသည်။
ဤကဲ့သို့သော စွမ်းအားမျိုးမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူသည် မသေမျိုးလမ်းစဉ်ပေါ်သို့ တရားဝင် ခြေလှမ်းလှမ်းနိုင်ခဲ့သည့် ကျင့်ကြံသူဖြစ်သည်မှာ မဆန်းတော့ပေ။
"ငါသာ ကြိုးစားပမ်းစား ကျင့်ကြံမယ်ဆိုရင် ငါ့ရဲ့ သက်တမ်းမကုန်ခင် ဒီအဆင့်ကို ရောက်နိုင်မှာလား"
ဟု တွေးရင်း ဓားနတ်ဘုရား၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။
သူတို့နှစ်ဦးမှာ အောက်ဘက်သို့ စူးစိုက်ကြည့်လိုက်ကြ၏။
ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားလိုက်ရပြီးနောက် ချောက်နက်အတွင်းရှိ စွမ်းအားများမှာ တုန်ခါမှုရပ်တန့်သွားကာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
၎င်းမှာ အသိဉာဏ်ရှိသော သားရဲတစ်ကောင်သည် မိမိထက် သာလွန်သော ရန်သူနှင့် တွေ့သည့်အခါ ပြသသည့် ကြောက်ရွံ့မှုမျိုးနှင့် တူလှသည်။
ဤထူးခြားသော အခြေအနေကို ခံစားမိသောအခါ လင်ချွမ်မှာ ပို၍ပင် စိတ်ဝင်စားသွားသည်။
အစပိုင်းတွင် သူသည် မည်သည့်အန္တရာယ်များ ရှိသနည်းဆိုသည်ကိုသာ သိချင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါ ထိုလျှို့ဝှက်စွမ်းအားနှင့် လက်မောင်းကြီးကို မြင်တွေ့ပြီးနောက် အောက်ဘက်တွင် ချိပ်ပိတ်ခံထားရသော တန်ခိုးရှင်တစ်ဦး ရှိနိုင်သည်ဟု သူ သံသယဝင်လာ၏။
ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် တန်ခိုးရှင်အချို့သည် သူတို့၏ ဒဏ်ရာများမှ ပြန်လည်သက်သာလာစေရန် အခြားသူများ၏ အသားနှင့် သွေးများကို စုပ်ယူဝါးမြိုသည့် နည်းလမ်းများကို အသုံးပြုတတ်ကြသည်။
ကိုယ်ခံပညာလောကတွင် ဤသည်မှာ အလွန်ပင် အတွေ့ရများသော အလေ့အကျင့်တစ်ခု ဖြစ်သည်။
မိစ္ဆာဂိုဏ်းဝင် မဟုတ်စေကာမူ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အသက်ရှင်သန်ခွင့်ရရန် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးစားကြမည်သာ။
လင်ချွမ်းသည် ဒုတိယအချက်မှာ ပို၍ ဖြစ်နိုင်ခြေရှိသည်ဟု ယုံကြည်သည်။
ပထမအချက်အနေဖြင့် ဤလမ်းကြောင်းမှာ နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိနေခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
ဒဏ်ရာရထားသူတစ်ဦးအတွက် ပြန်လည်သက်သာလာရန် ရာစုနှစ်ပေါင်းများစွာ မကြာသင့်ပေ။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူသည် ဤဒေသကို တားမြစ်နယ်မြေတစ်ခု ဖြစ်လာစေမည် မဟုတ်ပေ။
သူသည် ဤအကြံကို ဓားနတ်ဘုရားအား ပြောပြသောအခါ ဓားနတ်ဘုရားမှာ အနည်းငယ် စိုးရိမ်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် လင်ချွမ်သည် ယခုအခါ သိုင်းနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ စွမ်းအားမှာလည်း အပေါ်ယံထက် ပိုမိုကြီးမားသည်ကို တွေးမိသောအခါ သူ စိတ်အေးသွားပြီး အောက်ဘက်သို့ ဆင်းကာ စူးစမ်းရန် သဘောတူလိုက်သည်။
ပုံရိပ်နှစ်ခုမှာ အောက်ဘက်သို့ တဟုန်ထိုး ဆင်းသက်သွားသည်။
၎င်းကို ခံစားမိသကဲ့သို့ ရေစီးကြောင်းကဲ့သို့သော စွမ်းအားများမှာ နောက်တစ်ကြိမ် လှိုင်းထလာပြန်သည်။
၎င်းသည် ထိတ်လန့်သွားသကဲ့သို့ တွန်းကန်အားတစ်ခုကို ထုတ်လွှတ်နေလေ၏။
ဤသိသာလွန်းသော အမူအရာကို မြင်သောအခါ လင်ချွမ်တို့နှစ်ဦးမှာ အောက်ဘက်တွင် ပြဿနာတစ်ခုခု ရှိနေသည်ကို ပို၍ သေချာသွားကြသည်။
သို့သော်လည်း တစ်ဖက်လူ၏ လုပ်ရပ်မှာ သိသာလွန်းနေသဖြင့် နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုတစ်ခုခု ရှိနေနိုင်သည်ကိုလည်း သတိပြုမိကြသည်။
ထို့ကြောင့် လင်ချွမ်သည် ဇွတ်အတင်း မပြုလုပ်ပေ။
မူလအစွမ်းများကို တိတ်တဆိတ် ထုတ်လွှတ်လိုက်ပြီး သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ကို အကာအကွယ်အလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။
ထိုအခိုက်အတန့်၌ပင် လင်ချွမ်သည် သူ၏ မူလအစွမ်းမှာ တစ်ချိန်ချိန်တွင် ပြောင်းလဲသွားခဲ့သည်ကို သတိထားမိလိုက်၏။
၎င်းသည် အပေါ်ယံတွင် ဖြူဖျော့ဖျော့အရောင်ရှိသော်လည်း အတွင်းပိုင်း၌မူ ထူးဆန်းသော နောက်ကျိမှုတစ်ခု ရှိနေတော့သည်။
အခန်း ၃၂၆ - ချောက်ကမ်းပါးနက်အောက်ဝယ်
မူလစွမ်းအင်သည် ၎င်း၏ လက်ရှိအရောင်နှင့် ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း အတွင်းပိုင်း၌မူ ထူးခြားသော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့၏။
အတွင်းစိတ်အာရုံဖြင့် ကြည့်ရှုစစ်ဆေးလိုက်သောအခါ လောင်ကုန်းအပ်စိုက်မှတ်အတွင်း၌ နက်နဲဆန်းကြယ်သော စွမ်းအင်စီးဆင်းမှုတစ်ခုကို ဝေဝါးစွာ မြင်တွေ့ရသည်။
ခဏမျှ စဉ်းစားပြီးနောက် လင်ချွမ်သည် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။
သူသည် သိုင်းနတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် အခြေခံကျကျ အဆင့်မြင့်သွားခဲ့ခြင်း။
မသေမျိုး အမတလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုဟု ခေါ်ဆိုသော အရာများသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွင်းသို့ ပေါင်းစည်းသွားခဲ့လေပြီ။
မူလစွမ်းအင်ဆိုသည်မှာ ခန္ဓာကိုယ်၏ နေရာအနှံ့အပြားမှ အလိုအလျောက် ပေါ်ထွက်လာသော စွမ်းအင်ဖြစ်သည်။
၎င်းသည် အပ်စိုက်မှတ်များ၊ ကြွက်သားများ၊ အရိုးများနှင့် အခြားအရာအားလုံးမှ မြစ်ဖျားခံသည်။
၎င်းသည် မိမိကိုယ်တိုင် တည်ရှိမှုမှ ဆင်းသက်လာသော ထူးခြားသည့် အစွမ်းကို ကိုယ်စားပြုနေကြ၏။
ထို့ကြောင့် သဘာဝတရား၏ ထိုးထွင်းသိမြင်မှုများလည်း ၎င်းတွင် ပါဝင်နေမည်မှာ မဆန်းပေ။
ထို့ကြောင့်ပင် ဤကဲ့သို့ ထူးခြားဆန်းပြားသော အရှိန်အဝါမျိုး ပေါ်ထွက်လာခြင်းပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာအားလုံး ဖြစ်ပျက်သွားခဲ့သည်။
လင်ချွမ်သည် ထိုအချက်အပေါ် ဆက်လက်တွေးတောမနေတော့ဘဲ ပတ်ဝန်းကျင်ကို ဂရုတစိုက် စတင်လေ့လာတော့သည်။
လင်ချွမ်နှင့် သူ၏အဖော်ဖြစ်သူတို့ ပိုမိုနက်ရှိုင်းသောနေရာသို့ ရောက်ရှိလာသည်နှင့်အမျှ ချောက်ကမ်းပါးအတွင်းရှိ စွမ်းအင်များသည် ပိုမိုပြင်းထန်လာသည်။
အောက်ဘက်ရှိ စွမ်းအားများသည် လမ်းဖယ်ပေးသည့်အလား အလိုအလျောက် ဘေးသို့ကွာသွားကြသည်။
အပေါ်ယံကြည့်လျှင်မူ ၎င်းတို့သည် လင်ချွမ်၏ စွမ်းအားကို ကြောက်ရွံ့နေပုံရ၏။
ထိုအခိုက်အတန့်တွင် လင်ချွမ်နှင့် အခြားတစ်ယောက်သည် တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုကို တစ်ပြိုင်နက်တည်း အာရုံခံမိလိုက်ကြသည်။
သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော သန်မာသူများ ရှိခဲ့ဖူးသည်။
မိမိထက် အဆင့်မြင့်သော ပညာရှင်နှင့် ရင်ဆိုင်ရလျှင်ပင် လင်ချွမ်သည် တိုက်ခိုက်လိုစိတ် ရှိနေဆဲ။
အဘယ်ကြောင့်ဆိုသော် မသိနားမလည်ခြင်းသည် သိရှိပြီးသားအရာထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသောကြောင့်။
ဤမသိနားမလည်သော ပတ်ဝန်းကျင်တွင် သူတို့၏နှလုံးသားထဲ၌ မလုံခြုံမှုများ မဖြစ်မနေ ပေါ်ပေါက်လာခဲ့သည်။
ရုတ်တရက် လင်ချွမ်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး ကောင်းမွန်သော အကြံတစ်ခု ရရှိသွားသည်။
"စနစ်...ဝင်ရောက်မယ်"
"ဒင်၊ ဂုဏ်ယူပါတယ်၊ ဝင်ရောက်ခြင်း အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ"
"တည်နေရာ - သဲပင်လယ်နက် ချောက်ကမ်းပါး"
"ရရှိသောဆုလာဘ် - ဉာဏ်အလင်းပွင့်ဆေးလုံး"
ထိုအသံကို ကြားလိုက်ရသောအခါ လင်ချွမ်၏ စိတ်သည် အနည်းငယ် လှုပ်ရှားသွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
တစ်ဖက်တွင်လည်း သူမျှော်လင့်ထားသည့်အတိုင်း စနစ်ဝင်ရောက်ခြင်း လုပ်လိုက်သည့် တည်နေရာသည် ထင်ရှားလာခဲ့သည်။
၎င်းသည် လက်ရှိမြေပြင်အနေအထားကို နားလည်ရန် လုံလောက်ပေ၏။
'သဲပင်လယ်နက် ချောက်ကမ်းပါး' ဆိုသည့် စကားလုံးများမှတစ်ဆင့် လင်ချွမ်သည် အချို့သောအရာများကို တွက်ဆနိုင်သည်။
အောက်ဘက်ရှိ အခြေအနေများနှင့် ပတ်သက်၍လည်း ခန့်မှန်းချက်အချို့ ရှိနေ၏။
သို့သော် ပို၍အံ့သြစရာကောင်းသည်မှာ စနစ်ဝင်ရောက်ခြင်းကြောင့် ရရှိလာသော ပစ္စည်းဖြစ်သည်။
အမည်ကို ကြားရုံမျှဖြင့် အလွန်အဆင့်မြင့်သည့် ပစ္စည်းဖြစ်ကြောင်း သိသာလှ၏။
ခဏမျှ စဉ်းစားပြီးနောက် လင်ချွမ်သည် ဤပစ္စည်း၏ အသုံးဝင်ပုံကို လျင်မြန်စွာ နားလည်သွားသည်။
ဉာဏ်အလင်းပွင့်ဆေးလုံးဆိုသည်မှာ အမည်အတိုင်းပင် ဉာဏ်အလင်းရရှိရန် အသုံးပြုနိုင်သည်။
မသောက်သုံးမီ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သော အခြေအနေတွင် ရှိနေရမည်။
ထို့ကြောင့် ဆေးလုံး၏ အာနိသင်ကို အသုံးချခြင်းဖြင့် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိရန် အခွင့်အလမ်း ပိုများလာမည်။
ဤကဲ့သို့သော ဆေးလုံးသည် အမှန်တကယ်ပင် အလွန်အဖိုးတန်လှသည်။
၎င်းကို နားလည်သဘောပေါက်မှု နယ်ပယ်အသီးသီးတွင် အသုံးချနိုင်သည်။
အကယ်၍ ၎င်းကို သိုင်းနတ်ဘုရားတစ်ဦးက အသုံးပြုမည်ဆိုပါက နောက်ထပ်အဆင့်တက်ရန် မျှော်လင့်ချက် ပိုမိုကြီးမားလာမည်။
သို့သော် လင်ချွမ်သည် လက်ရှိပတ်ဝန်းကျင်မှာ ဤကိစ္စကို အလေးအနက် စဉ်းစားရန် မသင့်တော်ကြောင်း သိရှိထားသည်။
......
သဲပင်လယ်အောက်တွင်မူ ရှုပ်ထွေးပွေလီသော ဟာလာဟင်းလင်းပြင်ကြီး တစ်ခုရှိနေသည်။
သူတို့ ဆင်းသက်သွားစဉ် ဘေးတစ်ဖက်တစ်ချက်စီရှိ အမှောင်ထုထဲမှ ထူးဆန်းသော အရောင်အသွေးများစွာ ငြိမ်
သက်စွာ ထွက်ပေါ်လာသည်။
ဤမှော်ဆန်သော မြင်ကွင်းသည် အံ့သြဖွယ် အမြင်အာရုံကို ပေးစွမ်းရုံသာမက ပုံမှန်မဟုတ်သော အန္တရာယ်ကိုလည်း သယ်ဆောင်လာ၏။
ဆင်းသက်နေစဉ်အတွင်း လိမ္မော်ရောင် အလင်းတန်းတစ်ခုသည် တိတ်တဆိတ် လျင်မြန်စွာ ကျယ်ပြန့်လာပြီး လင်ချွမ်၏ ရင်ဘတ်ဆီသို့ ဘေးတိုက် ဝင်ရောက်လာသည်။
အကယ်၍ သူသာ သတိမကပ်ထားပါက ထိုထောင်ချောက်အတွင်းသို့ ကျရောက်သွားနိုင်ချေရှိ၏။
လင်ချွမ်က နှာခေါင်းရှုံ့လိုက်ပြီး မမြင်ရသော စွမ်းအားတစ်ခုကို ထုတ်လွှတ်ကာ ထိုအလင်းတန်းကို တိုက်ရိုက် ရိုက်ခွဲလိုက်သည်။
ထို့နောက်တွင်မူ လိမ္မော်ရောင် အလင်းတန်းများသည် တစ်ခုပြီးတစ်ခု လင်းထိန်လာသည်။
ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ၎င်းတို့သည် အဆက်မပြတ် ပေါ်ထွက်လာကြခြင်း။
ထိုအလင်းတန်းတစ်ခုချင်းစီ၏ တောက်ပမှုမှာ နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ အားအပြည့်ဖြင့် တိုက်ခိုက်မှုနှင့် ညီမျှနေသည်ကို ခံစားရသည်။
လင်ချွမ်နှင့် ဓားနတ်ဘုရားတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးသည် နယ်ပယ်အဆင့်ရှိသူများထက် အဆပေါင်းများစွာ သန်မာနေသောကြောင့် ခဏမျှ ခုခံပြီးနောက် အားလုံးကို ချေမှုန်းနိုင်ခဲ့၏။
အတားအဆီးများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ခိုင်မာသော မြေပြင်ပေါ်သို့ ခြေချနိုင်ခဲ့သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အမှောင်ထုကိုသာ မြင်တွေ့ရသည်။
အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများသည် သူတို့နှစ်ဦးပေါ်သို့ ကျရောက်လာသည်။
ထိုအအေးဓာတ်မှာ အလွန်တရာ ကြောက်စရာကောင်းလှ၏။
အမှောင်ထုနောက်ကွယ်တွင် ချောင်းမြောင်းနေပြီး မည်သည့်အချိန်တွင်မဆို ခုန်အုပ်ကာ အသက်ဘေးကို ပေးနိုင်သည့် ကြောက်မက်ဖွယ် သားရဲတစ်ကောင်ကဲ့သို့ပင်။
ဒါကိုမြင်တော့ လင်ချွမ်က လှောင်ပြုံးပြုံးလိုက်ပြီး အရှိန်အဝါ တစ်ခုချင်းစီကို လိုက်လံစစ်ဆေးကြည့်သည်။
သူ့ထံမှ ရန်စမှုကို အာရုံခံမိသွားသောအခါ အရှိန်အဝါ အချို့သည် အမှောင်ထုထဲသို့ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။
သို့သော် အခြေအနေမသိသော အချို့မှာမူ ရန်လိုမှုကို ပြသနေဆဲ။
လင်ချွမ်က ပြုံးလိုက်ပြီး သူ၏ သိုင်းနတ်ဘုရားနယ်ပယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ထိုမမြင်ရသော အရှိန်အဝါသည် ထိုအခိုက်အတန့်တွင် အလွန်ထက်မြက်သွားပုံရသည်။
မကောင်းဆိုးဝါးနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ချက်ချင်းပင် ဆုတ်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့၏။
လင်ချွမ်သည် ၎င်းအတွက် ဂုဏ်ယူဝင့်ကြွားခြင်း မရှိပေ။
သူက ပတ်ဝန်းကျင်ရှိ အမှောင်ထုကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်း ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ဒီအောက်ကို မျှော်ခေါ်ခဲ့တာပဲ၊ ဒါက ရိုးရိုးရှင်းရှင်း စမ်းသပ်ရုံသက်သက်တော့ မဟုတ်လောက်ပါဘူး"
"ဘယ်သူ့ကို ပြောနေတာလဲ"
ဒါကို ကြားလိုက်ရတဲ့ ဓားနတ်ဘုရားဟာ အနည်းငယ် အံ့အားသင့်သွားသည်။
လင်ချွမ်သည် မိမိကို ပြောနေခြင်းမဟုတ်ကြောင်း သူ ချက်ချင်းပင် သိလိုက်သော်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသော်လည်း တစ်ဖက်လူ၏ တည်နေရာကို ရှာမတွေ့ခဲ့ပေ။
စကားသံ ဆုံးသွားသည်နှင့် ဓားနတ်ဘုရားသည် မိမိ၏ အစွမ်းမရှိမှုကို ညည်းတွားနေစဉ်မှာပင် အဝေးက အမှောင်ထုအတွင်းမှ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
၎င်းသည် တစ်ကိုယ်လုံး မည်းနက်နေပြီး လူသားပုံသဏ္ဌာန် ရှိသည်။
၎င်း၏ ကိုယ်ပေါ်တွင် ထူးဆန်းသော စွမ်းအားတစ်ခု အဆက်မပြတ် စီးဆင်းနေ၏။
ကြည့်ရသည်မှာ ရေနံဖြင့် ပြုလုပ်ထားသော လူသားပုံသဏ္ဌာန်နှင့် အတိအကျတူနေသည်။
၎င်းကို မြင်လိုက်ရသောအခါ ဓားနတ်ဘုရားသည် အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း တင်းမာသွားသည်။
ဒါကိုမြင်တော့ လင်ချွမ်က ပြုံးပြီး ခေါင်းခါပြလိုက်ကာ စိုးရိမ်စရာမလိုကြောင်း အချက်ပြလိုက်သည်။
"ဒီကောင်သာ ငါတို့ကို ရန်မူချင်ရင် ငါတို့ကို မြေပေါ်ကို အေးအေးဆေးဆေး ဆင်းခွင့်ပေးမှာ မဟုတ်ဘူး"
"ဆင်းသက်နေတဲ့ အချိန်တုန်းက တိုက်ခိုက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ"
"အခု မင်းကိုယ်မင်း ထွက်ပြလာတယ်ဆိုတော့ ငါ့ဆီကနေ တစ်ခုခု တောင်းဆိုစရာ ရှိလို့ဖြစ်မယ်၊ ဟုတ်တယ်မလား"
ထိုပုံရိပ်သည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ဖဝါးကို ဖြန့်ကာ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
ဆီကဲ့သို့ ချောမွတ်နေသော သူ၏ လက်ဖဝါးပေါ်တွင် ပူဖောင်းများ ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ ရင်ဘတ်အတွင်းမှ တစ်စုံတစ်ခုသည် ဖြည်းဖြည်းချင်း ရွေ့လျားလာ၏။
၎င်းသည် ခန္ဓာကိုယ်အတွင်းမှ ဖြတ်ကျော်ကာ ပုခုံး၊ လက်ဖျံတို့မှတစ်ဆင့် လက်ဖဝါးဆီသို့ ရောက်ရှိလာပြီး လက်ဖဝါးအလယ်မှ ထွက်ပေါ်လာသည်။
၎င်းမှာ စန္ဒကူးသေတ္တာတစ်လုံးဖြစ်သည်။
မျက်နှာပြင်မှာ အလွန်ချောမွတ်ပြီး အနားသတ်များတွင် နဂါးနှင့် ဖီးနစ်ငှက်ပုံများ ပန်းထိုးထားသည်။
ထွင်းထုထားမှုများမှာ အသက်ဝင်လှပြီး အလွန်လက်ရာမြောက်လှ၏။
လင်ချွမ်က သေတ္တာကို မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည်။
"ဒါက ဘာသဘောလဲ"
အခြားတစ်ဖက်တွင်မူ စာလုံးများ ပေါ်ထွက်လာသည်။
"ငါ့ကို ဒီအခက်အခဲကနေ လွတ်မြောက်အောင် ကူညီပေးပါ" ဟု ရေးသားထားသည်။
"ဟမ်..."
ထိုအခိုက်အတန့်တွင် လင်းချွမ်းနှင့် ဓားနတ်ဘုရားတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများသည် ရှုပ်ထွေးသွားကြသည်။
ယခုမြင်ကွင်းသည် ယခင် နတ်ဘုရား အကြွင်းအကျန်များရှိ အနက်ရောင်ဝိညာဉ် ဟေးချင်းနှင့် အလွန်တူညီနေသည်။
ပြီးခဲ့သည့်အကြိမ်က ရရှိခဲ့သည့် ဆုလာဘ်မှာ သိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် ထူးခြားသော လျှို့ဝှက်နည်းစနစ်တစ်ခုပင်။
ယခု အခြေအနေသည်လည်း ထိုနည်းတူပင် ဖြစ်နိုင်၏။
သို့သော် ဟေးချင်း သည် လွတ်မြောက်သွားပြီးနောက် ချက်ချင်းပင် ရန်မူခဲ့ပြီး ကတိဖျက်ခဲ့သည်ကို တွေးမိသောအခါ သူ တွေဝေသွားသည်။
လင်ချွမ်၏ မျက်လုံးများထဲတွင် သရော်လိုသော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် သေတ္တာကို အလျင်စလို မယူဘဲ လှောင်ပြုံးဖြင့် ပြောလိုက်သည်မှာ...
"ငါက ဘာလို့ မင်းကို ကယ်ရမှာလဲ"
ထိုပုံရိပ်သည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။