← Chapters

နေရာလွတ်နေတဲ့ ဗီလာရှိသေးလား

Vol. 8 Ch. 73

နေရာလွတ်နေတဲ့ ဗီလာရှိသေးလား

Vol. 8 Ch. 73

【ဒင်.】

【အရံမစ်ရှင် ပွင့်သွားပါပြီ - ကိုယ်ပိုင်ရုပ်ရှင်ရုံ တည်ဆောက်ပြီး 'ကြွယ်ဝမှုကို ဆက်ခံခွင့်' ကံစမ်းမဲ နှိုက်ပါ】

ရုတ်တရက် ထွက်ပေါ်လာသည့် စနစ်ရဲ့အသိပေးချက်က လင်းဖန်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ ယွမ် ၇၀ ဘီလီယံ ပစ်ထည့်လိုက်ရုံရှိသေး၊ အရံမစ်ရှင်တစ်ခု ပွင့်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ တကယ့်ကို ထူးဆန်းလှသည်။ သို့သော်လည်း အလကားရမည့်အရာကိုတော့ လက်မလွှတ်သင့်ပေ။

"ဝမ်ကြီး... မင်းဆီမှာ ကိုယ်ပိုင်ရုပ်ရှင်ရုံ စီမံကိန်း စာရွက်စာတမ်းတွေ အကုန်အစင် အရင်ကတည်းက ရှိပြီးသား ဖြစ်ရမယ်"

"အဲ... မင်း ကြည့်ချင်လို့လား"

ဝမ်ချောင် ကြောင်အသွားသည်။ လင်းဖန်က စီမံကိန်းကို အသေးစိတ် ပြန်စစ်ဆေးပြီး လိုအပ်တာတွေ ဖြည့်စွက်ချင်သည်ဟု သူ ထင်လိုက်ခြင်း ဖြစ်သည်။

"အဲဒီ စာရွက်တွေကို ကြည့်ပြီး ဘာလုပ်မှာလဲ၊ ငါက ပညာရှင်မှ မဟုတ်တာ၊ ကြည့်လည်း ဘာမှ သိမှာမဟုတ်ဘူး"

လင်းဖန်က မျက်လုံးလှန်ပြရင်း ဆိုသည်။

"စာအုပ်ကြီးအတိုင်း ပြောနေတာထက်စာရင် အကောင်းဆုံး Configuration တွေနဲ့ ကိုယ်ပိုင်ရုပ်ရှင်ရုံတစ်ရုံကို အရင်ဆောက်ပြီး စမ်းသပ်ကြည့်တာက ပိုမကောင်းဘူးလား အဲဒီကျမှ ဒီစီမံကိန်းရဲ့ အလားအလာကို တို့တွေ အမှန်တကယ် ခံစားလို့ရမှာပေါ့"

ချင်းလင်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း ထခုန်ကာ

"ဟုတ်တယ်.. လင်းကြီး၊ မင်းက ကိုယ်တိုင် သုံးဖို့အတွက် ဒါကို အရင်ဆောက်ချင်တာလား"

"နေပါဦး... ငါ နားကြားမမှားဘူးမလား မင်းက မင်းအတွက် ကိုယ်ပိုင်ရုပ်ရှင်ရုံ ဆောက်ချင်တာပေါ့လေ"

ဝမ်ချောင် လုံးဝမှင်တက်သွားသည်။ စီမံကိန်း အလားအလာကို စမ်းသပ်ဖို့အတွက် ဒီနည်းလမ်းကို သုံးမည်တဲ့လား။ လူရာပေါင်းများစွာ သုံးနိုင်တဲ့ အကြီးစား ကိုယ်ပိုင်ရုပ်ရှင်ရုံကို မိမိတစ်ဦးတည်း သုံးဖို့ ဆောက်တာကတော့ တော်တော်လေးကို လွန်နေပြီ။

"ဟုတ်တယ်"

လင်းဖန်က အတည်ပြုလိုက်သည်။

ချင်းလင်နှင့် ဝမ်ချောင်တို့ ခဏမျှ ဆွံ့အသွားကြသည်။ ငွေရှိတိုင်းလည်း ဒီလိုတော့ မလုပ်သင့်ဘူးလေ။ စီမံကိန်းအတွက် ၇၀ ဘီလီယံ ရင်းနှီးနိုင်မှတော့ ကိုယ့်အတွက် သန်းရာချီ သုံးတာက ပြဿနာမဟုတ်ဘူးဆိုပေမဲ့... ဒီလိုသာဆိုရင် နိုင်ငံရဲ့ ထိပ်တန်းသူဌေးသားဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်သူ့ဆီ ရောက်သွားမှာလဲ။

"ငါက အားတဲ့အချိန် ရုပ်ရှင်ကြည့်ဖို့ ကိုယ်ပိုင်ရုပ်ရှင်ရုံ တစ်ရုံလောက် ရှိချင်ရုံတင်ပါ၊ မင်းတို့က ဘယ်လိုမျက်နှာတွေ ဖြစ်နေကြတာလဲ ဝမ်ကြီး မင်းတို့အိမ်မှာ ဆိုရင် ရုပ်ရှင်ရုံတွေ အများကြီးပဲ၊ သွားချင်တဲ့နေရာ လူရှင်းခိုင်းလိုက်ရုံပဲဥစ္စာ ချင်းလင် မင်းတို့အိမ်မှာလည်း အများကြီးရှိတာပဲ"

လင်းဖန်က လက်ကာပြရင်း မတတ်သာသလို ပြောသည်။

- "ငါက ဒီလောက် ချမ်းသာနေမှတော့ တခြားလူတွေနဲ့ တိုးဝှေ့ပြီး ရုပ်ရှင်ရုံ သွားရမှာလား အဲဒါက ငါ့အဆင့်အတန်းနဲ့ မလိုက်ဖက်တော့ဘူးလေ"

ချင်းလင်၊ ဝမ်ချောင်: "......"

သူပြောတာ မှန်သင့်သလောက် မှန်သော်လည်း... ဒါက အိမ်တွင်းရုပ်ရှင်ရုံမဟုတ်ဘဲ လူရာပေါင်းများစွာ ဖျော်ဖြေရေးလုပ်လို့ရတဲ့ 'Private Cinema' ကြီး ဖြစ်နေသည် မဟုတ်ပါလား။

"ဆောက်လို့တော့ ရပါတယ်၊ ဒါပေမဲ့ ဘယ်မှာ ဆောက်မှာလဲ ဝေးလွန်းရင်လည်း သွားရလာရတာ အဆင်မပြေဘူးလေ"

ဟု ဝမ်ချောင်က ရယ်ရခက် ငိုရခက် အမူအရာဖြင့်ပြောလိုက်သည်။

လင်းဖန် ခဏစဉ်းစားလိုက်ပြီး မိုရှင်းယာကို လှမ်းခေါ်လိုက်သည်။

-"ရှင်းယာ... ဗီလာ အမှတ် ၁ ဘေးမှာ လူမနေဘဲ အားနေတဲ့ ဗီလာ ရှိလား လူရာနဲ့ချီ ဆံ့တဲ့ ကိုယ်ပိုင်ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲလို့ရမယ့် နေရာမျိုးပေါ့"

"လင်းကြီး... ခင်ဗျား ဆိုလိုတာက ဘေးက ဗီလာကို ဝယ်ပြီး ကိုယ်ပိုင်ရုပ်ရှင်ရုံ လုပ်မယ်ပေါ့၊ အကြံကောင်းပဲ"

ချင်းလင်က မေးစေ့ကို ပွတ်ရင်း စိတ်ဝင်တစား ပြောလိုက်သည်။

ကျန့်ခမ်းယွမ်သည် ကျင်းလင်မြို့၏ အဆင့်မြင့်ဆုံး ဗီလာဝင်း ဖြစ်သဖြင့် အသုံးပြုထားသော ပစ္စည်းများမှာ အကောင်းဆုံးများ ဖြစ်သည်။ ဗီလာတစ်ခုစီမှာ အနည်းဆုံး စတုရန်းမီတာ ၄၅၀၀ ကျော် ကျယ်ဝန်းပြီး အမြင့်မှာ နှစ်ထပ်ခွဲ ရှိရာ ၎င်းကို ကိုယ်ပိုင်ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲရန် အသင့်တော်ဆုံး ဖြစ်သည်။

လင်းဖန် ဆောက်မည့် ကိုယ်ပိုင်ရုပ်ရှင်ရုံမှာ သူတို့ စီးပွားရေးလုပ်ရန် စဉ်းစားထားသည့် 'Commercial Complex' ပုံစံမျိုး မဟုတ်ဘဲ မိမိအတွက်သာ ဖြစ်သဖြင့် စားသောက်ကုန်လုပ်ငန်းများကို ဖယ်ထုတ်ကာ ရုပ်ရှင်ကြည့်ခြင်းနှင့် ဖျော်ဖြေရေး သီးသန့်သာ ထားရှိမည် ဖြစ်သည်။

"ဝယ်စရာ မလိုဘူး"

"အဲ... ဝယ်စရာ မလိုဘူးဆိုတော့ ခင်ဗျားက ဘယ်ကနေ ရုပ်ရှင်ရုံ ရမှာလဲ"

ဝမ်ချောင် ကြောင်အသွားပြန်သည်။ ဤနေရာတွင် လင်းဖန် အသစ်ဆောက်ရန် မြေကွက်လပ် မရှိတော့ပေ။

ထိုစဉ် ဘေးမှ မိုရှင်းယာက အလျင်အမြန် ရှင်းပြသည် ။

- "မစ္စတာဝမ်! ဒီကျန့်ခမ်းယွမ် ဗီလာဝင်း တစ်ခုလုံးက ကျွန်မတို့ ဆရာ့ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ဝယ်ဖို့ မဝယ်ဖို့ ဆိုတာက မေးနေစရာ မလိုပါဘူးရှင်"

ဝမ်ချောင်တစ်ယောက် ထိုစကားကို ကြားလျင် လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

- "ကျန့်ခမ်းယွမ် ဗီလာဝင်း တစ်ခုလုံးက မင်းပိုင်တာ ဟုတ်လား"

"ဟုတ်တယ်၊ ကျန့်ခမ်းယွမ်က ငါ့ပိုင်နက်ပဲ"

လင်းဖန်က ခပ်အေးအေးပင် ဆိုလိုက်သည်။

ရုတ်တရက် ဝမ်ချောင်မှာ ပို၍ပင် ဆွံ့အသွားရတော့သည်။ လင်းဖန် ဘာကြောင့် ကိုယ်ပိုင်နန်းတော် မဆောက်ဘဲ ဤနေရာမှာ လာနေသနည်းဆိုသည်ကို သူ ယခုမှ သဘောပေါက်သွားတော့သည်။ ဗီလာဝင်းတစ်ခုလုံးကို မိမိ၏ ကိုယ်ပိုင်ပိုင်နက်အဖြစ် သတ်မှတ်ထားခြင်းမှာ... တော်တော်လေးကို မာန်ကြီးလွန်းရာ မရောက်ဘူးလား။

"ဟေး... လင်းကြီး၊ မင်းက ဗီလာဝင်းတစ်ခုလုံးကို ဘာဖြစ်လို့ ဝယ်ထားတာလဲ ပိုက်ဆံတွေက မီးရှို့ပစ်ချင်စရာ ကောင်းလောက်အောင် များနေလို့လား"

ဟု ချင်းလင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ကျန့်ခမ်းယွမ်သည် ကျင်းလင်မြို့၏ ဈေးအကြီးဆုံး နေရာတစ်ခု ဖြစ်သည်။ ကျုံးဆန်းတောင်ကို နောက်ခံထားပြီး ချင်ဟွိုင်မြစ်ကို အပေါ်စီးက ကြည့်နိုင်သည့် အချက်အချာကျသော မြေနေရာ ဖြစ်သည်။ ဗီလာ တစ်လုံးလျှင်ပင် ယွမ်သန်းရာချီ တန်ဖိုးရှိရာ၊ အလုံးပေါင်း ၁၂၀ ခန့်ရှိသော ဗီလာဝင်းတစ်ခုလုံးမှာ ယွမ်ဘီလီယံ ဆယ်ဂဏန်းအထက် တန်ဖိုးရှိပေမည်။

လင်းဖန်ကတော့ ပခုံးတွန့်ပြရင်း ဘာမှမသိသလို မျက်နှာပေးမျိုး လုပ်နေသည်။ သူကရှန်ဝမ်စန်း၏ ကြွယ်ဝမှုကို ဆက်ခံခဲ့ပြီး ရတနာတိုက်ကြီးတစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုပိုင်ဆိုင်မှုများက မည်သို့ ပေါ်ပေါက်လာသည်ကို သူကိုယ်တိုင်ပင် အတိအကျ မသိပေ။

ဝမ်ချောင်နှင့် ချင်းလင်တို့မှာ ဘေးမှ မိုရှင်းယာကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

မိုရှင်းယာက ဖြည်းညှင်းစွာ ရှင်းပြသည်။

-"ကျန့်ခမ်းယွမ်ဟာ အစကတည်းက သူဌေးရဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ် ကျွန်မတို့ ဒီမြေနေရာကို ယူပြီး ဗီလာဝင်းတစ်ခုလုံးကို တည်ဆောက်ခဲ့တာဟာ သူဌေးရဲ့ ဝန်ထမ်းတွေ ဖြစ်တဲ့ သက်တော်စောင့်အဖွဲ့၊ စားဖိုမှူးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့ စတဲ့သူတွေကို နေရာချထားပေးဖို့အတွက်ပဲ ဖြစ်ပါတယ်ရှင်"

All Chapters