← Chapters

မင်းငါ့ကို လာနောက်နေတာလား

Vol. 8 Ch. 74

မင်းငါ့ကို လာနောက်နေတာလား

Vol. 8 Ch. 74

မိုရှင်းယာ၏ စကားများအရ လင်းဖန်၏ ဝန်ဆောင်မှုအဖွဲ့တွင် လူမည်မျှရှိသည်ကို ဝမ်ချောင်နှင့် ချင်းလင်တို့ အတိုင်းသား သိမြင်လိုက်ကြသည်။

သက်တော်စောင့်အဖွဲ့ သီးသန့်တင် ၁၀ ဖွဲ့ရှိပြီး လူပေါင်း ၁၂၀ ရှိသည်။

ထို့ပြင် ရှေ့နေအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ကိုယ်ရေးကိုယ်တာ အကြံပေးများ၊ စားဖိုမှူးအဖွဲ့နှင့် သန့်ရှင်းရေးအဖွဲ့ စသည်ဖြင့် စုစုပေါင်းလျှင် ဤကျန့်ခမ်းယွမ်ဗီလာဝင်းအတွင်း၌ အနည်းဆုံး လူတစ်ထောင်ခန့် ရှိနေပေမည်။

ဤဗီလာဝင်းမှာ အဘယ်ကြောင့် ဤမျှ လုံခြုံရေး တင်းကျပ်နေရသနည်းဆိုသည်မှာ မဆန်းတော့ပေ။ ဇိမ်ခံကားကြီးများ စီးလာလျှင်ပင် ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အဘယ်ကြောင့် ပေးမဝင်သနည်းဆိုသည်မှာလည်း ရှင်းသွားတော့သည်။

ကျန့်ခမ်းယွမ်ကိုယ်တိုင်က လင်းဖန်၏ အိမ်ရာဝင်းကြီး ဖြစ်နေသောကြောင့် သာမန်လူများ ဝင်ရောက်ရန် မထိုက်တန်ခြင်းပင်။

သူတို့နှစ်ဦးစလုံး လုံးဝ ဆွံ့အသွားကြသည်။ ဤသူငယ်ချင်းနှင့် ယှဉ်လျှင် မိမိတို့ကိုယ်မိမိ မယှဉ်သာတော့ဟု ခံစားလိုက်ရသည်။ မိမိတို့က တရုတ်ပြည်ထဲမှာတင် "ဆရာကြီး" လုပ်နေကြချိန်တွင် လင်းဖန်၏ အရှိန်အဝါက ကမ္ဘာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်ချင်း လုံးဝ မတူတော့ပေ။

"ကဲပါ... အခုတော့ ငါ ကိုယ်ပိုင်ရုပ်ရှင်ရုံ ဆောက်တာက ဖြုန်းတီးရာ မရောက်တော့ဘူးပေါ့"

ဝမ်ချောင် ဘာမှထပ်မပြောလိုတော့ပေ။ လင်းဖန်၏ ခမ်းနားထည်ဝါသော အသုံးအဆောင်များအရ ကိုယ်ပိုင်ရုပ်ရှင်ရုံ တစ်ရုံတည်းမက ဆယ်ရုံဆောက်လျှင်ပင် ဖြုန်းတီးရာ ရောက်မည်မဟုတ်ကြောင်း သူ နားလည်သွားသည်။

"ဒါပေမဲ့ ပြုပြင်မွမ်းမံမယ်ဆိုရင် ဒီလောက် လူအများကြီး ဆံ့ဖို့အတွက် အနည်းဆုံး လူရာနဲ့ချီဝင်ဆံ့တဲ့ ရုပ်ရှင်ရုံမျိုး ဖြစ်ရမယ် သာမန်ဗီလာတစ်လုံးတည်းနဲ့တော့ ဆံ့မှာမဟုတ်ဘူး..."

ဟု ချင်းလင်က ခဏစဉ်းစားပြီး အသေးစိတ် ပြန်ဖြေသည်။

စားသောက်ကုန်အပိုင်းကို ဖယ်ထားလျှင်ပင် ဖျော်ဖြေရေး အသုံးအဆောင်များအတွက်တင် အထပ်နှစ်ထပ် လိုအပ်မည် ဖြစ်သည်။ ထို့ပြင် 2D၊ 3D နှင့် VR ရုပ်ရှင်ပြခန်းများအတွက်ပါ ထည့်တွက်လျှင် ဗီလာတစ်ခု၏ နှစ်ထပ်ခွဲ အကျယ်အဝန်းမှာ မလုံလောက်ပေ။ လင်းဖန်၏ ဗီလာ အမှတ် ၁ တစ်ခုလုံးကို ပေးလိုက်လျှင်တော့ တစ်မျိုးပေါ့။

"သူဌေး.. အမှန်တော့ ကျန့်ခမ်းယွမ်ကို အစကတည်းက စီမံကိန်းဆွဲစဉ်မှာ အဆောက်အဦးတစ်ခုကို သီးသန့် ဖယ်ထားခဲ့ပါတယ် အဲဒါကတော့ တစ်ဝင်းလုံးအတွက် အားကစားနဲ့ လှုပ်ရှားမှုစင်တာပါ ၄ ထပ် ရှိပြီး တစ်ထပ်ကို စတုရန်းမီတာ ၈၀၀ ကျယ်တာမို့ ကိုယ်ပိုင်ရုပ်ရှင်ရုံ လုပ်ဖို့ လုံလောက်ပါတယ်ရှင်"

ဟု တောက်လျှောက် တိတ်ဆိတ်နေသည့် မိုရှင်းယာက ဝင်ရောက် အကြံပြုသည်။

"အို... ဒီလိုလား၊ အဆင်ပြေတာပေါ့"

"ဒါပေမဲ့ ဒီစီမံကိန်းကိုတော့ ညီအစ်ကိုချင်းတို့ မိသားစုပဲ တာဝန်ယူရလိမ့်မယ် ငါတို့ ဝမ်မိသားစုက မြို့တော်မှာ အခြေစိုက်တာဆိုတော့ ဒီနဲ့ နည်းနည်း ဝေးတယ်လေ"

ဟု ဝမ်ချောင်က မတတ်သာသလို ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင်တော့ ညီအစ်ကိုချင်းကိုပဲ လွှဲလိုက်မယ်"

လင်းဖန်က ပြုံးလျက် ဆိုသည်။

ဝမ်ချောင်၏ ဝမ်ထုလုပ်ငန်းစုသည် လျောင်ပြည်နယ်တွင် အခြေစိုက်ပြီး ကျန်းစူးပြည်နယ်နှင့် မိုင်ထောင်ချီ ဝေးကွာသော်လည်း၊ ချင်းလင်၏ မိသားစုပိုင် မော်စီးတီး တည်ဆောက်ရေးအဖွဲ့ မှာမူ ကျန်းစူးပြည်နယ်နှင့် နီးကပ်စွာ ရှိနေသည်။ တစ်ရက်အတွင်း လူနှင့် ပစ္စည်းများ ရောက်ရှိလာနိုင်ပြီး အမြန်ဆုံး အချောသတ်နိုင်မည် ဖြစ်သည်။

"အင်း ငါ့အပေါ်ပဲ ပုံအပ်ထားလိုက်ပါ"

ချင်းလင်က အလေးအနက် ခေါင်းငြိမ့်လိုက်သည်။

လင်းဖန်အတွက် ဆောက်ပေးမည့် ဤကိုယ်ပိုင်ရုပ်ရှင်ရုံမှာ သူတို့၏ စီမံကိန်းကြီးတစ်ခုလုံးအတွက် ရှေ့ပြေး ပုံစံငယ်တစ်ခု ဖြစ်သဖြင့် ချင်းလင်အနေဖြင့် လုံးဝ ပေါ့လျော့မည် မဟုတ်ပေ။

"ဒါဆို ငါတို့တွေ အရင်သွားလိုက်ဦးမယ်၊ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်"

ပူးပေါင်းဆောင်ရွက်မှု အတည်ဖြစ်သွားပြီ ဖြစ်သဖြင့် ဝမ်ချောက်နှင့် ချင်းလင်တို့ ထပ်မနေတော့ပေ။ ဤမျှ ကြီးမားသော စီမံကိန်းမှာ နောက်ပြောင်နေ၍ မရဘဲ လူမှုကွန်ရက်နှင့် ဆက်ဆံရေး အဖုံဖုံကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

"ကောင်းပါပြီ နောက်မှ ရှင်းယာကနေတစ်ဆင့် မင်းတို့အကောင့်ထဲ ငွေလွှဲပေးလိုက်မယ်"

လင်းဖန်က ခေါင်းငြိမ့် ဆိုလိုက်သည်။

ကျန့်ခမ်းယွမ် ဗီလာဝင်းမှ ထွက်လာသောအခါ ဝမ်ချောင်နှင့် ချင်းလင်တို့၏ မျက်နှာတွင် တည်ကြည်မှုများ လွှမ်းမိုးနေသည်။ ပူးပေါင်းဆောင်ရွက်မှု ရသွားပြီ ဖြစ်သော်လည်း အစပိုင်းတွင် ကလေးကစားသလို စတင်ခဲ့သည့် ကိစ္စမှာ ယခုအခါ ဗုံမောင်းသံ တညံညံနှင့် ပွဲလမ်းကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

စုစုပေါင်း ရင်းနှီးငွေ ၇၆ ဘီလီယံဖြင့် တစ်နိုင်ငံလုံးရှိ မြို့ကြီးများအားလုံးကို လွှမ်းခြုံမည့် ဤစီမံကိန်းသည် အမျိုးသားအဆင့် စီမံကိန်းကြီးတစ်ခု ဖြစ်သွားခဲ့ရာ မည်သူမျှ လျှော့တွက်ရဲမည် မဟုတ်တော့ပေ။ အမှန်အတိုင်း ပြောရလျှင် ဝမ်ချောင်နှင့် ချင်းလင်တို့မှာလည်း လန့်သွားကြသည်။ လင်းဖန်သည် ငွေမည်မျှပင် ချမ်းသာစေကာမူ၊ ယခုကဲ့သို့ ယွမ် ၇၀ ဘီလီယံကို သူတို့နှစ်ဦးလက်ထဲသို့ ယုံယုံကြည်ကြည်နှင့် စီမံခန့်ခွဲခိုင်းလိုက်ခြင်းမှာ သူ၏ ယုံကြည်မှုကို ပြသလိုက်ခြင်းပင်။

ဆယ်မိနစ်အကြာ၌ ဝမ်ချုန်းက ချင်းလင်ကို လေဆိပ်သို့ ပို့ပေးလိုက်သည်။ ချင်းလင်မှာ မော်စီးတီး (ရှန်ဟိုင်း) သို့ ပြန်ကာ သူ၏ ဖခင်နှင့် စီမံကိန်းအကြောင်း ဆွေးနွေးရမည် ဖြစ်သည်။

ဝမ်ချောင်ကိုယ်တိုင်လည်း ကျင်းလင်မြို့ရှိ သူ၏ ဗီလာတစ်ခုသို့ ပြန်လာခဲ့သည်။ လင်းဖန်ကဲ့သို့ ဗီလာဝင်းတစ်ခုလုံးကို ပိုင်ဆိုင်သည်အထိ မခမ်းနားသော်လည်း၊ ဝမ်ချောင်တွင်လည်း ကျင်းလင်၌ အိမ်ခြံမြေ အချို့ ရှိနေသေးသည်။

"သခင်လေး... အရှင် (ဖခင်) ရောက်နေပါတယ်ခင်ဗျာ"

ဝမ်ချောင် ဗီလာသို့ ပြန်ရောက်ရောက်ချင်း အဝတ်ပင် မလဲရသေးမီ သက်တော်စောင့်က လာပြောသည်။ ထိုစကားကြောင့် ဝမ်ချောင် ကြောင်သွားပြီး ဧည့်ခန်းသို့ ထွက်လာခဲ့ရာ၊ ဆိုဖာပေါ်တွင် သတင်းစာကို တည်ငြိမ်စွာ ဖတ်နေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးကို မြင်တွေ့လိုက်ရသည်။

အချမ်းသာဆုံးပုဂ္ဂိုလ် ဝမ်က သတင်းစာကို ချလိုက်ပြီး သားဖြစ်သူကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ဆိုသည်။

- "မင်း အခုတလော စီမံကိန်းကြီးတစ်ခု လုပ်နေတယ်လို့ ကြားတယ်၊ ချင်းလင်ကိုတောင် ကြံရာပါအဖြစ် ခေါ်ထားသေးတယ်ဆိုပဲ ရင်းနှီးမြှုပ်နှံမှုကော ရပြီလား"

"အဲ... ရသလောက် ဖြစ်သွားပါပြီ"

ဝမ်ချောင်က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ပုံမှန်ဆိုလျှင် သူ၏ ဖခင်သည် သူ၏ ကိစ္စများကို သိပ်စိတ်မဝင်စားလှသော်လည်း ယခုတော့ အလေးအနက် မေးနေသည်။

"အို... မြန်လှချည်လား" အဖေကြီးဝမ်က အံ့သြစွာ ကြည့်လိုက်သည်။ သူ ကျင်းလင်သို့ ယခုလာခြင်းမှာ သားဖြစ်သူ၏ ဘီလီယံချီသော စီမံကိန်းအတွက် ငွေရှာမရမှာ စိုးရိမ်သဖြင့် ကူညီရန် လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤမျှမြန်မြန်နှင့် ငွေရသွားလိမ့်မည်ဟု သူ မထင်ထားပေ။

"ဒါနဲ့ အဖေ... လင်းဖန် ဆိုတဲ့ လူငယ်တစ်ယောက်ကို သိလား အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိဦးမယ်၊ ဒါပေမဲ့ အရမ်းချမ်းသာတာ ဘီလီယံ ဆယ်ဂဏန်းလောက်ကို အလွယ်တကူ ထုတ်ပေးနိုင်တယ်ဗျ"

ဝမ်ချောင်က သတိတရဖြင့် လှမ်းမေးလိုက်သည်။

"လင်းဖန် အသက် ၂၀ ဝန်းကျင်နဲ့ ဘီလီယံ ဆယ်ဂဏန်းလောက် ချမ်းသာတယ်"

အဖေကြီး ဝမ်က ဝမ်ချောင်ကို သံသယဖြင့် ကြည့်သည်။ -

"မင်း ငါ့ကို နောက်နေတာလား ဘယ်မိဘကများ သူတို့ကလေးကို ဒီလောက် ငွေအမြောက်အမြား သုံးခွင့်ပေးမှာလဲ"

"တကယ်ပါ အဖေ၊ ကျွန်တော် မလိမ်ပါဘူး"

ဖခင်ဖြစ်သူ၏ မျက်နှာထားကို ကြည့်ကာ ဝမ်ချောင် မတတ်သာတော့ပေ။ လင်းဖန်၏ ပိုင်ဆိုင်မှုများအကြောင်း ပြောပြချင်သော်လည်း၊ ဖခင်က နောက်ပြောင်နေသည်ဟု ထင်ကာ အရိုက်ခံရမှာ စိုးသဖြင့် ဆက်မပြောတော့ဘဲ နေလိုက်ရသည်။

"ဟေး... မင်းလက်ထဲမှာ ကိုင်ထားတာ ဘာလဲ"

ဖခင်ဝမ်က ဝမ်ချောင်လက်ထဲမှ လိပ်ထားသော အရာကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။

"ဒါ တရုတ်ပန်းချီကား တစ်ချပ်ပါ၊ တကယ့်ကို လက်ရာမြောက်တာပဲ ဘယ်သူ့လက်ရာလဲတော့ မသိဘူး၊ လင်းဖန်ဆီကနေ ယူလာတာ စာကြည့်ခန်းထဲမှာ ချိတ်ပြီး လေ့လာမလို့၊ အဖေ ကြည့်ချင်လား"

ဝမ်ချောင်က ပန်းချီကားလိပ်ကို ဖခင်ဖြစ်သူထံ ကမ်းပေးလိုက်သည်။ နှစ်များစွာအတွင်း ဝမ်ထုလုပ်ငန်းစု၏ တစ်နှစ်တာ ငှားရမ်းခတင် ယွမ် ၁၀၀ ဘီလီယံအထိ ရရှိလာခဲ့ရာ၊ ဖခင်ဝမ်မှာလည်း ငွေရှာရတာ ငြီးငွေ့လာပြီး ပန်းချီ၊ ကဗျာနှင့် ရှေးဟောင်းပစ္စည်းများဘက်သို့ ဝါသနာ လှည့်လာခဲ့ခြင်း ဖြစ်သည်။

ဝမ်ချောင်မှာ ဖခင်ဖြစ်သူ စိတ်ဝင်စားနေသည်ကို မြင်သဖြင့် ပန်းချီကားကို ပေးထားခဲ့ကာ၊ သူကိုယ်တိုင်မှာမူ ပန်းချီကား ချိတ်ဆွဲရန် လိုအပ်သည့် ပစ္စည်းများ သွားရှာလေတော့သည်။

All Chapters