← Chapters

စတင်မိတ်ဆက်ခြင်း

Vol. 8 Ch. 76

စတင်မိတ်ဆက်ခြင်း

Vol. 8 Ch. 76

သို့သော် လင်းဖန်ကတော့ ထိုအကြောင်းအရာများကို မသိရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူသည် မိုရှင်းယာနှင့်အတူ နီဗားနား အိတ် စမတ်ဖုန်းများကို တရားဝင် မိတ်ဆက်ရန်ကိစ္စအား ဆွေးနွေးနေသောကြောင့် ဖြစ်သည်။

မှန်ပေသည်။ လပေါင်းများစွာ ပြင်ဆင်ခဲ့ပြီးနောက် လုံထန်လုပ်ငန်းစုသည် သုတေသနဌာနတွင် ရှေ့ပြေးပုံစံများ ထုတ်လုပ်ခဲ့ပြီး၊ စက်ရုံများတွင် အမြောက်အမြား ထုတ်လုပ်ခဲ့ရာ ယခုအခါဖုန်းများစွာကို သိုလှောင်ထားပြီး ဖြစ်သည်။

ရှန်ချန်စက်မှုဇုန်တစ်ခုတည်း၌ပင် တရုတ်ဘာသာစကားသုံး ဖုန်းအလုံးရေ သန်း ၈၀ အထိ အရန်သင့် ရှိနေပြီ ဖြစ်သည်။

ဤခြေလှမ်းသည် အောင်မြင်မလား၊ ရှုံးနိမ့်မလားဆိုသည်မှာ ပြန်လှည့်စရာ လမ်းမရှိတော့သည့် အဆုံးအဖြတ်ပင် ဖြစ်တော့သည်...။

"သူဌေး.. ကျင်းတုန်ဥက္ကဋ္ဌဆီက ဖုန်းလာနေပါတယ်"

ကျန့်ခမ်းယွမ် ဗီလာ အမှတ် ၁ အတွင်း၌ မိုရှင်းယာက လင်းဖန်ထံသို့ ဖုန်းကမ်းပေးလိုက်သည်။

"အို... လျူယွီတုန်က ငါ့ဆီ ဖုန်းဆက်ဖို့ ဘယ်လိုအချိန်ရနေတာလဲ"

လင်းဖန် အနည်းငယ် အံ့သြသွားသော်လည်း ဖုန်းကို အမြန်ကိုင်လိုက်သည်။

"ဟယ်လို ကျွန်တော် လင်းဖန်ပါ"

"ဒါရိုက်တာလင်း... ကျွန်တော်တို့ဘက်က အထူးချန်နယ်ကို ဖွင့်ထားပြီးပါပြီ၊ ဘာမှ ကြန့်ကြာမှု ရှိမှာမဟုတ်ပါဘူး။ ခင်ဗျား အရင်ဆုံး ကြိုတင်ရောင်းချမှုလုပ်ပြီး ဈေးကွက်ကို စတင်ချင်ပြီလား"

ဖုန်းရဲ့အခြားတစ်ဖက်မှ လျူယွီတုန်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

သူက နီဗားနအိတ်၏ အလားအလာအပေါ် အလွန် အကောင်းမြင်နေပုံရသည်။

"မလိုဘူး လုံထန်က ရေကုန်ရေခမ်းပဲ တိုက်မယ်၊ စမ်းသပ်ကြည့်နေမှာ မဟုတ်ဘူး"

လင်းဖန်က ပြတ်သားစွာ ငြင်းဆိုလိုက်သည်။ မိမိကိုယ်မိမိ မယုံကြည်ဘဲနှင့် အခြားသူများက မိမိဖုန်းကို အောင်မြင်လိမ့်မည်ဟု မည်သို့ ယုံကြည်ကြပါမည်နည်း။

"ကြိုတင်ရောင်းချတာမျိုး လုပ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျင်းတုန်ရဲ့ ကြော်ငြာလှုပ်ရှားမှုတွေကိုတော့ စတင်လို့ရပြီ တရားဝင် မိတ်ဆက်ဖို့ တစ်ပတ်ပဲ လိုတော့တယ် တရုတ်နိုင်ငံက အိမ်ထောင်စုတိုင်း လုံထန်လုပ်ငန်းစုရဲ့ တည်ရှိမှုကို သိသွားစေချင်တယ်"

ထိုစကားကို ကြားသောအခါ လျူယွီတုန်းတစ်ယောက်ချက်ချင်း သဘောပေါက်သွားသည်။ စီးပွားရေးလောကတွင် ကျင်လည်လာသည်မှာ ကြာပြီဖြစ်ရာ တရုတ်ဈေးကွက်၏ ထူးခြားချက်ကို သူ ကောင်းကောင်းသိသည်။

ပြည်တွင်းဖြစ်ကို အားပေးလိုသည့်စိတ်သည် အမှတ်တံဆိပ်တစ်ခုကို အရှိန်အဟုန်ဖြင့် မြင့်တက်လာစေရန် လုံလောက်ပေသည်။

၎င်းအပြင် လုံထန်လုပ်ငန်းစုသည် အရည်အသွေးမရှိဘဲ ဟိတ်ဟန်ထုတ်နေခြင်း မဟုတ်ပေ။ နီဗားနားအိတ်၏ စွမ်းဆောင်ရည်ပိုင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာချက်များအရ ၎င်းသည် ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေသည်။

"ဒါနဲ့... လုံထန်ဘက်ကလည်း ကြော်ငြာဖို့ ငါ ညွှန်ကြားထားပါ့မယ်"

ဟု လင်းဖန်က ထပ်လောင်းပြောသည်။ ယခင်က သုံးစွဲခဲ့သော ယွမ်သန်း ၅၀၀ မှာ ကျင်းတုန်လုပ်ငန်းစု၏ ကြော်ငြာကဏ္ဍ (ပို့ဆောင်ရေး၊ စတိုးဆိုင်များ) အတွက်သာ ဖြစ်သည်။

သို့သော် လုံထန်လုပ်ငန်းစုကို တစ်နိုင်ငံလုံး သိစေရန်အတွက် စီအီးအို ကျန်းဖန်သည် ယွမ်တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အကြီးစား ကြော်ငြာစီမံကိန်းကို ရေးဆွဲခဲ့သည်။ ဗီဒီယို၊ တေးဂီတ၊ လမ်းညွှန်မြေပုံ အစရှိသည့် ဝက်ဘ်ဆိုက်များသာမက ရုပ်သံလိုင်းများနှင့် ရေဒီယိုများကိုပါ ချန်လှပ်ထားခြင်း မရှိပေ။

"ကောင်းပါပြီ၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"

ဟု လျူယွီတုန်က လေးလေးနက်နက် တုံ့ပြန်သည်။

"ဒါဆို... ကျေးဇူးတင်ပါတယ် အစ်ကိုလျူ"

"ဟာ ဘာတွေ ပြောနေတာလဲ လင်းညီလေးရဲ့ ငါတို့တွေက ပါတနာတွေပဲလေ ဒါက ငါ့တာဝန်တွေပဲ ဒါပေမဲ့ နီဗားနား အိတ် သာ ရောင်းအား ပေါက်ကွဲသွားရင်တော့ မင်း ငါ့ကို အရက်ကောင်းကောင်း တစ်ခွက်တော့ တိုက်ရမယ်နော်"

ဟု လျူယွီတုန်က ရယ်မောရင်း ဆိုသည်။

လင်းဖန်ကလည်း အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

- "အစ်ကို့စကားအတိုင်း ဖြစ်ပါစေဗျာ တကယ်လို့ ရောင်းအားသာ ပေါက်ကွဲသွားရင် စရှန်ကျန့်က အစ်ကိုရှောင်မာနဲ့ပါ ချိန်းပြီး အစ်ကိုလျူကို ကျွန်တော်ကိုယ်တိုင် ဧည့်ခံပါ့မယ်"

"ဟားဟားဟား ကောင်းပြီဗျာ"

ဖုန်းအခြားတစ်ဖက်မှ လျူယွီတုန်လည်း အားရပါးရ ရယ်မောလိုက်တော့သည်။

သူတို့ကဲ့သို့ ကြွယ်ဝသူများအတွက် ငွေကြေးမှာ အဓိကမဟုတ်တော့ဘဲ မိမိတို့၏ ကြွယ်ဝမှုက လူ့အဖွဲ့အစည်းအပေါ် မည်မျှ လွှမ်းမိုးနိုင်သနည်းဆိုသည်ကသာ ပို၍ အရေးကြီးလာသည်။ ထို့ကြောင့်လည်း လျူယွီတုန်နှင့် လင်းဖန်တို့တွင် ရင်းနှီးသော သူငယ်ချင်း အနည်းငယ်သာရှိပြီး ပင်ကွင်းမှ မာဟွာထန်မှာ ထိုအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ပင်ကွင်းသည် လုံထန်နှင့် ပူးပေါင်းဆောင်ရွက်နေသလို၊ ကျင်းတုန်၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်ရာ သူတို့ သုံးဦး၏ ဆက်ဆံရေးမှာ အလွန်ပင် ကောင်းမွန်လှသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံတစ်ဝန်းတွင် ကြော်ငြာများ အလုံးအရင်းနှင့် ထွက်ပေါ်လာခဲ့ပြီး လုံထန်လုပ်ငန်းစုမှာ လူတိုင်း၏ အာရုံစိုက်မှုကို ခံရတော့သည်။ အွန်လိုင်းပလက်ဖောင်းများ၊ ရုပ်သံလိုင်းများနှင့် ရေဒီယိုများတွင် နီဗားနား အိတ် အကြောင်း ကြော်ငြာများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအမည်သည် အရင်းအနှီးရှင်ကြီးများ၏ အမြင်ထဲသို့လည်း ရောက်ရှိသွားခဲ့သည်။

ပြင်းထန်သည့် ကြော်ငြာထိုးစစ်များကြောင့် မီဒီယာအချို့မှာ လုံထန်ကို အွန်လိုင်းတွင် စတင်တိုက်ခိုက်လာကြပြီး သူတို့၏ နာမည်ကြီးမှုကို နှိမ်ချရန် ကြိုးစားလာကြသည်။ Apple၊ Huawei သို့မဟုတ် Xiaomi ပရိသတ်များကလည်း နီဗားနား အိတ် ၏ စွမ်းဆောင်ရည်မှာ ချဲ့ကားပြောဆိုထားခြင်းသာ ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

သို့သော် အရှိတရားမှာ Apple ၏ တရုတ်ဈေးကွက်ဝေစုမှာ တဖြည်းဖြည်း ကျဆင်းလာနေခြင်းပင်။

အချိန်များ ကုန်လွန်သွားရာ ဒီဇင်ဘာလ ၅ ရက်နေ့သို့ ရောက်ရှိလာသည်။ ထိုည ၁၁ နာရီ ၃၀ မိနစ်တွင် လင်းဖန် ဦးဆောင်သည့် လုံထန်လုပ်ငန်းစု၏ အဆင့်မြင့်အရာရှိကြီးများအားလုံး အီးကောမတ်စ်ဌာန၏ ကွန်ပျူတာရှေ့တွင် စုရုံးရောက်ရှိနေကြပြီး လုပ်ငန်းဆောင်ရွက်မှုများကို စိုက်ကြည့်နေကြသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၀ နာရီတိတိတွင် နီဗားနားအိတ်ကို တရားဝင် စတင်ရောင်းချတော့မည် ဖြစ်သည်။

လင်းဖန်သည် နည်းပညာရှင်၏ ကွန်ပျူတာကို ကြည့်ရင်း မေးလိုက်သည်။

-"အခု လုံထန်မောလ်ကို ဝင်ကြည့်နေတဲ့သူ ဘယ်လောက်ရှိပြီလဲ"

"လက်ရှိမှာ ဝင်ရောက်ကြည့်ရှုသူ ၁.၅ သန်း ရှိနေပြီး ကိန်းဂဏန်းတွေက ဆက်တိုက် တက်နေပါတယ်"

"ကျင်းတုန် ဘက်မှာကော"

"သုံးသန်းကျော်နေပါပြီ၊ သူတို့ဘက်မှာလည်း အဆက်မပြတ် တက်နေပါတယ်"

"ကောင်းပြီ၊ နှစ်ဖက်စလုံးမှာ တစ်ပြိုင်နက်တည်း တင်လိုက်တော့ အကောင့်တစ်ခုကို ဖုန်းတစ်လုံးပဲ ဝယ်ခွင့်ရှိတဲ့ ကန့်သတ်ချက်ကိုလည်း တင်းတင်းကျပ်ကျပ် လုပ်ထားပါ"

လုံထန်အနေဖြင့် ဖုန်းအလုံးရေ သန်း ၈၀ ပြင်ဆင်ထားပြီး ရှန်ချန်စက်မှုဇုန်တွင်လည်း ဆက်တိုက် ထုတ်လုပ်နေသော်လည်း၊ နိုင်ငံ၏ လူဦးရေ ၁.၅ ဘီလီယံနှင့် ယှဉ်လျှင် ဤပမာဏမှာ သမုဒ္ဒရာထဲ ရေတစ်စက်မျှသာ ရှိသေးသည်။ ထို့ကြောင့် ဈေးကစားသူများ၏ လက်ထဲသို့ မရောက်သွားစေရန် လင်းဖန်က နည်းပညာဌာနကို အကောင့်များအား တင်းကျပ်စွာ ထိန်းချုပ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ"

နည်းပညာရှင်က လေးလေးနက်နက် ပြန်ဖြေသည်။ သူ၏ လက်များမှာ ကွန်ပျူတာပေါ်တွင် အလုပ်ရှုပ်နေပြီး အင်္ကျီမှာလည်း ချွေးများဖြင့် စိုရွှဲနေသည်။ ဤအရေးကြီးသော အချိန်တွင် မည်သူမျှ ပေါ့ဆရဲခြင်း မရှိကြပေ။

All Chapters