အရောင်းစတင်ခြင်း
Vol. 8 Ch. 77
"ဥက္ကဋနဲ့နဲ့ အထွေထွေမန်နေဂျာခင်ဗျာ... ဒီနေ့ မနက် ၁၀ နာရီကစပြီး ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဟာ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံနေရပါတယ် ဆာဗာတွေလည်း ပြုတ်ကျလုနီးပါး ဖြစ်နေပါပြီ"
လုံထန်လုပ်ငန်းစု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (R&D) မှ အထွေထွေမန်နေဂျာက စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် သတင်းပို့လာသည်။
ထိုစကားကို ကြားသောအခါ လင်းဖန်နှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။ 'သစ်ပင်က မြင့်လေ လေတိုက်ခံရလေ' ဆိုသလိုပင်။ လုံထန်က ပြည်တွင်းဖြစ် ပထမဆုံး စမတ်ဖုန်းကို စတင်မိတ်ဆက်ကတည်းက အငြှိုးအတေးထားသူများ၏ ပစ်မှတ်ထားခြင်းကို ခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့် အရေးကြီးချိန်တွင် ဤကဲ့သို့ နှောင့်ယှက်လာခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
"အရန်ဆာဗာကို ချက်ချင်းဖွင့်လိုက်၊ ပြီးတော့ သုတေသနဌာနက ဆာဗာအဖွဲ့ကိုလည်း အချိန်မရွေး အသင့်ဖြစ်နေအောင် လုပ်ထား"
စီအီးအို ကျန်းဖန်က ချက်ချင်း ညွှန်ကြားချက် ပေးလိုက်သည်။
"တို့တွေ အရင်က ချိတ်ဆက်ထားတဲ့ ဟုန်ခဲမဟာမိတ်အဖွဲ့ကိုလည်း အခုပဲ တိုက်စစ်ဆင်ခိုင်းလိုက် ဆာဗာပေါ်က ခြေရာခံတွေကို လိုက်ပြီး အဲဒီဟက်ကာတွေရဲ့ အသိုက်အမြုံကို ရှာဖွေပြီး ပညာပေးလိုက်စမ်း"
"နားလည်ပါပြီ" ယွီလီက အစီအစဉ်များ ပြုလုပ်ရန် အလျင်အမြန် ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်၌လည်း အုတ်အော်သောင်းနင်း ဖြစ်နေသည်။ မရေမတွက်နိုင်သော လူများမှာ သူတို့၏ ကွန်ပျူတာရှေ့တွင် ထိုင်ကာ လုံထန်ဝက်ဘ်ဆိုက်နှင့် ကျင့်တုန်ဆိုင်ခွဲများတွင် ဖုန်းစတင်ရောင်းချမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
"အဲဒီဖုန်းက တကယ့်ကို လှပြီး ရိုးရာပုံစံတွေကို ရိုက်ချိုးထားတာလို့ ကြားတယ်၊ အမြန်ဆုံး မြင်ချင်နေပြီ"
"ဟုတ်တယ် ငါဆိုရင် ယွမ်ငါးထောင်တောင် အရန်သင့် ပြင်ထားပြီးပြီ၊ ရောင်းတာနဲ့ ဝယ်တော့မှာ"
"နေပါဦး... ဒီ 'နီဗားနားအိတ် က ဒီလောက်အထိ ဈေးမကြီးလောက်ပါဘူး..."
ရောင်းချရန် နာရီဝက်ပင် မလိုတော့သည့်အချိန်တွင် Weibo နှင့် အခြားသော လူမှုကွန်ရက်များပေါ်၌ ဆွေးနွေးမှုများဖြင့် ဝေေ၀ဆာဆာ ဖြစ်နေသည်။ သူတို့သာမက ပြိုင်ဘက်လုပ်ငန်းစုကြီးများ ဖြစ်ကြသော Huawei၊ Xiaomi နှင့် Meizu (Lizu) မှ အဆင့်မြင့်အရာရှိကြီးများမှာလည်း နီဗားနားအိတ် ကို ဝယ်ယူရန် စောင့်ကြည့်နေကြသည်။ မိမိ၏ ပြိုင်ဘက်ကို အသေအချာ သိမှသာ တိုက်ပွဲတိုင်းတွင် အနိုင်ရမည် မဟုတ်ပါလား။
နာရီဝက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၀ နာရီ တိတိသို့ ရောက်ရှိလာသည်။
"ချန်နယ်အားလုံးကို ဖွင့်လိုက်တော့၊ နီဗားနားအိတ်ကို အခုပဲ စတင်ရောင်းချမယ်"
လင်းဖန်က တည်ငြိမ်သည့် မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။
သူ့စကား ဆုံးသည်နှင့် အသင့်စောင့်နေသော အီးကောမတ်စ် ဝန်ထမ်းများက အရောင်းချန်နယ်များကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ကြရာ ဖုန်းများက စခရင်ပေါ်တွင် ဘွားခနဲ ထွက်ပေါ်လာတော့သည်။
"မရဘူး... ဟက်ကာတွေက ဆာဗာကို တိုက်ခိုက်နေပြန်ပြီ"
ဆာဗာ ထိန်းသိမ်းရေး တာဝန်ခံထားသည့် ဝန်ထမ်းက အော်ဟစ်လိုက်သဖြင့် အားလုံး မျက်နှာပျက်သွားကြသည်။ လင်းဖန်၏ မျက်နှာမှာ ပို၍ပင် မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားသည်။ ဖုန်းရောင်းရုံ ရှိသေးသည်၊ ပြိုင်ဘက်များက တံခါးဝအထိ လာရောက် နှောင့်ယှက်နေကြသည်မှာ တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းသည် မဟုတ်လား။
"မစိုးရိမ်ကြပါနဲ့၊ R&D အဖွဲ့က ဆာဗာကို ထိန်းထားနိုင်ပါတယ်"
စီအီးအို ကျန်းဖန်က အားလုံးကို အားပေးစကား ဆိုလိုက်သည်။
သို့သော် လင်းဖန်ကတော့ ထိုလူများကို ဒီအတိုင်း လွှတ်ထားရန် အစီအစဉ် မရှိပေ။ သူက အေးစက်သော အသံဖြင့် ဆိုလိုက်သည် - "ရှင်းယာ... ဟိုလူတွေကို အမိန့်ပေးလိုက်၊ တစ်ယောက်မှ ချန်မထားနဲ့"
"ဟုတ်ကဲ့ပါ"
မိုရှင်းယာက တည်ကြည်သော မျက်နှာဖြင့် ကျန့်ခမ်းယွမ်သို့ သတင်းလှမ်းပို့လိုက်သည်။
လွန်ခဲ့သော တစ်ပတ်က ဖန်ထန်းရင်းနှီးမြှုပ်နှံမှု အဖွဲ့သည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံကာ ကမ္ဘာ့ထိပ်တန်း ဟက်ကာအဖွဲ့ ၁၀ ဖွဲ့ကို ငှားရမ်းခဲ့သည်။ ၎င်းမှာ လုံထိန်၏ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်သူများကို ကာကွယ်ရန်နှင့် ပြန်လည် အမဲလိုက်ရန် ဖြစ်သည်။
"ကြည့်ပါဦး အသုံးပြုသူတွေက နီဗားနားအိတ် ကို အလုအယက် ဝယ်နေကြပြီ"
ဝန်ထမ်းတစ်ဦး၏ အာမေဍိတ်သံကြောင့် အားလုံး၏ အာရုံမှာ ကွန်ပျူတာဆီသို့ ပြန်ရောက်သွားသည်။ ဖုန်းဝယ်ယူသူ အရေအတွက်မှာ စက္ကန့်နှင့်အမျှ တိုးတက်နေသည်။
စခရင်အထက်ပိုင်း၌ ပေါ်လာသည့် ကိန်းဂဏန်းများမှာ အားလုံးကို အံ့အားသင့် ထိတ်လန့်သွားစေသည်။ ကြော်ငြာများ၏ အကျိုးသက်ရောက်မှုမှာ သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။ နီဗားနားအိတ်သည် တရုတ်နိုင်ငံ၏ နံပါတ်တစ်ဖုန်း ဖြစ်လာပြီလားဟုပင် ထင်မှတ်ရသည်။
"အို... ဝယ်လိုက်ပြီ ၅.၅ လက်မ အရွယ်က ၂,၈၈၈ ယွမ်တည်း ၆.၂ လက်မ က ၃,၈၈၈ ယွမ်ပဲရှိတာ တကယ့်ကို စေတနာ အပြည့်ပဲ"
"ဒီဖုန်းက တကယ့်ကို လှတာပဲ"
"ငါ လေးလုံးလောက် ဝယ်ချင်တယ်၊ မိန်းမ၊ သားနဲ့ သမီးအတွက် တစ်ယောက်တစ်လုံးစီ"
ခန့်ညားသော ပုံစံ၊ သက်သာသော ဈေးနှုန်းနှင့် ထိပ်တန်း စွမ်းဆောင်ရည်များကြောင့် တရုတ်ပြည်သူအားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လူတိုင်းက အမြောက်အမြား ဝယ်ချင်ကြသော်လည်း လုံထိန်၏ စနစ်က ထိုအခွင့်အရေးကို ပိတ်ပင်ထားသည်။ အကောင့်တစ်ခုလျှင် ဖုန်းတစ်လုံးသာ ဝယ်ယူခွင့်ရှိပြီး အစစ်အမှန် အမည်ဖြင့် မှတ်ပုံတင်ရခြင်း ဖြစ်သည်။
ရောင်းအား ကောင်းလွန်းသဖြင့် လူအများအပြားမှာ ဝယ်မရဘဲ စောင့်ဆိုင်းနေကြရသည်။ ချန်လောင်ရှီမှာလည်း ထိုသူများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ညဖက်အိပ်ရေးပျက်ခံကာ နီဗားနားကို စောင့်ဝယ်ခဲ့ခြင်း ဖြစ်သည်။
သူက ကျင့်တုန်မောလ်ရှိ လုံထန်ဆိုင်ခွဲသို့ ဝင်ကာ အမျိုးသမီးသုံး ပန်းရောင်ကို ရွေးလိုက်သည်။ ၃,၈၈၈ ယွမ် ဆိုသည့် ဈေးနှုန်းကိုပင် ဂရုမစိုက်ဘဲ ငွေပေးချေရန် ချက်ချင်း နှိပ်လိုက်သည်။ အကယ်၍ ဒီညသာ သူ ဝယ်မရခဲ့လျှင် သူ၏ ဇနီးက သူ့ကို အိပ်ရာထဲ ပေးဝင်မည် မဟုတ်ပေ။
သို့သော် စခရင်ပေါ်တွင် ပေါ်လာသည်မှာ 'ကုန်ပစ္စည်း ကုန်သွားပါပြီ' ဟူသည့် စာသား ဖြစ်နေသည်။
"ဘာ ကုန်သွားပြီ ဟုတ်လား"
စခရင်ပေါ်မှ စာလုံးကြီးများကို ကြည့်ကာ ချန်လောင်စီတစ်ယောက် မှင်တက်သွားတော့သည်။ နာရီဝက်တောင် မပြည့်သေးခင် အမျိုးသမီးသုံး ပန်းရောင်ဖုန်းမှာ ကုန်သွားပြီတဲ့လား.။သူက အခြားအရောင်ကို ပြောင်းဝယ်ရန် ကြိုးစားလိုက်သော်လည်း ဖုန်းမော်ဒယ်အားလုံး ကုန်သွားပြီ ဖြစ်ကြောင်း စာသားများသာ မြင်တွေ့လိုက်ရသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ တရုတ်ပြည်အနှံ့ ဖြစ်ပေါ်နေသည်။ ဝယ်လိုက်ရသူများက ပျော်ရွှင်နေကြသော်လည်း ဝယ်မရသူများမှာ စိတ်ပျက်နေကြသည်။
၁၅ မိနစ်အတွင်းမှာပင် ဖုန်းအလုံးရေ သုံးသန်းစလုံး ကုန်စင်သွားခဲ့သည်။ တစ်စက္ကန့်လျှင် ဖုန်းအလုံးရေ သုံးထောင်ကျော် ရောင်းထွက်ခဲ့ခြင်း ဖြစ်ရာ 'Double Eleven' (နိုဝင်ဘာ ၁၁) ဈေးရောင်းပွဲတော်ပင် ဤမျှ မကြောက်စရာကောင်းပေ။
လုံထန်၏ အရာရှိကြီးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။
"အခုကစပြီး ကျန်တဲ့ အလုံးရေ ခုနစ်သန်းကို အချိန်ပိုင်းအလိုက် အရောင်းတင်သွားမယ် မနက် ၉ နာရီ ဆိုင်ခွဲတွေ မဖွင့်ခင်အထိ ဖုန်းတွေ ရှိနေအောင် လုပ်ထားရမယ်"
စီအီးအို ကျန်းဖန်က ပိုမို လေးနက်သော အမိန့်ကို ပေးလိုက်သည်။
"ယွီလီ... စက်မှုဇုန်ကို အဆိုင်းသုံးဆိုင်းခွဲပြီး ၂၄ နာရီလုံး လည်ပတ်ဖို့ ပြောလိုက်၊ ပစ္စည်းပြတ်လပ်တာမျိုး လုံးဝ မရှိစေရဘူး"
အရာရှိကြီးများ အဖွဲ့မှာလည်း အစီအစဉ်များ ပြုလုပ်ရန် အလျင်အမြန် ထွက်သွားကြတော့သည်။ ထိုအချိန်တွင် လင်းဖန်မှာ မိုရှင်းယာနှင့်အတူ ဗီလာသို့ ပြန်ကာ အနားယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။
၁၅ မိနစ်သာ ရှိသေးသော်လည်း အလုံးရေ သုံးသန်း ရောင်းထွက်သွားခြင်းက နီဗားနား၏ အောင်မြင်မှုကို သက်သေပြရန် လုံလောက်နေပြီ မဟုတ်ပါလား။