← Chapters

ကျန်းဖန်ရဲ့ တောင်းဆိုမှု

Vol. 8 Ch. 79

ကျန်းဖန်ရဲ့ တောင်းဆိုမှု

Vol. 8 Ch. 79

【ဒင်..ပင်မမစ်ရှင် စတင်ပါပြီ】

【ပင်မမစ်ရှင် - မင်းရဲ့ အသက်မွေးဝမ်းကျောင်းကို စတင်ပါ - နီဗားနားအိတ်ဖုန်း】

"ဟင်"

ဒီဇင်ဘာ ၆ ရက် ည ၂၂:၀၀ နာရီ လုံထန်အဆောက်အအုံ ထိပ်ဆုံးထပ်ရှိ ရုံးခန်းထဲထိုင်နေသည့် လင်းဖန်၏ စိတ်ထဲ၌ ရင်းနှီးနေသည့် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသဖြင့် မှင်တက်သွားရသည်။ ယခင်က စနစ်သည် အဘယ်ကြောင့် ပင်မမစ်ရှင်ကို မကြေညာသေးသနည်းဟု သူ သိချင်နေခဲ့ရာ၊ ယခုမှပင် အချိန်ကိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ရှင်းယာ... အခု ရောင်းအား ဘယ်လောက်ရှိသွားပြီလဲ"

"သူဌေး အရောင်းဌာနက အခုလေးတင် ပြုစုပြီးတဲ့ စာရင်းအရ အွန်လိုင်းရောင်းအားဟာ အလုံးရေ သန်း ၈၀ ရှိသွားပါပြီ"

ဟု မိုရှင်းယာက ချက်ချင်း ပြန်ဖြေသည်။ ဤရလဒ်ကို ကြားပြီးနောက် လင်းဖန် အတွေးနက်သွားသည်။

ဒီဇင်ဘာ ၂၆ ရက် ည ၂၂:၀၀ နာရီအထိ ‘နိဗ္ဗာန X’ ၏ ရောင်းအားမှာ မယုံနိုင်စရာပင်။ ပုံမှန်အားဖြင့် ညဖက် အိပ်ချိန်နီးလာလျှင် ညအိပ်ရာဝင် နောက်ကျသူများမှလွဲ၍ ကျန်သူများမှာ ဝယ်ယူမှုကို ရပ်နားကာ နောက်နေ့မှသာ ဆက်လက်ဝယ်ယူကြလေ့ရှိသည်။ မွန်းတည့် ၁၂ နာရီတွင် ရောင်းအား သန်း ၅၀ ရှိခဲ့ရာမှ ၁၀ နာရီအတွင်းမှာပင် အလုံးရေ သန်း ၃၀ ထပ်မံရောင်းထွက်ခဲ့ခြင်းမှာ တကယ့်ကို ကြောက်ခမန်းလိလိ ဖြစ်ရပ်ပင်။

အင်တာနက် ဘီလူးကြီး နှစ်ဦး၏ ဗီဒီယို ကြော်ငြာမှုများသည် ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် အဓိက Live လွှင့်သည့် ပလက်ဖောင်းများမှ နာမည်ကြီးများကလည်း ဆက်လက် ကြော်ငြာပေးခဲ့ကြသည်။ လုံထန်လုပ်ငန်းစုက ပြင်ဆင်ထားသည့် ယွမ်တစ်ဘီလီယံ ကြော်ငြာဘတ်ဂျက်မှာ အလဟဿ မဖြစ်ဘဲ နေရာစုံတွင် ထိရောက်စွာ အသုံးတည့်ခဲ့သည်။

ပို၍ အရေးကြီးသည်မှာ ဖုန်းကို ကိုယ်တိုင် ဝယ်ယူသုံးစွဲသူများက Moments များပေါ်တွင် အကောင်းမြင်မှတ်ချက်များ အသီးသီး တင်ခဲ့ကြခြင်း ဖြစ်သည်။

"တကယ့်ကို စေတနာပါတဲ့ ပြည်တွင်းဖြစ် စမတ်ဖုန်းပဲ"

နီဗားနားအိတ်၏ ထူးခြားချက်မှာ ၎င်း၏ စနစ်လည်ပတ်မှု မြန်ဆန်ခြင်းနှင့် ခေတ်မီသော ဒီဇိုင်းကြောင့် ဖြစ်ပြီး Huawei နှင့် Xiaomi တို့၏ ဖုန်းအသစ်များကိုပင် ယှဉ်နိုင်စွမ်းရှိသည်။ ဤအချက်ကပင် လူအများကို အလုအယက် ဝယ်ယူစေခဲ့ခြင်း ဖြစ်သည်။

မလွဲဧကန်ပင်၊ ဤရောင်းအားပမာဏက လင်းဖန်ကို အလွန်အမင်း ဝမ်းသာသွားစေသည်။ လုံထန်သည် ယခင်က ကျရှုံးခဲ့သော ကျင်းလီ၏ အကြွင်းအကျန်များပေါ်တွင် အခြေခံကာ ပြန်လည် နိုးထလာခဲ့ပြီး မကြုံစဖူးသော ရလဒ်ကောင်းများကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် လုံထန်စီအီးအို ကျန်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲသို့ ဝင်လာသည်။ ရက်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီးနောက် သူသည် အောင်မြင်မှု အလင်းရောင်ကို မြင်တွေ့လိုက်ရသဖြင့် မည်သူထက်မဆို ပို၍ ပျော်ရွှင်နေသည်။

"ခင်ဗျား တကယ်တော်တယ်"

ရှေ့တွင်ရှိနေသော နွမ်းနယ်နေသည့် အလယ်အလတ်အရွယ် လူကြီးကို ကြည့်ကာ လင်းဖန်က လက်မထောင်၍ ချီးကျူးလိုက်သည်။ ကျန်းဖန်၏ လမ်းညွှန်မှုသာမရှိပါက လုံထိန်လုပ်ငန်းစုသည် ဤမျှမြန်မြန် တိုးတက်လာလိမ့်မည်မဟုတ်ပေ။ နီဗားနားအိတ်အောင်မြင်ခြင်း၏ အဓိက အကြောင်းရင်းမှာ ကျန်းဖန်၏ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါဝင်သည်။

"ဖုန်းရောင်းအား ကောင်းနေပေမဲ့ ကျတော်တို့တွေ ပေါ့လို့မရဘူး အင်တာနက်ပေါ်မှာ လူအတော်များများက ကျတော်တို့ရဲ့ App Store မှာ App တွေ နည်းလွန်းတယ်လို့ မှတ်ချက်ပေးနေကြတယ် ပဲန်ကွင်း (Penguin) ကလွဲရင် ကျန်တဲ့ သုံးလို့ရတဲ့ App က တစ်သိန်းတောင် မပြည့်သေးဘူး ဒါက ပြည်တွင်းက တခြားဖုန်းတွေရဲ့ ပျမ်းမျှ App ပမာဏထက် အများကြီး နည်းနေသေးတယ်"

ဟု လင်းဖန်က တည်ငြိမ်စွာဖြင့် အဓိကကျသော မေးခွန်းကို မေးလိုက်သည်။

ယနေ့ခေတ် စမတ်ဖုန်းလောကတွင် အရေးကြီးဆုံးမှာ အသုံးချဆော့ဖ်ဝဲများပင် ဖြစ်သည်။ စမတ်ဖုန်းတစ်လုံးသည် သေနတ်ဖြစ်ပါက Application သည် ကျည်ဆန်နှင့် တူသည်။

သေနတ်၏ စွမ်းပကားမှာ ကျည်ဆန်မည်မျှ ရှိသနည်းဆိုသည့်အပေါ်တွင် မူတည်နေသည်။

"သူဌေးပြောတာ မှန်ပါတယ် လက်ရှိမှာ လုံထန် App Market ထဲမှာ App ပေါင်း ၁ သိန်း ၁ သောင်းလောက်ပဲ ရှိပါသေးတယ် အချို့က ကျွန်တော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတာပါ"

ဟု ကျန်းဖန်က အလေးအနက် ပြန်ဖြေသည်။

- "အစောပိုင်းမှာ ကျတော်တို့တွေ အင်တာနက်ကုမ္ပဏီ အတော်များများကို ဖိတ်ခေါ်ခဲ့ပေမဲ့ သူတို့က တို့ရဲ့ စစ်ဆေးမှုကို လက်မခံချင်ကြတာကြောင့် တို့ဘက်ကလည်း ပေးမတင်ခဲ့တာပါ"

"ဒါပေမဲ့ ဒီနေ့ ရောင်းအားတွေ ထွက်လာပြီဆိုတော့ အဲဒီ App ကုမ္ပဏီတွေက တို့ဆီကို အလုအယက် လာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် App ပမာဏ နည်းပါးတဲ့ ပြဿနာကလည်း မကြာခင် ပြေလည်သွားမှာပါ"

နောက်ပြောင်နေခြင်း မဟုတ်ပေ။ အွန်လိုင်းတင် သန်း ၈၀ ရောင်းထွက်ခဲ့ရာ ဆိုင်ခွဲများပါ ပေါင်းလိုက်လျှင် ယနေ့တစ်ရက်တည်းမှာပင် သန်း ၁၀၀ ကျော် ရောင်းထွက်သွားခြင်း ဖြစ်သည်။ ဤစွမ်းဆောင်ရည်မျိုးဖြင့် ကမ္ဘာ့ထိပ်တန်းသို့ မည်သို့ ရောက်မလာဘဲ နေပါမည်နည်း။

စကားပြောနေစဉ်မှာပင် ကျန်းဖန်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး သူက ဆိုသည်။

- "သူဌေးခင်ဗျာ၊ ကျွန်တော် တစ်ခုလောက် အကူအညီတောင်းချင်ပါတယ် လက်ရှိမှာ ပြည်တွင်းက ဂိုဒေါင်တွေထဲမှာ ဖုန်းတွေက ကုန်သလောက် ဖြစ်နေပြီ နောင်မှာ ပစ္စည်းပြတ်လပ်တဲ့ပြဿနာ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်"

"ရေရှည်မှာ ပစ္စည်းပြတ်လပ်ရင် ဈေးကစားသူတွေထကြွလာလိမ့်မယ် ဒါက ကျတော်တို့လုပ်ငန်းစုရဲ့ နောင်လာမည့် မဟာဗျူဟာတွေအတွက် မကောင်းဘူးလေ"

တကယ်တမ်း ရောင်းစရာ ပစ္စည်းမရှိပါက ပြဿနာတက်ပေလိမ့်မည်။ ဝယ်မရသူများက လုံထိန်ကို စိတ်ထဲကနေ ကျိန်ဆဲကြမည်ဖြစ်သလို၊ ပြိုင်ဘက်များကလည်း လုံထန်သည် 'Hunger Marketing' (ဝယ်လိုအားတက်အောင် ပစ္စည်းလျှော့ထုတ်သည့် နည်းဗျူဟာ) ကို သုံးနေသည်ဟု တိုက်ခိုက်ကြပေလိမ့်မည်။ သာမန်လူများက ထိုအကြောင်းကို နားမလည်ဘဲ လုံထန်အပေါ် အမြင်စောင်းသွားပါက နောက်ဆက်တွဲဆိုးကျိုးမှာ ခန့်မှန်းရခက်ပေလိမ့်မည်။

"ခင်ဗျား ဘယ်လို စဉ်းစားထားလဲ ပြောပါဦး"

ဟု လင်းဖန်က ခေါင်းငြိမ့်ကာ မေးလိုက်သည်။

"ဟုတ်ကဲ့ ၊ နိုင်ငံရပ်ခြား ဘဏ်ခွဲတွေမှာ ရှိတဲ့ ဖုန်းလက်ကျန်တွေကို ပြည်တွင်းရုံးချုပ်ဆီ အရင်လွှဲပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ် အဲဒီအတွက် ကျသင့်ငွေကိုတော့ နောက်မှ ငွေသားနဲ့ ပြန်ပေးချေသွားမှာပါ"

ဟု ကျန်းဖန်က ဖြည်းဖြည်းချင်း ဆိုသည်။

'ညီအစ်ကိုချင်း ဆိုသော်လည်း စာရင်းရှင်းရမည်' ဆိုသည့် စကားအတိုင်းပင်။ လုံထန်လုပ်ငန်းစုတွင် ရုံးချုပ်တစ်ခုနှင့် ဘဏ်ခွဲလေးခု ရှိသော်လည်း ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု တိုက်ရိုက် လက်အောက်ခံ မဟုတ်ကြပေ။ ၎င်းမှာ လုပ်ငန်းစုကို ထိန်းညှိရန်နှင့် ဒေသအလိုက် ရောင်းအားကောင်းစေရန်အတွက် ဖြစ်သည်။

နိုင်ငံတိုင်းတွင် မိမိတို့ ပြည်တွင်းကုမ္ပဏီများကို ကာကွယ်သည့် အတားအဆီးများ ရှိကြသည်။ ထို့ကြောင့် ဖန်ထန်းရင်းနှီးမြှုပ်နှံမှု အဖွဲ့သည် အမေရိက၊ ဥရောပ၊ အိုရှေးနီးယားနှင့် တောင်အာရှတို့တွင် ဘဏ်ခွဲများ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် အမည်ခံအားဖြင့် လုံထိန်၏ ဘဏ်ခွဲများ ဖြစ်သော်လည်း၊ တကယ်တမ်းတွင် ထိုဒေသရှိ ဒေသခံဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ကုမ္ပဏီများ ဖြစ်ကြသည်။ ရရှိသည့် ရန်ပုံငွေများကိုလည်း ကေးမန်းကျွန်းစုရှိ ကုမ္ပဏီမှတစ်ဆင့် ဆွစ်ဘဏ်ရှိ လင်းဖန်၏ အကောင့်ထဲသို့ တိုက်ရိုက် လွှဲပြောင်းခြင်း ဖြစ်သည်။

ထို့ကြောင့် ကျန်းဖန်အနေဖြင့် နိုင်ငံရပ်ခြား ဘဏ်ခွဲများထံမှ အကူအညီတောင်းခံရန်မှာ လုပ်ထုံးလုပ်နည်းများ ရှိနေခြင်းပင်။

"ရှင်းယာ... နိုင်ငံရပ်ခြား ဘဏ်ခွဲ လေးခုလုံးမှာ ရှိတဲ့ စနစ်မတင်ရသေးတဲ့ ဖုန်းလက်ကျန်အားလုံးကို ပြည်တွင်းကို သင်္ဘောနဲ့ ချက်ချင်း ပို့ခိုင်းလိုက်တော့"

သေချာ စဉ်းစားပြီးနောက် လင်းဖန် ဆုံးဖြတ်ချက် ချလိုက်သည်။ နိုင်ငံရပ်ခြားတွင် နီဗားနားအိတိကို နောက်မှ ရောင်းချမည် ဖြစ်သဖြင့် ထိုဖုန်းများကို ပြည်တွင်းဈေးကွက်အတွက် အရင်သုံးခြင်းက ပို၍ ထိရောက်မည် ဖြစ်သည်။

"ဟုတ်ကဲ့ပါ"

မိုရှင်းယာက ညွှန်ကြားချက်ကို အကောင်အထည်ဖော်ရန် အလျင်အမြန် ထွက်သွားလေတော့သည်။

All Chapters