ရုပ်ရှင်ရုံ စီမံကိန်း
Vol. 8 Ch. 72
လင်းဖန်သည် အလှဆင်ပစ္စည်းမျှသာဖြစ်သော ရှေးဟောင်းပန်းချီကားများကို အစဉ်တစိုက် အရေးတယူ လုပ်လေ့မရှိပေ။ ယွမ်သန်းရာချီ တန်ဖိုးရှိသည့် အရာမျိုးမှလွဲ၍ ကျန်ရှိသော ပန်းချီကားအများစုကို ဒုတိယထပ်ရှိ စာကြည့်တိုက်ထဲတွင်သာ ထားရှိသည်။
အလှဆင်ပစ္စည်းတစ်ခုခုကို မတော်တဆ တိုက်မိ၍ ကွဲအက်သွားလျှင်ပင် သူ့အနေဖြင့် အခြားတစ်ခုဖြင့် အလွယ်တကူ အစားထိုးနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယထပ်သည် တတိယထပ်ရှိ သံမဏိသေတ္တာ (Safe) များကဲ့သို့ မဟုတ်ဘဲ သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ တစ်ဦးတည်း တက်ခွင့်မရှိသော နေရာဖြစ်သောကြောင့်တည်း။
"ကဲ... အားလုံးပဲ ထိုင်ကြပါဦး၊ မတ်တပ်ရပ်မနေကြပါနဲ့ သူများတွေ မြင်ရင် ငါ ဧည့်ဝတ်မကျေဘူး ထင်နေဦးမယ်"
လင်းဖန်က ဆိုဖာပေါ်တွင် ထိုင်ရင်း ပြုံးလျက် ဆိုသည်။
"ဒါနဲ့ မင်းတို့ ဘာသောက်ချင်လဲတော့ ငါမသိဘူး၊ ရေခဲသေတ္တာက ဟိုမှာရှိတယ်၊ ကြိုက်တာ ထုတ်သောက်ကြ မရှိရင်လည်း ရှိတာပဲ သောက်ကြတာပေါ့ ဟားဟားဟား"
ထိုစကားကို ကြားလျင် ဝမ်ချောင်နှင့် ချင်းလင်တို့မှာ သူ့ကို ကြည့်ကာ မျက်လုံးအသာလှန်မိကြသည်။
"ဒီနေ့ ငါတို့ မင်းဆီ လာတာက အရေးကြီးတဲ့ ကိစ္စတစ်ခု မေးစရာရှိလို့ပါ"
ဟု ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ဝမ်ချောင်က တိုက်ရိုက်ပင် ပြောလိုက်သည်။
"အို... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ ငါ့မှာ စည်းကမ်းတွေ အများကြီး မရှိပါဘူး"
လင်းဖန်က လက်ကာပြရင်း ပေါ့ပေါ့ပါးပါးပင် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအခါ ဝမ်ချောင်နှင့် ချင်းလင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချင်းလင်းက စကားစသည်။
-"မကြာသေးခင်က ပြည်တွင်း ရုပ်ရှင်နဲ့ ရုပ်သံလောကမှာ အပြောင်းအလဲတွေ အများကြီး ရှိနေတယ် ရုပ်ရှင်အတော်များများက ရုပ်ရှင်ရုံတွေမှာ မပြတော့ဘဲ အွန်လိုင်းကနေပဲ တိုက်ရိုက်ပြသလာကြပြီ"
"ဒါကြောင့် ရိုးရာရုပ်ရှင်ရုံ စနစ်ကို ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ငါတို့ ထင်တယ်၊ အဲဒီမှာ စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ရှိနေတာ အဲဒါကြောင့် ငါနဲ့ ဝမ်ကြီးက ဖျော်ဖြေရေး၊ ရုပ်ရှင်ကြည့်တာနဲ့ အနားယူတာတွေကို ပေါင်းစပ်ထားတဲ့ 'ကိုယ်ပိုင်ရုပ်ရှင်ရုံတွေ တည်ဆောက်ဖို့ စဉ်းစားနေကြတာ ဒါပေမဲ့ ရင်းနှီးငွေက နည်းနည်း ကျပ်နေတာနဲ့ မင်းကိုပါ ပါဝင်ဖို့ လာခေါ်တာပဲ"
မော်စီးတီး၏ ထိပ်သီးသူဌေးသား ချင်းလင်နှင့် အချမ်းသာဆုံးပုဂ္ဂိုလ်၏သား ဝမ်ချောင်တို့ ပူးပေါင်းပြီး ကိုယ်ပိုင်ရုပ်ရှင်ရုံ တည်ဆောက်မည်ဆိုသည်မှာ သာမန်လုပ်ရပ်မျိုး မဟုတ်ပေ။ အနည်းဆုံးတော့ နိုင်ငံ၏ ပထမတန်းစားနှင့် ဒုတိယတန်းစား မြို့ကြီးများတွင် အနည်းဆုံး တစ်ရုံစီ ရှိရပေမည်။
သူတို့၏ အစီအစဉ်အရ ကိုယ်ပိုင်ရုပ်ရှင်ရုံတစ်ခုတွင် ရုပ်ရှင်ကြည့်ရုံသာမက ဘိလိယက်ခုံကဲ့သို့သော ဖျော်ဖြေရေးနေရာများနှင့် လိုအပ်ပါက စားသောက်ကုန်လုပ်ငန်းများကိုပါ ထည့်သွင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် ၎င်းမှာ ရုပ်ရှင်ရုံတစ်ခုထက် စီးပွားရေးနှင့် ဖျော်ဖြေရေး အစုအဝေးငယ် တစ်ခုနှင့် ပိုတူနေပေသည်။ သူတို့ ရင်းနှီးငွေ မလောက်ဟု ပြောခြင်းမှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
"မင်းတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ရုံ တစ်ရုံကို ဘယ်လောက် ကုန်ကျမှာလဲ၊ ပြီးတော့ အားလုံးပေါင်း ဘယ်နှရုံ ဆောက်ဖို့ စီစဉ်ထားသလဲ"
ဟု လင်းဖန်က ဝမ်ချောင်ကို တိုက်ရိုက် မေးမြန်းလိုက်သည်။
သူက ၎င်းတို့ရဲ့အစီအစဉ်ကို စိတ်ဝင်စားသွားသည်။ ရိုးရာရုပ်ရှင်ရုံများ လူကြိုက်နည်းလာခြင်းမှာ ရှောင်လွှဲမရနိုင်သော အချက်ဖြစ်သည်။ အကယ်၍ ဤကဲ့သို့သော ကိုယ်ပိုင်ရုံများကို တည်ဆောက်နိုင်ပါက လူငယ်များ၏ လိုအပ်ချက်ကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ရာ စီးပွားရေးအရ အလားအလာ အလွန်ကောင်းလှသည်။
"တစ်ရုံကို သန်း ၁၅၀ ကုန်ကျမယ်၊ ပြည်တွင်းက မြူနီစီပယ်မြို့ကြီးတွေနဲ့ ပြည်နယ်မြို့တော်တွေမှာ တစ်ရုံစီ ဆောက်ဖို့ စီစဉ်ထားတယ်"
ဟု ဝမ်ချောင်က အနည်းငယ် တွန့်ဆုတ်စွာ ပြောသည်။
အမှန်စင်စစ် သူတို့သည်လည်း ဤစီမံကိန်းအပေါ် အနည်းငယ် တုံ့ဆိုင်းနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရင်းနှီးမြှုပ်နှံမှုမှာ အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ သာမန် ရုပ်ရှင်ရုံတစ်ခု (ရုပ်ရှင်ပြခန်း ၁၁ ခု ပါဝင်လျှင်) တည်ဆောက်စရိတ်မှာ သန်း ၂၀ ခန့်သာ ရှိပြီး၊ အခြား အသုံးအဆောင်များနှင့် ငှားရမ်းခများ အပါအဝင်မှ သန်း ၃၀ ခန့်သာ ကုန်ကျခြင်း ဖြစ်သည်။
ကိုယ်ပိုင်ရုပ်ရှင်ရုံ တစ်ရုံ ဆောက်မည့်ငွေမှာ သာမန်ရုံ ၅ ရုံ ဖွင့်နိုင်သည့် ပမာဏ ဖြစ်နေသည်။
လင်းဖန်က စိတ်ထဲတွင် အမြန်တွက်ချက်လိုက်သည်။ တိုက်ရိုက်ကွပ်ကဲသည့် မြူနီစီပယ် ၄ မြို့နှင့် ပြည်နယ်မြို့တော် ၃၄ မြို့၊ စုစုပေါင်း ၃၈ မြို့တွင် တည်ဆောက်ရမည် ဖြစ်သည်။ တစ်ရုံလျှင် သန်း ၁၅၀ နှင့်ဆိုပါက အနည်းဆုံး ၅.၇ ဘီလီယံ လိုအပ်မည် ဖြစ်သည်။
"မရဘူး၊ ဒါက မလုံလောက်သေးဘူး လုပ်မယ်ဆိုရင် ပိုကြီးကြီးမားမား လုပ်ကြတာပေါ့ ၃၈ ရုံတည်းနဲ့ ဘာသွားလုပ်လို့ ရမှာလဲ"
"မင်း ဆိုလိုတာက"
ဝမ်ချောင်နှင့် ချင်းလင်တို့၏ အကြည့်များမှာ လင်းဖန်ထံသို့ စုပြုံရောက်ရှိသွားသည်။
လင်းဖန်က သူတို့၏ အကြည့်များကို ရင်ဆိုင်ရင်း လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ဆိုသည်။
"နိုင်ငံထဲမှာ မြူနီစီပယ် ၄ မြို့နဲ့ ပြည်နယ်မြို့တော် ၃၄ မြို့ပဲ ရှိတာ မှန်ပေမဲ့၊ ပထမတန်းစား မြို့ကြီးတွေက အရမ်းကျယ်ပြန့်လွန်းတယ် ရုပ်ရှင်ရုံ တစ်ရုံတည်း ဆောက်ရုံနဲ့ မလုံလောက်ဘူး"
"ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်နဲ့ ကွမ်ကျိုးမြို့တွေမှာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အနည်းဆုံး ၈ ရုံကနေ ၁၀ ရုံအထိ ဆောက်ရမယ် အခြား ပထမတန်းစား မြို့သစ်တွေမှာတော့ ၄ ရုံလောက် ဆောက်ရမယ်၊ ပြည်နယ်မြို့တော်တွေမှာတော့ အနည်းဆုံး ၂ ရုံ ရှိရမယ်"
"တို့တွေက 'ပထမဆုံး အသားစားရတဲ့သူ' ဖြစ်ချင်ရင် ဈေးကွက်အများစုကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ဖို့ လိုတယ် မဟုတ်ရင် တခြားသူတွေ သိသွားတဲ့အခါ တို့အတွက် အသားစားဖို့ ခက်သွားလိမ့်မယ်"
"ဒါကြောင့် ငါပြောချင်တာက ငါတို့တွေ ဆောက်မယ်ဆိုရင် ခရိုင်အဆင့် မြို့တွေအထိပါ လွှမ်းခြုံနိုင်အောင် ဆောက်ရမယ်"
ဝမ်ချောင်နှင့် ချင်းလင်တို့မှာ မှင်တက်သွားကြသည်။ ပထမတန်းစားမြို့များတွင် ၈ ရုံမှ ၁၀ ရုံ၊ မြို့သစ်များတွင် ၄ ရုံ၊ ပြည်နယ်မြို့တော်များတွင် ၂ ရုံ ဆိုပါက အခုပင် ရုပ်ရှင်ရုံပေါင်း ၁၄၀ ခန့် ရှိနေပြီ ဖြစ်သည်။
အကယ်၍ ခရိုင်အဆင့် မြို့ပေါင်း ၃၄၄ မြို့ကိုပါ ထည့်တွက်မည်ဆိုလျှင်... ဤစီမံကိန်းသည် တစ်ပြိုင်နက်တည်း ရုပ်ရှင်ရုံပေါင်း ၅၀၀ နီးပါးကို တည်ဆောက်ရမည် ဖြစ်ပြီး ရင်းနှီးငွေမှာ အနည်းဆုံး ၇၅ ဘီလီယံ ခန့် လိုအပ်မည် ဖြစ်သည်။
ဤသည်မှာ "ကြီးကြီးမားမား" ဆိုသည်ထက်ပင် သာလွန်နေပြီ ဖြစ်သည်။
"မင်းတို့ အစပိုင်းမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ ပြင်ထားသလဲ"
ဟု လင်းဖန်က ရုတ်တရက် မေးလိုက်သည်။
ဝမ်ချောင်နှင့် ချင်းလင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တိုးတိုးတိတ်တိတ် ဆိုသည်။
"၆ ဘီလီယံ"
သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ကိုင်လာခဲ့ရာ ယွမ်သန်း ၄၀၀ မှ ၅၀၀ အထိ ရှာဖွေနိုင်ခဲ့ကြသည်။ သူတို့၏ ဤကိုယ်ပိုင်ရုပ်ရှင်ရုံ စီမံကိန်းအပေါ် ယုံကြည်မှု အပြည့်ရှိသဖြင့် ကြိုးပမ်းမှု အများစုကို ဤနေရာ၌ ပုံအောထားခြင်း ဖြစ်သည်။
"ဒီလိုလုပ်မယ်၊ ငါက ၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်၊ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ယူမယ်။ မင်းတို့နှစ်ယောက်ကတော့ မူလအစီအစဉ်အတိုင်း ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ၃၀ ရာခိုင်နှုန်းယူကြ ငါကိုယ်တိုင်တော့ ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကြီးကြပ်ဖို့အတွက် ဘဏ္ဍာရေးအဖွဲ့တစ်ခုတော့ လွှတ်လိုက်မယ် ဘယ်လိုလဲ"
ထိုစကားကို ကြားသောအခါ ဝမ်ချောင်နှင့် ချင်းလင်တို့ ခဏမျှ တိတ်ဆိတ်သွားကြသည်။
၇၀ ဘီလီယံနှင့် သူတို့၏ ၆ ဘီလီယံ ပေါင်းလိုက်ပါက လင်းဖန် ယခုတင်ပြလိုက်သော ရုပ်ရှင်ရုံပေါင်း ၄၈၄ ရုံ တည်ဆောက်မည့် အစီအစဉ်ကို သေချာပေါက် ထောက်ပံ့ပေးနိုင်ပေမည်။
လက်ရှိတွင် ပြည်တွင်း၌ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ရုံလုပ်ငန်းမှာ ဝမ်ချောင်၏ မိသားစုပိုင် ဝမ်ဖူ ရုပ်ရှင်ရုံလုပ်ငန်း ဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၁၆၂ ရုံသာ ရှိသေးသည်။
အကယ်၍ သူတို့သာ ဤပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ခဲ့လျှင် နိုင်ငံ၏ ထိပ်တန်း ရုပ်ရှင်ရုံလုပ်ငန်းစဉ်တွင် နံပါတ် (၁) နေရာကို သေချာပေါက် ရရှိတော့မည် ဖြစ်သည်။
ဝမ်ချောင်နှင့် ချင်းလင်တို့ တွန့်ဆုတ်နေရခြင်းမှာလည်း ဤအချက်ကြောင့်ပင်။ ဤစီမံကိန်းသာ စတင်လိုက်ပါက ပြည်တွင်း ရုပ်ရှင်ရုံလောကတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားမည်မှာ အမှန်ပင်။ ကိုယ်ပိုင်ရုပ်ရှင်ရုံများသည် လူငယ်များကို အဓိက ဦးတည်ကြပြီး လူငယ်များသည်လည်း ရုပ်ရှင်ရုံများ၏ အဓိက ပရိသတ်များ ဖြစ်ကြသည် မဟုတ်ပါလား။
ဝမ်ချောင်က ကျိတ်၍ သက်ပြင်းမော ချမိတော့သည်။ လင်းဖန်နှင့် ယှဉ်လိုက်လျှင် သူတို့ကဲ့သို့သော ထိပ်တန်းသူဌေးသား များမှာပင် ဆင်းရဲသားများကဲ့သို့ ဖြစ်နေရပေသည်။
"ဟေး... ငါ ပြောမယ်၊ မင်းတို့နှစ်ယောက် ဒီလောက် ငွေအနည်းငယ်လေးအတွက်နဲ့ ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ လုပ်စရာရှိတာ လုပ်ကြစမ်းပါ၊ မကြောက်ပါနဲ့"
ဝမ်ချောင်နှင့် ချင်းလင်တို့ စကားမပြောဘဲ ကြာနေသဖြင့် လင်းဖန်က အနည်းငယ် စိတ်မရှည်သလိုဖြင့် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ဝမ်ချောင်နှင့် ချင်းလင်တို့ အံကြိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
-"ကဲ... လုပ်လိုက်ကြတာပေါ့ကွာ၊ သေနတ်ပစ်ခံရလို့ သေရမှာမှ မဟုတ်တာ! လုပ်မယ်"
"ကောင်းပြီ၊ ဒါဆို အတည်ပဲ ကန်ထရိုက်တာ ရှာဖို့ကတော့ မင်းတို့နှစ်ယောက်ကိုပဲ လွှဲလိုက်မယ် မင်းတို့ ဝမ်မိသားစုရဲ့ ဝမ်ဝမ်အဖွဲ့နဲ့ ချင်းမိသားစုရဲ့ မော်စီးတီး တည်ဆောက်ရေးအဖွဲ့ တို့ဆိုရင်တော့ ဒီလို အသားတုံးကြီးကို ကောင်းကောင်း စားနိုင်မှာပါ"
လင်းဖန်က ပြုံးလျက် ဆိုလိုက်သည်။
ဝမ်ချောင်၏ မိသားစုသည်လည်းကောင်း၊ ချင်းလင်၏ မိသားစုပိုင် မော်စီးတီး တည်ဆောက်ရေးအဖွဲ့သည်လည်းကောင်း တရုတ်နိုင်ငံ တောင်ပိုင်းတွင် အကြီးဆုံး အိမ်ခြံမြေ လုပ်ငန်းရှင်များ ဖြစ်ကြသည်။ လင်းဖန်သည် သူကိုယ်တိုင် အလုပ်မလုပ်လိုသဖြင့် ဤမျက်နှာသာပေးမှုကို သူတို့နှစ်ဦးထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
"ကောင်းပါပြီ"
ဝမ်ချောင်နှင့် ချင်းလင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လေးလေးနက်နက် ခေါင်းငြိမ့်ကာ သဘောတူလိုက်ကြလေတော့သည်။