← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း ၄၅၄ ။ လမ်းကြောင်းပေါ်

ဖက်တီးက ခဏတာမှင်တက်နေတယ်။ သူဘေးမှာ အဆာပြေမုန့်ကို ကိုက်စားနေဆဲ ရှန်းရင်ကို အလိုလို ပြန်လှည့်ကြည့်လိုက်တယ်။ များပြားရှုပ်ထွေးပြီး အဓိပ္ပာယ်ဖော်မရတဲ့ ခံစားချက်တွေက သူ့မျက်နှာမှာ ဖြတ်ပြေးသွားခဲ့တယ်။ ခဏတာ တစ်စုံတစ်ခုက သူ့မျက်လုံးထဲကနေ ပြေးထွက်လာသလိုမျိုးပုံစံနဲ့ တစ်အောင့်အကြာမှာတော့ ငြိမ်ကျသွားခဲ့တယ်။ သူ့ပါးစပ်က အကြိမ်ရေတချို့ ဖွင့်လိုက်ဟလိုက်နဲ့။ သူ ဖြည်းဖြည်းချင်း သူ့ဘာသာ စိတ်ထိန်းလေတယ်။

"တာအိုရောင်းရင်း ခင်ဗျား မှားနေပါပြီ" သူ ခေါင်းကိုကုတ်ကာ ပြုံးတယ်။

"ကျွန်တော်က အဲနေရာအကြောင်း သိချင်လို့ အနီးကနေ ကြည့်ချင်ရုံပါ၊ ကျွန်တော် အထဲကို သွားဖို့မလိုပါဘူး၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းနဲ့ ကျွန်တော်ကတော့..." သူက စဉ်းစားပြီး ရုတ်တရက် သူ့ဗိုက်အောက်က အဖြူရောင်ပုလဲတစ်လုံးကို ထုတ်လာတယ်။ အဲဒါ ဂူထဲမှာတုန်းက သူ အလင်းပြဖို့ သုံးခဲ့တဲ့တစ်ခုပဲ။

"ကျွန်တော် တကယ်ပဲ သူတို့ရတနာတွေထဲက တစ်ခုကိုယူခဲ့တာပါ၊ ဒီသွေးကြောပုလဲလေ"

"သွေးကြောပုလဲ" ကူယွဲ့ ထိတ်လန့်သွားတယ်။ ဟိုလီရှစ်၊ ဒီလူက အတော်လေး ရဲတင်းတာပဲ။

"ဘာကြီး" ရှန်းရင်က စားဖိုမှူးဘက် လှည့်မေးတယ်။

"ဝိညာဉ်သွေးကြောတစ်ခုလုံးကို ချိပ်ပိတ်ထားတဲ့ ဓမ္မအသုံးအဆောင်ပါ" ယိချင်းက ခပ်တိုးတိုး ရှင်းပြတယ်။

"ဒီပုလဲကို မြေကြီးထဲ မြုပ်ထားရင်၊ ဝိညာဉ်သွေးကြောတစ်ခု ကြီးထွားလာဖို့ နှစ်နည်းနည်းပဲကြာမှာ"

"အိုး..."

ဒါဆို သူက သူတို့ဝိညာဉ်သွေးကြောကို ယူခဲ့တာပေါ့။ ဒီလိုသာဆို တော်ဝင်အထွတ်အမြတ်ဂိုဏ်းက သူ့နောက်ကို ဒီလိုလိုက်တာပုံမှန်ပါပဲ။

"ဝိညာဉ်သွေးကြောကိုပဲ လုပ်ပေးတာ မဟုတ်ပါဘူး" ဖက်တီးကဆက်ပြောတယ်။

"ဒီပုလဲမှာ နောက်ထပ်အသုံးပြုနည်း ရှိတယ်" အဲလိုပြောပြီး သူက အဲပုလဲကို ခပ်ပြင်းပြင်း ခါလေတယ်။ ပုလဲက တောက်ပသထက် တောက်ပပါလေရော။ ခဏအတွင်း အဖြူရောင်အလင်းလုံးတွေ ခါကျလာပြီး တချွင်ချွင်အသံနဲ့ မြေကြီးပေါ်ကျကုန်တယ်။

သေချာကြည့်တော့ ကြည်လင်တောက်ပတဲ့ ကျောက်တုံးတွေက မြေကြီးပေါ်မှာ။

ဟိုလီရှစ်

"ဝိညာဉ်ကျောက်တုံးတွေ"

(⊙ o ⊙)

ဒါက ဝိညာဉ်သွေးကြောတင်မက တကယ်တော့ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းပဲ။

ဟွေ့ကျယ်က မြေပြင်ပေါ်က ဝိညာဉ်ကျောက်တုံးတွေကို သိမ်းကာ လက်ထဲက ပုလဲကိုပါ ကမ်းပေးလိုက်တယ်။

"တကယ်လို့ ကျွန်တော့်ကို တောင်ဘက်ပို့ပေးရင် ဒီသွေးကြောပုလဲကို ပေးချေမှုအနေနဲ့ ခင်ဗျားကို ပေးပါ့မယ်၊ အဲလိုဆိုရင်ရော"

ကူယွဲ့ ။ ။ "..." သူ တစ်စုံတစ်ယောက်ရဲ့ ငွေကြေးအပေါ် လောဘလုံးဝမရှိမှုကြောင့် ဓားနဲ့ထိုးခံသလို ရုတ်တရက် ခံစားလိုက်ရတယ်။

နောက် အခိုက်အတန့်မှာ ရင်းနှီးနေတဲ့မျက်လုံးနှစ်စုံက ပြိုင်တူလှည့်လာပြီး ဖေဖေနျို့ကို ကြည့်တော့တယ်။

"မင်း ဘာလို့ ငါ့ကိုကြည့်တာလဲ" ကူယွဲ့ သူတို့ကို ပြန်စိုက်ကြည့်လိုက်တယ်။

"ငါက အဲလိုငွေချစ်ခင်လား"

"ဟုတ်တယ်" နှစ်ယောက်သား ချက်ခတင်း ပြိုင်တူဖြေလာတယ်။

"..." သောက်ကျိုးနည်း မင်းတို့က ဘယ်ဘက်ကလဲ။

ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ နှစ်ယောက်ကိာ ရိုက်နှက်ချင်စိတ် မျိုသိပ်ထားရတယ်။ ဒီခွေးလေးနှစ်ကောင်က သူတို့လစဉ် အသုံးစရိတ်ကို ဘယ်သူပေးလဲ မေ့နေကြတာလား။ သူ အသက်ပြင်းပြင်းရှူလိုက်ပေမဲ့ ဖက်တီးလက်ထဲက သွေးကြောပုလဲကို မယူဘဲ ခပ်တိုးတိုး "ဟမ့်" ခနဲလုပ်လိုက်တယ်။

"မလိုဘူး၊ ငါ ဒီပစ္စည်းကို မလိုဘူး" သူက ငွေရှာရတာပဲကြိုက်တာ ငွေကိုရိုက်နှိပ်ထုတ်ရတာ မကြိုက်ဘူး။ ဘာလို့ ပိုက်ဆံရိုက်စက် လိုချင်ရမှာလဲ။ ပြီးတော့ လောကကြီးထဲ ဝိညာဉ်သွေးကြောတွေ အများကြီး။ သူ့အရည်အချင်းနဲ့ဆို တချို့ကို စုဆောင်းပြီး သွေးကြောပုလဲဖန်တီးဖို့က လွယ်လွယ်လေး။ သူ ဘာကြောင့် ဒီအရာကို လောဘတက်ရမှာလဲ။ ဝိညာဉ်ကျောက်တုံးတွေလို အရာတွေက သူများလက်ထဲက ယူမှ ပျော်ဖို့ကောင်းတာ။ လှည့်ပတ်နေတဲ့ဟာတွေကပဲ ငွေကြေးတွေ။ ပြီးတော့ ဒီလိုငွေကြေးဖောင်းပွခြင်းဆိုတဲ့အရာရှိနေတာ။

"ဒါပေမဲ့..." ဖက်တီးက အနည်းငယ်စိတ်ပူပန်လာတယ်။ သူက တခြားဘာရှိသေးလဲစဉ်းစားနေဟန် ဗိုက်ကိုပွတ်တယ်။

"ကျွန်တော့်မှာ တခြားဟာ မရှိတော့ဘူး"

သူ လုပ်နိုင်တာ...။

"မလိုဘူးလို့ငါပြောနေတယ်လေ၊ မင်း တောင်ဘက်ကို အတင်းသွားချင်နေရင် ငါတို့မတားဘူး"

သူ့မျက်နှာက မည်းနက်သွားပြီး အဲဒီတော်ဝင်အထွတ်အမြတ်ဂိုဏ်းတပည့်တွေ လိုက်ဖမ်းနေတာက ဒီသွေကြောပုလဲကြောင့်ပဲ မဟုတ်ဘူးလို့ ခန့်မှန်းမိတယ်။ မဟုတ်ရင် သူ့ကို လိုက်ပို့ပေးဖို့ ဒီလောက် အလွယ်တကူ သဘောတူမှာ မဟုတ်ဘူး။ ဒါပေမဲ့ မပြောပြချင်မှတော့ မေးနေလို့မထူးဘူး။ သူက လက်ထဲက ယပ်တောင်ကို တန်းပစ်ထုတ်ကာ ဓမ္မအသုံးအဆောင်အဖြစ်ပြောင်းလဲပြီး အဲလူကို ဆွဲတင်ကာ ပျံတက်လိုက်တယ်။

"နားတာတော်ပြီ၊ သွားကြစို့"

အဲတော့မှ သူတို့လမ်းကြောင်းကို ထိန်းညှိပြီး တောင်ဘက်တစ်လျှောက် ပျံသန်းလာကြတော့တယ်။

——————

ဖက်တီးက တောင်ဘက်က ပထဝီဝင်က ရှုပ်ထွေးပြီး ဝိညာဉ်ချီက ပါးတယ်လို့ ပြောတယ်။ အမတဂိုဏ်းတွေ ဒီမှာ ‌နေရာစိုက်တာ နည်းတာကြောင့် ကျင့်ကြံသူတွေလည်း အများကြီး ပိုနည်းတယ်တဲ့။ ကူယွဲ့ အစကတော့ ဖက်တီးနောက်လိုက်နေတဲ့လူတွေ နည်းသထက် နည်းလာမယ်ထင်ခဲ့ပေမဲ့ ထူးဆန်းစွာပဲ မနည်းသွားတဲ့အပြင် သူတို့လမ်းတစ်လျှောက် တော်ဝင်အထွတ်အမြတ်ဂိုဏ်းတပည့်တွေ ပိုတောင်များလာတယ်။ ကီလိုမီတာအနည်းငယ်တိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ရှိပြီး ဂိတ်တိုင်းမှာ ဖက်တီးရဲ့ပုံသဏ္ဌာန်နဲ့ အရိပ်ကျောက်တုံးတွေရှိနေတယ်။ သူတို့က ဖက်တီးကို ဖမ်းဖို့ သိသာတဲ့ရည်ရွယ်ချက်နဲ့ ဖြတ်သွားတဲ့လူတိုင်းကိုစစ်‌ဆေးတယ်။

ကူယွဲ့ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ အရှိန်အဝါကိုပါ သိသိသာသာခံစားရတယ်။ နတ်ဝိညာဉ်ကျင့်ကြံသူတွေတင် မဟုတ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ ခရီးသွားအမတတွေရောပဲ။ အရေအတွက်တွေက များပြီး ‌ဟိုဟိုဒီဒီနေရာတိုင်းမှာ ကောင်းကင်စိတ်အာရုံနဲ့ ရှာဖွေမှုတွေ။ ကူယွဲ့က ဖက်တီးကို ကြည့်တဲ့အကြည့်က ပိုတောင် ဇဝေဇဝါ ဖြစ်လာတယ်။ သေမျိုးတစ်ယောက်ဖြစ်တဲ့သူက သူတို့အိမ်ကို ဗုံးဖောက်တာ ဒါမှမဟုတ် တာအိုလက်တွဲဖော်ကို ခိုးခဲ့လို့လား။ အဲလောက်စွမ်းဆောင်ရည်ရှိတဲ့လူတွေ အများကြီး သူ့ကို တားဖို့ဝင်ပါနေကြတာလား။

"အရှေ့က အစီအရင်အင်းကွက်တွေ ရပ်သွားပြီ" ယိချင်းက လေထဲ သူ့ဓားကိုရပ်ပြီး အရှေ့ကို လက်ညှိုးထိုးပြတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ကာ ရပ်လိုက်ရတယ်။

"တော်ဝင်အထွတ်အမြတ်ဂိုဏ်းတပည့်တွေ အဲမှာအရမ်းများလား" သူတို့ တောင်ဘက်တစ်လျှောက် မပျံသန်းခဲ့ရဘဲ လမ်းမသိတဲ့ရှန်းရင်နဲ့ ချစ်မျက်ကန်းဖြစ်နေတဲ့ စားဖိုမှူးကြောင့် ပတ်သွားနေတာ အခါခါ။

ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူတို့သွားတဲ့နေရာတိုင်း တော်ဝင်အထွတ်အမြတ်ဂိုဏ်းတပည့်တွေ ရှိနေတယ်။ ရှန်းရင်ရဲ့ တည်ရှိမှုချို့တဲ့မှုကြောင့် သူတို့ ဖက်တီးကိုတော့ ရှာမတွေ့။ ဒါပေမဲ့ သူတို့က ဂမ္ဗီရကို သိသလိုမျိုး အမြဲလမ်းကြောင်းကို မှန်းဆနိုင်တဲ့ပုံပဲ။

ခဏ

ကူယွဲ့ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားတယ်။ သူ ဘေးကဖက်တီးကို လှည့်ကြည့်လိုက်တယ်။

"ဖက်တီး၊ အရင်တစ်ခေါက်က အဲသွေးကြောပုလဲ မင်းပေါ် တစ်ချိန်လုံးရှိနေတာလား"

"ဟုတ်ကဲ့" ဟွေ့ကျယ်က ခေါင်းညိတ်ပြတယ်။ သူတို့ မလိုချင်တော့ သူသိမ်းထားခဲ့တာ။

"ငါ့ကိုပြ"

"အိုး" ဖက်တီးက ပုလဲကို တန်းထုတ်ပြီး တုံ့ဆိုင်းမှုမရှိ ကမ်းပေးလာတယ်။

ကူယွဲ့ ယူသွားပြီး ကောင်းကင်စိတ်အာရုံနဲ့ အထဲကို စူးစမ်းလိုက်တယ်။ အလိုလို သူက အထဲကို ဝိညာဉ်ချီနည်းနည်း ထည့်လိုက်မိတယ်။ ဓမ္မစက်ဝိုငိးတစ်ခုက သွေးကြောပုလဲထဲကနေ ရုတ်တရက် မြင့်တက်လာတော့တယ်။

"ခြေရာခံဂါထာ" ယိချင်း ထိတ်လန့်သွားတယ်။

"ခဏ ဖေဖေနျို..."

သူ စကားမဆုံးခင် အဖြူရောင်အလင်းတန်းတစ်ခု သွေးကြောပုလဲကနေရုတ်တရက် ထွက်လာကာ ကောင်းကင်ဆီ တက်သွားတယ်။ ကောင်းကင်ထဲ မီးပန်းတွေလို ပေါက်ကွဲထွက်ကာ မီးတောက်သဏ္ဌာန်တွေဖြစ်ကုန်တယ်။ လေထဲ တိမ်တိုက်တွေလို ဝဲနေလေရဲ့။

အဲတော့မှ ကူယွဲ့ အဲလူတွေ ဒီပုလဲနောက် ဘယ်လိုလိုက်လဲ နားလည်သွားတယ်။ သူတို့သွားသမျှနေရာမှာ ရှိနေတာ မဆန်းဘူး။

"တစ်ယောက်ယောက်လာနေပြီ" ချက်ချင်းဆိုသလိုနီးပါး ထူးဆန်းတဲ့အရှိန်အဝါ ၇ခု၈ခု သူတို့ရှိရာ မြန်ဆန်စွာ ပျံသန်းလာတယ်။ သူတို့ကျင့်ကြံဆင့်တွေက မနိမ့်။ အားလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ ဒါမှမဟုတ် ခရီးသွားအမတတွေ။ ကြည့်ရတာ သူတို့ မလွတ်နိုင်တော့တဲ့ပုံ။

"ရှန်းရင် မင်းနဲ့ဖက်တီး..."

သူ အမိန့်ပေးဖို့လှည့်လိုက်ပေမဲ့ လေအဝှေ့မှာ စားဖိုမှူးက ရှန်းရင်ကို ခေါ်သွားပြီး သူနဲ့အတူ လုံးဝဇဝေဇဝါဖြစ်နေတဲ့ ဖက်တီးကိုပါ ဆွဲကာ မီတာ၁၀၀အဝေးက သစ်ပင်နောက် ဆုတ်သွားလေပြီ။ သူတစ်ယောက်တည်း နဂိုနေရာမှာ စောနကတင် အမှတ်အသားလွှတ်ထားတဲ့ ပုလဲကို လက်ကကိုင်ပြီး ကျန်နေခဲ့တော့တယ်။

ကူယွဲ့ ။ ။ "..."

ချီး၊ ဒီအစုတ်ပလုတ် အသင်းဖော်တွေကတော့။

(╯°Д°)╯(┻━┻

သူ ဆဲဖို့တောင် အချိန်မရလိုက်။ နောက်အခိုက်အတန့်မှာ လူတချို့ဆင်းလာပြီး သူ့ကို တင်းကြပ်စွာ ဝိုင်းထားတော့တယ်။ အဖြူရောင်ဝတ်ရုံနဲ့ ရောက်လာသူတိုင်းက ဝတ်ရုံလက်တွေမှာ မီးတောက်သဏ္ဌာန်တွေနဲ့။ သူတို့က သူ့ကိုဒေါသတကြီး ကြည့်နေတယ်။

ကူယွဲ့မျက်နှာက ပြုံးနေပေမဲ့ သူ့စိတ်ထဲတော့ ဆဲရေးနေတော့တယ်။

"တာအိုရောင်းရင်းတို့ ဘာကြောင့်များ ရုတ်တရက် ကျုပ်လမ်းကိုတားရတာပါလဲ"

...

အခန်း ၄၅၅ ။ လုပ်ထားဖေဖေနျို

ကျင့်ကြံသူတွေအားလုံးရဲ့ မျက်နှာတွေ တောင့်ခဲသွားတယ်။ ခရီးသွားအမတတစ်ယောက်က ပြုံးတယ်။

"တာအိုရောင်းရင်း၊ ကျုပ်တို့ရဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက လွန်ခဲ့တဲ့တစ်လောက တစ်ခုခုကို ဆုံးရှုံးခဲ့ရတယ်၊ အဲပစ္စည်းက ကျုပ်တို့အတွက် အရမ်းအရေးကြီးပါတယ်၊ တာအိုရောင်းရင်းက ကျုပ်တို့ဆီ ကျေးဇူးပြုပြီး ပြန်ပေးဖို့ မျှော်လင့်ပါတယ်"

"အိုး ဒါကိုဆိုလိုတာလား" ကူယွဲ့က သူ့လက်ထဲက သွေးကြောပုလဲကို ဝှေ့ယမ်းပြလိုက်တယ်။

"ကျုပ် လမ်းကြုံပြီး ဒါကိုကောက်ခဲ့ရုံပါ၊ တကယ်လို့တာအိုရောင်းရင်း ပိုင်တာဆိုရင် သက်သေပြတာနဲ့ ကျုပ်ပြန်ပေးပါ့မယ်"

"တာအိုရောင်းရင်းဆိုလိုတာ ဒီသွေးကြောပုလဲကို ခင်ဗျားကောက်ခဲ့တာပေါ့" အဲလူက မယုံတာ သိသာတယ်။

"အမှန်ပါပဲ"

"ဒါဆို တခြားတစ်ခုခုတွေ့ခဲ့သေးလား"

"ဟင့်အင်း မတွေ့ပါဘူး"

အဲလူက ပိုပြီးတောင် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုကိလေတယ် သူက တခြားကျင့်ကြံသူတွေနဲ့ အကြည့်ချင်း ဖလှယ်ကာ မျက်နှာကချက်ချင်း ပျက်သွားတယ်။ ချက်ချင်း နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့ ခရီးသွားကျင့်ကြံသူ ၇ယောက်၈ယောက်ရဲ့ ပူးပေါင်းဖိနှိပ်မှုက ကူယွဲ့ဆီ မှင်တက်စရာ သတ်ဖြတ်လိုတဲ့ အရှိန်အဝါနဲ့ ရောက်လာတယ်။

‌ဒါပေမဲ့ ကူယွဲ့က လုံးဝမလှုပ်။ ဖိနှိပ်မှုက ဝါဂွမ်းကို လုံးဝသက်ရောက်မှုမပြ။

"တာအိုရောင်းရင်းတို့ ဒါဘာလဲ" သူက ခပ်ဖွဖွရယ်တယ်။

သူ စကားဆုံးတာနဲ့ သူတို့လွှတ်ထုတ်လိုက်တဲ့ ဖိနှိပ်မှုက ချက်ချင်း တားဆီးခံလိုက်ရတာကို ခံစားမိသွားတယ်။ ကြီးမားတဲ့အရှိန်က သူတို့ကို အတူတူ ခြေတစ်လှမ်းပြန်ဆုတ်စေသွားတယ်။

"မင်းက... ဘယ်သူလဲ" သူတို့က သူ့ကို မယုံကြည်နိုင်စွာကြည့်နေတယ်။ သာမန် အုတ်မြစ်အခြေတည်တပည့်ပုံသာ ပေါ်ပေမဲ့ သူက တကယ်ပဲ သူတို့အားလုံးရဲ့ တစ်ပြိုင်နက်ဖိနှိပ်မှုကို တားဆီးနိုင်တယ်ပေါ့။ သူတို့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာဖြစ်နိုင်လား။ သူတို့ ရင်ထိတ်သွားတယ်။ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်နိုင်တာက ခရီးသွားကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်သူမှ ဒီလူ့ကို မသိကြ။

"ကျုပ်ပြောပြီးပြီလေ၊ ကျုပ်က ဒီတိုင်း ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ"

"ကျုပ်တို့ကို နောက်နေတာလား" အဲဒီနောက် နောက်ထပ်နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက နှာမမှုတ်ဘဲ မနေနိုင်။

"လူကို ဘယ်နေရာမှာ ဝှက်ထားတာလဲ"

"ခင်ဗျားတို့ ပြောနေတဲ့လူက ဘယ်သူလဲ"

"ခင်ဗျား..." အဲလူက ပိုတောင် ဒေါသထွက်သွားတဲ့ပုံ။ သူက တခြားသူတွေဘက်လှည့်ပြောတယ်။

"သူနဲ့ အချည်းနှီး စကားစမြည် ပြောနေစရာမလိုဘူး၊ သူက လူကို ဖွက်ထားတာပဲဖြစ်ရမယ်၊ ကိစ္စကအရေးကြီးတယ်၊ ၇ရက်ပဲကျန်တော့တာ၊ သူ့ကိုအရင်ဖမ်း"

အဲလိုပြောပြီး အားလုံးက သူတို့ဓမ္မအသုံးအဆောင်တွေကို ထုတ်ကြတော့တယ်။ တိုက်ခိုက်မှုကြီးက မလွဲမရှောင်သာ ဖြစ်တော့မဲ့ပုံပဲ။

ဒါပေမဲ့ ပင်မဇာတ်ဆောင်တွေကတော့ လုံးဝ စိုးရိမ်ပုံမပေါ်။ တစ်ယောက်သော ဆရာနဲ့ တပည့်ဆို တကယ်ပဲ ထိုင်ချပြီး ဖေဖေနျိုကို တည်ငြိမ်စွာကြည့်နေတယ်။

ဒါပေမဲ့ ဟွေ့ကျယ်က အတော်လေး စိုးရိမ်နေတယ်။ သူ့တစ်ကိုယ်လုံးတောင့်တင်းကာ ရှေ့ကလူတွေကို ကြည့်နေမိတယ်။

"ကျွန်တော်တို့ သွားမကူညီဘူးလား"

"အလျင်မလိုဘူး" ရှန်းရင်က ခေါင်းကိုတန်းယမ်းလိုက်တယ်။ ဖေဖေနျို့ကို အထင်မသေးနဲ့။ သူက သူတို့ အောက်ခံဘောင်းဘီပဲ ကျန်တဲ့အထိ မွဲမတေသွားခင်ထိ တိုက်ခိုက်နိုင်တယ်။

"ဒါပေမဲ့..." ဖက်တီးက မသေချာသေးဘဲ ကျင့်ကြံဆင့်နည်းနည်းလေးတောင် မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေတယ်။

"အဲဒါတွေအားလုံးက တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်း ဒါမှမဟုတ် ခရီးသွားအမတ အကြီးအကဲတွေပဲ၊ ကျွန်တော်... ထွက်လိုက်ရင်ရော၊ သူတို့ ဖမ်းရမဲ့သူက ကျွန်တော်လေ"

ရှန်းရင်က တစ်ဖက်လှည့်ကာ သူ့ကို တစ်ချက်ကြည့်ပြီးနောက်တော့ သူ့လက်ထဲ တစ်စုံတရာ တန်းထည့်ပေးလာတယ်။

"ဖရဲစေ့စားချင်လား"

ဖက်တီး ။ ။ "..."

ဒါ အဆာပြေစားဖို့ အချိန်ဟုတ်ရဲ့လား

( ̄△̄;)

ပြိုင်ဘက်တွေက စတင်တိုက်ခိုက်နေကြပြီ။ သူတို့လက်ထဲက ဓမ္မအသုံးအဆောင်တွေက အံ့ဩသင့်စရာ ဖိနှိပ်မှုမျိုးနဲ့ အလယ်က ကူယွဲ့ကို တိုက်ခိုက်ကြလေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက နာမည်ရနေပြီးသား နတ်ဝိညာဉ်ဖွဲ့စည်းခြင်းနဲ့ ခရီးသွားအမတ ကျင့်ကြံသူတွေ။ တစ်ယောက်စီက သူတို့ဆိုင်ရာနယ်ပယ်မှာ ဆရာတစ်ဆူ။ သူတို့ရှေ့ကလူက ထူးဆန်းပေမဲ့ ရှုံးနိမ့်မှာကို လုံးဝမတွေးဘူး။ သူတို့တွေက သူတို့ဂါထာအောက် အဲလူသေတော့မှာကို ကြည့်နေကြတယ်။

ရွှေရောင်အလင်းတစ်ခုက ကူယွဲ့ခြေထောက်အောက်ကနေ ရုတ်တရက်လင်းလာတယ်။ အုပ်စုက သူတို့ကိုယ်ယိုင်သွားပြီး ရှိန်လောက်စရာစွမ်းအင်တစ်ခုက သူတို့ဆီ အသည်းအသန် ပြေးဝင်လာတာကို ခံစားလိုက်ရတယ်။ အစက တိုက်ခိုက်နေတဲ့ဓမ္မအသုံးအဆောင်တွေက ချက်ချင်း အင်းကွက်အစွန်းမှာ ရှိနေတဲ့တစ်စုံတစ်ခုရဲ့ ချက်ချင်းတားဆီးတာကို ခံလိုက်ရသလိုပဲ။

သူတို့နှလုံးသားထဲ အနည်းငယ် အေးစက်မှုခံစားလိုက်ရတယ်။ အံ့ဩဖို့အချိန်မရှိ သူတို့က ဂါထာအသစ်တွေ သုံးကာ နောက်တစ်ကြိမ် တိုက်ခိုက်ကြတယ်။ တစ်ပြိုင်နက်တည်း မီး၊ ဝိညာဉ်ဓားတွေ၊ ရေခဲဓားတွေ၊ လေပြင်းဓားတွေ... တိုက်ခိုက်မှုမျိုးစုံက လေထဲပြည့်သွားကာ မိုးလိုရွာကျလာတယ်။ ဒါပေမဲ့ အလယ်ကလူကတော့ မလှုပ်သေး။ သူ ဝါးမျိုခံရတော့မဲ့ဆဲဆဲ ရုတ်တရက် မျက်မှောင်ကြုတ်ကာ လက်ထဲက ယပ်တောင်ကို ဝှေ့ယမ်းလိုက်တယ်။ ချက်ချင်း သူ့ခြေထောက်အောက်‌က အင်းကွက်က ပြောင်းလဲသွားကာ မရေမတွက်နိုင်တဲ့ ဂါထာအမျိုးမျိုး ပေါ်လာပြီး ရွှေရောင်အင်းကွက်က ပိုကြီးလာတယ်။‌ ရွှေရောင်အလကင်းတွေနဲ့လည်း စတင်တောက်ပလာတယ်။

တစ်ခါတည်း ကောင်းကင်တစ်လျှောက် ဂါထာတွေက ‌အင်းကွက်ရဲ့ရွှေရောင်အလင်းကိုထိတာနဲ့ ပျောက်ကွယ်သွားလေတယ်။ သူတို့က တစ်ခါမှ မတည်ရှိခဲ့သလိုပဲ။ ဒဏ်ရာရ‌ဖို့နေနေ‌သာသာ ကူယွဲ့အင်္ကျီတွေတောင် မလှုပ်သွားဘူး။

"အင်းကွက်ဂါထာမျိုးစုံပဲ" ခရီးသွားအမတက ထိတ်လန့်သွားပြီး မျက်နှာမှာမယုံကြည်နိုင်မှုအပြည့်။ သူ ဒီလူ့ရဲ့ အင်းကွက်တွေနဲ့ စွမ်းဆောင်ရည်က အရမ်းကို နက်ရှိုင်းမယ်မထင်ခဲ့ဘူး။ သူက ဒီလိုထူးဆန်းတဲ့အင်းကွက်ကို ချက်ချင်း ဖန်တီးခဲ့ရုံတင်မက အင်းကွက်မျိုးစုံကိုပါ ဖန်တီးနိုင်တယ်။ ပိုပြီးအရေးကြီးတာက သုတို့ ဂါထာတွေကို စုပ်ယူနိုင်တဲ့ အင်းကွက်မျိုး တစ်ခါမှမကြားဖူးဘူး။ သူတို့နှလုံးသယးထဲ ဒီလူ့အပေါ်အကြောက်တရားက ပိုတောင်တိုးလာခဲ့တယ်။

အလယ်က ကူယွဲ့က အားလုံးကို ရယ်မောပြီးလုပ်သွားတယ်။ သူက ရုတ်တရက် လက်တစ်ဖက်ကို မြှောက်တော့ အဲဒီထိပ်တန်းအဆင့်ဓမ္မအသုံးအဆောင်တွေက ရုတ်တရက် အထိန်းအချုပ်ကင်းမဲ့ကာ သူ့လက်တွေထဲကျကုန်တယ်။

သူကတည်ငြိမ်စွာနဲ့ သူ့သိုလှောင်အိတ်ကိငထုတ်ပြီး ကျင့်ကြံသူတွေရှေ့ တန်းထိုးထည့်လိုက်တယ်။ အင်း၊ သူ သူတို့ကို အရင်အဖိုးအခတောင်းရမယ်။

အားလုံး ။ ။ "..."

ကျင့်ကြံသူတွေ တခြားသူတွေရတနာကိုလုယူဖို့ သတ်ဖြတ်တာက ဖြစ်နေကျမျိုးဆိုပေမဲ့ ဒီလို တိုက်ရိုက်ကြီး လုပ်တာတော့ သူတို့ပထမဆုံးမြင်ဖူးတာပဲ

သူတို့ မတုံ့ပြန်နိုင်ခင် နောက်အခိုက်အတန့်မှာ သူတို့တစ်ကိုယ်လုံး ပြေလျော့ကာ ဓမ္မအသုံးအဆောင်တွေနဲ့ သူတို့ရဲ့ဆက်သွယ်မှုက တန်းဖြတ်တောက်ခံလိုက်ရတယ်။ ထိန်းချုပ်မှုဂါထာတွေ ဖြတ်တောက်ခံရတဲ့ ရိုးရိုးအမျိုးအစား မဟုတ်ဘဲ သူတို့အာရုံခံမှုကိုပါ တန်းဖြတ်တောက်ခံလိုက်ရတာ။

သူတို့ ခုလေးတင် သူတို့ဖိနှိပ်မှုနဲ့ စမ်းသပ်ပြီးတာမို့ ဒီလူ့မှာ သိသိသာသာ ကျင့်ကြံဆင့်ရှိတာ သိတဲ့အတွက် တိုက်ခိုက်မှုကို ၁၀၀ရာခိုင်နှုန်း အားထုတ်ခဲ့တယ်။ သူတို့ရဲ့ အသုံးဝင်ဆုံး ကိရိယာတွေကို သုံးခဲ့ကြတာ တချို့ဆို ကိုယ်ပိုင်ဓမ္မအသုံးအဆောင်တွေပါ သုံးခဲ့ကြတာ။

အခု ဆက်နွယ်မှုက ရုတ်တရက် ဖြတ်တောက်ခံလိုက်ရတော့ သူတို့အားလုံး တုံ့ပြန်မှုအတိုင်းအတာအမျိုးမျိုးကို ခံစားလိုက်ရတယ်။ သူတို့ခံစားချက်တွေ လှုပ်ခတ်ကုန်ပြီး သွေးကြောတွေ ပြတ်တောက်ကုန်တယ်။ သူတို့ရဲ့မူလဓမ္မအသူ့အဆောင်ကို သုံးခဲ့သူတွေကတော့ အထိခိုက်ခံရဆုံးပဲ။ ကိုယ်ပိုင်မူလဓမ္မအသုံးအဆောင်တွေက အမြဲ လူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ချိတ်ဆက်ထားတာ။ သူတို့ပြတ်တောက်သွားတာနဲ့ သူတို့အသက်ရှင်နေချိန် ကောင်းကင်စိတ်အာရုံက ဖြတ်တောက်ခံလိုက်ရသလိုမျိုးပဲ။ နာကျင်ရလွန်းလို့ သူတို့ မြေကြီးပေါ် တန်းလဲကျကုန်တယ်။

"ဆရာသခင်ယွီ ဆရာသခင်ချီ" ကျင့်ကြံသူတွေအုပ်စုက ချက်ချင်း အနည်းငယ်သွေးပျက်ကုန်ကြပြီး ကူယွဲ့ကို ပိုပြီးတောင် သတိတကြီး ကြည့်လာတယ်။ မြေကြီးပေါ်ကလူတွေကို ထူပေးရင်း သူတို့က နောက်နည်းနည်း ပြန်ဆုတ်သွားတယ်။

"ခင်ဗျားက ဘယ်သူလဲ"

"ဖြတ်သွားဖြတ်လာပါ" ကူယွဲ့က တစ်ပုံစံတည်းဖြေဆဲ။ သူက သူတို့ကိုလှမ်းကြည့်တယ်။

"ခင်ဗျားတို့ ရှာနေတဲ့လူက ဘယ်သူလဲမသိသလို ဂရုလည်းမစိုက်ဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို အတင်း ဒုက္ခပေးနေရင်တော့ ကျုပ် ခင်ဗျားတို့နဲ့ လေ့ကျင့်ရမှာ ဘာမှမဖြစ်ဘူး"

သူတို့မျက်နှာတွေက ပြောင်းလဲကုန်ပြီး ခရီးသွားအမတဘက်လှည့်ကာ အနည်းငယ် တုံ့ဆိုင်းကုန်ကြတယ်။ တကယ်ပဲ သူ မဟုတ်ဘူးလား။

"အားလုံးပဲ၊ သူပြောတာ နားမယောင်ကြနဲ့" ဒဏ်ရာရနေတဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ‌က နှာမှုတ်ကာ ကူယွဲ့ကို ကြည့်တဲ့အကြည့်က ပိုပြီးတောင် ဒေါသကြီးလာတယ်။

"ကျုပ်တို့ စောနက မသေချာခဲ့ဘူး၊ ဒါပေမဲ့ အခု သူ့လိုကျင့်ကြံဆင့်နဲ့ဆို လူကိုခေါ်သွားသူက သူဆိုတာ သေချာတယ်၊ မဟုတ်ရင် ဒီလောက်ရက်တွေကြာတာတောင် ကျုပ်တို့လူကို ရှာမတွေ့ရ‌တာလဲ၊ ပြီးတော့ သွေးကြောပုလဲကရော သူနဲ့ ဘာလို့ရှိနေရတာလဲ" အဲလိုပြောကာ တခြားသူတွေကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်တယ်။

တခြားသူတွေက ခဏတာမှင်တက်သွားပြီးမှ အတူတူတုံ့ပြန်ကြတယ်။ သူတို့ ကူယွဲ့ကို စိုက်ကြည့်နေကြတယ်။ အလယ်က ခရီးသွားအမတရဲ့ မျက်နှာက အေးစက်သွားလေရဲ့။ သူက ရှေ့ကိုတက်ကာ ဘဝင်မကျတဲ့အကြည့်နဲ့ ပြောလာတယ်။

"တာအိုရောင်းရင်းက ကျင့်ကြံဆင့်နက်ရှိုင်းလွန်းပြီး အမတတစ်ဝက်တောင် ဖြစ်နေပြီ၊ ဒါပေမဲ့ ပိုသာတဲ့လူဆိုတာ အမြဲရှိပြီး ဒီကောင်းကင်ရောက်ကမ္ဘာက ခင်ဗျားစိတ်တိုင်းကျ လုပ်နိုင်တဲ့နေရာ မဟုတ်ဘူး" သူ့မျက်နှာက မည်းနက်နေတယ်။။

"ကျုပ်တို့က လူကိုပဲရှာနေတာ၊ ခင်ဗျားက ပေးဖို့ဆန္ဒမရှိမှတော့ ခင်ဗျားကိုမညှာတဲ့အတွက် ကျုပ်တို့ကို အပြစ်မတင်နဲ့"

အဲလိုပြောပြီး သူက ဂါထာတစ်ခု တန်းဖန်တီးလိုက်တယ်။ ချက်ချင်းပဲ ဝိညာဉ်ချီပမာဏအများကြီး သူ့ကိုယ်ထဲကထွက်လာကာ အဖြူရောင်အလက်းတစ်ခုရောပဲ။ ချက်ချင်း ဓမ္မအသုံးအဆောင်တစ်ခု ကူယွဲ့ခေါင်းပေါ် ရပ်သွားတယ်။ သူ့နောက်ကလူတွေကလည်း တစ်ချိန်တည်းမှာ ဂါထာတွေ စဖန်တီးကြတယ်။ ဝိညာဥ်ချီပမာဏအများကြီးက အဲဒီဓမ္မအသုံးအဆောင်ဆီ ရောက်သွားတယ်။ ဖြည်းဖြည်းချင်း ပွင့်လာတော့ တကယ်ပဲ ထီးစိမ်းကြီးတစ်ခုဖြစ်နေပြီး အဖြူရောင်အလင်းက ဝိုင်းထားတယ်။ ချက်ချင်း အရင်ကထက် ပိုပြီးအားကောင်းတဲ့ ဖိနှိပ်မှုက မီတာရာချီကျယ်တဲ့နေရာကို ဖြတ်ပြေးတိုက်ခတ်လာတော့တယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ကာ အဲဒီထီးကို မော့ကြည့်လိုက်တယ်။

ဒါက...။

...

အခန်း ၄၅၆ ။ ပိတ်သွားသောတံခါး၏ အကြောင်းရင်း

"အမတလက်နက်" ဖရဲစေ့တွေကိုကိုင်ထားတဲ့ ယိချင်း ခဏတာမှင်တက်သွားတယ်။ အောက်ဘုံမှာ အမတလက်နက် ရှိနေမိမယ်မထင်ခဲ့ဘူး

ဒါပေမဲ့ အဆင့်နိမ့်။

"ဝိညာဉ်ဖမ်းထီးပဲ" ဘေးက ဖက်တီးကတော့ ထိတ်လန့်စရာမြင်ကွင်းတချို့ကို မှတ်မိသွားသလိုမျိုး စိုးရိမ်ပူပန်မှုတွေက မျက်လုံးထဲပြေးဝင်လာတယ်။ ထီးက အသက်ဝင်တော့မလိုမျိုး ပွင့်တော့မဲ့ပုံပဲ။

လူတစ်ယောက်ရဲ့ဝိညာဉ်က ဝိညာဉ်ဖမ်းထီးအောက်မှာ လုံးဝသေဆုံးသွားလိမ့်မယ်။ တာအိုရောင်းရင်းနျို သေသွားမှာ။

"ဖက်တီး နင်..."

"‌တော်တော့" ရှန်းရင် စကားမဆုံးခင် ဟွေ့ကျယ်က ရုတ်ခြည်းထရပ်ကာ တန်းပြေးဝင်သွားလေတယ်။ သူ အရမ်းပြေးတာမြန်လို့ ခလုတ်တိုက်ကာ ရှေ့ကိုကျသွားလေတယ်။ သူက လမ်းတစ်လျှောက် လိမ့်သွားက မြေကြီးပေါ်က ချုံပုတ်တွေနဲ့ ပေါင်းပင်တွေ အားလုံးကို ဖိသွားလေတယ်။

ဖြစ်နိုင်တာက သူ့အဝင်က အရမ်းကို ထူးခြားဆန်းကြယ်လို့ထင် နေရာမှာ ရှိနေတဲ့လူတိုင်း။ အသားလုံးကြီးတစ်ခု လိမ့်လာတာကို ကြည့်ဖို့ တန့်သွားကြတယ်။

"တော်ကြ... တော်ကြ" ဖက်တီးက မတ်တတ်တောင် မရပ်နိုင်ခင် လူအုပ်ကြီးကို ပွန်းရာအပြည့် မျက်နှာနဲ့ ကြောက်လန့်နေတဲ့ မျက်ဝန်းတွေနဲ့ အမြန် အော်ခေါ်လေတယ်။

သူက မောဟိုက်နေပြီး အမြန်ထရပ်ကာ ကူယွဲ့ရှေ့ဝင်ရပ်လိုက်တယ်။

"အကြီးအကဲတို့ ခင်ဗျားတို့ မှားနေပြီ၊ သူက ကျွန်တော့်ကို ဘာမှမလုပ်ခဲ့ပါဘူး၊ ကျွန်တော်... ကျွန်တော့်ဘာသာ ပြေးထွက်ခဲ့တာပါ"

အုပ်စုက မှင်တက်သွားတယ်။ သူတို့က အတော်ကြာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေပြီးမှ လက်သီးဆုပ်ကာ ဖက်တီးဘက်ကို အတူတူ ဂါရ၀ပြုလာကြတယ်။

"ဂါရ၀ပြုပါတယ် ဂိုဏ်းချုပ်"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဘာလဲဟ။

သူတို့ ခုလေးတင် နားကြားလွဲတာတော့ မဟုတ်ဘူးမလား။ ဂိုဏ်းချုပ်တဲ့လား။ ဖက်တီးကလေ။

ဖက်တီးက ဒါတွေအားလုံးကို ဂရုမစိုက်ဘဲ သူ့ခေါင်းပေါ်က ပွင့်စပြုနေတဲ့ ထီးကိုသာ စိုးရိမ်တကြီး ကြည့်နေတယ်။ သူက အမြန် ခေါင်းဆောင် ခရီးသွားအမတကို ပြော‌လိုက်တယ်။

"အကြီးအကဲကျင်း၊ ဒိတာအိုရောင်းရင်းက ကျွန်တော် လွန်ခဲ့တဲ့ရက်ပိုင်းကမှ တွေ့ခဲ့တဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ပါပဲ၊ တောင်ဘက်ဘုံကို သွားကြည့်ဖို့ ကျွန်တော့်ခရီးသွားအဖော် ဖြစ်သွားရုံပါ၊ သူက ကျွန်တော့်ကို ဖမ်းတာမဟုတ်သလို ဆိုးယုတ်သူလည်း မဟုတ်ပါဘူး၊ ခင်ဗျား... ဝိညာဉ်ဖမ်းထီးကို အရင်သိမ်းလိုက်ပါ"

အကြီးအကဲကျင်းက မျက်မှောင်ကြုတ်တယ်။ တုံ့ဆိုင်းသွားတဲ့ပုံမျိုး သူ့မျက်လုံးထဲ ဖြတ်ပြေးသွားပေမဲ့ အတော်ကြာတဲ့နောက်မှာတော့ ဂါရ၀ပြုကာ ပြန်ဖြေတယ်။။

"ဂိုဏ်းချုပ်က အထင်လွဲမှားမှုလို့ ပြောမှတော့ သေချာပေါက်ကျွန်တော်တို့ နာခံရမှာပေါ့" အဲလိုပြောပြီး သူက ဂါထာတစ်ခု ဖန်တီးကာ အမတလက်နက်ကို ပြန်သိမ်းလိုက်တယ်။

အဲတော့မှ ဖက်တီးက သက်မချကာ ကူယွဲ့ကို လှည့်ကြည့်တယ်။ သူက နောက်တစ်ကြိမ် ရိုးအစွာ ပြုံးပြလေတယ်။

"တောင်းပန်ပါတယ် တာအိုရောင်းရင်း၊ ခင်ဗျားတို့ကို ဒုက္ခပေးမိပြီ၊ သူတို့က ကျွန်တော့်ကို ပြန်လာခေါ်တာပါ၊ ဒါတွေအားလုံးက အထင်လွဲမှားမှုပါပဲ"

"မင်းက ဂိုဏ်းချုပ်လား" ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ သူက တကယ်တော့ ဂိုဏ်းချုပ်တဲ့။ "မျက်ကန်းဂိုဏ်း"လား။

"ဟားဟားဟား..." သူက ပိုပြီးတောင် ရှက်သွားတဲ့အမူအရာနဲ့ ရယ်ကာ ခေါင်းကုတ်ရင်း ဖြေလေတယ်။

"ခင်ဗျားကို လျှို့ဝှက်ထားလို့ တောင်းပန်ပါတယ်၊ ကျွန်တော်က... သူတို့ထိန်းချုပ်တာ မခံဘဲ ဟိုဟိုဒီဒီ လျှောက်သွားပြီး တစ်ချက်ကြည့်ချင်ရုံပါ၊ အဲဒါကြောင့် ကျွန်တော် တော်ဝင်အထွတ်အမြတ်ဂိုဏ်းကို အပြစ်ပြုမိခဲ့ပြီး တစ်လျှောက်လုံး သူတို့လက်ထဲက ပုန်းနေရတယ်လို့ လိမ်ခဲ့တာပါ၊ တာအိုရောင်းရင်း အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်"

"ဂိုဏ်းချုပ်က တစ်ယောက်တည်း အပြင်မှာ ရှိနေလို့ ကျွန်တော်တို့ အရမ်းစိုးရိမ်နေခဲ့တာ"

မျိုးရိုးကျင်းနာမည်နဲ့ ခရီးသွားအမတက ရှေ့ကိုတက်ကာ အပြစ်တင်လိုဟန် ပြောလေတယ်။

"ဒီလောကက အန္တရာယ်များပြီး လူတွေကို ခန့်မှန်းရမလွယ်ဘူး၊ ဂိုဏ်းချုပ်က ထူးခြားတဲ့ ဖြစ်တည်မှု ရှိပါတယ်၊ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် တစ်ယောက်တည်း အရဲစွန့်ထွက်မသွားပါနဲ့"

အဲလိုပြောပြီး သူက ကူယွဲ့ကို အဓိပ္ပာယ်ပါပါကြည့်တယ်။

"ကျွန်တော် ခဏလောက် အပျင်းပြေချင်ရုံပါ" ဖက်တီးမျက်နှာက ပျက်သွားပြီး ကြည့်ရတာ အတော်လေး ဆန္ဒမရှိပုံ။

"ဂိုဏ်းထဲနေလာတာ ဆယ်နှစ်ကျော်သွားပြီ၊ အရမ်းပျင်းစရာကောင်းတယ်"

"တကယ်လို့ ဂိုဏ်းချုပ် ပျင်းရိမှုကိုဖြေဖျောက်ချင်ရင် ကျွန်တော်တို့ကို အဖော်ပြုခိုင်းလို့ရပါတယ်၊ တစ်ယောက်တည်း အပြင်ထွက်တာက တကယ်ကို အန္တရာယ်များလွန်းတာပါ"

"နားလည်ပြီ၊ နားလည်ပြီ" ဖက်တီးက စိတ်မရှည်စွာ လက်ယမ်းပြလိုက်တယ်။

"ကျွန်တော် နောက်တစ်ကြိမ် မလုပ်တော့ပါဘူး"

ခရီးသွားအမတကျင်းက မျက်မှောင်ကြုတ်ကာ ဆက်ပြောတယ်။

"ခု အချိန်ကအရေးကြီးပါတယ်၊ ၇ရက်အတွင်း ဂိုဏ်းရဲ့ ခမ်းနားတဲ့သဘင် ကျင်းပတော့မှာ၊ ဂိုဏ်းချုပ် ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့ပြီး ကိစ္စတွေကို စီမံဖို့မျှော်လင့်ပါတယ်"

ဖက်တီးကိုယ်က တောင့်တင်းသွားပြီး ထင်ယောင်ထင်မှားဖြစ်တာလားတော့အသိ သူ့မျက်နှာက ပို‌ပြီးတောင် ဖြူဖျော့လာတယ်။ အတော်ကြာတဲ့နောက် သူက နောက်ဆုံးတော့ ခေါင်းညိတ်လိုက်လေတယ်။

"ကောင်းပြီလေ..."

အဲလိုပြောပြီး သူက နောက်က ကူယွဲ့ဘက် လှည့်ကာ အပြစ်ရှိသလိုပုံစံနဲ့ ပြောလေတယ်။။

"အာ... တာအိုရောင်းရင်းနျို ဒီရက်ပိုင်း ခင်ဗျားကို ဒုက္ခပေးမိပါပြီ၊ ကျွန်တော်တို့ အခု လမ်းခွဲပါတော့မယ်"

"..." ဘယ်သူက မင်းရဲ့တာအိုရောင်းရင်းနျိုတုံး။

"မင်း သူတို့နဲ့ ပြန်လိုက်သွားတော့မှာလား"

"အင်း" သူက ပိုပြီးတောင် တောက်ပစွာပြံးလေတယ်။

"ဂိုဏ်းထဲ ကိစ္စရှိလို့ပါ၊ မဟုတ်ရင် သူတို့က အဲလောက်အသည်းအသန် လိုက်ရှာနေမှာမဟုတ်ဘူး၊ သေချာပေါက် ကျွန်တော်ပြန်သွားရမှာ၊ ကျွန်တော်တို့ကံပါရင် ပြန်ဆုံကြမှာပါ"

"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ သူက သွေးကြောပုလဲကို ပစ်ထုတ်ကာ သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။

"တွေ့ကြတာပေါ့"

ဖက်တီးက သူ့ကို ပုလဲပေးခဲ့ချင်ပေမဲ့ စောနက သူ့ရွံရှာနေတဲ့အကြည့်ကို သတိရသွားတော့ ပြန်ယူထားလိုက်တယ်။ အလိုလို သူက ဘေးက တောအုပ်တွေဆီ လှည့်ကြည့်မလိုလုပ်ပေမဲ့ သူ့ကိုယ်သူ တားလိုက်လေတယ်။ သူက ကျင့်ကြံသူတွေဘက် တိတ်တိတ်လေးလျှောက်သွားခဲ့တယ်။

အဲဒီကျင့်ကြံသူတွေ ကူယွဲ့ကို သံသယနဲ့ ကြည့်နေဆဲ။ တကယ်ပဲ အရေးကြီးကိစ္စရှိလို့ထင် ဒါမှမဟုတ် သူတို့ သူ့အပေါ် မနှစ်မျို့မှုကို ဖက်တီး မသိစေချင်လို့ထင် ဘာမှထပ်မပြောဘဲ ဖက်တီးနဲ့ တန်းပျံသန်းထွက်သွားခဲ့တယ်။

"သူ့ကို မတားဘူးလား" ‌ခုလေးတင် လျှောက်လာတဲ့ရှန်းရင်က ပေါ့ပေါ့ပါးပါးပြောလေတယ်။

"သူကိုယ်တိုင်သွားချင်နေတာ၊ ဘာကြောင့် ငါ သူ့ကိုတားရမှာလဲ" ပြီးတော့ သူနေတာ ဆန်ကောင်းအလဟဿဖြစ်မှုပဲ။

"ပြီးတော့ သူက တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်ဘူးလား၊ သူ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

ရှန်းရင်က ဝေးသထက်ဝေးဝေးပျံသန်းသွားတဲ့ အုပ်စုကိုကြည့်နေတယ်။ သူမမျက်လုံးတွေက မည်းမှောင်သွားလေရဲ့၊ အချိန်အတော်ကြာမှ သူမကပြန်ဖြေတယ်။

"အိုး..."

"မင်း လိမ္မော်စေ့ စားပြီးပြီလား"

ကူယွဲ့က အသည်းမရှိတဲ့နှစ်ယောက်ကို စိုက်ကြည့်နေတယ်။

"ဟင့်အင်း" ရှန်းရင်က ရိုးရိုးသားသား လက်ဖဝါးဖြန့်ပြကာ ကျန်နေတဲ့လိမ္မော်စေ့တွေကို ပြလေတယ်။

"လက်တစ်ဆုပ်ကျန်သေးတယ်၊ စားချင်လား"

"ထွက်သွားစမ်း" သောက်ကျိုးနည်း မင်းဘာသာမင်းမျို။

ကူယွဲ့ အသက်ပြင်းပြင်းရှူကာ သူ့နှလုံးသားအောက်ခြေထဲက ဒေါသမီးကို မျိုသိပ်လိုက်တယ်။ နောက်တော့ သူက သူ့ဓားပေါ်ပျံတက်လိုက်တယ်။

"ငါတို့ သွားမယ်"

"ဘယ်ကိုလဲ"

"အကြီးဆုံးအမတမြို့မှာ ရောင်းဝယ်ဖို့"

"ဟမ်" ဘာကြောင့်လဲ။

"အဲလူတွေဆီက ခုလေးတင် ဓမ္မအသုံးအဆောင်တွေ ရထားတာလေ၊ အရင်သွားရောင်းရမှာပေါ့"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ကောင်းပြီလေ၊ ဒါက ဖေဖေနျို့စတိုင်အတိအကျပဲ။

————

ကူယွဲ့ ခြောက်ရက်သုံးခဲ့ပြီး တစ်ယောက်သော ငပျင်းကို ဆွဲခေါ်ကာ အမတမြို့ဆယ်မြို့ကျော် ပြေးလွှားခဲ့တယ်။ သူတို့ ဒီလောကထဲက နာမည်ကြီးအမတမြို့တွေအားလုံးနီးပါးကို လည်ပတ်ပြီးပေမဲ့ ထူးဆန်းစွာပဲ အဖြေမရသေး။ မူမမှန်တာ ရှာတွေ့ဖို့ထားဦး ဂိုဏ်းတွေကြားက ပဋိပက္ခတွေတောင် ‌တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ တစ်ခုတည်းသော အသာစီးရမှုကြောင့် နည်းပါးတယ်။

"ချီး ကောင်းကင်တာအိုက ဘာလို့များ ဘုံတံခါးကို ပိတ်လိုက်ရတာလဲ" ကူယွဲ့ အနည်းငယ် မချင့်မရဲဖြစ်နေတယ်။ ဒီလို မျက်ကန်း‌တစ္ဆေလို လျှောက်သွားနေတာ မကောင်းဘူး။ သူ လှည့်ကာ စားဖိုမှူးကို တစ်ချက်ကြည့်လိုက်တယ်။

"စားဖိုမှူး မင်း မေးမြန်းတာကနေ တစ်ခုခုရခဲ့လား"

"ဟင့်အင်း" ယိချင်းက ခေါင်းယမ်းတယ်။

"ကောင်းကင်တာအိုက အမှားလုပ်တာ ‌ဖြစ်နိုင်လား" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"အချက်အလက်ချို့ယွင်းမှု ဒါမှမဟုတ် တစ်ခုလား၊ ဒီလိုဘုံကို ပိတ်ထားပြီး ဘာမှားနေလဲဆိုတာ ဘယ်သူသိမှာလဲ"

"ငါသိတယ်" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

ဘာ

(⊙_⊙)

ထိတ်လန့်သွားကာ နှစ်ယောက်သား ရှန်းရင်ကို တူတူပြန်လှည့်ကြည့်လိုက်ကြတယ်။

ရှန်းရင်က လေးနက်တဲ့အသံနဲ့ ရှင်းပြတယ်။

"သဘာဝဥပဒေဖိအားက အသိစိတ် မရှိပေမဲ့ သတိပေးချက်တွေပို့ဖို့ အလားအလာတော့ ရှိတယ်၊ ဆိုလိုတာက ပြဿနာရဲ့အဓိကအကြောင်းရင်းကို သူ့ဘာသာ ငါတို့ကိုပြောပြမှာ"

"ဘယ်တုန်းက ငါတို့ကို ပြောလို့လဲ၊ ဘယ်လိုပြောခဲ့တာလဲ"

ကူယွဲ့ ကြည့်ရတာ လုံးဝ‌ဇဝေဇဝါဖြစ်နေပုံ။

"အာ" ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။

"ငါနင်တို့ကို မပြောခဲ့ဘူးလား၊ ငါတို့ ဒီကမ္ဘာကို ရောက်ရောက်ချင်း သဘာဝချို့ယွင်းချက်ရဲ့ အဓိကအကြောင်းရင်းကို အာဏာအမြင့်ဆုံးလူဆီ ပို့ပြီးပြီ"

အာဏာအမြင့်ဆုံးလား။ ရှန်းရင်ပေါ့ ဒါဆို အဓိကအကြောင်းရင်းက...။

"ဖက်တီး" နှစ်ယောက်သား ပြိုင်တူပြောလိုက်ကြတယ်။

"အဲဒါကြောင့် နင်တို့ကို သူ့ကို ခေါ်လာဖို့ ငါပြောခဲ့တာပေါ့" ရှန်းရင်က အသီးကို ကိုက်လိုက်တယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့ ရုတ်တရက် မျက်နှာပြင်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်သွားတယ်။

ဒီလောက်အရေးကြီးတဲ့ဟာကို ငါတို့ကို စောစောပြောတော့ အသားနာမှာမို့လို့လား။

(╯°Д°)╯(┻━┻

All Chapters