← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း ၄၆၃ ။ သင်ကြားပေးရန် ဖက်တီးတောင်းဆို

သူတို့ကိုလာရှာတဲ့ ကျင့်ကြံသူတွေအားလုံး ထွက်သွားကြတယ်။ ဖက်တီး နောက်ဆုံးတော့ သူ့ပန်းကန်လုံးအလွတ်ကို ချလိုက်တယ် အဲတော့မှ သူ အပြည့်အဝခံစားမိတာ - သူ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက လူတွေကို ကြောက်စရာမလိုတော့ဘူးပဲ။ သူက သွေးအင်းကွက်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မလားဆိုတာ စိုးရိမ်စရာမလိုတော့ဘူး။ သူ တစ်ယောက်ယောက် အရှင်လတ်လတ် ဝါးမျိုတာခံရမှာကို ကြောက်စရာမလိုတော့ဘူး။

သူ့ဘေးက သုံးယောက်ကို မော့ကြည့်ပြီးမှ အကြည့်ငုံ့သွားခဲ့တယ်။ တစ်ခဏနေတော့ သူက တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်ပုံပဲ။ သူက ရုတ်တရက် ထရပ်ကာ စားပွဲဘေး ထွက်လိုက်ပြီးတော့ ဒူးထောက်ရပ်လိုက်တယ်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲတို့ ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက်" သူက ဦးတိုက်ကန်တော့တာ အရှိန်ပြင်းလွန်းတဲ့အတွက် မြေကြီးမှာ သူ့ခေါင်းနဲ့ တွင်းကြီးတစ်ခု ဖြစ်စေသွားတယ်။

"ကျွန်တော့် ပြန်ပေးဆပ်မှုတွေကို ဂရုမစိုက်တာ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးကို ကျွန်တော် ထာဝရမှတ်မိနေမှာပါ၊ ကျွန်တော့်ကျင့်ကြံဆင့်က အင်မတန် နိမ့်ပြီး ထူးခြားတဲ့ခန္ဓာကိုယ်အမျိုးအစားကြောင့်သာ ဒီလိုဖြစ်နေဆာပါ၊ ကျွန်တော့်ပစ္စည်းတွေသာမရှိရင် အဲလူအုပ်ကြီးရဲ့ ဝါးမျိုတာကို ခံရပြီးတာကြာလောက်ပြီ၊ ဒါကြောင့်..." သူက ရုတ်တရက် ကူယွဲ့ဆီကြည့်လာတယ်။

"ဘယ်လိုကျင့်ကြံရမလဲဆိုတာ ကျွန်တော့်ကို ကျေးဇူးပြုပြီး သင်ပေးနိုင်မလား"

ကူယွဲ့ တန့်သွားကာ ဖက်တီးကို ခေါင်းစခြေ‌ဆုံး စစ်ဆေးလိုက်တယ်။

"ဆိုလိုတာ မင်းက အသက်ရှင်နေထိုင်ဖို့ ငါတို့အပေါ်မှီခိုချင်တယ်လား"

ဖက်တီးက အံကြိတ်ကာ နောက်ထပ်သုံးကြိမ် ဦးတိုက်လေတယ်။ သူ့အမူအရာက ဒီတစ်ကြိမ် အများကြီး ပိုလေးနက်တယ်။

"တောင်းဆိုတာ အတော်လေးများမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ရွေးစရာမရှိလို့ပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးပါ အကြီးအကဲတို့"

ကူယွဲ့ မျက်လုံးမှေးကာ သူ့ရဲ့အကောင်းဆုံးလုပ်ငန်းအပြုံး ပြုံးလိုက်တယ်။

"ဘယ်လိုကျင့်ကြံရမလဲဆိုတာ မင်းကိုသင်ပေးစေချင်တယ်ပေါ့၊ မင်း ပြဿနာတွေပဲပိုတက်မှာ မကြောက်ဘူးလား၊ ငါတို့ကလည်း ကျင့်ကြံသူတွေဆိုတာ မင်းနားလည်ထားဖို့လိုတယ်၊ ငါတို့လည်း မင်းခန္ဓာကိုယ်နောက် လိုက်နေတာဖြစ်နိုင်တာပဲ၊ မင်းရဲ့ အသွေးနဲ့ အသားက ကျင့်ကြံမှုအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲပါ နားလည်ဖို့လိုတယ်"

"ကျွန်တော် မကြောက်ပါဘူး" ဖက်တီးက ခေါင်းကိုအပြတ်ယမ်းတယ်။ သူက ကူယွဲ့ကို ယုံကြည်စွာ ကြည့်ကာ စားပွဲပေါ် ပျင်းတိပျင်းရွဲမှီနေတဲ့ ရှန်းရင်ကိုလှည့်ကြည့်တယ်။ ဘာကြောင့်မှန်းမသိ သူ မိန်းကလေးရှန်းကို စတွေ့တည်းက ဒီလူ့ကို အပြည့်အဝယုံကြည်လို့ရတယ်လို့ ထူးဆန်းတဲ့ခံစားချက် ရှိခဲ့တာ။ အဲခံစားချက်က ထူးဆန်းပေမဲ့ အရမ်းကိုစစ်မှန်တယ်။

"တကယ်လို့ ခင်ဗျားတို့ ကျွန်တော့်အသွေးအသားနောက် လိုက်နေတယ်ဆိုရင် ကျွန်တော့်အတွက် ပိုလို့တောင် ပိုကောင်းတာပေါ့" ဖက်တီးက အသံကျယ်ကျယ်ရယ်ကာ နည်းနည်းတောင် မစိုးရိမ်။ သူက ပျော်ရွှင်စွာ ပြောတယ်။

"ကျွန်တော့်ကို ကယ်ပေးခဲ့တာဆိုတာ အမှန်ပဲလေ၊ တကယ်လို့ ကျွန်တော့်အသားကို လိုအပ်တယ်ဆိုရင်တောင် ကျွန်တော့်အသက်နဲ့ ကျေးဇူးပြန်ဆပ်လို့ရတဲ့ နည်းလမ်းရှိသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့၊ အဲလိုဆိုရင်ရော"

ကူယွဲ့အပြုံးက မျက်နှာပေါ်က ကွာကျသွားတယ်။ ဒါ အမှားအမှန်သိတဲ့ လူပဲ။ သူတို့ သူ့ကို ကယ်ခဲ့ရတာ အချည်းနှီး မဖြစ်တော့ဘူး။ တကယ်တော့ ကူယွဲ့လည်း သူ့ကို ဒုက္ခရောက်တုန်း ပစ်ထားဖို့ မရည်ရွယ်ဘူး။ သဘာဝဥပဒေဖိအားနဲ့ ပတ်သက်မိတာ သူတို့ကိုယ်ပိုင်အမှားပဲ။ သူ ဒီကိစ္စတွေကို မဖြေရှင်းခင် ဒီဖက်တီးကို တခြားသူတွေစားမှာ ခွင့်ပြုလို့မဖြစ်။

အဲလိုနဲ့ သူစိတ်ရင်းတစ်စွန်းတစ်စနဲ့ ပြောလိုက်တယ်။

"ကောင်းပြီလေ၊ မင်းစိုးရိမ်ဖို့မလိုပါဘူး အမှန်တိုင်းပြောရရင် မင်းကိုယ်ခန္ဓာက တကယ်ပဲ ထူးခြားတာပဲလေ၊ ဒါပေမဲ့ ငါတို့လည်း အဲအတွက်အကြောင်းအရင်းကို ရှာချင်နေတာ၊ အဲမတိုင်ခင် ငါတို့ မင်းကို ကောင်းကောင်း ကာကွယ်ဖြစ်တာ သေချာစေရမယ်၊ ကျင့်ကြံခြင်းအတွက်ကတော့..." သူ တုံ့ဆိုင်းနေတယ်။

ဖက်တီးက စိတ်ပူပန်စွာ နောက်တစ်ကြိမ် ဦးတိုက်ပြန်တယ်။

"ကျေးဇူးပြုပြီး ကျွန်တော့်ဆန္ဒကို ချီးမြှင့်ပေးပါ၊ အကြီးအကဲ၊ ကျွန်တော်... ကျွန်တော် သေချာကြိုးစားပါ့မယ်၊ အဲမတိုင်ခင် ကျွန်တော့်ကိုယ်မှာ ဘာအတိအကျ မှားယွင်းနေလဲဆိုတာ သိဖို့ သေချာပေါက် ပူးပေါင်းပါ့မယ်၊ ကျွန်တော့် အသားကို ဖြတ်ပြီး သွေးကိုစုပ်ယူရမယ်ဆိုရင်တောင်မှပေါ့"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ငါ ပြောသလိုပဲ၊ မင်းရဲ့သွေးနဲ့အသားကို မလိုချင်ဘူး"

"ဒါဆို ခင်ဗျားလိုချင်တာ တခြားဘာမဆို ပေးပါ့မယ်၊ ကျွန်တော့်မှာ အားလုံးရှိတယ် ဒီနေ့ကစပြီး ကျွန်တော့်ကိုယ်ခန္ဒာက ခင်ဗျားအတွက်ပါပဲ အကြီးအကဲ"

"ဘယ်သူမှ မင်းရဲ့ခန္ဓာကိုယ်ကို မလိုချင်ဘူး၊ ငါပြောပြီးပြီလေ- ခဏ မင်း အဝတ်အစားတွေ ဘာလို့ချွတ်နေတာလဲ" ကူယွဲ့ ဖက်တီးလက်ကို ဖမ်းဆုပ်လိုက်တယ်။

"အကြီးအကဲ" ဖက်တီးက ကူယွဲ့ကို ဝမ်းနည်းညှိုးငယ်တဲ့ အမူအရာနဲ့ ကြည့်လာတယ်။ သူက အသီးလှီးဓားတစ်ချောင်းကို ကောက်ကိုင်တယ်။ "ပြောပါ၊ ခင်ဗျား ကျွန့်တော့်ရဲ့ ဘယ်အစိတ်အပိုင်းကို လိုချင်လဲ၊ ခင်ဗျားအတွက် ကျွန်တော်ဖြတ်ပေးမယ်"

"ဟိုလီရှစ် မင်းကို အဲလိုလုပ်ဖို့ ဘယ်သူပြောလို့လဲ၊ ခဏ… မင်းတို့နှစ်ယောက်က ဘာလို့ ငါ့ကို အဲလိုကြည့်နေတာလဲ”

"... မကြည့်ပါဘူး" ဆရာတပည့်နှစ်ယောက်က ကောင်းကင်ကို ချက်ချင်းကြည့်လိုက်ကြတယ်။

"ဒါဆို ဘာလို့ ငါနဲ့အဝေးကို ပြေးနေတာလဲ"

သူတို့တွေက သူနဲ့ လက် မောင်းသုံးလုံးစာအဝေးကို ရောက်နေပြီ။

နှစ်ယောက်သားက ပိုပြီးတောင် ခပ်ဝေးဝေး နောက်ပြန်ဆုတ်သွားတယ်။ သူတို့အမူအရာက ရှင်းရှင်းလင်းလင်း ပြောနေတယ်။

"ငါတို့ ဖေဖေနျိုက ဒီလိုမျိုးဆိုတာ မသိခဲ့ဘူး"

"ဖက်တီးကိုတောင် အလွတ်မပေးဘူးပဲ - ကြောက်စရာကောင်းလိုက်တာ"

"သူ တစ်ကိုယ်တည်းဖြစ်နေသေးတာ မဆန်းတော့ဘူး၊ ဒါက အကြောင်းရင်းကိုး"

"နှစ်ယောက်လုံး တော်လောက်ပြီ" သူက အဖြောင့်ကွ၊ အဖြောင့် ဟုတ်ပြီလား ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ သူတို့ တီးတိုးပြောချင်တယ်ဆိုရင် ပိုပြီးတော့ မသိမသာ လုပ်လို့မရဘူးလား။ ကူယွဲ့ သူတို့အသံ ကြားရသေးတယ်လေ

(╯°Д°)╯(┻━┻

"အကြီးအကဲ"

"ပါးစပ်ပေါက်ပိတ်ထား"

"..."

—————

ကူယွဲ့ နောက်ဆုံးတော့ သူတို့ဆီက ဓမ္မသိုင်းတွေသင်ယူဖို့ ဖက်တီးတောင်းဆိုချက်ကို သဘောတူလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုံတံခါးပေါ်က သော့ခလောက်တွေက သူ့ကျင့်ကြံဆင့်‌ မြင့်လာတာနဲ့ ပြေလျော့သွားတာ။ တခြားနည်းနဲ့ပြောရရင် သူ့ကျင့်ကြံဆင့်မြင့်လာလေ သဘာဝဥပဒေဖိအားက ပုံမှန်ပြန်ဖြစ်တာ မြန်လေပဲ။

အခု ဖက်တီးမှာရှိသမျှက သူ့ရဲ့မြင့်မားတဲ့ ကျင့်ကြံမှုပဲ။ မှော်အတတ်ကြောင်း ဘာမှမသိ။ ဓားပျံစီးနည်းလို အခြေခံအကျဆုံးစွမ်းရည်တောက် မသိတာ။ သူက နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နဲ့ တူပေမဲ့ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်တောင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်လို့ ခန့်မှန်းမိတယ်။

သူတို့တွေ သင်ယူစရာရှိတဲ့အရာတိုင်းကို သင်ပေးရမှာဆိုပေမဲ့ ပြဿနာက ဘယ်သူက သူ့ကို လမ်းညွှန်ပြသတဲ့နေရာမှာ တာဝန်ယူပေးမှာလဲ။ စားဖိုမှူးက ဒီတာဝန်ဝတ္တရားကို မြန်နိုင်သမျှမြန်မြန် ငြင်းချခဲ့တယ်။ သူက လူတိုင်းရဲ့ ထမင်းဟင်းလျာတွေကို တာဝန်ယူထားရသလို ရှန်းရင်ရဲ့ ‌မွန်းလွဲပိုင်းလက်ဖက်ရည်၊ မအိပ်ခင်စားတဲ့ညစာ၊ အဆာပြေ၊ သစ်သီးတွေနဲ့ အဆာသွတ်မုန့်တွေ အတွက်ရောပဲ။ အခု သူ ဖက်တီးအတွက် ထမင်းဖြူလည်း ချက်ရတော့မှာဆိုတော့ အလုပ်နဲ့ပုံနေပြီ။ ရှန်းရင်အတွက်ကတော့... မေ့လိုက်တော့

အဲဒါကြောင့် ဒီခမ်းနားတဲ့တာဝန်ကြီးက ကူယွဲ့ပခုံးတွေပေါ် ကျလာခဲ့တယ်။

အစကတော့ ကူယွဲ့မှာ ပြောစရာဘာမှသိပ်မရှိ။ ဘယ်လိုပဲဖြစ်ဖြစ် ဖက်တီးရဲ့ ဝိညာဉ်ချီအပေါ် အလိုအလျောက် ဆွဲဆောင်မှုရှိတာကြောင့် အခြေခံစွမ်းရည်တွေနဲ့ မှော်အတတ်ကို ဘယ်လိုသုံးရမလဲ သင်ပေးဖို့ အသာထား သူ့ကျင့်ကြံဆင့်ကို မြှင့်ဖို့ ကူညီရမှာက ခဲယဉ်းတဲ့တာဝန်မဟုတ်။ ဖက်တီးကို သင်ပေးရမှာက တခြားတပည့်ဘယ်သူ့ကိုမဆို သင်ပေးရတာထက် အများကြီးစိတ်ဖိစီးမှုပိုလျော့မယ် တွေးခဲ့တာ။

အဲဒါ ဖက်တီး သူ့ဓားကတေ ၁၀၈ကြိမ်မြောက် မပြုတ်ကျခင်ထိပေါ့...။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

စားပွဲ‌လှန်

(╯°Д°)╯(┻━┻

ဒီလူက သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို ကလိမ်ကျပြီး အဓိကအဆင့်ကြီးလေးခု ကျော်ခဲ့တာတောင် ဓားပျံတစ်ချောင်းပေါ် တက်မနေနိုင်တာ ဘယ်လိုလုပ်ရမလဲ။

သူက တကယ့်ကို ကူယွဲ့ကို အပြည့်အဝအခွင့်ကောင်းယူနေတာပဲ

ဖက်တီးက မရေမတွက်နိုင်တဲ့အကြိမ်မြောက် တွင်းထဲကနေ ကုန်းထွက်လာပြီးတဲ့နောက် သတ်ဖြတ်ချင်စိတ် လွှမ်းမိုးနေတဲ့ကူယွဲ့ကို မရဲတရဲကြည့်တယ်။

"ဆ... ဆရာ"

"ဘယ်သူက မင်းဆရာလဲ" ကူယွဲ့ သင်ပေးမယ်ပဲ သဘောတူခဲ့တာ ဒါပေမဲ့ တပည့်အဖြစ် လက်ခံဖို့ တစ်ခါမှ သဘောမတူဖူးဘူး။ ကူယွဲ့သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်တယ်။

"လာ၊ ငါ့ကို ရှင်းပြ၊ နီးနီးလေး စီးရုံနဲ့ ဓားကို ဘယ်လိုနှစ်ပိုင်းဖြစ်အောင် ချိုးနိုင်တာလဲ" ဝိညာဉ်ဓားတွေက မိုးပေါ်က ကျလာတယ်များ ထင်နေလား။

ဖက်တီးက ခေါင်းကိုငုံ့ကာ ပြန်ကျုံ့သွားတာမို့ ဝတုတ်ငှက်ကုလားအုတ်နဲ့တူနေတယ်။

"ကျွန်တော်မှားတာပါ"

ကူယွဲ့ အကြိမ်တစ်ထောင်မြောက် ကျိုးသွားတဲ့ ဝိညာဉ်ဓားကိုကြည့်ကာ ရင်ထဲစူးရှတဲ့နာကျင်မှု ခံစားလိုက်ရတယ်။

"ထားလိုက်တော့ ဖေဖေနျို" ရှန်းရင် မနေနိုင်ဘဲ ကူယွဲ့ကို လှမ်းနှစ်သိမ့်ပေးလိုက်တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက လူသစ်ပဲလေ"

"လူသစ်ဆိုရင်တောင် ဝိညာဉ်ဓားတွေကို ဒီလောက်မြန်မြန် မချိုးသင့်ဘူး"

ဓားတစ်ချောင်းချိုးရုံပဲမို့လို့လား။ ဝိညာဉ်ကျောက်တုံးတွေကို ခွဲပစ်တာနဲ့ပိုတူတယ်

"သူ ဒီလိုပုံစံမျိုး ဖြစ်ဖို့ဆိုတာတောင် မလွယ်တာ၊ နည်းနည်းလောက် ကိုယ်ချင်းစာစိတ်ရှိပါ"

ဘော်ဒီရှိန်းမင်း လုပ်တာ မမှန်ဘူး။ "ကောင်းတဲ့ဆိုရိုးရှိတယ် : ကြည့်ကောင်းတဲ့လူတွေက အပေါစား၊ ဒါပေမဲ့ စိတ်ဝင်စားစရာ ဖက်တီးတွေကတော့... ကီလိုဂရမ်၂၀၀တဲ့ သူ့ကိုတန်ဖိုးထားပါ"

ကူယွဲ့ ။ ။ "..."

ဟွေ့ကျယ် ။ ။ "..."

မိန်းကလေးရှန်းက သူ့ကိုကူညီနေတာလား။ ဘာလို့ နောက်ကျောဓားနဲ့ထိုးတာလို့ ခံစားရပါလိမ့်။

"နေ့လယ်ရောက်နေပြီ၊ ငါတို့..." နေ့လယ်စာ အရင်စားရင်ရော။

"အစုတ်ပလုတ်လေး၊ ပါးစပ်ပိတ်ထား"

"အိုး..."

"သူ့ကို ဒီတစ်ခု သုံးခိုင်းရင်ရော" ယိချင်းက ရှေ့တက်လာကာ မသေမျိုးချီထွက်နေတဲ့ ဓားရှည်တစ်ချောင်းဆွဲထုတ်ပြီး ဖက်တီးဆီကမ်းပေးလိုက်တယ်။

"အမတလက်နက်လား" ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။

"သူက ဝိညာဉ်ဓား‌တစ်ချောင်းတောင် မစီးနိုင်တာ-"

"ကြိုးစားကြည့်ခိုင်းလိုက်ပါ" ယိချင်းက တည်ကြည်စွာပြောတယ်။

ကူယွဲ့ တစ်ခဏတန့်သွားကာ ခေါင်းညိတ်လိုကိတယ်။ ထူးဆန်းတာက ဖက်တီးက တကယ်ပဲ အမတဓားကို စီးနိုင်ခဲ့တာ။ သူ ကောင်းကင်ကနေ တစ်ကြိမ်နှစ်ကြိမ် ပြုတ်ကျပြီး အမတဓားပေါ် တင်နေရုံလေး ဆိုပေမဲ့ နှစ်ပိုင်းတော့မချိုးပစ်ဘူး

သေချာစစ်ဆေးကြည့်တော့ ဖက်တီးက သူ့ကိုယ်ပိုင်ဝိညာဉ်ချီကို ထိန်းချုပ်နေကြ မဟုတ်ပေမဲ့ ပြဿနာကြီး မဟုတ်တာ ‌ကူယွဲ့သိလိုက်ရတယ်။ သူ့အဓိကပြဿနာက သူ့ရဲ့ဓားချီအပေါ် ထိန်းချုပ်မှုပဲ - ဆိုးရွားလွန်းလို့ ကူယွဲ့ အတွင်းထဲထိ မချင့်မရဲဖြစ်မိတယ်။

...

အခန်း ၄၆၄ ။ တောင်ဘက်ဆီသို့

ဖက်တီးက ဓားသိုင်းမှာ အခြေခံမရှိလို့ ဓားဘယ်လိုစီးရမလဲဆိုတာ မသိဘူးလို့ ကူယွဲ့တွေးမိတယ်။ ဒါပေမဲ့ ဘယ်ဓားကျင့်ကြံသူက ဓားသိုင်းတွေမှာ သူတို့အုတ်မြစ်ကိုတည်တံ့အောင်လုပ်ဖို့ နှစ်အများကြီး အချိန်မယူဖူးလို့လဲ။ သူတို့တွေက အဲအုတ်မြစ်ကို တည်ဆောက်ပြီးမှ သူတို့ဓားသိုင်းတိုးတက်အောင် ဝိညာဉ်ချီကိုသုံးစွဲနိုင်တာ။ ဖက်တီးက အရင်က တစ်ခါမှမကျင့်ကြံဖူးတာကြောင့် ဓားချီမပြောနဲ့ ခုမှဝိညာဉ်ချီနဲ့ စအထိအတွေ့ရှိတာ။ အဲဒါကြောင့် ဓမ္မလက်နက်တွေမှာ ပါဝင်တဲ့ ဓားချီနည်းနည်းလေးကိုတောင် မကိုင်တွယ်နိုင်တာပဲ။ ဒါက သူ့နတ်ဝိညာဉ်ကျင့်ကြံဆင့်အတွက် နှမြောစရာ။

ဒီလိုအခြေအနေတွေက ပုံမှန်အရတော့ အဲလောက်ပြဿနာကြီး မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံသူတွေ အများကြီး ရှိပြီး အတော်များများက ဓားကျင့်ကြံသူတွေ ဖြစ်လာနိုင်တာ မဟုတ်။ တကယ်တော့ ဖက်တီးသင်ဖို့လိုတာက လက်နက်ထဲက ဓားချီကို ထိန်းချုပ်ဖို့ ကိုယ်ထဲက ဝိညာဉ်ချီကို ဘယ်လိုထိန်းချုပ်မလဲဆိုတာပဲ။ ဒါပေမဲ့ သူ့ကြည့်ရတာ အဲဒါလုပ်ဖို့ အခက်တွေ့နေပုံ။ သူ့ကိုယ်ထဲက ဝိညာဉ်ချီကို အသက်သွင်းဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ဓားချီကို မထိန်းချုပ်နိုင်။ သူက ဓားချီကို အလိုလို ဆန့်ကျင်နေတဲ့အတိုင်းပဲ။ သူ့ဝိညာဉ်ချီက ဓားနဲ့ ထိတွေ့လိုက်တာနဲ့ ဓားချီက သူ့ဝိညာဉ်ချီကို တိုက်ခိုက်တယ်။ သူ့အတွက် ဓားချီကို ဖိနှိပ်ဖို့တောင် မျှော်လင့်ချက်လုံးဝမရှိ။ အချိန်ကြာလာတာနဲ့အမျှ ချီနှစ်မျိုးရဲ့ တုံ့ပြန်မှုက ပိုပြင်းထန်လာတာမို့ ဓားပုံစံက အားနည်းလာတယ်။ အဲတော့ ဖက်တီးက အဝလွန်နေတဲ့အချက် ထည့်ပေါင်းလိုက်တော့ ဓားတွေအများကြီး ကျိုးကုန်တာ သဘာဝပဲပေါ့။

"ဖက်တီး အရင်ဘဝက မင်း ဓားကျင့်ကြံသူရဲ့ ရန်သူလား" ကူယွဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်။ သူတို့တွေ သူ့ကို ဓားစီးနည်းသင်ပေးနေတာ ခုဆို၃ရက်ကြာသွားပေမဲ့ သူက ဓားတွေပေါ် တွဲခိုနေနိုင်သေးတယ်ဆိုရုံလေး။ ကူယွဲ့ရဲ့ တွက်ချက်မှုအရ အမတဓားတောင် ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်။ ဖက်တီးက ဓားပျံထဲက ဓားချီကိုတောင် မနှိမ်နင်းနိုင်ရင် ကူယွဲ့ သူတကယ်ပဲ အဆင့်၄ဆင့် ခုန်ကူးတာဟုတ်ရဲ့လား သံသယဖြစ်စ ပြုလာတယ်။

"ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်" ဖက်တီးကြည့်ရတာ အတော်လေး အပြစ်ရှိစိတ် ဝင်နေပုံ။ သူက ကူယွဲ့ကို မရဲတရဲကြည့်တယ်။

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ဆရာ"

"ဘယ်သူက မင်းဆရာတုံး" ကူယွဲ့က သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

"ငါ့မှာ မင်းလို အသုံးမဝင်တဲ့တပည့်မရှိဘူး" ဝူတိဂိုဏ်းထဲက ဘယ်တပည့်ကမှ ဖက်တီးလောက် မတုံးဘူး။

"ဖြစ်နိုင်တာက သူက ဓားကျင့်ကြံသူဖြစ်ဖို့ မသင့်တော်ဘူးထင်တယ်" ယိချင်း မနေနိုင်ဘဲ ပြောလိုက်တယ်။

"သူက ဝိညာဉ်ချီအများကြီး ဆွဲဆောင်တာဆိုတော့ ဖြစ်နိုင်တာ သူက ဝိညာဉ်ကျင့်ကြံသူဖြစ်လာဖို့ ပိုသင့်တော်တယ် ထင်တာပဲ၊ ပြီးတော့ သူက ဓာတ်ကြီးငါးပါးဝိညာဉ်ကြောရှိတာလေ၊ သူက အဆောင်တွေ ဖန်တီးတာကနေ အင်းကွက်တွေ ပြင်တာ၊ ဆေးလုံးတွေ သန့်စင်တာနဲ့ လက်နက်တွေ သန့်စင်တာထိ ဘာမဆိုလုပ်နိုင်တယ်လေ၊ ဖေဖေနျို ခင်ဗျား သူ့ကို တခြားသင်-"

"ဟင့်အင်း" ကူယွဲ့က သူစကားဆုံးမှာကို မစောင့်ဘဲ ကြားဖြတ်ပြောလေတယ်။

"ဘာလို့လဲ"

"အပိုတွေ" ကူယွဲ့ သူ့ကိုဒေါသတကြီး ကြည့်လိုက်တယ်။

"ငါ ဓားကျင့်ကြံနည်းပဲ သင်ပေးနိုင်တာ၊ မင်း သူ့ကို တခြားအရာတွေ သင်ပေးချင်ရင် မင်းသင်ပေးလိုက်လေ"

"တောင်းပန်ပါတယ် နှောင့်ယှက်မိပြီ" ယိချင်းက တစ်ဖက်လှည့်ကာ ဘာမှမပြောမိခဲ့သလိုမျိုး ရှန်းရင်ဘေးဆီ ပြန်ပျံသန်းသွားတယ်။

"ဆရာ အသီးတချို့စားပါဦး"

ရှန်းရင် ။ ။ "..."

"ဖေဖေနျို ငါတို့ ဘယ်သွားနေတာလဲ" ရှန်းရင်က အသီးကိုယူကာ တစ်ကိုက်ကိုက်ရင်း မေးတယ်။ သူတို့ ခုပျံသန်းနေတာ ၃ရက်ရှိပြီ။

"ငါတို့ တောင်ဘက်အကျဆုံးအပိုင်းကို သွားနေတာ"

"ဘယ်နေရာလဲ" ရှန်းရင် တုံ့ဆိုင်းသွားတယ်။

"ဆရာ၊ ကျွန်တော်တို့ သွားနေတဲ့နေရာက ဖက်တီးပြောတဲ့ သားရဲတွေ၊ မိစ္ဆာတွေအများကြီး ရှိတဲ့နေရာပါ"

"အိုး" ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။

"ဘာလို့လဲ"

"အားလုံးက မင်း ဒီဖက်တီးကို ခေါ်ခဲ့လို့လေ"

ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ ဖက်တီးကြောင့်ခံစားနေရတဲ့ စိတ်ပျက်မှု၊ အထင်သေးမှုတွေက ခု ဆရာတပည့်နှစ်ယောက်ဆီ ရောက်သွားပြီ။ "သူ့အသားက ဒီလောက် အဖိုးတန်တာ - လူတိုင်းက တစ်ပိုင်း လိုချင်နေကြတာလေ၊ တိုက်ခိုက်တဲ့နေရာမှာ ကူကယ်ရာ မဲ့နေတာတောင် သူ့ဘာသာသူ တရားမျှတမှုရှာချင်နေတယ်၊ အဲဒါကြောင့် ငါတို့သူ့ကို စွမ်းရည်တချို့ သင်ပေးဖို့ တိတ်ဆိတ်‌တဲ့နေရာဆီ သွားဖို့လိုတာ၊ ဘာပဲဖြစ်ဖြစ်..."

ကူယွဲ့ မျက်မှောင်ကြုတ်ကာ ကွေ့ကွေ့ကောက်ကောက် ပျံသန်းနေတဲ့ ဖက်တီးကို စိုက်ကြည့်လိုက်တယ်။ တစ်မိနစ်အကြာမှာ သူမြေကြီးကို ခေါင်းထိုးစိုက်သွားလေတယ်။ ကူယွဲ့ နှုတ်ခမ်းသပ်ကာ ပိုတောင် စိတ်ကုန်သွားတယ်။

"ဘာလို့ အဲလောက်တောင် အလုပ်ရှုပ်ရတာလဲ" ရှန်းရင်က ညည်းညူလိုက်တယ်။ ဒါဆို သူတို့ သူ့ကို လေ့ကျင့်ဖို့ ပုန်းအောင်းနေတော့မှာလား။ အဲဒါဖေဖေနျို့စတိုင်နဲ့ မတူဘူး။ သူက ခြိမ်းခြောက်မှုတွေကို စားဖိုမှူးလို ထိပ်တိုက်ရင်ဆိုင်သင့်တာ မဟုတ်လား။ ဒါမှမဟုတ် အနည်းဆုံးတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရန်သူတွေ ဘာမှမကျန်တော့တဲ့အထိ သူတို့ဆီကခိုးယူသင့်တာမဟုတ်ဘူးလား။ ဘယ်ချိန်တည်းက ဖေဖေနျိုလို အောင်မြင်သူက ပုန်းအောင်းပြီး စောင့်ဆိုင်းဖို့ကို သင်ယူသွားတာလဲ။

"ဆရာ" ယိချင်းက သူ့ကိုညင်သာစွာ လှမ်းခေါ်တယ်။

"ဖေဖေနျိုဆိုလိုတာ လူတွေ ဖက်တီးပေါ် လုပ်ခဲ့တဲ့အရာတွေက သူ့နှလုံးသားထဲ အထုံးအဖွဲ့တွေ ဖြစ်‌နေပြီးပြီ၊ အဲဒါကြောင့် ဖက်တီးက သူ့ဘာသာ ဖြေရှင်းဖို့လိုတယ်၊ မဟုတ်ရင် ဒါက သူ့လေ့ကျင့်မှုအပေါ် သက်ရောက်နိုင်တယ်၊ တကယ်လို့ ကျွန်တော်တို့က သူ့အစား လုပ်ပေးရင် ကျွန်တော်တို့အဲအထုံးအဖွဲ့တွေကို အပြီးသတ် ရှင်းပစ်နိုင်မှာ မဟုတ်ဘူး၊ သူတို့တွေက နောက်ဆို စိတ်နတ်ဆိုးတွေ ဖြစ်လာနိုင်ပြီး အနာဂတ်မှာ သူက မသေမျိုးဆီ တက်လှမ်းဖို့ ပြဿနာပါ ရှိလာနိုင်တယ်"

"အိုး" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ သူမက ယိချင်း ပြောနေတဲ့စကားတစ်လုံးမှ နားမလည်ပေမဲ့ ယိချင်းဆိုလိုတာ ဒီဘုံမှာ စိတ်ပညာရှင်တွေ မရှိဘူးလို့ထင်တယ်။ "ဖေဖေနျိုက ရေရှည်ကို ဒီလောက်တောင် တွေးပြီးပြီပဲ...၊ သူက ဖက်တီးကို အဲလောက်ကောင်းကောင်း "

"ဆရာ မှန်တယ် သူက ဖက်တီးကို တခြားသူတွေကို ဆက်ဆံတာထက် ပိုပြီး ကောင်းကောင်း ဆက်ဆံနေတာ၊ ဖက်တီးက ဝိညာဉ်ဓားဆယ်ချောင်းကျော် ချိုးပြီးတာတောင် အသက်ရှင်နေသေးတယ်၊ ဖေဖေနျို အရင်က သူဌေးလန်ကိုတောင် ဒီလိုမကောင်းဖူးဘူး"

"သူက ဖက်တီးကို ငါတို့စားစရာတောင် စားခွင့်ပြုတယ်လေ၊ ငမည်းလေး အရင်က စားစရာလိုချင်ရင် သူ့ကိုယ်ပိုင်ဟင်းချက်စရာတွေ ယူလာရတာလေ"

"အဲဒါတင်မကဘူး ဆရာ သူ ကျွန်တော်တို့ကို ထောက်ပံ့ကြေးတောင်းနေတာ မမေ့နဲ့ဦး ကျွန်တော်တို့ အမတမြို့ဆီ သွားချိန် ဆရာ့အတွက်... အဆာပြေဆယ်အိတ်ပဲ ယူလာခဲ့ရတယ်"

"အာ ဖက်တီးက တကယ်ကို မတူညီတာပဲ၊ ဖေဖေနျို့ရဲ့ယောက်ျားလေးတွေအပေါ် အကြိုက်က ပြင်းထန်လွန်းတယ်၊ ငါတို့တော့ ပထွေးတစ်ယောက် ရတော့မယ်"

"သူက အဲလိုဖေဖေနျိုမှန်း ဘယ်တုန်းကမှ မသိခဲ့ဘူး"

ဝှစ်။

ကူယွဲ့က ဆယ်မီတာရှည်တဲ့ ဓားတစ်ချောင်းဆွဲထုတ်လိုက်တယ်။

"မင်းတို့ခွေးသားလေးတွေ နောက်စကားတစ်ခွန်းပြောဖို့ ကြိုးစားကြည့်ပါလား" သူတို့ သူ့ရှေ့ "တီးတိုး" မပြောဖို့ သင်ယူနိုင်ရဲ့လား။

"မင်းတို့ ဒီထိ တစ်လမ်းလုံး ပေါက်ပေါက်ဖောက်နေတာ၊ ပြီးဦးမှာလား" ငါ မင်းတို့နှစ်ယောက်လုံးကို အပိုင်းပိုင်း ခုတ်ပစ်မယ်ဆို ယုံမလား။

"..." ဆရာတပည့်နှစ်ယောက် ခြေလှမ်းအနည်းငယ် ဆုတ်သွားတယ်။ သူတို့ ဖေဖေနျိုကို ဒေါသထွက်အောင် လုံးဝလုပ်လို့မရဘူး။

"ဆ... ဆရာ" ဖေဖေနျိုက တိုးညှင်းစွာ လှမ်းခေါ်လာတယ်။

ကူယွဲ့ တစ်ဖက်လှည့်ကာ သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ "မင်း ဘာလိုချင်လို့လဲ" သေတွင်း လာတူးနေတာလား။

ဖက်တီးက ထခုန်ကာ တုန်ယင်သွားတယ်။ သူ ဓားပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားပြန်လေရဲ့။ ‌ပျော့တိပျော့ဖတ်နဲ့ သူက ရှေ့ကို လက်ညှိုးထိုးပြတယ်။

"ကျွန်တော်တို့... တောင်ဘက်ပိုင်းဆီ ရောက်ပါပြီ"

ကူယွဲ့ တစ်ဖက်လှည့်လိုက်တော့ နှင်းလိုဖြူဖွေးနေတဲ့ မြေပြင်ကျယ်ကိုမြင်လိုက်ရတယ်။ ကောင်းကင်ကနေ မြူခိုး‌ဖြူတစ်မျိုး ကျဆင်းနေပြီး မြေပြင်ပေါ် အုပ်မိုးနေတာ မြစ်တစ်စင်းအပေါ်မှာတင် စုဝေးနေတယ်။ မြူခိုးက တကယ်ကို ထူးခြားဆန်းကြယ်တယ်။ မပျောက်သွားဘဲ အဲအစား သူတို့ဘာသာ မြစ်ကိုဖြတ်ပြီး နေရာတစ်ခုလုံးကို နှစ်ပိုင်းခွဲခြားထားသလိုမျိုးပုံပဲ။ မြစ်တစ်ဖက်ခြမ်းက သာမန်မြက်ခင်းပြင်ဆိုပေမဲ့ နောက်တစ်ခြမ်းက အဖြူရောင်ပြင်ကျယ်ကြီး။ မြူခိုးကနေတစ်ဆင့် သူတို့ တောင်တန်းတွေနဲ့ မြူခိုးတွေကိုတော့ ဝိုးတဝါးမြင်နေရတယ်။

"ဒါက..." ကူယွဲ့ သူ့ဝိညာဉ်ချီကို အသက်သွင်းကာ မြူခိုးဆီ လက်ဟန်ခြေဟန်ပြလိုက်ပေမဲ့ လမ်းတစ်လျှောက်မှာ အတားအဆီးတချို့တွေ့ခဲ့ပုံပဲ။ အဲဒါက ပျောက်သွားပြီး မြူခိုးဖြူက အလယ်ကနေ ဟလာတယ်။

"အမှန်ပဲ၊ မြူခိုးက အင်းကွက်ဖြစ်နေတာပဲ"

သူ သူ့အဖော်တွေကို ပြန်လှည့်ကြည့်ကာ ပျံသန်းသွားလိုက်တယ်။ ငုံ့ကြည့်လိုက်တော့ နေရာတစ်ခုလုံးကို နှစ်ပိုင်းခြမ်းထားတဲ့ မြစ်ကိုမြင်ရတယ်။ ရေကကြည်လင်လွန်းလို့ မြစ်အောက်တောင် မြင်ရတယ်။ ထူထဲတဲ့ ဓာတ်ကြီးငါးပါး ဝိညာဉ်ချီက ရေထဲကနေ အပေါ်ကို လွင့်မျောနေတယ်။

"ဒါဝိညာဉ်မြစ်ပဲ" ယိချင်းက အံ့ဩတကြီး ရေရွတ်တယ်။

"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ ဒီမြစ်က ပြဿနာတစ်ခုခုရှိနေတာ သူလည်းပြောနိုင်တယ်။

"ဝိညာဉ်မြစ်ဆိုတာ ဘာဆိုလိုတာလဲ" ဖက်တီး မနေနိုင်ဘဲ မေးကာ သူတို့ကိုအေးစက်စက် စိုက်ကြည့်နေတယ်။

"ဝိညာဉ်ချီတွေ ငွေ့ရည်ဖွဲ့မှုကြောင့် ဖြစ်လာတဲ့မြစ်ပဲ" ကူယွဲ့ ရှင်းပြလိုက်တယ်။

"မြစ်တစ်စင်းက ဒီမှာဖြစ်ပေါ်လာတာ ဓာတ်ကြီးငါးပါး ဝိညာဉ်ချီတွေ အများကြီး စုဝေးနေလို့ပဲ၊ အဲဒါကြောင့် ဝိညာဉ်မြစ်လို့ ခေါ်တာ၊ ဝိညာဉ်သွေးကြောတွေနဲ့ အရမ်းဆင်တယ်၊ သူတို့တွေက အဆက်မပြတ် စီးဆင်းနေပြီး ဘယ်တော့မှ မပျောက်သွားဘူး၊ မြစ်တစ်စင်းလုံးကလည်း လှုပ်ရှားနိုင်တယ်၊ ဒါပေမဲ့ ဒီဝိညာဉ်မြစ်ကတော့ သေနေပုံပဲ၊ ဒီတစ်နေရာတည်းမှာပဲ နေနိုင်တယ်"

ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကိုလွှတ်ကာ တောင်ပိုင်း မြေပြင်တစ်ခုလုံးကို စူးစမ်းဖို့လုပ်လိုက်တယ်။

"ကြည့်ရတာ ဝိညာဥ်မြစ်က တောင်ပိုင်းမြေပြင်တစ်လျှောက်လုံးကို ဖြတ်သန်းစီး‌ဆင်းနေပြီး ဓာတ်ကြီးငါးပါးဝိညာဉ်ချီကို တိုက်ကြီးရဲ့ ဒေသအားလုံးဆီ ပို့ဆောင်ပေးနေပုံပဲ၊ မြူခိုးဖြူကလည်း တိုက်ကြီးတစ်လျှောက် ပြန့်နေပြီး လောကကြီးနဲ့ခြားထားတဲ့ သဘာဝအင်းကွက်ပေါ့"

"အင်း... အင်းကွက်လား" ဖက်တီးက မေးတယ်။

ကူယွဲ့ သူ့ကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

"မင်း အရင်က တောင်ပိုင်းမြေပြင်ဆီ မလာဖူးဘူးလား၊ မင်း ဘာလို့ ဒီအခြေအနေကို မကြားဖူးတာလဲ"

"တောင်ပိုင်းမြေက မိစ္ဆာတွေ၊ သားရဲတွေ အကန့်အသတ်မရှိ ပြည့်နေတယ်ဆိုတာပဲ ကြားဖူးတာပါ၊ ရံဖန်ရံခါ ကြောက်စရာ မိစ္ဆာသားရဲတွေ ပေါ်လာတတ်တယ်တဲ့၊ အဲဒါကြောင့် ခရီးသွားအမတတွေက ဒီနေရာကို မဝင်ရဲကြတာ"

"သူတို့မလုပ်ရဲတာ မဟုတ်ဘူး - မလုပ်နိုင်ရုံပဲ" ကူယွဲ့ စုပ်သတ်လိုက်တယ်။ "မိစ္ဆာသားရဲတွေက အများဆုံးမှ ဧကဒသမအဆင့်ပဲ ရှိတာ၊ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တွေနဲ့ ညီတယ်၊ ခရီးသွားအမတတွေက သူတို့ကို မကြောက်ဘူး၊ ဓာတ်ကြီးငါးပါးဝိညာဉ်ချီရဲ့ ငွေ့ရည်ဖွဲ့မှုကြောင့် ဖြစ်လာတဲ့ ဒီသဘာဝအင်းကွက်က တောင်ပိုင်းမြေကို အပြင်လောကနဲ့ ခြားနားထားတာပဲ၊ ကျင့်ကြံသူတွေအားလုံး သူတို့မြစ်ကိုဖြတ်တာနဲ့ သူတို့ကိုယ်ပိုင်ဝိညာဉ်ချီထဲ နှောင့်ယှက်မှုတစ်မျိုးကို ကြုံရမှာ၊ သူတို့ကိုယ်ထဲက ဝိညာဉ်ချီက ဒီဓာတ်ကြီးငါးပါး ဝိညာဉ်ချီနဲ့ ကြုံတွေ့ချိန် သူတို့က ထိခိုက်စေတဲ့တုံ့ပြန်မှု ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် မြစ်ထဲက ဝိညာဉ်ချီအားလုံးရဲ့ ဖိအားကို တိုက်ခိုက်နိုင်လောက်တဲ့အထိ သန်မာတဲ့ကျင့်ကြံသူတွေပဲ ဒါကိုဖြတ်သန်းနိုင်မှာ၊ မဟုတ်ရင် သာမန်ကျင့်ကြံသူတွေ အဲမြစ်ကို ဖြတ်သန်းနိုင်ဖို့နည်းလမ်း မရှိဘူး"

ဖက်တီး ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။

"ဒါဆို... ဆိုလိုတာ ဘယ်သူမှ အထဲမဝင်နိုင်ဘူးပေါ့"

"ဟင့်အင်း" ကူယွဲ့ ဖြေလိုက်တယ်။ "သေမျိုးတွေကတော့ ဝင်နိုင်တယ်" သူတို့ကိုယ်ထဲ ဝိညာဉ်ချီ မရှိတာမို့ ထိခိုက်စေတဲ့တုံ့ပြန်မှုကို သေချာပေါက် ကြုံရမှာမဟုတ်ဘူးပေါ့။

ဒါပေမဲ့ သူ သေမျိုးတစ်ယောက် မဟုတ်တော့ဘူးလေ။

ဖက်တီးအမူအရာက ပျက်ယွင်းသွားတယ်။ "ကျွန်တော် ဘာလုပ်သင့်လဲ၊ အဲမြစ်ကိုဖြတ်သန်းနိုင်ဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား"

"တစ်ခုရှိတယ်" ကူယွဲ့ မျက်လုံး‌မှေးကာ ဖက်တီးကို နွေးထွေးစွာ ပြုံးပြပြီး အမူအရာပြလိုက်တယ်။

"ဒီကိုလာ၊ ငါတို့နဲ့ပူးပေါင်း"

"ဟမ်" ဖက်တီးက တန့်သွားတယ်။

"အရှေ့မှာရပ်" ကူယွဲ့ သူ့ရှေ့က ကွင်းပြင်အလွတ်တစ်ခုကို လက်ညှိုး ထိုးပြလိုက်တယ်။

ဖက်တီး ဇဝေဇဝါဖြစ်သွားပေမဲ့ ကူယွဲ့ ညွှန်ကြားချက်တွေနောက် လိုက်ကာ လျှောက်လာခဲ့တယ်။

"ဆရာ ကျွန်တော် ရပ်သင့် - အား"

သူ စကားမဆုံးခင် ကူယွဲ့က ခြေထောက်ကိုမြှောက်ကာနောက်ကနေ ကန်ချလိုက်ပြီး သူ့ကို ပျံသန်းသွားစေလိုက်တယ်။

ဖက်တီး မြစ်ထဲ သဲအိတ်ကြီးတစ်ခုလို ပြုတ်ကျသွားကာ မြစ်ကိုဖြတ်သန်းတဲ့ လူသားတံတား ဖြစ်သွားတယ်။ ရေစီးက သူ့ခန္ဓာကိုယ်ကြီးရဲ့တားဆီးတာကို ခံလိုက်ရတယ်။

"သွားကြစို့ - ငါတို့အခု ဖြတ်လို့ရပြီ" ကူယွဲ့ အော်လိုက်တယ်။ သူ စကားပြောပြီးတာနဲ့ ဖက်တီး ကိုယ်ပေါ်ကနေ ဖြတ်လာခဲ့တယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

(⊙_⊙)

ကူယွဲ့က သူတို့နှစ်ယောက် စောနကပြောခဲ့တာကြောင့် ဖက်တီးအပေါ် ဒေါသပုံချနေတာလား။ ဒီလိုပဲဖြစ်ရမယ်

...

အခန်း ၄၆၅ ။ အစီအစဉ်တစ်ခု

ဖက်တီးက မြစ်နဲ့တစ်ပုံစံတည်း ဓာတ်ကြီးငါးပါး ဝိညာဉ်ကိုယ်ခန္ဓာအမျိုးအစားရှိတယ်။ သူ ဝိညာဉ်ချီကို ကောင်းကောင်းဆွဲဆောင်တဲ့အချက်ကလည်း အကူအညီဖြစ်သွားတယ်။ ဝိညာဉ်ချီ သူ့ကို တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူတာမို့ တုံ့ပြန်မှုတွေ ဖြစ်မှာမဟုတ်။ တခြားနည်းနဲ့ပြောရရင် သူက သူတို့မြစ်ကို ဖြတ်ဖို့အတွက် တံတားကောင်းတစ်စင်းပဲ။ အဲဒါက ကူယွဲ့ သူ့ကို နောက်ကျောကနေ ဒီလိုအားရပါးရ ကန်လိုက်တဲ့ အကြောင်းရင်းပါ။ ဂုဏ်ယူစရာ အကြောင်းရင်းဖြစ်ပြီး - ဒေါသမပါဝင်ဘူး

╮(╯▽╰)╭

သူတို့ မြစ်နဲ့မြူခိုးကို ဖြတ်သန်းပြီးတဲ့နောက်မှာ တောအုပ်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။ မြင်သမျှက ကောင်းကင်ထိ ရောက်လုနီးပါး သစ်ပင်ရှည်ကြီးတွေ။ သူတို့ သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားကိုတောင် မမြင်ရဘူး။ တောထဲမှာတော့ သားရဲတွေရဲ့ အရှိန်အဝါအပြင် ယင်အရှိန်အဝါကိုလည်း ဝိုးတဝါး ခံစားနေရတယ်။

"မိစ္ဆာချီ" ကူယွဲ့က တုံ့ဆိုင်းသွားတယ်။ သူ သေချာစစ်ဆေးဖို့ ရပ်လိုက်တယ်။ အမှန်ပဲ - တကယ်ကို မိစ္ဆာချီ။ ဘာကြောင့် တောအုပ်တစ်ခုတည်းမှာပဲ မိစ္ဆာချီရော သားရဲချီရော ရှိနေရတာလဲ။ ဒါထူးဆန်းတယ်။ ကြည့်ရတာ မိစ္ဆာနဲ့သားရဲတွေက ဒီဘုံလေးမှာ ရောနှောနေကြပုံပဲ။ ပုံမှန်ဆို ဝိညာဉ်သားရဲတွေက အသိဉာဏ် မရှိပေမဲ့ သန်မာတယ်။ သသူတို့က အဆက်အဆံမလုပ်နိုင်ကြဘူး။ မိစ္ဆာတွေကတော့ လုံးဝကို ကွဲပြားတယ်။ မိစ္ဆာတွေက သဘာဝအရကောက်ကျစ်ကြတယ်။ အသိဉာဏ်တချို့ ရှိတဲ့သားရဲတွေပဲ မိစ္ဆာဖြစ်လာနိုင်တာ။ ဒါကြောင့် ဆက်ဆံပြောဆိုဖို့က ပြဿနာတစ်ရပ် မဟုတ်ဘူးပေါ့။ တောင်ဘက်ပိုင်းမှာ မိစ္ဆာချီရှိနေတယ်ဆိုတော့ ဆိုလိုတာ...။

ကူယွဲ့က နှုတ်ခမ်းထောင့်တွေ တွန့်သွားပြီး ရုတ်တရက် အကြံကောင်းရသွားတယ်။

ε(罒ω罒)з

ဝေါ~

အကြံတစ်ခု သူ့စိတ်ထဲ ပေါက်ဖွားလာရုံရှိသေး သူတို့ တောထဲကနေ ‌ဟိန်းဟောက်သံကျယ်ကြီး ကြားလိုက်ရတယ်။ လေပြင်းတစ်ဝှေ့က သူတို့ဘေးက ဖြတ်သန်းသွားပြီး တောအုပ်ထဲက သစ်ပင်တွေ စတင်ပြိုကွဲလာတယ်။ နောက်ထပ်ဟိန်းဟောက်သံကြီး အပြီးမှာတော့ ကြီးမားတဲ့ မိစ္ဆာသားရဲကြီးတစ်ကောင် သူတို့ရှေ့ပေါ်လာလေရဲ့။

ဟေး တိုက်ဆိုင်လိုက်တာ

သားရဲက ၃၊ ၄ မီတာအပြည့်ရှိပြီး အညိုရောင်အမွှေးနဲ့။ သူ့ကိုယ်က နွားတစ်ကောင်လိုဆိုပေမဲ့ ကျောပေါ် တောင်ပံနှစ်ဖက်ရှိတယ်။ ဓားသွားတွေက သူ့ကိုယ်ပတ်လည်က ထောင့်တိုင်းကနေ ထိုးထွက်နေတယ်။ နောက်တစ်ကြိမ် ဟိန်းဟောက်ချိန် သူတို့ မုန်တိုင်းကြီး အလယ်ထဲမိသွားသလိုမျိုးပဲ။

"ဒါ လေသားရဲပဲ" ‌မြစ်ထဲကနေ နောက်ဆုံးတော့ ကုန်းထလာပြီဖြစ်တဲ့ ဖက်တီး သားရဲကို မျက်လုံးမျက်ဆန်ပြူးကာ စိုက်ကြည့်နေတယ်။ သူက သူတို့ကို သွေးပျက်စွာ ကြည့်နေတယ်။

"ရှေးဟောင်းစာပေတွေထဲ မြင်ဖူးတယ် - ဒီလေပြင်းသားရဲက နဝမအဆင့်ပဲ၊ နတ်ဝိညာဉ်နဲ့ညီမျှတယ်"

"အိုး" ရှန်းရင်က ပြန်ဖြေတယ်။

"ငါတို့ စားလို့ရလား"

"အယ်" ဖက်တီးက သူမကို အူကြောင်ကြောင် စိုက်ကြည့်နေကာ သူတို့ ဘယ်လိုကြီးမားနေတဲ့ အန္တရာယ်ရောက်နေလဲဆိုတာ သူမ နားမလည်ဘူးလို့ တွေးနေမိတယ်။ သူ အမြန်ရှင်းပြလိုက်တယ်

"မိန်းကလေးရှန်း၊ ဒါနဝမအဆင့်သားရဲနော်၊ လှုပ်ရှားတာ မြန်လွန်းလို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် သူ့ကိုထိန်းဖို့ခက်တယ်၊ တိုက်ခိုက်ဖို့ အရမ်းခက်တယ်နော်"

"ကြည့်ရတာ မင်းတို့ထဲကတစ်ယောက်ကတော့ မျက်စိရှိပုံပဲ" ဖက်တီး စကားဆုံးဆုံးချင်း သူတို့ တောအုပ်အထဲကနေ ယောက်ျားတစ်ယောက်အသံ ထွက်လာတာကို ကြားလိုက်ရတယ်။ လူတစ်ယောက်က သူတို့ဆီ လျှောက်လာတယ်။ သူက ဝတ်ရုံစိမ်း ဝတ်ထားပြီး အတော်လေးကို မိစ္ဆာဆန်တယ်။ သူ့မျက်ခုံးတွေကြား ထူးဆန်းတဲ့ အနီရောင်သင်္ကေတတစ်ခု ရှိနေတယ်။ သူ့ကိုယ်အောက်ပိုင်းက မြွေတစ်ကောင်နဲ့ ခပ်ဆင်ဆင်။ သူ စကားပြောချိန် သူ့လျှာကလည်း မြွေတစ်ကောင်မျိုးဆိုတာ မြင်လိုက်ရတယ်။

သူ့ကျင့်ကြံဆင့်ကတော့ မမြင့်။ ဆဋ္ဌမအဆင့် မြွေမိစ္ဆာတစ်ကောင်သာသာပဲ။

"ငါ့ရဲ့ဒီသားရဲက လေပြင်းသားရဲဆိုတာ သူ ပြောနိုင်တယ်ပေါ့၊ သူ့မှာ တကယ်ကို မျက်လုံး‌ကောင်းတွေရှိတာပဲ၊ နှမြောစရာ..." သူက လူအုပ်ကို စစ်ဆေးပြီး ကောက်ကျစ်စွာ ပြုံးဖြီးဖြီးလုပ်လေတယ်။

"တောင်ဘက်‌မြေပြင်ကို ကျူးကျော်လာတဲ့ မင်းတို့က သေတွင်းတူးနေတာ အသိသာကြီးပဲ" အဲလူက လက်မြှောက်ကာ သူ့သားရဲကို ပွတ်သပ်ပေးပြီး အကြည့်ကာ မောကြောသွားတယ်။

"မင်းတို့က ငါ့လေပြင်းသားရဲအတွက် နေ့လယ်စာဖြစ်ဖို့ ကံပါလာတာပဲ"

သူ စကားဆုံးဆုံးချင်း လေပြင်းသားရဲကလှုပ်သွားတယ်။ သူတို့က အဲလူသားရဲကို ပေးလိုက်တဲ့ အမိန့်တစ်ခုခုကို လွတ်သွားတဲ့အတိုင်းပဲ။ သားရဲက ပါးစပ်ကိုဟကာ နောက်တစ်ကြိမ် ကျယ်လောက်စွာ ဟိန်းဟောက်တာမို့ လေပြင်းနောက်တစ်ချက် အုပ်စုဘေးက ဖြတ်သန်းသွားခဲ့တယ်။ အလင်းရောင်တစ်ခု ဖျတ်ခနဲပေါ်လာတယ်။

ဖက်တီးက မြေကြီးပေါ် မတ်မတ်ရပ်နေတယ်။ "ဒါ... ဒါ လေပြင်းဓားပဲ မြန်မြန် လှုပ်ရှားကြ အား"

ဖက်တီးက လေပြင်း သယ်ဆောင်တာခံလိုက်ရတယ်။ သူက သူတို့သုံးယောက်သား နေရာမှာ ရှိနေဆဲဖြစ်တာတောင် မြေကြီးဆီ ထိုးကျသွားပြီးလိမ့်သထက်လိမ့်သွားလေတယ်။ နောက်တစ်ကြိမ် ဖက်တီး သူ့ကိုယ်သူ ‌မြစ်ထဲတွေ့လိုက်ရကာ ရေစီးကြောင်းကြီးတွေ သူ့ကို ဖြတ်သန်းစီးဆင်းသွားလေတယ်။ သူကြားရသမျှက ရေတွေ ပန်းထွက်နေသံပဲ။

သုံးယောက်သား ။ ။ "..." ဖက်တီးတွေအားလုံးက ဒီလို မူရာမာယာ ပိုလွန်းတာ‌လားဟေ။

"မင်းတို့က ဒီလေပြင်းသားရဲရဲ့ လေပြင်းဓားတွေကို ရှောင်နိုင်တာပဲ၊ ကြည့်ရတာ မင်းတို့မှ။ ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းတချို့တော့ ရှိတဲ့ပုံ" အဲလူ အမူအရာက သူ့လေပြင်းသားရဲကို လက်ယမ်းပြရင်း မည်းမှောင်သွားတယ်။

"သူတို့ကို စားလိုက်"

လေပြင်းသားရဲက နောက်တစ်ကြိမ် ‌ဟိန်းဟောက်ပြန်တယ်။ သူက တောင်ပံတွေ တဖျတ်ဖျတ်ခတ်ကာ နေရာက ပျောက်သွားတယ်။ နောက်အခိုက်အတန့်မှာ သူတို့ သားရဲက သူတို့ဆီ မြန်ဆန်တဲ့ အရှိန်၊ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်နဲ့ ပြေးဝင်လာတာကို မြင်လိုက်ရတယ်။

"စားဖိုမှူး" ရှန်းရင်က လှမ်းခေါ်ကာ မျက်လုံးတွေက တလက်လက်တောက်ပနေတယ်။

"နေ့လယ်စာအတွက် အသားကင်စားရအောင်"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး ဆရာ" ယိချင်း အကျင့်အတိုင်း တုံ့ပြန်လိုက်တယ်။ သူ လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ဓားရှည်တစ်ချောင်း လက်ထဲပေါ်လာတယ်။

"ဟမ့် အဲဒါ အသုံးမဝင်ဘူး" ‌မြွေလူက ခြောက်ကပ်ကပ်ရယ်တယ်။ "ခုမှတုံ့ပြန်လို့ နောက်ကျသွားလွန်းပြီ၊ ဘယ်သူမှ မယှဉ်နိုင်ဘူး၊ ငါ့လေပြင်းသားရဲရဲ့ အ-"

ဘွန်း...။

သူ စကားမဆုံးခင် ဝုန်းခနဲအသံကြီး ထွက်လာတယ်။ သားရဲကြီးတစ်ကောင် ကောင်းကင်က ကျလာပြီး သူ့မျက်စိရှေ့ ဆင်းသက်လာလေရော။ စောနကတင် မရပ်မနားအော်ဟစ်နေခဲ့တဲ့သားရဲက ခုတော့ မြေကြီးပေါ် ပါးစပ်ကြီးဟပြီး မလှုပ်မယှက်လဲနေပြီ။ အသက်ဆက်မရှူတော့ဘူး။

မြွေလူ ။ ။ "..." ခုလေးတင် ဘာဖြစ်သွားတာလဲ။

(⊙_⊙)

သူ မော့ကြည့်တော့ သူ့ရှေ့က ရန်သူတွေက အခု သူ့လေပြင်းသားရဲရဲ့အလောင်းပေါ် ရပ်နေတာ မြင်လိုက်ရတယ်။ ဓားနဲ့လူက နောက်တစ်ကြိမ် လက်ကောက်ဝတ်ကို လှည့်ကာ သားရဲခေါင်းကို ဖြတ်လိုက်တယ်။ ရဲရဲနီနေတဲ့သွေးတွေက မြွေလူရဲ့ကိုယ်ခန္ဓာပေါ် ပန်းထွက်ကုန်တယ်။

လူအုပ်က သူကြည့်နေတာကို အာရုံခံမိပုံပဲ။ သူတို့က တစ်ဖက်လှည့်လာကာ တစ်ပြိုင်နက် မြွေလူကို ‌စိန်းစိန်းဝါးဝါးကြည့်ကြတယ်။ မြွေလူက တုန်ယင်သွားပေမဲ့ မြေကြီးပေါ် မလှုပ်မယှက် ရပ်နေမိတယ်။ စကားတစ်ခွန်းပဲ သူ့စိတ်ထဲအက်ခိုးထပ်နေလေရဲ့။

သေပြီ၊ သေပြီ‌၊ သေပြီ...။

(゚Д゚≡゚Д゚)

"ဆရာ မြွေသားစားချင်လား" ယိချင်းက လေးနက်စွာ မေးလေတယ်။

"ဟင့်အင်း" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။

"အရိုးများလွန်းတယ်"

"ဟုတ်ကဲ့ဆရာ" ယိချင်းက မြွေလူဘက်လှည့်ကာ ဓားထောင်ချီ ကောင်းကင်ထဲ ဆင့်ခေါ်လိုက်တယ်။ သူ သူတို့ကိုသုံးပြီး သားရဲကိုယ်ကို အပိုင်းပိုင်း ပိုင်းပစ်လိုက်တယ်။

မြွေလူရဲ့ မျက်လုံးတွေ ကြီးသထက်ကြီးလာလိုက်တာ ‌ဦးခေါင်းခွံကနေ ပြူးထွက်တော့မဲ့အတိုင်းပဲ။ သူ့အသက်ရှုမှုက တဖြည်းဖြည်း ပင်ပန်းသထက်ပင်ပန်းလာပြီး သူ့ကိုယ်ပိုင်သားရဲကို လေး၊ ရှစ်၊ တစ်ဆယ်၊ အပိုင်းနှစ်ဆယ် ခုတ်ထစ်နေတာ ကြည့်နေရတယ်...။

နောက်ဆုံးတော့ သူအရင်က တစ်ခါမှ မခံစားဖူးတဲ့ အကြောက်တရား လွှမ်းခြုံလာတော့တယ်။ သူ တစ်ဖက်လှည့်ကာ မျက်စိလွှဲပြီး အော်ဟစ်တော့တယ်။

"မိစ္ဆာတွေ"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဘယ်သူက မိစ္ဆာအစစ်တုံး။ အဲမြွေက အပြည့်အဝ‌ကောင်းကောင်းသိသားပဲ။

ကူယွဲ့ နှုတ်ခမ်းသပ်ကာ သူ မြွေလူရှေ့ ဓားမိုးတွေရွာကျစေကာ လမ်းပိတ်လိုက်လေတယ်။ ကူယွဲ့ နောက်စည်းတံဆိပ် ဖန်တီးလိုက်ပြီး မြွေလူကို နေရာမှာတင် ပိတ်မိသွားစေခဲ့တယ်။ နောက်တော့ သူက လက်ကိုယမ်းကာ သူတို့ရှေ့ မြွေလူကို ပြန်ဆွဲခေါ်လိုက်တယ်။

"ကြီးမြတ်တဲ့... ကြီးကြီးကြီးကြီးမြတ်တဲ့ အမတ၊ မ... မစားပါနဲ့ ကျွန်တော့်ကို" မြွေလူက မရပ်မနား တုန်ယင်နေတယ်။ မေမေမြွေ၊ လူသားကျင့်ကြံသူတွေလား၊ ဘာတွေလား သိပ်ကို ကြောက်စရာကောင်းတာပဲ

"ဘယ်သူက မင်းကိုစားချင်လို့လဲ" ကူယွဲ့ ‌ဒေါသတကြီး ကြည့်ပေးလိုက်တယ်။

"မင်း ဘယ်လောက်အရိုးများလဲဆိုတာ မင်းသိရဲ့လား"

မြွေမိစ္ဆာက အရင်ကထက်တောင် ခု ပိုကြောက်စရာကောင်းနေတယ်။ သူက ကူယွဲ့ကို မရပ်မနား ဦးတိုက်တော့တယ်။

"ကြီးမြတ်တဲ့ အမတ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ လွှတ်ပေးပါ"

"ငါ မင်းကိုမေးစရာရှိတယ်"

"ဟုတ်ဟုတ်ဟုတ် ကျွန်တော်မျိုး သိသမျှပြောပြပါ့မယ် ဘာမှ မလျှို့ဝှက်ပါဘူး"

"ကျွန်တော် မေးချင်လို့..." ကူယွဲ့ ခြေတစ်လှမ်း ရှေ့တိုးလိုက်တယ်။

"မိစ္ဆာဘုရင် ဘယ်မှာနေလဲဆိုတာ ခင်ဗျားိသလား"

"အယ်" မြွေလူက တန့်သွားတယ်။

"မိစ္ဆာဘုရင်လား၊ ကျွန်တော်... ကျွန်တော် သိပါတယ်" သူက မိစ္ဆာဘုရင်နန်းတော်ထဲ နေတာ မဟုတ်ဘူးလား။

"ကောင်းပြီလေ၊ ငါတို့နေ့လယ်စာ စားပြီးတာနဲ့ လမ်းပြ၊ မဟုတ်ရင် မင်းကို ငါတို့သတ်ပစ်မယ်"

"..." ဒါပဲလား။

စကားဆုံးတာနဲ့ ကူယွဲ့ သူ့ကိုတစ်ယောက်တည်း ထားခဲ့တယ်။ သူ တစ်ဖက်လှည့်ကာ အသားစိမ်းတချို့ကို ယူပြီး စားဖိုမှူးဆီ လျှောက်လာခဲ့တယ်။ စားဖိုမှူးက သူ့ဇာမဏီမီးတောက်စစ်ကို သုံးကာ မျက်စိတစ်မှိတ်အတွင်း အသားကိုကျက်စေလိုက်တယ်။ ကူယွဲ့ ပထမဆုံးအသားစကို စားရမယ်

ခဏ၊ သူ တစ်ခုခု မေ့နေပုံပဲ။

ကူယွဲ့ ဟိုဟိုဒီဒီကြည့်လိုက်တယ်...။

"ဖက်တီး ဘယ်မှာလဲ"

"အိုး..." ရှန်းရင်က မြစ်ဆီ လက်ညှိုးထိုးတယ်။

"သူ မြစ်နဲ့ မျောပါသွားပြီထင်တယ်"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ရေစီးကြောင်းနဲ့ မျောပါသွားသော ဖက်တီး ။ ။ "..." ကျွန်တော့်ကို နည်းမျိုးစုံနဲ့ ကာကွယ်မယ်လို့ ထင်ခဲ့တာလေ။

All Chapters