← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း ၄၆၆ ။ မိစ္ဆာဘုရင်စစ်တပ်

မိစ္ဆာနန်းတော်။

ဝံပုလွေဘုရင်က တောင်ဘက်မြေက မိစ္ဆာဘုရင်၇ယောက်ထဲက တစ်ယောက်။ ပြီးတော့သူက တောင်ဘက်မြေရဲ့ မြောက်ဘက်ပိုင်းကို အုပ်ချုပ်တယ်။ နှစ်၈၀၀အတွင်းမှာတင် သူက မိစ္ဆာလေးအဆင့်ကနေ ခုလက်ရှိ ဒွာဒဿမအဆင့် မိစ္ဆာဘုရင် ဖြစ်လာခဲ့တယ်။ သူ့အရည်အချင်းတွေက အတော်လေး အံ့အားသင့်စရာ ကောင်းတယ်။ ဒါကြောင့် တောင်ဘက်မြေရဲ့ မြောက်ပိုင်း လူတွေနဲ့ အနီးဆုံးနေရာကို ယူထားတယ်။ ဝိညာဉ်မြစ်ကြောင့် လောကကြီးထဲက ကျင့်ကြံသူတွေက ဘယ်တုန်းကမှ တောင်ပိုင်းမြေဆီ ဖြတ်မလာနိုင်ခဲ့ဘူး။ ပြီးတော့ မိစ္ဆာသားရဲတွေမှာက သူတို့ကိုယ်ပိုင် ဝိညာဉ်မြစ်ထဲက ဓာတ်ကြီးငါးပါးဝိညာဉ်ချီကို ရှင်းထုတ်နိုင်တဲ့ မိစ္ဆာအရှိန်အဝါရှိတာကြောင့် ဝိညာဉ်မြစ်က မိစ္ဆာသားရဲတွေအတွက် ခြိမ်းခြောက်မှုမရှိဘဲ သူတို့ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာစေတယ်။ ဒါကြောင့် ဒါက သူတို့အတွက် သဘာဝ ဘေးကင်းတဲ့ ခိုလှုံရာဖြစ်လာတယ်။

နေရာနဲ့ ဝိညာဉ်မြစ်က နီးလာလေ မိစ္ဆာသားရဲတွေက အဲမှာနေချင်ကြလေပဲ။ သူတို့ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာကာ ကျင့်ကြံသူတွေနဲ့ သေမျိုးတွေကို အမဲလိုက်လို့ရစေပြီး အဆင့်ပိုမြင့်တဲ့ကျင့်ကြံသူတွေ သူတို့နောက်လိုက်ရင်တော့ ဝိညာဉ်မြစ်နောက် ပုန်းလို့ရစေတာကြောင့်လေ။

ဒါပေမဲ့ ဒါကြောင့်နဲ့ ဝိညာဉ်မြစ်နဲ့ပတ်လာ် ကီလိုမီတာရာချီအတွင်းမှာ လူတွေမရှိတော့ဘူး။ အဆင့်မြင့်ကျင့်ကြံသူတွေတောင် လာစရာမရှိဘဲမလာကြဘူး။ ဝိညာဉ်ချီအပြည့်နဲ့ လူတွေကို စားသောက်ပြီး သူတို့ကျင့်ကြံဆင့်ကို မြန်မြန်မြှင့်ဖို့ မိစ္ဆာမျိုးနွယ်က တစ်ခါတလေ သားရဲလှိုင်းကြီးတစ်ခုကို လုပ်ကာ မိစ္ဆာတွေက ပိုပြီးဝေးတဲ့ဒေသတွေမှာ အမဲလိုက်ကြတယ်။ သူတို့က လူတွေကိုအငိုက်ဖမ်းဖို့ သားရဲလှိုင်းလုပ်တဲ့အချိန်က မတိကျ။ ပြီးတော့ ဒီနေ့က သားရဲလှိုင်းနေ့။

ဒီတစ်ကြိမ် မိစ္ဆာဘုရင်ရဲ့ပစ်မှတ်က ကီလိုမီတာအနည်းငယ်ကွာဝေးတဲ့ အမတမြို့ပဲ။ သူတို့တွေက အမတမြို့က လူဦးရေထူထပ်ပြီး အများစုက ကျင့်ကြံသူတွေဆိုတာ သိပြီးကြပြီ။ သူတို့ နတ်ဝိညာဉ်ကျင့်ကြံသူတချို့ကိုသာဖမ်းနိုင်ရင် တေရသမ အဆင့်ကို တက်လှမ်းနိုင်ဖို့ အထောက်အကူဖြစ်မှာ။

အစကတော့ သူ အမတမြို့ကို မတိုက်ခိုက်ရဲခဲ့ဘူး။ ဒါပေမဲ့ ခုတလော မြို့ကိုကာကွယ်‌ဖို့ တာဝန်ယူနေကျ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက ရုတ်တရက် အသည်းအသန် မြို့ကနေ ပြန်သွားကာ နတ်ဝိညာဉ်ကျင့်ကြံသူတစ်ဝက်ကျော်ကိုပါ သူတို့နဲ့ခေါ်သွားတယ်ဆိုတဲ့ သတင်းရခဲ့တယ်။ ဒါကောင်းကင်က ပေးတဲ့အခွင့်အရေးပဲ။

ဝံပုလွေဘုရင်က သူ တေသရမအဆင့်ဆီ မြင့်တက်ပြီး တောင်ဘက်မြေထဲက မိစ္ဆာအားလုံးရဲ့ တစ်ယောက်တည်းသော ဘုရင်ဖြစ်လာမဲ့နေ့ကို မြင်ပြီးလုနီးပါးဖြစ်နေတဲ့ပုံ။ ဝံပုလွေဘုရင်က မိစ္ဆာသောင်းချီကို စုဆောင်းထားတာကြာလှပြီ။ ပြီးတော့ သူက အချိန်ကွက်နိ အတည်ပြုပြီးတာနဲ့ သားရဲတွေကို တောင်ဘက်မြေအပြင်က လူသားတွေဆီ ဦးဆောင်ဖို့ ‌ဧကဒသမအဆင့်မိစ္ဆာဘုရင်တွေနဲ့ သဘောတူညီပြီးပြီ။

ဒါပေမဲ့ သူတို့ တိုက်ခိုက်မဲ့အချိန်ကို အတည်မပြုခင် မိစ္ဆာလေးတစ်ကောင်က ညီလာခံခန်းမထဲ အသည်းအသန် ပြေးဝင်လာကာ သူတို့စကားဝိုင်းကို နှောင့်ယှက်လေတယ်။

"အရှင်မင်းကြီး၊ မ... မကောင်းတော့ပါဘူး မကောင်းတော့ပါဘူး" မိစ္ဆာလေးက အလောတကြီး ပြေးလာကာ မျက်နှာမှာ ထိတ်လန့်မှုပြည့်။ သူ့ခြေလှမ်းတွေက မတည်ငြိမ်လွန်းလို့ ခြေချော်ကာ ကြမ်းပြင်ပေါ် လဲကျသွားလေတယ်။

"အော်ဟစ်နေတာ တော်တော့" ဝံပုလွေဘုရင်က မိစ္ဆာလေးကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။

"ငါ ရောင်းရင်းမိစ္ဆာဘုရင်တွေနဲ့ ကိစ္စတွေ ဆွေးနွေးနေတုန်း မနှောင့်ယှက်နဲ့လို့ မပြောထားဘူးလား"

"အဲ... အဲလိုမဟုတ်ပါဘူး အရှင်မင်းကြီး တစ်စုံတရာ... ဖြစ်သွားလို့ပါ" မိစ္ဆာလေးက ပိုပြီးတောင် ယောင်ယတ်ခတ်နေတယ်။ သူ့မိစ္ဆာကိုယ်က ‌ကြမ်းပြင်ပေါ် တိုးဝှေ့နေကာ အနည်းငယ်တုန်ယင်နေလေရဲ့။

"အရေးကြီးတာမဟုတ်ရင် ငါမင်းကို စားပစ်မယ်" မိစ္ဆာဘုရင်က ဖိနှိပ်မှုကို ခြိမ်းခြောက်သလိုမျိုး လွှင့်ထုတ်လာတယ်။

မိစ္ဆာလေး ပိုပြီးတောင် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ဆိုးဆိုးရွားရွား တစ်ခုခုကို သတိရသွားသလိုမျိုး အပြင်ကို လက်ညှိုးထိုးပြတယ်။

"ကျင့်... ကျင့်ကြံသူ တချို့... ဖောက်ထွင်းဝင်ရောက်လာလို့ပါ"

"လူသားကျင့်ကြံသူတွေက ဖောက်ဝင်လာတယ်" ဝံပုလွေဘုရင်က ခဏတာမှင်တက်သွားကာ အသည်းအသန်ရယ်တော့တယ်။ "ဟားဟားဟား... သေရမှာမကြောက်ဘဲ တောင်ဘက်မြေဆီ လာရဲတဲ့ ကျင့်ကြံသူတွေ တကယ်ရှိတာပေါ့၊ ကောင်းသောလာခြင်းပဲ"

သူ့ကြည့်ရတာ ပျော်မြူးနေကာ မိစ္ဆာလေး ပြေတာာကို လုံးဝဂရုမစိုက်။

"အမတမြို့ကို မတိုက်ခိုက်ခင် ငါတို့အလံကို ယဇ်ပူဇော်မှုအဖြစ် သူတို့ကို စားပါရစေ" သူက စကားပြောရင်း အသားအရသာကို ခံလိုက်သလိုမျိုး ချွန်ထက်နေတဲ့သွားကို သပ်ပြီး မိစ္ဆာလေးကိုပြောလိုက်တယ်။

"ငါ့ကိုပြော၊ လူက အခုဘယ်မှာလဲ၊ သူက ဝိညာဉ်မြစ်နား ရှိနေသေးလား"

"ဟင့်... ဟင့်အင်း" မိစ္ဆာလေးက ဖြူဖပ်ဖြူရော် ဖြစ်နေတယ်။

"သူတို့က... နန်းတော်အပြင်ရောက်နေပါပြီ"

"ဟမ့်၊ ဒါဆို သူတို့မှာ အစွမ်းတချို့တော့ရှိသားပဲ" ဝံပုလွေဘုရင်က အေးစက်စွာ နှာမှုတ်လေတယ်။

"ဒါပေမဲ့ သူတို့က အချိန်ကောင်းမှာလာတာမဟုတ်ဘူး၊ ငါ့တပ်တွေကိုရေတွက်ချိန်နဲ့ ကြုံနေတယ်၊ ငါ့မိစ္ဆာစစ်တပ်က အပြင်မှာ သောင်းချီရှိတယ်၊ သူ့မှာ တောင်ပံတွေရှိရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

"အရှင်... အရှင်မင်းကြီး၊ မိစ္ဆာစစ်တပ်က မရှိ... မရှိတော့ပါဘူး" မိစ္ဆာငယ်လေးက လေထဲက ဖယောင်းတိုင်မီးလို တုန်ယင်နေရှာတယ်။

"မရှိတော့ဘူးဆိုတာ ဘာဆိုလိုတာလဲ" ဝံပုလွေဘုရင်က အဓိပ္ပာယ်ကိုနားမလည်လို့ ကြောင်အမ်းသွားတယ်။

"မိစ္ဆာစစ်တပ်သောင်းချီ... တစ်ယောက်မှ... တစ်ယောက်မှ မကျန်ရစ်ခဲ့ပါဘူး"

"ဘာ ငါ လွန်ခဲ့တဲ့ ၁၅မိနစ်ကတင် သူတို့ကို စစ်ဆေးခဲ့ပါသေးတယ်၊ ဘယ်လိုလုပ် သူတို့အားလုံး မရှိတော့ရမှာလဲ"

"တကယ်ပါ သူတို့... သူတို့ အဲဒီ... အဲဒီကျင့်ကြံသူတွေ သတ်တာခံလိုက်ရတာ"

"အဓိပ္ပာယ်မရှိတာ" မိစ္ဆာဘုရင်က လက်တစ်ဖက်ကို ယမ်းကာ လေပြင်းဓားတစ်ချောင်းနဲ့ မိစ္ဆာငယ်လေးကို အခန်းတစ်ဖက်ဆီ လွင့်ထွက်သွားစေလိုက်တယ်။ သူက ဒေါသတကြီး ထရပ်ကာ သူ့ဘေးက မိစ္ဆာဘုရင်တွေကို ဂရုမစိုက်တော့ဘဲ ညီလာခံခန်းမကနေ တန်းထွက်သွားတယ်။

"ဘယ်လိုကျင့်ကြံသူက ငါ့မိစ္ဆာစစ်တပ်ကို တားနိုင်တယ်လို့ မင်းစိတ်ရူးပေါက်ပြီး တွေးရလောက်တဲ့အထိ ခြောက်လှန့်နိုင်လဲ ကြည့်ရသေးတာပေါ့"

အဲလိုပြောပြီး သူက အသာလေး ညီလာခံခန်းမထဲက အသံလုံဂါထာကို ဖယ်ပြီး အပြင် တန်းထွက်လိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ မိစ္ဆာအရှိန်အဝါတွေ လုံးဝလွှတ်ထုတ်ကာ အော်လေတယ်။

"ဘယ်သူက အရဲတင့်ပြီးလာရဲ... အို့"

သူ စကားမဆုံးခင် ကြီးမားတဲ့ မိစ္ဆာသားရဲကြီးတစ်ကောင်က ကောင်းကင်က ရုတ်တရက်ကျလာပြီး သူ့မိစ္ဆာတစ်ကိုယ်လုံးကို အောက်မှာဖိချထားလေတယ်။

သူ မတုံ့ပြန်နိုင်ခင် ဓားအလင်းတစ်ချက်က ချက်ချင်းကျလာတယ်။ ပြီးတော့ အဲအရောင်လက်မှုနဲ့အတူ တစ်စုံတစ်ခုက သံချောင်းတစ်‌ချောင်းလို ချက်ချင်းထိုးဖောက်သွားကာ သားရဲကိုရော အောက်က မိစ္ဆာဘုရင်ကိုပါ ထိုးဖောက်သွားလေတယ်...။

ပြီးတဲ့နောက်... ဘာမှဆက်မဖြစ်တော့ဘူး။

မိစ္ဆာဘုရင်နောက် လိုက်လာသော မိစ္ဆာဘုရင်သုံးယောက် ။ ။ "..."

စက္ကန့်ပိုင်းအတွင်း သူတို့မျက်နှာတွေ ဖြူဖျော့ကုန်တယ်။ သူတို့ ကောင်းကင်ကို အလိုလိုမော့ကြည့်လိုက်တော့ ဓားအရှိန်အဝါအပြည့်နဲ့ ကောင်းကင်ကြား ထူးဆန်းတဲ့ အဖြူရောင် သဏ္ဌာန်နှစ်ခုက ဖြည်းဖြည်းချင်း ဆင်းသက်လာကာ ကြောက်ခမန်းလိလိ ဖိနှိပ်မှုတစ်မျိုး သယ်ဆောင်လာပြီး သူတို့ကို ရေကြီးသလို လွှမ်းခြုံသွားခဲ့တယ်။

မိစ္ဆာသားရဲဘုရင်သုံးယောက် တုန်ယင်သွားကြကာ လျှပ်စီးလိုမြန်တဲ့အရှိန်နဲ့ ဒူးထောက်ကုန်ကြတယ်။

"ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ၊ ကြီးမြတ်တဲ့ အမတ ကျွန်တော်တို့ တောင်းပန်ပါတယ်"

ကူယွဲ့နဲ့ယိချင်းတို့ ခဏမှင်တက်သွားပြီး မြေပြင်ဆီရောက်တော့ သူတို့ ညီလာခံခန်းမရှေ့က မိစ္ဆာအလောင်းပေါ် တက်နင်းမိသွားတယ်။ ယိချင်းက အဲဒီသားရဲဘုရင်တွေကို ဂရုမထားဘဲ အလောင်းထဲက ဝိညာဉ်ဓားကို အေးအေးဆေးဆေးပြန်ဆွဲထုတ်လိုက်တယ်။

ကူယွဲ့က သုံးယောက်သားကို ပြုံးပြတယ်။

"မင်းတို့က လူအသွင်ပြောင်းနိုင်တဲ့ ဧကဒသမအဆင့် မိစ္ဆာသားရဲတွေမလား"

"ဟုတ်ပါတယ်... ကြီးမြတ်တဲ့အမတ" သုံးယောက်သား တုန်ယင်နေရှာတယ်။

"ဒါဆို မင်းတို့အားလုံးက ဒီနေရာကိုအုပ်ချုပ်နေတဲ့ မိစ္ဆာဧကရာဇ်လား"

"မဟုတ်... မဟုတ်ပါဘူး... ကျွန်တော်တို့ မဟုတ်ပါဘူး ကျွန်တော်တို့ မဟုတ်ပါဘူး" သုံးယောက်သား ခေါင်းကို အသည်းအသန်ယမ်းကြတယ်။

"ဒါဆို မိစ္ဆာဧကရာဇ်ဘယ်မှာလဲ"

"..." မျက်နှာ၃ခုကဖြူဖျော့သွားကာ သူတို့အကြည့်တွေက ခြေထောက်အောက်က နေရာကို ရောက်သွားကြတယ်။ အတော်လေးကို ကြောက်လန့်နေတဲ့ အကြည့်တွေနဲ့

အဲတော့မှ နှစ်ယောက်သား တစ်ခုခုလွဲနေတယ်ဆိုတာ နားလာ်သွားတယ်။ သူတို့အကြည့်ချင်းဖလှယ်ကာ သားရဲကျော‌ကနေ ပြန်‌ခုန်ထွက်လိုက်တယ်။ ယိချင်းက အမြီးကိုတန်းဆွဲကာ လှန်လိုက်ပြီး ချက်ချင်းမှင်တက်သွားတယ်။

"ဟေး၊ ဘာလို့ အောက်မှာ နောက်တစ်ယောက် ရှိနေတာလဲ" သူ စောနက မမြင်လိုက်ဘူး

နှစ်မီတာရှည်တဲ့ ဝံပုလွေမိစ္ဆာက သားရဲကြီးအောက် ပိနေလေတယ်။ အသက်မရှူတော့ဘဲ သူ့ကိုယ်က ပြားချပ်နေပြီ။ ကြည့်ရတာ အသားကို ချက်လို့မရတော့လောက်ဘူး။ နှမြောစရာ

"ဒါ... မိစ္ဆာဧကရာဇ်လား" ကူယွဲ့ ကြောင်အမ်းသွားတယ်။

(⊙_⊙)

မိစ္ဆာဘုရင်သုံးယောက်က ဆန်စေ့ဆိတ်နေတဲ့ ကြက်တွေလို အတူတူ ခေါင်းညိတ်ကြတော့တယ်။

"အာ..."

ဒါ ဘယ်လောက်တောင် စွမ်းရည်မရှိလိုက်တာပါလိမ့် ပွဲထဲမဝင်ခင် သေရတယ်လို့ သူတို့တွေက မျိုးစိတ်နှစ်ခု ဖော်ဖော်ရွေရွေ စကားစမြည်ပြောပြီး တောင်ပိုင်းမြေက သူတို့ စားဝတ်နေရေးကိစ္စနဲ့ သွားလာရေးကိုဖြေရှင်းဖို့ စီစဉ်ထားခဲ့တာလေ သူတို့ အခု ဘယ်သူ့ကို သွားပြောရတော့မှာလဲ။

"ခု ဘာလုပ်မလဲ" ယိချင်း ဓားကိုသိမ်းကာ မေးလိုက်တယ်။

ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူတို့တခြားဘာလုပ်နိုင်မှာလဲ။ ခေါင်းဆောင် သေသွားပြီဆိုတော့ သူတို့ အလဟဿ လာမိခဲ့တာပေါ့။

သူ မြေကြီးပေါ်က သေနေတဲ့ ဝံပုလွေမိစ္ဆာကို ငုံ့ကြည့်လိုက်တယ်။ သေသွားပြီဆိုပေမဲ့ သွေးနံ့ပြင်းပြီး အတော်ကြာတဲ့ထိ မပျောက်သေးတဲ့ အငြိုးအတေးစွမ်းအင်တွေ ရှိနေသေးတယ်။ ဒီလောက်ထူထဲတဲ့ အငြိုးအတေးစွမ်းအင်ရလောက်တဲ့အထိ သူ လူဘယ်နှစ်ယောက်တောင် စားပြီးပြီလဲ မခန့်မှန်းနိုင်ဘူး။ အတိတ်တုန်းက လုံးဝသန့်ရှင်းခဲ့တဲ့ ယုန်နဲ့ယှဉ်ရင် ဒီမိစ္ဆာဘုရင်က အများကြီးပိုဆိုးဝါးလွန်းတယ်

...

အခန်း ၄၆၇ ။ ယုန်တစ်ကောင်ရှာ

မိစ္ဆာတွေက လူကျင့်ကြံသူတွေနဲ့မတူ သူတို့မွေးလာတည်းက သားရဲသဘာဝပါလာတာကြောင့် သူတို့အတွက် စိတ်နတ်ဆိုးလိုမျိုးအရာတွေ မရှိ။ ဒါပေမဲ့ တစ်ကောင်က အချည်းနှီးသေသွားရတဲ့ လူတစ်ယောက်ကို စားမိရင် သူ့ကိုယ်ပေါ် အငြိုးအတေးစွမ်းအင် ပေါ်လာပြီး သူတို့ကို အမတဘုံဝင်ရောက်မှာကနေ တားမြစ်လိုက်လေတယ်။ တက်လှမ်းမှုဝဋ်ကြွေးချေခြင်းက မိစ္ဆာသားရဲတစ်ကောင်ရဲ့ အငြိုးအတေး စွမ်းအင်အားလုံးကို သန့်စင်ပစ်မယ်။ ဒါကြောင့် မိစ္ဆာသားရဲတစ်ကောင် ကျင့်ကြံဆင့် ဘယ်လောက်မြင့်မြင့် လူတွေကို စားသရွေ့ ဆယ်ယောက်မှာ ၈ယောက်၊ ၉ယောက်လောက်က မိုးကြိုးမှန်ပြီး သေကြမှာ။ ဒါကလည်း မိစ္ဆာအမတတွေ နည်းရတဲ့အကြောင်းရင်းပဲ။

သူတို့ စောနကလာခဲ့တဲ့နေရာကနေ ဒီမှာ မိစ္ဆာသောင်းချီရှိတယ်ဆိုတာ နားလည်ခဲ့တယ်။ သူတို့တွေက တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် စားဖိုမှူးက ကောင်းကင်မျိုးနွယ်ကလေ။ ပြီးတော့ အကြီးမားဆုံး မိစ္ဆာသားရဲဆောင် ကောင်းကင်ဖိနှိပ်မှုထုတ်လွှင့်ခြင်းအောက်မှာ ဒူးထောက်ရတာပဲ။ ဒါပေမဲ့ ကံမကောင်းတာက သူတို့ရောက်လာချိန် မိစ္ဆာတစ်သိုက်က စားစရာအတွက် တိုက်ခိုက်နေကြတာ။ သေချာကြည့်လိုက်တော့ ၁၀နှစ်မပြည့်သေးပုံရတဲ့ သေမျိုးကလေးတစ်ယောက် ပြီးတော့ အသက်မရှူတော့ဘူး။ ဒေါသပေါက်ကွဲမှုနဲ့အတူ သူက သွေးသံရဲရဲ အငြိုးအတေးစွမ်းအင်အပြည့်နဲ့ အဲသားရဲကြီးတွေအားလုံးကို သတ်ပစ်ခဲ့တာ။

ကြည့်ရတာ တောင်ဘက်ပိုင်းမြေရဲ့ သဘာဝပထဝီက ဒီမိစ္ဆာသားရဲတွေကို ကာကွယ်ပေးသလို ဆိုးယုတ်မှုဆီလည်း ဦးတည်စေခဲ့တယ်။ ယုန်ကြောင့် သူတို့ကို အရင်ကထင်ခဲ့တဲ့ မိစ္ဆာမျိုးနွယ်အထင်အမြင်က ဒီကမ္ဘာငယ်မှာ လုံးဝအသုံးချလို့မရ။ နှစ်ဖက်လုံးက မိစ္ဆာဖြစ်ပေမဲ့ ဘာကြောင့် ဒီအုပ်စုက အဲလောက်ဆိုးရတာလဲ။

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ယုန်က မိစ္ဆာအားလုံးရဲ့ဧကရာဇ်ဖြစ်လာပြီး မိစ္ဆာလောကကို အစီအစဉ်ကျကျ ပြင်တင်နိုင်ခဲ့တာက ရှန်းရင်ကျေးဇူးကြောင့်လည်းပါတယ်။ သူ့အရင်တုန်းက လူသားစားတဲ့ မိစ္ဆာတွေတကယ်တော့ အများကြီးပဲ။

ကူယွဲ့ တုန်ယင်နေတဲ့သားရဲဘုရင်၃ယောက်ဘက် လှည့်လိုက်တယ်။ ဖြစ်နိုင်တာ ဒီသားရဲတွေက လူသားစားတာထက် သဘာဝအရင်းအမြစ်တွေကို ပိုသဘောကျလို့ထင် သူတို့ကိုယ်ပေါ် သွေးသံရဲရဲအငြိုးအတေးစွမ်းအင်မရှိ။

"ရှန်းရင်ဆီ အရင်ပြန်ကြရအောင်" ကူယွဲ့ ကောင်းကင်ကိုကြည့်ကာ စားဖိုမှူးကိုပြန်ပြောလိုက်တယ်။

"နောက်ကျနေပြီ၊ တကယ်လို့ ငါတို့ မပြန်ရင် တစ်ယောက်သောသူ ထပ်ပျောက်သွားလိမ့်မယ်"

"အင်း" ယိချင်း ကန့်ကွက်ချက်မရှိ။ သူ တန်းပြီး ဘေးကမိစ္ဆာသားရဲကို ကောက်ယူကာ သူ့သိုလှောင်အိတ်ထဲ ထိုးထည့်ပြီး ဓားပေါ်ပျံတက်သွားလေတယ်။

ကူယွဲ့ မိစ္ဆာနန်းတော်ပတ်လည်က မိစ္ဆာသားရဲတွေကိုကြည့်ကာ မြေပြင်ပေါ်က သုံးယောက်ဘက် လှည့်လိုက်တယ်။ "မင်းတို့၃ယောက်"

"ဟုတ်... ဟုတ်" သုံးယောက်က အလောတကြီး ပိုပြီးတောင် ဦးညွှတ်သွားတယ်။

"ဒီမှာ ညစ်ပတ်လွန်းတယ်၊ သန့်ရှင်းထား၊ လေးနာရီအတွင်း ဝိညာဉ်မြစ်ဘေးဆီ လာခဲ့၊ ပြောစရာရှိတယ်၊ ဟုတ်တာပေါ့..." ကူယွဲ့မျက်လုံးတွေ မှေးသွားတယ်။

"မင်းတို့ မလာဖို့ ရွေးလို့ရတယ်"

သုံးယောက်သား ရင်ထဲအေးစိမ့်သွားကာ နောက်တစ်ကြိမ် တုန်ယင်ကုန်ပြီး အသည်းအသန် ခေါင်းညိတ်လေတယ်။ "ဟုတ်၊ ကြီးမြတ်တဲ့ အမတ ကျွန်တော်တို့ သေချာပေါက် လာဖြစ်ပါ့မယ်"

အဲတော့မှ ကူယွဲ့က တစ်ဖက်လှည့်ကာ သူ့ဝိညာဉ်ဓားကို ဆွဲထုတ်တယ်။ သူ လေထဲ တက်သွားတုန်းရှိသေး သူတစ်စုံတစ်ခုကို အမှတ်ရသွားတယ်။ သူ လှည့်ပြီး တောင်းဆိုလိုက်တယ်။

"အော်ဟုတ်သား၊ လာရင် ယုန်တစ်ကောင်ပါ ခေါ်လာခဲ့" နောက်တော့ သူက ပျံထွက်သွားပါလေရော။

သုံးယောက်သား ။ ။ "..."

ဘာဆိုလိုတာလဲ။

ဘာလို့ ယုန်တစ်ကောင်ခေါ်လာရမှာလဲ၊ စားဖို့လား။

ဒါဆို အရှင်လိုချင်တာလား၊ အသေလား။

ကြီးမြတ်တဲ့အမတ၊ ကျေးဇူးပြုပြီး ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးလို့ရမလား။

——————

ကူယွဲ့နဲ့ ယိချင်း ပြန်ရောက်လာချိန် ရှန်းရင်က ကျောက်တုံးတစ်ခုပေါ် ထိုင်နေပြီး လိမ်လိမ်မာမာနဲ့ အသီးကိုက်စားနေတယ်။ ဖက်တီးက သူမဘေးလှဲကာ တစ်ကိုယ်လုံး စိုရွှဲနေတယ်။ သူက ရေတွေအများကြီး သောက်မိသွားလို့ထင် ဒီတစ်ချိန်လုံး မနိုးလာ။ စားသောက်ရင်း ရှန်းရင်က ဖက်တီးအတွက် အရေးပေါ်အသက်ကယ်လုပ်ပေးဖို့ စိတ်အခြေနေတော့ ရှိသေးရှာတယ်။ သူ တစ်ကိုက်ကိုက်တိုင်း သူမက ဖက်တီးဗိုက်ကို တစ်ချက်ပုတ်ပေးတယ်။ ဖက်တီးက စည်းချက်ကျတဲ့ ရေပန်းလို ရေကို ပန်းထုတ်ရှာတယ်။ မြေကြီးပေါ် ရေအိုင်တစ်ကွက်တောင်ရှိနေပြီ။ သူ အန်ထုတ်နေတာ ဘယ်လောက်ကြာပြီလဲ မသိ။

ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ နောက်ဆုံးတော့ လျှောက်သွားပြီး ရှန်းရင်ကို တားလိုက်တယ်။

"ဆက်ပြီးပုတ်နေ၊ ဖက်တီး သူ့သည်းခြေရေတွေပါ အန်ထုတ်တော့မယ်"

ရှန်းရင် နောက်ဆုံးတော့ သူမလက်ကို ပြန်ရုပ်ပြီး မျက်လုံးတွေ တောက်ပကုန်တယ်။ "နင်တို့ အလုပ်ကိစ္စပြီးပြီလား"

"အင်း" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "အခြေအနေက ငါတို့ထင်ထားတာထက် ပိုနေတယ်၊ နည်းနည်းရှုပ်ထွေးတယ်" အစက ဝိညာဉ်မြေကြောင့် တောင်ဘက်မြေရဲ့ မိစ္ဆာသားရဲတွေနဲ့ လူတွေကြား ထာဝရပိုင်းခြားထားမှုနဲ့ သူတို့ ယုန်တောင်စီမံနိုင်ခဲ့တဲ့ မိစ္ဆာလောကကို ပိုကြင်နာသင့်တယ် ထင်ခဲ့တာာ။ ‌ပြောင်းပြန်ဖြစ်နေမယ် မထင်ခဲ့ဘူး။ မိစ္ဆာစစ်တပ်‌တွေကြား သွေးသံရဲရဲ အငြိုးအတေးစွမ်းအင်က မျက်စိကျိန်းစရာကောင်းလောက်အောင် ထူထဲနေမယ်မထင်ခဲ့ဘူး။

"အိုး" ရှန်းရင်က ခေါင်းညိတ်ကာ မေးတယ်။ "ဒါဆို ငါတို့ ညစာစားကြမလား"

မိစ္ဆာဘုံအနာဂတ်အကြောင်း ဆွေးနွေးမဲ့ကူယွဲ့ ။ ။ "..."

ဒါဆို ဒါ မင်းမေးချင်တာက သောက်ကျိုးနည်းဒါလား။

"ဆရာ မကြာခင် ညစာအဆင်သင့်ဖြစ်တော့မှာပါ" ယိချင်းကတော့ ကျင့်သားရတာကြာနေတဲ့ပုံ။ သူက မြေကြီးပေါ်ရောက်တာနဲ့ အိုးတွေခွက်တွေထုတ်တော့တယ်။

ကူယွဲ့ ပိုပြီးတောင် မချင့်မရဲလာတယ်။ ဟဲလို ဒါ ဘယ်သူ့မျက်နှာပြင်လဲဟေ။

သူ အသက်ပြင်းပြင်းရှူကာ သူ့နှလုံးသားထဲက ပူလောင်နေတဲ့စိတ်အခြေအနေကို ထိန်းချုပ်ပြီး နောက်ဆုံးတော့ စားပွဲကုလားထိုင်တွေနဲ့ ပန်းကန်လုံး၊ တူတွေ သွားခင်းတော့တယ်...။

သုံးယောက်သား ညစာစားပြီးတဲ့နောက် ဖက်တီးက မနိုးသေး။ ဒါပေမဲ့ မိစ္ဆာသားရဲသုံးယောက်က တကယ်ပဲရောက်ချလာကာ အကြောက်တရားနဲ့တုန်ယင်နေတယ်။ သူတို့နောက်မှာတော့ ယုန်အုပ်ကြီး။ အမွှေးပွယုန်တွေ၊ ခြင်္သေ့ခေါင်းယုန်၊ နားရွက်ရှည်ယုန်တွေနဲ့ အများကြီးပဲ။ ဖြူ၊ မည်း၊ မီးခိုး၊ အဝါနဲ့ ရောင်စုံ။ ပြီးတော့ ဒုတိယ၊ တတိယ၊ စတုတ္ထနဲ့ တခြားကျင့်ကြံဆင့်တွေ။ ချက်ချင်း မြက်ခင်းပြင်တစ်ခုလုံး ယုန်တွေနဲ့ပြည့်သွားခဲ့တယ်။

မင်းတို့တွေ ယုန်တွင်းအားလုံးကို ဒီရွှေ့လာတာလား။

"နှုတ်ခွန်းဆက်သပါတယ်၊ ကြီးမြတ်တဲ့အမတတို့" သားရဲဘုရင်သုံးကောင်က သူတို့ကိုဂါရ၀ပြုတယ်။ သူတို့ကိုယ်တွေက တုန်ယင်နေပြီး ယုန်လေးတွေအဖြစ် ကျုံ့သွားချင်သလိုမျိုး ခေါင်းကို ငုံ့ထားကြလေတယ်။

အလယ်က သားရဲဘုရင်က ပြောတယ်။

"ကြီးမြတ်တဲ့အမတရဲ့တောင်းဆိုမှုအရ ကျွန်တော်တို့ ယုန်တွေနဲ့လာခဲ့ပါတယ်"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဝေဖန်ပြစ်တင်တဲ့အကြည့်နှစ်ခုက ဖေဖေနျိုဆီ တန်းရောက်လာတော့တယ်။

"မင်းတို့ငါ့ကိုဘာလို့ကြည့်နေတာတုံး"

ကူယွဲ့ သူတို့ကိုပြန်စိုက်ကြည့်ပေးလိုက်တယ်။ ယုန်တစ်ကောင်ပဲ ခေါ်လာဖို့ သူပြောခဲ့တာပဲ။ အများကြီး ခေါ်လာမယ်မထင်ခဲ့ဘူးလေ

ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ မြေပြင်ပေါ်က ယုန်တွေအားလုံးကို လှမ်းကြည့်တော့ တကယ်ပဲ သွေးသံရဲရဲ အငြိုးအတေးစွမ်းအင် နည်းနည်းလေးတောင် မတွေ့ရ။ နောက်ဆုံးတော့ ယုန်တွေက ကောင်းတာပဲ သူတို့ကျင့်ကြံဆင့်က အရမ်းနိမ့်နေရုံတစ်ခုပဲ။ အများစုက အသိစိတ်ရကာစ ပထမနဲ့ ဒုတိယအဆင့် ယုန်ပေါက်လေးတွေ။ ပိုမြင့်တာတွေက ပဉ္စမနဲ့ ဆဋ္ဌမအဆင့်တွေ ဖြစ်ပြီး အရမ်းကိုနည်းတယ်။ အင်း၊ ဒါက ရည်မှန်းချက်ကြီးတဲ့ ယုန်အုပ် ဖြစ်ပုံမပေါ်ဘူး။

သူက သူတို့ကို အကြိမ်ရေတချို့ဝေ့ဝဲကြည့်ပြီးမှ ကျင့်ကြံဆင့်အမြင့်ဆုံးတစ်ကောင်က အလယ်က သတ္တမအဆင့် နားရွက်ရှည်ယုန်ဖြူတစ်ကောင်ဆိုတာ အတည်ပြုလိုက်တာမို့ လက်ညှိုးထိုးလိုက်တယ်။

"အဲသတ္တမအဆင့်ယုန်နေခဲ့၊ ကျန်တဲ့ယုန်တွေ သွားလို့ရပြီ"

"ဟုတ်ကဲ့ ကြီးမြတ်တဲ့အမတ" သားရဲဘုရင်က လက်သီးဆုပ်ကာ ‌ပြန်ဖြေပြီး မြေပြင်ပေါ်က ယုန်တွေကို လှည့်အမိန့်ပေးလိုက်တယ်။

ယုန်တွေက လှည့်ကာ တောအုပ်ထဲ ခုန်ဆွခုန်ဆွပြေးဝင်သွားကြတယ်။ သူတို့က သူ စကားကို နောင်တရမှာစိုးရိမ်တဲ့ပုံစံမျိုးနဲ့ အင်မတန်မြန်ဆန်စွာ ထွက်သွားကြတယ်။ နေခဲ့ရတဲ့ယုန်က ပိုပြီး‌တောင် ကြောက်လာတယ်။ သူက မြေကြီးဆီ ခေါင်းကိုဖိကာ အဆက်မပြတ် တုန်ယင်နေရှာတယ်။

"မင်းတို့၃ယောက်က ဒီတောအုပ်ရဲ့ သားရဲဘုရင်တွေလား" ကူယွဲ့ ၃ယောက်ကို လှည့်မေးလိုက်တယ်။

၃ယောက်ကပြိုင်တူ ခေါင်းညိတ်တယ်။ "ဟုတ်ကဲ့... ကြီးမြတ်တဲ့အမတ၊ ဟုတ်ပါတယ် ကျွန်တော်တို့ပါ"

"မင်းတို့က သားရဲဘုရင်တွေဆိုမှတော့ မိစ္ဆာဘုရင်ကို နားထောင်ရတာ ဘာလို့ လက်ခံနေတာလဲ"

စောနက ဝံပုလွေဘုရင်က ဒွာဒသမအဆင့်ဖြစ်ပေမဲ့ သားရဲဘုရင်က ၃ကောင်လေ။ ပြီးတော့ ဝိညာဉ်သားရဲတွေက ကိုယ်ကာယပိုင်းအားသာချက်နဲ့ မွေးဖွားလာတာ။ မိစ္ဆာမျိုးနွယ်ကို မကြောက်သင့်ဘူးလေ။ ဒါပေမဲ့ ဒီဝိညာဉ်သားရဲတွေကို ကြည့်ရတာ သူတို့အဆင့်က မိစ္ဆာမျိုးနွယ်ထက် နိမ့်ပါးပုံပဲ။ ဥပမာ စောနက လေပြင်းသားရဲက နဝမအဆင့်ဆိုပေမဲ့ စိတ်ပါလက်ပါနဲ့ ဆဋ္ဌမအဆင့်မြွေမိစ္ဆာအတွက် ခစားနေတဲ့အပြင် စာချုပ်ချုပ်ထားတာမဟုတ်တဲဘ နည်းလမ်းနဲ့။

မိစ္ဆာဘုရင်သုံးကောင်က တစ်ယောက်ကို တစ်ယောက်ကြည့်ကြတယ်။ ဒီလိုမေးခံရတာ ထူးဆန်းတဲ့ပုံနဲ့။ အတော်ကြာတဲ့နောက် သားရဲဘုရင်ကပြန်ဖြေတယ်။

"ကြီးမြတ်တဲ့အမတ၊ အဲဒါက မိစ္ဆာမျိုးနွယ်က ကျွန်တော်တို့ ဝိညာဉ်ဆေးပင်တွေကို ပုံမှန်နေ့ရက်တွေမှာ တခြားသူတွေ ခိုးခံရမှာကနေ ကာကွယ်ပေးလို့ပါ၊ အဲဒါကြောင့် ကျွန်တော်တို့... လူသားကျင့်ကြံသူတွေကို ရင်ဆိုင်ဖို့ သူတို့နဲ့ ပူးပေါင်းရတာပါ"

"အဲတော့ ဒါက ဝိညာဉ်ဆေးပင်တွေအတွက်လား"

"ဟုတ်" သုံးယောက်သားက ဒါ သဘာဝပဲလေဆိုတဲ့ပုံစံနဲ့ ပြိုင်တူခေါင်းညိတ်ကြလေတယ်။

ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ ဒါငတုံးအုပ်စုလား။

...

အခန်း ၄၆၈ ။ မိစ္ဆာဘုရင်အသစ်

ဒါသာမန်ပဲ ဝိညာဉ်သားရဲတွေက သူတို့ကျင့်ကြံဆင့်ကိုမြှင့်တင်ဖို့ ဝိညာဉ်ဆေးမြစ်အမျိုးမျိုးကို စားသုံးကြတာ။ ဒါကြောင့် ရှားပါးတဲ့ ဝိညာဉ်ဆေးမြစ်တွေနားမှာ ဝိညာဉ်သားရဲတွေ ပုံမှန်အားဖြင့်ရှိနေတာ။ ပြီးတော့ လူသားကျင့်ကြံသူတွေနဲ့ မကြယခဏ ပဋိပက္ခဖြစ်တာလည်း ပုံမှန်ပဲ။ ပြီးတော့ မိစ္ဆာမျိုးနွယ်မှာက ဆေးလုံးကျင့်ကြံသူတွေမရှိလို့အစတည်းက ဝိညာဉ်ဆေးမြစ်အများစုမှာ စိတ်မဝင်စားကြဘူး။

ဒီလိုအခြေအနေအောက်မှာ တောင်ဘက်မြေအပြင်ဘက်မှာဆိုရင် ပူးပေါင်းမှုအကြောင်း ပြောတာတော့ဖြစ်နိုင်ပေမဲ့ တောင်ဘက်မြေရဲ့ ဝိညာဉ်မြစ်နဲ့ဆို ကျင့်ကြံသူတွေ လုံးဝဝင်မလာနိုင်ဘူးလေ။

သူတို့ ဘာလို့ ဒီလိုပေါ်တင်အလိမ်ကြီးကိုယုံရတာလဲ။

ခဏ။ ကြည့်ရတာ သားရဲမျိုးနွယ်က ဧကဒသမအဆင့်ရောက်မှ အသွင်ပြောင်းနိုင်ပြီး အသိစိတ်ရကာ သားရဲအားလုံးကိုဦးဆောင်နိုင်ပုံပဲ။ အဲမတိုင်ခင် သူတို့ရဲ့ ပင်ကိုစရိုက်အရ ကျင့်ကြံလို့ပဲရတယ်။ ပထမအဆင့်မှာတင် အသိစိတ်ရတဲ့ မိစ္ဆာမျိုးနွယ်နဲ့ယှဉ်ရင် သူတို့က တကယ်ကိုဆင်းရဲတာပဲ။ အိုင်ကျူအရ အတော်လေးကို အဆင့်မြင့်နေတာ။

ကူယွဲ့က သက်ပြင်းချလိုက်တယ်။ သူက မိစ္ဆာနဲ့ သားရဲတွေကြား အယောင်ဆောင်ငြိမ်းချမ်းရေးကို ထောက်ပြဖို့ ပျင်းလွန်းနေပြီ။

"ထားလိုက်တော့၊ အရင်မိစ္ဆာဘုရင်က သေသွားပြီပဲ၊ က ငါမင်းတို့အားလုံးကို ဒီနေရာခေါ်တာက အခု မိစ္ဆာဘုရင်အသစ် ရွေးဖို့အချိန်တန်ပြီ"

သားရဲဘုရင်တွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ အားလုံး လက်သီးဆုပ် ဂါရ၀ပြုလိုက်ကြတယ်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ညွှန်ကြားပါ ကြီးမြတ်တဲ့အမတ"

"တွေးတာတော့..." ကူယွဲ့ သူတို့ဘေးကို ယပ်တောင်နဲ့ညွှန်ပြလိုက်တယ်။

"ဒီယုန် မဆိုးဘူး"

"..."

ဟမ်။

ခုလေးတင် လေထဲက သစ်ရွက်လေးတစ်ရွက်လို တုန်ခါ‌နေခဲ့တဲ့ယုန်က တောင့်တင်းသွားကာ နောက်ဆုံးတော့ ခေါင်းကို စောင်းလိုက်လေတယ်။ သူ့နီရဲနေတဲ့မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်။

"... ကျွန်တော်လား"

"အမှန်ပဲ" ကူယွဲ့ တန်းထရပ်လိုက်တယ်။ "ခုကစပြီး မင်းက မိစ္ဆာဘုရင်အသစ်ပဲ၊ သေချာပြုမူနေထိုင်"

"အေ့~~" ယုန်က ထိတ်လန့်လွန်းနေလို့ လေပါတက်သွားတယ်။ ပြီးတော့ ခဏတာ ဝိညာဉ်ချီကို ထိန်းချုပ်မှု ကင်းမဲ့သွားတာကြောင့် ဖွတ်ခနဲအသံနဲ့ နဂိုမူလအသွင်ဆီ ပြန်ပြောင်းသွားလေရဲ့။ လက်ဖဝါးအရွယ် သဏ္ဌာန်လေးကနေ လူတစ်ယောက်အရပ်စာ ယုန်ကြီးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

"ကျွန်တော်... အေ့~ ကျွန်တော်... မိစ္ဆာဘုရင်ဖြစ်မှာလား၊ အေ့~"

ယုန်က သူ့နားရွက်တွေ ရှည်လွန်းလို့ နားကြားလွဲတယ်‌ထင်နေတာ။ သူ သူ့ယုန်တွင်းကနေ မောင်းထုတ်ခံရချိန် သေပြီလို့ တွေးခဲ့မိတယ်။ ပြီးတော့ သူ မိစ္တာတပ်သောင်းချီကို သတ်ခဲ့တဲ့ ကြီးမြတ်တဲ့အမတနဲ့ တွေ့ရမယ်ဆိုတာ သိချိန် သူ့နှလုံးသားက စိတ်ဓာတ်ကျမှုနဲ့ ပြည့်နေခဲ့တာ။ မိစ္ဆာလောကရဲ့ အောက်ခြေက ယုန်မိစ္ဆာတစ်ကောင်အနေနဲ့ နေ့ရက်တိုင်းမှာ တခြားမျိုးစိတ်တွေရဲ့ ဝါးမျိုခံရမှာကို စိုးရိမ်နေခဲ့ရတယ်။ သူက သတ္တမအဆင့်ထိ ကျင့်ကြံပြီးပြီဆိုပေမဲ့ ကျင့်ကြံခြင်းက ယုန်မိစ္ဆာတွေထဲ နည်းပါးပြီး ဒါက တခြားမျိုးစိတ်တွေအတွက်တော့ အလယ်အလတ်ပဲ။ အများဆုံးမှ သူအသက်နဲ့ကိုယ် အိုးစားမကွဲအောင် မြန်မြန်ပြေးနိုင်ဖို့ ကူညီနိုင်ရုံပဲရှိမှာ။

ပြီးတော့ အခု သူဘာကိုကြားနေရတာလဲ။ ကြီးမြတ်တဲ့အမတ မိစ္ဆာတွေအားလုံးကို ဦးဆောင်နိုင်တဲ့ဟာမျိုးလေ။ သူ အိပ်မက်မက်နေတာလား။ ဒါပေမဲ့ သူ့အကောင်းဆုံးအိပ်မက်‌တွေက မုန်လာဥတချို့ပဲ ဖြစ်ခဲ့တာ။ ဘယ်တုန်းက ဒီလိုဟာမျိုးကို အိပ်မက်မက်ဖူးလို့လဲ။

"ဘာလဲ၊ မင်း မိစ္ဆာဘုရင် မဖြစ်ချင်ဘူးလား" ကူယွဲ့ သူ အချိန်အတော်ကြာ ပြန်မဖြေတာ‌မြင်တော့ မေးလိုက်တယ်။ နှစ်ကောင်လုံးယုန်ဖြစ်ရက်နဲ့ ဘာလို့ဒီတစ်ကောင်က အထာမကျတဲ့ပုံစံနဲ့ ကျိုးနွံရတာပါလိမ့်။

"အဲလို... အဲလိုမဟုတ်ပါဘူး အေ့~" ယုန်က ခေါင်းယမ်းလိုက်တယ်။ သု လုပ်ချင်တာ သေချာပေါက်ပေါ့ အဲဒါ မိစ္ဆာဘုရင်ပဲ သူ အသက်ပြင်းပြင်းရှူကာ နှလုံးသားထဲက အကြောက်တရားကို မျိုချလိုက်တယ်။

"ကြီးမြတ်တဲ့အမတ၊ ကျွန်တော်က သတ္တမ... အဆင့်ပဲရှိသေးတာ၊ ကျွန်တော် အများကို မသိမ်းသွင်းနိုင်မှာ စိုးရိမ်မိတယ်"

"အဲဒါစိတ်ချပါ၊ ငါပြောရင်ဖြစ်တယ်" ကျင့်ကြံခြင်းလိုအရာတွေက လေ့ကျင့်မှုနဲ့ ရရှိနိုင်တာပဲလေ။

"ဒါပေမဲ့... ဒါပေမဲ့..." ယုန်က ငိုတော့မဲ့ပုံ။ သူက နှာရှုံ့ကာ အံကြိတ်ပြီးပြောလိုက်တယ်။

"ကျွန်တော့်ကို မျက်နှာသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့အမတ၊ ဒါပေမဲ့ ကျွန်တော့်အရည်အသွေးက အကန့်အသတ်ရှိပြီး နှစ်ရာချီအတွင်း အဋ္ဌမအဆင့်ကို မရောက်နိုင်ခဲ့ဘူး၊ ကျွန်တော့်မှာ အချိန်များများ မကျန်တော့တာမို့... ယုံကြည်မှုနဲ့ မထိုက်တန်မှာ စိုးမိတယ်"

ကူယွဲ့ ခဏမှင်တက်သွားတယ်။ သူ ဘေးက စားဖိုမှူးနဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ သူ ဒီကိစ္စကို မစဉ်းစားမိခဲ့ဘဲ မိစ္ဆာတွေကြား လူသားစားတာတွေနဲ့ ရင်ဆိုင်ပြီး မိစ္ဆာတွေရဲ့ စိတ်ကို မှန်မှန်ကန်ကန် ပြင်ဆင်ဖို့ သတ်သတ်လွတ်သမားကို မြေတောင်မြှောက်ဖို့ပဲစဉ်းစားခဲ့တာ၊ အဲဒါကြောင့် သူက အဆင့်အမြင့်ဆုံးကျင့်ကြံမှုနဲ့ ယုန်တစ်ကောင်ကို ရွေးခဲ့တာပဲ။

"မင်းမှာ အချိန်ဘယ်လောက်ကျန်သေးလဲ" ယိချင်းကရှေ့တက်လာကာ မေးတယ်။

"နှစ်ငါးဆယ်ပါ ကြီးမြတ်တဲ့အမတ" ယုန်က သူ့ခေါင်းကြီးနဲ့ဦးညွှတ်တယ်။

"လုံလောက်တယ်" ယိချင်းက ရုတ်တရက် သူ့သိုလှောင်အိတ်ထဲက အိတ်ကြီးတစ်ထုတ်ကို ထုတ်ကာ ယုန်ဘေး ယူလာပြီး အထဲကပစ္စည်းတွေသွန်ချလိုက်တယ်။ ချလွင်ချလွင်အသံတွေနဲ့အတူ အရောင်မျိုးစုံနဲ့ ဖန်စေ့တွေ အပုံလိုက်ကြီး သွန်ကျလာတယ်။ သူတို့က မြေပြင်မှာ ပြည့်သွားပြီး ယုန်ကို မြှုပ်လုနီးပါး ဖြစ်သွားတယ်။ ဖန်စေ့တွေက တောက်ပတဲ့အလင်းရောင်က ကျနေတဲ့အတူ မှောင်လာတဲ့နေရာကို ထိန်လင်းသွားစေကာ အရောင်မျိုးစုံနဲ့ပြည့်နေခဲ့တယ်။

ဒါတွေက... အတွင်းအမြုတေတွေပဲ။

Σ(°△°|||)

"ဒါတွေက မင်းအဆင့်တက်နိုင်ဖို့ လုံလောက်တယ်မလား" ဒါတွေအားလုံးက အတိတ်မှာတုန်းက သူ တိရစ္ဆာန်လေးတွေကို အမဲလိုက်ချိန် သိမ်းထားခဲ့တာတွေ။

ယုန် ။ ။ "..."

သားရဲဘုရင်များ ။ ။ "..."

ကူယွဲ့ ။ ။ "..."

တစ်အောင့်အကြာ...။

"ဟုတ်ကဲ့ ကြီးမြတ်တဲ့အမတ ပြဿနာမရှိပါဘူး

ကြီးမြတ်တဲ့အမတ ကျွန်တော် ကြိုးစားကျင့်ကြံပြီး သင့်တော်တဲ့ မိစ္ဆာဘုရင်ဖြစ်လာတာ သေချာအောင်လုပ်ပါ့မယ်၊ ခုကစပြီး ကျွန်တော်က အသက်ရှင်ချိန် ကြီးမြတ်တဲ့အမတရဲ့ ယုန်ဖြစ်ပြီး သေဆုံးချိန် ကြီးမြတ်တဲ့အမတရဲ့ ယုန်သေတစ်ကောင်ပါပဲ။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ကောင်းပြီလေ၊ နောက်ဆုံးတော့ သူ အတိတ်ကယုန်နဲ့ ပုံစံ နည်းနည်းလေးတော့ ရှိလာပြီ။ အနည်းဆုံးတော့ ဖားယားတဲ့ကိစ္စမှာပေါ့။

——————

သားရဲဘုရင်သုံးယောက်ရဲ့ ခိုင်မာတဲ့ထောက်ပံ့မှုနဲ့ ယုန်ကအောင်အောင်မြင်မြင် မိစ္ဆာဘုရင် ဖြစ်လာခဲ့တယ်။ ဖြစ်နိုင်တာ ယုန်တွေက သိတတ်တဲ့စွမ်းရည်နဲ့ မွေးလာတာထင်။ သူလုပ်တဲ့ ပထမဆုံးအရာက သူတို့ကို မိစ္ဆာနန်းတော်ဆီ ဖိတ်ကြားတာပဲ။ အစကတော့ သူက သူတို့ကို အကြီးဆုံးနန်းတော်မှာ နေရာချပေးချင်ပေမဲ့ စားဖိုမှူးက ငြင်းကာ အကြီးဆုံးမီးဖိုချောင်နဲ့ အနောက်နန်းဆောင်ကိုပဲ ရွေးချယ်လေတယ်။

ကူယွဲ့ မိစ္ဆာမျိုးနွယ်ရဲ့ ပြန်လည်တည်ဆောက်မှုကို မစွက်ဖက်။ သူ့တစ်ခုတည်းသော တောင်းဆိုချက်က လူတွေကို မစားသုံးဖို့နဲ့ ပိုအရေးကြီးတာ သေမျိုးတွေကို ထပ်မတိုက်ခိုက်တော့ဖို့ပဲ။ ကောင်းမွန်တဲ့ သတ်သတ်လွတ်ယုန်အနေနဲ့ တုံ့ဆိုင်းမှုမရှိ သဘောတူလာတယ်။

အဲဒီမိစ္ဆာအမြုတေတွေနဲ့ ယုန်ရဲ့ကျင့်ကြံဆင့်ကလည်း အင်မတန်မြန်ဆန်စွာ ကြီးထွားသွားတယ်။ ယိချင်းက သူ့ကိုမိစ္ဆာအမြုတေအပုံတစ်ခု ပေးခဲ့ပေမဲ့ သူက တန်းပြီး အားလုံးလက်မခံဘူး။ ဖြစ်နိုင်တာ သူ့ကိုယ်သူ သတ္တမအဆင့် ယုန်မိစ္ဆာတစ်ကောင်ဖြစ်တာမို့ အဲလောက် အတွင်းအမြုတေအများကြီး မသိမ်းထားနိုင်တာ သိလို့ထင် သူက ရက်ပိုင်းခြားစီမှ အနောက်နန်းတော်ဆီလာပြီး တစ်ခုနှစ်ခု တောင်းတယ်။ ကျင့်ကြံခြင်းအကြောင်း မေးတဲ့ အကြောင်းရင်းနဲ့ သူက အမြဲအဆက်မပြတ် သူတို့နဲ့ အဆက်အဆံရှိတယ်။ ဒါက တကယ်ကို အင်မတန်တွေးတတ်ပြီး သိတတ်တာပဲ။

တစ်ရက်နဲ့ တစ်ည သတိလွတ်နေပြီးတဲ့နောက် ဖက်တီးက ဆာလောင်စွာနဲ့‌ နောက်ဆုံးတော့ နိုးလာတယ် သူ အနည်းဆုံး ထမင်းဖြူပန်းကန်လုံးတချို့ ရမယ်ထင်ခဲ့ပေမဲ့ သူ စားပွဲမှာ မထိုင်ချခင် သူ့ရှေ့က ထမင်းဖြူကို ဖေဖေနျိုက သိမ်းသွားတယ်။

"ဆ-ဆရာ" ဖက်တီး တကယ်ပဲ သူ့မျက်လုံးသူ မယုံနိုင်။

"ဒီနေ့ကစပြီး မင်း တရားဝင် ထမင်းကင်းလွတ်ခြင်း စတင်ရမယ်"

"ဟမ် ထမင်းကင်းလွတ်ခြင်းလား၊ ဘာ- ဘာလို့လဲ"

"ဘာကြောင့်လဲ" ကူယွဲ့မျက်နှာက အေးစက်သွားကာ သူ့ကိုခေါင်းစခြေဆုံးကြည့်တယ်။

"မင်းဘာသာမင်း ငါ့ကိုပြောလေ မင်းကိုယ်က အဲအဆီတွေအားလုံးကို ထိကြည့်ပြီးမှ ငါ့ကို ဘာကြောင့်လဲမေး"

ဖက်တီး ။ ။ "..."

"ငါ့ကိုပြော၊ မင်း နတ်ဝိညာဉ်ကျင့်ကြံသူ ဖြစ်ပြီးတည်းက ဒီလိုပုံစံမျိုး နောက်ထပ်ကျင့်ကြံသူ တစ်ယောက် မြင်ဖူးလား၊ မင်း ထပ်စားသောက်ခွင့်မရှိတော့ဘူး"

ကူယွဲ့က နောက်ဆုံးအမိန့်ပြောပြီး ဖက်တီးရဲ့ ဆန်စပါးသိမ်းဆည်းမှုထဲ ဝင်ရောက်မှုကို တရားဝင်ကြေညာလေတယ်။

"..." ဖက်တီး ခါးသက်သွားတယ် ပျော့ဖတ်စွာနဲ့ သူ့မျက်နှာချင်းဆိုင်မှာ တစ်ယောက်က စား တစ်ယောက်က ကြည့်နေတဲ့ ဆရာတပည့်နှစ်ယောက်ကို ကြည့်လိုက်တယ်။ နှစ်ယောက်လုံးက ဆန်ကင်းလွတ်ခြင်း မအောင်မြင်သေးပေမဲ့ ဘာလို့ ဒီလိုကွာခြားချက်ရှိနေရတာလဲ။

တစ်ခါတည်း သူ ပိုပြီးတောင် ဗိုက်ဆာလာကာ ဝမ်းဗိုက်က စားစရာကိုကျယ်လောင်စွာ တောင်းဆိုတော့တယ်။

"ဖက်တီး သည်းခံလိုက်ပါ၊ ပြီးသွားလိမ့်မယ်" ရှန်းရင်က စိတ်မကောင်းဖြစ်ကာ နှစ်သိမ့်ပေးတယ်။

"နင်... ဗိုက်နည်းနည်းပြည့်အောင် အသီးတစ်လုံး အရင်စားထားရင်ရော" သူမက ပြောရင်း မမှည့်သေးတဲ့ အစိမ်းရောင်အသီးတစ်လုံး ကမ်းပေးလာတယ်။

"မိန်းကလေးရှန်း..." ဖက်တီးက ရင်ထဲထိသွားတယ်။

"ဆရာက ကျွန်တော်ကောင်းဖို့အတွက် လုပ်ပေးတာသိပါတယ်၊ ကျင့်ကြံသူတွေက ဆန်ကင်းလွတ်ရမှာလေ၊ ကျွန်တော်လည်း ဒါကို စီစဉ်ထားပါတယ်"

"အာ..." ဟင့်အင်း၊ သူက နင်စားနေတဲ့ ထမင်းတစ်နပ်ကို ထမင်းဖြူပန်းကန်ငါးလုံးစာ စားတယ်၊ အရမ်းကိုများတယ်ထင်ရုံပါ။

"တစ်ခုပဲ..." ဖက်တီးက ဗိုက်ကိုပွတ်ရင်း ဇဝေဇဝါအကြည့် ပေါ်လာတယ်။

"ဘာကြောင့်လဲ မသိပေမဲ့ ဒီတစ်ခေါက်နိုးလာပြီးတဲ့နောက် ဗိုက်ထဲ တစ်ခုခုက လေးတဲ့ဖိအား ရှိနေသလိုမျိုး နည်းနည်း နာနေတယ်၊ အဲဒါကြောင့် အတော်လေး ဗိုက်ဆာသွားတာပါ"

ရှန်းရင်မျက်နှာက ခဏတာ တောင့်တင်းသွားတယ်။ သူမ သူ့ပခုံးကိုပုတ်လေးလိုက်တယ်။

"ဟားဟားဟား... ယုံကြည်မှုရှိပါ" အင်း၊ ငါနဲ့ ဘာမှမဆိုင်ဘူး

"စိတ်ချပါ၊ မိန်းကလေးရှန်း ကျွန်တော်ကြိုးစားမှာပါ" ဖက်တီးက အသည်းအသန် ခေါင်းညိတ်တယ်။ သူက စဉ်းစားပြီး လက်ထဲက အသီးကိုတော့ ယူလိုက်သေးတယ်။ သူကိုက်ကြည့်တော့ ချက်ချင်း မျက်နှာတစ်ခုလုံး ချဉ်စူးမှုကြောင့် တွန့်ရှုံ့သွားတယ်။ ချဉ်... ချဉ်လိုက်တာ။ သွားတွေတောင် ကျွတ်ထွက်မလိုပဲ ဒီအသီးတွေက မိန်းကလေးရှန်း ပုံမှန်ရက်တွေမှာ အမြဲစားနေကျအသီးတွေလား။

(⊙x⊙;)

All Chapters