အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အခန်း ၄၆၉ ။ ကြိုးစားလေ့လာ
ထမင်းကင်းလွတ်ခြင်းက လူတစ်ယောက်ရဲ့ တောင့်ခံနိုင်စွမ်းအပေါ် ကြီးမားတဲ့စမ်းသပ်ချက်ပဲ။ အထူးသဖြင့် ဝတဲ့လူတစ်ယောက်အတွက်ပေါ့။ သော့ချက်က ဖြားယောင်းမှုကို ငြင်းဆန်ရုံပဲ တစ်နေ့ ပုံမှန် ထမင်း၃နပ်မပြောနဲ့ စားဖိုမှူးကလည်း ၂၄နာရီအစားမပြတ်တဲ့ ရှန်းရင်အတွက် မီးဖိုချောင်ထဲ အဆာပြေမုန့်တွေနဲ့ အဆာသွတ်မုန့်တွေ လုပ်ပေးနေတာ။ ရံဖန်ရံခါ ယုန်ရဲ့ အတွင်းအမြုတေတွေကို တဂျွတ်ဂျွတ်ဝါးနေသံပါ ထပ်ပေါင်းတယ်။ ဖြားယောင်းမှုက အနောက်နန်းဆောင်မှာ နေရာတိုင်းလို့တောင် ပြောလို့ရတယ်။
ဒါပေမဲ့ တစ်နည်းနည်းနဲ့ ဖက်တီးက လုပ်နိုင်ခဲ့တယ်။ ထမင်းကင်းလွတ်ခြင်းကိစ္စပြောအပြီးမှ သူက ဘယ်တော့မှ စားပွဲဘေးရောက်မလာ။ အံကိုကြိတ်ကာ အရသာရှိတဲ့စားစရာအားလုံးရဲ့ ဆွဲဆောင်မှုက်ု အတင်းလျစ်လျူရှူထားတယ်။ သူ တကယ်ဗိုက်ဆာနေချိန် သူ့ကိုယ်သူ ဖြေသိမ့်ဖို့ ဖေဖေနျို့ကို ထမင်းကင်းလွတ်ခြင်းသက်စောင့်ဆေးတောင်းမယ်။
မကြာခင် ၂လကြာသွားတယ်။ ဖက်တီးရဲ့မျက်နှာက ဆာလောင်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်ကာ ညှိုးလျော်နေပြီး သူ့ခြေလှမ်းတွေက ယိုင်တိုင်တိုင်။ ပြီးတော့ အဲဒီနောက်... သူ တစ်ကီလို ပိုလေးလာလေတယ်
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဖေဖေနျို ရူးတော့မယ်။ သူစိတ်ဓာတ်ကျနေတယ်။ ဒီကမ္ဘာမှာ ရေသောက်ရုံနဲ့တင်... မဟုတ်ဘူး အသက်ရှူရုံနဲ့တင် ဝလာတဲ့လူတွေ တကယ်ရှိတာပဲ။
"ဖေဖေနျို ကြည့်ရတာ ဖက်တီးရဲ့ကိုယ်ကာယက သာမန်လူတွေနဲ့ တကယ်ပဲမတူဘူးထင်တယ်"
ယိချင်းက ဗိုက်ဆာမှုကြောင့် တရားထိုင်နေတဲ့ တစ်ယောက်သောသူကို ကြည့်လိုက်တယ်။
"ကျွန်တော် သူ့ဝိညာဉ်သွေးကြောကို စစ်ဆေးပြီးပြီ၊ သူ့ကိုယ်ထဲ မသန့်စင်မှုအကြွင်းအကျန်တွေ မရှိတော့တာ သိခဲ့ရတယ်၊ သာမန်ကျင့်ကြံသူတွေလို ဝိညာဉ်ကိုယ်တစ်ခုပဲ"
"မသန့်စင်မှု မရှိဘူးတဲ့လား" ကူယွဲ့ မှင်တက်သွားတယ်။
"မဖြစ်နိုင်တာ၊ သူက နှစ်၂၀ကျော်သေမျိုးဖြစ်ခဲ့တာလေ၊ သူ ဝိညာဉ်ဆန်ကို စားရင်တောင် မသန့်စင်မှု မရှိဘူးဆိုတာ မဖြစ်နိုင်ဘူးမလား" သူက မသန့်စင်မှုကို အလိုအလျောက် သန့်စင်ပြစ်နိုင်တဲ့ အမတတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှ မရှိတာ
"တကယ်ပဲမရှိတာ" ယိချင်းက ခေါင်းညိတ်တယ်။ "ဖြစ်နိုင်တာ ဒါဝိညာဉ်ကြောငါးပါးခန္ဓာကိုယ် ဖြစ်လို့လား"
"ဒါဆို သူ့လေးလံမှုက အဆီကြောင့် မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်ကလား"
"အဲလိုပြောလို့ရတယ်"
"..." သောက်ကျိုးနည်း ဒီရွံစရာ cheatတွေကတော့
"ဒီလိုဆိုမှတော့" ကူယွဲ့ ရှေ့ကိုသွားကာ ဖက်တီးဘေးရပ်လိုက်တယ်။ သူက အင်မတန် ဖော်ရွေတဲ့အမူအရာနဲ့ ပြုံးလေတယ်။
"ဖက်တီး၊ မနက်ဖြန်ကစပြီး ကျင့်ကြံဖို့ ငါမင်းကိုသင်ပေးတော့မယ်"
ဖက်တီး အကြောင်းရင်းမရှိ အနည်းငယ်တုန်ယင်သွားခဲ့ပေမဲ့ ကောင်းကောင်းမွန်မွန် ဖြေလိုက်သေးတယ်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
"ဘယ်သူက မင်းဆရာတုံး" ကူယွဲ့ သူ့ကိုစိုက်ကြည့်လိုက်တယ်။
"င့ါကိုနာမည်နဲ့ခေါ်"
"ဒါဆို... ဆရာနျိုလား"
"..."
စားပွဲမှောက်
(╯°Д°)╯(┻━┻
မင်းရဲ့ 'ဆရာနျို' ဆိုတာကြီး လဲသေလိုက်
——————
ကူယွဲ့ အရင်က သူ့ရဲ့ကျရှုံးခဲ့တဲ့ သင်ကြားမှုအတွေ့အကြုံတွေကို သုံးသပ်လိုက်တယ်။ သေချာစဉ်းစားပြီးတော့ ဂိုဏ်းရဲ့တပည့်တွေ ဒုက္ခရောက်ကုန်တာက သူ့သင်ကြားနည်းမှာ တစ်ခုခုဖြစ်သလို ရှန်းရင်ရဲ့လုပ်ရပ်ကြောင့်လည်း ပါတာ နားလည်သွားတယ်။ ပြီးတော့ သူ့သင်ကြားရေးအလုပ်အကိုင် တစ်လျှောက်လုံးမှာ စားဖိုမှူးက သူ အောင်အောင်မြင်မြင် သင်ကြားခဲ့တဲ့ တစ်ဦးတည်းသော ဓားကျင့်ကြံသူ။ ပြီးတော့ ဒါကတကယ်တော့ သူမှတ်ဉာဏ် ပျောက်သွားတဲ့နောက် ယာယီသင်ကြားပေးမှုပဲ။
ပြီးတော့ သူက စတည်းက ဓားကျင့်ကြံသူဖြစ်ပြီး ဓားခန္ဓာနဲ့မွေးလာတာ။ မှတ်ဉာဏ် ပျောက်သွားတာတောင် သူ့ကိုယ်က ကြွက်သား မှတ်ဉာဏ်တချို့ကျန်ခဲ့သေးတယ်။ ဒါပေမဲ့ စားဖိုမှူးလို ဦးနှောက်မရှိတဲ့နောက်လိုက်က အဆုံးမှာ လမ်းမှား မရောက်သွားခြဲတာက အဲတုန်းက သူ့သင်ကြားရေးနည်းလမ်းမှာ ပြဿနာမရှိဘူးဆိုတာ သက်သေ ပြနေတယ်။
ဒါကြောင့် အခု ဖက်တီးနဲ့ ဒီနည်းလမ်းတွေကို ပြန်ကျော့တာ ပြီးပြည့်စုံလိမ့်မယ်။
ဒါမှမဟုတ် သူ ဒီလို သူတွေးခဲ့တာပေါ့။
ဒါကြောင့် ကူယွဲ့ အရသ်ကအတိုင်း တစ်ပုံစံတည်း ဓားအင်းကွက်ဆယ်ခုကို တန်းပြင်လိုက်တယ်။ နောက်တော့ ဖက်တီးလက်ထဲ ဓားတစ်ချောင်းထိုးထည့်ပေးကယ အထဲကိုကန်ထည့်လိုက်တယ်။ သူ ပထမအဆင့်ကနေ ဖြည်းဖြည်းချင်း စတင်စေလိုက်တယ်။ နှစ်ယောက်လုံး cheat လေးတွေဖြစ်ပြီး ဖက်တီးက စားဖိုမှူးလို ကိုယ်ပိုင်ဓားဓမ္မဖန်တီးနိုင်ပြီး ဓားဆန္ဒကို နားလည်သဘောပေါက်သွားမယ် မထင်ခဲ့ပေမဲ့ အခြေခံဓားသိုင်းတချို့ သင်ယူတာတော့ အနည်းဆုံး ပြဿနာ မဟုတ်လောက်ဘူးထင်ခဲ့တာ။
ဖြစ်နိုင်လား။
ဒါပေမဲ့ ရက်ပိုင်းအကြာမှာ ကူယွဲ့ နောက်ဆုံးတော့ ဖက်တီးရဲ့ ဓားအရည်အသွေးက ဘယ်လောက်ဆိုးလဲ နားလည်သွားခဲ့ပြီ။ ဟင့်အင်း၊ ဒါ အထင်ကြီးစရာ ကောင်းလောက်အောင် ဆိုးရွားတာ ကူယွဲ့ ထင်ခဲ့တာ သူ့အရည်အချင်း ဘယ်လောက်ညံ့ညံ့ နတ်ဝိညာဦကျင့်ကြံဆင့်နဲ့ဆို အနည်းဆုံး ဓားအင်းကွက်ငါးဆင့် ဖြတ်သန်းတာကတော့ ပြဿနာတစ်ရပ်မဟုတ်လောက်ဘူးပေါ့။ ဒါကြောင့် တမင်သက်သက် သူက လူကို အထဲ ပစ်မထည့်ခင် စိတ်ချစွာနဲ့ ငါးခုမြောက်ဓားအင်းကွက်မှာ ထွက်ပေါက်လုပ်ခဲ့တာပဲ။
ဒါပေမဲ့ သုံးပတ်ကြာသွားပြီး အထဲက လှုပ်ရှားမှုမရှိ။ ကူယွဲ့ အစကထင်ခဲ့တာ သူ အဆင့်မြင့်ဓားအင်းကွက်တွေထဲ ရောက်သွားပြီဆိုပြီး နည်းနည်းပျော်သွားခဲ့သေးတယ်။ ဒါပေမဲ့ စားဖိုမှူးက သူ ဓားအင်းကွက်ထဲ ဖက်တီးရဲ့အရှိန်အဝါအားနည်းလာတာကို ခံစားမိကြောင်းနဲ့ ရက်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်လို့ အမှုမဲ့အမှတ်မဲ့ ပြောလာတယ်။
အဲတော့မှ သူ့ကို ရှာဖို့ ဓားအင်းကွက်ထဲ ဝင်ခဲ့တယ်။ သူ ဓားအင်းကွက်ဆယ်ခုလုံးကို ရှာပြီးမှ အလွယ်ဆုံးအင်းကွက်ထဲ ရက်ပိုင်းမေ့မျောနေတဲ့ ဖက်တီးကို ရှာတွေ့သွားခဲ့တယ်။ သူ့ကိုယ်မှာတော့ အားနည်းတဲ့ဓားချီရဲ့ ဒဏ်ရာလေးတွေအများကြီး။
မှန်တယ်၊ သူက ပထမအဆင့်မှာတင် လဲကျသွားခဲ့တာပဲ။
ကူယွဲ့က သူ့ကို သတ်ချင်လာပြီး နေရာမှာတင် အလောင်းကို ဖျက်ဆီးချင်သွားတယ်။ ပထမအဆင့်မှာတင် ကျရှုံးသွားရအောင် လူတစ်ယောက်ရဲ့ ဓားသိုင်းက ဘယ်လိုလုပ် အဲလောက်ဆိုးဝါးနေတာလဲ။ ချီမွမ်းမံထက် နည်းနည်းသာတဲ့အဆင့်နဲ့ တပည့်တွေဆို ဖြတ်သန်းနိုင်တဲ့ ဓားအင်းကွက်လေ။ ဒါပေမဲ့ နတ်ဝိညာဉ်ကျင့်ကြံသူ သူကတော့ ဒီမှာတင် အထောင်းခံလိုက်ရတာ ဘယ်လိုများလုပ်လို့လဲ။
ლ(゚Д゚ლ)
ကူယွဲ့က ဖင်ထဲနာကျင်လာတယ်။ သူ ဉာဏ်ကောင်းတဲ့ တပည့်တွေအများကြီးမြင်ဖူးပေမဲ့ ဒါကတော့ ဒီလောက်တုံးအသူကို ပထမဆုံးမြင်ဖူးတာပဲ။ ဘုရားရေ၊ ဒီတာဝန်ကို ပစ်ထားပြီး ထွက်သွားချင်လိုက်တာ
သူ လေ့ကျင့်မှုအကြိမ်ရေနှုန်းကို တိုးမြှင့်ရတော့တယ်။ ဓားအင်းကွက်တွေထဲ ဝင်တာအပြင် သူ ကိုယ်တိုင် ဇွန်းနဲ့ခွံ့ကျွေးသလိုမျိုး ဖက်တီးကို သိုင်းတွေ သင်ပေးရတော့တယ်။ ဓားနဲ့ အရည်အချင်းလိုအရာတွေက လုံလောက်တဲ့လေ့ကျင့်မှုနဲ့ဆို ရနိုင်ပါတယ်လေ
"မင်းက ငတုံးလား၊ ရှောင်ရမှာကို မသိဘူးလား၊ ငါဒီတစ်ခုကို သင်ပေးနေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ"
"တောင်းပန်ပါတယ် ဆရာ"
"မင်း သေချင်လား၊ ဒါမှမဟုတ် မင်းပြိုင်ဘက်ကို လက်ဆောင်ပေးချင်နေတာလား၊ ဒါက မင်းတားရမဲ့နေရာလို့ ပြောပြီးပြီလေ၊ မင်း မတားနိုင်ဘူးလား"
"ဟုတ်ကဲ့... ဆရာ"
"ဒီကိုတွားသွားပြန်လာခဲ့ မင်း ဘာအတွက် ဒီလို ခန္ဓာကိုယ်ကြီးဖွံ့ဖြိုးခဲ့တာလဲ၊ ဆက်လေ့ကျင့်"
"ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူး ဆရာ"
"ပထမဓားအင်းကွက်ကို ပြန်ရှင်း၊ မိစ္ဆာနန်းတော်ပတ်လည် အခေါက်၅၀ပြေး၊ မင်း ဝိညာဉ်စွမ်းအင်သုံးခွင့်မရှိဘူး"
"... ကောင်းပါပြီ ဆရာ"
ဒီလိုနဲ့ အနောက်နန်းတော်တစ်ခုလုံး နေ့တိုင်း ဖေဖေနျို့ရဲ့ဒေါသတကြီး အော်သံတွေနဲ့ ပဲ့တင်သံ ထပ်နေတယ်။ နေ့စဉ်မိစ္ဆာအမြုတေကို လာယူတဲ့ယုန်တောင် ကြောက်လန့်သွားလို့ သူ့မူလအသွင်ဆီ ပြန်ပြောင်းသွားတယ်။ နောက်ပိုင်းတော့... ကြောက်ရတာလုံလောက်သွားပြီး ကျင့်သားရသွားခဲ့တယ်။
-_-|||
အစက တုန်ယင်နေပြီးတဲ့နောက် သူက ဘေးမှာ ဂရုတစိုက် စောင့်ကြည့်ရင်း မိစ္ဆာအမြုတေတွေကို ဝါးဖို့ သင်ယူခဲ့တယ်။
ဖက်တီးရဲ့ အကျပ်အတည်းက ဥပမာအနေနဲ့ သတိပေးတာကြောင့်ထင် ယုန်က ပိုပြီးတောင် ကြိုးစားလေ့ကျင့်လာတယ်။ လပိုင်းအတွင်း သူက အဋ္ဌမအဆင့်ယုန်မိစ္ဆာဖြစ်နေပြီ။ ကြီးမြတ်တဲ့အမတကူယွဲ့ရဲ့ နိုင်ထက်စီးနင်းစွမ်းအားအောက် နေရတဲ့သနားစရာယုန်မိစ္ဆာအနေနဲ့ ယုန်က ဖက်တီးအတွက် သနားသွားပြီး ရံဖန်ရံခါ ညအမှောင်ထဲ မုန်လာဥတချို့ ခိုးယူလာပေးတယ်။ အကြိမ်ရေတချို့ အကြာမှာတော့ သနားစရာနှစ်ယောက်က မိတ်ဆွေဖြစ်လာကြတယ်။
ရံဖန်ရံခါ ဖက်တီးတစ်ယောက်ကို ယုန်ခေါင်းတစ်ခုကိုဖက်ပြီး ငိုနေတာမြင်နိုင်တယ်။
"ညီကိုယုန်ရေ၊ ကျင့်ကြံခြင်းက အဲလောက်ပင်ပန်းဆင်းရဲရမယ် မထင်ခဲ့ဘူး ငါက သနားစရာကောင်းလိုက်တာ"
"ညီကိုဝတုတ် အားတင်းထားပါ ငါတို့ တစ်နေ့တော့ အောင်မြင်နိုင်မှာပါ၊ စိတ်ငြိမ်အောင် မုန်လာဥနီ စားချင်လား"
"ညီကိုယုန်၊ မင်းက ငါ့အကြောင်းကောင်းကောင်းသိတာပဲ တစ်ခုပိုယူလို့ရလား"
"ညီကိုဖက်တီး၊ မင်းကို ၃ခုပေးပါ့မယ်"
"ညီကိုယုန်က တကယ်ကိုငါ့အကောင်းဆုံး သူငယ်ချင်းပါပဲ..."
"ညီကိုဖက်တီး..."
ဘေးကဖြတ်သွားမိတဲ့ ကူယွဲ့ ။ ။ "..."
"ဟီးဟီး မင်းတို့နှစ်ယောက်က ရင်းနှီးတာပဲ မနက်ဖြန်ကျ တူတူကျင့်ကြံဖို့ ဓားအင်းကွက်တွေထဲ ဝင်ကြနော်"
ဖက်တီး ။ ။ "..."
ယုန် ။ ။ "..."
∑q|゚Д゚|p
ကြည်လင်နေတဲ့ ကောင်းကင်ထဲကနေ မိုးကြိုးတစ်ခုပစ်လိုက်သလိုပဲ ကျင့်ကြံသူတွေကမ္ဘာထဲ တကယ်ကို ကြီးမားတဲ့ အဖြစ်ဆိုးပါ
ခင်ဗျားကမိစ္ဆာလား။
"ဆရာ ဖေဖေနျိုက အရင်တစ်ခေါက် ကျွန်တော့်အချက်အလက်တွေ အစကပြန်စချိန် ဘာလို့ အဲလောက်စည်းကမ်းမတင်းကြပ်ခဲ့တာလဲ" ပွဲကြည့်ပရိသတ် စားဖိုမှူးက မေးတယ်။
"အင်း... နင် အဆင့်တက်တာ အရမ်းမြန်လွန်းလို့ သူအတန်းပြင်ဖို့အတွက် အချိန် မလောက်သွားတာဖြစ်နိုင်တယ်" ပွဲကြည့်ပရိသတ် အသီးကိုက်နေသူက ပြန်ဖြေတယ်။
"... အိုး"
"စကားမစပ်၊ ဘာကြောင့် ဖေဖေနျိုက ဖက်တီးကို တခြားဟာ မသင်ပေးတာလဲ" ဖက်တီး ကောင်းကင်တုန်ခါသွားလောက်တဲ့ ကျယ်တဲ့အသံနဲ့ အော်ဟစ်နေပြီး အခြေအနေဆိုးနေပုံ မြင်တော့ သူမ မနေနိုင်ဘဲမေးလိုက်တယ်။
"ပြီးတော့ ဓားကျင့်ကြံခြင်းနဲ့ ခန္ဓာကျင့်ကြံခြင်းအပြင် မျောလွင့်လို သက်စောင့်ဆေးကျင့်ကြံမှုနဲ့ သူဌေးလန်လို ဘက်စုံကျင့်ကြံမှုတွေရှိသေးတယ်မဟုတ်လား" ဖေဖေနျိုက ဒါတွေကို မသိတဲ့ပုံလည်း မပေါ်ပါဘူး။
"ဆရာ" ယိချင်းက ဖက်တီးကို တစ်ချက်ကြည့်ကာ ရှင်းပြတယ်။
"ဖေဖေနျိုက အဲဒါတွေကို မသင်ပေးချင်တာ မဟုတ်ပါဘူး၊ ဖက်တီးရဲ့ ခုလက်ရှိအခြေအနေကြောင့် ဓားကျင့်ကြံမှုကို အလေးပေးဖို့က အရေးကြီးဆုံးမို့ပါ"
"ဘာလို့လဲ"
...
အခန်း ၄၇၀ ။ တခြားမျိုးနွယ်များမှ ကျူးကျော်ခြင်း
"ဖက်တီးရဲ့ဖွဲ့စည်းပုံကထူးခြားပြီး သူက ဓာတ်ကြီးငါးပါးဝိညာဉ်ကြောရှိနေတယ်၊ ဆေးလုံး၊ အဆောင်၊ အင်းကွက်နဲ့ လက်နက်တွေအားလုံးက သူ့အတွက် ဓားသိုင်းတွေထက် ပိုလွယ်ကူမှာဆိုပေမဲ့ တူညီတဲ့အကြောင်းရင်းကြောင့်ပဲ ဓားသိုင်းတွေက သူ့တစ်ခုတည်းသော အားနည်းချက်ဖြစ်လာတယ်" ယိချင်းက ခပ်တိုးတိုးပြောတယ်။
"တကယ်လို့ ဖေဖေနျိုပြောနိုင်ရင် ဖက်တီးရန်သူတွေကလည်း သေချာပေါက် ပြောနိုင်မှာပဲ၊ ပြီးတော့ သူ ခုလက်ရှိ ဓားသိုင်းတွေနဲ့ပတ်သက်ပြီး လုံးဝကို ဘာမှမသိတာ၊ သူက ဓားတစ်ချောင်းတောင် မစီးနိုင်ဘူး၊ ဒါက သူ့ဖွဲ့စည်းပုံနဲ့လည်းဆိုင်တယ်၊ ဒါကြောင့် သူ တခြားဂါထာတွေကို လေ့ကျင့်ရင်တောင် ဓားကျင့်ကြံသူတွေမပြောနဲ့ ဓားသိုင်းတွေမှာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေနဲ့ ကြုံတဲ့အခါ သူ..."
"တစ်စက္ကန့်အတွင်း ရှုံးမှာလား" ရှန်းရင်က စကားဆုံးသွားတယ်။
"ဟုတ်တယ်" ယိချင်းက ခေါင်းညိတ်ကာ စားပွဲပေါ်အဆာသွတ်မုန့်ပန်းကန်တချို့ထပ်တင်ပေးကာ ဆက်ပြောလိုက်တယ်။
"ဒါကြောင့် ဖေဖေနျို ဖက်တီးကို ဓားသိုင်းကျင့်ဖို့လောရတဲ့ရည်ရွယ်ချက်က သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့မဟုတ်ဘဲ မြန်နိုင်သမျှမြန်မြန် ဓားလှုပ်ရှားမှုတွေနဲ့ ရင်းနှီးစေအောင်လုပ်ဖို့ပဲ၊ အဲလိုမှ အနာဂတ်မှာ ဓားကျင့်ကြံသူတွေနဲ့ ကြုံချိန် ဘယ်လိုရင်ဆိုင်ရမလဲသိမှာ"
"အိုး..."
ငါ နားလည်ပြီ
"ပြီးတော့ သူ ဓားသိုင်းတွေကို ပိုပြီးမြန်မြန် ကောင်းကောင်းလေ့ကျင်လေ၊ သူ ဓားဆန္ဒကို ချက်ချင်းနားမလည်နိုင်ရင်တောင် သူ့ကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုကိုတည်ဆောက်ဖို့က ကောင်းတဲ့အရာတစ်ခုပဲ၊ တကယ်လို့ သူတခြား ကျင့်ကြံနည်းပုံစံတွေကို သင်ယူပြီး တခြားတိုက်ခိုက်နည်းတွေကို ကျင့်သားရသွားရင် ပြန်ပြောင်းလဲဖို့ အရမ်းခဲယဉ်းသွားလိမ့်မယ်" ဒါကလည်း ဓားကျင့်ကြံသူတွေ အမြဲ တခြားကျင့်ကြံသူတွေထက် သန်မာရတဲ့အကြောင်းရင်းပဲ။
"အိုး" ရှန်းရင် ခေါင်းညိတ်လိုက်တယ်
"ရှင်းရှင်းပြောရရင်တော့ ကွာခြားချက်က ဓားကျင့်ကြံသူတွေက အနီးကပ်တိုက်ခိုက်တဲ့ မှော်ဆရာတွေဖြစ်ပြီး တခြားကျင့်ကြံသူတွေကတော့ အဝေးကတိုက်ခိုက်တဲ့ မှော်ဆရာတွေလား၊ အင်း ငါနားလည်ပြီ"
"..." ဟင့်အင်း၊ အခု ဆရာ့ကို နားမလည်တဲ့သူက ကျွန်တော်။
"ဒါပေမဲ့ ဒါက ဖက်တီး ဓားပျံတွေအများကြီးကို ဖျက်ဆီးပစ်နေလို့ ဖေဖေနျို တမင်သက်သက် ဒါကို သင်ခိုင်းတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား"
"..." အဲဒါလည်း အဓိပ္ပာယ်ရှိပုံပဲ။
"ဟင်း ဖေဖေနျိုက တကယ့်ကို ဖက်တီးကို ဆက်ဆံတာမတူဘူးပဲ စားဖိုမှူး ငါတို့ မိဘမဲ့လေးတွေ ဖြစ်လာတော့မယ်၊ ဘယ်လိုလုပ်ကြမလဲ ဝါးဝါးဝါး..."
"အာ..."
ဘာလုပ်ရမလဲ။ ဖေဖေနျိုအနားမှာ မရှိတော့ သူ ဆရာနဲ့ ပူးပေါင်းပြီး ဟန်ပြလုပ်ရဦးမှာလား။ ရည်းစားဖြစ်ရတာ အရမ်းကိုခက်တာပဲ။
——————
ဖေဖေနျိုရဲ့ အပြင်းအထန်ဖိနှိပ်မှုအောက် ဖက်တီးက နောက်ဆုံးတော့ ဓားအင်းကွက် ပထမအဆင့်ကို ဖြတ်ကျော်ကာ ဒုတိယအဆင့်ဆီ အောင်မြင်စွာရောက်ရှိခဲ့တယ်။ ကူယွဲ့ရဲ့ တစ်နေ့ထက်တစ်နေ့ အေးစက်လာတဲ့ အမူအရာက နောက်ဆုံးတော့ နည်းနည်းနူးညံ့သွားခဲ့တယ်။ နောက်တော့ သူက တုံ့ဆိုင်းမှုမရှိ ဖက်တီးရဲ့နေ့စဉ်လေ့ကျင့်မှုပြင်းထန်အားကို နှစ်ဆတိုးမြှင့်ခဲ့တယ်။ ဟုတ်တာပေါ့၊ ယုန်လည်းပါတယ်။
ဖက်တီး လုံးဝကို စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ကင်းမဲ့နေလေတယ်။ သူ ရုတ်တရက် ထမင်းကင်းလွတ်ခြင်းစတင်ကာစနေ့ရက်တွေဟာ တကယ်ကို ကောင်းမွန်တဲ့အချိန်တွေလို့ ရုတ်တရက် ခံစားလိုက်ရတယ်။ နှမြောစရာက မြန်ဆန်လွန်းတာပဲ။ စိတ်ဓာတ်ကျမှုက ဖက်တီးရဲ့ မျက်နှာပြင်ပေါ် ရေးထားပြီး သူ နောက်ထပ် ငရဲစက်ဝန်းတစ်ခုထဲ မကျရောက်ခင် မိစ္ဆာဘုရင်နန်းတော်မှာ ကြီးမားတဲ့တစ်စုံတစ်ခုဖြစ်လာလေတယ်။
"အနောက်တောအုပ်ရဲ့ မိစ္ဆာဘုရင်လား" ကူယွဲ့ မြေပြင်ပေါ် ခါးသက်သက်ပြုံးနေတဲ့ ယုန်ကို လှမ်းကြည့်လိုက်တယ်။ "အနောက်တောအုပ်ရဲ့ ဘာမိစ္ဆာလဲ၊ မင်းက မိစ္ဆာဘုရင် မဟုတ်ဘူးလား" ထီးနန်းလုယူရဲတဲ့သူ ရှိနေတာလား။
"မဟုတ် မဟုတ်ပါဘူး..." ယုန်က ခေါင်းခါတယ်။
"ကျွန်တော်က မြောက်ဘက်အကျဆုံး မြောက်ပိုင်းတောအုပ်ရဲ့ တစ်ယောက်တည်းသောမိစ္ဆာပါ၊ ဝိညာဉ်မြစ်နားက သောင်းချီသောမိုင်ဧရိယာကို စီမံရတယ်၊ တောင်ပိုင်းမြေက ကျယ်ပြန့်တယ်လေ၊ ကျွန်တော် တစ်ယောက်တည်း အုပ်ချုပ်ရတာ မဟုတ်ပါဘူး"
"ဆိုလိုတာ မစုစည်းရသေးတဲ့ နေရာတွေရှိတယ်ပေါ့" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"အဲ... အဲလိုပြောလို့ရပါတယ်" ယုန်က ကြောက်လန့်စွာနဲ့ ကိုယ်ကျုံ့လိုက်လေတယ်။
"တောင်ပိုင်းဒေသတစ်ခုလုံးမှာ မိစ္ဆာဘုရင်ဘယ်လောက်ရှိတာလဲ"
အဲတုန်းက သူစတည်းချဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာဖို့ပဲတွေးခဲ့ပြီး ဒီကိစ္စတွေကို ထပ်မစုံစမ်းခဲ့ဘူး။ ယုန်ကလည်း အတော်လေးသိတတ်စွာနဲ့ သူ့ကိုမိစ္ဆာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ မနှောင့်ယှက်။ အဲအပြင် ဓားသိုင်းနဲ့ကံမစပ်တဲ့ ဖက်တီးရှိတာမို့ သူ တခြားဘာကိုမှ အာရုံမစိုက်နိုင်ခဲ့ဘူး။
"စုစုပေါင်းမိစ္ဆာဘုရင် ၇ယောက်ရှိပါတယ်" ယုန်က အမှန်အတိုင်း ပြန်ဖြေလိုက်တယ်။
"တောင်ပိုင်းတောအုပ်ရဲ့ ကျားဘုရင်နဲ့ ဝက်ဝံဘုရင်၊ အနောက်တောအုပ်ရဲ့ ကျားသစ်ဘုရင်နဲ့ ခြင်္သေ့ဘုရင်၊ အရှေ့ကမ်းခြေတွေရဲ့ ရေသူသီးမျိုးနွယ်နဲ့ မြောက်ပိုင်းက တောင်ပံမျိုးနွယ်စုနဲ့ အရင်က ဝံပုလွေအုပ်စုပါ၊ ဒီတစ်ခေါက်ကိစ္စကတော့ အနောက်တောအုပ်ရဲ့ မိစ္ဆာဘုရင်တွေဖြစ်တဲ့ ကျားသစ်ဘုရင်နဲ့ ခြင်္သေ့ဘုရင်ပါ"
"သူတို့က မင်းပိုင်နက်ကို လုယူဖို့ ကြိုးစားနေတာလား"
"ဟုတ်..." ကျွန်တော် ငိုချင်မိတယ်။
"ဒါဆိုလည်း တိုက်ခိုက်လေ" သူတို့အားလုံးက မိစ္ဆာဘုရင်တွေပဲဟာ။ ပြီးတော့ ဒါက တစ်ယောက်ချင်းတိုက်ပွဲ မဟုတ်သလို တစ်ဖက်ချင်းစီက စွမ်းဆောင်ရည်တွေက အတော်လေး သန်မာမှာပဲ၊ အများဆုံးမှ သူတို့ကိုဦးဆောင်ဖို့ စားဖိုမှူးဆီ လွှဲပေးလိုက်မယ်။
"ဟင့်အင်း... မတိုက်ခိုက်နိုင်ပါဘူး ကြီးမြတ်တဲ့ အမတ"
"ဘာလို့လဲ"
"ကြီးမြတ်တဲ့အမတ မေ့သွားပြီလား" ယုန်လေးက စိတ်ဓာတ်ကျဟန် ခေါင်းငုံ့သွားကာ သူ့အသံက ပိုတောင် ပျော့ဖတ်လာတယ်။
"ကျွန်တော်တို့ မြောက်ပိုင်းအခြမ်းက မျိုးနွယ်စု၇ခုကြား အသန်မာဆုံးဖြစ်ခဲ့ပေမဲ့ တ... တလော ကြီးမြတ်တဲ့အမတ မြောက်ပိုင်းတောအုပ်တွေရဲ့ အဆင့်မြင့် သားရဲတွေကို ဖမ်းဆီးခဲ့ပြီးတော့... အခု မြောက်ဘက်အခြမ်းမှာ အဆင့်မြင့်မိစ္ဆာ သိပ်မကျန်တော့ဘူး" ဒါကြောင့် သူတို့ တကယ် တိုက်ပွဲဝင်ရင် မြောက်ပိုင်းက အားအနည်းဆုံးဖြစ်သွားပြီး အနောက်ပိုင်းက ဒီအကြောင်းကိုကြားတာနဲ့ ချက်ချင်း တန်းချဉ်းကပ်လာတာပဲ။
ကူယွဲ့နှုတ်ခမ်းတွေ တွန့်သွားတယ်။ အဲအကြောင်း မေ့လုနီးပါးဖြစ်နေတာ။ ဒီဘက်ခြမ်းက ကြောက်ခမန်းလိလိ မိစ္ဆာတွေအားလုံး စားဖိုမှူး အိုးထဲ ရောက်ကုန်တာပဲ။ သူ ယုန်ကို ဒီတစ်ချိန်လုံး အထီးကျန် ကူကယ်ရာမဲ့တဲ့ အုပ်ချုပ်သူဖြစ်အောင် လုပ်ခဲ့မိတာလား။
"အဟွတ် အမ်..." သူ ချောင်းဟန့်လိုက်မိတယ်။
"ခု အဲမှာအခြေအနေ ဘယ်လိုလဲ"
"ကျားသစ်နဲ့ ခြင်္သေ့မိစ္ဆာဘုရင်တွေက သူတို့လက်အောက်က မျိုးနွယ်တွေနဲ့ မြောက်ပိုင်းတောအုပ်တွေရဲ့ နယ်စပ်တွေဆီ ရောက်ပြီးနေပါပြီ၊ ကျွန်တော် ထင်တာတော့ တစ်နေ့အတွင်း သူတို့က မိစ္ဆာနန်းတော်ဆီ ရောက်လာလောက်တယ်"
"သွားကြစို့ ငါတစ်ချက်သွားကြည့်မယ်" ကူယွဲ့က ထရပ်ကာ ယုန်ကို အဖော်လိုက်ပြီး တစ်ချက် သွားကြည့်ဖို့လုပ်ပေမဲ့ တစ်ဖက်မှာ ဓားလေ့ကျင့်နေပေမဲ့ မြန်မြန်ရပ်လိုက်မိလို့ ခြေလိမ်သွားတဲ့ ဖက်တီးကို မြင်သွားတယ်။ သူ့အမူအရာက ချက်ချင်း မည်းမှောင်သွားကာ ဒေါသလိမ့်တက်လာပြီး စိတ်ပြောင်းလိုက်တယ်။
"ဖက်တီး မင်းပါလိုက်ခဲ့"
"ဟမ်" ဖက်တီးက အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘယ်ကိုလဲ။
"ဘာဟမ်လဲ၊ ဒီလောက်အကြာကြီး လေ့ကျင့်ထားတာ၊ မင်းရဲ့စွမ်းရည်တွေကို တိုက်ပွဲအစစ်ထဲ စမ်းသပ်ရမယ်" အဲလိုနဲ့ သူက စားပွဲဘေးက ငပျင်းနှစ်ယောက်ကိုပါ စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။
"ပြီးတော့ မင်းတို့ငပျင်းနှစ်ယောက်ပါ လိုက်လာ"
ငပျင်းရင် ။ ။ "..."
ငပျင်းချင်း ။ ။ "..."
ဘာကို။
ဖေဖေနျိုရဲ့ သင်ကြားရေးဒေါသက လူတန်းစားခွဲခြားမှုမရှိ တိုက်ခိုက်နေပြီလား။
ငါးယောက်သားအုပ်စု မြောက်ပိုင်းတောအုပ်ဆီ ပျံသန်းလာခဲ့ကာ အဝေးက အမည်းရောင်ပင်လယ်တစ်ခုကို မြင်လိုက်ရတယ်။ အကြမ်းဖျင်းရေတွက်ရတာတော့ အနည်းဆုံးမိစ္ဆာထောင်ချီရှိပြီး တစ်ယောက်ချင်းစီက သတ်ဖြတ်ချင်နေတဲ့ပုံပေါ်ကာ သူတို့ကျင့်ကြံဆင့်က နိမ့်ပုံမပေါ်။ အရှေ့မှာဆို ဒသမအဆင့်မိစ္ဆာတချို့တောင်ရှိနေတယ်။
သူတို့ခေါင်းဆောင်တွေက တကယ့်ကို ဒွာဒသမအဆင့်မိစ္ဆာနှစ်ကောင်။ ကျားသစ်မိစ္ဆာနဲ့ ခြင်္သေ့မိစ္ဆာ။ သူတို့က ပူးပေါင်းပြီး မြောက်ပိုင်းတောအုပ်ရဲ့ ဝင်ပေါက် အစီအရင်အင်းကွက်ကို ဖောက်ထွက်လာတော့မဲ့ပုံ။
ဆန့်ကျင်ဘက်မှာတော့ မြောက်ဘက်တောအုပ်ရဲ့ အခြမ်းမှာ တိုက်ပွဲဝင်မဲ့ မိစ္ဆာတစ်ကောင်မှ မရှိဘဲရံဖန်ရံခါပေါ်လာတဲ့ တချို့က အသက်နဲ့ကိုယ်အိုးစားမကွဲအောင် ပြေးနေကျတာမို့ အတော်လေး ကျက်တီးမြေနဲ့တူနေတယ်။ ယုန်က သူတို့မနိုင်လောက်ဘူးပြောတာ အံ့ဩစရာမရှိယ ဒီလိုအခြေအနေမှာ မိစ္ဆာစစ်တပ်စုဖို့မပြောနဲ့ တိုက်ခိုက်နိုင်တဲ့မိစ္ဆာတချို့ရှာတာတောင် ခဲယဉ်းတဲ့တာဝန်ပဲ။
မြောက်ပိုင်းတောအုပ်ရဲ့ အင်းကွက်အစီအရင်ပြိုကွဲခါနီးဆဲဆဲ ကူယွဲ့ အောက်ဘက်ပျံသန်းသွားကာ ဝန်ထုတ်ဝန်ပိုးအတန်းက တတောက်ကောက်လိုက်လာပြီး မိစ္ဆာဘုရင်တွေရှေ့ တန်းတန်းမတ်မတ် ဆင်းသက်သွားတယ်။ မိစ္ဆာမျိုးနွယ်ရဲ့ အင်းကွက်အစီအရင်တွေထဲ နည်းနာစွမ်းရည်မရှိဘူးပေါ့။ ငါးမိနစ် တောင့်ခံထားနိုင်တာနဲ့တင် အံ့ဩစရာကောင်းနေပြီ။
ရုတ်တရက် ပေါ်လာတဲ့ လူတချို့ကိုမြင်တော့ မိစ္ဆာဘုရင်နှစ်ယောက်က လုပ်လက်စတွေတန့်သွားတယ်။ တစ်ချက်ဝေ့ဝဲကြည့်ပြီး သူတိုဘ့မြင်က ဘေးကတစ်ကောင်တည်းသော ယုန်ဆီ ရောက်သွားကာ စူးစူးဝါးဝါးရယ်လေတယ်။
"ဟားဟားဟား... မင်းက မိစ္ဆာဘုရင်ထီးနန်းကို တက်တဲ့ ယုန်မိစ္ဆာလား၊ အဋ္ဌမအဆင့်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် မိစ္ဆာဘုရင် ခေါ်ရဲတယ်ပေါ့"
ယုန်က အလိုလို နောက်ပြန်ဆုတ်သွားချင်ပေမဲ့ အတင်းအကြပ် အားတင်းထားလိုက်တယ်။
"ခြင်္သေ့ဘုရင်၊ ကျားသစ်ဘုရင်၊ ဘာလို့အကြောင်းရင်းမရှိ ငါ့မြောက်ပိုင်းတောအုပ်ကို "
"ဘာလို့လဲ" ကျားသစ်ဘုရင်က ရယ်တယ်။
"မြက်တွေအစားများပြီး တုံးအသွားပြီလား၊ အဲငနဲဝံပုလွေဘုရင်က သူ့မှာဝံပုလွေပေါက်တွေ အများကြီးရှိရုံနဲ့ မြောက်ပိုင်းတောအုပ်ထဲ ဒီလိုနေရာကောင်း ရထားတာကို၊ အခုသူ သေပြီဆိုတော့ ဒီမြေက အလိုလိုငါ့အပိုင်ပဲ မင်းက ယုန်မိစ္ဆာလေးသာသာဆိုပေမဲ့ အခြေအနေကို အခွင့်ကောင်းယူရဲပြီး ကိုယ့်ကိုယ်ကိုယ် မိစ္ဆာဘုရင် တင်မြှောက်ခဲ့တယ်၊ မင်းနေရာမင်းသိရင် ခုချက်ချင်း မိစ္ဆာနန်းတော်ထဲကထွက်သွား၊ မဟုတ်လို့ကတော့..." သူ ရုတ်တရက် ချွန်မြနေတဲ့သွားတွေကို ဖြဲပြလိုက်တယ်။ "ငါတို့ မင်းကိုစားပစ်မယ်"
"..." သူက မုန်လာဥနီတွေစားတာပါ။
…
အခန်း ၄၇၁ ။ စုပေါင်းလေ့ကျင့်ခြင်း
ကျားသစ်ဘုရင်က သူ့စကားဆုံးတော့ တမင်တောင် ဟိန်းဟောက်ကာ လက်သည်းတစ်ချက်နဲ့ မြောက်ပိုင်းတောအုပ် အင်းကွက်အစီအရင်ကို ဖောက်ဖျက်လိုက်တယ်။ တစ်ခါတည်း ဒေါသတကြီးလေပြင်းက သူတို့ဆီ ပြေးဝင်လာတာမို့ ယုန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ခမန်းလိလိ ဖိအားနဲ့ ရင်ဆိုင်လိုက်ရတာမို့ လှုပ်တောင်မလှုပ်နိုင်။
ကူယွဲ့က ယုန်ကို ဘေးဆွဲခေါ်လိုက်တာကြောင့်သာ အဲလေပြင်းတွေကို ရှောင်နိုင်ခဲ့တာ။
"ဆိုးလိုက်တဲ့ခံတွင်းနံ့" ရှန်းရင်က အလိုလို နှာခေါင်းကို အုပ်လိုက်မိတယ်။ တိရစ္ဆာန်လေးတွေ အားလုံးက လူတွေရဲ့မျက်နှာတည့်တည့် အသက်ရှူထုတ်ရတာကြိုက်ကြတာလား။ သူတို့က စက္ကူလေယာဉ်ပျံတွေလည်း မဟုတ်ပါဘူး
ယုန်ကို လွဲသွားတော့ ကျားသစ်ဘုရင်ရဲ့မျက်နှာက ပျက်သွားကာ သူ့ဘေးက တချို့သူတွေဘက် လှည့်ကြည့်ပြီးမှ လောဘနဲ့ မျက်လုံးက အရောင်လက်သွားခဲ့တယ်။
"လူသားကျင့်ကြံသူတွေလား"
တောင်ဘက်မြေမှာ ကျင့်ကြံသူတချို့ပေါ်လာပြီး ဝံပုလွေဘုရင်နဲ့ မိစ္ဆာတပ်သောင်းချီကို သတ်ပစ်ခဲ့တဲ့သတင်းကို သူ သတင်းကြားပြီးပြီ။ သူ မယုံဘူးပေါ့။ ဝံပုလွေဘုရင်ကို သတ်ခဲ့တာဆိုတာ ဖြစ်နိုင်ပေမဲ့ မိစ္ဆာတပ်သောင်းချီကိုသတ်ခဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ ဒါ ယုန်မိစ္ဆာက တခြားမိစ္ဆာဘုရင်တွေကို ဟန့်တားဖို့ တမင်သက်သက် ထုတ်လွှင့်ခဲ့တဲ့ သတင်းတုပဲဖြစ်ရမယ်။
တခြားမိစ္ဆာမျိုးနွယ်တွေက တောင်ပိုင်းမြေအပြင်ဘက်က လူသားကျင့်ကြံသူတွေရဲ့ စံနှုန်းတွေကို မသိလောက်ပေမဲ့ သူကတော့ မိစ္ဆာဘုရင်တစ်ပါးအနေနဲ့ သိတယ်။ တောင်ပိုင်းမြေထဲ ဝင်လာနိုင်တဲ့သူတွေက သေချာပေါက် ကျင့်ကြံဆင့် တစ်ခုခုတော့ရှိမှာပဲ။ သူတို့တွေက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဒါမှမဟုတ် ခရီးသွားအမတအဆင့်ဖြစ်ဖို့ အရမ်းများတယ်။ တကယ်လို့ သူ သူတို့ကို တစ်ယောက်ချင်းတိုက်ခိုက်ရင်တော့ စိတ်ထဲသံသယတချို့ရှိနိုင်လောက်သေးပေမဲ့ အခု ဒီမှာ အဆင့်မြင့် မိစ္ဆာမျိုးနွယ်တွေ အများကြီးရှိဆာမို့ တစ်ဖက်သူက သူ့ပါးစပ်ထဲက အစာပဲဖြစ်လာမှာ။
ကျားသစ်ဘုရင်က စဉ်းစားလေ ပိုပြီးမော်ကြွားလေဖြစ်လာကာ ကူယွဲ့နဲ့ ယိချင်းကိုကြည့်တဲ့အကြည့်က ခမ်းနားတဲ့စားသောက်ပွဲကို ကြည့်နေသလိုပဲ။ ဒီလူနှစ်ယောက်ကို စားပြီးရင် သူ တေရသမအဆင့်ဆီ သေချာပေါက် တက်လှမ်းတော့မှာ။။ ဒါကို စဉ်းစားမိတော့ သူ စကားဆက်ပြောဖို့ စိတ်အခြေအနေ မရှိတော့ဘဲ ယုန်ကို အာရုံမထား ခြင်္သေ့ဘုရင် အာရုံစိုက်မနေချိန် ကူယွဲ့အပေါ် တန်းခုန်အုပ်တော့တယ်။
"ဒီလူသားကျင့်ကြံသူက ငါ့အပိုင်ပဲ"
သူ့ချွန်မြတဲ့လက်သည်းတွေက ကူယွဲ့ရင်ဘတ်ကို ဖောက်ထွင်းတော့မဲ့ဆဲဆဲမှာတင် မျက်စိကျိန်းစရာ အဖြူရောင်အလင်းတစ်ခု သူ့မျက်စိရှေ့ပေါ်လာပြီး ကျားသစ်ဘုရင် သူ့လက်မောင်းနားကနေ အေးစက်စက် အထိအတွေ့သာ ခံစားလိုက်ရကာ စောနက ဆန့်ထုတ်ထားတဲ့ လက်သည်းက ရုတ်တရက် မြေကြီးပေါ် ဘုတ်ခနဲကျသွားပြီး ချက်ချင်း လက်ဖဝါးအဖြစ် ပြန်ပြောင်းသွားပြီးတော့ လိမ့်သွားလေတော့တယ်။
ဟမ်။
ကျားသစ်ဘုရင် တုံ့လည်းလည်း ဖြစ်သွားပြီး လုံးဝမှင်တက်သွားပြီးမှ နာကျင်မှုလှိုင်းကြီးတစ်ခု ပြေးတက်လာပြီး စူးခနဲ ကျယ်လောင်စွာ အော်မိတော့တယ်။ သူက မြေကြီးပေါ် ကျားသစ်ကြီးတစ်ကောင်အဖြစ် ပြန်ပြောင်းကာ ကျသွားပြီး ထပ်တလဲလဲ အူတော့တယ်။
မိစ္ဆာများ ။ ။ "..."
ခုလေးတင် ဘာဖြစ်သွားတာလဲ။ သူတို့တွေ သေချာမမြင်လိုက်ရဘဲ သူတို့ ဘုရင်က ရေပုံးကို ကန်မိတာလား။
(⊙_⊙)
တစ်စက္ကန့်အကြာမှာ အနီးဆုံးဖြစ်တဲ့ ခြင်္သေ့ဘုရင်က ပထမဆုံးတုံ့ပြန်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို သူ့မိစ္ဆာအရှိန်အဝါတွေနဲ့ ဖုံးလွှမ်းကာ မိစ္ဆာနောက်လိုက်တွေကို လက်ယမ်းပြလိုက်တယ်။
"အဲလူသားကျင့်ကြံသူနှစ်ယောက်ကိုသတ်"
မိစ္ဆာတွေအားလုံး ရှေ့ကို ပြေးတက်လာကြတော့တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့နှလုံးသားက မချင့်မရဲဖြစ်မှုတွေအပြည့်။ အရူးတပည့်တစ်ယောက် ရှိရတာနဲ့တင် စိတ်ကုန်စရာကောင်းနေပြီကို ဒီတိရစ္ဆာန်လေးတွေက ပြဿနာလာရှာသေးတယ်။ သူ့အမူအရာတွေက ချက်ချင်း မည်းမှောင်သွားကာ အော်ဟစ်ကာ ဒေါသနဲ့ပြည့်နေတယ်။
"စားဖိုမှူး"
နောက်အခိုက်အတန့်မှာ ယိချင်းရဲ့ ပုံသဏ္ဌာန်က ဖျတ်ခနဲလက်သွားပြီး ပျံထွက်လာတယ်။ လက်ထဲက ဓားတစ်ချက်ဝှေ့ယမ်းမှုနဲ့အတူ သူက များပြားလှတဲ့ ဓားချီတွေကို ဆွဲထုတ်ပြီး မြေကြီးဆီ ခက်ထန်စွာ ခုတ်ပိုင်းချလိုက်တယ်။ ဝုန်းခနဲ အသံကျယ်ကြီးနောက် မြေပြင်တစ်ခုလုံး ထက်ခြမ်းပွင့်သွားပြီး ငလျင်တစ်ခုလို လေးငါးမီတာကျယ်တဲ့ အက်ကွဲကြောင်းကြီးပေါ်လာတာ တောအုပ်ကြီးတစ်ခုလုံးကို ထပ်ခြမ်းခွဲလိုက်တဲ့အတိုင်းပဲ။
စောနက ဟိန်းဟောက်ပြီး ပြေးတက်လာတဲ့ မိစ္ဆာတွေ အကုန် တောင့်ခဲကုန်ကာ ချက်ချင်း မှင်တက်ကုန်တယ်။
ထူးဆန်းတဲ့ တိတ်ဆိတ်မှုတစ်ခု တောအုပ်တစ်ခုလုံးထဲ ချက်ချင်း ဆင်းသက်လာကာ ကျားသစ်ဘုရင်ရဲ့ နာကျင်မှုကြောင့် အူနေသံနဲ့ အချိန်မီ မတားနိုင်လို့ အက်ကွဲကြောင်းထဲ ပြုတ်ကျကုန်တဲ့ မိစ္ဆာတွေရဲ့ တဒုတ်ဒုတ် အသံတွေသာ ရှိနေတယ်။
စောနက အဲဓားချက်သာ သူတို့ကို ထိမှန်သွားခဲ့ရင်... မိစ္ဆာတွေ ဆက်ပြီးမတွေးရဲတော့ဘဲ သူတို့နဖူးကနေ ချွေးသီးချွေးစက်ပေါက်ကြီးငယ် ကျလာခဲ့တော့တယ်။
ငါတို့တော့ သေပြီ ငါတို့တော့သေပြီ ငါတို့တော့သေပြီ ငါတို့သေပြီ...။
"ပြေး" မိစ္ဆာတစ်ကောင်ရဲ့ အော်သံက မိစ္ဆာအုပ်ကြီးကို ချက်ချင်းအသိပြန်ဝင်စေကာ သူတို့ ချက်ချင်း ထွက်ပြေးကြတော့တယ်။ အဆင့်မြင့်မိစ္ဆာတွေက အရှေ့မှာ ရပ်နေကြတာမို့ အဆင့်မြင့်မိစ္ဆာတွေလောက် မြန်မြန်မပြေးနိုင်တဲ့ ပဉ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့် မိစ္ဆာတွေက နောက်မှာ ဖြစ်တဲ့အတွက် ဝရုန်းသုန်းကားတွေ ဖြစ်ကာ မိစ္ဆာပင်လယ်ကြီးတစ်ခု ကျလာပြီး စက္ကန့်ပိုင်းအတွင်း အထပ်ထပ် ဖြစ်ပေါ်လာတယ်။
"စားဖိုမှူး သူတို့ကို တား၊ ငါ့မှာ သူတို့ကိုသုံးစရာ ရှိသေးတယ်" ကူယွဲ့ ညွှန်ကြားလိုက်တယ်။
"အင်း" ယိချင်းက ခေါင်းညိတ်ပြီး လေထဲပျံတက်သွားတယ်။
ဖေဖေနျိုက ခုတလော သွေးဆုံးကိုင်မှုကို ဖြတ်သန်းနေရတာမို့ သူတို့ စားသောက်ကုန်ကျစရိတ်တွေအတွက် သူ့စကား နားထောင်ရမယ်လို့ ဆရာက မှာထားတယ်။
သူက လက်ဟန်ဂါထာတစ်ခု ဖန်တီးကာ ဝိညာဉ်ဓားအပြည့် ကောင်းကင်တစ်ခုကို ဆင့်ခေါ်ပြီး မိုးတွေလို ရွာသွန်းစေတယ်။ သူတို့တွေက ဓားအင်းကွက်တစ်ခုကို ဖန်တီးကာ မိစ္ဆာထောင်ချီကို တစ်ခါတည်း ပိတ်မိစေလိုက်တယ်။
သူတို့ရှေ့ မကောင်းဆိုးဝါး ရှိနေပြီး ပြေးစရာနေရာမရှိတာနဲ့အတူ မိစ္ဆာတွေ ဆွံ့အ ကြောင်အမ်းနေကြတယ်။
ဒါပေမဲ့ ကူယွဲ့က ဖက်တီးဘက် လှည့်သွားကာ ကျောင်းအုပ်ကြီးတစ်ယောက်လို အပြုံးပြုံးပြလေတယ်။
"ဖက်တီး မင်းရဲ့ နေ့စဉ်လေ့ကျင့်မှုကို အခုစတင်လို့ရပြီ"
"ဟမ် အိုး" နဂိုက တစ်ချိန်လုံး ပျော်ရွှင်စွာကြည့်နေတဲ့ဖက်တီးခမျာ နာမည်ခေါ်ခံရပြီးတဲ့နောက် ချက်ချင်း တုန်ရင်သွားခဲ့တယ်။
"ဘာ... ဘာလေ့ကျင့်မှုလဲဟင်"
"ဒီအိုမင်းအားနည်းပြီး နေမကောင်း ကျိုးပဲ့နေတဲ့တစ်ကောင်နဲ့ စတင်ကြရအောင်" ကူယွဲ့က သူ့ကို လျစ်လျူရှုကာ နာကျင်မှုကြောင့် လူးလှိမ့်နေတဲ့ ကျားသစ်ဘုရင်ဆီ တန်းတန်းမတ်မတ် လျှောက်သွားခဲ့တယ်။ ဂါထာတစ်ခုဖန်တီးကာ သူက သူ့ကျိုးပဲ့နေတဲ့ ခြေထောက်ကနေ စီးထွက်နေတဲ့သွေးကို သိပ်ပေးလိုက်တယ်။
"ကျားသစ်မိစ္ဆာ၊ တကယ်လို့ မင်း သူ့ကို အနိုင်ယူနိုင်ရင် ငါမင်းကိုလွှတ်ပေးမယ်"
အဲလိုနဲ့ သူက လက်ထဲက ဓားကို ဘေးမှာရပ်နေတဲ့ ဖက်တီးဆီ ပစ်ပေးလိုက်တယ်။
ဟမ်။
ဘယ်သူ့ကို အနိုင်ယူရမှာလဲ။
ဓားကိူ အလိုလို လှမ်းဖမ်းမိလိုက်တဲ့ ဖက်တီးက လုံးဝအူကြောင်ကြောင် ဖြစ်နေတယ်။ ဒါပေမဲ့ သူ မော့ကြည့်လိုက်တော့ ကြီးမားပြီး ခြေထောက်သုံးချောင်းနဲ့ ကျားသစ်က ကျယ်လောင်စွာ အော်ဟစ်ကာ သူ့အစွယ်တွေ ဖြဲပြပြီး လက်သည်း... မရှိဘဲ ဝှေ့ယမ်းကာ ရှေ့ကိုခုန်အုပ်လာတယ်။
"ဆ... ဆဆဆရာ..." သူက တကယ်ကြီး ပြောနေတာပဲ။
သူမှားသွားတာ၊ ထမင်းကင်းလွတ်ခြင်းက နိဗ္ဗာန်ဘုံဖြစ်ပြီး ဓားအင်းကွက်တွေ လေ့ကျင့်တာက ငရဲ မဟုတ်ဘဲ ဒါကမှ ငရဲပဲ။
ရှန်းရင် ။ ။ "..."
ယုန် ။ ။ "..."
အင်း၊ ဘာကြောင့်မှန်းမသိ ခု လောလောဆယ် ဒီမှာရှိမနေသလို ဟန်ဆောင်သင့်တယ်လို့ ခံစားမိတယ်။
တောင်ဘက်မြေထဲ ရှစ်လနဲ့ လေးရက်အကြာမှာ ဓားအင်းကွက်ပထမအဆင့်ကို အောင်မြင်ခဲ့တဲ့ ဖက်တီးက သူ့တိုက်ခိုက်ရေးအလုပ်ကို စတင်ခဲ့ကာ သူနဲ့လေ့ကျင့်နေသူအရေအတွက်က... ရှစ်ထောင် တိုးတက်နှုန်း... အင်မတန်နှေး။
————
ဖြစ်နိုင်တာ တကယ့်တိုက်ခိုက်မှုက တကယ်ပဲ လူတစ်ယောက်ရဲ့ အရေးတကြီးအသိစိတ်ကို လေ့ကျင့်ပေးနိုင်လို့ထင် ဓားသိုင်းတွေ စုတ်ပြတ်သပ်နေခဲ့တဲ့ ဖက်တီးက ဖြည်းဖြည်းချင်း တိုးတက်လာခဲ့တယ်။ ကူယွဲ့က မနှစ်မြို့မှုတွေေပြသနေသေးပေမဲ့ အနည်းဆုံးတော့ သူ့ဆီလာတဲ့ ရိုက်ချက်တွေကို ရှောင်နိုင်ပြီ။
ဒီအဆင့်ရောက်ဖို့ကို ငါးနှစ်တိတိလေ့ကျင့်ခဲ့ရတယ်။ ပြီးတော့ အနောက်တောအုပ်ရဲ့ မိစ္ဆာအုပ်ကြီးက သူ့လေ့ကျင့်ရေးအဖော်တွေ ဖြစ်လာခဲ့တာ ငါးနှစ်ရှိသွားခဲ့ပြီ။ အစကတော့ သူတို့က ထွက်ပြေးဖို့ စဉ်းစားကြသေးတယ်။ အထူးသဖြင့် အဆင့်အမြင့်ဆုံးခြင်္သေ့ဘုရင်၊ ဒါပေမဲ့ စားဖိုမှူးရဲ့ဓားအင်းကွက်က သူ့ကိုယ်မှာ အပေါက်တချို့ဖောက်ပေးလိုက်တော့ စလိမ္မာလာတယ်။
သူတို့တွေက အနီးနားမှာအိမ်တွေဆောက်ကာ အခြေချကျလေတယ်။ ဓားအင်းကွက်ကြီးတစ်ခုလုံးက မိစ္ဆာမြို့ငယ်လေးအဖြစ် ဖွံ့ဖြိုးလာဖို့ အရိပ်အယောင်တောင်ပြနေပြီ။ အစကတော့ ကူယွဲ့ ဖက်တီးထက် နည်းနည်းအားနည်းတဲ့ မိစ္ဆာလေးတချို့ကို သူနဲ့လေ့ကျင့်ဖို့ ဆွဲခေါ်ခဲ့တယ်။ ဖက်တီးက အမြဲရှုံးနေခဲ့ပေမဲ့ ဖြည်းဖြည်းချင်း... သူက ပိုကြံ့ကြံ့ခိုင်လာခဲ့တယ်။
╮(╯▽╰)╭
သူနဲ့ အတူလေ့ကျင့်တဲ့ မိစ္ဆာတွေကလည်း အဆင့်တွေမြင့်တက်လာပြီး အဆုံးကျ အဲဒီပဉ္စမ၊ ဆဋ္ဌမအဆင့်မိစ္ဆာတွေကို မလိုအပ်တော့ဘူး။ သူတို့ရဲ့ ဒီနှစ်တွေတစ်လျှောက် အပြုအမူတွေအတွက် ကူယွဲ့ မိစ္ဆာငယ်လေးတွေကို ဓားအင်းကွက်တွေထဲကနေ လွှတ်ပေးခဲ့တယ်။
ဒါပေမဲ့ ထူးဆန်းတာ နဂို ထွက်သွားတုန်းက ပျော်ရွှင်ခုန်ပေါက်နေခဲ့တဲ့ အဲဒီမိစ္ဆာလေးတွေက လအတော်ကြာတော့ အပြေး ပြန်ရောက်လာကာ အင်းကွက်ထဲ နေရတာ ကျင့်သားရပြီး ထွက်မသွားရက်တော့ဘူးလို့ ဆိုလာကြတယ်။ အထဲမှာ သူတို့ဇနီးနဲ့ကလေးတွေ ရှိသေးတယ်လို့ နည်းလမ်းကျကျ ပြောလာသူတချို့တောင်ရှိသေးတယ်။ တစ်ယောက်တည်း ထွက်သွားတာ မိစ္ဆာမဆန်ရာ ကျလွန်းတယ်။ ဒါကြောင့် သူတို့ကိုပြန်ဝင်ခွင့်ပေးဖို့ စားဖိုမှူးကို တောင်းပန်ကြပါလေရော။
ဒီလိုအခြေအနေတွေက ပိုပိုဖြစ်လာတာမို့ ကူယွဲ့ စားဖိုမှူးကို အင်းကွက်ဖယ်ဖို့ ညွှန်ကြားလိုက်ရကာ သူတို့ကို စိတ်တိုင်းကျ နေခွင့်ပေးလိုက်ရတယ်။ ဒါပေမဲ့ မိစ္ဆာလက်တစ်ဆုပ်ပဲ ထွက်ပြေးသွားကြပြီး ကျန်သူတွေက အကျင့်အတိုင်း မနက်ဆို ဖက်တီးကို ထထောင်းဖို့ ကူယွဲ့ခေါ်မှာကို တန်းစီစောင့်နေကာ အခေါ်မခံရသူတွေက ခွဲထွက်ပြီး လုပ်စရာရှိတာလုပ်ကြတယ်။
ကြည့်ရတာ သူတို့က ဒီလိုဘဝကို ကျင့်သားရသွားပုံပဲ။ မိစ္ဆာတွေရဲ့ မိတ်ဆက်နည်းကတောင် "မင်း ဒီနေ့ကျင့်ကြံပြီးပြီလား" ကနေ "မင်း ဒီနေ့ ဖက်တီးကို ထုထောင်းပြီးပြီလား" ပြောင်းသွားလေရဲ့။
ကူယွဲ့ ။ ။ "..."
အရင်က သူတို့နယ်မြေကို ပြန်လုယူဖို့ ဒီချီတက်လာခဲ့တဲ့ မိစ္ဆာမျိုးနွယ်တွေက ပုံရိပ်ယောင်လိုမျိုးပဲ။ ဒီမိစ္ဆာအစုလိုက်ကြီးက တက်ညီလက်ညီ ပြောင်းရွှေ့လာကြတာ။