အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အခန်း ၄၇၂။ အနိုင်ရသော ကြွားလုံးထုတ်သူ
ဒီမိစ္ဆာတွေ ၁၈၀ ဒီဂရီ စဉ်းစားပုံအပြောင်းအလဲက တကယ်တော့ မိစ္ဆာဘုရင်အသစ် ယုန်နဲ့လည်း နည်းနည်းဆိုင်တယ်။ ပြီးတော့ အကြောင်းရင်းက သူ ကြောက်တတ်တာမို့ပဲ အနောက်တောအုပ်က မိစ္ဆာတွေ ပိတ်လှောင်ခံရတော့ အစက ယုန်က ပျော်သွားခဲ့ပေမဲ့ တဖြည်းဖြည်း နောက်ဆက်တွဲ ပြဿနာကို သတိပြုမိစ ပြုလာတယ်။ သူမမှာ ကျောထောက်နောက်ခံ ကြီးမြတ်တဲ့အမတ လောလောဆယ် ရှိပြီး အင်းကွက်ထဲကနေ အဲမိစ္ဆာကြီးတွေ လွတ်မြောက်လာကာ သူမကို ဇယားလာရှင်းမှာ စိုးရိမ်ဖို့ မလိုပေမဲ့...။
အနာဂတ်ဆိုတာ မရေရာ။ တကယ်လို့ ကြီးမြတ်တဲ့အမတသာ အနာဂတ်မှာ ထွက်သွားပြီး သူတို့အားလုံးက သူမအပေါ် အပြစ်ပုံချတဲ့အခါ ဘာလုပ်ရမလဲ။ သူမရဲ့ ကျင့်ကြံဆင့်က အဲချိန်မြင့်သွားရင်တောင် အထီးကျန်ယုန်တစ်ကောင်အနေနဲ့ သူတို့ကို အနိုင်ယူနိုင်သေးမှာ မဟုတ်ဘူး။
သူတို့အားလုံးက အဆင့်မြင့်မိစ္ဆာတွေ၊ ဒသမါဆင့် တွေ အများကြီးရှိတာကို မပြောနဲ့ သော့ချက်က ဧကဒဿမနဲ့ ဒွာဒဿမအဆင့် မိစ္ဆာဘုရင်တွေပဲ။ မိစ္ဆာဘုံရဲ့ အောက်ခြေက ယုန်တစ်ကောင်အနေနဲ့ သူမ ညနဲ့ချီ အိပ်မပျော်နိုင်ဘဲ ကျင့်ကြံရေးလေ့ကျင့်မှုတွေကနေတောင် စိတ်လွင့်နေခဲ့တယ်။ ဒါ့အပြင် သူမရဲဘော်ရဲဘက်ကလည်း လက်တွေ့တိုက်ပွဲအတွေ့အကြုံရအောင် ခေါ်သွားခံရပြီးပြီ။ တစ်လလုံး အကြောက်တရားနဲ့ နေခဲ့ရကာ အိပ်မက်ဆိုးတွေမက်ခဲ့ပြီးနောက်မှာတော့ ယုန်က နောက်ဆုံး မနေနိုင်တော့ဘဲ ခွေးခြေခုံလေးကို အနောက်တောအုပ်စပ်ဆီ ရွှေ့ကာ ဓားအင်းကွက်ဘေးမှာထိုင် အဲမိစ္ဆာတွေကို ခေါင်းဆေး... ဟင့်အင်း စိတ်ရင်းစကားတွေနဲ့ နှိုးဆော်တိုက်တွန်းတော့တယ်။
"မင်းတို့အားလုံးကို ပြောပါရစေ၊ ကြီးမြတ်တဲ့အမတရဲ့ ကျင့်ကြံဆင့်က မင်းတို့ ခန့်မှန်းကြည့်လို့တောင် မရတဲ့ အရာမျိုးပြ၊ လက်လျှော့လိုက်ကြ ဝံပုလွေဘုရင်က မင်းတို့အတွက် ဥပမာပဲ"
"မင်းတို့အားလုံးကို ပြောပါရစေ၊ ကြီးမြတ်တဲ့အမတက ဒီတစ်ချိန်လုံး မင်းတို့ကို ညှာတာနေတာ၊ သူ့ကို အပြစ်ပြုတဲ့ အရင်မိစ္ဆာတစ်အုပ် ဘာဖြစ်သွားလဲ သိရဲ့လား၊ သေကုန်ကြတာ သတ်ခံရရုံတင်မကဘူး၊ အကြွင်းအကျန်တောင် မကျန်ခဲ့ဘူး" အားလုံးကို စားပွဲပေါ် ခင်းကျင်းခံခဲ့ရတာကိုး။
"မင်းတို့အားလုံးကို ပြောပါရစေ၊ ကြီးမြတ်တဲ့အမတက မိစ္ဆာတွေက လူတွေကို စားတာ အမှားဆုံးပဲ၊ အဲဒါကြောင့် ငါ မိစ္ဆာဘုရင် ဖြစ်လာခဲ့တာ၊ တကယ်လို့ မင်းတို့အားလုံး ခုသက်သတ်လွတ်ပြောင်းစားရင် သူက မင်းတို့အားလုံးကို အသက်ရှင်ခွင့်ပေးလောက်တယ်"
"မင်းတို့အားလုံးကို ပြောပါရစေ၊ မိစ္ဆာတွေအနေနဲ့ မင်းတို့ စိတ်အရမ်းကြီး မကြီးသင့်ဘူး၊ တကယ်လို့ ပြဿနာရှိရင် မုန်လာဥနီစားပြီး စိတ်အေးအေးထား၊ စဉ်းစားကြည့်၊ တကယ်လို့ မင်းတို့ အသက်ရှင်သရွေ့ တခြားကိစ္စအားလုံးက ပြဿနာကြီးမဟုတ်တော့ဘူး"
"မင်းတို့အားလုံးကို ပြောပါရစေ၊ မင်းတို့ ဒီထဲပိတ်မိနေတာ ကြာလှပြီကို၊ မင်းတို့အားလုံး ဗိုက်ဆာနေတာ သိပါတယ်၊ မိစ္ဆာတစ်ကောင်အနေနဲ့ ငါ့နှလုံးသားကလည်း မင်းတို့အားလုံးအတွက် ရင်အောင့်ရပါတယ်၊ ငါ မုန်လာဥနီ လုံလုံလောက်လောက် ထောက်ပံ့ပေးဖို့ကလွဲ တခြားဘာမှမလုပ်ပေးနိုင်ဘူး တကယ်လို့ မင်းတို့ မြက်ကို သဘောကျရင် ငါမင်းတို့အတွက် မြက်တချို့ဆွဲနုတ်ပေးနိုင်ပါတယ်"
"မင်းတို့အားလုံးကို ပြောပါရစေ၊ ကြီးမြတ်တဲ့အမတရဲ့ နောက်လိုက်ဖြစ်လာဖို့ ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ၊ ဒီမိစ္ဆာအမြုတေတွေအားလုံးကို မြင်ရဲ့လား၊ သူတို့က တစ်နေ့ကိုတစ်ခါ ကြီးမြတ်တဲ့အမတရဲ့ ငါ့အတွက်ဆုတွေပဲ၊ ဟုတ်တယ် နားကြားမမှားဘူး၊ တစ်နေ့ကို တစ်ခါ၊ မင်းတို့ စကားနားထောင်သရွေ့ပေါ့"
"မင်းတို့အားလုံးကို ပြောပါရစေ၊ ငါက အခု ဒဿမအဆင့် ရောက်လုနီးပါးဆိုပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က သတ္တမအဆင့်ယုန်ပဲ ဖြစ်ခဲ့သေးတာ ငါ အဆင့်တွေကို အဲလောက်မြန်မြန် တက်လှမ်းနိုင်ခဲ့တာ ဒါတွေအားလုံး ကြီးမြတ်တဲ့အမတရဲ့ ကျေးဇူးကြောင့်ပါ"
"မင်းတို့အားလုံးကို ပြောပါရစေ၊ ကြီးမြတ်တဲ့အမတက ပြောတယ်၊ တကယ်လို့ မိစ္ဆာတွေက လူတွေကို စားရင် ငါတို့က သွေးသံရဲရဲ အငြိုးအတေးစွမ်းအင်တွေနဲ့ ပြည့်လာပြီး တကယ်လို့ ငါတို့ကျင့်ကြံမှုကို အချိန်တိုအတွင်း မြှင့်တင်နိုင်ရင်တောင် အမတတက်လှမ်းမှုအပြီးမှာ ဝဋ်ကြွေးချေမိုးကြိုး ထိမှန်ပြီး သေဆုံးရမှာတဲ့၊ ဘာလို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်တဲ့ မိစ္ဆာတွေ မရှိရတာလဲ စဉ်းစားကြည့်၊ ဒါတွေအားလုံးက လူသားတွေကို စားလို့ပဲ"
"မင်းတို့အားလုံးကို ပြောပါရစေ..."
မိစ္ဆာအုပ်ကြီးက အစကတော့ သူ့ကို လျစ်လျူရှုထားပေမဲ့ တဖြည်းဖြည်း သူမ မျှဝေတာများလေ သူမကို ယုံကြည်တဲ့မိစ္ဆာတချို့ ရှိလာပြီး ကူယွဲ့ရဲ့ တမင်ပူးပေါင်းမှုနဲ့အတူ မိစ္ဆာတွေက ပိုယုံကြည်လာကာ ယုန်က သူတို့ကို မုန်လာဥနီတွေ၊ ဟင်းသီးဟင်းရွက်နဲ့ မြက်တွေ ရံဖန်ရံခါပို့ပေးတော့ မိစ္ဆာတွေက ပိုပိုပြီး ယုံကြည်လာကာ ယုန်ကို မိစ္ဆာဘုရင်အဖြစ်လက်ခံလာကြတယ်။ ဒွာဒဿမအဆင့် ကျားသစ်ဘုရင်နဲ့ ခြင်္သေ့ဘုရင်တောင် ယုန်ကို လေးစားသမှုရှိလာတယ်။
ဒီလိုအသိအမှတ်ပြုမှုက ဓားအင်းကွက် ဖယ်ပြီးတာတောင် ကျန်ရစ်ပြီး ဒဿမ အဆင့်တောင် မဟုတ်တဲ့ မိစ္ဆာဘုရင်ယုန်က အံ့ဩစရာကောင်းစွာ မိစ္ဆာတွေအားလုံးရဲ့ အသိအမှတ်ပြုမှုကို ရပြီး နာမည်နဲ့ ထိုက်တန်စွာ နေရာတစ်နေရာရဲ့ မိစ္ဆာဘုရင် ဖြစ်လာတယ်။ လေလုံးထွားပြီး လုပ်နိုင်ခဲ့တာမျိုးပဲ။
ငါးနှစ်အကြာမှာ ထုထောင်းခံရတာ ကျင့်သားရနေတဲ့ ဖက်တီးက ဧကဒဿမအဆင့်မိစ္ဆာဘုရင်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်နေပြီဖြစ်ကာ သူ့ဓားသိုင်းကိုလည်း ခိုင်ခိုင်မာမာ တိုးတက်လာတာ မြင်ရတယ်။ အများဆုံး သူ့ကို ခန္ဓာ... အာ ထွီ ဓာတ်ကြီးငါးပါးကျင့်ကြံသူနဲ့ ဓားကျင့်ကြံသူအရောလို့ မြင်နိုင်ပြီး အနည်းဆုံးတော့ သူ တိုက်ပွဲတစ်ခုမှာ တောင့်ခံနိုင်တယ်။ အင်း၊ သူက သေချာပေါက် ခန္ဓာကျင့်ကြံသူ မဟုတ်ဘူး။
ကူယွဲ့က နောက်တော့ မိစ္ဆာတွေရဲ့ ဖက်တီးကို ထုထောင်းတဲ့ နေ့စဉ်လှုပ်ရှားမှုကို ဖျက်သိမ်းကာ မိစ္ဆာနန်းတော်ဆီ ပြန်ခေါ်လာခဲ့ပြီး ဓားအင်းကွက်ထဲ ပြန်ပစ်ထည့်လိုက်တယ်။ သူက အပြင်မှာ စောင့်ကြပ်ပြီး အထဲကလူကို ကန်ကျောက်တယ်။
ဒါပေမဲ့ အမြဲ စကားတတွတ်တွတ် ပြောနေတဲ့ မိစ္ဆာတွေ ရုတ်တရက် မရှိတော့သလို ယုန်ရဲ့ ခေါင်းဆေးတဲ့စကားတွေ ပျောက်သွားတော့ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရတယ်။
ဒါကြောင့်... သူ ယုန်ကိုပါ ပစ်ထည့်လိုက်တယ်။
ယုန် ။ ။ "..." သေစမ်း
(ಥ_ಥ)
ဖြစ်နိုင်တာ ထုထောင်းချက်တွေကို ခံဖို့ အုတ်မြစ်ရှိသွားတာကြောင့်ထင် ဖက်တီးက ဒုတိယအဆင့်ကို အင်မတန် မြန်ဆန်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး အောင်အောင်မြင်မြင် တတိယအဆင့်ဆီ ဝင်လာခဲ့တယ်။ နောက်တော့... သူက နောက်တစ်ကြိမ် တစ်သွားပြန်ပါလေရော။
ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကူယွဲ့က ဖက်တီးကို အေးစက်တဲ့စိုက်ကြည့်မှုတွေ မလောင်းချတော့ဘဲ လေ့ကျင့်ဖော်တွေကို မိစ္ဆာတွေကနေ သူကိုယ်တိုင်အဖြစ် ပြောင်းလဲကာ ကိုယ်တိုင်ကိုယ်ကျ ထုထောင်း... မဟုတ်၊ ရိုက်ချက်တွေနဲ့ ဇွန်းသုံးပြီး ခွံ့ကျွေးတော့တယ်။
ဝက်တစ်ကောင်လောက် ဝတုတ်နေတဲ့ ဖက်တီးမျက်နှာက ဘယ်တော့မှ မသက်သာတော့ဘူး။ ဝက်မျက်နှာနဲ့ သူက ဓားသိုင်းကို နှစ်ချီ ဆက်လေ့ကျင့်နေခဲ့တယ်။ ဖက်တီးက ဓားသိုင်းကို မကျွမ်းကျင်နိုင်တဲ့ ဖွဲ့စည်းမှုတွေရှိတာကို လက်တွေ့သက်သေပြနေတာပဲ။
ယုန်က အောင်အောင်မြင်မြင် ဧကဒဿမအဆင့်ထိ တက်လှမ်းကာ ဓားအင်းကွက်မှာ အဆင့်၈ဆင့် ဖြတ်သန်းပြီးတာတောင် သူက ပဉ္စမအဆင့်ပဲ ရှိသေးတယ်။
ဒါကြောင့် ဖက်တီး ဓားအင်းကွက်ပဉ္စမအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်သန်းချိန် ကူယွဲ့ သူ့ကို ဆဋ္ဌမအဆင့် ဆက်သွားဖို့ ဖိအားမပေးတော့ဘဲ ဓားအင်းကွက်ကို ဖယ်ရှားခဲ့တယ်။
နောက်တော့ ဆေးလုံး၊ အဆောင်၊ အင်းကွက်၊ လက်နက်နဲ့ ဝိညာဉ်သားရဲတွေနဲ့ပတ်သက်တဲ့ သိုင်းတွေကို ပေးတော့တယ်။ ဓားအင်းကွက် ပဉ္စမအဆင့်က ဓားကျင့်ကြံသူအတွက် ဘာမှမဟုတ်ပေမဲ့ ဖက်တီးအတွက်တော့ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံဖို့ လုံလောက်တယ်။
ကူယွဲ့ ဓာတ်ကြီးငါးပါးပြောင်းပြန် အင်းကွက်တချို့၊ အင်းကွက်ဂါထာတွေနဲ့ အဆောင်ဂါထာတွေကို ကျောက်စိမ်းပြားတွေပေါ် ထွင်းကာ ဖက်တီးကို လက်ဆင့်ကမ်းခဲ့တယ်။ အမြုတေကျင့်ကြံမှုလို ဈေးကြီးပြီး အချိန်ကုန်တဲ့ သိုင်းဂါထာတွေကို တကယ့်တိုက်ပွဲမှာ သုံးမရနိုင်ပေမဲ့ သင်ယူလို့တော့ ရတာပဲ။ သားရဲထိန်းချုပ်မှုအတွက်ကတော့ တောင်ပိုင်းမြေက မိစ္ဆာအားလုံး သူက ယုန်မိစ္ဆာရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာ သိပြီးပြီမို့ လေ့ကျင့်ဖို့မလိုတော့ပုံပဲ။ ကျန်တာက စားဖိုမှူးနဲ့ ပိုရင်းနှီးတဲ့ လက်နက်သန့်စင်မှု။
သူက စားဖိုမှူးကို လက်နက်သန့်စင်မှုနဲ့ပတ်သက်ပြီး အမွေအနှစ်ထွင်းခိုင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ မီးဖိုချောင်ထဲ ရှာမတွေ့။ နောက်တော့ ဒီအမွှေစိန်နှစ်ယောက်ကို မတွေ့ဖြစ်တာ အတော်ကြာပြီမှန်း သတိရသွားခဲ့တယ်။ အလိုလို သူ့ကောင်းကင်စိတ်အာရုံကို သုံးကြည့်လိုက်ပြီး မိစ္ဆာနန်းတော်တစ်ခုလုံးကို ရှာဖွေလိုက်ပေမဲ့ ရင်းနှီးတဲ့ အရှိန်အဝါတစ်ခုမှအာရုံမခံမိ။
သူတို့ ဘယ်မှာလဲ။
သူ အနောက်နန်းဆောင်ကို ရှာပေမဲ့ ဘယ်သူမှ မရှိတာမို့ ယုန်ဆီပဲ သွားရတော့တယ်။
"ကြီးမြတ်တဲ့အမတရှန်းလား" ယုန်က တုံ့ဆိုင်းသွားပြီး တစ်ခဏကြာမှ တခြားကြီးမြတ်တဲ့ အမတနှစ်ယောက်ကို ပြောတာမှန်း နားလည်သွားခဲ့တယ်။
"သူတို့... သူတို့ အနောက်နန်းဆောင်မှာ စားသောက်နေတာ မဟုတ်ဘူးလား"
"ခုလေးတင် အဲမှာရှာလာတာ ဘယ်သူမှမရှိဘူး" ကူယွဲ့ မျက်နှာမည်းမှောင်သွားတယ်။ တိတိကျကျ ပြောရရင် သူတို့ မိစ္ဆာနန်းတော်တစ်ခုလုံးမှာ မရှိတာပဲပေါ့။
"သူတို့ တိတ်တိတ်လေး အပြင်ထွက် ပြဿနာသွားရှာကြပြန်ပြီလား"
"အဲဒါ ကျွန်တော်မသိပါဘူး..." ယုန်က ခေါင်းယမ်းတယ်။
"ဒါပေမဲ့ လွန်ခဲ့တဲ့၄နာရီလောက်က ကြီးမြတ်တဲ့အမတ၂ယောက် အရှေ့နန်းဆောင်က ပွဲကြည့်ဆောင်ဘေး လက်ဖက်ရည်သောက်နေတာ တွေ့ခဲ့တယ်၊ ဖြစ်နိုင်တာသူတို့..."
သူ စကားမဆုံးခင် ကူယွဲ့က တစ်ဖက်ကို လှည့်သွားပြီး အရှေ့နန်းတော်ဆီ လျှောက်သွားပြီ။ သေချာပေါက်ကို အဝေးကနေ ရင်းနှီးနေတဲ့ ပုံသဏ္ဌာန်နှစ်ခုက အထဲမှာ ထိုင်နေကာ တစ်ယောက်က အဆာသွတ်မုန့်စား တစ်ယောက်က လက်ဖက်ရည် ငှဲ့ပေးနေတာကိုမြင်နေရပြီ။ တစ်ခုပဲ သူတို့က စကားမပြော အမူအရာတွေက အနည်းငယ်တင်းမာနေတာမို့ အနည်းငယ် သဘာဝမကျဖြစ်နေတဲ့ပုံပဲ။
ကူယွဲ့ ခြေလှမ်းတွေတန့်သွားကာ သူ့မျက်နှာက အိုးဖင်လို ချက်ချင်း မည်းမှောင်သွားခဲ့တယ်။
"အာ ဒီမှာကြီးမြတ်တဲ့အမတ၂ယောက် မဟုတ်လား" သူ့နောက်က လိုက်လာတဲ့ ယုန်က အလိုလို ပြောလိုက်တယ်။
"ကျွန်တော် ကြီးမြတ်တဲ့အမတကို ပြောသားပဲ၊ ခင်ဗျား..."
သူ စကားမဆုံးသေး ကူယွဲ့ လက်ကိုယမ်းကာ ဝိညာဉ်ချီတစ်ဝှေ့ကို ဖြတ်သန်းသွားစေလိုက်တယ်။ အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ပွဲကြည့်ဆောင်ထဲက လူနှစ်ယောက်က ချက်ချင်း လူပုံစံ စာရွက်ဖြူ၂ပိုင်းအဖြစ် ပြောင်းလဲသွားကာ လေထဲ ယိမ်းယိုင်ကျဆင်းသွားခဲ့တယ်။ စောနက စားဖိုမှူးလက်ထဲ ကိုင်ထားတဲ့ လက်ဖက်ရည်အိုးက စားပွဲပေါ်ကျသွားပြီ ဖြစ်ကာ ရေက အရပ်မျက်နှာအစုံ စင်ထွက်သွားခဲ့တယ်။
နောက်အခိုက်အတန့်မှာ...။
ဒေါသတကြီးအော်သံက မိစ္ဆာနန်းတော်တစ်ခုလုံးထဲ ပျံ့သွားလေရဲ့။
"ငါ အဲငမွှေထိုးနှစ်ကောင်ရဲ့ ခြေထောက်တွေကို ချိုးပစ်မယ်"
ယုန် ။ ။ "..."
...
အခန်း ၄၇၃။ ပြဿနာတက်သော ဆရာတပည့်
ကူယွဲ့က တောင်ပိုင်းမြေကနေ ဒေါသတကြီး ပျံသန်းထွက်လာခဲ့တယ်။ တကယ်လို့ လူသတ်ချင်တဲ့ အငွေ့အသက်က လူသတ်နိုင်ရင် တောင်ပိုင်းမြေရဲ့ မိုင်ရာချီမှာ အကုန်သုတ်သင်ခံရပြီးလောက်ပြီ။
သူ တကယ်ဒေါသထွက်တာ။ ဒီမှာတော့ သေမတတ် သူက တပည့်ကို လမ်းပြနေရပြီး အဲအမွှေစိန်၂ကောင်က တကယ်ပဲ သူ့နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက် ထွက်ပြီး သူ့ကို အရူးလုပ်ဖို့ လူအတုနှစ်ယောက်တောင် ထားခဲ့တယ် ဟေး ဒါက ဘယ်သူ့မျက်နှာပြင်လဲ။ သူတို့ ဒီခရီးမှာ ပိုက်ဆံအားလုံးလည်း သုံးပြီးလောက်ပြီ၊ အဓိကအချက်က သူတို့ သူ့ကိုပါ တူတူသွားဖို့ မခေါ်ခဲ့တာပဲ။
(╯°Д°)╯(┻━┻
သေစမ်း၊ အဖေနဲ့သမီး ဆက်ဆံရေးကို ဖြတ်ချင်တဲ့ သူ့ရဲ့ ၁၀၀၁ ကြိမ်မြောက်ပဲ ဒီလိုသမီး လိုချင်တဲ့သူ ဘယ်သူမဆို သူမကို မွေးစားလို့ရတယ်၊ တစ်ခုဝယ် တစ်ခုအလကားရပေါ့
ကူယွဲ့ အနီးဆုံးအမတမြို့ဆီ တန်းသွားတယ်။ သူ အဲငမွှေထိုး၂ယောက်ကို ရှာတွေ့ဖို့ အချိန်တချို့ ယူရမယ် ထင်ခဲ့ပေမဲ့ တောင်ပိုင်းမြေကနေ ပျံသန်းထွက်လာပြီးသိပ်မကြာခင် အနောက်မှာချန်ထားခဲ့တဲ့ လမ်းကြောင်းကို မြင်ခဲ့ရတယ်။ အသည်းအသန် ပုံပန်းသဏ္ဌာန်နှစ်ခုက သူ့နား အင်မတန် မြန်ဆန်တဲ့အရှိန်နဲ့ ချဉ်းကပ်လာကာ နောက်မှာဖုန်တထောင်းထောင်းနဲ့။ ရှန်းရင်က ရှေ့ကပြေးနေပြီး ပါးစပ်ထဲ အဆာသွတ်မုန့်တစ်ခုနဲ့ လက်တစ်ဖက်က စားဖိုမှူးကိုကိုင်ထားကာ တခြားတစ်ဖက်က တစ်ခုခုကို ဆုပ်ကိုင်ထားရင်း အသည်းအသန်ပြေးနေကြတယ်။
ကူယွဲ့ မတုံ့ပြန်ရသေးဘဲ ရှန်းရင်က သူ့ကိုမြင်သွားပြီဖြစ်ကာ မျက်လုံးတွေချက်ချင်းတောက်ပသွားပြီး သူ့ဆီ အသည်းအသန်ပြေးလာတယ်။
"ဖေ... ဖေ... နျို" ခပ်တိုတို စကားလုံး၃လုံးသာဆိုပေမဲ့ သူမက လုံးဝကိုတခြားပုံစံလိုမျိုး ရအောင်ပြောနိုင်ကာ ကယ်တင်ရှင်ကို မြင်လိုက်ရသလိုမျိုး နွေဦးမှာ ပန်းတွေအားလုံးပွင့်လာတဲ့ပုံရိပ်မျိုး ပေးနေတယ်။ ချက်ချင်း သူ့ရှေ့ရောက်လာပြီး ရုတ်တရက် တန့်သွားကာ သူမရဲ့နဂို ပျင်းတိပျင်းရွဲပုံစံမျိုး မဟုတ်ဘဲ တောက်ပစွာပြုံးလေတယ်။
"ဖေဖေနျို ငါတို့ နင့်ကို အရမ်းလွမ်းနေတာ"
"တစ်ရက်ခွဲနေတာ ၃နှစ်လောက် ကြာသွားသလိုပါပဲ" စားဖိုမှူးကလည်း ထပ်ပြောလာတယ်။
"တကယ့်ကို နေရောင်အောက်က အကောင်းဆုံးဖေဖေနျိုပါပဲ"
"တစ်ဦးတည်းသော အကောင်းဆုံး"
"ဖေဖေနျို မျိုးရိုးစဉ်ဆက် လောကကြီးထဲ နံပါတ်တစ်"
"ဖေဖေနျို့နာမည်ကို ခေတ်တွေတစ်လျှောက် ပဲ့တင်ထပ်နေမှာပဲ"
"တော်လောက်ပြီ၊ မင်းတို့နှစ်ယောက် သေချာကကွက်ဖော်ထားတဲ့ အကကနေတယ် ထင်နေကြတာလား"
ကူယွဲ့ နှုတ်ခမ်းတွန့်သွားပြီး နှစ်ယောက်သားကို အေးစက်စက်ကြည့်ကာ ချက်ချင်း မကောင်းတဲ့ ခံစားချက်ရလိုက်တယ်။
"အမှန်တိုင်းပြော၊ မင်းတို့နှစ်ယောက် ခု ဘာဖြစ်ထားပြန်ပြီလဲ"
"ဘာမှမဟုတ်ပါဘူး"
ဆရာတပည့်နှစ်ယောက်လုံး တူတူခေါင်းယမ်းကြတယ်။
ကူယွဲ့က သူတို့ကို နောက်တစ်ချက် အေးစက်စက်ကြည့်ပြီး စကားနှစ်လုံး ပြောလာတယ်။
"ဟီးဟီး" ငါက မင်းတို့ကို ယုံမယ်ဆိုတော့လေ။
"တကယ်ပါ ဖေဖေနျို ငါ့ကိုယုံမှဖြစ်မယ်" ရှန်းရင် မျက်လုံးမှိတ်တုတ်မှိတ်တုတ်လုပ်လေတယ်။
"ငါတို့ စားစရာတချို့ဝယ်ခဲ့ရုံပါ"
သူမ လက်မနဲ့ လက်ညှိုးကို အတူတူဖြစ်ညှစ်ပြီး စကားပြောရင်း အဟကြားလေးတစ်ခု အမူအရာပြကာ လက်ထဲကစက္ကူအိတ်ကိုပါထိုးထည့်ပေးလာတယ်။
ကူယွဲ့ အလိုလို လှမ်းယူလိုက်ပေမဲ့ သူ မစစ်ဆေးနိုင်ခင် မကျေမချမ်းဖြစ်တဲ့အသံတွေက အရှေ့ကနေ ထွက်လာတယ်။
"သူတို့ ဒီမှာပဲ၊ အဲငလိမ်ကိုဖမ်းစမ်း"
"အားလုံး သူ့ကိုတားကြ၊ သူတို့ကို ထွက်သွားခွင့်မပေးနိုင်ဘူး"
"နောက်တစ်ယောက်ပါ ဝင်ပါလာပြီ၊ သူတို့ အတူတူပဲဖြစ်ရမယ်၊ ငါတို့ သူတို့အားလုံးကို ထုထောင်းပစ်မယ်"
အဲလိုနဲ့ ဒေါသထွက်နေတဲ့ ခပ်ထွားထွားလူကြီးတွေက လေထဲကနေ ပျံသန်းလာတယ်။ တချို့က ဓား၊ တချို့က ဓမ္မအသုံးအဆောင်၊ တချို့ဆို ပုဆိန်၊ ယောက်မနဲ့ ရှေ့ဖုံးခါးစည်းတွေပါ သယ်ဆောင်လာကြတယ်။ မြေကြီးပေါ် ဆင်းသက်လာတာတောင် သူတို့ရိုက်ချက်တွေက သုံးယောက်သားဘက် သည်းကြီးမည်းကြီး ရွာချလာလေရဲ့။
တဒုန်းဒုန်းအသံတချို့နဲ့အတူ အင်းကွက်ရဲ့ နောက်ကိုပြန်တွန်းထုတ်တာ ခံလိုက်ရတယ်။
ကူယွဲ့ သူတို့ကြောင့် ကြောင်အမ်းသွားပြီး သူ့လက်ထဲ ဆုပ်ကိုင်ထားတဲ့ စက္ကူအိတ်က လွတ်ကျသွားခဲ့တယ်။ တစ်ခါတည်း စက္ကူရွက်ပုံ အထူကြီးက မြေပြင်ပေါ် ပြန့်ကျဲသွားကာ ပြေစာတချို့ကြား အမည်းနဲ့ အဖြူရေးထားတဲ့ အကြွေးပြေစာရွက်တချို့ကို ဝိုးတဝါးမြင်နေရလေရဲ့။ သူ့နှလုံးသားက ရင်ထိတ်သွားကာ ဘေးက တစ်ပုံစံတည်း "အပြစ်ကင်းစင်တဲ့မျက်နှာ" နှစ်ဖက်ဆီ လှည့်ကြည့်လိုက်တယ်။
"ငမွှေထိုးနှစ်ကောင်၊ မင်းတို့ ခုဘာလုပ်ပြန်ပြီလဲ"
ლ(゚Д゚ლ)
ဆရာတပည့်နှစ်ယောက်လုံး ကောင်းကင်ကိုမော့ကြည့်ကာ မသိချင်ယောင်ဆောင်နေကြတယ်။
ဒါပေမဲ့ အဲလူတွေက မြေကြီးပေါ်ရောက်နေပြီဖြစ်ကာ သူတို့ပတ်လည်မှာ ခိုင်မာတဲ့စက်ဝိုင်းပုံ ဖွဲ့စည်းလိုက်တယ်။ သူတို့ မောဟိုက်ရင်း မြေကြီးပေါ်က လက်နက်တွေကို ကောက်ယူကာ တစ်ယောက်ချင်းစီက သူတို့ကိုနုပ်နုပ်စဉ်းဖို့ မစောင့်နိုင်တော့တဲ့ဟန်
"မင်းတို့ ဘယ်ကိုပြေး... နိုင်လဲ ကြည့်တာပေါ့" အလယ်ကတစ်ယောက်က အတော်လေး မောဟိုက်နေပြီး သူက သူတို့ကြား ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်ကာ လက်ညှိုးတစ်ချောင်း ထိုးလာတယ်။
"မင်းတို့အားလုံး... မင်းတို့အားလုံး... မင်းတို့အားလုံး... ငါ အမောပြေချိန်ထိ စောင့်ဦး"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့ ဆွံ့အနေပြီး ရှိနေတဲ့နေရာကလူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်တော့ သူတို့ကျင့်ကြံဆင့်က မမြင့်တာ နားလည်လိုက်ရတယ်။ အမြင့်ဆုံးက ရွှေအမြုတေနှောင်းပိုင်းအဆင့်ဖြစ်ပြီး ကျန်တဲ့သူတွေအားလုံးက အုတ်မြစ်အခြေတည်အဆင့်ဖြစ်ကာ ချီမွမ်းမံမှုအဆင့်တချို့တောင်ပါတယ်။
သူ့အမူအရာက မည်းမှောင်သွားကာ နှစ်ယောက်ကို နောက်တစ်ကြိမ် ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ စားဖိုမှူးနဲ့ ရှန်းရင် တစ်ယောက်က စီမံထိန်းသိမ်းသူ၊ နောက်တစ်ယောက်က လက်ထောက်၊ နှစ်ယောက်လုံးက cheatအကြီးနဲ့ အသေး၊ သူတို့ အောက်ဘုံက နတ်ဝိညာဉ်ကျင့်ကြံဆင့်တောင် မရောက်သေးတဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ နေရာစုံ နောက်ကလိုက်တာ ခံရတဲ့အခြေအနေ ရောက်အောင် ဘယ်လိုများလုပ်နိုင်တာလဲ။
ဆရာတပည့်က ကောင်းကင်ကို ဆက်စိုက်ကြည့်နေတယ်။ အင်း၊ ရာသီဥတုက ဒီနေ့ သိပ်မဆိုးဘူးပဲ... သင့်တော်တဲ့နေ့လေးတစ်နေ့... စားသောက်(ဟင်းချက်) ဖို့
တခြား ဘာဖြစ်နိုင်မှာလဲ၊ အကြောင်းရင်းဘက်ခြမ်းမှာ ရှုံးတာမျိုး။
"တာအိုရောင်းရင်းတို့" ကူယွဲ့ အသက်ပြင်းပြင်း ရှူသွင်းကာ နှစ်ယောက်သားကို ကောင်းကောင်း ထုထောင်းချင်တဲ့စိတ်ကို မျိုသိပ်ကာ အားလုံးကိုလက်သီးဆုပ်ပြီးပြောလိုက်တယ်။
"ကျုပ်သူငယ်ချင်းနှစ်ယောက်က ဒီကအားလုံး တကူးတက နောက်ကလိုက်ရတဲ့အထိ ဘယ်လို အပြစ်ပြုမိခဲ့လဲ သိခွင့်ရှိမလားဗျ၊ တကယ်လို့နားလည်မှုလွဲတာဆိုရင် ကျုပ်တို့ထိုင်ပြီး စကားပြောကြည့်ရင်ရော"
"အဓိပ္ပာယ်မရှိတာတော်တော့" နောက်ဆုံးတော့ အသက်ရှူဝသွားပြီဖြစ်တဲ့ ရွှေအမြုတေကျင့်ကြံသူက သူ့ကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်တယ်။
"မင်းက သူတို့ထဲကတစ်ယောက်ပေါ့ ဟမ်၊ အားလုံးပဲ သူ့ကိုနားမထောင်ကြနဲ့၊ တခြားဟာတွေ မပြောခင် သူတို့ကို အရင်ဖမ်းဆီးကြစို့"
သူ စကားဆုံးဆုံးချင်း တခြားသူတွေက လက်ထဲကလက်နက်တွေကို နောက်တစ်ကြိမ် မြှောက်ပြန်ကာ တချို့ကဂါထာသုံး တချို့က အရှေ့ကိုထွက် သူတို့ဆီ တန်းတန်းမတ်မတ်ဦးတည်လာတယ်။
အကျိုးအကြောင်း စကားပြောဖို့က အလုပ်မဖြစ်မဲ့ပုံပဲ။ ကူယွဲ့ မျက်မှောင်ကြုတ်ကာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရဲ့ ဖိနှိပ်မှု ထုတ်လွှတ်လိုက်တော့ ချက်ချင်း အားလုံးဆီ ဖိအားအပြားလိုက်ကြီး ရောက်ချလာတယ်။
တိုက်ခိုက်သတ်ဖြတ်ဖို့ တာဆူနေတဲ့လူတွေက တောင့်ခဲကာ သူတို့ကိုယ်တွေက တင်းမာလွန်းသွားတာမို့ မလှုပ်နိုင်တော့ဘဲ ကျင့်ကြံဆင့်အနိမ့်ဆုံး ကျင့်ကြံသူတွေတောင် ဒူးထောက်ကျကုန်တယ်။ တိတ်ဆိတ်မှုက ကျရောက်လာပြီး လူတိုင်းနဖူးမှာ ချွေးစေးတွေဖြစ်လာတာ ခံစားရကာ သူတို့ကို ဦးဆောင်နေတဲ့ရွှေအမြုတေကျင့်ကြံသူတောင် ဖြူဖျော့သွားပြီး မယုံကြည်နိုင်တဲ့အမူအရာနဲ့။
"နတ်... နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်... ဆရာသခင်" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
သူတို့ နောက်ကလိုက်ဖို့ပဲ တွေးခဲ့ပြီး ဒီငလိမ်နှစ်ယောက်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်တစ်ယောက်နဲ့ သိမယ်မထင်ခဲ့ဘူး။
"အခု ဘာဖြစ်ခဲ့လဲဆိုတာ ပြောလို့ရပြီလား"
အားလုံး ။ ။ "..."
ကူယွဲ့ရဲ့ ဖိနှိပ်မှုကို ခဏတာထုတ်လွှင့်ပြီးတဲ့နောက် ပြန်ရုပ်သိမ်းလိုက်တယ်။ အချက်အလက်တွေ ရှင်းအောင်မလုပ်ဘဲ ချက်ချင်း တန်းပြီးစတိုက်ခိုက်တာက မမှန်ဘူး။
အဲလူတွေရဲ့ မျက်နှာပေါ်က ဒေါသတကြီး အမူအရာတွေက နောက်တော့ ပြန်ပျောက်ကွယ်သွားပြီး အချင်းချင်း စိုက်ကြည့်နေကာ ရွှေအမြုတေကျင့်ကြံသူက အံကိုကြိတ်ပြီး ရှေ့တက်လာတယ်။
"ဆရာသခင် ကျုပ်တို့က ခင်ဗျားကို အပြစ်ပြုဖို့ ရည်ရွယ်တာမဟုတ်ပါဘူး၊ ခင်ဗျား... သူငယ်ချင်းနှစ်ယောက်က ကျုပ်တို့ နှစ်ပေါင်းများစွာ အပင်ပန်းခံစုဆောင်းထားတဲ့ရတနာတွေကို ဖျက်ဆီးပစ်ပြီး ပန်းပဲအခန်းအတွက် ကျုပ်တို့နေရာတွေကိုတောင် ဖျက်ဆီးသွားခဲ့တယ်၊ အဲဒါတွေက ကျုပ်တို့ တစ်ဘဝလုံး ကြိုးစားခဲ့တာတွေပါ"
သူက တစ်ခုခုကို အမှတ်ရသွားသလိုမျိုး ဒေါသတွေ မျက်လုံးတွေထဲ ပေါ်လာကာ ကူယွဲ့ကို လှမ်းကြည့်ပြီးနောက် အတင်းအကြပ် မျိုသိပ်လိုက်ရပြီး မေးကြည့်လာတယ်။
"နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်အနေနဲ့ သူတို့က သူငယ်ချင်းတွေဆိုရင်တောင် ကျုပ်တို့ကို တရားမျှတမှု ရှာဖွေခွင့်ပြုမယ်လို့ ယုံကြည်ပါတယ်"
ကူယွဲ့ အမူအရာက မည်းမှောင်သွားကာ သူ့နောက်က နှစ်ယောက်ကို လှည့်ကြည့်ပြီး ဒေါသတကြီးရေရွတ်လိုက်တယ်။
"မင်းတို့နှစ်ယောက် ဘာလုပ်ပြန်ပြီလဲ"
"ဘာမှမဟုတ်ပါဘူး" ရှန်းရင်ကပြန်ဖြေတယ်။
"ငါ မုန်လာဥနီတချို့ လောင်အောင် မတော်တဆ လုပ်မိရုံပါ"
"မင်းပါးစပ်ပိတ်" ကူယွဲ့ သူ့ကိုဒေါသတကြီး စိုက်ကြည့်ကာ ယိချင်းဘက်တန်းလှည့်လိုက်တယ်။
"စားဖိုမှူး မင်း ငါ့ကိုပြော"
ယိချင်းက သူ့ဆရာကို ခိုးကြည့်တယ်။
"အင်း... ဆရာနဲ့ ကျွန်တော်က အဆာပြေမုန့်တချို့ သွားဝယ်ရုံကို နောက်တော့ လမ်းမှာ ဟင်းချက်နည်းတချို့ သင်ခဲ့ရတယ်၊ အဆုံးမှာ... ကျွန်တော်တို့ မတော်တဆ မီးဖိုချောင်ကို မီးလောင်အောင် လုပ်မိခဲ့တယ်"
"..." ဘယ်လိုမီးဖိုချောင်လဲ။ သက်စောင့်ဆေးတွေကို သိမ်းဖို့သုံးတဲ့မီးဖိုချောင်လား။
"မစိုးရိမ်ပါနဲ့ ဖေဖေနျို၊ ငါတို့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေခဲ့ပါတယ်" ရှန်းရင်က လက်မြှောက်ကာ ထပ်ပြောတယ်။
...
အခန်း ၄၇၄ ။ အပြစ်ရှာရာ၌ ကျွမ်းကျင်ခြင်း
"မင်းတို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ" သူ စကားဆုံးဆုံးချင်း ရွှေအမြုတေကျင့်ကြံသူက ဒေါသတကြီး ခွန်းတုံ့ပြန်တယ်။
"သူတို့ မီးရှို့ခဲ့တာ မီးဖိုချောင် မဟုတ်ဘူး၊ သွေဖည်မီးလျှံကို အသုံးပြုပြီး ကျုပ်တို့ပန်းပဲအခန်းကို ရှို့ခဲ့တာ အထင်ရှားကြီး၊ ပြီးမြောက်ပြီးသား သက်စောင့်ဆေးတွေ၊ ရှားပါးဝိညာဉ်ဆေးပင်တွေလည်း ရှိပြီး, သူတို့အားလုံးကို ဒီလူလိမ်... ဒီလူက ဖျက်ဆီးသွားခဲ့တာ"
တခြားသူတွေကလာည်း ဝိုင်းအပြစ်တင်ကြတယ်။
"အမှန်ပဲ၊ ကျုပ် ခြိုးခြိုးခြံခြံသုံးစွဲပြီး အပင်ပန်းခံ ဝယ်ခဲ့ရတဲ့ဆေးလုံးအသစ်လည်း အထဲမှာရှိနေပြီး အားလုံးလောင်သွားခဲ့တာ"
"အင်း၊ ပြီးတော့ ကျုပ်ရဲ့ နှစ်တစ်ထောင် ဝိညာဉ်ဒဏ္ဍာရီအပင်နဲ့ နှစ်ငါးရာ ကျောက်စိမ်းဝိညာဉ်သစ်ခေါက်ရောပဲ"
"ပြီးတော့ ကျုပ်ရဲ့ မြတ်နိုးအသီးရောပဲ"
"ကျုပ်ဟာလည်းပါတယ်..."
"ဆရာသခင်" ရွှေအမြုတေကျင့်ကြံသူက ခြေတစ်လှမ်းတိုးလာကာ မေးခွန်းထုတ်ဖို့ သတ္တိရှိတဲ့ပုံစံနဲ့။
"ဒီလူတွေက ကျုပ်တို့ဝိညာဉ်ဆေးပင်တွေ၊ မှိုနဲ့၊ ကျုပ်တို့အတူတူ ကြိုးစားတည်ဆောက်ခဲ့တဲ့ ပန်းပဲအခန်းကိုပါ ဟင်းချက်ချင်တယ်လို့ ဟန်ဆောင်ပြီး မီးရှို့ခဲ့တာ၊ သူတို့ရည်ရွယ်ချက်တွေက တကယ်ကို ကောက်ကျစ်လွန်းတယ်၊ တကယ်လို့ ခင်ဗျားက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ဆိုရင်တောင် ဒီလိုကောက်ကျစ်သူတွေဘက် ဘက်မလိုက်သင့်ဘူး၊ မဟုတ်ရင် ကျုပ်တို့ တရားမျှတမှုရှာဖို့ မဟာရုံးတော်ဆီ သေချာပေါက်သယ်သွားရလိမ့်မယ်"
တခြားသူတွေက ဆက်တိုက် သူ့စကားကိုအက်ခိုးထပ်နေကြပြီး စောနက သူတို့ရဲ့ခက်ထန်တဲ့ အမူအရာကို ဆက်လုပ်ကြတယ်။
ကူယွဲ့ရဲ့အမူအရာက ဖြူဖျော့သွားကာ လူတိုင်းကို တစ်ချက်ဝေ့ဝဲကြည့်ပြီး မြေပြင်ပေါ်က ဟင်းချက်နည်းတွေဆိုတာကို ခိုးကြည့်ကာ ခန့်မှန်းကြည့်လိုက်တယ်။
"မင်းတို့အားလုံး ပြောနေတာ ကျုပ်ရဲ့ဒီသူငယ်ချင်းနှစ်ယောက်က နဂိုက ဟင်းချက်ဖို့ အားလုံးနဲ့ ဆွေးနွေးခဲ့တယ်ပေါ့"
"မှန်ပါတယ်" ခါးစည်းဖုံးဝတ်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က ရှေ့တက်လာကာ ပြောတယ်။
"ကျုပ်ရဲ့အမွှေးနံ့သာစားသောက်ဆိုင်က ပြန့်အမတမြို့ထဲ နာမည်အကြီးဆုံးစားသောက်ဆိုင်ပါ၊ သူတို့အရင်စဝင်တဲ့စားသောက်ဆိုင်က ကျုပ်ဟာဖြစ်ပြီး သူတို့က သင်္ကေတဟင်းပွဲတွေတချို့ မှာခဲ့တယ်၊ သူတို့က လမ်းညွှန်မှုကို လိုလိုလားလား ဆည်းပူးချင်တယ်ထင်ခဲ့လို့ စိတ်စေတနာအပြည့်နဲ့ ကျုပ်ရဲ့ ဟင်းချက်နည်းတွေကို ပေးခဲ့တယ်၊ သူတို့ ရည်ရွယ်ချက်အစစ် မဟုတ်တာ ဘယ်သူသိခဲ့မှာလဲ"
အဲလိုပြောပြီး သူက ယိချင်းဘက် အေးစက်စက်နှာမှုတ်ကာ အတော်လေး ဒေါသထွက်နေပုံပဲ။
"ကျုပ်တို့ရဲ့ အရက်သမားအမတစားသောက်ဆိုင်အတွက်လည်း ထပ်တူပဲ"
"ပြီးတော့ ကျုပ်တို့..."
တခြားသူတွေကလည်း အုတ်အော်သောင်းနင်းလုပ်ကာ စားဖိုမှူးကို ရန်သူကိုကြည့်သလိုမျိုး ကြည့်ကြတော့တယ်။
"မင်းတို့အားလုံး ပြောတဲ့စကားအရ..."
ကူယွဲ့က အသံခပ်တိုးတိုးပြောလာတယ်။
"သူတို့က ခင်ဗျားတို့ ဟင်းချက်နည်းကို မလိမ်နိုင်ခဲ့ဘဲ ခင်ဗျားတို့အားလုံး အတူတူတည်ဆောက်ခဲ့တဲ့ ပန်းပဲဖိုကို မီးရှို့ပြီး ဝိညာဉ်ဆေးပင်တွေနဲ့ သက်စောင့်ဆေးတွေအားလုံးကို ဖျက်ဆီးခဲ့တယ်ပေါ့"
"အမှန်ပဲ" အဲလူတွေက ခိုင်ခိုင်မာမာ ခေါင်းညိတ်ကာ လူတိုင်းက အရဲတင်းစွာ၊ သတ္တိရှိစွာနဲ့ သူတို့ဒေါသကို ပြသကြတော့တယ်။
ကူယွဲ့ရဲ့အမူအရာက နားထောင်ဘေ မည်းမှောင်လာလေဖြစ်ကာ ရုတ်တရက် သူ့နှုတ်ခမ်းထောင့်လေးတွေကို ပင့်တင်ပြီး အတင်းအကြပ် ပြုံးလိုက်ရတယ်။
"ဒါဆို ကျုပ်က မင်းတို့ကျင့်ကြံသူတွေအားလုံး စိတ်တိုင်းကျ အရူးလုပ်နိုင်တဲ့အထိ ကြင်နာပြီး စိတ်ရှည်တယ်များ ထင်နေကြလား"
အဲလိုပြောပြီး သူက နောက်တစ်ကြိမ် ဖိနှိပ်မှုကို လွှတ်ထုတ်ကာ ဒီတစ်ကြိမ်တော့ လုံးဝ ထိန်းမထားတော့ဘူး။
တစ်ခါတည်း ကျင့်ကြံသူတွေအားလုံး ပြိုလဲကုန်ကာ ဒူးထောင်ကျပြီး ကြီးမားတဲ့ဖိအားကို အရှုံးပေးလိုက်ရတယ်။ ရှေ့က ရွှေအမြုတေကျင့်ကြံသူအတွက်လည်း အတူတူပဲ။ သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။
"ဆရာသခင်... ဒါ ဘာဆိုလိုတာလဲ"
"ကျုပ်ဘာဆိုလိုရမှာလဲ" ကူယွဲ့ အေးစက်စက် ရယ်လိုက်တယ်။ "ကျုပ်မပြောနိုင်ဘူးများ ထင်နေလား၊ မင်းတို့အားလုံးက ဘယ်လိုလူမျိုးတွေဆိုတာ ကျုပ်မသိပေမဲ့ ကျုပ်ရဲ့ ဒီသူငယ်ချင်းက စားဖိုမှူးပဲ၊ ဟင်းချက်တဲ့နေရာမှာ မင်းတို့၁၀ယောက်ပေါင်းတောင် သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး၊ သူစားသမျှဟင်းပွဲကို ဘာအကူအညီမှ မပါဘဲ တစ်ပုံစံတည်းလုပ်နိုင်တယ်၊ မင်းတို့က သူ့ကို စိတ်ကောင်းစေတနာနဲ့ ဟင်းချက်နည်း ပေးခဲ့တယ်လို့ ပြောရဲတယ်၊ ဟမ့်၊ ဟာသပဲ"
"..." အဲလူရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူတို့မျက်လုံးတွေက အနည်းငယ် အာရုံလွတ်ကုန်တယ်။
"ဟင်းချက်နည်းတွေကို ဆင့်ကမ်းတယ်လို့ ပြောတယ်လား" ကူယွဲ့ မြေကြီးပေါ်က အကြွေးပြေစာပုံကြီးကို လှမ်းကြည့်ကာ ဆက်ပြောတယ်။
"သူတို့အစုက သူက ဟင်းပွဲတိုင်းမှာ ဟင်းချက်နည်းနဲ့ သုံးတဲ့ဟင်းချက်ပစ္စည်းတွေကို ပြောနိုင်တယ်ဆိုတာ နားလည်သွားတာပဲ ဖြစ်ရမယ် ဒီတိုင်းလက်မခံချင်တော့ မင်းတို့အားလုံးက မင်းတို့ဘက် လူပိုများတယ်ဆိုတာကို အခွင့်အရေးယူပြီး သူတို့မှာရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို ကလိမ်ကျဖို့ မင်းတို့ ဟင်းချက်နည်းတွေကို ဝယ်ဖို့ လေလုံးထွားခဲ့တာမလား၊ ကျုပ်မှန်တယ်မလား"
"..." အဲလူတွေက ဖြူဖျော့လာကာ စကားတစ်ခွန်းမှ မပြောရဲတော့ဘူး။
"ခန့်မှန်းပါရစေ နောက်ဘာဆက်ဖြစ်မှာလဲဆိုတာ"
ကူယွဲ့ အပြုံးက ပိုပြီးအေးစက်လာတယ်။
"ဟင်းပွဲတွေထဲက ခြားနားချက်ကို သူအရသာ ခံနိုင်တယ်ဆိုတည်းက သက်စောင့်ဆေးတွေကိုလည်း တစ်ပုံစံတည်း လုပ်နိုင်လောက်တယ်လို့ မင်းတို့နားလည်သွားတယ်၊ အားလုံးလောင်းကြေးထပ်ဖို့ ဆုံးဖြတ်ပြီး မင်းတို့ သူတို့ကို ပန်းပဲဖိုထဲ ခေါ်သွားပြီး သက်စောင့်ဆေးတွေကို အရသာခံခွင့်ပြုပြီး မင်းတို့ကို ဖော်စပ်နည်း ပြောပြဖို့ ရည်ရွယ်ခဲ့တာလေ၊ နောက်တော့ တခြားဂိုဏ်းတွေရဲ့ လျှို့ဝှက်ဖော်စပ်နည်း တချို့တလေ ရအောင်ပေါ့"
"..." အဲလူတွေက ချွေးစေးချွေးပေါက်တွေ စကျလာတယ်။
"အဲဒါတင်မကဘူး၊ သူ့မှာဒီလို အစွမ်းတွေပါတော့ သူ့ကို သက်စောင့်ဆေးတွေ သန့်စင်ခိုင်းကြည့်ဖို့ပါ ထူးဆန်းတဲ့ အတွေးရခဲ့တယ်လေ၊ မင်းတို့ မသိခဲ့တာ သူက သက်စောင့်ဆေးဖော်နည်း လုံးဝမသိဘူးဆိုတာပဲ၊ သန့်စင်မှုက ကျရှုံးသွားရုံတင်မကဘူး ပန်းပဲဖိုတစ်ခုလုံး ဖျက်ဆီးခံရတဲ့အထိ မတော်တဆ အားလုံးကို လောင်ကျွမ်းစေခဲ့တာပဲ"
သူ့မျက်လုံးတွေက မှုန်မှိုင်းသွားကာ အဲလူတွေကို လှမ်းကြည့်လာတယ်။
"ပြောပါဦး၊ ကျုပ်ခန့်မှန်းတာ မှန်ရဲ့လား"
ကျင့်ကြံသူတွေအားလုံး မတရားဖြူဖျော့သွားကာ အဖော်ခံလိုက်ရတဲ့နောက် အပြစ်ရှိသလိုပုံစံနဲ့ ဖိနှိပှ်ုကြောင့် ခေါင်းတွေကို အတင်းငုံ့ထားရတယ်။
"မင်းတို့အားလုံးက ငါ့မိတ်ဆွေကို ကလိမ်ကျပြီး ဆေးလုံးတွေ သန့်စင်ပေးအောင် အရူးလုပ်ခဲ့တယ်၊ ပြီးတော့ ကျုပ်ဆီက တရားမျှတမှု တောင်းရဲတယ်ပေါ့၊ အရှက်မရှိချက်" ကူယွဲ့စကားဆုံးသွားတာနဲ့ သူ့ဖိနှိပ်မှုက နောက်တစ်ဆင့် မြင့်တက်သွားပြီး အဆင့်နိမ့်ကျင့်ကြံသူတချို့က မြေကြီးပေါ် တန်းကျကုန်တယ်။
"ဆရာ... ဆရာသခင် စိတ်အေးအေးထားပါ၊ စိတ်အေးအေးထားပါ ဆရာသခင်" စောနက မောက်မာနေတဲ့လူတွေက ကြောက်လန့်တကြား အမူအရာတွေနဲ့ အလောတကြီး တောင်းပန်ကုန်ကြတယ်။
"ကျွန်တော်တို့ လတ်တလော ခေါင်းမရှိလို့ ဒီလိုမကောင်းတဲ့ပြစ်မှု ကျူးလွန်မိတာပါ၊ ကျေးဇူးပြုပြီး ဒါပထမဆုံးအကြိမ်ဆိုတာကို ထောက်ထားပြီး ကျွန်တော်တို့ကို သနားညှာတာပေးပါ ကျွန်တော်တို့ ထပ်မလုပ်ရဲတော့ပါဘူး"
ကျန်တဲ့သူတွေလည်း စတင် တောင်းပန်ကုန်ပြီး သူတို့ရဲ့စောနက ယုံကြည်ချက်အပြည့်နဲ့ ရဲတင်းမှုက အားလုံးပျောက်ကွယ်သွားတယ်။ သူတို့ သူက မေးခွန်းတချို့မေးပြီးတာနဲ့ သူတို့အစီအစဉ်တွေကို ထိုးထွင်းမြင်နိုင်မယ်မထင်မိခဲ့ဘူး"
"သနားရမယ်လား" ကူယွဲ့ အေးစက်စွာ နှာမှုတ်လိုက်တယ်။
"စောနက မင်းတို့အားလုံး ငါ့မိတ်ဆွေ၂ယောက်ကို သတ်ဖြတ်ဖို့ တွန်းပို့နေတာမလား၊ မင်းတို့အလှည့်ကျတော့ ညှာတာပေးဖို့ ဘာလို့တောင်းဆိုနေတာလဲ" ဟမ့် ငါ့အခုအခံက အချည်းနှီးဖြစ်မှာ မဟုတ်ဘူး
ကြောက်လန့်မှုက အဲလူတွေကြား မြင့်တက်လာတယ်။ အဲဒါက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၊ သူတို့ကို လက်ဖြောက်တစ်ချက်တီးရုံနဲ့ သူတို့ကို ပြာမှုန့်တွေအဖြစ် ပြောင်းနိုင်တယ်။ သူတို့က ဆိုးဆိုးဝါးဝါးတုန်ယင်ကာ ပိုပြီးတောင် ကျယ်လောင်စွာ အသနားခံလာကြတယ်။ တစ်စုံတစ်ခုက အလယ်က ရွှေအမြုတေကျင့်ကြံသူရဲ့ မျက်စိထဲ တောက်ပသွားကာ ကျယ်လောင်စွာ ပြောလေတယ်။
"ဆရာသခင် ကျွန်တော်တို့ကို... ကျွန်တော်တို့ကို ချီမျိုးနွယ်မျက်နှာ ထောက်ပြီး လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ကျွန်တော်တို့က သက်စောင့်ဆေးတွေကို ဖြန့်ပေးတဲ့ သာမန်တပည့်တွေပါပဲ"
"ဘာဖြန့်...." ကူယွဲ့ အလိုလို ပြန်တုံ့ပြန်ချင်ပေမဲ့ သူ့ဝတ်ရုံလက်ကို ဆွဲလာတာ ခံစားမိလိုက်တယ်။ သူ့မျက်လုံးတွေက မည်းမှောင်သွားကာ အနည်းငယ်တုံ့ဆိုင်းမှုနဲ့ပြောလိုက်တယ်။
"အဲလိုဆိုမှတော့... ကျုပ်ကိုယ်ကျုပ် ထိန်းချုပ်နိုင်ပေမဲ့ မင်းတို့အားလုံး ငါ့မိတ်ဆွေတွေကို လိမ်ပြီး သူတို့ရဲ့ဝိညာဉ်ကျောက်တုံးတွေကို အမြတ်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး မင်းတို့ ဘာလုပ်သင့်လဲ"
"ကျွန်တော်တို့ ပြန်ပေးပါ့မယ်၊ ပြန်ပေးပါ့မယ်"
"ဟုတ်ဟုတ်ဟုတ်၊ အစတည်းက သူတို့ ပိုင်တာပဲဟာ၊ ကျွန်တော်တို့ ရူးမိုက်မိတာပါ"
"ပြန်ပေးပါ့မယ်၊ သူ့ကိုအကုန်ပြန်ပေးပါ့မယ်"
အဲလူတွေက သိသိသာသာ စိတ်သက်သာရာရပြီး ဝိညာဉ်ကျောက်တုံးတွေအားလုံးကို ထုတ်ကာ မျက်လုံးတွေက အလယ်ကလူတချို့ကို အချိန်နဲ့အမျှ ခိုးကြည့်နေတယ်။
ကျွမ်းကျင်အဆင့် စဉ်းလဲတဲ့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကူယွဲ့ သူတို့ရဲ့ 'နည်းနည်းပဲပေး' ဆိုတဲ့အကြည့်ကို အလိုလိုနားလည်တာပေါ့။ ဒါကြောင့် သူထပ်ပြောလိုက်တယ်။
"အိုး၊ ငါမင်းတို့ကို အသိပေးဖို့ မေ့သွားတယ်၊ ဒီမိတ်ဆွေ သူနဲ့အတူ ယူသွားတဲ့ဝိညာဉ်ကျောက်တုံးတွေက ကျုပ်ဆီက ချေးထားတာ၊ သေချာမှန်မှန်ကန်ကန် ရေတွက်နော်"
ငါ့ကို တစ်တုံး လျှော့ပေးရဲလား ကြည့်ကြတာပေါ့။
အဲလူတွေ ရင်ထိတ်သွားပြီး သူတို့ရဲ့နှိုက်ထုတ်တဲ့လှုပ်ရှားမှုတွေက မြန်ဆန်ကုန်ကာ တစ်လုံးမှ မကျန်ရဲဘဲ ပိုပြီးတော့တောင် ထပ်ထည့်ကုန်တယ်။ သူတို့ အရေအတွက်မမှန်ရင် ပိုပြီးရင်ဆိုင်ရမှာကို ကြောက်ရုံပဲ။
ကူယွဲ့ အဲတော့မှ သူ့ဖိနှိပ်မှုကို ပြန်ရုပ်သိမ်းလိုက်တယ်။
အဲလူတွေက တုန်ရင်ကာ ဝိညာဥ်ကျောက်တုံးတွေအားလုံး နှိုက်ထုတ်ပြီးသွားတယ်။
"ဆရာသခင် ကျွန်တော်တို့ ဒီလိုမကောင်းတဲ့လုပ်ရက်ကို နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်"
"အင်း" ကူယွဲ့ ပြန်ဖြေလိုက်တယ်။
"ဒါဆို ကျွန်တော်တို့ ဆရာသခင်ကို ဆက်မနှောင့်ယှက်တော့ဘဲ သွားပါတော့မယ်" လူတိုင်း ဂါဝရပြုကာ လှည့်ထွက်ကုန်တယ်။
"ခဏနေဦး" သူက ရုတ်တရက် လှမ်းခေါ်လာတယ်။
""