← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း ၄၇၅ ။ ဝိညာဉ်ထိန်းဆေးလုံး

အားလုံး ရပ်သွားပြီး မလှည့်မနေရဖြစ်သွားတယ်။ သူတို့ပြုံးနေပေမဲ့ ငိုနေတာထက်တောင် ကြည့်ရဆိုးနေတယ်။ "ဆရာသခင်... ဘာညွှန်ကြားချက်များ ရှိလို့ပါလဲ"

ကူယွဲ့ အတောက်ပဆုံး ပြုံးကာ တခြားကျင့်ကြံသူတွေကို ကြောက်ရွံ့မှုနဲ့ ခေါင်းငုံ့သွားစေလိုက်တယ်။ နောက်တော့ ကူယွဲ့ အမူအရာပြကာ မြေကြီးပေါ် စောနကကျသွားတဲ့ စာရွက်အပိုင်းအစတွေက သပ်သပ်ရပ်ရပ်နဲ့ သူ့လက်ထဲ အထပ်လိုက်ပြန်ရောက်လာတယ်။

"ဒီဟင်းချက်နည်းတွေက ကျုပ်မိတ်ဆွေအတွက် ဘာမှမဟုတ်တော့ဘူးဆိုတော့ သူတို့ကို ထားခဲ့လို့ အကျိုးမရှိဘူးလေ" သူက ငုံ့သွားကာ စီးပွားရေးအပြုံးတပ်လိုက်တယ်။

"ဒါတွေက မင်းတို့ သင်္ကေတဟင်းချက်နည်းတွေလို့ ပြောခဲ့တယ်မဟုတ်လား၊ ဒါတွေကို ပြန်ရွေးသွား"

"ပြန်-ပြန်-ပြန်ရွေးရမယ်လား" သူတို့က တုံ့ဆိုင်းသွားတယ်။

"အမှန်ပဲ၊ မင်းတို့က ဟင်းချက်နည်းတွေကို ရောင်းတယ်မဟုတ်လား၊ ငါတို့က မလိုတော့ဘူးလေ - သူတို့ကို ငွေ ပြန်အမ်းခိုင်းသင့်တာပေါ့ မဟုတ်ဘူးလား"

သူတို့အားလုံးက သူ့ကို ကြောက်လန့်တကြား ကြည့်နေတယ်။ သူပြောတာ အဓိပ္ပာယ် ရှိပေမဲ့ စောနက ကူယွဲ့ကို သူ့ငွေတွေအားလုံး ပြန်ပေးပြီးပြီလေ ဒါပေမဲ့ သူက သူတို့ကို အတည်ပေါက်ကြီးကြည့်နေတော့ ဘယ်လိုခွန်းတုံ့ပြန်ရမလဲ မသိတော့ဘူး။ ဒါကြောင့် သူတို့အံကြိတ်ကာ ခေါင်းညိတ်လိုက်ကြတယ်။

"သေ... သေချာပေါက်ပေါ့"

"ကောင်းပြီ၊ ကျုပ် မင်းတို့ကို မလိမ်ပါဘူး၊ တန်ဖိုးကြေးအပြည့်နဲ့ ပြန်ပြီးအမ်းပါရစေ၊ ဒီပြေစာတွေက ဒီဟင်းချက်နည်းတွေရဲ့ တန်ဖိုးကို ပြနေတာပဲ"

ကူယွဲ့က တစ်ခုကို ကောက်ယူကာ ဖတ်လိုက်တယ်။

"ရနံ့မွှေးစားသောက်ဆိုင်က ဒီဝိညာဉ်အသားကင်အတွက် လျှို့ဝှက်ဟင်းချက်နည်းကို ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး၁၅၀၀နဲ့ ရောင်းထားတာပဲ၊ စားဖိုမှူး သူဌေးဆီကနေ ကျောက်တုံးတွေကို သိမ်းလိုက်ပါ"

"ဟုတ်ကဲ့ ဖေဖေနျို" ယိချင်းက ချက်ချင်း သူ့သိုလှောင်အိတ်ကိုထုတ်ကာ ရှေ့ခါးစည်းဝတ်နေဆဲ လူဆီ လျှောက်လာတယ်။

"အော် ဟုတ်သားပဲ၊ မင်းက ဝိညာဉ်ကျောက်တုံးတွေ ပါမလာဘူးနော်၊ အဆင်ပြေပါတယ် - ငါတို့ အကြွေးကတိကဝတ် စာချုပ်တွေ ရေးလို့ရတာပဲ"

အားလုံး ။ ။ "..."

သူတို့ နာကျင်လွန်းလို့ ငိုချင်လွန်းနေပြီ။ ဒါက ဘယ်လိုဆိုးယုတ်တဲ့မြေရှင် အကြွေးရှင်းတမ်းမျိုးလဲ။

ကူယွဲ့ တစ်နာရီတိတိ သူ့လက်ထဲရှိသမျှ ပြေစာတွေအတွက် အကြွေးစာချုပ်တွေ ရေးခဲ့ပြီးမှ ဆိုင်ရာပိုင်ရှင်တွေဆီ အဲပြေစာတွေကို ပြန်ပေးလိုက်တယ်။ ဟုတ်တာပေါ့၊ ဒါက သူတို့ သူ့အပေါ် အကြွေးတင်နေတာ။ ကျင့်ကြံသူတွေ အသုံးပြုတဲ့ အကြွေးစာချုပ်က သေမျိုးတွေသုံးတာနဲ့ကွာတယ်။ ဒီအကြွေးစာချုပ်တွေမှာ ဝိညာဉ်စွမ်းအင်တွေရှိတယ်။ သူတို့က အကြွေးပြန်ဆပ်မှု၊ သေခြင်းတရား ဒါတွေနဲ့ကလွဲ တခြားဘာနဲ့မှ ဖြည်လို့မရဘူး။ ဆိုလိုတာ သူဌေးတွေက ရွေးစရာမရှိ ကူယွဲ့ကို ကျောက်တုံးတွေပြန်ပေးရတော့မယ်။ မဟုတ်ရင် သူတို့ကျင့်ကြံမှုတွေကို သက်ရောက်လိမ့်မယ်။

သူ ခဏ တွက်ချက်ကြည့်တော့ ရှန်းရင်တို့ နှစ်လတိတိ သုံးဖြုန်းခဲ့တဲ့ အသုံးစရိတ်က ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးနှစ်သောင်းဆိုတာ သိလိုက်ရတယ်။ သူ့လက်ထဲ အခု ဝိညာဉ်ကျောက်တုံး၁သန်း ရှိနေတော့ သူတို့တစ်လအသုံးစရိတ်ရဲ့ အဆငါးဆယ်ကျော် တတ်နိုင်ပြီ။ အဲဒါက အကြွေးစာချုပ်တွေပေါ်က ပမာဏတောင် ထည့်မတွက်ရသေး။

"ဖေဖေနျို နင်က အရမ်းမိုက်တယ်" ရှန်းရင်က ထရပ်ကာ လက်ခုတ်တီးတယ်။

စားဖိုမှူးက ရပ်သွားကာ နောက်တော့ လိုက်လုပ်တယ်။

"ဖေဖေနျို ဘယ်သူကမှ နင့်ပြိုင်ဘက် မဟုတ်ဘူး"

"ထွက်သွား" ကူယွဲ့ သူတို့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

"ငါ့ပိုက်ဆံပြန်ရတာနဲ့ မင်းတို့ကို အလျှော့ပေးမယ်မထင်နဲ့" တကယ်လို့ သာမန်လူတွေ စားသောက်စရာမှာ သုံးဖြုန်းရင်တောင် အလယ်အဆင့်ဝိညာဉ်ကျောက်တုံး၂တုံးထက် ပိုမကုန်ဘူး။ သူတို့ တစ်နေ့တည်းနဲ့ ဘယ်လိုလုပ် ထိပ်တန်းအဆသ့် ဝိညာဉ်ကျောက်တုံးသောင်းချီ ဖြုန်းနိုင်ရတာလဲ။ သူတို့က အကြွေးအများကြီးတောင် တင်လိုက်သေးတယ်

"အိုက်ယား ဖေဖေနျို အဲအသေးအဖွဲတွေကို စိုးရိမ်နေတာ တော်ပါတော့"

"ငါ့ဖင်ကို အသေးစိတ်" ဝိညာဉ်ကျောက်တုံးသောင်းချီကိုဘယ်လိုလုပ် အသေးအဖွဲလို့ စဉ်းစားရမှာလဲ။

"ငါတို့ ဝိညာဉ်ကျောက်တုံးတွေကို တူးလို့ရတယ်များထင်နေလား"

"အင်း ဖက်တီးက သွေးကြော-"

"ပါးစပ်ပိတ်" သူသာ ခြေတစ်လှမ်း နှေးသွားရင် သူတို့ တကယ် ဝိညာဉ်ကျောက်တုံးတွေကို မိုင်းတူးလို့ရရင်တောင် ဒေဝါလီခံရလိမ့်မယ်။ ဒီကလေကချေနှစ်ကောင်ကတော့။

"အိုး"

ကူယွဲ့ သူ့ရဲ့အသစ်စက်စက်ရရှိထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို သိမ်းကာ ဆုံးဖြတ်လိုက်တယ်။ သူတို့ နောက်လ သူ့ဆီကနေ အသုံးစရိတ်ရမှာ မဟုတ်ဘူး သူ အသက်ပြင်းပြင်းရှူကာ နောက်တစ်ကြိမ် တည်ငြိမ်စွာ ပြောလိုက်တယ်။

"ပြော- မင်းတို့နှစ်ယောက် အတိအကျ ဘာတွေ့ခဲ့တာလဲ၊ မင်းတို့ ဒီအရူးတသိုက်ကို တမင် ဒေါသထွက်အောင် လုပ်ပြီး ငါ့ကိုပါ လိုက်ဟန်ဆောင်ခိုင်းတယ်" တကယ်လို့ ကူယွဲ့သာ သူတို့နှစ်ယောက်နဲ့ လူအုပ်ကြား ရပ်နေတာ မဟုတ်ရင် သူတို့ရဲ့ မော်ကြွားကြွားအမူအရာတွေက ပေါ်သွားတာ ကြာလောက်ပြီ။

နှစ်ယောက်သားက အားမကိုးရတဲ့ cheatတွေဆိုပေမဲ့ သူတို့က တုံးအနေတာမဟုတ်။ ရှန်းရင်ရဲ့ အသိပညာက မထင်မှတ်ထားဆုံးအချိန်တွေမှာ သူမကို ထိမှန်လာတတ်တယ်။ သူမက ဒီလို ဖောက်ထွင်းမြင်နေရတဲ့ထောင်ချောက်ထဲ ဘယ်လို‌လုပ်ကျရောက်နိုင်မှာလဲ။ ပြီးတော့ ဘေးမှာလည်း စားဖိုမှူးနဲ့။ ပြောရရင်တော့ သူတို့က တမင်သက်သက် "ထောင်ချောက်ထဲကျ" ခဲ့တာပဲ။

"အိုက်ယား၊ အဲလိုမပြောပါနဲ့၊ နင် ဝိညာဉ်ကျောက်တုံးတွေ ရေချိန် ပျော်နေခဲ့တာမဟုတ်လား"

"ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းတာ ဘာဖြစ်လို့တုံး" သူ ဘယ်လိုလုပ် အလကား သရုပ်ဆောင်ပေးရမှာလဲ။ သူ ပွဲတစ်ခုမှ လူလုံးထွက်ပြရတိုင်း အနည်းဆုံး ဒေါ်လာဆယ်သန်း တန်ဖိုးကောက်တာ။ အခု သူက ဝိညာဉ်ကျောက်တုံး သန်း‌ချီလောက်လေးပဲ စုဆောင်းတာကို။ သူတို့ကို လျှော့ဈေးတောင်ပေးနေပြီ။

"ဟုတ်ဟုတ်ဟုတ် ဖေဖေနျို နင်က ဝါရင့်သရုပ်ဆောင်ပါ နင်အမြဲမှန်တယ်" သူတို့က အစားအသောက်နဲ့ နေထိုင်ရေးအတွက် သူ့ကိုမှီခိုရတဲ့ သနားစရာတီကောင်လေးတွေပါပဲ။

"ဘာတွေဖြစ်နေတာတုန်း"

"အဲဒါ သက်စောင့်ဆေးတွေ" ယိချင်းက ရှင်းပြလာတယ်။ "ဆရာနဲ့ ကျွန်တော်တို့ အဆာပြေမုန့်တချို့ဝယ်ဖို့ ပြန့်အမတမြို့ဆီ သွားခဲ့တယ်၊ လမ်း‌မှာ ဒဏ်ရာရနေတဲ့ ကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့တယ်၊ သူက ကျွန်တော်တို့ကို လမ်းအဆုံးက ဆေးဆိုင်ဆီ သွားခိုင်းပြီး သူ့အတွက် ပထမအဆင့် ချီထိန်းဆေးလုံးတွေ တစ်ဘူးဝယ်ခိုင်းခဲ့တယ်၊ ဒါကြောင့် အဲကို တစ်ပုလင်းသွားယူတာပေါ့"

"အဲဆေးလုံးတွေမှာ ပြဿနာရှိနေတာလား"

"သူတို့က ကောင်းကောင်း အလုပ်ဖြစ်ပါတယ် - သူတို့က တကယ်ပဲ လူတစ်ယောက်ရဲ့ ချီနဲ့အမြုတေကို ထိန်းဖို့ကူညီပေးတယ်၊ သူတို့က ကျွန်တော်တို့ပုံမှန်မြင်နေကျ ချီထိန်းဆေးလုံးတွေပါပဲ၊ တစ်ခုတည်းသောကိစ္စက ကျွန်တော်တိုဘ အဲဆေးလုံးတွေထဲ အပိုဆောင်းပါဝင်ပစ္စည်းတစ်ခု တွေ့ခဲ့တာ"

"ဘာလဲ"

"ဝိညာဉ်ထိန်းဆေးပင်"

"ဘာ" ကူယွဲ့ တန့်သွားတယ်။

"ဝိညာဉ်ထိန်းဆေးပင်က သတ္တမအဆင့် ‌ဝိညာဉ်ဆေးပင် မဟုတ်ဘူးလား၊ ချီထိန်းဆေးလုံးက ပထမအဆင့်ဆေးလုံးဆို၊ ဘာလို့ သူတို့က ပထမအဆင့်ဆေးလုံးထဲ သတ္တမအဆင့်ကို သုံးရတာလဲ၊ အဂ္ဂိရတ်ပညာရှင်က ချမ်းသာလွန်းလို့ သူ့ပိုက်ဆံတွေကို မီးရှို့ပစ်ဖို့အတွက် နည်းရှာနေရတာလား၊ ဒါမှမဟုတ် မတော်တဆထည့်မိခဲ့တာလား၊ ဒါမှမဟုတ် ဝိညာဉ်ထိန်းဆေးပင်တွေရဲ့ အရှိန်အဝါတွေက ချီထိန်းဆေးလုံးတွေမှာ တင်ကျန်ရစ်နေလို့ ရောနေတာလား"

"ကျွန်တော်လည်း အစက အဲလိုတွေးခဲ့တာ" ယိချင်းက မျက်မှောင်ကြုတ်ကာ ဆက်ပြောတယ်။

"ဒါပေမဲ့ ဆေးလုံးတွေထဲ ဘာရောနေလဲသိရအောင် ကျွန်တော့် ဇာမဏီမီးတောက်စစ်ကို သုံးခဲ့တယ်၊ ဆေးလုံးတစ်ခုလုံးက ဖုန်မှုန့်အဖြစ် ပြောင်းသွားတယ်""

"အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ကူယွဲ့ သူ့ကိုထိတ်လန့်တကြား ကြည့်လိုက်တယ်။

"မင်းဇာမဏီမီးတောက်စစ်က အဆိပ်ရှိတာတွေကိုပဲ လောင်ကျွမ်းအောင် လုပ်နိုင်သင့်တာ မဟုတ်..."

ခဏ ကူယွဲ့က ပြောနေရင်း ရပ်သွားကာ မျက်လုံးပြူးသွားခဲ့တယ်။

"မင်းပြောနေတာ ဆေးလုံးထဲရှာတွေ့ခဲ့တာက ဝိညာဉ်ထိန်းဆေးပင်မဟုတ်ဘဲ... ဝိညာဉ်နုတ်ဆေးလုံး ဖြစ်နေတယ်ပေါ့"

"အမှန်ပဲ" ယိချင်း ခေါင်းညိတ်လိုက်တယ်။

"ချီး" ကူယွဲ့ အသက်အောင့်ကာ ဆဲရေးလိုက်တယ်။

ဝိညာဉ်နုတ်ဆေးလုံးကလည်း ဝိညာဉ်ထိန်းဆေးပင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်တယ်။ ဝိညာဉ်ထိန်းဆေးပင်လို ဝိညာဉ်ဆေးပင်တွေက အရမ်းကိုထူးခြားတယ်။ သူတို့က ယင်ချီ အရမ်းထူတဲ့နေရာတွေမှာပဲ ပေါက်တာ။ သူတို့အမြစ်တွေက ယင်မြေဆီလွှာထဲ ရှိနေပေမဲ့ သူတို့အကိုင်းတွေက ဝိညာဉ်ထိန်းဆေးလုံးတွေထဲ အဓိကပါဝင်ပစ္စည်းတွေ။ ဝိညာဉ်ထိန်းဆေးလုံးတွေက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဖြည့်တင်းပေးနိုင်ပြီး ကောင်းကင်စိတ်အာရုံကို တိုးတက်အောင်လုပ်ဖို့ ပုံမှန်အားဖြင့် အသုံးပြုနေတာ။ လူတစ်ယောက်ရဲ့ မူလဝိညာဉ်ကို ပြန်လည်ရရှိအောင် လုပ်ဖို့မှာလည်း သုံးနိုင်တယ်။ အဲဒါကြောင့် လူတွေက အဋ္ဌမအဆင့် ဆေးပင်လို့ ပြောကြတာ။ ဒါပေမဲ့ ဝိညာဉ်ထိန်းဆေးပင်တွေရဲ့ အမြစ်ကတော့ ဆန့်ကျင်ဘက်ပဲ။ မြေဆီလွှာထဲက ယင်ချီက ဆေးပင်အမြစ်တွေမှာ စုဝေးသွားပြီး သုံးစွဲသူဘယ်သူမဆို ကောင်းကင်စိတ်အာကုံကိုထိခိုက်စေမိလိမ့်မယ်။ အရေးကြီးကိစ္စတွေမှာ သူတို့မူလဝိညာဉ်တောင် ဒဏ်ရာရနိုင်တယ်။ ဝိညာဉ်နုတ်ဆေးလုံးတွေက ဒီဆေးမြစ်အမှုန့်တွေကနေ ပြုလုပ်ထားတာ။

"အဲဒီဆေးလုံးတွေထဲ ဝိညာဉ်နုတ်ဆေးလုံးရဲ့ ပမာဏက အရမ်းကိုနည်းတယ်၊ ဘယ်သူမှ နားမလည်လောက်ဘူး" ယိချင်းက ဆက်ပြောတယ်။ ဆရာက ဆေးလုံးတွေ အနံ့နံတယ်ပြောမှ သူနားလည်ခဲ့ပြီး သူတို့ထဲ ဘာပါဝင်လဲ သူသုံးသပ်သင့်တယ် တွေးမိခဲ့တာ။

"ဘယ်ကျင့်ကြံသူမှ အဲယင်ချီနည်းနည်းလေးကြောင့် ဒဏ်ရာမဖြစ်ဘူး၊ အများဆုံးမှ ကောင်းကင်စိတ်အာရုံထဲ အမှတ်အသားတစ်ခုကျန်ခဲ့မှာ"

"ဒါကြောင့်..." ကူယွဲ့ နှစ်ယောက်ကိုကြည့်ကာ မျက်လုံးမှေးလိုက်တယ်။

"သူတို့ မီးဖိုချောင်ထဲဝင်ပြီး ဝိညာဉ်နုတ်ဆေးလုံးတွေရှိလားဆိုတာ ကြည့်ဖို့အတွက်နဲ့ ဟင်းချက်နည်းတွေ သုံးပြီး ဒီလိုပြဿနာကြီးဖန်တီးခဲ့တယ်ပေါ့"

"အမှန်ပဲ" ယိချင်းက ခိုင်မာစွာ ဖြေလိုက်တယ်။

"ဖေဖေနျို၊ ငါတို့က အရမ်းကို အလုပ်ကြိုးစားတယ်မဟုတ်လား" ရှန်းရင်က လေးနက်စွာပြောလာတယ်။

"ငါ့ဖင်ကို ကြိုးစား" ကူယွဲ့ ချက်ချင်း သူမကိုဖော်တော့တယ်။

"စားဖိုမှူးကက ထားပါ - မင်းက အစားအသောက် ပိုစားချင်လို့ အဲထဲဝင်ချင်ခဲ့တာ ငါမပြောနိုင်ဘူးများ ထင်နေလား"

"အသေးအဖွဲတွေ စိုးရိမ်တာ တော်ပါတော့"

"ဘာအသေးအဖွဲလဲ၊ သတ္တိရှိရင် မင်းသိုလှောင်အိတ်တွေအားလုံးဖွင့်ပြီး ငါ့ကိုပေးကြည့်"

ရှန်းရင် သူမနောက်က သိုလှောင်အိတ်ကို စားဖိုမှူးဆီ ချက်ချင်း တွန်းပေးပြီး ခေါင်းယမ်းလိုက်တယ်။

"ဘာအဆာပြေမုန့်တွေလဲ" သူမအစတည်းက သတ္တိမရှိပါဘူး။

"..." ငါကန်းနေတယ်များ ထင်နေလား။ မင်းကိုယ်တိုင် ပြောခဲ့တာလေ - မင်း အဆာပြေမုန့်တွေ ယူလာတယ်ဆို။

…

အခန်း ၄၇၆ ။ မူမမှန်သော သံသရာ

"ဖေဖေနျို၊ ကျွန်တော်တို့ကြားတာ အဲဆိုင်မှာရောင်းတဲ့ သက်စောင့်ဆေးအများစုက သူတို့ကိုယ်တိုင် ဖန်တီးတာတဲ့၊ အဲဒါကြောင့် ကျွန်တော်တို့ ဆေးလုံးသိုလှောင်ရုံကို သွားကြည့်ဖို့ တွေးမိခဲ့တာ"

ယိချင်းက ဆက်ပြောတယ်။ "ရောရော ကျွန်တော် ဆေးလုံးသိုလှောင်ရုံကို စစ်ဆေးကြည့်တော့ ဝိညာဉ်နုတ်ဆေးလုံး မရှိဘူး၊ ပြဿနာရှိနေတဲ့ အဲသက်စောင့်ဆေးတွေက ပြီးမြောက်ပြီးသား ဆေးလုံးတွေပဲ၊ ဆိုင်ရှင်ပြောတာတော့ သူတို့ကို တခြားသူတွေကလုပ်ပြီး အမတမြို့တစ်ခုလုံးက သူတို့ကိုပဲ သုံးစွဲကြတာတဲ့လေ၊ ဒါပေမဲ့ အဲဆေးလုံးတွေ ဘယ်ကလာလဲဆိုတာတော့ မပြောဘူး"

"ဒါဆို... မင်းတို့က အဲလူတွေကို ဆွဲခေါ်ထုတ်ဖို့ အဲသက်စောင့်ဆေးတွေကို တန်းမီးရှို့ပစ်ခဲ့တာလား"

"အင်း"

"ဒီလိုဆိုရင်တောင် ဒီကိစ္စက ငါတို့နဲ့ ဘာမှမဆိုင်ဘူးမလား၊ ဘာလို့ ဒီလိုကိစ္စတွေကို ဝင်စွက်ဖက်နေတာလဲ" အသိစိတ်ကို ဖျက်ဆီးဖို့ ဝိညာဉ်နုတ်ဆေးလုံးတွေထည့်တဲ့ လုပ်ရပ်က ကောက်ကျစ်လွန်းပေမဲ့ ကမ္ဘာထဲကျင့်ကြံသူတွေအများကြီးရှိတာ ‌တချို့တလေတော့ ဆိုးယုတ်တဲ့သူတွေက ရှိမှာပဲ။ သူတို့ ကိစ္စတိုင်းကို လိုက်ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ ကောင်းကင်တာအိုက အချိန်ကျလာရင် ကိစ္စတွေကို အလိုလိုနည်းစနစ်ကျအောင် လုပ်မှာပဲ။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဝိညာဉ်နုတ်ဆေးလုံးတွေက ပမာဏအရမ်းနည်းပြီး ကျင့်ကြံဆင့်ကို ဩ်ရောက်မှုရှိမှာ မဟုတ်ဘူးလို့၊ မင်းပြောခဲ့တယ်မဟုတ်လား၊ မင်း ထောက်ပြဖို့ အခွင့်အရေးတစ်ခုရှာရုံပါပဲ"

"အမှန်ပဲ၊ ဒါပေမဲ့ ထူးဆန်းတာက ဒဏ်ရာအကြီးအကျယ်ရထားတဲ့ ကျင့်ကြံသူက တကယ်ပဲ အဲဆိုင်ကနေ ကျွန်တော်တို့ကို ဝယ်ပေးဖို့ တောင်းဆိုခဲ့တာ" ယိချင်းက မျက်မှောင်ကြုတ်တယ်။

"သူ့ကို ဝိညာဉ်ပုံသွင်းဆေးလုံးတွေ အစားသုံးဖို့ အကြံပေးခဲ့တယ်၊ ဈေးတွေက မတိမ်းမယိမ်းဖြစ်ပြီး ဝိညာဉ်သွေး‌ကြောတွေကို ကုသပေးဖို့ သူ့အခြေအနေအောက် ပိုပြီးသက်ရောက်မှုရှိတယ်၊ ဒါပေမဲ့ သူက ငြင်းတယ်လေ"

"မင်းပြောတာက..." ကူယွဲ့ တစ်ခဏတန့်သွားတယ်။

"အဲကျင့်ကြံသူက အဲသက်စောင့်ဆေးတွေထဲ ဝိညာဉ်နုတ်ဆေးလုံးရှိတာ သိလောက်တယ်ပေါ့"

ယိချင်းက ခေါင်းညိတ်ပြတယ်။

"မဖြစ်နိုင်တာ၊ အသိစိတ်ကို ထိ‌ခိုက်စေတဲ့ ဒီလိုသက်စောင့်ဆေးတွေကို သူက ဘာလို့တမင်စားမှာလဲ၊ သူက ရူးနေတာလား၊ သူက သေရမှာ စိတ်မရှည်ဖြစ်နေတာလား"

ခဏ

"အဲကျင့်ကြံသူဘယ်မှာလဲ"

"‌သက်စောင့်ဆေးတွေကိုစားပြီးတော့ ထွက်သွားတယ်" ယိချင်းမျက်နှာက မည်းမှောင်သွားတယ်။

"ဒါပေမဲ့ သူ့ဒဏ်ရာတွေက အဲချိန်မှာ အရမ်းပြင်းထန်နေတာ၊ ပြီးတော့ သူ့အုတ်မြစ်ကလည်း ပျက်စီးနေပြီ၊ ချီထိန်းဆေးလုံးတစ်ဘူးနဲ့တောင် သူ့အသက်ကို ထိန်းဖို့ကခက်မှာပဲ၊ သူ အဆင်ပြေရင်တောင် နောက်ပိုင်း ကျင့်ကြံနိုင်တော့မှာမဟုတ်ဘူး၊ ကျွန်တော် အရမ်းထူးဆန်းတယ် တွေးမိလို့ သူ့ပေါ် ခြေရာခံဂါထာတစ်ခု ထားခဲ့တယ်၊ ဒါပေမဲ့ နောက်နှစ်နာရီအကြာမှာ..." သူက အဆောင်စာရွက်တစ်ခုကို တန်းကောက်ယူလိုက်တယ်။ အဲအပေါ်မှာ နဂိုကရွှေရောင် ဂါထာအင်းကွက်က အမည်းရောင် ပြောင်းနေပြီဖြစ်ကာ အပေါ်မှာ သေမင်းချီအနည်းငယ် မျောလွင့်‌နေတယ်။

"သူက သေသွားပြီလား" ကူယွဲ့ မှင်တက်သွားတယ်။ သူ အဲအဆောင်စာရွက်ကို သေချာကြည့်လိုက်တော့ သေမင်းချီရှိနေပေမဲ့ အငြိုးအတေးချီ ရှိမနေတာ သိလိုက်ရတယ်။ ဆိုလိုတာ... "သူက သတ်သေသွားတာပဲ သူ့စိတ်ပိုင်းဆိုင်ရာက ဘယ်လောက်တောင် ဆိုးဝါးနေတာလဲ၊ ကောင်းကောင်း သေရတာက ဆိုးဆိုးရွားရွား နေရတာထက်သာတယ်ဆိုပြီး သူ့ကိုယ်သူ မကျင့်ကြံနိုင်တော့တာနဲ့တင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လား၊ ဒါဆို သက်စောင့်ဆေးတွေဝယ်တာ ဘာထူးတော့မှာလဲ"

"ဟင့်အင်း ဖေဖေနျို သေချာကြည့်ကြည့်" ယိချင်းက အဆောင်စာရွက်ကို တန်းကမ်းပေးလာတယ်။

ကူယွဲ့ ယူလိုက်တယ်။ အလိုလို သူ အဲသေမင်းချီအကြွင်းအကျန်နောက် လိုက်မိပေမဲ့ သေမင်းချီကြား သတိပြုဖို့ခဲယဉ်းတဲ့သက်ရှိချီ နည်းနည်းလည်း ရှိနေတာကို နားလည်လိုက်ရတယ်။ မွေးကာစ သက်ရှိချီ။ "ဟိုလီရှစ် သူက ပြန်ဝင်စားသွားတာလား၊ မြန်လိုက်တာ" ဟင့်အင်း၊ ခဏ ဒီလို အရှိန်မျိုးနဲ့...။

"သူ့ဝိညာဉ်က မြေအောက်ဘုံထဲ မဝင်ဘဲ တန်းပြန်ဝင်စားသွားတာပဲ"

"အင်း" ယိချင်းက ခေါင်းညိတ်တယ်။

"သူ့ ဖြစ်တည်မှု ပြန်လည်ဝင်စားတာက မြန်လွန်းလို့ အဲဝိညာဉ်နုတ်ဆေးလုံးနဲ့တစ်ခုခု ဆိုင်တာပဲ ဖြစ်ရမယ်၊ ဒီမှာ ပုန်းကွယ်နေတဲ့ကိစ္စတချို့ရှိရမယ်"

ကူယွဲ့ မျက်မှောင် ပိုကြုတ်မိသွားတယ်။ တကယ်လို့ ဒါက တကယ်သာ ဒီလိုဆို သူတို့ ကြားဝင်ပါဖို့ ရွေးချယ်စရာကလွဲ မရှိတော့ဘူး။ လောကကြီးထဲက သက်ရှိအားလုံးက သံသရာထဲ မဝင်ခင် မြေအောက်ဘုံဆီ မေ့ပျောက်မြစ်ကတစ်ဆင့် ဖြတ်သန်းဖို့လိုတယ်။ တခြားကြောင့် မဟုတ်ဘဲ ဝိညာဉ်တွေက လောကကြီးထဲ အချိန်ဘယ်လောက်ကြာကြာ ဖြတ်သန်းခဲ့ပါစေ ပင်ပန်းသွားကြတဲ့အချက်ပဲ။ ဒါက သူတို့သုံးယောက်နဲ့ ဂျပုလေးကလွဲ တခြားဘယ်သူမှ သတိမထားမိတာပဲ။ ဝိညာဉ်တွေက တခြားအကြောင်းရင်းမရှိဘဲ ဒီလိုအချိန်က ဝိညာဉ်ကို သူ့ပြီးပြည့်စုံတဲ့အခြေအနေဆီ ပြန်ရောက်ဖို့ လိုအပ်တာကြောင့် မေ့ပျောက်မြစ်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေရတာ။

အမတဘုံထဲ မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့ အမတတွေအားလုံးက အမှန်ပဲ လူတွေကို သံသရာထဲ ပို့နိုင်စွမ်းရှိကြတယ်။ ဥပမာ ချန်ကောက သူ့စိတ်နတ်ဆိုးကို လောကကြီးထဲပို့ချိန် ဒါကလည်း မြေအောက်ဘုံထဲ ပြန်မသွားဘဲ ဒီလိုဖြတ်သန်းခဲ့တာပဲ။ ဒါပေမဲ့ဝိညာဉ်က ဒီနည်းလမ်းနဲ့ဆို မပြည့်စုံဘူး။ ဂျပုလေးအတွက်က မုန့်ပေါ်မို့ ပြဿနာမရှိ တခြားသူတွေဆို သူတို့ သံသရာကို ၂ကြိမ်၃ကြိမ် ‌ဝင်နှောင့်ယှက်ရင်တော့ ပြဿနာက မသိသာပေမဲ့ အကြိမ်ရေများလာလေ ဝိညာဉ်ကိုယ်င အားနည်းသထက် အားနည်းလာပြီး အဆုံးကျ လုံးဝပျောက်ကွယ်သွားလိမ့်မယ်။

ဒါက သေချာပေါက် ပုံမှန်မဟုန်ဘူး။ ပြီးတော့ လူတစ်ယောက်ရဲ့ ကောင်းမှုနဲ့ မကောင်းမှုတွေက ရှင်းရှင်းလင်းလင်း မှတ်တမ်းထားပြီးသား။ လူတစ်ယောက် ဘယ်ကမ္ဘာငယ်ထဲ ပြန်ဝင်စားပြီး ဘယ်အရည်အသွေးနဲ့ မွေးလာမလဲဆိုတာ အဲသဘောကိုအခြေခံပြီး ဆုံးဖြတ်တာ။ သံသရာကို ခပ်ပေါ့ပေါ့ နှောင့်ယှက်တာက ကောင်းကင်တာအိုရဲ့ ဥပဒေသတွေကို သွယ်ဝိုက်နှောင့်ယှက်တာနဲ့ တူညီတယ်။

ကောင်းကင်တာအိုဆိုတာ အများဆုံးမှ ထူးခြားဆန်းပြားတဲ့ တွက်ချက်မှုယန္တရားလိုမျိုးပဲ။ သံသရာကို ရံဖန်ရံခါနှောင့်ယှက်သူတွေအပေါ် ဝဋ်ကြွေးဝန်ပြန်ပြီး အလိုလိုပြန်ပြင်နိုင်ပေမဲ့ ပြစ်ချက်တွေ အရမ်းများလွန်းရင် ထူးခြားဆန်းကြယ်ဆုံးစက်တောင် လွဲမှားသွားနိုင်တယ်။ တကယ်လို့ ကောင်းကင်တာအိုက သေချာမတွက်ချက်နိုင်ရင် သောင်းကြမ်းမှုတွေ ဖန်တီးလိမ့်မယ်

ကြည့်ရတာ ဒီကမ္ဘာငယ်လေးထဲက သဘာဝဖိအားရဲ့ ကသောင်းကနင်းဖြစ်မှုအကြောင်းရင်းက ဖက်တီးအပြင် တခြားတစ်ခုခုနဲ့လည်း ပတ်သက်ဦးမဲ့ပုံပဲ။

"ကျွန်တော်တို့ အဲဆေးတွေရဲ့ အရင်းအမြစ်ကို ရှာမတွေ့ခဲ့တာတော့ နှမြောစရာပဲ" ယိချင်းက သက်ပြင်းချတယ်။

ကူယွဲ့ စဉ်းစားကာ တစ်ဖက်လှည့်ပြီး သူ့ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်တယ်။

"သွားကြစို့"

"ဟမ်၊ ဘယ်ကိုလဲ" တောင်ဘက်မြေက ဆန့်ကျင်ဘက်မှာ မဟုတ်ဘူးလား။

"အကြွေးတွေ ကောက်ဖို့လေ" ကူယွဲ့က သူ့လက်ထဲက အကြွေးစာရွက်တွေကို ယမ်းပြပြီး ပြန်လှည့်လာကာ ဒီစကားတွေကို ထုတ်ပြောလိုက်တယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

တစ်ချိန်တည်းမှာပဲ ပိုက်ဆံရှာပြီး စုံစမ်းတယ်၊ သူက တကယ့်ကို ဖေဖေနျိုပါပဲ

—————

စားဖိုမှူးက တမင်သက်သက် သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ပြီး ဆေးသိုလှောင်ရုံနဲ့ ပြီးဆုံးထားတဲ့ ဆေးလုံးတချို့ကို မီးရှို့ခဲ့ပေမဲ့ နောက်ကွယ်က လူတွေကို ဆွဲမထုတ်နိုင်ခဲ့ဘူး။ အဲလူတွေက နှစ်ယောက်ကို အထင်သေးလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီဆုံးရှုံးမှုတွေက ဆေးဖန်တီးသူတွေအတွက် ဘာမှမဟုတ်လို့ဖြစ်ရမယ်လို့ ကူယွဲ့ခံစားမိတယ်။

ပထမတစ်ခုဆိုရင်တော့ "နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်" ဆရာသခင် သူပေါ်ပေါက်လာမှုက ကိစ္စကို ဖန်တီးနိုင်လောက်တယ်။ ဒုတိယတစ်ခုဖြစ်မှာပဲ သူစိုးရိမ်တာ။ ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာရဲ့ ပြဿနာက အတော်လေး ပြင်းထန်တယ်ဆိုတာ သက်သေပြရာကျသွားလိမ့်မယ်။

သုံးယောက်သား အရမ်းမြန်မြန်တော့ မပျံသန်း။ ဘယ်လိုပဲဖြစ်ဖြစ် အဲလူတွေ စောနကတင် ပြေစာတွေကိုလက်မှတ်ထိုးခဲ့ချိန် ကူယွဲ့ သူတို့ကို ဝိညာဉ်ကျောက်တုံးတွေစုဖို့ အချိန်တချို့ပေးမယ် ပြောခဲ့ပြီးသား။ ဒါကြောင့် သူတို့ ပြန့်အမတမျို့ဆီ မရောက်ခင် ၃၁နာရီတိတိကြာသွားခဲ့တယ်။

ကူယွဲ့ လက်ထဲက အကြွေးစာရင်းပုံကို လှန်လှောကာ နံပါတ်အကြီးဆုံးတစ်ခုကို ဆွဲထုတ်လိုက်တယ်။ လမ်းကိုဟိုဟိုဒီဒီမေးပြီးတဲ့နောက် လမ်းထဲက အကြီးဆုံးသေရည်ဆိုင်ဆီ ဦးတည်ခဲ့တယ်။ သူ ဆိုင်ထဲမရောက်ခင် စောနက တခြားသူတွေကို ဦးဆောင်နေခဲ့တဲ့ ရွှေအမြုတေကျင့်ကြံသူကို မြင်လိုက်ရတယ်။

"ဆ-ဆရာသခင်" အဲလူမျက်နှာက ရုတ်တရက် ထိတ်လန့်တကြား ပြောင်းလဲသွားတယ်။

"ခင်ဗျားတို့ ဘယ်လိုလုပ် အဲလောက်တောင်မြန်..."

"အကြွေးသိမ်းတာ သေချာပေါက် မြန်ရမှာပေါ့"

ကူယွဲ့ သူ့လက်ထဲက ပြေစာတွေကို ခါလိုက်တယ်။

"ဘာလဲ၊ အကြွေးရှောင်ဖို့ ဆိုလိုနေတာလား"

အဲလူမျက်လုံးတွေက လှစ်ခနဲဖြစ်သွားပေမဲ့ မကြာခင် ပုံမှန်ဖြစ်သွားတယ်။ "ဟင့်အင်း ဟင့်အင်း မရဲပါဘူး" သူက နောင်တရမှု ဒါမှမဟုတ် ရှောင်ပြေးလိုတဲ့ တင်းမာမှုလည်းမပြဘူး။

"ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ" အင်မတန် လေးစားစွာနဲ့ သူက သုံးယောက်ကို အပေါ်ထပ်ဖိတ်ကာ သူတို့အတွက် လက်ဖက်ရည်ပြင်ပေးတယ်။

"ဆရာသခင်" ကျင့်ကြံသူက ပြုံးကာ မျက်နှာချိုသွေးဖို့ အသည်းအသန်ဖြစ်နေတယ်။

"ကျွန်တောာ် မြို့ပြန်ရောက်တာနဲ့ ဝိညာဉ်ကျောက်တုံးတွေကိုစုဖို့ လူတွေလွှတ်ပြီးပါပြီ၊ ဒါပေမဲ့ သိန်းချီက အရေအတွက်နည်းတာ မဟုတ်ဘူးလေ၊ ဆရာသခင်က တစ်ခဏလောက် ဒီမှာစောင့်ပေးဖို့ မျှော်လင့်ပါတယ်၊ ဝိညာဉ်ကျောက်တုံးတွေ ကောက်နေတဲ့လူတွေက မကြာခင် ပြန်လာတော့မှာပါ"

အဲလိုပြောပြီး သူက ဘေးကလူကို တစ်ချက် အမြန် ကြည့်တယ်။ တခြားလူက တံခါးဘက် ဝှေ့ယမ်းပြပြီး စားပွဲထိုးက ဝိညာဉ်စားစရာပန်းကန်ပြားဒါဇင်ကျော်သယ်လာတယ်။ သူက အခန်းအလယ်က စားပွဲပေါ် အားလုံးတင်လိုက်တယ်။

"ခင်ဗျားတို့အားလုံး ခရီးသွားရတာကနေ ပင်ပန်းရောပေါ့၊ ဒါတွေက ကျွန်တော့်ဆိုင်ရဲ့ အထင်ကရ ဟင်းပွဲတွေပါ၊ ထိပ်တန်းအဆင့်ဝိညာဉ်အသီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဝိညာဉ်ချီအပြည့်နဲ့ လုပ်ထားတဲ့ အကြော်အလှော်တွေပါ၊ ဆရာသခင် သဘောမကျ မဖြစ်ဖို့ မျှော်လင့်ပါတယ်"

...

အခန်း ၄၇၇ ။ အခေါင်းထဲက မြွေဆွဲထုတ်ခြင်း

ကူယွဲ့ စားပွဲပေါ်က ပန်းကန်တွေကို လှမ်းကြည့်ပြီး မျက်လုံးတွေ မည်းနက်သွားပေမဲ့ သူက စားသောက်ဖို့ ဆန္ဒမပြ။

"မလိုပါဘူး၊ စားသောက်ဖို့ ရောက်နေတာ မဟုတ်ဘူး"

"ဟုတ် ဟုတ်" အဲလူရဲ့ အပြုံးက ပိုပြီးတောင် သတိထားသွားတယ်။ "ဝိညာဉ်ကျောက်တုံးတွေက မကြာခင် အဆင်သင့် ဖြစ်တော့မှာပါ" သူက ကူယွဲ့အမူအရာကို ဂရုတစိုက်ကြည့်ကာ တစ်စုံတရာက မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ ဂရုတစိုက်နဲ့ သူက အကြံပြုတယ်။

"လူကြီးမင်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ဖြစ်ပြီး အချိန်က တန်ဖိုးရှိပါတယ်၊ ကျွန်တော်တို့လို အရေးမပါတဲ့လူတွေအပေါ် အချိန်မဖြုန်းတာ ကောင်းပါတယ်၊ ဆရာသခင်ကို ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတဲ့ လူတွေအများကြီးပဲ၊ ဒီလိုဆိုရင်ရော... ကျွန်တော် ဆရာသခင်အစား သွားပေးပြီး အားလုံးကို ဒီကိုဝိညာဉ်ကျောက်တုံးတွေ ပို့ပေးဖို့ ပြောလိုက်ရင်ရော"

ကူယွဲ့ ရှင်းပြမရတဲ့အကြည့်တစ်ချက် ကြည့်လိုက်ပေမဲ့ ပြန်မဖြေ။ အဲလူရဲ့ အသားအရောင် ဖြူဖျော့သထက် ဖြူဖျော့လာကာ နဖူးမှာ ချွေးစေးတွေ စတင်ဖြစ်လာမှ တစ်ချက်ရယ်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းပါပြီ"

အဲလူက စိတ်အားသက်သာရာရသွားတဲ့ပုံ။

"ကျွန်တော် သွားပြီး သူတို့ကို ချက်ချင်း အသိပေးလိုက်ပါ့မယ်" အဲလိုပြောကာ သူက အခန်းထဲကနေ အလောတကြီး ထွက်ကာ နောက်ကတံခါးကို ခပ်ဖွဖွ ပိတ်လိုက်တယ်။ မကြာခင် အောက်ထပ်ကို အလောတကြီးဆင်းသွားတဲ့ ခြေသံတွေကို ကြားရတယ်။

"တံခါးပေါ်က အတားအဆီးကို အသက်သွင်းလိုက်ပြီ" ယိချင်းက တံခါးကို တစ်ချက်ကြည့်ကာ ပြောတယ်။

"အင်း ငါလည်း ခံစားရတယ်" ကူယွဲ့ ဂရုမစိုက်ဘဲ ပြောလိုက်တယ်။

"အစတည်းက ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး၊ အခု သူက သူ့ကိုယ်ပိုင်နေရာကို ပြန်ရောက်လာပြီဆိုတော့ ပိုပြီးတောင် မပေးတော့ဘူးပေ့ါ၊ အခု သူက ငါတို့ကို ဖြေရှင်းဖို့ အကူအညီသွားတောင်းတာ ဖြစ်နိုင်တယ်" ‌ခဏနေ ဘယ်သူပဲလာလာ အဲဆေးတွေနဲ့ တစ်ခုခုပတ်သက်သူပဲ ဖြစ်ရမှာ။ ဒါကြောင့် သူ ဒီခေါင်းဆောင်ကို ပထမဆုံးလာရှာရတာပဲ။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့လာရတဲ့ အကြောင်းရင်းပဲ၊ ငါတို့ သူ့ကို အချိန်တချို့ ပေးရမှာပေါ့"

ကူယွဲ့ စားပွဲပေါ်က ဟင်းပွဲတွေကို လှမ်းကြည့်ကာ ရှန်းရင်လည်း မစားတာ မြင်ရတော့ အံ့ဩသွားခဲ့တယ်။ "အစားသရဲရင်၊ မင်း တကယ်ပဲ မစားပဲ နေနိုင်တယ်လား"

"ဟမ်" စားပွဲပေါ် ရွှံ့ပုံကြီးလို ခုလေးတင် မှီထားတဲ့ ရှန်းရင်က စားပွဲပေါ်က ဝိညာဉ်ချီစားသောက်ပွဲကြီးကို တစ်ချက်လှမ်းကြည့်ကာ ရပ်တည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။

"ငါ အသီးအရွက်တွေ မစားချင်ဘူး"

"..." အစားသရဲအနေနဲ့ မင်းက တကယ့်ကို ကြေးများနိုင်တာပဲ။

ဒါပေမဲ့ ယိချင်းက မတ်တတ်တန်းရပ်ကာ အသီးအရွက်ဟင်းပွဲအပြည့် စားပွဲကို လက်တစ်ဖက်ဝှေ့ယမ်းပြီး ရှင်းပစ်ရင်း မွှေးကြိုင်တဲ့ အသားဟင်းတွေနဲ့ အစားထိုးလိုက်တယ်။

"ဆရာက ခဏနေကျ တိုက်ခိုက်ရလောက်တော့ သုံးစွဲမှုက ကြီးမားလိမ့်မယ်၊ လောလော် ဗိုက်တင်းအောင် ဒါတွေကို စားသောက်ထားလို့ရပါတယ်"

ရွှံ့တုံးရှန်းက ချက်ချင်း ခေါင်းကြည်သွားကာ တူတွေကို မပြီး တက်ကြွစွာ စားသုံးတော့တယ်။

ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားကာ မျက်ဆန်လှန်လိုက်တယ်။ "တကယ်လို့ တိုက်ခိုက်ရရင်တောင် ငါတို့ သူဝင်ပါဖို့ မလိုလောက်ဘူးမလား၊ ဘယ်က သုံးစွဲမှုရှိရမှာလဲ"

ဟင်းပွဲတွေ ထုတ်ကာစ စားဖိုမှူး တန့်သွားတယ်။ သူခဏ တောင့်တင်းသွားပြီးမှ ချက်ကျလက်ကျပုံစံနဲ့ ပြောတယ်။

"စောင့်ကြည့်တာလည်း ခွန်အားလိုတယ်လေ"

"မင်း သူအလေလိုက်ဖို့အတွက် သောက်အကြောင်းပြချက် ရှာနေရုံပါပဲ" ဘာခွန်အားတုံး။ မင်း ဦးနှောက်မရှိတဲ့ ပရိသတ်ပဲ။ "ပြီးတော့... ဒီဟင်းပွဲတွေကို ဘယ်နေရာကရလာတာလဲ"

"သူတို့ နောက်ကနေ လိုက်လာကြတုန်းက ကျွန်တော် လမ်းမှာ ချက်ခဲ့တာလေ"

ကူယွဲ့ ။ ။ "..."

မင်း အသက်လုပြေးရတာ တကယ်တော့ ဟင်းချက်ဖို့ ရပ်တာနဲ့ ပတ်သက်နေတယ်ပေါ့။ မင်း ဘယ်လိုတောင် ခပ်ပေါ့ပေါး ပြေးခဲ့တာတုံး။

ဟမ်။

ခဏ

အဲလူတွေရဲ့ ကျင့်ကြံမှုနဲ့ဆို ရှန်းရင်က cheatဖြစ်နေတာ မပြောရင်တောင် သူတို့ နှစ်ယောက်သားကို လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါဆို သူတို့ အဲတုန်းက သူနဲ့ဝင်တိုးတာက...

စားပွဲမှောက်

(╯°Д°)╯(┻━┻

သူတို့ တမင်သက်သက် တာဝန်ကို သူ့ပေါ် တွန်းပို့ချပြီး ကိစ္စကို တာဝန်ယူခိုင်းတာမလား။ သေချာပေါက်ပဲ။

ဒီမုန်းစရာအလေအလွင့်၂ယောက်ကတော့

"ဟမ်၊ ဖေဖေနျို" စားသောက်‌နေတဲ့ရှန်းရင်က ရုတ်တရက် တန့်သွားကာ သူ့ဘက်ကို ကြည့်လာတယ်။

"နင်က နံရံပေါ်မှာ"

"ဘာနံရံလဲ" ကူယွဲ့ သူမကိုစိုက်ကြည့်လိုက်တယ်။

"လမ်းတစ်ဖက်က နံရံမှာ" သူမက သူ့နောက်ကို တူနဲ့ ထိုး‌ပြတယ်။

ကူယွဲ့ မှင်တက်သွားကာ လှည့်ကြည့်လိုက်တယ်။ သူတို့က ဒုတိယထပ်ပေါ် ထိုင်နေတာ။ သူ့နောက်မှာ လမ်းတစ်ဖက်ခြမ်းက ဘုတ်ပြားထောင်ထားတဲ့နေရာကို ပြသနေတဲ့ တစ်ဝက်ဖွင့်ထားတဲ့ပြတင်းပေါက် ဖြစ်နေတယ်။ ဘုတ်ပြားပေါ်မှာတော့ ပုံရိပ်အဆောင်နှစ်ခုကို ကပ်ထားတယ်။ ဘယ်ဘက်က ဆံပင်အနက်၊ အဖြူရောင်ဝတ်ရုံနဲ့ လက်ထဲ ယပ်တောင်ဓမ္မလက်နက်ကို ကိုင်ဆောင်ထားပြီး သူနဲ့တစ်ပုံစံတည်းဖြစ်တဲ့ လူတစ်ယောက်ပုံ။ ပုံပေါ်မှာက အနီရောင်စာတန်းကြီး။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာဒိဋ္ဌိကျင့်ကြံသူ သေသေရှင်ရှင် အလိုရှိ။

"ဟိုလီရှစ်" ကူယွဲ့ တန်းမတ်တတ်ရပ်မိသွားတယ်။ ဘာတွေဖြစ်နေတာလဲ။

"ဖက်တီးက နင့်ဘေးမှာတင်" ရှန်းရင်က တခြားပုံရိပ်အဆောင်ဘက် ညွှန်ပြတယ်။ အဲပုံက တကယ်ပဲ ဖက်တီး။ တစ်ခုပဲ အမတဂိုဏ်းတွေရဲ့ အလိုရှိ အနီရောင်သတိပေးစာ မဟုတ်ဘဲ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ရှာနေတဲ့ သတိပေးစာ။ မိစ္ဆာကျင့်ကြံသူရဲ့ ဖမ်းဆီးခံရပြီး သေလားရှင်လား မသေချာကြောင်း စကားလုံးတွေလည်း ဝိုးတဝါးမြင်နေရတယ်။ ပြီးတော့ ပုံရိပ်အဆောင်နှစ်ခုက အတော်လေး ကြာညောင်းနေပုံ ပေါ်တာကြောင့် အဲမှာကပ်ထားတာ နှစ်ချီနေပုံပဲ။

"နံရံမှာကပ်ခံရတာတောင် အတူတူနော်၊ နင်တို့နှစ်ယောက်က တကယ့်ကို ရေစက်ပါလွန်းတယ်"

ဖက်တီးက အမှန်ကို ထူးခြားသူပဲ

"မင်းဘိုးအေ ရေစက်ပါ" မင်းတို့အကြည့်တွေကို ပြန်ရုတ်လိုက်၊ သူ့ကို အမတဂိုဏ်းတွေအားလုံး လိုချင်နေတာ ဟုတ်ပြီလား။

ခဏ

သူ သတိပေးဘုတ်ပြားကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။

"ဘာလို့ဖက်တီးနဲ့ငါပဲ ရှိနေရတာလဲ၊ မင်းတို့နှစ်ယောက်က ဘယ်မှာတုံး" သုံးယောက်သား ဖက်တီးကိုကယ်ဖို့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းဆီ သွားခဲ့တာကို ဘာလို့ သူတစ်ယောက်တည်း အလိုရှိစာရင်းထဲ ပါနေရတာလဲ။ ရှန်းရင်ကထားပါ၊ သူ့ကို တခြားသူတွေက ဘယ်လိုပဲဖြစ်ဖြစ် မမြင်နိုင်တာကိုး။ ဘာကြောင့် စားဖိုမှူးပါ ရှိမနေရတာလဲ။

"အင်း..." စားဖိုမှူးက သေချာစဉ်းစားတယ်။ "ဒါက ဆရာမကြာခဏ ပြောနေကျ စိတ်ပိုင်းဆိုင်ရာ အရည်အချင်း ဖြစ်လောက်တယ်ထင်"

"ထွက်သွား" သောက်ကျိုးနည်းတွေ

အခုလက်ရှိအခြေအနေအရ အဲခူတွေက သူဘယ်သူလဲဆိုတာ သတိပြုမိပြီးတာ ကြာလောက်ပြီ။ အဲဒါကြောင့် စောနက သူတို့ သူ့ကို အဲလောက်အလွယ်လေး ဝိညာဉ်ကျောက်တုံးတွေ ပေးခဲ့တာပဲ။ သူက ထွက်ပြေးသွားတဲ့ အဲအမွှေစိန်ခွေးလေးနှစ်ယောက်ကို အသည်းအသန် လိုက်ရှာနေရတာတော့ ရုပ်မဖျက်မိခဲ့ဘူး။ သူ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ဖက်တီးကို ဂိုဏ်းဆီပြန်ခေါ်ချိန် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ခရီးသွားအမတ ဒါဇင်ကျော်ကို တိုက်ခိုက်ခဲ့တယ်ဆိုတာ မေ့လုနီးပါး ဖြစ်တော့မလို့။ ဒါကြောင့် ဖက်တီးပျောက်သွားတော့ သူတို့ရဲ့ ပထမဆုံးသံသယက ကနဦး လာရာမသိတဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်တာ သဘာဝပါပဲ။

ဒါက တကယ်တော့ နည်းနည်း အလုပ်ရှုပ်တယ်။ အစက သူ ဝိညာဉ်နုတ်ဆေးလုံးတွေအကြောင်း စုံစမ်းဖို့ စီစဉ်ထားပေမဲ့ အခုက ဆိုင်ရှင်တွေက ဆေးလုံးတွေရဲ့ ပြုလုပ်ဖန်တီးသူကို ခေါ်လာမှာမဟုတ်ဘဲ တော်ဝင်အထွတ်အမြတ်ဂိုဏ်းသားတွေကို ခေါ်လာမဲ့ပုံ။

အမှန်ပဲ သူတို့စားမပြီးခင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါဆယ်ခုကျော် သူတို့ဆီ အလောတကြီး ပျံသန်းလာတယ်။ တစ်ချိန်တည်းမှာပဲ အခန်းတစ်လျှောက် အင်းကွက်တွေရဲ့အလင်းရောင်တွေ လက်သွားတယ်။ ရွှေရောင်ဂါထာတွေ သူတို့ပတ်လည်မှာ တောက်ပလာပြီး အဆင့်မြင့် ထောင်ချောက် အင်းကွက်တစ်ခု ချက်ချင်း ပေါ်လာလေရဲ့။

"စားဖိုမှူး မြန်မြန် ပန်းကန်တွေသိမ်း၊ အလဟဿ မဖြစ်စေနဲ့၊ ငါ နောက်ကျစားမယ်" ရှန်းရင်က စားဖိုမှူးကို လောတယ်။

"ကောင်းပါပြီ ဆရာ" စားဖိုမှူးက လက်တစ်ဖက်ယမ်းကာ ချက်ချင်း ဟင်းပွဲအားလုံးကို သိုလှောင်အိတ်ထဲ တန်းထည့်လိုက်တယ်။

ကူယွဲ့ ။ ။ "..." နှစ်ယောက်သားရဲ့ ပထမဆုံး တုံ့ပြန်မှုက စားစရာသိမ်းဖို့တဲ့လား။ အတည်ပေါက်ကြီးလေ။ အနည်းဆုံး မင်းတို့ နောက်ကျောဓားနဲ့ ထိုးခံရသလို ဟန်ဆောင်ပါဦးလား။

နောက်အခိုက်အတန့်မှာ အင်းကွက်ကနေ တောက်ပတဲ့အလင်းရောင် ထွက်လာပြီး အင်မတန်ထူတဲ့ ဝိညာဉ်ချီက အင်းကွက်ထဲက ထွက်လာကာ မြင့်တက်လာရင်း ခေါင်မိုးတစ်ခုလုံးကို တန်းမလေတယ်။ ကောင်းကင်ထဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ‌ဒါဇင်ကျော်နဲ့ ခရီးသွားအမတသုံးယောက် ရှိနေပြီ။ အားလုံးက လက်ထဲ ဓမ္မလက်နက်ကိုယ်စီနဲ့ ဖေဖေနျို့ကို သတိတကြီး ငုံ့ကြည့်နေတယ်။

"ဝိညာဉ်ချုပ်အင်းကွက်" ကူယွဲ့ သူ့ခြေထောက်အောက်က အင်းကွက်ကို သိတယ်။ အတော်လေး အားထုတ်ထားတာပဲ။ ဒါက ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ချီကို ချုပ်နိုင်တဲ့အင်းကွက်ဖြစ်ပေမဲ့ ဝိညာဉ်ကျောက်တုံး အတော်လေးကုန်ကျတယ်။ ဝိညာဉ်ကျောက်တုံးသုံးတာများလေ အင်းကွက် ပိုအားကောင်းလေပဲ။ ဒီအင်းကွက်ထဲက ဝိညာဉ်ချီကို ကြည့်ရင် ကုန်ကျစရိတ်က အတော်လေး မြင့်လောက်တယ်။

ကူယွဲ့ မလှုပ်ဘဲ ရယ်သံခပ်တိုးတိုးနဲ့ ကောင်းကင်ထဲကလူတွေကို မော့ကြည့်လိုက်တယ်။ သူ အရင်က ဖက်တီးကို လာခေါ်ဖို့ရောက်လာတဲ့ ကျင့်ကြံသူအများစုကို မှတ်မိတယ်။

"ငါတို့ ပြန်တွေ့ကြပြီပေါ့"

"ရဲတင်းတဲ့လူသားကျင့်ကြံသူ" လေထဲကခရီးသွားအမတတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာတယ်။

"မင်းက ငါတို့ဂိုဏ်းချုပ်ကို အကြိမ်ပေါင်းများစွာ ပြန်ပေးဆွဲရဲတယ်ပေါ့ မြန်မြန် သူ့ကို လက်ထဲ မအပ်ရင် ဒီနေ့ ဒီနေရာကထွက်သွားဖို့ကို မစဉ်းစားနဲ့"

All Chapters