အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း ၄၇၈ ။ သက်စောင့်ဆေးရင်းမြစ်
"သူ့ကို အပ်ပေးရမယ်လား" ကူယွဲ့ သရော်လိုက်တယ်။ "ပြီးတော့ မင်းတို့အားလုံး သူ့ကို နောက်ထပ် သွေးစတေးခံအဖြစ်သုံးမှာကို ခွင့်ပြုပေးရမယ်လား၊ မင်းတို့ထဲ ဘယ်သူက ဒီတစ်ကြိမ် ကျင့်ကြံဆင့် တက်လှမ်းတော့မှာလဲ"
လူတွေရဲ့ မျက်နှာတွေက ချက်ချင်းပြောင်းလဲသွားကာ ကြောက်လန့်မှုတချို့ သူတို့မျက်စိထဲ ဖြတ်ပြေးသွားတယ်။ ချက်ချင်း သူတို့က ပိုပြီးတောင် ဒေါသတကြီး ပြန်ဖြေကြတော့တယ်။
"မင်း ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ" ဒီလိုကိစ္စတွေကို သေချာပေါက် ဝန်ခံလို့မရဘူးပေါ့။ အဲခရီးသွားအမတပေါ်က သတ်ဖြတ်လိုတဲ့ အရှိန်အဝါက ပိုပြီးတောင် ထူထဲလာတယ်။
"မင်းမိစ္ဆာဒိဋ္ဌိက လူအုပ်ကြီးကို မင်းရဲ့ မကောင်းဆိုးဝါးစကားတွေနဲ့ စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ မကြိုးစားနဲ့"
"ငါ လူအုပ်ကြီးကို ဇဝေဇဝါဖြစ်အောင် ကြိုးစားနေတာဟုတ်မဟုတ် မင်းတို့ကိုယ်မင်းတို့ အသိဆုံးပါ"
သူတို့ တုံ့ပြန်ချက်အရ သူတို့အားလုံးက ဖက်တီးရဲ့သွေးစတေးနဲ့ ပတ်သက်ပြီး သိတယ်ဆိုတာ သိသွားခဲ့တယ်။ အဲဒါကို စဉ်းစားမိပြီး သူ့အမူအရာက ပိုပြီးတောင် အေးစက်လာတယ်။
"မင်းတို့က ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ တခြားသူရဲ့ အသွေးအသားကို သုံးပြီးတော့ မင်းတို့ကိုယ်မင်းတို့ ကောင်းမွန်တဲ့ဂိုဏ်းအဖြစ် ခေါ်ရဲတယ်ပေါ့၊ ရယ်စရာကောင်းလိုက်တာ"
"ဒီမှာ လေပေါပြီးစကားတွေ လွှဲမချနဲ့နော်၊ မြန်မြန်ဟွေ့ကျယ်ကို ပေးလိုက်" အဲလူက ဒေါသထွက်လွန်းလို့ မျက်နှာတောင်နီရဲတွတ်နေပြီး သူ့အကြည့်တွေက ပိုခက်ထန်လာခဲ့တယ်။
"ဘာလဲ၊ ခုကျ 'ဂိုဏ်းချုပ်' လို့ ဘာလို့ မခေါ်တော့တာလဲ" ကူယွဲ့ရဲ့ မျက်လုံးတွေ မည်းနက်သွားတယ်။
"မင်းတို့ပြန်သွားပြီး အရင်တစ်ခေါက်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရောက်ပြီး ကောင်းကင်အပြစ်ပေးတာ ခံခဲ့ရတဲ့ အဲကျင့်ကြံသူကို မေးကြည့်ရင် ဘယ်သူက တလွဲပြောနေလဲဆိုတာ သိသွားလိမ့်မယ်"
လူတွေက မှင်တက်သွားပြီး တချို့လျှို့ဝှက်ချက်တွေက ပေါ်သွားသလို မျက်နှာတွေက ချက်ချင်း ဖြူဖျော့ကုန်တယ်။ သူတို့တွေ အရင်တစ်ခေါက်က နဂါးပေါ်လာတာနဲ့ မိုးကြိုးအပြစ်ပေးမှုကို တွေးမိသွားတာနေမှာ။
"ငါ မင်းတို့အားလုံးကို အကြံပေးတယ်နော်၊ အဲလူ့ကျင့်ဝတ်ကို သွေဖည်တဲ့အရာတွေလုပ်တာ များရင် တစ်နေ့ကျ မင်းတို့... အစွမ်းကြီးသူ တစ်ယောက်နဲ့ တွေ့ရတဲ့နေ့ဆိုတာ ရှိလာလိမ့်မယ်"
သူတို့အကြည့်တွေက ပိုပြီးတောင် ဆိုးဝါးလာတယ်။ အဲဒီခရီးသွားအမတရဲ့ မျက်လုံးတွေက တစ်ခဏ လှုပ်ခတ်သွားကာ ကျယ်လောင်စွာ ထပ်ပြောလာပြန်တယ်။
"မင်းငါတို့ကို ဒီမှာခြောက်လှန့်ဖို့ မလိုဘူး၊ မင်းရဲ့ဝိညာဉ်ချီက ပိတ်ခံရပြီးသား၊ မင်း ဘယ်လောက်ပဲ တတ်နိုင်တတ်နိုင် ခြေတစ်လှမ်းရွှေ့နိုင်စရာ အကြောင်းရင်းမရှိတော့ဘူး၊ မြန်မြန် လူကိုပေး"
"အဲလိုလား" ကူယွဲ့က အဲလူကိုပြုံးပြကာ မျက်နှာမှာ နည်းနည်းလေးတောင် သွေးပျက်မှုမရှိ။
"သူတို့နဲ့ထပ်ပြီး အပိုစကားပြောနေဖို့ မလိုတော့ဘူး" တခြားသူတွေက မစောင့်နိုင်တော့တဲ့ပုံ။
"သူတို့ကို အရင်ဖမ်းခေါ်သွား၊ ပြီးရင် သူတို့ဆီကနေ ဟွေ့ကျယ်တည်နေရာကို အလိုလိုသိရမှာပဲ" အဲလိုပြောပြီး သူက သူ့ဝိညာဉ်ချီကို တန်းအသက်သွင်းကာ တိုက်ခိုက်တော့တယ်။ တစ်ခါတည်း ကောင်းကင်က ဂါထာတွေရဲ့အလင်းတွေနဲ့ ပြည့်သွားလေရဲ့။
ဒါပေမဲ့ ကူယွဲ့က ယိချင်းကို တန်းတန်းမတ်မတ်ကြည့်နေတယ်။
"ဒီနေ့တင် ပြဿနာကလုံလောက်နေပြီ၊ ငါ ထပ်ပြီး မတိုက်ခိုက်ချင်တော့ဘူး၊ စားဖိုမှူး မင်းကိုင်တွယ်လိုက်"
"ကောင်းပြီ" စားဖိုမှူးက ခေါင်းညိတ်ပြတယ်။ သူ စဉ်းစားကြည့်ပြီးတော့ ထပ်ပြောလိုက်တယ်။
"စားစရာထောက်ပံ့မှုများ ရှိလား"
"မရှိဘူး ထွက်သွား"
"အိုး" ဆရာ ကျွန်တော်ကြိုးစားခဲ့ပါတယ်။
ယုတ်မာတဲ့ အရင်းရှင် ရှန်းရင်ကတော့ တွေးနေလေရဲ့။
နောက်အခိုက်အတန့်မှာ ဘယ်သူမှ မမြင်ဖူးတဲ့ ဆိုးဆိုးဝါးဝါး ဖိနှိပ်မှုက ရုတ်တရက် အမတမြို့တစ်ခုလုံးကို လွှမ်းမိုးလာတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ ခရီးသွားအမတတွေ မတုံ့ပြန်နိုင်ခင် သူတို့ကိုယ်ထဲကဝိညာဉ်ချီတွေ ဆုတ်ယုတ်လာတာကို ခံစားလိုက်ရတယ်။ သူတို့အားလုံး စွပ်ပြုတ်ထဲကျသွားတဲ့ အသားလုံးတွေလို ကောင်းကင်ထဲက ကျလာလေရဲ့။
ဘန်းခနဲ လေးလံတဲ့အသံတွေနဲ့ သူတို့က မြေကြီးပေါ် ရိုက်ကျသွားခဲ့တယ်။ သူတို့က မြေကြီးထဲ ပိုပြီးတောင် နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားကြလေရဲ့။ တချို့က ပါးစပ်ဟကာ သွေးအန်ကြတော့တယ်။ ကောင်းကင်အစွန်းတောင် ချက်ချင်းမည်းမှောင်သွားခဲ့တယ်။ တစ်ခဏအတွင်း လေကမြင့်တက်သွားကာ တိမ်ထုတွေက ရွေ့လျားကုန်ပြီး မိုးကြိုးတိမ်တိုက်တွေ ကောင်းကင်တစ်ခုလုံးမှာ ပြည့်သွားတာများ မိုးကြိုးက ကောင်းကင်ကနေ အချိန်မရွေး ကျဆင်းလာတော့မဲ့အတိုင်းပဲ။
"ဒါ... ဒါဘာလဲ" လူတိုင်း ကြောက်လန့်ကုန်ပြီး ဇဝေဇဝါဖြစ်နေတယ်။ သူတို့ ဒီလို ကြောက်ခမန်းလိလိ ဖိအားကို တစ်ခါမှ မခံစားဖူးဘူး။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေရော ခရီးသွားအမတတွေရော မဟုတ်သလို အမတတွေတောင် မဟုတ်ဘူးလို့ သူတို့ အလိုလို တွေးမိလိုက်တယ်။
ကူယွဲ့ စားဖိုမှူးဆီ မျက်ဆံလှန်လိုက်တယ်။ သောက်ကျိုးနည်း၊ စားစရာထောက်ပံ့မှုမရှိဘူးကြားတော့ သေချာတောင် မတိုက်ခိုက်တော့ဘူး။ သူက တန်းပြီး ကောင်းကင်ဖိနှိပ်မှုကို တကယ်ပဲ ထုတ်လွှတ်လိုက်တယ်။ ဒါက အလုပ်မှာ ရေသာခိုတာပဲ။
သူက ဆရာတပည့်ကို စိုက်ကြည့်က ထရပ်လိုက်တော့တယ်။ ဝိညာဉ်ချုပ်အင်းကွက်က သူ့ခြေထောက်အောက်မှာ တောက်ပနေဆဲ။ ဒါပေမဲ့ သူ့အပေါ် နည်းနည်းလေးတောင် သက်ရောက်မှုမရှိ။ သူ ဟိုဟိုဒီဒီ ကြည့်ကာ သူ့မျက်လုံးတွေက လမ်းကြားမှာပုန်းနေတဲ့ တစ်ယောက်သောသူပေါ် ရောက်သွားခဲ့တယ်။ ဝိညာဉ်ချီလှိုင်းတစ်လှိုင်းကို ပစ်ထုတ်လိုက်ပြီး အဲလူကို သူ့ဆီ တန်းဆွဲခေါ်လိုက်တယ်။ သူ့ကို စောနက အကြွေးတင်ခဲ့တဲ့ ရွှေအမြုတေကျင့်ကြံသူပဲ။
အဲလူက မတုံ့ပြန်နိုင်ခင် သူကိုယ်တိုင် ဖန်တီးထားတဲ့ ဝိညာဉ်ချုပ်အင်းကွက်ရဲ့ ဖိနှိပ်မှုနဲ့ မြေကြီးပေါ် ဖိချခံလိုက်ရတယ်။ ချက်ချင်း သူ့မျက်နှာက ကြောက်လန့်မှုနဲ့ ပြည့်သွားခဲ့တယ်။
"လူကြီးမင်း... လူကြီးမင်း ကျွန်တော့်အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ"
ကူယွဲ့ သူ့ဆီ လှမ်းသွားကာ ဆောင့်ကြောင့်ထိုင်ချပြီး ခပ်ဩဩအသံနဲ့မေးလိုက်တယ်။
"မင်းကို မေးပါရစေ၊ အဲဆေးသိုလှောင်ရုံထဲက အပြီးသတ်ထားတဲ့ဆေးတွေကို ဘယ်ကဝယ်ခဲ့တာလဲ"
"ဘ-ဘာ" အဲလူက မှင်တက်သွားပြီး ခဏတာနားမလည်ဖြစ်နေတယ်။
"အမှန်တိုင်း ပြန်ဖြေရင် ငါမင်းကို အရင်က လုပ်ခဲ့တာတွေအတွက် ခွင့်လွှတ်ပေးမယ်၊ ငါ့ကို အလိမ်နည်းနည်းလေး ထပ်ပြောရင်..." သူ ဆက်မပြောဘဲ ချိုမြစွာသာ ပြုံးလေတယ်။
"ဟင့်အင်း... မလုပ်ရဲပါဘူး" သူက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ ခရီးသွားအမတတွေရဲ့ ဆိုးရွားတဲ့အခြေအနေကို စဉ်းစားကြည့်ကာ သူ့အကြည့်က ပိုပြီးတောင် ကြောက်လန့်လာခဲ့တယ်။ သူက မေးခွန်းကို သေချာစဉ်းစားပြီး ပြောလာတယ်။
"သက်စောင့်ဆေး... သက်စောင့်ဆေး၊ အိုး ကျွန်တော်တို့က ချီမျိုးနွယ်အောက်က ဆေးဆိုင်လေးတစ်ခုပါပဲ၊ အကျိုးအမြတ် သိပ်မရှိတာမို့ ကျွန်တော်တို့ ကိုယ်ပိုင်ထုတ်ကုန်တွေကို ထုတ်လုပ်ခဲ့ရပြီး နှစ်တစ်လျှောက် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ အပြီးသတ်ထားတဲ့ ဆေးတွေအတွက်ကတော့ ကျွန်တော်တို့ တိုင်းပြည်အနှံ့က နေရာအမျိုးမျိုးကနေ သက်စောင့်ဆေးသန့်စင်သူတွေဆီက ရတာပါ၊ ကျွန်တော်တို့ ရှိတဲ့လူဆီက ဝယ်တာပါပဲ"
ပိုက်ဆံမဝင်တာကြောင့် သူတို့ တခြားဆိုင်တွေကို ဖွင့်ခဲ့တာ။
"ချီထိန်းဆေးလုံးတွေရော"
"ချီထိန်းဆေးလုံးတွေလား" အဲလူင ခဏတာ မှင်တက်သွားတယ်။ "ချီထိန်းဆေးလုံးတွေက အဆင့်နိမ့်ဆေးတွေပေမဲ့ ပုံမှန်ကတော့ နာမည်ကြီး ဆေးလုံးသန့်စင်သူတွေက ဒါကို တကူးတက မလုပ်ချင်တဲ့အတွက် ဂိုဏ်းကြီးတွေရဲ့ အဆင့်နိမ့်တပည့်တွေကပဲ လေ့ကျင့်ဖို့သုံးကြတာပါ၊ ကျွန်တော်တို့ ဂိုဏ်းတွေဆီက တိုက်ရိုက်ရတာပေမဲ့ တိကျတဲ့ဂိုဏ်းမရှိပါဘူး"
ဒါဆို ထူးဆန်းတယ်။ အဲ ဝိညာဉ်နုတ်ဆေးလုံးတွေက ဘယ်ကရောက်လာတာတုံး။ ပြီးတော့ အမြန်ပြန်ဝင်စားသွားတဲ့ ကျင့်ကြံသူကရော ဒီဆိုင်မှာ ဒီလိုထူးခြားတဲ့ချီထိန်းဆေးလုံးရှိနေတာ ဘယ်လိုလုပ် သေချာနေရတာလဲ။
ကူယွဲ့ မျက်မှောင် ကြုတ်လိုက်တယ်။ သူတို့ ဒီတစ်ကြိမ်လာခဲ့တာ အလဟဿ ဖြစ်မယ် မထင်ခဲ့ဘူး။ ကြည့်ရတာ ဒီကိစ္စကို ဖြည်းဖြည်းချင်း စုံစမ်းရတော့မဲ့ပုံပဲ။
သူ ထရပ်ကာ အဲဒီနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ ခရီးသွားအမတ ကျင့်ကြံသူတွေကို ကြည့်လိုက်ပြီး သူတို့ကိုဆက်အာရုံထားဖို့ ပျင်းလွန်းသွားပြီ။ သူက နောက်ပြန်လှည့်ကြည့်တယ်။
"ငါတို့ အိမ်ပြန်ကြမယ်"
"အိုး" စားပွဲကိုမှီနေတဲ့ ရွှံ့ပုံကြီးတစ်ခုက နောက်ဆုံးတော့ ဖြည်းဖြည်းချင်းထရပ်လာတယ်။
သုံးယောက်သား ဓားတွေကိုဆင့်ခေါ်တော့မို့ရှိသေး ကူယွဲ့က တစ်ခုခုကို ရုတ်တရက် သတိရသွားတဲ့ပုံ။ သူက ရွှေအမြုတေကျင့်ကြံသူကို လှည့်ကြည့်လိုက်ပြန်တယ်။
"အော်ဟုတ်သား၊ မင်း စောနလေးတင် အကြွေးပေးဖို့ ဝိညာဉ်ကျောက်တုံးတွေ သွားယူမယ် မပြောခဲ့ဘူးလား၊ အခု အဆင့်သင့် ဖြစ်နေပြီလား" ပိုက်ဆံပေး၊ မြန်မြန်လုပ်
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ကျင့်ကြံသူ ။ ။ "..."
ခင်ဗျားက နတ်ဆိုးလား
(⊙_⊙)
—————
ကူယွဲ့ တောင်ဘက်မြေဆီ ပြန်ရောက်ချိန် ဖက်တီးကို နေ့စဉ်သင်ကြားရေးဆီ ပြန်အာရုံစိုက်တော့တယ်။ သူ့ရဲ့ ဓားစွမ်းရည်နဲ့ယှဉ်ရင် ဖက်တီးက ဆေး၊ အဆောင်၊ အင်းကွက်တွေနဲ့ ဓမ္မအသုံးအဆောင်တွေမှာ cheatလိုမျိုး ထူးကဲတဲ့စွမ်းရည်တွေ ပြသလေတယ်။
ရှုပ်ထွေးတဲ့ အင်းကွက်၊ ခက်ခဲတဲ့ ဝိညာဉ်အဆောင်နဲ့ပဲဖြစ်ဖြစ် ဖက်တီးက အင်မတန် တိုတောင်းတဲ့အချိန်အတွင်း သင်ယူပြီးစီးပြီး သူ့အသိပညာကို တခြားနေရာတွေမှာပါ ပေါင်းစပ်အသုံးပြုနိုင်တယ်။ ပြီးတော့ စိတ်ပိုင်းကျင့်ကြံခြင်းသိုင်းတွေ၊ ဂါထာတွေမျိုးစုံကို ကူယွဲ့ တစ်ခေါက်ပဲသင်ပေးရပြီး သူက တစ်နေ့တည်းမှာတင် တင်ပြနိုင်တဲ့အဆင့်ဆီရောက်တယ်။ တခြားသူတွေ ရင်းနှီးဖို့ နှစ်ချီ၊ ဆယ်ချီ၊ ရာချီကြာလောက်တဲ့ဂါထာတွေကို သူက သော့ချက်တွေ ချက်ချင်း ရှာဖွေနိုင်ကာ ချောချောမွတ်မွတ် အသုံးပြုနိုင်တယ်။
သာမန်ကျင့်ကြံသူတွေက စွမ်းအင်အကန့်အသတ်မို့ ကျွမ်းကျင်မှုတစ်မျိုးအပေါ်ပဲ အာရုံစိုက်ကြတယ်။ စိတ်ပိုင်းကျင့်ကြံခြင်းနဲ့တောင် သူတို့က အာရုံစိုက်လေ့ကျင့်ဖို့အတွက် တစ်ခုကိုရွေးကြတာ။ ဒါပေမဲ့ ဖက်တီးကတော့ မတူ။ သူက ဆေး၊ အဆောင်၊ အင်းကွက်နဲ့ ဓမ္မလက်နက်ကျင့်ကြံခြင်းတစ်ခုလုံးကို သင်ယူပြီး စိတ်ပိုင်းကျင့်ကြံသိုင်းမျိုးစုံကို လေ့ကျင့်တယ်။ ပြီးတော့ သူ့နဂိုဓာတ်ကြီးငါးပါး ဝိညာဉ်ကြောရဲ့ အကျိုးကျေးဇူးကြောင့် ဘာစိတ်ကျင့်ကြံသိုင်းက တွန်းလှန်တာမျိုး၊ မကိုက်ညီတဲ့အခြေအနေမျိုး မရှိ။ အထူးပြုမှုအားလုံးနဲ့ သူက အောက်ဘုံရဲ့စံနှုန်းအရ ထူးချွန်တဲ့အဆင့်ကို ရောက်လာခဲ့တယ်။ သူက တကယ့်ကို ဘက်စုံတော်ထူးချွန်မှုကို အောင်မြင်ခဲ့တာပဲ။ နတ်ဆိုးကျင့်ကြံသူ မဟုတ်တာကလွဲရင် သူက သူဌေးလန်ရဲ့ cheat ပုံစံအမျိုးအစားပဲ။
...
အခန်း ၄၇၉ ။ တောင်ပိုင်းမြေတိုက်ခိုက်ခံရ
တစ်စုံတစ်ယောက်သောသူနဲ့ အတူတူ ဒုက္ခခံပြီး ကျင့်ကြံနေခဲ့ရတဲ့ယုန်က အနည်းငယ် မှင်တက်နေမိတယ်။ သူတို့ အစက ဓားအင်းကွက်တွေကို ကိုင်တွယ်ချိန် ဖက်တီးက ပထမအဆင့်ကိုတောင် မဖြတ်သန်းနိုင်တဲ့ ငပျော့လေးလေ။ အင်းကွက်ထဲ ဓားချီလိုက်ခံရလို့ အော်ဟစ်နေသံတွေကို အင်းကွက်၁၀ခုလုံးအနှံ့ကြားရနိုင်တယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းကတင် သူ ဒီညီကိုဝတုတ်ကို တိတ်တိတ်လေး သနားနေခဲ့တာ။ သူ့ကျင့်ကြံဆင့်က ကြီးမြတ်တဲ့အမတရဲ့ ဖိအားပေးလေ့ကျင့်မှုတွေအောက် အင်မတန်မြန်ဆန်စွာ တိုးတက်နေတုန်း ညီကိုဖက်တီးကတော့ တစ်ချိန်လုံး အဆင့်က မပြောင်းမလဲ။ အရမ်းကိုသနားစရာကောင်းတယ်လို့ ယုန်ကတွေးနေခဲ့တာ။
ယုန်က နဝမအဆင့်ထိ မြင့်တက်သွားချိန် ဖက်တီးက အဆင့်နိမ့် ဓားအင်းကွက်ထဲမှာ။ ဒဿမအဆင့်ရောက်ချိန် သူက အဆင့်နိမ့် ဓားအင်းကွက်ထဲမှာ။ ဧကဒဿမအဆင့်ရောက်ချိန် သူက... အဆင့်နိမ့်ဓားအင်းကွက်ထဲ ရှိနေသေးဆဲ။ အစကတော့ ဒီညီကိုဖက်တီးက တကယ့်ကို ကျင့်ကြံခြင်းအတွက် တကယ်ကို အရည်အချင်းမရှိဘဲ တစ်ဘဝလုံး ဓားအင်းကွက်တွေထဲ တိုက်ခိုက်ရင်းဖြတ်သန်းရတော့မယမ ထင်ခဲ့တာ။ ဒါပေမဲ့ သူ ဓားအင်းကွက်တွေထဲက ထွက်လာချိန် အဖြစ်အပျက်တွေက ရုတ်တရက် ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ကုန်တယ်။
ဖက်တီးက စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေးလေ့လာချိန် ယုန်က ဧကဒဿမအဆင့်ဖြစ်ပြီး သူက အဆောင်ကျင့်ကြံရေးစချိန် ယုန်က ဧကဓသမအဆင့်ဖြစ်နေဆဲ၊ သူ သက်စောင့်ဆေးကျင့်ကြံမှုကို လေ့လာချိန် ယုန်က... ဧကဒဿမအဆင့်ဖြစ်... ဖြစ်နေဆဲ။ နောက်ဆုံးတော့ မနက်ခင်းတစ်ခုမှာ သူနိုးလာပြီး ဖက်တီးက တစ်နည်းနည်းနဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်နေပြီဆိုတာ နားလည်သွားခဲ့တယ်။ သူ့ကိုယ်ပေါ်က အရှိန်အဝါက ပြင်းထန်လွန်းလို့ အသက်ရှူဖို့တောင် နည်းနည်းခက်လေရဲ့။
ယုန်က သူ ဂါထာတစ်ခုခုအောက် ကျရောက်နေလားတောင် သံသယဖြစ်မိတယ်။ ဒီလို ကိစ္စကြီးတစ်ခု ဖြစ်နေချိန် အိပ်နေမိခဲ့လို့လေ။ မဟုတ်ရင် ညီကိုဖက်တီးက ညတွင်းချင်း အဲလောက်ကြီး ခုန်ကူးသွားမှာလဲ။ သူ လုံးဝသတိမထားမိတဲ့အပြင် ဝဋ်ကြွေးချေမိုးကြိုးသံကိုတောင် မကြားမိတာလေ။
နှစ်ပိုင်းအတွင်းမှာတင် ညီကိုဖက်တီးက သက်စောင့်ဆေး၊ အဆောင်၊ အင်းကွက်နဲ့ ဓမ္မအသုံးအဆောင် ဖြစ်တဲ့ အရည်အချင်းလေးမျိုးလုံးကို ကျွမ်းကျင်ခဲ့ပြီး သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးဖြစ်တဲ့ စိတ်ကျင့်ကြံစဉ်ငါးခုလုံးကို ကျွမ်းကျင်သွားခဲ့တယ်။ ပြီးဆတာ့ တစ်ခုချင်းစီမှာလည်း သူက ကျင့်ကြံသူကမ္ဘာတစ်ခုလုံးမှာ ထိပ်တန်းအဆင့်။
အောက်ဘုံကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဖက်တီးက ဓားဓမ္မအပြင် ဘာမှသင်ယူစရာ များများစားစား မကျန်တော့ဘူး။ သူ့အဆင့်အထက်မှာ အမတကျင့်ကြံခြင်းပဲရှိတော့တယ်။ ယုန် ထိတ်လန့်သွားတယ်။
ကံကောင်းတာ သူ ဘယ်လောက်ပဲတော်တော် ကြီးမြတ်တဲ့ အမတကူယွဲ့ရဲ့ အရိပ်အောက် နေနေရတုန်းပဲ။ ဒါကို စဉ်းစားကြည့်တော့ ရုတ်တရက် စိတ်သက်သာရာရသွားတယ်။
╮(╯▽╰)╭
ဒါကြောင့် ဖက်တီးက နောက်ဆုံးတော့ ဘွဲ့ရချိန် ဖေဖေနျိုက ပထမဆုံး စာမေးပွဲကို စီစဉ်တော့တယ် : သူ့အကြွေးကို ပြန်ဆပ်ဖို့ ဝိညာဉ်ဓားတစ်ရာလုပ်ရမယ်။
သူ အရင်က ဖြုန်းခဲ့တဲ့ အဲဒီဓားပျံတွေအတွက် အကြွေးပြန်ဆပ်ဖို့ပါပဲ အော်ဟုတ်သား၊ ဖက်တီး ဆေး၊ အဆောင်၊ အင်းကွက်တွေနဲ့ ဓမ္မအသုံးအဆောင်တွေအကြောင်း သင်ယူချိန် သုံးခဲ့တဲ့ ကုန်ကြမ်းတွေအားလုံးကိုလည်း အကြွေးစာရင်းမှတ်ထားပြီး နောက်ကျ သင်ကြားရေး ချေးငွေအနေနဲ့ ပြန်ဆပ်လို့ရအောင်ပေါ့။
ဒီလို မကောင်းတဲ့အခြေအနေတွေအောက် ဖက်တီးက ကျင့်ကြံခြင်းနှစ်အနည်းငယ်တည်းနဲ့ ကီလိုတစ်ရာကျော် ဝတုတ်ကနေ... ကီလို၁၅၀ကျော် ဝတုတ်ကြီးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အမှန်ပဲ၊ သူက ပိုပြီးတောင်ဝလာတာ အစတည်းက သူက ဘောလုံးနဲ့တူနေပြီ။ သူ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တက်လှမ်းသွားတည်းက လေနဲ့ မလွင့်နိုင်ရုံကလွဲ မီးပုံးပျံအဖြစ် အဆင့်မြင့်တက်သွားတော့တာပဲ။ ကူယွဲ့တောင် နားမလည်နိုင်ဘူး။ ဒီနှစ်တွေမှာ သူ ဆန်ကင်းလွတ်ခြင်းအောက် ရောက်နေတဲ့အပြင် အစောပိုင်းအဆင့်မှာ ယုန်ဆီက မုန်လာဥနီတချို့ စားခဲ့တာကလွဲ နောက်ပိုင်းအဆင့်မှာ ရေတောင်အများကြီး မသောက်ခဲ့တာကို ဘယ်လိုလုပ် သူ့ကိုယ်သူ ဖောင်းပွအောင် လုပ်နိုင်ရတာလဲ။
ဖြစ်နိုင်တာ ကူယွဲ့က အိမ်စာအများကြီးပေးမိသွားလို့ထင် ဖက်တီးရဲ့ လက်နက်သန့်စင်မှု အမြန်နှုန်းကတောင် သိသာတဲ့ခုန်ကျော်လွှားမှုကို အောင်မြင်ခဲ့တယ်။ ပြီးတော့ ဓားပျံတွေက ဓမ္မအသုံးအဆောင်တွေနဲ့မတူ ကျင့်ကြံဆင့်မြင့်ရင် ပြုလုပ်ရလွယ်ကူတယ်။ ဒါကြောင့် သူ့တိုးတက်နှုန်းက မြန်တာပေါ့။
ဖက်တီး သူ့အိမ်စာမပြီးခင် တစ်စုံတစ်ယောက်က သူ့တံခါးကို အရင်လာခေါက်တာတော့ နှမြောစရာပဲ။
ဘန်းခနဲအသံကျယ်ကြီးကို ရုတ်တရက်ကြားရကာ တောင်ပိုင်းမြေရဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေတယ်။ ချက်ချင်း ဝိညာဉ်မြစ်ဘက်ကနေ ဂါထာတွေရဲ့ အလင်းတန်းတွေအများကြီး လင်းလာကာ မိုးခြိမ်းသံတွေ ဆက်တိုက်လိုက်လာနေတယ်။ ဝိုးတဝါး ရင်းနှီးနေတဲ့အရှိန်အဝါတွေပါ လိုက်လာလေရဲ့။
ဖက်တီးက လက်နက်သန့်စင်မှုအပေါ် ကြိုးစားနေတာ။ သူ့လက်တွေက တုန်ခါသွားပြီး မျက်နှာက မည်းနက်သွားတယ်။ သူက အခန်းအပြင်ကို ထွက်ကြည့်ကာ သူ့လက်ထဲက ပုံစံဖွဲ့စည်းတော့မဲ့ ဓားပျံက ရုတ်တရက် ကျိုးသွားကာ အသုံးမဝင်တဲ့ သံမဏိအပိုင်းအစဖြစ်သွားလေရဲ့။
"ဆရာ၊ စောနကဟာက..."
"အင်း" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ မြေကြီးပေါ်က ဓားကျိုးကို ငုံ့ကြည့်ကာ တိတ်တဆိတ်နဲ့ သူ့မှတ်စုစာအုပ်လေးပေါ် စာကြောင်းတစ်ကြောင်း ရေးချလိုက်တယ်။
"ဒီဓား ကုန်ကြမ်းအတွက် ဝိညာဉ်ကျောက်တုံး၁၀ခု"
"..." ဒါတောင် ထည့်တွက်တယ်ပေါ့
Σ(°△°|||)
"ကြီးမြတ်တဲ့အမတ ကြီးမြတ်တဲ့အမတ" ယုန်က အသည်းအသန် ပြေးလာကာ စိုးရိမ်တကြီး ပြောလိုက်တယ်။
"မကောင်းတော့ဘူး၊ အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီး တောင်ပိုင်းမြေဝင်ပေါက်ဆီ ရုတ်တရက် ရောက်လာကြတယ်၊ သူတို့က အပြင်ဘက်ခြမ်းကို ဝိုင်းပြီးနေပြီ၊ သူတို့... သူတို့ ဝိညာဉ်မြစ်ကို ဖျက်ဆီးနေကြတယ်"
"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"အချိန်ကျပြီ" ရှန်းရင် ပြန့်အမတမြို့မှာ စားစရာဝယ်ဖို့ ယိချင်းကို တိတ်တိတ်လေး ခေါ်သွားချိန် သူတို့ကို တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ရှာတွေ့သွားပြီ။ သူတို့ကို တောင်ပိုင်းမြေမှာ လာရှာဖို့က အနှေးနဲ့ အမြန်ပဲ။ ဒီနှစ်တွေမှာ လှုပ်ရှားမှု မရှိခဲ့တာက သူတို့ တောင်ပိုင်းမြေထဲဝင်ဖို့ နည်းလမ်းကို စဉ်းစားနေခဲ့တာ ဖြစ်နိုင်တယ်။
"ဆရာ..." ဖက်တီးက ကူယွဲ့ဘက် လေးလံတဲ့ အမူအရာ၊ တောင်းဆိုတဲ့အကြည့်နဲ့ လှည့်လာတယ်။
"သွား မင်းဘာသာ ဖြေရှင်း" ကူယွဲ့ သူ့ကိုမတား။ cheat အသေးလေး ဖက်တီးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ရောက်တာကြာနေပြီမဲ့ အချိန်အတော်ကြာ အမတတက်လှမ်းမှု အရိပ်အယောင် မပြ။ အတိတ်တုန်းက အဲဒီအတွေ့အကြုံတွေက ဘယ်လိုပဲဖြစ်ဖြစ် သူ့နှလုံးသားမှာ အထုံးအဖွဲ့ဖြစ်လာခဲ့တယ်။ အခု အဲအထုံးအဖွဲ့ကို ပြန်မဖြည်နိုင်ခဲ့တာကြာပြီ။
ဖက်တီးရဲ့ မျက်လုံးတွေက တောက်ပသွားပြီး သူ့အမူအရာက ပိုတောင်ခိုင်မာလာခဲ့တယ်။ သူ့လက်ထဲက ဓားကျိုးကို ချကာ နောက်တစ်လှမ်းပြန်ဆုတ်ပြီး လက်သီးကိုဆုပ်ကာ ကူယွဲ့ကို အင်မတန်လေးစားစွာ ဂါဝရပြုတယ်။ သူက အင်မတန်စိတ်ရင်းအပြည့်နဲ့ ပြောလေတယ်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
သူက သုံးကြိမ် ဦးတိုက်ကာ သူ့ကိုယ်ပေါ်က အရှိန်အဝါက ချက်ချင်းကွဲပြားသွားလေရဲ့။ ခဏအတွင်း ပုံမှန်နေ့ရက်တွေရဲ့ သူ့ညင်သာမှု၊ နှိမ့်ချမှုအားလုံးကို သိမ်းဆည်းလိုက်ပြီး ချွန်မြတဲ့ အစွန်းတွေက ဓားအိမ်ထဲက ဆွဲထုတ်လာတဲ့ ဓားတစ်ချောင်းလို တောက်ပနေတယ်။ ဒါက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဆရာသခင် ဖြစ်သင့်တဲ့ပုံစံပဲ။
"ဟမ်၊ ညီကိုဖက်တီး၊ အဲလူတွေကို တစ်ယောက်တည်း သွားရင်ဆိုင်မို့လား" အမှန်တရားမသိတဲ့ယုန်က စိုးရိမ်မှုတချို့နဲ့ပြောတယ်။
"အဲကျင့်ကြံသူတွေက များလွန်းတယ်၊ မိစ္ဆာငယ်လေးတွေက တင်ပြလာတာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတင် အများကြီးပဲတဲ့" ဖက်တီးဘာသာဆို ကြီးမြတ်တဲ့အမတနဲ့ သူ့မိတ်ဆွေတွေက... မကူညီဘူးလား။
"ညီကိုယုန်၊ ဒီရက်တွေမှာ ငါ့ကိုဂရုစိုက်ပေးဖို့ မင်းကို အနှောင့်အယှက်ပေးမိခဲ့တယ်" ဖက်တီးက ပြုံးပြလိုက်ပြီး ရှင်းပြချက် မရှိတော့ဘဲ သူက တံခါးအပြင် လှည့်ထွက်သွားတယ်။
ယုန်က သူထွက်သွားတာကိုကြည့်ကာ ကူယွဲ့ကို လှမ်းကြည့်တယ်။ သူ့မျက်လုံးတွေက ဇဝေဇဝါဖြစ်မှုတချို့နဲ့ လှည့်နေတယ်။ အချိန်အတော်ကြာတော့ သူက အံကြိတ်ကာ ဖက်တီးကို ဆွဲပြီး ကျယ်လောင်စွာ ပြောလေတယ်။ "ခဏ ညီကိုဖက်တီး၊ ငါမင်းနဲ့အတူသွားမယ်"
ဖက်တီးက မှင်တက်သွားတယ်။ "ညီကိုယုန်၊ ဒါက မင်းနဲ့ ဘာမှမပတ်သက်ဘူးလေ၊ မင်း လုပ်ဖို့မလို..."
"ငါတို့က တူတူ ထုထောင်းခံရ... အာ မုန်လာဥနီတူတူစားခဲ့တဲ့ ညီကိုတွေပဲ၊ မင်းတစ်ယောက်တည်း သွားအရဲစွန့်မှာကို ထိုင်ကြည့်ပြီး ဘာမှမလုပ်ဘဲနေနိုင်မှာလဲ" ယုန်က ရင်ဘတ်ကို ပုတ်ကာ တည်ကြည်မှုအပြည့်နဲ့ပြောတယ်။
"အဲအပြင် ဒီလူတွေက ငါ့တောင်ပိုင်းမြေကို ဘယ်လိုကျူးကျော်ရဲတာလဲ၊ ငါ့ကို အနိုင်ကျင့်ခံရမဲ့ ဒွာဒဿမအဆင့်မိစ္ဆာဘုရင်လို့ ထင်နေတာလား" ဒီနှစ်တွေအတွင်းမှာ သူက ကျင့်ကြံခြင်းကလွဲ ဘာမှမလုပ်ခဲ့တာ မဟုတ်ဘူးလေ။ အနည်းဆုံးတော့ သူက တောင်ပိုင်းမြေတစ်ခုလုံးကို စုစည်းခဲ့ပြီး တကယ့်အသင်္ချေ မိစ္ဆာဘုရင်ဖြစ်လာတာ... သေချာပေါက် သူ့စကားပြောစွမ်းရည်နဲ့ပေါ့
"ညီကိုယုန်..." ဖက်တီးက အရမ်းရင်ထဲထိသွားတဲ့ပုံ။ သူက တစ်စက္ကန့်တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီလေ၊ ငါတို့ညီကိုတွေ တူတူသွားကြမယ်"
"အင်း ငါ ခုချက်ချင်း မိစ္ဆာတပ်ကို စုဝေးလိုက်မယ်"
အဲတော့မှ နှစ်ယောက်သား တူတူထွက်လာကာ အကြည့်တွေက ခိုင်မာပြီး နှလုံးသားတွေက ရဲရင့်နေကြတယ်။ မြင်ကွင်းက သူရဲကောင်းတွေ စစ်ပွဲအတွက် ထွက်ခွာကြတဲ့ ကြေကွဲစရာအလှမျိုးပေါ့၊ ကူယွဲ့ ရုတ်တရက် စကားမပြောခင်ထိ။
"မင်း တိုက်ခိုက်ပြီး ပြန်လာရင် အိမ်စာတင်ရဦးမယ်နော်၊ ယုန်ရောပဲ"
ချွင်
လူနဲ့ယုန် နှစ်ယောက်လုံး ခြေခေါက်ပြီး ပြုတ်ကျမလိုဖြစ်သွားတယ်။
နောက်အခိုက်အတန့်မှာ သူတို့ နောက်တစ်ကြိမ် တူတူထရပ်ကာ ခြေလှမ်းတွေကို အရှိန်မြန်ပြီး မကြားချင်ယောင်ဆောင်ကာ အသည်းအသန် ပြေးထွက်သွားကြတယ်။
အိုး မိတ်ဆွေဆက်ဆံရေး...။
...
အခန်း ၄၈၀ ။ အထုံးအဖွဲ့ဖြည်
တောင်ပိုင်းမြေဝင်ပေါက်။
ရွှေရောင်ဖဲကြိုးလို ကြီးမားတဲ့ အင်းကွက်တစ်ခုက ဝိညာဉ်မြစ်ပေါ် လွင့်မျောနေတယ်။ မရေတွက်နိုင်တဲ့ ဂါထာတွေက မြင့်တက်လာပြီး ထိပ်မှာ လင်းလက်နေလေရဲ့။ အလွန်တောက်ပတဲ့ ရွှေရောင်အလင်းတစ်ခု ရှိနေတယ်။ တောက်ပမှုမှာ တိုးတက်လာတာနဲ့အမျှ ဝိညာဥ်မြစ်ပေါ်က အဖြူရောင်မြူခိုးတွေ အနည်းငယ် လျော့ပါးသွားတယ်။
ဝိညာဉ်မြစ်နားမှာ အင်းကွက်ချ ကျင့်ကြံသူတွေက တစ်မီတာ၊ နှစ်မီတာခွာပြီး ရပ်နေကြတယ်။ ပထမတော့ သူတို့က နှစ်ဆယ်ကျော်လောက်ရှိပုံရပြီး သူတို့ရဲ့ ကျင့်ကြံဆင့်ကလည်း မြင့်တယ်။ အနိမ့်ဆုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ။ သူတို့ရှေ့က ဝိညာဉ်မြစ်ကို ဖျက်ဆီးဖို့ သူတို့ရဲ့ ခွန်အားတွေကို စုစည်းနေကြတယ်။
ဒီကျင့်ကြံသူတွေရဲ့ နောက်မှာ မရေမတွက်နိုင်အောင် ထပ်ရှိနေတယ်။ အကြမ်းဖျင်းအနေနဲ့ ပျမ်းမျှ ထောင်ချီပြီး မြစ်ရှေ့က မြေကွက်လပ်တစ်ခုလုံးကို နေရာယူထားကြတယ်။ တစ်ချို့ဆို လေထဲမှာတင် ဓားရှည်တွေပေါ်မှာ ရပ်နေလေရဲ့။ ဒါဇင်ချီ၊ ရာချီလူအုပ်တွေနဲ့ အုပ်စုအများကြီး ခွဲထားတယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး သူတို့အားလုံးက မတူညီတဲ့ ဂိုဏ်းတွေကပဲ။ မြင့်မြတ်ဆိုက်ရောက်ဘုံရဲ့ အဆင့်မြင့်ကျင့်ကြံသူအားလုံး ရောက်ရှိလာတဲ့ပုံ။
ပြီးတော့ အရေအတွက်အများဆုံးက တော်ဝင်အထွတ်အမြတ်ဂိုဏ်းဖြစ်ပြီး ထိပ်ဆုံးနေရာ ရယူထားတယ်။ သူတို့က အဆင့်မြင့်ကျင့်ကြံသူ အရေအတွက် အများဆုံးနဲ့ ရောက်ရှိလာတာပဲ- နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်နဲ့ ခရီးသွားအမတ ငါးယောက်။ သူတို့အားလုံး သူတို့ရှေ့က ဝိညာဥ်မြစ်ကို ကြည့်ပြီး ထူထဲတဲ့မျက်ခုံးတွေကိုကြုံ့ထားလေရဲ့။
ကျင့်ကြံသူတွေရဲ့ လူအုပ်ကြီးက တစ်နာရီကျော်အချိန်ကုန်ပြီးမှ သူတို့ပူးပေါင်းအင်အားက ဝိညာဉ်မြစ်တစ်ခုလုံးကို ကသောင်းကနင်းဖြစ်စေခဲ့တယ်။ သူတို့ရှေ့က အဖြူရောင်မြူခိုးက ပါးသထက်ပါးလာကာ တောင်ပိုင်းမြေရဲ့ရှုခင်းက ပိုရှင်းလင်းလာတယ်။ နောက်ဆုံးတော့ မြူခိုးမှုန်တွေအားလုံး ပျောက်ကင်းသွားပြီး သူတို့ကအထဲဝင်လာဖို့ အလောတကြီးဖြစ်နေလေရဲ့။
ဟိုးဟိုးဟိုးဟိုး~~~
ရုတ်တရက် သားရဲဟိန်းသံတချို့က တစ်ပြိုင်နက်ထွက်လာတယ်။ တစ်ချိန်တည်းမှာ မိုးကြိုးတွေအများကြီး ချိန်းနေသလိုမျိုး ဖြစ်ကာ မြေပြင်ကိုတောင် ခဏတာ တုန်ယင်သွားစေခဲ့တယ်။ ကြမ်းတမ်းတဲ့ အရှိန်အဝါတွေနဲ့ လေပြင်းက ချက်ချင်း ကျင့်ကြံသူလူအုပ်ကြီးဆီ တိုက်ခတ်လာတယ်။ ခေါင်းဆောင်နေတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေက အမြန် အကာအကွယ်အင်းကွက်တွေပြုလုပ်ကာ သူတို့ဂိုဏ်းထဲက တပည့်တွေကို အထဲထည့်ထားလိုက်ကြတယ်။
အဲတော့မှ လူတွေက သေချာမြင်ရတာ မိစ္ဆာသားရဲအုပ်ကြီးတစ်အုပ်က မြစ်တစ်ဖက်ခြမ်းမှာ မတ်တတ်ရပ်နေတာကိုပဲ။ အများစုက အဋ္ဌမအဆင့်အထက်။ တချို့ဆို ဒဿမအဆင့်တောင် ရောက်နေပြီ။ တချို့က တောင်တစ်ခုလို သန်မာပြီး တချို့က တကယ်တော့လူပုံသဏ္ဌာန်။ ပျမ်းမျှအကြမ်းဖျဉ်းတွက်ချက်မှုက ရာကျော်တယ်။ အဲဒီသားရဲမျက်လုံးတွေက ဒေါသအပြည့်နဲ့ တစ်ဖက်ခြမ်းက ကျင့်ကြံသူတွေကို ကြည့်နေတယ်။ သူတို့ပုံက စောင့်နေတာ အတော်ကြာပြီဖြစ်တဲ့ပုံ။
အဆင့်မြင့်မိစ္ဆာသားရဲတွေ အများကြီးကို ပထမဆုံးအကြိမ် တွေ့လိုက်ရလို့ထင် ကျင့်ကြံသူတွေရဲ့စိတ်ထဲ မလေးဖင့်ဘဲမနေတော့ဘူး။ ဒီမိစ္ဆာသားရဲတွေက သူတို့ကို တားဖို့ရောက်လာတာသိသာတယ်။
တော်ဝင်အထွတ်အမြတ်ဂိုဏ်းကို ဦးဆောင်နေတဲ့ ခရီးသွားအမတက စွင့်ယွီ။ သူက မျက်မှောင်ကြုတ်ကာ စိတ်တိုမှုအနည်းငယ် သူ့မျက်စိထဲဖြတ်ပြေးသွားတယ်။ သူက ရာချီတဲ့အဆင့်မြင့်မိစ္ဆာသားရဲတွေကို ရင်ဆိုင်နိုင်ဖို့ သူတို့စွမ်းအင်ကို စိုးရိမ်တာမဟုတ်ဘူး။ အဲအစား၊ တိုက်ခိုက်မှုက သေချာပေါက် အများကြီးအချိန်ကုန်ပြီး လူရှာဖို့တာဝန်ကို နှောင့်နှေးစေမှာ။
သူတွေးနေချိန်မှာပဲ အဲဒီနတ်ဆိုးသားရဲတွေက တပြိုင်နက်တည်း ဟောက်လာတယ်။ သူတို့က နှစ်ဖက်ဆီ ခွဲကာ လမ်းဖယ်ပေးကြတယ်။ တစ်ယောက်က မီးခိုးရောင်၊ တစ်ယောက်က အဖြူဝတ်ရုံနဲ့ လူနှစ်ယောက် ထွက်လာတယ်။ အဖြူရောင်ဝတ်ထားသူက အင်မတန်ပြင်းထန်တဲ့ မိစ္ဆာအငွေ့အသက် ရှိတာမို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် မျက်နှာထားတွေ ပြောင်းလဲကုန်တယ်။
ဒါ ဒွါဒဿမအဆင့် မိစ္ဆာဘုရင်ပဲ။
ပြီးတော့ သူ့ဘေးနားက တစ်ယောက်က တကယ်တော့ ဘောလုံးတစ်လုံး... မဟုတ်ဘူး၊ ဝလွန်းလို့ ဘောလုံးနဲ့ တူနေတဲ့ လူတစ်ယောက်။ သူ့ရုပ်ကို နည်းနည်းရင်းနှီးနေတယ်။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက လူတွေရဲ့မျက်စိတွေက တောက်ပလာပြီး အဲလူကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်နေတယ်။
"ဟွေ့ကျယ်"
စွင့်ယွီက အလိုလို လှမ်းခေါ်လေတယ်။
“မင်းတို့ လူသားကျင့်ကြံသူတွေ ငါတို့ တောင်ပိုင်းမြေကို ကျူးကျော်ပြီး ငါတို့ရဲ့ဝိညာဥ်မြစ်ကိုတောင် ဖျက်ဆီးဖို့ သတ္တိရှိတယ်ပေါ့၊ ငါ ဘုရင်မင်းမြတ် မင်းတို့ကို သေမင်းဆီ ကူပို့ပေးအောင် စိတ်မရှည်ဖြစ်နေတာလား" ယုန်က အေးစက်စွာ နှာမှုတ်ပြီး ပတ်ဝန်းကျင်ထဲက မိစ္ဆာအငွေ့အသက်က လူအုပ်ဆီပိုပြင်းထန်စွာ ပြေးဝင်လာခဲ့တယ်။
စွင့်ယွီ မျက်လုံးတွေ မည်းနက်သွားတယ်။ သူက မိစ္ဆာဘုရင်နား ရပ်နေတဲ့ ဖက်တီးကို လှမ်းကြည့်ပြီးမှ ရှေ့တက်လာတယ်။
"မိစ္ဆာဘုရင် ကျုပ်တို့အားလုံး လူမျိုးနှစ်ခုကြားက ပဋိပက္ခကို နှိုးဆွဖို့ ရည်ရွယ်ချက် မရှိခဲ့ကြပေမဲ့ သင်တို့အားလုံးက ဒိဋ္ဌိလမ်းစဉ်ကျင့်ကြံသူနဲ့ ကြံစည်ပြီး ကျုပ်တို့ဂိုဏ်းချုပ်ကို ပြန်ပေးဆွဲ နှစ်ပေါင်းများစွာ ဒီနေရာမှာ ဝှက်ထားခဲ့တယ်၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ တပည့်တစ်ဦးအနေနဲ့ ဒီကိစ္စကို ဘယ်လိုလုက် မဖြေရှင်းဘဲထားရမလဲ" အဲနောက် သူ့အကြည့်က ဖက်တီးဆီသို့ ရွေ့သွားပြန်တယ်။ လောဘကြီးမှုအနည်းငယ်က သူ့မျက်လုံးတွေကို လွှမ်းခြုံသွားလေရဲ့။ "ဒီနေ့တော့ ကျုပ်တို့ကျင့်ကြံသူတွေ အကုန်လုံး ဒီမှာ စုဝေးနေပြီ၊ သင် ကျုပ်တို့ဂိုဏ်းချုပ်ကို ချက်ချင်းလွှတ်ပေးလိုက်တာ ပိုကောင်းတာပေါ့၊ ဒါမှမဟုတ်ရင် တောင်ပိုင်းမြေကို သုတ်သင်တာကို ကျုပ်တို့ဆီ အပြစ်မတင်နဲ့"
"ငါက မင်းတို့ရဲ့ဂိုဏ်းချုပ် မဟုတ်ဘူး" ဖက်တီး မျက်နှာ ပျက်သွားတယ်။ 'ဂိုဏ်းချုပ်' ဆိုတြဲ စကားလုံးနှစ်လုံးက အရမ်းရွံရှာစရာကောင်းတယ်လို့ သူခံစားရတယ်။ သူက တိုက်ရိုက် စကားပြောတော့တယ်။
"ညီကိုယုန်က ငါ့ကို ပြန်ပေးဆွဲတာ မဟုတ်ဘူး၊ ဆရာရောပဲ၊ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါ့ထူးခြားတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှုကြောင့် မင်းတို့ငါ့ကို သွေးစတေးဖို့ အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့တယ်၊ မင်းတို့ရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ ငါ့အသွေးအသားကို အသုံးချခဲ့တယ်၊ နောက်ဆုံးတစ်ခေါက်က ဆရာသာ အချိန်မီရောက်လာတာ မဟုတ်ရင်... ငါ သွေးအင်းကွက်ထဲ သေသွားခဲ့လောက်ပြီ"
အဲစကားကို ပြောပြီးတဲ့နောက် လူအုပ်ကြီးက ထိတ်လန့်သွားကာ အလယ်ဗဟိုက တော်ဝင်အထွတ်အမြတ်ဂိုဏ်းဝင်တွေကို လှမ်းကြည့်ကြတယ်။ သက်ရှိလူသူတွေရဲ့ အသွေးအသားကို အသုံးပြုပြီး ကျင့်ကြံဆင့်တိုးမြင့်လာအောင် လုပ်တာ။ ဒီလို ကြောက်စရာကောင်းတဲ့ ကိစ္စမျိုးကို သူတို့ တစ်ခါမှ မကြားဖူးဘူး။ အမတဂိုဏ်းတွေရဲ့ ခေါင်းဆောင် တော်ဝင်အထွတ်အမြတ်ဂိုဏ်း ဒီလိုအရာကို အမှန်တကယ်ပဲ လုပ်ဆောင်နိုင်လား။
"ဂိုဏ်းချုပ်၊ သင်က ဒီလောကနဲ့ အတွေ့အကြုံမရှိဘူး၊ အဲဒိဋ္ဌိဆရာတွေရဲ့ လှည့်စားမှုကို မခံရပါစေနဲ့"
စွင့်ယွီက ထိတ်လန့်မှု မရှိဘဲ သူ့မျက်နှာမှာ နောင်တရခြင်းမရှိဘူး။ အဲဒီအစား သူက အရမ်းစိုးရိမ်တဲ့ပုံစံကို ဆင်ယင်ထားတယ်။ "အဲဒီ ယုတ်မာတဲ့ ကျင့်ကြံသူက တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေနဲ့ သင့်ကို ပြန်ပေးဆွဲခဲ့တာ၊ ဒါကြောင့် သင့်ကို လှည့်ဖြားဖို့ ဒီလိုစကားလုံးတွေ သုံးခဲ့တာ၊ သင့်ရဲ့ဘိုးဘေးတွေက ကျွန်တော်တို့ဂိုဏ်းကို ကြီးမားတဲ့ စေတနာထားခဲ့တာကို ကျွန်တော်တို့က ဘာလို့ ဒီလိုဆိုးယုတ်မှုတွေ လုပ်ရမှာလဲ၊ ဒါ့အပြင်… ကျင့်ကြံမှု မြင့်တက်ဖို့ အသွေးအသားကို ယဇ်ပူဇော် အသုံးပြုတာက လုံးဝကို အဓိပ္ပာယ်မရှိတာပဲ၊ လောကကြီးမှာ ဒီလိုမျိုး ထူးထူးဆန်းဆန်းတွေ ဘယ်မှာရှိနိုင်မှာလဲ"
အမှန်ပဲ ဒီလောကမှာ ကျင့်ကြံသူက ဘယ်လောက်ပဲ ကြီးမြတ်ပါစေ သေတတ်တဲ့ ကိုယ်ခန္ဓာပဲ ရှိပြီး၊ လူတိုင်းအတူတူပဲ။ တကယ်လို့ အသွေးအသားကို ကျင့်ကြံမှု တိုးမြှင့်ဖို့ အမှန်တကယ် အသုံးချနိုင်ခဲ့ရင် သာမန်ကျင့်ကြံသူတွေ မပြောနဲ့ အလောင်းတွေနဲ့ ယင်ချီကို သုံးတဲ့ အဲဒီ မကောင်းဆိုးဝါးလမ်းစဉ် ကျင့်ကြံသူတွေအားလုံး အင်မတန် မြင့်မားတဲ့ကျင့်ကြံဆင့်တွေရှိမှာပေါ့။ ဖက်တီးက လှည့်စားခံရတာကြောင့် ဒီလိုအဓိပ္ပာယ်မဲ့တဲ့အကြောင်းများကို ပြောတာဖြစ်ရမယ်လို့ ယုံကြည်ကြကာ လူအုပ်က ခေါင်းတညိတ်ညိတ်။
“ဒါ့အပြင် သင့်ရဲ့ ကျန်းမာရေးက ငယ်ငယ်ကတည်းက နုနယ်တယ်၊ ကျွန်တော်တို့ သင့်အသက်ကို ကယ်တင်ဖို့ စိတ်လောနေလို့ ထူးခြားတဲ့နည်းလမ်းတွေ အသုံးပြုရတဲ့အတွက် ကုသမှုခံယူနေချိန်အတွင်း နာကျင်မှုအချို့ကို ရှောင်လွှဲမရမှာ ဧကန်ပဲလေ" စွင့်ယွီက ဆက်ရှင်းပြပြီး သူ့အမူအရာက ပိုလို့တောင် စိုးရိမ်နေတဲ့ပုံ။
"ဒါတွေအားလုံးက သင့်ရဲ့အကျိုးအတွက်ပါပဲ"
"ကုသမှုရဲ့ ဝေဒနာတွေ…" ဖက်တီးက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ "၇ရက်တစ်ခါ လက်တွေကျိုး၊ ဗိုက်ဖောက်ခံရ၊ အသားတွေ ဖြတ်ခံရပြီး သွေးထွက်ရတဲ့အထိ ရောဂါဆိုးကြီး ငါ့မှာ ရှိလို့လား" သူ ရုတ်တရက် ငြီးငွေ့လာတယ်။ အဲချိန် ဆရာ သူ့ကို ကယ်တင်ခဲ့တည်းက ဒီလူတွေက ဘယ်လောက်တောင်ဆိုးဝါးတဲ့ နတ်ဆိုးအုပ်စုလဲဆိုတာ သူ သဘောပေါက်ခဲ့သင့်တယ်။ သူတို့ နှလုံးသားထဲမှာ နောင်တနည်းနည်း ရှိနေလောက်မှာပါလို့ အခုတောင် သူ ဘာကြောင့် မျှော်လင့်မိခဲ့တာပါလိမ့်။
ဆရာပြောတာမှန်တယ်။ တချို့သူတွေက မကောင်းမှု ဒုစရိုက်ကို ပြုကြတာများပြီး အဲလုပ်ရပ်တွေက မကောင်းမှုလို့ မခံစားကြတော့ဘူး။ ကမ္ဘာပေါ်က ကျိုးကြောင်းဆင်ခြင်မှုတိုင်း လက်သီးချက်လောက် ဘယ်တုန်းကမှ မမာကြောဘူးလေ
"ကိစ္စမရှိပါဘူး ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူးလေ" ဖက်တီးက သက်ပြင်းချလိုက်တယ်။ အကြောင်းပြချက် မရှိဘဲ သူ့တစ်ကိုယ်လုံး သက်သာရာရသွားခဲ့တယ်။ သူ့ပခုံးပေါ်က နှစ်ပေါင်းများစွာ ဖိထားခဲ့တဲ့ အရာတစ်ခု ရုတ်တရက် ရုပ်သိမ်းသွားသလိုပဲ။
"ဒီနေ့ ငါ့အတွက်ငါ တရားမျှတမှုပဲ လိုချင်တာ၊ လာတိုက်ကြချေ"
သူ့မျက်လုံးတွေ မှိတ်သွားတယ်။ သူ့တစ်ကိုယ်လုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရဲ့ အရှိန်အဝါတွေ ချက်ချင်း ထွက်လာပြီး အဲနေရာက အခတားကျင့်ကြံသူအားလုံးထက် သာလွန်တဲ့မ မရေမရာ အရိပ်အယောင်ကို ပြသနေတယ်။
"မင်း မင်းမှာ ကျင့်ကြံဆင့်ရှိတယ်၊ ဒါဆို ကန့်သတ်ချက်-" စွင့်ယွီ မျက်လုံးတွေ ပြူးကျယ်သွားကာ ပင့်သက်ရှိုက်လေတယ်။ စကားပြောရင်း စိုးရိမ်တကြီး ရပ်လိုက်ပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုတွေ အပြည့်နဲ့။ စောနက မိစ္ဆာတွေရဲ့ အရှိန်အဝါတွေက ပြင်းထန်လွန်းတာမို့ သူ အမှန်တကယ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလို့ မသိလိုက်ဘူး။ တောင်ပိုင်းမြေမှာ သူဘယ်လောက်ကြာကြာနေခဲ့တာလဲ။ ကျင့်ကြံသူတစ်ယောက် ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ အံ့ဖွယ်တစ်စုံတစ်ရာ မဖြစ်ခဲ့ဘဲ နတိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆီ အဲလောက်အမြန်ကြီးရောက်ရှိဖို့ မဖြစ်နိုင်ဘူး။
"ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ မင်းထားခဲ့တဲ့ ကန့်သတ်မှုက လူတိုင်းအတွက် မဖြေရှင်းနိုင်တာမျိုး မဟုတ်ဘူးလေ" ဖက်တီးက သူ့အတွက် တိုက်ရိုက်ပြောကာ သူ့လက်က ဝိညာဉ်ဓားကို လှမ်းဆင့်ခေါ်လိုက်တယ်။
စွင့်ယွီ မျက်နှာက မည်းမှောင်သွားတယ်။ သူက ဟန်ဆောင်ထားတဲ့ အကျင့်စာရိတ္တ မြင့်မားဟန် မျက်နှာဖုံးကို အခုထိ သိမ်းထားဆဲ။
"အခုအချိန်မှာ ဂိုဏ်းချုပ်က ဆိုးယုတ်တဲ့သူတွေရဲ့ လှည့်စားမှုကို ခံရပြီး ငါတို့ရဲ့ နားချမှုကို နားထောင်မဲ့ပုံ မပေါ်ဘူး၊ ကောင်းပြီ သင်နဲ့ အသေးစိတ်စကားပြောဖို့ အခွင့်အရေးရှာမရခင် သင့်ကို တောင်ပိုင်းမြေကနေ ကယ်ထုတ်ရလိမ့်မယ်"