အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း ၄၈၁ ။ ဖက်တီးတုံ့ပြန်
ရှန့်ယွီက အသက်ပြင်းပြင်းရှူထုတ်ကာ ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေဘက် လှည့်ပြောတယ်။
"တာအိုရောင်းရင်းတို့၊ တောင်ပိုင်းမြေက မိစ္ဆာမျိုးနွယ်တွေက ပြဿနာရင်းမြစ်ဖြစ်နေတာကြာပြီ၊ အခု သူတို့က ဒိဋ္ဌိကျင့်ကြံသူတွေနဲ့ ပူးပေါင်းနေတာမို့ ဒါ အလွန်ယုတ်မာတဲ့ ပြစ်မှုပဲ၊ တာအိုရောင်းရင်းတို့ကို ကျုပ် တော်ဝင်အထွတ်အမြတ်ဂိုဏ်းနောက်လိုက်ပြီး မိစ္ဆာတွေကို ရှင်း၊ တာအိုကို ကာကွယ်ပေးဖို့ တောင်းဆိုလို့ရမလား"
ဂိုဏ်းအသီးသီးရဲ့ ခေါင်းဆောင်တွေက အကြည့်ချင်းဖလှယ်ကုန်တယ်။ တောင်ပိုင်းမြေက နှစ်ပေါင်းများစွာ ချိပ်ပိတ်နေပေမဲ့ သဘောပေါက်မှုတချို့တော့ရှိသေးတယ်။ ကောလာဟလတွေ ပြောကြတာတော့ တောင်ပိုင်းမြေမှာမိစ္ဆာဘုရင်၇ကောင်ရှိပြီး မကြာခဏ တိုက်ခိုက်ကြကာ စည်းလုံးမှု မရှိဘူးတဲ့။ ခူ တစ်ယောက်တည်းပဲ ဒီမှာရှိနေပြီး အဆင့်မြင့်မိစ္ဆာသားရဲတွေ အများကြီး ခေါ်လာပေမဲ့ ဂိုဏ်းအသီးသီးက အတူတူအလုပ်လုပ်သရွေ့ သူတို့မှာ အခွင့်အရေးရှိသေးတယ်။ ဒါကြောင့် သူတို့ စဉ်းစားဖို့ အချိန်သိပ်မယူလိုက်ရဘဲ ပြန်ဖြေဖို့လုပ်တယ်။
ရုတ်တရက် တောင်ပိုင်းမြေရဲ့ အတွင်းပိုင်းထဲကနေ ဝုန်းခနဲဟိန်းဟောက်သံကြီးထွက်လာတယ်။ မိစ္ဆာတွေနောက်မှာ ဖုန်မှုန့်တွေ လွှမ်းခြုံကုန်ကာ ထူထဲတဲ့မိစ္ဆာအရှိန်အဝါက ချဉ်းကပ်လာကာ မြေကြီးတောင်တုန်လှုပ်နေတာများ တပ်တွေ မြင်းအုပ်ကြီးတွေ အပြေးရောက်လာသလိုပဲ။
ခဏနေတော့ လူတိုင်း ဘာလဲဆိုတာ နားလည်သွားယ်။ သူတို့ဆီ ချီတက်လာတဲ့ မရေမတွက်နိုင်သော မိစ္ဆာသားရဲတွေက ပင်လယ်ကြီးတစ်ခုလုံးအဖြစ် ဖွဲ့စည်းနေတာ။ နဂိုက တောအုပ်ထူကြီးတောင် နှိုင်းယှဉ်ရင် ဖြူဖျော့သွားပြီး မိစ္ဆာနဲ့သားရဲတွေက လူတိုင်း အဆုံးကို မမြင်နိုင်တဲ့ အနက်ရောင်ပင်လယ်ကြီး။
သူတို့မပြောနဲ့ အထွတ်အမြတ်ရောက်ဘုံရဲ့ ကျင့်ကြံသူတွေအားလုံး ရောက်လာခဲ့ရင်တောင် သူတို့ ဒီလိုသားရဲလှိုင်းကြီးကို မထိန်းထားနိုင်လောက်ဘူး။ ပြီးတော့ မိစ္ဆာသားရဲတစ်ကောင်ချင်းရဲ့ ကျင့်ကြံဆင့်က မနိမ့်ဘူး။ အနားနီးလာလေ သူတို့ထဲက ခြောက်ကောင်က အရှေ့မှာ ကြောက်ခမန်းလိလိ မိစ္ဆာအရှိန်အဝါနဲ့ ဆိုတာ နားလည်လိုက်ရတယ်။ သူတို့ တစ်ချက်ကြည့်ရုံနဲ့တင် ဒွာဒသမအဆင့်မိစ္ဆာသားရဲတွေဆိုတာ သိခဲ့ရတယ်။
တောင်ပိုင်းမြေရဲ့ မိစ္ဆာဘုရင်၇ယောက်လုံးက တကယ်စုဝေးလာခဲ့တာပဲ။ တကယ်လို့ သူတို့အုပ်စုဖွဲ့ရင် ကျင့်ကြံသူတွေရဲ့ နှလုံးသားတွေက အေးစက်ကုန်ကာ သူတို့မျက်နှာတွေက အနည်းငယ် ဖြူဖျော့ကုန်တယ်။ ကံကောင်းလို့ တောင်ပိုင်းမြေက မိစ္ဆာမျိုးနွယ်တွေကို သီးခြားဆီ အုပ်ချုပ်ကြလို့ပေါ့၊ သူတို့အတွက် စည်းလုံးဖို့ဆိုတာ အဲလောက်အရမ်းမလွယ်သင့်ဘူး။
မိစ္ဆာသားရဲတွေရဲ့ပင်လယ်က ပြေးလာပြီး ဝိညာဉ်မြစ်အရှေ့မှာ ရပ်ကုန်ကာ ခေါင်းဆောင် မိစ္ဆာဘုရင်ခြောက်ယောက်က ရှေ့ကိုလျှောက်လာရင်း နောက်တော့... တုံ့ဆိုင်းမှုမရှိ ယုန်ရှေ့မှာ ဒူးထောက်ချကာ ပြိုင်တူပြောကြလေတယ်။
"အနန္တဘုရင်မင်းမြတ်ကိုတင်ပြပါတယ်၊ ကျွန်တော်တို့ တပ်တွေကိုစုဝေးပြီး အမိန့်အတိုင်း ရောက်လာပါပြီ"
"အင်း" ယုန်က ခေါင်းညိတ်ကာ သူတို့ကို မတ်တတ်ရပ်ဖို့ အမူအရာပြတယ်။
"အားလုံးပင်ပန်းသွားကြပါပြီ၊ ကျေးဇူးပါ"
"ဒါ ကျွန်တော်တို့ တာဝန်ပါ၊ ကျွန်တော်တို့ ခဲယဉ်းတယ် မပြောရဲပါဘူး" နောက်ဆုံးတော့ လက်သည်းအသစ် ပေါက်လာတဲ့ ကျားသစ်ဘုရင်က အမြန် ပြန်ဖြေတယ်။
ခြင်္သေ့ဘုရင်ကလည်း ထပ်ပြောတယ်။
"မိစ္ဆာသားရဲတိုင်းမှာ တောင်ပိုင်းမြေကို ကာကွယ်ဖို့ တာဝန်ဝတ္တရားရှိပါတယ်"
"အမှန်ပဲ" ကျန်ရစ်တဲ့ မိစ္ဆာဘုရင်တွေကလည်း ခေါင်းညိတ်ကြတယ်။ "ဒီလူသားကျင့်ကြံသူတွေက ကျွန်တော်တို့တောင်ပိုင်းမြေကို နင်းချေ၊ ဝိညာဉ်မြစ်ကို ဖျက်ဆီးပြီး ကျွန်တော်တို့ မဟာမိစ္ဆာဘုရင်ရှေ့မှာတောင် အရှက်မရှိ ကြွားဝါရဲသေးတယ်၊ သူတို့က တကယ်ပဲ တောင်ပိုင်းမြေကို အနိုင်ကျင့်ခံလို့ ထင်နေတာလား"
အဲဒါနဲ့အားလုံးက မြစ်တစ်ဖက်ခြမ်းက ကျင့်ကြံသူတွေဆီ ဒေါသတကြီး လှမ်းကြည့်ကြတာများ အချိန်မရွေးပြေးလာပြီး သူတို့ကို ကိုက်စားတော့မဲ့အတိုင်းပဲ။
အားလုံး ။ ။ "..." တောင်ပိုင်းမြေရဲ့ မိစ္ဆာဘုရင်တွေ ဆက်ဆံရေး မကောင်းကြဘူးဆိုတာ ဘာဖြစ်သွားပြီလဲ။
ပြီးတော့ ဘယ်တုန်းကရော သူတို့ကြားထဲ အနန္တဘုရင်ပေါ်လာတာတုံး။ ကျင့်ကြံသူတွေ မနေနိုင်ဘဲ ရှေ့တည့်တည့်ကယုန်ကို ကြည့်လိုက်တယ်။ သူတို့အားလုံးက ဒွာဒသမအဆင့်တွေကို ဘာကြောင့် မိစ္ဆာဘုရင်တွေက သူတို့ဘုရင်အဖြစ် လိုလိုလားလား အသိအမှတ်ပြုရတာလဲ။
ကျင့်ကြံသူတွေ ရင်ထိတ်ကုန်ပြီး ရုတ်တရက် အဆင်အခြင်မဲ့ မလုပ်ရဲတော့ဘူး။ သူတို့တွေ မနေနိုင်ဘဲ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ တိုက်ပွဲဖိတ်ကြားမှုကို ပြန်ဖြေဖို့ အချိန်မရလိုက်တာ ဝမ်းမြောက်သွားခဲ့တယ်။ ဒွာဒသမအဆင့် မိစ္ဆာဘုရင်တစ်ယောက်က အနည်းနဲ့အများ ခရီးသွားအမတနဲ့ ညီမျှတယ်ဆိုတာ သိရမယ်။ အဲအပြင် မိစ္ဆာတွေက သဘာဝအလျောက် လွှမ်းမိုးမှုရှိတာကြောင့် သူတို့ဆီမှာ ဘာအသာစီးမှ မရှိဘူး၊ အဲအပြင် သူတို့ကခုနှစ်ယောက်တောင်။ အဲဒီဒသမနဲ့ ဧကဒသမအဆင့် မိစ္ဆာသားရဲတွေမပြောနဲ့ သူတို့ သေချာတောင် မရေတွက်ရဲဘူး။
တောင်ဝင်အထွတ်အမြတ်ဂိုဏ်းကလူတိုင်းရဲ့ မျက်နှာတွေက ဖြူဖျော့ကုန်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
"ညီကိုယုန်" ဖက်တီးက စကားပြောလာတယ်။ "ဒီနေ့ ဒါ ငါနဲ့တော်ဝင်အထွတ်အမြတ်ဂိုဏ်းကြားကပါ၊ တခြားဘယ်သူနဲ့မှ မဆိုင်ပါဘူး၊ မျိုးနွယ်စုနှစ်ခုကြားမှာ ပဋိပက္ခ ဖြစ်ဖို့မလိုပါဘူး၊ ငါတို့ဘာသာ ဖြေရှင်းပါရစေ"
"ညီကိုဖက်တီး" ယုန်က သွေးပျက်ပြီး တစ်ခုခုပြောချင်ပေမဲ့ ဖက်တီးမျက်ဝန်းတွေထဲက စိတ်ပိုင်းဖြတ်ထားတဲ့အကြည့်ကို မြင်တော့ စကားလုံးတွေကို မျိုချလိုက်တယ်။ ဒီကိုလာတဲ့လမ်းမှာ ဖက်တီးက သူ့ကိုအားလုံးရှင်းပြပြီးပြီမို့ ဘာစဉ်းစားနေလဲနားလည်တဲ့အတွက် နောက်ဆုတ်ပြီး ကျင့်ကြံသူတွေကို လှမ်းပြောလိုက်တယ်။
"နားထောင်၊ ငါ မင်းတို့ ဒီနေ့ ငါ့တောင်ပိုင်းမြေကို ကျူးကျော်တဲ့ကိစ္စကို မေ့ပေးလိုက်လို့ရတယ်၊ ဒါပေမဲ့ ငါ့ညီကိုကတော့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းနဲ့ သူဖြေရှင်းစရာရှိတာကို ဖြေရှင်းရမယ်၊ တခြားဘယ်သူနဲ့မှ မဆိုင်ဘူး၊ တကယ်လို့ တခြားသူတွေဝင်ပါရဲရင် မိစ္ဆာမျိုးနွယ်လည်း ဝင်ပါဖို့ ဝန်မလေးဘူး။
ဆိုလိုတာ အရမ်းရှင်းတယ်။ သူတို့ ကိစ္စကိုဖြေရှင်းဖို့က ဖက်တီးနဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းကြားကပဲ။ တကယ်လို့ တခြားသူတွေက တော်ဝင်အထွတ်အမြတ်ဂိုဏ်းကို ကူညီရဲရင် သူတို့ တိုက်ပွဲဝင်မယ်။ ကျင့်ကြံသူတွေက အချင်းချင်း ဆွံ့အစွာ ကြည့်နေပေမဲ့ ဘယ်သူမှ ရှေ့မတက်ရဲလာ။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ရန်ငြိုးတွေနဲ့ မျိုးနွယ်စုနှစ်ခုကြား တိုက်ပွဲမှာ ဘယ်သူမှ ဒုတိယတစ်ခုကို ရွေးမှာမဟုတ်ဘူး။
အဲအပြင် ဖက်တီးက တစ်ယောက်တည်းဖြစ်ပေမဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ခရီးသွားအမတသုံးယောက် ရှိတာမို့ အဆုံးသတ်ရလဒ်က သိသာတယ်။
ဖက်တီးက ရှေ့ကို ခြေလှမ်းအနည်းငယ် တက်လာပြီး သူ့လက်ထဲက ဓားက ဆန့်ကျင်ဘက်က စွင့်ယွီဆီ ချိန်လိုက်တယ်။
"လာ ဘယ်သူအရင်လာမလဲ၊ ဒါမှမဟုတ် အကုန်တူတူလား"
စွင့်ယွီက သက်ပြင်းချကာ အတော်လေး တုံ့ဆိုင်းနေပုံ။
"ဂိုဏ်းချုပ်က အဲလိုလုပ်ဖို့ အတင်းပြောနေမှတော့ ကျွန်တော် အပြစ်ပြုမိလို့ခွင့်လွှတ်ပါ" သူက ဓမ္မလက်နက်ကို ဆင့်ခေါ်လိုက်တယ်။
ပုံသဏ္ဌာန်နှစ်ခုက အရောင်လက်သွားပြီး ချက်ချင်း တိုက်ခိုက်ကြတော့တယ်။ စွင့်ယွီက သူ့လက်ထဲက ဓမ္မလက်နက်ကိုထိန်းချုပ်ကာ ဝိညာဉ်ချီစုဝေးပြီးဖွဲ့စည်းထားတဲ့ ပိုက်ကွန်က ဖက်တီးအပေါ် ကျရောက်တော့မဲ့ဆဲဆဲ။ အဲပိုက်ကွန်ကကြီးလွန်းလို့ ကောင်းကင်တစ်ခုလုံးကိုတောင် ဖုံးလွှမ်းနိုင်မဲ့ပုံမျိုးနဲ့ ဖိနှိပ်မှုတိမ်တိုက်အစုအဝေးတောင် ရှိနေတယ်။ ဖက်တီးဆင့်ခေါ်သမျှ ဂါထာအားလုံးကို အဲထဲစုဝေးခံလိုက်ရကာ ဖက်တီးကို ချုပ်နှောင်တော့မလို့။
ပြီးပြီ။
စွင့်ယွီ သက်ပြင်းချလိုက်တယ်။ သူ့မှာ ဖက်တီးအပေါ် စိုးရိမ်မှုလုံးဝမရှိ။ ဘယ်လိုပဲဖြစ်ဖြစ် ဖက်တီးဘယ်လောက်ပဲတော်တေယ် သူက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသာဖြစ်ပြီး ဒီကတော့ခရီးသွားကျင့်ကြံသူ။ သူ ဓမ္မလက်နက်ကိုပြန်သိမ်းမို့ရှိသေး၊ ပိုက်ကွန်ထဲကလူက အရောင်လက်သွားပြီး ရုတ်တရက် ပျောက်သွားတာကိုမြင်လိုက်ရတယ်
ဟမ်။ စွင့်ယွီ ကြောင်အမ်းသွားပြီး သယ မတုံ့ပြန်နိုင်ခင် ခါးမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။ စောနကပိုက်ကွန်ထဲ ရှိနေခဲ့တဲ့ဖက်တီးက သူ့နောက်မှာပေါ်လာပြီး ကန်လိုက်တာ ဖြစ်နေတယ်။ သူ ရုတ်တရက် လန့်သွားကာ လေထဲက ပြုတ်ကျသွားပြီး ရွှံ့တွေပါးစပ်ထဲဝင်ကုန်တယ်။
စွင့်ယွီ မယုံကြည်နိုင်စွာ ထရပ်လိုက်တယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ကိုဖိနှိပ်ဖို့ ဓမ္မလက်နက်သုံးခဲ့တာကို ဘယ်လိုလုပ်လွတ်မြောက်နိုင်မှာတုန်း။ သူ မထိတ်လန့်နိုင်ခင် ဖက်တီးရဲ့ နောက်တိုက်ခိုက်မှုက ရောက်လာတယ်။ သူ ကောင်းကင်ကနေ မီးနဂါးတွေ အများကြီး ဆင်းသက်လာပြီး သူရှိရာဘက် တန်းကျလာတာကို မြင်လိုက်ရတယ်။
သူ ရင်ထိတ်သွားကာ ပြိုင်ဘက်ကို အထင်မသေးရဲတော့ဘူး။ သူ ရေငွေ့တိမ်တိုက်တွေအများကြီး ဆင့်ခေါ်ကာ ငွေ့ရည်ဖွဲ့စေပြီး ပြန်တိုက်ထုတ်လိုက်တယ်။ အဲဒီရေစီးကြောင်းတွေက နဂါးတွေကို သံကြိုးလိုရစ်ပတ်သွားပြီး အဲမီးနဂါးတွေကို လုံးဝငြှိမ်းပစ်ချင်နေတယ်။ ဒါပေမဲ့ သူတို့လုပ်တာနဲ့ မီးနဂါးတွေပေါ် လျှပ်စီးတွေအများကြီးပေါ်လာကာ သူ့ရေစီးကြောင်းတွေက မငြှိမ်းနိုင်ရုံတင်မက လျှပ်စီးတွေထဲပါ ဝင်ကုန်တယ်။
မီးနဂါးက ချက်ချင်း အကြိမ်ရေတချို့ ကြီးထွားလာကာ တဖျတ်ဖျတ်လက်နေတဲ့ လျှပ်စီးနဲ့အတူ တဂျိန်းဂျိန်း အောက်ကိုတစ်ရှိန်ထိုးဆင်းလာတယ်။ စွင့်ယွီအတွက် ရှောင်ဖို့ နောက်ကျသွားလွန်းပြီ။ သူက အသည်းအသန် အကာအရံ သုံးလိုက်ပေမဲ့ လုံးဝအသုံးမဝင်တော့ဘူး။ အဲဒီလျှပ်စီးက ချက်ချင်း သူ့အကာအရံကို ချက်ချင်းဖြိုခွဲကာ တစ်ကိုယ်လုံးမျိုချပစ်လေတယ်။
"အား" စွင့်ယွီက ချက်ချင်း အာခေါင်ခြစ်အော်တော့တယ်။ သူ့ကိုယ်ပေါ်က ဓမ္မဝတ်ရုံကြောင့်သာ မဟုတ်ရင် သူ့တစ်ကိုယ်လုံး လုံးဝလောင်ကျွမ်းသွားလောက်ပြီ။ ဒါတောင် သူ့ရဲ့ ပေါ်နေတဲ့အရေပြားက မီးမြှိုက်ခံလိုက်ရသေးတယ်။ ကြီးမားတဲ့နာကျင်မှုက သူ့ကိုမြေပြင်မှာလူးလိမ့်စေပေမဲ့ လေထဲကနဂါးတွေက မဆုတ်သွားဘဲ နောက်ထပ်နဂါးတွေ ကျဆင်းလာခဲ့ပြန်တယ်။
...
အခန်း ၄၈၂ ။ အောင်ပွဲအတိ
စွင့်ယွီက ထွက်ပေါက် မရှိတော့ဘဲ လျှပ်စီးမီးနဂါးတွေကြားလုံးဝ ပျောက်ကွယ်သွားတော့မလို့ ရှိသေး တော်ဝင်အထွတ်အမြတ်ဂိုဏ်းကလူတွေ အသိပြန်ဝင်လာပြီး ခရီးသွားအမတနှစ်ယောက်နဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက ကျန်ရစ်နေတဲ့မီးနဂါးတွေကို ကာဆီးဖို့နဲ့ စွင့်ယွီကိုကယ်ဖို့ အပြေးရောက်လာကြတယ်။
လူတိုင်း အံ့ဩတကြီး သွေးပျက်ကုန်တယ်။ ဖပ်တီးက နတ်ဝိညာဉ်ဖွဲ့စည်းကျင့်ကြံသူ နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာ ဘယ်သူမဆိုပြောနိုင်တယ်။ ဒါပေမဲ့ ၁၅မိနစ်အတွင်း သူက ခရီးသွားအမတကို အနိုင်ယူနိုင်ခဲ့တာ ဒီစွမ်းဆောင်နိုင်စွမ်းက ထိတ်လန့်စရာပဲ။ ဒါက လူကိုယ်တိုင်ပေါ်မလာသေးတဲ့ ဒိဋ္ဌိကျင့်ကြံသူပဲဖြစ်ဖြစ် သူတို့ရှေ့က အနန္တမိစ္ဆာဘုရင်ပဲဖြစ်ဖြစ် ဒါက ဟွေ့ကျယ်ကို ဒီနေ့ ခေါ်သွားဖို့ မလွယ်မှာ ထင်ရှားတယ်။
တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ကျင့်ကြံသူတွေရဲ့အမူအရာက မည်းနက်သွားပြီး အကြည့်ချင်းဖလှယ်ကာ ခရီးသွားအမတ၂ယောက်နဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က တစ်ပြိုင်နက် ဖက်တီးဆီ တိုက်ခိုက်ကာ နောက်တစ်ကြိမ် အတူရင်ဆိုင်ကြတော့တယ်။
သိပ်မဝေးသေးတဲ့ ကိုယ်ပျောက် အင်းကွက်အစီအရင်ထဲ တစ်စုသောသုံးယောက်က ဖရဲစေ့ကိုက်ရင်း တည်ငြိမ်စွာ စောင့်ကြည့်နေတယ်။
"တစ်ယောက်နဲ့ လေးယောက်ချမှာလား" ရှန်းရင်က ခေါင်းကို တစ်ဖက်စောင်းလိုက်လေတယ်။
"တစ်ယောက်လေးယောက်က ဘာဖြစ်လဲ၊ ဖက်တီးက ဘယ်လိုပဲဖြစ်ဖြစ် ဘက်စုံကျင့်ကြံသူပဲ" ကူယွဲ့က အသံအတက်အကျမရှိ ပြောလေတယ်။
"အိုး သူတိုက်ခိုက်နိုင်တဲ့ အများဆုံး အရေအတွက်က"
"အနည်းဆုံး၇ယောက်ကို သုံးလစာ စားသောက်စရိတ်နဲ့ လောင်းတယ်" ကူယွဲ့က လုံးဝယုံကြည်ချက်အပြည့်။
ရှန်းရင်ရဲ့ မျက်ဝန်းတွေက တစ်ခဏ လူးလှိမ့်သွားကာ အရောင်လက်သွားပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။
"ဒါဆို ငါ လူရှစ်ယောက်ကို သစ်သီး၃လုံးနဲ့လောင်းမယ်"
ယိချင်းက စကားကျနေပုံပေါ်တဲ့ လူ၂ယောက်ကို ခေါက်တုံ့ခေါက်ပြန် ကြည့်ကာ သူလည်း ဝင်ပြောလိုက်တယ်။
"ကျွန်တော်က လူဆယ်ယောက် ထမင်း၃နပ်"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
မင်းလောင်းတာ မလောင်းတာ ကွဲတာရှိလို့လား။ ဘယ်ဟင်းကို မင်းမချက်တာ ဟုတ်လို့လဲ။
သူတို့ စကားစမြည်ပြောရင်း တစ်ဖက်မှာ တိုက်ခိုက်နေတဲ့လူတွေက တဖြည်းဖြည်း ရလဒ်ထွက်လာတယ်။ ကူယွဲ့ ခန့်မှန်းတာမှန်တယ်။ လူလေးယောက် တစ်ပြိုင်နက် တိုက်ခိုက်မှုနဲ့တောင် သူတို့က ဖက်တီးကို အသာစီးမယူနိုင်ဘဲ ဖက်တီးရဲ့ မကုန်ခမ်းဘဲထူးခြားတဲ့ဂါထာတွေရဲ့ဖိနှိပ်ခြင်းကို တဖြည်းဖြည်းခံလာရတယ်။
အောက်မှာ ကြည့်နေတဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေက မနေနိုင်တော့ဘဲ တိုက်ပွဲထဲဝင်ပါသူက ဆက်တိုက်များလာတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းကျင့်ကြံသူတချို့နဲ့ ခရီးသွားအမတတွေ ဖက်တီးကို စုဝိုင်းတိုက်ခိုက်ကြတာဖြစ်လာတယ်။
ဒါပေမဲ့ ဖက်တီးက သူ့ဂါထာတွေကို အမှန် ကျွမ်းကျင်လွန်းတယ်။ မှော်အတတ်မျိုးစုံက စုပုံနေပြီး မီးဓာတ်ဖြစ်နိုင်ပေမဲ့ မိုးကြိုးဓာတ်ကြီးလည်း ရောနေကာ အဆုံးမှာတော့ ရေခဲဓာတ်နဲ့ လေဓာတ်ဂါထာဖြစ်နေတယ်။ နောက်ဆုံးအခိုက်အတန့်အထိ ဘယ်သူမှ သူ့ဟာကို တန်ပြန်နိုင်မဲ့ ဂါထာအပြည့်အစုံကို မစဉ်းစားနိုင်ဘဲ သူက ရံဖန်ရံခါ အင်းကွက်ဂါထာတချို့ပါ သုံးသေးတယ်။ သူတို့ တိုက်ပွဲဝင်နေရင်း သူ့ပြိုင်ဘက်တွေ နားမလည်ခင်မှာတင် သူတို့က သူ့အင်းကွက်အစီအရင်ထဲ ပိတ်မိနေပြီ။
တိုက်ပွဲထဲက လူတွေတင်မကဘူး၊ ကျန်တဲ့ဂိုဏ်းတွေတောင် သူတို့မျက်လုံးကိုမယုံနိုင်ဘူး။ သူ တကယ်ပဲ တစ်ယောက်တည်း အဆင့်တူ၊ အဆင့်ပိုမြင့်တဲ့ ကျင့်ကြံသူတွေကို တစ်ချိန်တည်းမှာပဲ ရင်ဆိုင်နိုင်မယ်မထင်ခဲ့။ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကမှ သူက သေမျိုးတစ်ယောက်သာ ဖြစ်တယ်။
တစ်နာရီအတွင်းမှာတင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအတော်များများကို ဖမ်းမိပြီး လေထဲကနေ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကျကုန်ကာ စွင့်ယွီထက်တောင် အခြေအနေ ဆိုးနေတယ်။ ကျန်တဲ့သူတွေလည်း ကြည့်နေရင်း ပိုကြောက်လန့်လာပြီး နောက်ဆုံးတော့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ ခရီးသွားအမတတွေအားလုံး ဝင်ပါကြတော့တယ်။
တစ်ပြိုင်နက် ကောင်းကင်တစ်ခွင်မှာ ဂါထာတွေရဲ့ ရောင်ခြည်တန်းမျိုးစုံ တောက်ပနေပြီး ဒီတိုက်ပွဲက နာရီအတော်ကြာသွားကာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတချို့နဲ့ ခရီးသွားအမတတစ်ယောက်သာ လေထဲကျန်ရစ်တော့တယ်။ ဟုတ်တာပေါ့၊ ဖက်တီးလည်းရှိတယ်။ သူ့တစ်ကိုယ်လုံးက ဒဏ်ရာတွေဖုံးနေပြီး ဝတ်ရုံရှည်က သွေးကွက်ကြီးတွေ စွန်းနေတယ်။ တိုက်ပွဲရဲ့ ရှည်လျားတဲ့ အချိန်ကာလက အတော်လေးပင်ပန်းဖို့ကောင်းတယ်၊ သူ့နွမ်းနယ်မှုက မျက်နှာပေါ် ပေါ်နေပြီဆိုပေမဲ့ သူက ရှေ့ကလူတွေကို စိတ်ပိုင်းဖြတ်ထားတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေဆဲ။
သူ ဒီတိုက်ပွဲကို ရှုံးလို့မဖြစ်ဘူး။
တော်ဝင်အထွတ်အမြတ်ဂိုဏ်းက လူတိုင်းက သိသိသာသာ အကောင်းဆုံးတိုက်ခိုက်ကြပြီး သူ ပင်ပန်းနေတာကို သတိထားမိသလိုမျိုး သူတို့တိုက်ခိုက်မှုတွေက ပိုပြီးအာရုံစိုက်လာတယ်။ ဂါထာအမျိုးမျိုးက ဖက်တီးဆီ ပျံသန်းလာပြီး တစ်စုံတစ်ယောက်က ထောင်ချောက်အင်းကွက်တောင် ဖန်တီးကာ ရွှေရောင်အင်းကွက်အစီအရင်က သူ့ခေါင်းပေါ် ချက်ချင်းဖြစ်ပေါ်လာတယ်။ ဒီတစ်ကြိမ်တော့ သူ ထွက်ပေါက် မရှိတော့ဘဲ ဖက်တီး ချီနဲ့ သွေးတွေ တလိမ့်လိမ့်တက်လာတာ ခံစားမိကာ ဒူးထောက်ကျပြီး စောနကတိုက်ခိုက်နေသေးတဲ့ ဂါထာတွေက မတည်မငြိမ်ဖြစ်စပြုလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက် ဖက်တီးရဲ့ ဓာတ်ကြီးငါးပါးပြောင်းပြန်အစီအရင်က ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ ဒါက သူ့အကန့်အသတ်ရောက်နေပြီ။ သူ့ကိုယ်ပေါ် ဒဏ်ရာတွေ များသထက်များလာပြီး သူ့အပြုအမူတွေက ကချော်ကချွတ်ဖြစ်လာတော့တယ်။ ဒါပေမဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းကကျင့်ကြံသူတွေလည်း သာမနေဘူး။ ထောင်ချောက်အင်းကွက် ဖန်တီးတဲ့ ကျင့်ကြံသူရဲ့ ချီအားလုံး ကုန်သွားပြီ။ ဖက်တီးထောင်ချောက်ထဲကျသွားတာမြင်တော့ တခြားသူတွေက ရေခဲချွန်၊ မိုးကြိုးနဲ့ ဝိညာဉ်ဓားတွေ ကောင်းကင်အပြည့် ချက်ချင်းဆင့်ခေါ်ကာ နောက်ဆုံးတစ်ကြိမ် အားလုံးပုံအောပြီး တိုက်ခိုက်လိုက်တယ်။ သူတို့အောင်မြင်မှု၊ ကျရှုံးမှုက ဒီတိုက်ခိုက်မှုအပေါ်မူတည်နေတယ်။
ထောင်ချောက်အင်းကွက်က ပိုတောက်ပလာပြီး ကောင်းကင်ထဲက ဂါထာတွေက ဖက်တီးကို ဗုံးကျဲဖို့ အသင့်ပြင်နေတယ်။ အံကိုကြိတ်ကာ ဖက်တီးက ရုတ်တရက် သူတစ်ခါမှမရှိဖူးတဲ့ ဝိညာဉ်ချီတွေအများကြီးနဲ့ ပေါက်ကွဲပြီး နဂိုတည်းက လုံးဝန်းနေတဲ့ ကိုယ်ခန္ဓာက အသည်းအသန် ကျယ်ပြန့်လာကာ ရာဘာဘောလုံးလို မြန်ဆန်စွာ ဖောင်းပွလာလေရဲ့။ သူ့ပုံသဏ္ဌာန်က ချက်ချင်း အဆတချို့ကြီးမားလာကာ ထောင်ချောက်အင်းကွက်ထဲကနေ ဖောက်ထွက်ပြီး ဂါထာတွေအားလုံးကို အတင်းအကြပ် တောင့်ခံရှာတယ်။ အရာအားလုံးက ဒီအဆမတန်ကြီးမားလာတဲ့ ကိုယ်ခန္ဓာပေါ် ကျဆင်းလာပေမဲ့ လုံးဝ သက်ရောက်မှုမရှိ။
ဟမ်။ သူ့မှာ ဒီစွမ်းရည်ရှိသေးတာပဲ။
ကြည့်နေတဲ့ ဆရာတပည့်က တစ်ယောက်သော ကျောင်းအုပ်ကြီးကို ပြိုင်တူလှည့်ကြည့်တယ်။
"မင်းတို့ ဘာကြည့်နေတာလဲ" ကူယွဲ့ ဒေါသတကြီး ပြန်စိုက်ကြည့်ပေးလိုက်တယ်။
"မင်းတို့အကြည့်တွေက ငါ သူ့ကို လမ်းလွဲအောင်လုပ်ခဲ့သလိုမျိုး ဖြစ်နေတာတုံး၊ ဒါ သူ့ခွန်အားကို အရင်းစိုက်တာလို့ခေါ်တယ်၊ နားလည်ရဲ့လား"
နှစ်ယောက်သား ။ ။ "..." ကြောက်ခမန်းပါပဲ၊ ကြောက်ခမန်းပါပဲ
တစ်ဖက်ခြမ်းမှာတော့ "ရာဘာဘောလုံး" ကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်တဲ့ ဖက်တီးက လည်လာကာ လေတွေတိုးလာတာနဲ့ သူ့ကိုဝိုင်းထားတဲ့ ကျင့်ကြံသူတွေ မတုံ့ပြန်နိုင်ခင် သူတို့ကို လေကြမ်းတွေက ချက်ချင်း ပစ်ထုတ်ကာ သူတို့ကိုယ်တိုင်ဆင့်ခေါ်ထားတဲ့ ဂါထာတွေထဲ ဝင်တိုက်ကုန်တယ်။ ချက်ချင်း လူတိုင်း ကောင်းကင်ထဲကနေ ဖက်ထုတ်တွေလို ကျဆင်းလာချိန် ဖက်တီးကတော့ လေထဲ သူ့ကိုယ်သူ မြှင့်တင်ကာ ပြန်ဆင်းလာတယ်။
သူ့အရှိန်က ကြောက်ခမန်းလိလိ မြန်ဆန်ပြီး ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားတဲ့ကျင့်ကြံသူတွေ ရှောင်ဖို့နည်း လုံးဝမရှိဘဲ ကောင်းကင်လောက်ကြီးတဲ့ အသားလုံးကြီးတစ်ခု သူတို့ပေါ် တိုက်ရိုက်ကျလာတာကို ကြည့်နေရုံသာ။
နားကန်းလောက်စရာ ဝရုန်းသုန်းကားသံကြီး လိုက်လာတယ်။
ဆယ်မီတာကျော်တဲ့ အက်ကွဲကြောင်းတစ်ခု မြေကြီးပေါ် ပေါ်လာပြီး အက်ကွဲကြောင်းတွေ ထပ်လိုက်ကာ မြေပြင်ကတုန်ခါသွားတယ်။ ဘေးမှာကြည့်နေတဲ့ ဂိုဏ်းတွေတောင် သက်ရောက်မှုကို ရှောင်ဖို့ အင်းကွက်တွေချ၊ ဓားတွေစီးရတော့တယ်။
တစ်ဖက်မှာတော့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက လူတိုင်း အသားပန်ကိတ်တွေ ဖြစ်ကုန်ပြီး တချို့တလေသာ အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ အသက်မျှင်းမျှင်းရှူသံ ရှိနေတယ်။ ဒါပေမဲ့ သူတို့ ရှင်သန်နိုင်မလား၊ ကျင့်ကြံဆင့်ကို ထိန်းထားနိုင်မလား ဘယ်သူမှမသိ။
"ဖေဖေနျို... ဒါက ခန္ဓာကျင့်ကြံသူရဲ့သိုင်းလို့ မပြောနဲ့နော်" ယိချင်းက အလိုလို မေးလိုက်မိတယ်။ သူ့ရုတ်တရက် အသွင်ပြောင်းလဲမှုကို မပြောနဲ့၊ ဒီလောက်သန်မာပြီး နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို ဒီလိုအခြေအနေရောက်အောင် ပြားစေနိုင်တဲ့ ခန္ဓာကိုယ်ရှိတာ ခန္ဓာကျင့်ကြံသူတွေပဲ လုပ်နိုင်တဲ့အရာလေ။
"ပါးစပ်ပိတ်" သူက ခန္ဓာကျင့်ကြံသူလို့ ဘယ်သူပြောလဲ၊ ဖက်တီးက လုံးဝ ခန္ဓာကျင့်ကြံသူ မဖြစ်နိုင်ဘူး၊ လုံးဝပဲ"
ဖက်တီးက နဂိုမူလပုံစံဆီ ပြန်ပြောင်းသွားကာ သူလည်း အခြေအနေမသာ။ ဒီတိုက်ခိုက်မှုက သူ့ဝိညာဉ်ချီအားလုံးကို သုံးစွဲခဲ့တယ်။ သူ့တစ်ကိုယ်လုံး သွေးသံရဲရဲ အလုံးကြီးဖြစ်လာတော့မယ်။ သူ ယိုင်နေပေမဲ့ လဲကျမသွားအောင် အားတင်းရင်း ပြန့်ကျဲနေတဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ကျင့်ကြံသူတွေဆီ အကြည့်တစ်ချက် ရောက်သွားတယ်။ သူနိုင်သွားပြီပဲ။ သူ တကယ်နိုင်သွားခဲ့တာ။
သူ့တင်းမာနေတဲ့အာရုံကြောတွေ နောက်ဆုံးတော့ ပြေလျော့သွားပြီး နှုတ်ခမ်းက အလိုလို အပြုံးတစ်ခုအဖြစ် မြောက်တက်သွားခဲ့တယ်။ သူ အလိုလို ပြန်လှည့်မိကာ ယုန်ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ လုပ်ပြီးပြီဆိုတာ ဆရာ့ကို သွားတင်ပြချင်ပြီ။
ဒါပေမဲ့ သူ ယုန်ရဲ့ သွေးပျက်နေတဲ့အမူအရာကိုသာ မြင်လိုက်ရတယ်။
"သတိထား" ယုန်က အကျယ်ကြီး အော်ဟစ်လာတော့တယ်။
...
အခန်း ၄၈၃ ။ ခုံသမာဓိအဖြစ် ဟော်ရန်နန်း
ဖက်တီးက တောင့်ခဲသွားကာ ကြီးမားတဲ့ဖိအားတစ်ခုက သူ့ကို ရုတ်တရက် တိုက်ခိုက်လာတာ ခံစားမိလိုက်တယ်။ လူတစ်ယောက် မတောင့်ခံနိုင်တဲ့ အရှိန်အဝါမျိုးသယ်ဆောင်လာတာ။
ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့တဲ့စွင့်ယွီက ရုတ်ခြည်း ပစ္စည်းတစ်ခု ထုတ်လာပြီး သူ့မျက်လုံးထဲက မှုန်မှိုင်းနေတဲ့အကြည့်က အရှင်လက်လက် အရေခွံခွာချင်တဲ့ပုံနဲ့ အစားထိုးသွားတယ်။ အစိမ်းရောင်ထီးတစ်ချောင်းက လေထဲ ရုတ်တရက် ပေါ်လာပြီး အဖြူရောင်အလင်းဝိုင်းနေကာ ပြင်းထန်တဲ့ ဖိနှိပ်မှုက ပတ်ဝန်းကျင်မိုင်ရာချီကို ဖြတ်ပြေးသွားခဲ့တယ်။ ကျင့်ကြံသူတွေရော၊ မိစ္ဆာတွေပါ ကြောက်လန့်တကြားဖြစ်ကုန်တယ်။ တစ်ချက်ကြည့်ရုံနဲ့ ဒီထီးက သေမျိုးဘုံကပစ္စည်း မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်လေ။
"ဝိညာဉ်ဖမ်းထီး" ဖက်တီးက ယိုင်နဲ့သွားပေမဲ့ ရှောင်ဖို့ နောက်ကျလွန်းသွားခဲ့ပြီ။
"သေစမ်း" ကူယွဲ့ ဆဲရေးလိုက်တယ်။ သူ့ကို မနိုင်ချိန် တကယ်ပဲ အမတဓမ္မလက်နက်ကို သုံးတယ်ပေါ့လေ၊ သူတို့က သူ့ကို လူသေတစ်ယောက်အနေနဲ့ ခေါ်သွားမှာလား။
သူ ချက်ချင်း မတ်တတ်ရပ်လိုက်ကာ ပြန်တိုက်ထုတ်မို့ရှိသေး ဘေးမှာရှိတဲ့ရှန်းရင် ပြန်ဆွဲထားတာ ခံလိုက်ရတယ်။
"ဖေဖေနျို"
ထီးပေါ်က မသေမျိုးချီက ဖက်တီးကို တိုက်ခိုက်တော့မို့ရှိသေး ဘုရားစာရွတ်သံက ကောင်းကင်ဝင်ရိုးစွန်းကနေ ပေါ်လာပြီး ချက်ချင်း ထီးရဲ့ အကြမ်းဖက်မှုကို ဆုတ်ဖြဲပစ်လိုက်လေတယ်။
"မြတ်စွာဘုရား"
လူတိုင်း ခေါင်းလောင်းသံတွေကို ကြားလိုက်ရပြီး ကျားရှားဝတ်ထားတဲ့ ကတုံးနဲ့ လူတစ်ယောက်က ကြာပန်းစင်မြင့်တစ်ခုပေါ် ပျံသန်းလာရင်း သူ့ကိုယ်ကနေ ရွှေရောင်အထွတ်အမြတ်အလင်းတွေ တောက်ပနေတာကို မြင်လိုက်ရတယ်။ ကြည့်ကောင်းတဲ့ ကျင့်ကြံသူတွေနဲ့ယှဉ်ရင် သူ့ရုပ်ရည်က အင်မတန်သာမန်ဆန်ပေမဲ့ သူ့မျက်ခုံးနှစ်ဖက်ကြားက အစက်အပြောက် ဟင်္သာပြဒါးသာ ထူးထူးခြားခြား ထင်းနေပြီး သူ့တစ်ကိုယ်လုံးက သနားညှာတာမှု အရှိန်အဝါ လွှမ်းခြုံထားလေရဲ့။
"ဒါက ဟော်ရန်နန်းတော်က ဗုဒ္ဓကျင့်ကြံသူပဲ" တစ်စုံတစ်ယောက်က သူဘယ်သူလဲ မှတ်မိသွားကာ ကျယ်လောင်စွာ ရေရွတ်တယ်။
အဲလူက လက်ကို ဝှေ့ယမ်းပြကာ ချက်ချင်း ထီးအစိမ်းရောင်ကို သိမ်းကာ လူတိုင်းကို နှုတ်ဆက်လေတယ်။
"ကိုယ်တော်က ချန်းကျီပါ၊ နှုတ်ခွန်းဆက်သပါတယ် ဒကာတို့"
လူတိုင်း ထိတ်လန့်သွားတယ်။ တချို့ဆို မယုံကြည်နိုင်စွာ ထိတ်လန့်မှုနဲ့ မျက်လုံးတွေ ပြူးနေတယ်။
"ချန်းကျီလား၊ သူက ဟော်ရန်နန်းတော်ရဲ့ နန်းအရှင် မဟုတ်ဘူးလား၊ သူကိုယ်တိုင် ရှေ့ထွက်လာမယ် မထင်ခဲ့ဘူး"
"ဟော်ရန်နန်းတော်က လောကကြီးရဲ့အခင်းအကျင်းတွေမှာ ဝင်မပါဘဲ တရားမျှတမှုကိုပဲ အုပ်ချုပ်ခဲ့တာ၊ သူကိုယ်တိုင် ဒီတစ်ကြိမ်ထွက်လာတော့ တစ်ယောက်ယောက် အပြစ်လုပ်မိထားတာ ဖြစ်နိုင်လား"
"တော်ဝင်အထွတ်အမြတ်ဂိုဏ်းနဲ့ ဒီဂိုဏ်းချုပ်ကြား တစ်ခုခုရှိသေးပုံပဲ၊ ဟော်ရန်နန်းကတောင် ကြားဝင်ပါတယ်ဆိုတော့"
လူတိုင်း တီးတိုး ခန့်မှန်းချက်တွေစတင်လာတော့တယ်။ ဒါပေမဲ့ ခြွင်းချက်မရှိ လေးစားမှုနဲ့ အားကျမှု အမူအရာတွေ ရှိနေပြီး ဖက်တီးရဲ့အမူအရာတောင် ပြေလျော့သွားခဲ့တယ်။
"ဟမ်" ရှန်းရင်က ရုတ်တရက် ပေါ်လာတဲ့ ဘုန်းကြီးကို ခိုးကြည့်ဖို့ ခေါင်းကို စောင်းကာ နောက်တော့ ကူယွဲ့ဘက်လှည့်လိုက်တယ်။
"မင်းဘာလို့ ငါ့ကိုစိုက်ကြည့်နေတာလဲ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"ငါလည်း ဒါဘယ်သူလဲ မသိဘူး" ဟော်ရန်နန်းဆိုတာ သူတစ်ခါမှမကြားဖူးဘူး။
သူတို့ဘေးမှာရှိနေတဲ့စားဖိုမှူးက မျက်မှောင်ကြုတ်ကာ အလိုလိုမေးခွန်းထုတ်လိုက်တယ်။
"ဆရာ၊ ဒီလူ့ကိုယ်ပေါ်က အထွတ်အမြတ်အလင်းရောင်က..."
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"ဘာအထွတ်အမြတ်အလင်းလဲ၊ ဒါကောင်းမှုနဲ့ ကျက်သရေရဲ့ ရွှေရောင်အလင်းဖြစ်ရမယ်မလား"
ကူယွဲ့လည်း ဒါကို စဉ်းစားမိပြီး အလိုလိုပြန်ဖြေလိုက်တယ်။
ယိချင်းက တစ်ခုခု ပြောချင်သလိုမျိုး ပါးစပ်ဟပေမဲ့ အဆုံးမှာတော့ပြန်ထိန်းကာ အလယ်ကို ဆက်ကြည့်နေတယ်။
ချန်းကျီဆိုတဲ့ ဘုန်းကြီးက မြေကြီးပေါ်က စွင့်ယွီဆီ လက်ထဲ ထီးစိမ်းနဲ့ လျှောက်လာနေပြီ။
"ဝာာအိုရောင်းရင်းစွင့်ယွီ၊ မင်း ဒီက တာအိုရောင်းရင်းကို ရှုံးသွားပြီဆိုမှတော့ ဘာကြောင့် သူ့ကို နောက်ကနေ တိုက်ခိုက်ဖို့ အမတလက်နက်ကိုသုံးပြီး အကြောင်းရင်းမရှိ သတ်ဖြတ်တဲ့ မကောင်းမှုတွေထဲ ထပ်ပေါင်းဖို့ ဘာလိုလဲ"
စွင့်ယီက ဖြူဖျော့သွားပြီး သူ့မျက်ဝန်းတွေထဲက အကြည့်က အကြိမ်ရေတချို့ ပြောင်းလဲသွားကာ ခဏနေတော့ မှိန်သွားခဲ့တယ်။ သူက ဆေးလုံးတစ်လုံးထုတ်ကာ မျိုချလိုက်တယ်။
"ကျွန်တော် အတွေးမှားခဲ့တာပါ၊ ဟွေ့ကျယ်က နဂိုက ကျွန်တော့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ၊ ကျွန်တော်တို့ သူ့ကို ကြိုးကြိုးစားစား ခစားခဲ့ပြီး အနှစ်၂၀ကျော် တစ်ခါမှ မပျက်ကွက်ဖူးပေမဲ့ သူက အဲလောက် ကျေးဇူးမသိတတ်ဘဲ ဒိဋ္ဌိကျင့်ကြံသူလှည့်စားဝာာပါခံရပြီး ကျွန်တော်တို့ကို အမုန်းတရား ပေါက်ဖွားလာမယ်လို့ ဘယ်သူသိခဲ့မှာလဲ…၊ ကျွန်တော် ဒေါသထွက်နေတုန်း အမတလက်နက်ကို ဆင့်ခေါ်မိခဲ့တာပါ"
"ပါးစပ်ပိတ်စမ်း၊ ငါ့ဆရာကို နာမည်မဖျက်နဲ့" ဖက်တီးက တန်းခွန်းတုံ့ပြန်တော့တယ်။
"ဆရာက ငါ့ဝိညာဉ်ကြောပေါ်က စည်းချိပ်ကို ဖယ်ရှားပေးပြီး ငါ့ကို ဂါထာတွေ သင်ပေးခဲ့တာ၊ သူက ဒိဋ္ဌိကျင့်ကြံသူ မဟုတ်ဘူး၊ သူက လောကထဲ အကောင်းဆုံးဆရာပဲ၊ ဘယ်သူက တကယ် လှည့်စားနေလဲဆိုတာ မင်းတို့ ကောင်းကောင်းသိပါတယ်"
ယုန်ကလည်း အလောတကြီး ပျံသန်းလာကာ ယိမ်းထိုးနေတဲ့ဖက်တီးကို ကူတွဲပေးလိုက်တယ်။
"အမှန်ပဲ၊ မင်း ကြီးမြတ်တဲ့အမတကို ဘယ်လိုတောင် အသရေဖျက်ရဲတာလဲ၊ သေတွင်းတူးနေတာလား"
"မြတ်စွာဘုရား" ချန်းကျီက သက်ပြင်းချတယ်။
"နှစ်ယောက်ကြားက ရန်ငြိုးတွေက လူနဲ့မိစ္ဆာဘုံ နှစ်ခုလုံး ပါဝင်တဲ့ထိ ကြီးထွားလာပြီ၊ ဘုံနှစ်ခုဆီ ကပ်ဆိုက်ရောက်မှုတွေ သယ်ဆောင်လာမှာကို ရှောင်ကျဉ်ဖို့ ဟော်ရန်နန်းက ဘေးမှာ ထိုင်ကြည့်မနေနိုင်တော့ဘူး၊ တကယ်လို့ နှစ်ယောက်လုံး ကိုယ်တော့်ကို ယုံကြည်ရင် နှစ်ယောက်လုံးအတွက် အဆုံးအဖြတ် လုပ်ခွင့် ပေးရင်ရော"
တုံ့ဆိုင်းမှုအရိပ်အယောင်က ဖက်တီးရဲ့မျက်ဝန်းတွေထဲ ဖြတ်ပြေးသွားပေမဲ့ ခဏနေတော့ သူက ခေါင်းညိတ်ဆဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဟော်ရန်နန်းက တော်ဝင်အထွတ်အမြတ်ဂိုဏ်းနဲ့ ကွာခြားပြီး သူတို့က ဘယ်ဂိုဏ်းနဲ့မှမဆိုင်သလို အမတဘုံမှာ သီးသန့်တည်ရှိနေတဲ့နေရာပဲ။ သူတို့ နောက်လိုက်တွေက မကောင်းမှုကို စက်ဆုပ်ပြီး စွမ်းရည်တွေလည်း ရှိကြတာမို့ အထွတ်အမြတ်ရောက်ဘုံကလူတိုင်း လေးစားကြတယ်။ နစ်နာခဲ့ရတဲ့ကျင့်ကြံသူတွေအတွက် မကွေ့မကောက်ပင်လယ်ကိုဖြတ်သန်းပြီး ဟော်ရန်နန်းကို ရှာနိုင်သရွေ့ သူတို့က သေချာပေါက် တရားမျှတမှုရအောင်လုပ်ပေးတယ်။
"ကျွန်တော့်ဖွဲ့စည်းမှုက ထူးခြားပါတယ်၊ ငယ်ငယ်လေးတည်းက တော်ဝင်အထွတ်အမြတ်ဂိုဏ်း ပိတ်လှောင်ခံရပြီး ကြီးလာချိန် သူတို့က ကျွန်တော့်အသွေးအသားတွေကို ၇ရက်တစ်ကြိမ် လာယူကြပြီး သူတို့ကျင့်ကြံခြင်းအဆင့်တွေကို မြှင့်တင်ဖို့ သက်ရှိစတေးမှုအဖြစ် သုံးစွဲကြတာပါ..." ဖက်တီးက သူ့ဇာတ်လမ်းကို နောက်တစ်ကြိမ် ပြန်ပြောကာ သူကျင့်ကြံလို့မရဘဲ ထိန်းချုပ်ဖို့ သူ့အသိစိတ်ထဲ အတားအဆီးတွေ ဘယ်လိုထားခဲ့ကြောင်းပါ ပါတယ်။
စွင့်ယွီကတော့ အမြဲလိုလို အားလုံးကို ငြင်းနေကျအတိုင်း ငြင်းနေတာပေါ့။
"ဂိုဏ်းချုပ်၊ ခင်ဗျားမှာ ကျွန်တော်တို့အပေါ် အထင်လွဲမှုတွေ အများကြီးရှိတာသိပါတယ်၊ အသွေးအသားကို အင်းကွက်တွေအတွက် စတေးမှုအဖြစ် သုံးတယ်ဆိုတဲ့ စက်ဆုပ်စရာပြောစကားတွေကို ယုံတဲ့အထိပေါ့၊ အတိတ်တုန်းက မကျင့်ကြံနိုင်ခဲ့လို့ ကျွန်တော်တို့ဂိုဏ်းအပေါ် စိတ်ပျက်တာ နားလည်နိုင်ပါတယ်၊ အခု အသင့်ကျင့်ကြံမှုက ရုတ်တရက် တုနးတက်လာတာ၊ အဲဒိဋ္ဌိကျင့်ကြံသူက အသင့်ကိုဘာလုပ်ခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ၊ အသင် သူ့ကိုသတိထားမှဖြစ်မှာပါ"
"ငါ့ဆရာက ဒိဋ္ဌိကျင့်ကြံသူ မဟုတ်ဘူး" ဖက်တီးက အဲစဉ်းလဲတဲ့မြေခွေးအိုကြီးအတွက် ပြိုင်ဘက်မဟုတ်တာ သိသာတယ်။
"ဂိုဏ်းချုပ်၊ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ၂၃ယောက်နဲ့ ခရီးသွားအမတ အကြီးအကဲတွေအားလုံးက အသင့်ကို စိတ်ရင်းနဲ့ ဆက်ဆံခဲ့တာပါ၊ သက်သေမရှိဘဲ အင်းကွက်တွေကို စတေးမှုအဖြစ် အသွေးအသားတွေကိုအသုံးချခဲ့တယ်ဆိုတဲ့ ဒီလိုဆိုးယုတ်တဲ့ပြစ်မှုနဲ့ နာမည်ဖျက်ရတာပါလဲ"
"မင်း"
"သက်သေမရှိဘူးလို့ ဘယ်သူပြောလဲ" ကူယွဲ့ ငြိမ်ငြိမ် မနေနိုင်တော့ဘဲ ဖက်တီးဘေး ပေါ်လာခဲ့တယ်။
"ဆရာ ခင်ဗျား..." ဖက်တီးက ပျော်သွားပြီး ရှေ့တက်မို့ရှိသေး ကူယွဲ့ရဲ့ ပါးစပ်အပြည့်ဆေးလုံးတွေ ထိုးကျွေးတာ ခံလိုက်ရကာ နင်သွားလို့ ချောင်းပါဆိုးတော့တယ်။
"ထိုင်နေပြီး မင်းသွေးကြောတွေကို လှည့်ပတ်" ကူယွဲ့ စိုက်ကြည့်ပေးလိုက်တယ်။
"ဘယ်လိုစကားပြောရမလဲ မသိရင် ပါးစပ်ပေါက်ပိတ်နေ"
ဖက်တီးရဲ့ စီးပိုးတဲ့အမူအရာက သိသိသာသာ အားနည်းသွားပြီး ခပ်ကုတ်ကုတ် နောက်ဆုတ်သွားကာ နာနာခံခံနဲ့ တရားကျင့်ဖို့ ထိုင်ချတော့တယ်။
"မင်းပဲ" စွင့်ယွီက ချက်ချင်း ဒါဟွေ့ကျယ်ကို ခေါ်သွားတဲ့လူဆိုတာ ချက်ချင်းမှတ်မိသွားတယ်။
"မင်းပဲ၊ ဂိုဏ်းချုပ်ကိုအရူးလုပ်တဲ့ ဒိဋ္ဌိကျင့်ကြံသူ"
"ဒိဋ္ဌိကျင့်ကြံသူလား" ကူယွဲ့က အေးစက်စက် ရယ်တယ်။ "ဒီကမ္ဘာမှာ ငါ့ကို ဆရာသခင်လို့ ခေါ်တဲ့သူတွေ ရှိတယ်၊ တချို့က ငါ့ကို ဧကရာဇ်ငယ်ခေါ်တယ်၊ တချို့ဆို ဖေဖေလို့တောင် ခေါ်တယ်၊ ဒါပေမဲ့ ဒါကတော့ တစ်ယောက်ယောက်က ငါ့ကို ဒိဋ္ဌိကျင့်ကြံသူလို့ခေါ်တာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ၊ မင်းကို မေးခွန်းတစ်ခုမေးပါရစေ၊ မင်းရဲ့ဘယ်မျက်လုံးကများ ငါက ဒိဋ္ဌိကျင့်ကြံသူလို့ တွေ့ခဲ့တလဲ"
"ဟမ့်" စွင့်ယွီက အေးစက်စွာ သရော်လိုက်တယ်။
"မင်း ကျင့်ကြံမှုက ထူးဆန်းပြီး ၁၀နှစ်အတွင်းမှာ ဟွေ့ကျယ်ကို နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထိ မြှင့်ပေးနိုင်ခဲ့တာလေ၊ ဒီလိုကျင့်ကြံမှုက သေချာပေါက်မူမမှန်တာပဲကို၊ လုံးဝမတည်ငြိမ်တာလည်း ဖြစ်နိုင်တာပဲ၊ အနာဂတ်မှာ ပြဿနာတွေ ပေါ်လာမလား ဘယ်သူသိနိုင်မလဲ၊ ဒီလိုမျိုးအရာတွေကို အောင်မြင်နိုင်ဖို့ဆို ဒိဋ္ဌိကျင့်ကြံသူမဟုတ်ရင်ဘာလဲ"
"ဖက်တီးကျင့်ကြံမှုက မတည်ငြိမ်ဘူးတဲ့လား" ကူယွဲ့က အေးစက်စက်ရယ်ပြန်တယ်။ "ဒါဆို စောနတုန်းက မင်းတို့တွေ မတည်ငြိမ်တဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အနိုင်ယူတာ ခံခဲ့ရတာပေါ့"
"..." စွင့်ယွီက ကြောင်အမ်းသွားပြီး စကားတွေပါ ပျောက်ဆုံးကုန်တယ်။
"မင်းက ဘာမှမသိဘဲ သူများကို ထူးချွန်လွန်းလို့ အပြစ်တင်တယ်၊ ငါက ဒိဋ္ဌိကျင့်ကြံသူဟုတ်မဟုတ် အသာထားဦး၊ ဒါပေမဲ့ မင်းကတော့ သေချာပေါက် အရူးကျင့်ကြံသူပဲ၊ အရူးလို ရူးမိုက်တာ"
ငါနဲ့များငြင်းခုန်ချင်နေတာ၊ ယုန်တောင် ငါသင်ပေးထားတာပဲ၊ အစားသရဲကလွဲ သူတစ်ခါမှ မရှုံးဖူးဘူး။
"မင်း..." စွင့်ယွီ ဒေါသထွက်လွန်းလို့ မျက်နှာနီရဲတွတ်နေပြီး သွေးနဲ့ချီတွေ တလိမ့်လိမ့်တက်လာကာ သွေးအပြည့်အန်ထုတ်မိလုနီးပါးဖြစ်သွားတော့တယ်။