← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း ၄၈၄ ။ ဟော်ရန်နန်းသို့ ဖိတ်ကြားမှု

"မြတ်စွာဘုရား" ချန်းကျီက အချိန်ကိုက်မှာ ရှေ့တက်လာကာ နှစ်ယောက်ကိုကြားဖြတ်ပြောတယ်။

"တာအိုရောင်းရင်း၊ မင်းစောနကေပြောတဲ့ သက်သေဆိုတာ ဘာကိုများ အတိအကျဆိုလိုတာလဲ၊ ခိုင်မာတဲ့သက်သေ ရှိတာလား"

ကူယွဲ့ အေးစက်စွာရယ်လိုက်တယ်။

"သေချာပေါက်ပေါ့" အဲလိုနဲ့ သူက အဖြူရောင်ကျောက်တုံးတစ်ခု ထုတ်လေတယ်။

"ဒါက အရိပ်ထိန်းကျောက်တုံးပဲ" ချန်းကျီက အံ့ဩသွားကာ ချက်ချင်း သူဘာဆိုလိုလဲ နားလည်သွားတယ်။

"ဖြစ်နိုင်တာ အမှန်တရားက ဒီကျောက်တုံးထဲမှာ မှတ်တမ်းတင်ထားတာ ဖြစ်နိုင်လား"

ကူယွဲ့ ပြန်မဖြေဘဲ ဝိညာဉ်ချီတစ်ကြောင်းကို လွှတ်ပြီး သူ့လက်ထဲကကျောက်တုံးကို အသက်သွင်းလိုက်တယ်။

ဝိညာဉ်ချီက ‌ချက်ချင်း ကျောက်တုံးပေါ် စုဝေးနေပြီး ပုံရိပ်တွေ ပေါ်လာခဲ့တယ်။ ဒါက တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ယွီစု အင်းကွက်အစီအရင်ကြီးထဲ ထိုင်နေပြီး ဝဋ်ကြွေးချေမိုးကြိုးကို လက်ခံယူနေခဲ့တဲ့ တက်လှမ်းမှုအခမ်းအနားမြင်ကွင်းဖြစ်တယ်။ နောက်အခိုက်အတန့်မှာ ပုံရိပ်က လျှို့ဝှက်ခန်းတစ်ခုဆီ ပြောင်းသွားတယ်။ ဖက်တီး စတေးခံအင်းကွက်ထဲက အလယ်မှာ လှဲနေကာ သူ့ကိုယ်ပေါ်ဒဏ်ရာအပြည့် ရှိနေပြီး သွေးတွေက အင်းကွက်အစီအရင်ထဲ စီးဆင်းနေရင်း စောနက ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနေတဲ့ လူရဲ့ အကာအကွယ်အင်းကွက်ထဲ ပို့နေတာပဲ။

ဂိုဏ်းအသီးသီးက အမူအရာတွေ ပြောင်းလဲကုန်ပြီး စွင့်ယွီဘက် မယုံကြည်နိုင်စွာ လှည့်ကြည့်သူတွေပါ ရှိနေတယ်။ စောနက သူ ဒီလိုမျိုး ပြောခဲ့တာ မဟုတ်ပါဘူး၊ ဖက်တီးရောဂါကို ကုသပေးတဲ့ပုံရိပ်က အလိုလို အားနည်းလာတယ်။

"ရယ်ချင်စရာပဲ" သွေးပျက်မှုတစ်စွန်းတစ်စက သူ့မျက်နှာပြင်မှာ ဖြတ်ပြေးသွားပေမဲ့ ကျယ်လောင်စွာ ငြင်းဆန်နေသေးတယ်။

"ဒီလိုလုံးဝ အခြေအမြစ်မရှိတဲ့ ပုံရိပ်တွေက ငါတို့လုပ်ခဲ့တယ်လို့ ဘယ်လိုသက်သေပြနိုင်မှာလဲ၊ ဟွေ့ကျယ်က သွေးအင်းကွက်ထဲ ရှိနေရင်တောင် အဲမှာတခြားလူမရှိဘူး၊ မင်း တမင်သက်သက်ငါတို့ကို ချောက်ချနေရင် ဘယ်သူသိမလဲ"

"မင်းကဝန်မခံဘူးလား၊ ထားလိုက်၊ ဆက်လာမဲ့ဟာတွေရှိသေးတယ်" ကူယွဲ့က လှောင်ပြောင်ကာ ထေ့ရယ်လိုက်တယ်။ သေချာပေါက်ပဲ နောက်အခိုက်အတန့်မှာ ပုံရိပ်တွေက ပြောင်းလဲသွားပြီး ပုံသဏ္ဌာန်တချို့ ပေါ်လာတယ်။

တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ခရီးသွားအမတသုံးယောက်က ဖက်တီးကို စတေးခံသွေးအင်းကွက်ထဲ အတင်းတင်းပို့တဲ့ မြင်ကွင်းပဲ။ ပုံရိပ်တွေတင်မက အသံတွေလည်း ပါတာမို့ သုံးယောက်သား ဘာပြောနေလဲကြားရတယ်။

"ဟွေ့ကျယ်၊ ယွီစုက နှစ်ပေါင်းများစွာ နတ်ဝိညာဉ်ရဲ့အထွတ်အထိပ်မှာ ရှိနေခဲ့တာ၊ သူ့ကျင့်ကြံဆင့်က တည်ငြိမ်နေပြီး တက်လှမ်းဖို့အချိန်ကို မင်းက တိတ်တိတ်လေး ခိုးထွက်သေးတယ်ပေါ့လေ၊ တက်လှမ်းမှုအခမ်းအနားကို သတ်မှတ်ပြီးသား၊ တခြားဂိုဏ်းတွေလည်း သိပြီးသားမို့ အခု မင်းကို အင်းကွက်ထဲ ထည့်ဖို့ပဲရှိတော့တယ်"

"ဟေး ငါတို့လည်း ရွေးစရာမရှိလို့၊ ဘယ်သူက ငါတို့ကို အာခံဖို့ ပြောလဲ၊ ငါတို့လည်း ရက်စက်ချင်တာ မဟုတ်ဘူး"

"ဟုတ်တယ်၊ ဒါ မင်းအတွက် သင်ခန်းစာဖြစ်ပါစေ၊ နောက်ဆို ဂိုဏ်းထဲကနေ တိတ်တိတ်လေး ခိုးထွက်ဖို့ မကြံနဲ့"

သူတို့က စကားပြောရင်း ထုံနေပုံရပြီဖြစ်တဲ့ ဖက်တီးကို သွေးအင်းကွက်ထဲ တွန်းပို့ကာ လေပြင်းဓားတွေ အသက်သွင်းပြီး သူ့ကိုယ်ထဲက အရိုးပေါ်တဲ့အထိ တစ်ချက်ပြီး တစ်ချက် ဖြတ်တောက်တော့တယ်။

ချက်ချင်း ပကတိတိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့တယ်။

"ငါတို့ သက်သေ ထပ်လိုသေးလား" ကူယွဲ့ မေးခွန်းထုတ်လိုက်တယ်။ ဒီပုံရိပ်တွေက သူ အဲတုန်းက ဖက်တီးကို ကယ်ပြီးတဲ့နောက် ကောင်းကင်မျိုးနွယ်ရဲ့ ပြန်လည်စုဆောင်းမှုဂါထာကို သုံးပြီး မှတ်တမ်းတင်ထားခဲ့တာ။ လုံခြုံရေးစောင့်ကြည့်ဗီဒီယိုတွေ သေချာပေါက်လိုမယ်လို့ တွေးမိပြီး ဒီအတွက် သူ တော်ဝင်ကောင်းကင်ဂိုဏ်းဆီ တိတ်တိတ်လေး တစ်ခေါက်သွားခဲ့ရတာ။ ဒီဂါထာက သူတို့ ဒီလိုနည်းနည်းလေးကိုပဲ ကြည့်လို့ရတဲ့ အချိန်ကန့်သတ်ချက် ရှိပေမဲ့ လုံလောက်နေပါပြီ။

စွင့်ယွီတို့တွေ ခုခံဖို့ စကားတစ်လုံးတောင် မထွက်ရဲတော့ဘူး။ သူတို့မျက်နှာတွေက မတရား ဖြူဖျော့သွားတယ်။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ဒီအဖြစ်အပျက်ပြီးရင် လက်ခံရမဲ့ အပြစ်တင်ဝေဖန်မှုကို ကြိုတင်နိမိတ်ရလိုက်သလိုပဲ။

"မြတ်စွာဘုရား" ချန်းကျီကလည်း သက်ပြင်းချကာ မနှစ်မြို့မှုက စွင့်ယွီဆီအကြည့်ထဲ ပြည့်သွားခဲ့တယ်။ သူ့အသံကလည်း တိမ်သွားတယ်။

"တာအိုရောင်းရင်းစွင့်၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ အင်းကွက်ကို ပူဇော်တဲ့အနေနဲ့ လူ့အသွေးအသားတွေကို သုံးခဲ့တယ်၊ ဒီလိုဆိုးယုတ်တဲ့ လုပ်ရပ်တွေက မင်းတို့ကို မကောင်းတဲ့ဝိညာဉ်တွေအတိုင်း ဖြစ်စေတယ်၊ မင်းတို့ကိုယ်မင်းတို့ အမတကျင့်ကြံသူတွေအဖြစ် အချည်းနှီးခေါ်ခဲ့ကြတာပဲ၊ မင်းတို့အားလုံးကို ဒီနေ့အပြင်းအထန် ဒဏ်ရာရစေခဲ့တဲ့ အဲဒကာဟွေ့ကျယ်ကိုလည်း နားလည်ပေးနိုင်တယ်၊ ဒါတွေက မင်းတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲ"

စွင့်ယွီလည်း အသံမထွက်ရဲ။

ချန်းကျီက ဆက်ပြောတယ်။

"ဟော်ရန်နန်းရဲ့ နန်းအရှင်အနေနဲ့ ဒီလိုယုတ်မာတဲ့အရာတွေကို သေချာပေါက် ခွင့်မလွှတ်နိုင်ဘူး၊ ဒီနေ့ကနေ ၃လအတွင်း ဒကာစွင့် ပြန်သွားပြီး တစ်ဂိုဏ်းလုံး အဲလူ့အသွေးအသားကိုသုံးပြီးရလာတဲ့ ကျင့်ကြံမှုကို ဖြတ်တောက်ပစ်ဖို့ အမိန့်ပေးလိုက်ပါ၊ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပဲဖြစ်ဖြစ် ခရီးသွားအမတကျင့်ကြံသူပဲဖြစ်ဖြစ် အတူတူပဲ၊ ပြီးတော့ နောက်နှစ်သုံးရာအတွင်း ဂိုဏ်း တပည့်တွေက ဂိုဏ်းအပြင်ထွက်ခွင့်မရှိဘူး၊ ဒါ တာအိုရောင်းရင်းဟွေ့ကျယ်အတွင် တရားမျှတမှုပေးဖို့ပဲ"

"နန်းအရှင်..." စွင့်ယွီက ကြောင်အမ်းသွားကာ ခွန်းတုံ့ပြန်ချင်တဲ့ပုံ။

"တကယ်လို့ တစ်ယောက်ယောက်ဆီက တုံ့ဆိုင်းမှုနည်းနည်းလေးတောင် ရှိခဲ့ရင်..." ချန်းကျီက သူစကားဆုံးမှာကို မစောင့်ဘဲ ဆက်ပြောတယ်။

"ဟော်ရန်နန်းက တော်ဝင်အထွတ်အမြတ်ဂိုဏ်းဆီ ဦးတည်လာပြီး အားလုံးအစား ကိုယ်တိုင်သုတ်သင်မယ်"

စွင့်ယွီက ခေါင်းကိုငုံ့ကာ ဆက်မငြင်းခုန်ရဲတော့ဘူး။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက တခြားသူတွေပါ ခေါင်းငုံ့ကုန်ကြတယ်။ ဆန့်ကျင်ဘက်မှာတော့ ပျော်ရွှင်မှုအရိပ်အယောင်က တခြားဂိုဏ်းတွေရဲ့ မျက်လုံးတွေထဲ ဖြတ်ပြေးသွားတယ်။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက အထွတ်အမြတ် ဆိုက်ရောက်ဘုံရဲ့ ထိပ်တန်း အမတဂိုဏ်းအဖြစ် လူသိများတာမို့ တပည့်အများဆုံးရှိတာ သဘာဝပဲ။ သူတို့တပည့်တွေ နှစ်၃၀၀ ဂိုဏ်းအပြင်ထွက်ခွင့်မရရင် ဒါက တခြားဂိုဏ်းတွေအတွက် တိုးတက်ဖို့ နှစ်၃၀၀ အပိုဆောင်းရတာပဲ။ အဲချိန်လောက်ကျ ဘယ်သူထိပ်မှာရှိမလဲ ဘယ်သူသိမှာ။

"အားလုံးကို စိတ်ရင်းနဲ့ ပြန်ပေးဆပ်ပြီး ဒကာတို့ လုပ်ရပ်မှားတွေကို သုံးသပ်ဖို့ တောင်းဆိုပါတယ်"

ချန်းကျီက လက်ဖဝါးနှစ်ဖက်ကိုစုကာ နောက်တစ်ကြိမ် ဘုရားစာရွတ်ပြန်တယ်။

ကူယွဲ့က ဘုန်းတော်ကြီးကို ဇဝေဇဝါဖြစ်မှုတချို့နဲ့ လှမ်းကြည့်ကာ ဒီရုတ်တရက်ဝင်လာတဲ့ ဘုန်းတော်ကြီးက တရားမျှတမှုကို ပေးချင်မယ်မထင်ခဲ့ဘူး။ တကယ်ကို တစ်ခုခုပဲ။ ဒီကျင့်ကြံသူတွေက အာခံဖို့ ဆန္ဒမပြဘဲ သူ့ဆုံးဖြတ်ချက်ကို တကယ် လက်ခံလိုက်လေတယ်။

ဒိဟော်ရန်နန်းဆိုတာ တကယ်ပဲ ဒီလောက်ကြီးမားတဲ့ ဂုဏ်သရေရှိပြီး ဒီဘုံထဲ သူတို့က တရားဥပဒေစီရင်ရေးအေဂျင်စီနဲ့ သက်ဆိုင်ရာဌာနတွေလိုမျိုးဖြစ်နိုင်လား။

"တာအိုရောင်းရင်းဟွေ့ကျယ်" ချန်းကျီက အနောက်က ဖက်တီးဘက်လှည့်ကာ ကြင်နာနူးညံ့တဲ့အပြုံး ပြုံးပြတယ်။

"ဒကာရဲ့ ကိုယ်ဖွဲ့စည်းမှုက ထူးခြားတယ်၊ နှစ်ပေါင်းများစွာ ကျင့်ကြပြီး လောကတစ်ခွင် ခရီးလှည့်ခဲ့တာတောင် ဒီလိုထူးခြားတဲ့ ဥပမာကို မမြင်ဖူးသေးဘူး၊ ဒါပေမဲ့ ဒီလိုထူးခြားမှုက ကောင်းချီးမဖြစ်နိုင်ဘူး၊ တရားမျှတမှုကို ရသွားပေမဲ့ လာမဲ့ရက်တွေက သိပ်ပြီး မငြိမ်းချမ်းတော့တာ ဖြစ်နိုင်တယ်"

သူဆိုလိုတာ အင်မတန်သိသာတယ်။ ဖက်တီး ဖွဲ့စည်းပုံကို မဖြေရှင်းသရွေ့ သူ့အသွေးအသားကို လိုချင်သူတွေ အမြဲရှိနေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံဆင့်ကို တန်းမြှင့်တင်ပေးနိုင်‌မဲ့ အသွေးအသားက အတွေးမရှိဖို့ အရမ်းခက်တယ်။ ဖက်တီးလည်း အဲဒါကို သဘောတူတာမို့ သူ့အမူအရာက မည်းမှောင်သွားတယ်။

"တကယ်လို့ စိတ်မရှိရင်..." ချန်းကျီက ဆက်အကြံပေးတယ်။

"ခဏတဖြုတ်နေဖို့ ဟော်ရန်နန်းဆီ ပြန်လိုက်ခဲ့လို့ရပါတယ်၊ ကိုယ်တော့်ကျောင်းထဲက အားလုံးက ဗုဒ္ဓကျင့်ကြံသူတွေ ဖြစ်ပြီး သွေးနံ့ကို လုံးဝမခံနိုင်ဘူး၊ ဒကာ့အတွက် ဒါက အသင့်တော်ဆုံးနေရာ ဖြစ်မယ်ထင်တယ်၊ မုန်တိုင်းငြိမ်သွားရင် စိတ်တိုင်းကျ သွားလာနိုင်ပါတယ်၊ ဘယ်လိုထင်လဲ"

"ဟော်ရန်နန်းလား" ကူယွဲ့က မျက်မှောင်ကြုတ်၊ ကာ အလိုလိုပြန်ဖြေလိုက်မိတယ်။

"ဘာလို့ ဖက်တီးက လိုက်ရ..."

"သေချာပေါက်ပေါ့" သူ စကားမဆုံးခင် ရှန်းရင်က ဝုန်းခနဲပေါ်လာကာ ဘုန်းတော်ကြီးရဲ့ အကြံပေးချက်ကို တန်းသဘောတူလိုက်တယ်။

ချန်းကျီ တစ်ခဏတာ တုံ့ဆိုင်းသွားကာ ရုတ်တရက် ပေါ်လာတဲ့ ရှန်းရင်ကို ခိုးကြည့်ပြီး သူ့ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ ဒီအမျိုးသမီးက ဘယ်ကရောက်လာတာလဲ။ သူလုံးဝ အာရုံမခံမိဘူး။

"ရှန်းရင် မင်းဘာလုပ်နေတာလဲ" ကူယွဲ့က သူမကိုသဘောမတူစွာ စိုက်ကြည့်တယ်။

"အိုး ငါ့ဖေဖေနျို၊ တိရစ္ဆာန်လေးတွေကို နေ့တိုင်းစားနေရတာ ငြီးငွေ့လာတော့မယ်၊ အရသာပြောင်းဖို့ အချိန်တန်ပြီ"

"ထွက်သွား" ဘယ်တုန်းက မင်း ဒီလိုတက်ကြွသွားတာလဲ။

ဒါပေမဲ့ ရှန်းရင်က ဘုန်းတော်ကြီးဘက် လှည့်သွားပြီ။

"ဆရာတျန့်၊ ရှင့်အိမ်ဆီ မိသားစုနဲ့ နောက်ဆက်တွဲတချို့ကို ခေါ်လာလို့ရလား" သူမက ဖေဖေနျို၊ သူမကိုယ်သူမနဲ့ စားဖိုမှူးကို လက်ညှိုးထိုးပြလိုက်တယ်။

သူ့မျိုးရိုးနာမည်က တျန့် မဟုတ်ပါဘူး။ ချန်းကျီက ခဏတာ ငေးငိုင်နေပြီးမှ အသိစိတ် ပြန်ဝင်လာကာလက်အုပ်ချပြီးပြောလိုက်တယ်။

"အားလုံးက တာအိုရောင်းရင်းဟွေ့ကျယ်ရဲ့ မိတ်ဆွေ‌တွေဆိုမှတော့ သေချာပေါက်ဖြစ်နိုင်တာပေါ့"

"အိုး ဒါဆိုသွားကြရအောင်" ရှန်းရင်က စားဖိုမှူးကို အမူအရာပြလိုက်တယ်။

"စားဖိုမှူး ထွက်ခွာဖို့ မြန်မြန် အထုပ်အပိုးတွေသိမ်း"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"

ယိချင်းက ဟိုဟိုဒီဒီကြည့်ကာ ထုပ်ပိုးစရာ ဘာမှမရှိတာကို သတိရသွားကာ တရားထိုင်နေတဲ့ ဖက်တီးကိုပဲ အဆင်သင့် မလာခဲ့တော့တယ်...။

ဖက်တီး ။ ။ "..."

ယုန် ။ ။ "..."

...

အခန်း ၄၈၅ ။ ဟော်ရန်ဆီ ထွက်ခွာခြင်း

ဖက်တီးက အကြိမ်ပေါင်းမြောက်များစွာ မရေမတွက်နိုင်အောင် ကယောက်ကယက်ထပြီးတဲ့နောက် နယ်ပယ်နှစ်ခုကြား စစ်ပွဲက အဲလိုနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်။ ရှန်းရင်၊ ဖက်တီးနဲ့ တခြားသူတွေ တရားဝင်ထွက်ခွာပြီး ဟော်ရန်နန်းဆီ မသွားမီ တောင်ပိုင်းမြေမှာ နှစ်ရက်ကြာ နေခဲ့ကြတယ်။ ယုန်က မရပ်မနား ငိုယိုကာ ဖက်တီးကို တွယ်ဖက်ပြီး မလွှတ်ရက်နိုင်ဖြစ်နေတယ်။

"ညီကိုဖက်တီး၊ မင်းငါ့ကို တွေ့ဖို့ ပြန်လာမှာ မဟုတ်လား" ပြီးသွားတာနဲ့ မုန်လာဥအိတ်တွေကို ကူယွဲ့နောက်ကွယ်မှာ ဖက်တီးပေါ် တင်ပေးလိုက်တယ်။ "မင်း ဗိုက်ဆာရင် ဒါစားပါ၊ ကုန်အောင်စားပြီး ပြီးတဲ့အခါ မင်းငါ့ကို ပြန်လာရှာဦး၊ ဟုတ်သား၊ မမေ့နဲ့ဦး– ကြီးမြတ်တဲ့အမတကို မြင်ခွင့်မပေးနဲ့"

"စိတ်မပူပါနဲ့ ယုန်၊ မင်းက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ၊ တတ်နိုင်တာနဲ့ ငါ ပြန်လာတွေ့မယ်" ဖက်တီးက ထွက်မသွားရက်တော့သလို။ သူပြောပြီးတာနဲ့ မုန်လာဥနီအိတ်တွေကို ကောက်လိုက်ပြီး ရင်ဘတ်ကို လက်ဖြင့်ပုတ်လိုက်တယ်။ "ငါကတိပေးပါတယ်"

ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေသူ ကူယွဲ့ ။ ။ "..."

မင်းတို့နှစ်ယောက်လုံး ခုပဲ တွဲသာတွဲလိုက်ကြပါတော့လား

"နောက်ကျနေပြီ၊ သွားကြရအောင်" ချန်းကျီက ကောင်းကင်ကိုကြည့်ရင်း ပြောလိုက်တယ်။

"ကောင်းပြီ" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ ဖက်တီးရဲ့ ကိုယ်အလေးချိန်အကြောင်း သူတွေးမိပြီး သူတို့ ဓားစီးဖို့ နည်းလမ်း မရှိဘူးဆိုတာကို သူသိလိုက်တယ်။ အဲအစား၊ ကူယွဲ့ သူ့သိုလှောင်အိတ်ထဲကနေ တစ်ခုခုကိုယူကာ အပြင်ဆီ လွှင့်ပစ်လိုက်တယ်။ ပကတိအဖြူရောင် ဝိညာဉ်လှေကြီးအဖြစ် ပြောင်းလဲသွားတယ်။ ဝိညာဉ်ချီက အဲဒါကို လွှမ်းခြုံထားတယ်။ နေရောင်အောက်မှာ ရောင်စုံပြီး လုံးဝကို လှချက်။ လှေကုန်းပတ်ပေါ်က အဆင်အယင်တွေက ပိုလို့တောင် သပ်ရပ်တယ်။ လှေတစ်စင်းလုံး အတော်လေး ကုန်ကျတယ်ဆိုတာ ထင်ရှားတယ်။

ချန်းကျီ သူ့သိုလှောင်အိတ်ထဲက စထုတ်နေတဲ့ ကြာပန်းစင်မြင့်ကို တိတ်တဆိတ် ပြန်ထားလိုက်တယ်။

"စထွက်ရအောင်" ကူယွဲ့က သူတို့အဖွဲ့ကို လှေပေါ်ဦးဆောင် ခေါ်ခဲ့ပြီး ချန်းကျီဘက် ပြန်လှည့်လိုက်တယ်။ "နန်းသခင်ချန်းကျီ ကျေးဇူးပြုပြီး လမ်းပြပေးပါ"

"ဒါပေမဲ့ ဟုတ်တာပေါ့" ချန်းကျီက ခေါင်းညိတ်ပြပြီး ကူယွဲ့ကို အတိုချုံး ညွှန်ကြားချက်တွေ ပေးဖို့ ရှေ့ကို တိုးလာတယ်။ ကူယွဲ့ လှေဦးတည်ရာကို ပြင်ဆင်နေချိန်ချန်းကျီနဲ့ စကားပြောဖို့ အခွင့်အရေးယူခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ သူ ဟော်ရန်နန်းရဲ့အခြေအနေကိုရှာဖွေဖို့ကြိုးစားခဲ့တယ်။

တိုက်ဆိုင်စွာပဲ၊ ဟော်ရန်နန်းလို့ခေါ်တဲ့နေရာက တောင်ပိုင်းမြေအရှေ့ဘက်၊ မကွေ့မကောက် ပင်လယ်ထိပ်ဖျားမှာ တည်ရှိနေတာ။ အပြင်ကနေဝင်ဖို့ကြိုးစားတာထက် တောင်ပိုင်းမြေကနေ အဲဒီကိုသွားရတာ ပိုမြန်တယ်။ မကွေ့မကောက် ပင်လယ်က တစ်နှစ်ပတ်လုံး လေပြင်းတွေ တိုက်ခတ်နေတာ။ ကြွယ်ဝတဲ့ယင်ချီတွေနဲ့လည်း ပြည့်နှက်နေတာကြောင့် ကျင့်ကြံသူ အနည်းငယ်သာ အဲနေရာဆီ ရောက်အောင်သွားနိုင်ခဲ့ကြတယ်။

ဒါပေမဲ့ ဟော်ရန်နန်းက ဗုဒ္ဓဘာသာကျင့်ကြံခြင်းဂိုဏ်း။ ဗုဒ္ဓဘာသာသိုင်းတွေက ယင်နဲ့ မကောင်းတဲ့ သတ္တဝါတွေကို ကောင်းစွာ ဆန့်ကျင်တယ်။ ဒါကြောင့် သူတို့က မကွေ့မကောက်ပင်လယ်ထိပ်ဖျားမှာ တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်တဲ့ ဂိုဏ်းဖြစ်လာခဲ့တာ။ တကယ်တော့ သူတို့က လူ့အဖွဲ့အစည်းနဲ့ ဝေးကွာပြီး အဲဒီနေရာမှာ နေထိုင်နေတာ ကြာပြီ။ ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေက ကျင့်ကြံဖို့ ကုသိုလ်ကောင်းမှုတွေကို အသုံးချတာမို့ အဲဂိုဏ်းတပည့်တွေက အတွေ့အကြုံတွေ ကြွယ်ဝကြပြီး အတော်လေး လေ့ကျင့်သင်ကြားထားသူတွေ။ သူတို့ တိုက်ခိုက်ရေးစွမ်းရည်က ဓားကျင့်ကြံသူတွေလောက် မကောင်းပေမဲ့ ကုသိုလ်ကောင်းမှုနဲ့ လေ့ကျင့်တဲ့ ကျင့်ကြံသူတွေက တခြား ကျင့်ကြံသူ‌တွေနဲ့ ကွဲပြားတယ်။ ကောင်းကင်တာအိုက ကုသိုလ်ကို ပေးကမ်းခြင်းမှာ အတော်လေး ကပ်စေးနှဲတာ။ တကယ်ဆို တခြားဘုံတွေ ကြိုးစားရင်တောင် အဲလောက် ကုသိုလ်တရား စုဆောင်းနိုင်မှာ မဟုတ်ဘူး။

ယွင်ဟန့်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ သူ ကမ္ဘာကြီးကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပြီး သက်ရှိသတ္တဝါ သောင်းချီကို ကယ်တင်ခဲ့တယ်။ ဒီလောက် ကုသိုလ်တရားတွေ စုဆောင်းနိုင်ခဲ့တဲ တစ်ခုတည်းသော အကြောင်းရင်းပဲ။ ဒါ့အပြင် စုန့်ရန်အသက်ကို ကယ်တင်ပြီးတဲ့နောက်မှာ အရာအားလုံး ဆုံးရှုံးခဲ့တယ်။ ကုသိုလ်တွေ စုဆောင်းရတာ လွယ်တဲ့အလုပ် မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

ဒါကြောင့် ကုသိုလ်တရား စုဆောင်းခြင်းကနေ ရရှိလာတဲ့ ကြီးမားတဲ့ အကျိုးတရားတွေ ရှိပေတာပေါ့။ ကောင်းကင်တာအိုက ကုသိုလ်ရှိသူများအပေါ် အသားပေးတယ်။ ကံတရားအရဆိုရင် သူတို့က တခြားသူတွေထက် အများကြီး ပိုကံကောင်းတယ်။ ကိုယ်ခန္ဓာမှာ ကုသိုလ်ရှိခြင်းကလည်း မကောင်းမှုကနေ ကင်းဝေးစေတယ်။ အချိန်ကြာလာတာနဲ့အမျှ ရွှေရောင်ကိုယ်ထည်ရရှိဖို့ အခွင့်အလမ်းတွေလည်း တိုးလာတယ်။ နောက်ထပ် မသိမသာ အကျိုးအမြတ်က လုပ်ပေးခဲ့တဲ့အရာအတွက် ကုသိုလ်ကောင်းမှုကို အကျိုးခံစားသူက စိတ်ရင်းနဲ့ အမှန် ကျေးဇူးတင်မှ စုဆောင်းလို့ရတာ။ သုံးသပ်ချက်ကောင်းကောင်းပေးခံရတာနဲ့တူတယ်။ တခြားတစ်ယောက်ယောက်က ကုသိုလ်တရားနဲ့ လူကို တိုက်ခိုက်ရင် သူက ကံဆိုးမှုကို စုဆောင်းမိလိမ့်မယ်။ အဲဒါက သူရဲ့ ကျင့်ကြံမှုကို ထိခိုက်စေတဲ့အရာအဖြစ် ပြောင်းလဲသွားမှာ။ ဒါကြောင့် နတ်ဆိုးတွေနဲ့ အမတတွေက ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေနဲ့ ခပ်ဝေးဝေးမှာ နေလေ့ရှိကြတယ်။

ဒါပေမဲ့ ချန်းကျီအဆိုအရ၊ ဟော်ရန်နန်းက တခြားဗုဒ္ဓဘာသာ ကျင့်ကြံသူတွေနဲ့ အတော်လေး ကွာခြားပုံပဲ။ သူတို့က… အလုပ်ရှုပ်နေတဲ့သူတွေ။ ဒီအရာက ပုံမှန် လောကီကိစ္စတွေကို အလွန်အကျွံ မမေးဘဲ၊ ဒါမှမဟုတ် ကုသိုလ်စုဆောင်းဖို့ သေမျိုးလောကထဲ နက်နက်နဲနဲဝင်သွားတဲ့ တခြားဗုဒ္ဓကျင့်ကြံသူတွေနဲ့မတူ။ ဟော်ရန်နန်းက လူတွေက အမတနယ်ပယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတောင် စိတ်ပူနေကြတယ်

ဒါပေမဲ့ ဒီအရာအားလုံးမှာ တရားမမျှတမှု အသွင်သဏ္ဌာန်တချို့ရှိမှာပဲ။ သူတို့က တိုက်ခိုက်နိုင်တယ်။ သူတို့က ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေဖြစ်ပေမဲ့ တပည့်တွေက သန်မာကြတယ်။ တကယ်တော့ အဲဂိုဏ်းမှာ တခြားကျင့်ကြံသူအဆင့်တွေထက် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ‌ အရေအတွက်က ပိုများတယ်။ ရွှေရောင်ကိုယ်ထည်နဲ့ စစ်မှန်တဲ့အမတ ဖြစ်သွားပြီဖြစ်တဲ့ ဂိုဏ်းထဲက အကြီးအကဲတစ်ယောက်အကြောင်းလည်း ကူယွဲ့ ကြားခဲ့ရတယ်။ သူက သူ့ဂိုဏ်းကို ထောက်ပြီး မသေမျိုးဆီ မတက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ရုံသာ။ ဒါတွေအားလုံးက ဟော်ရန်နန်းက ထူးခြားတဲ့စရိုက်ရှိတယ်ဆိုတာ သိသာတယ်။

ကံဆိုးမှုကို မယုံကြည်သူတွေက ဂိုဏ်းထဲကသူတွေကို တိုက်ခိုက်ဖို့ ကြိုးစားလေ့ရှိတယ်။ အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက်မှာ ဘယ်သူမှဂိုဏ်းကို ထပ်တိုက်ခိုက်ဖို့ မကြိုးစားတော့ဘူး။ ဟော်ရန်နန်းက လူတွေ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ဒီစကားက ပြန့်ပွားသွားခဲ့တာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ဒါက အထွတ်အမြတ် ဆိုက်ရောက်ဘုံရဲ့ ကျော်ကြားတဲ့ ခုံသမာဓိအဖွဲ့တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။

ဟော်ရန်နန်းက အစက ဟော်ရန်နန်းလို့ ခေါ်တာမဟုတ် - ဗုဒ္ဓနှလုံးသားဂိုဏ်းလို့ ခေါ်တာ။ ဒါပေမဲ့ သူတို့က အလုပ်ရှုပ်သူတွေမို့ လူတိုင်းက သူတို့ အချင်းများမှုတွေကို ဖြေရှင်းပေးဖို့ သူတို့ကို လာရှာကြတော့တယ်။ အဲဒါကြောင့် သူတို့ ဟော်ရန်နန်းအဖြစ် နာမည်ပြန်ပေးပြီး - လူတွေ တရားမျှတမှုရှာလို့ရတဲ့ နေရာဖြစ်လာခဲ့တာပဲ။

ဒါကြောင့် သူတို့ ဖက်တီးဘက်က ရပ်တည် ကူညီခဲ့တဲ့အတွက် တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ မုန်းတီးမှုခံရတာကို နားလည်နိုင်တယ်။

ဒါပေမဲ့…

ကူယွဲ့ သူ့အကြည့်ကို ငုံ့လိုက်တယ်။ ဟော်ရန်နန်းရဲ့ သူတို့အပေါ်ဒေါသက တရားမျှတမှု ရှိ၊ မရှိ သိလိုရင် ခရီး အရောက်သွားမှသာ သိရမယ်။

"ဆရာ…" လှေပေါ်မှာ စားဖိုမှူးက တုံ့ဆိုင်းစွာ ပြောလာတယ်။ ဒါပေမဲ့ သူက ရှန်းရင်ရှေ့ကစားပွဲပေါ် အဆာသွတ်မုန့်အပြည့် ပန်းကန်တွေတင်တာကို မရပ်လိုက်။

"အင်း" ရှန်းရင် လှည့်ကြည့်လိုက်တယ်။

စားဖိုမှူးက ကူယွဲ့ နဲ့ ချန်းကျီ စကားစမြည်ပြောနေသေးတဲ့ အပြင်ဘက်ဆီ ကြည့်လိုက်တယ်။ "အဲဒီလူရဲ့ ခန္ဓာကိုယ်ပေါ်က အရာက၊ အဲဒါ..."

ရှန်းရင်က ခေါင်းညိတ်တယ်။ "အင်း"

စားဖိုမှူးက ပိုပြီး လေးလေးနက်နက် မျက်မှောင်ကြုတ်တော့တယ်။ ခဏအကြာမှာ တစ်စုံတစ်ခုကို တွေးတောရင်း လက်ထဲက ကျန်ပန်းကန်ပြားများကို ဘေးချလိုက်တယ်။ သူက လေးလေးနက်နက်မေးလာတယ်။

"ဆရာ၊ ကျွန်တော် မေးချင်တာ တစ်ခုရှိသေးတယ်”

ရှန်းရင်က အဆာသွတ်မုန့်တစ်ချပ်ကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ "ဘာလဲ"

"နောက်ဆုံးတစ်ခေါက် ဆရာ မေ့မြော‌ရာကနေ နိုးလာာတည်းက…" စားဖိုမှူးက ခေတ္တရပ်လိုက်ပြီး ခေါင်းယမ်းလိုက်တယ်။

"မဟုတ်ဘူး၊ ကျွန်တော် အစ်မကြီးရှန်းလို့ ပြောရမယ်… အစ်မကြီးက အဲဒီကျူးကျော်သူကို အနိုင်ယူပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ စွမ်းအားတွေက မတူတော့ဘူး၊ ကျွန်တော် အထင်မှားသလား မသိပေမဲ့ အဲလိုလို့... ခံစားရတယ်..."

"နင်မမှားဘူး၊ အမှန်ပဲ"

"ဘာ" စားဖိုမှူး တုန်လှုပ်ကာ ထခုန်မိလိုက်တယ်။

ရှန်းရင်က ခဏလောက်စဉ်းစားပြီး ဆက်‌ပြောတယ်။ "ဒါက တော်တော်ရှုပ်ထွေးတာ၊ မျက်နှာပြင်ရဲ့ အစီအစဥ်လို့ပဲ ပြောရမယ်၊ အခုက သူ့အစီအစဥ်အတိုင်း ပြန်သွားနေရုံပဲ"

"ဒါဆို ခိုင်ထျန်းနဲ့ ကျန်တာ..."

"အဲဒါကြောင့် ငါ့အစ်မက သူတို့ မလိုဘဲ အကြောင်းပြချက်မရှိ အားလုံးကို လုပ်ခဲ့တယ်ပြောတာလေ"

"ဒီလိုဆိုရင် ဆရာ့မှာ ဘာအစီအစဉ်ရှိလဲ" ယိချင်းစိတ်ထဲ တစ်ခုခုပေါ်လာပြီး သူ့မျက်နှာမှာ အရောင်ဖြူဖျော့သွားတယ်။ သူက ရှန်းရင်ကို ဆုပ်ကိုင်ကာ ခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။

"ကျွန်တော့်ကြောင့် အရင်လိုပြန်ပြောင်းသွားမှာလား"

ယိချင်းသုံးတဲ့အားကြောင့် ရှန်းရင် လက်ထဲက အဆာသွတ်မုန့်တွေ ချော်ထွက်သွားတယ်။ အင်း… နှမြောစရာပဲ

"ဆရာ" ရှန်းရင် ဘာမှပြန်မပြောတာကိုမြင်တော့ ယိချင်း ပိုစိုးရိမ်လာတယ်။

"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့" ရှန်းရင် သူ့လက်ကို ဝှေ့ယမ်းပြီး အာမခံလိုက်တယ်။ "ငါ အဆင်ပြေပါတယ်၊ ငါ့အတွက် ဘာမှမဖြစ်ဘူး"

"ဒါပေမဲ့…"

"နင်ကွဲပြားသွားရင်တောင် နင်ကငါ့လက်ထောက်ပဲ၊ အဲဒါက ပြောင်းလဲမှာ မဟုတ်ဘူး၊ နင်နားလည်လား"

"…" သူမလည်ဘူး။

"တစ်နည်းအားဖြင့် နင်က ငါ့အတွက် ထာဝရအလုပ်လုပ်ရမှာပဲ" ရှန်းရင် ခေါင်းကို စောင်းကာ တွေးတောလိုက်တယ်။ "အကြောင်းရင်းအစစ်အမှန်ကို သေချာအောင် ငါပြန်ကြည့်ရမယ်၊ ဒါပေမဲ့ နင့်ရဲ့ပြောင်းလဲမှုက ငါ့ကို နည်းနည်းလေးမှ သက်ရောက်မှုရှိမှာ မဟုတ်ဘူး၊ အဲဒါက ငါ့ကို နောက်တစ်ကြိမ် မေ့မြောသွားစေမှာ မဟုတ်ပါဘူး"

ယိချင်း သူမ အမှန်အတိုင်း ပြောနေကြောင်း အတည်ပြုဖို့ စက္ကန့်အနည်းငယ်ကြာအောင် လေးလေးနက်နက် စိုက်ကြည့်နေတယ်။ နောက်တော့ သူက သက်ပြင်းကြီးတစ်ချက်ချလိုက်တယ်။

"တော်သေးတာပေါ့၊ တော်သေးတယ်...၊ ဒါကို ဖေဖေနျို့ကို ပြောပြသင့်လား၊ အဲဒါကောင်း-"

"အဲလို မထင်ဘူး" ရှန်းရင် ချက်ချင်းနီးပါး ခေါင်းယမ်းလိုက်တယ်။ "အချိန်မကျသေးဘူး၊ ဘာပဲဖြစ်ဖြစ် အခုဖြေရှင်းဖို့ ငါတို့မှာ ကြီးမားတဲ့ ပြဿနာတစ်ခုရှိနေတယ်…" ရှန်းရင် တစ်စုံတစ်ခုကို စဉ်းစားရင်း မျက်လုံးတွေမှေးသွားတယ်။ သူတို့တွေ စတောင်မစသေးဘူး။ ဖေဖေနျို ဒေါသထွက်ချင်ရင် နောက်မှလုပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုဆို ကျင့်သားရသင့်နေပါပြီ။

╮(╯▽╰)╭

…

အခန်း ၄၈၆ ။ ဟော်ရန်နန်းသို့ ရောက်ရှိခြင်း

"ကောင်းပါပြီ ဆရာ ပြဿနာမရှိပါဘူး ဆရာ" စားဖိုမှူးက ခေါင်းညိတ်တယ်။ သူက ဘာမှမသိသလိုမျိုး ဟန်ဆောင်နေလေရဲ့။ တစ်ဖက်လှည့်ကာ ချန်းကျီနဲ့ ပျော်ရွှင်စွာ စကားစမြည်ပြောနေဆဲ လူကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ သူ့ရှေ့မှာတင်ရှိတဲ့ ရှန်းရင်ကို ပြန်လှည့်ကြည့်တယ်။ ဘာကြောင့်မှန်းမသိ သူ မျက်နှာရဲသွားခဲ့တယ်။

ရုတ်တရက် သူ သူမကိုဆွဲလိုက်ကာ နှုတ်ခမ်းတွေပေါ် ဖျတ်ခနဲ အနမ်းတစ်ပွင့် ကျဲချလိုက်တယ်။ နောက်တော့ သူက သူတို့ကြား အကွာအဝေးတချို့ ထားပြန်တယ်။ သူ့မျက်နှာက ပိုပြီးနီစွေးသွားခဲ့တယ်။ သူမက ဂန္ဓာမာပန်းကိတ်မုန့်တွေလို အရသာရှိတယ်။ တကယ့်ကို ချိုမြလွန်းတာပဲ

( ̄『̄)

ရှန်းရင် ။ ။ "..." သူမကိုနမ်းတာနဲ့ ပတ်သက်ပြီး ပိုလေးနက်ပေးနိုင်မလား။ သူတို့ ဂိမ်းဆော့နေသေးတယ်လို့ သူထင်နေတာလား။

"စား-"

"ဆရာ ကျွန်တော် အခုသွားချက်ရတော့မယ်" သူမ စကားတစ်လုံးမှ မပြောနိုင်ခင် စားဖိုမှူးက အခန်းထဲက လှည့်ထွက်ကာ မျက်နှာက နီရဲနေသေးတယ်။ သူ လမ်းလျှောက်တာ မြန်လိုက်တာများ တံ‌ခါးဘောင်နဲ့ တိုက်မိတဲ့အထိပဲ။ သူလဲကျသွားတော့ အခန်းထဲဝင်လာကာစဖက်တီးကို ဝင်တိုက်မိတယ်။ နှစ်ယောက်လုံး ‌မြေကြီးပေါ်လဲကျကုန်ပြီး သူက မြန်မြန်ထရပ်ကာ ပြန်လှည့်မကြည့်ဘဲ လှည့်ထွက်သွားတော့တယ်။

"မိန်းကလေးရှန်း၊ တာအိုရောင်းရင်းစားဖိုမှူးက..." နှာခေါင်းကနေ သွေးယိုနေတဲ့ ဖက်တီးက နှာရိုးကို ညှစ်ကာ ဇဝေဇဝါနဲ့ မြေကြီးပေါ်ထိုင်နေတယ်။

ရှန်းရင်က သက်ပြင်းချတယ်။

"သူ့မှာ စားစရာအသား ရှိပေမဲ့ အသားကလုပ်တဲ့ စွပ်ပြုတ်ကို သောက်ဖို့ပဲ အတင်းပြောနေတယ်၊ သူက တုံးအတယ်လို့ နင်ထင်လား"

"ဟမ်ဟမ်ဟမ်" ဖက်တီး ခုပိုပြီးတောင် ဇဝေဇဝါဖြစ်သွားပြီ။ သူမစကားပြောချိန် မိန်းကလေးရှန်းက ဘယ်တုန်းက အဲလောက်လျှို့ဝှက်သင်္ကေတ ဆန်သွားတာလဲ။

—————

ကူယွဲ့တို့တွေ ၃ရက်အတိပျံသန်းပြီး နောက်ဆုံးတော့ တောင်ပိုင်းမြေကို ဖြတ်သန်းခဲ့ကာ မကွေ့မကောက်ပင်လယ်ဆီ ရောက်ခဲ့တယ်။ ချန်းကျီ ပြောတာမှန်တယ်။ အမှန်ပဲ ပင်လယ်ထိပ်မှာ လေပြင်းတွေ တိုက်နေပြီး ယင်ချီက ပင်လယ်ပေါ် ထူထဲနေတယ်။ သာမန် ဓမ္မအသုံးအဆောင်တွေနဲ့ ပင်လယ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မှာမဟုတ်ဘူး။

"တာအိုရောင်းရင်းကူယွဲ့..." ချန်းကျီက သူ့ကြာပန်းစင်မြင့်ကိုဆွဲထုတ်ကာ အုပ်စုကို မကွေ့မကောက်ပင်လယ်ထဲက အန္တရာယ်တွေအကြောင်း သတိပေးမို့ရှိသေး။

ဒါပေမဲ့ ကူယွဲ့က ဝိညာဉ်လှေကို ပင်လယ်ထဲ တန်းမောင်းနှင်လိုက်တယ်။ သူတို့ မကွေ့မကောက်ပင်လယ်ထဲ ဝင်ဝင်ချင်း အကြည်ရောင် အကာအကွယ်အင်းကွက်တစ်ခုက လှေဘေးပေါ်လာကာ လေပြင်းတွေနဲ့ ယင်ချီကို ကာဆီးပေးဖို့ ဝန်းရံထားလေတယ်။ လေညင်းတစ်ချက်တောင် လှေထဲ မခံစားရ။

"ဘာပြောနေတာလဲ" ကူယွဲ့က ချန်းကျီကို ပြန်လှည့်ကြည့်လာတယ်။

"ဘာ... ဘာမှမဟုတ်ပါဘူး" နောက်တစ်ကြိမ် ချန်းကျီ သူ့ကြာပန်းစင်မြင့်ကို သိုလှောင်အိတ်ထဲ ပြန်သိမ်းထည့်လိုက်တယ်။ ဒုတိယအကြိမ် သူ အရှက်တရား ခံစားလိုက်ရတယ်။

မကွေ့မကောက်ပင်လယ်ပေါ် ဖြတ်သန်းနေတဲ့ဝိညာဉ်လှေက ၂ရက်အကြာမှ ဟော်ရန်နန်းဆီ ရောက်ခဲ့တယ်။ အဝေးကနေ သူတို့ ရွှေရောင်အလင်းကနေ ပင်လယ်အလယ်မှာ တောက်ပလာတာကို မြင်ရတယ်။ မှောင်မည်းနေတဲ့ မကွေ့မကောက်ပင်လယ်ကို အဲရွှေရောင်အလင်းက ပိုင်းခြားထားပုံပဲ။ ပင်လယ်အပေါ်မှာ ရှည်လျားတဲ့ တောင်ထွတ်တစ်ခုက မျောလွင့်နေတယ်။ တောင်ထိပ်မှာတော့ မရေမတွက်နိုင်တဲ့ ရွှေရောင်ကျောင်းဆောင်ဆွေ။ သူတို့တစ်ခုချင်းစီကလည်း ရွှေရောင်အလင်း ထွက်နေတာကို ဝိုးတဝါး မြင်နေရတယ်။ ပင်လယ်အလယ်မှာ မျက်စိဖမ်းစားထားတဲ့ မီးပြတိုက်ကြီးတစ်ခုလိုပဲ။

သူတို့ တောင်နားကပ်လာလေ ကျောင်းဆောင်တွေကိုယ်တိုင်က ရွှေရောင်မဟုတ်ဘဲ ရွှေရောင်ပုံ ပေါ်စေတဲ့ ဗုဒ္ဓအလင်းရောင်တစ်မျိုး ဝိုင်းခြုံထားတာဖြစ်နေမှန်းသိလိုက်ရတယ်။

"တာအိုရောင်းရင်း ကိုယ်တော်တို့ရောက်ပြီ" ချန်းကျီက ကြင်နာစွာပြုံးတယ်။

အဲတော့ ကူယွဲ့က ဝိညာဉ်လှေကို ရွှေရောင်အလင်းဘက်ဦးတည်ကာ ကျောင်းဆောင်ကြီးတွေထဲက တစ်ခုရဲ့ ကွင်းပြင်ပေါ် ရပ်လိုက်တယ်။ သူတို့ဆင်းဆင်းချင်း ဘုရားစာရွတ်သံကိုကြားလိုက်ရတယ်။ တခြားဂိုဏ်းချုပ်တွေနဲ့ ယှဉ်ရင် ချန်းကျီက အတော်လေး ခပ်လျှိုလျှိုနေတယ်။ ကျောင်းဆောင်အပြင်ဘက်မှာ ဗုဒ္ဓကျင့်ကြံသူ ၂ယောက်သာ စောင့်ကြပ်နေတယ်။

ချန်းကျီက ရှေ့လျှောက်သွားကာ တပည့်၂ယောက်နဲ့ စကားစမြည်ပြော‌နေတယ်။ တစ်အောင့်နေတော့ သူက ကူယွဲ့နား စိတ်လောစွာ ချဉ်းကပ်လာတယ်။

"ဂိုဏ်းထဲ ကိစ္စတစ်ခုပေါ်လာလို့ ကိုယ်တော် သွားဖြေရှင်းလိုက်ပါဦးမယ်၊ တာအိုရောင်းရင်းတို့ ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရတာ၊ ဧည့်ခန်းထဲအနားယူကြပါဦး၊ အားလုံးကို ဟော်ရန်နန်းကိုလိုက်ပြဖို့ နောက်ကျ ပြန်လာခဲ့ပါမယ်၊ အဲလိုဆိုရင်ရော"

"ဖြေရှင်းစရာ အလောတကြီးကိစ္စတွေ ရှိမှတော့ သွားပါ၊ ကျွန်ုပ်တို့ကို မစိုးရိမ်ပါနဲ့" ကူယွဲ့ ယဉ်ကျေးစွာတုံ့ပြန်ကာ ခေါင်းညိတ်လိုက်တယ်။

အဲတော့မှ ချန်းကျီက တပည့်၂ယောက်ဘက်လှည့်ကာ သူတို့ကို ဧည့်ခန်း‌ဆီ အထဲခေါ်သွားပေးဖို့ ညွှန်ကြားချက်တွေပေးလိုက်တယ်။ ကူယွဲ့ လေ့လာလိုက်တော့ သူတို့ကျင့်ကြံဆင့်တွေက သိပ်မမြင့်တာ တွေ့လိုက်ရတယ်။ ခုမှ ရွှေအမြုတေဖွဲ့စည်းပြီးကာစဖြစ်ပြီး သူတို့အရိုးအသက်ဆောင် အဲလောက် မမြင့်သေးပုံပဲ။ ဒါပေမဲ့သူတို့မှာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတဲ့ ရွှေရောင်အလင်းရှိနေပြီ။ နန်းအရှင်ရဲ့ ပိုင်နက်ထဲ ကျင့်ကြံခွင့်ရတာဆိုတော့ သူတို့ကိုယ်ခန္ဓာတွေရဲ့ အရည်အသွေးက အတော်လေး ကောင်းတာပဲ ဖြစ်ရမယ်လို့ ကူယွဲ့ခန့်မှန်းကြည့်တယ်။

"တာအိုရောင်းရင်းတို့၊ မင်းတို့က နန်းအရှင်ချန်းကျီရဲ့ တပည့်တွေလား" ကူယွဲ့ မေးလိုက်တယ်။

နှစ်ယောက်က တန့်သွားပြီး သူ့ကိုလှည့်ကြည့်ကာ တစ်အောင့်နေတော့ တလေးတစား ပြန်ဖြေတယ်။

"ဆရာသခင်၊ ကိုယ်တော်တို့က ဟော်ရန်နန်းရဲ့ ဒီတောင်ကို ကာကွယ်ဖို့ တာဝန်ကျတဲ့ သာမန်တပည့်တွေပါပဲ၊ နန်းအရှင်ရဲ့တပည့်တွေ မဟုတ်ပါဘူး"

"အိုး" ကူယွဲ့ မျက်လုံးတွေ မှေးသွားတယ်။

"မင်းတို့ကိုယ်ခန္ဓာအမျိုးအစားတွေကို လေ့လာကြည့်တာ အတော်လေးကောင်းတာကို သာမန်တပည့်တွေလို့ ပြောတယ်ပေါ့၊ ဟော်ရန်နန်းက တကယ့်ကို တစ်ခုခုပဲ- တပည့်တစ်ယောက်ချင်းစီက ထူးချွန်ပါပေတယ်"

"ဆရာသခင် မြှောက်ပင့်နေတာပါပဲ" တပည့်တွေက ကူယွဲ့ချီးကျူးစကားကို နှိမ့်ချစွာငြင်းဆန်ကာ သူ့ကို ဂါရ၀ပြုတယ်။ သူတို့‌မျက်လုံးတွေထဲမှာတော့ အရင်ကထက် နွေးထွေးမှုရှိလာတယ်။ ဂုဏ်ယူမှုအရိပ်အယောင်လည်း ရှိ‌တယ်။ ကြည့်ရတာ ကူယွဲ့က အဲစကားတွေပြောလာမှာကို သူတို့ထင်ထားပြီးသားပုံစံမျိုးနီးပါးပဲ။

"ဧည့်သည်တို့၊ ကိုယ်တော်တို့ ဧည့်ခန်းထဲရောက်ပါပြီ" တပည့်နှစ်ယောက်က တောက်ပြောင်သန့်ရှင်းနေတဲ့ ခြံဝန်းတစ်ခုအပြင်မှာ ရပ်လိုက်ကြတယ်။ ဘယ်ဘက်က ကျင့်ကြံသူက သူ့ဝတ်ရုံတွေထဲကနေ တားမြစ်တံဆိပ်တစ်ခုထုတ်ပြီး ခြံဝန်းတံခါးမှာ ချိတ်ဆွဲထားလိုက်တယ်။ ခြံဝန်းတံခါးက ပွင့်သွားကာ မျှော်စင်ငယ်လေးတစ်ခု အတွင်းကနေ ပေါ်လာတယ်။

"ဂုဏ်သရေရှိဧည့်သည်တို့၊ ကျေးဇူးပြုပြီးဝင်ပါ၊ အိပ်စက်အနားယူတာကို မနှောင့်ယှက်တော့ပါဘူး"

"လမ်းပြပေးလို့ ကျေးဇူးပါ တာအိုရောင်းရင်းတို့"

"ဒါ ကိုယ်တော်တို့ လုပ်ပေးနိုင်တာပါ" တပည့်တွေက နောက်တစ်ကြိမ်ဂါရ၀ပြုကာ လှည့်ထွက်သွားတယ်။

ကူယွဲ့တို့အထဲဝင်လာတော့ အထဲမှာ အတော်လေးကြီးတယ်ဆိုတာ သိလိုက်ရတယ်။ အထဲက အပြင်ဘက်ထက်တောင် ကြီးတယ်။ ဧည့်ခန်းအပြင်မှာ ခြံဝန်းတစ်ခုနဲ့ ရေကန်ငယ်လေးတစ်ခုရှိတယ်။ ရေကန်ဘေးမှာ တောအုပ်ငယ်လေးတစ်ခု ရှိပြီး ပွဲကြည့်ဆောင်တစ်ခုရှိနေတယ်။ သူတို့ မျက်နှာချင်းဆိုင်မှာတော့ သုံးထပ်သစ်သားမျှော်စင်ရှိပြီး ပရိဘောဂအတော်လေး ပြည့်စုံတယ်။

ကြွယ်ဝတဲ့ဝိညာဉ်ချီက သူတို့ အထဲကိုလေ့လာနေတုန်း လွှမ်းခြုံလာတယ်။ ဒီနေရာက ချိပ်ပိတ်ထားတာ အံ့ဩစရာမရှိဘူး။ ခြံဝန်းတစ်ခုတည်းမှာတင် ဒီလိုကြွယ်ဝတဲ့ဝိညာဉ်ချီနဲ့ပြည့်နေတာကိုး။ တခြားနေရာက ကျင့်ကြံရေးကွင်းအများစုထက် သာတယ်။

"ကြည့်ရတာ ငါတို့ဒီမှာ ခဏနေရမဲ့ပုံပဲ" ကူယွဲ့က အဖွဲ့ကို ပြောလိုက်တယ်။

"ဒီမှာ အခန်းတွေ အများကြီးပဲ၊ ပထမထပ်က စားဖိုမှူး ဟင်းချက်ဖို့၊ ငါတို့ ဒုတိယထပ်မှာနေကြမယ်၊ ရှန်းရင် မင်းကတော့ တတိယထပ်က အခန်းတစ်ခန်း ရှာလို့ရတယ်"

"ဘာလို့လဲ" သူမ တတိယထပ်ထိ မတက်ချင်ပါဘူး။

ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။

"မင်းဟောက်တဲ့ပုံနဲ့ဆို အဆောက်အဦတစ်ခုလုံးကို ဖြိုချပစ်နိုင်တယ်၊ သေချာပေါက် မင်းနဲ့ဝေးနိုင်သမျှ ဝေးဝေး နေရမှာပေါ့၊ တကယ်လို့ မင်း ထိပ်ဆုံးအလွှာကို မယူရင် ဘယ်သူယူမှာလဲ"

"အာ ဒုက္ခများလိုက်တာ"

ဘာလို့ သူမက တတိယထပ်ဖြစ်ရတာလဲ။

"ပါးစပ်ပေါက်ပိတ်" ကူယွဲ့ စိန်းစိန်းဝါးဝါး ကြည့်ကာ တစ်ခဏစဥ်းစားပြီး ပြောလိုက်တယ်။

"အများဆုံးမှ ငါ ပထမထပ်နဲ့ တတိယထပ်ကို ချိတ်ပေးတဲ့ နေရာရွှေ့ပြောင်းအစီအရင် ခင်းကျင်းပေးနိုင်တယ်"

"အိုး" ဓာတ်လှေကား ရှိရင် စောစောတည်းက ပြောရောပေါ့။

"သွားကြစို့ - အထဲဝင်ပြီး အရင်‌နေရာချရအောင်"

ကူယွဲ့ မျှော်စင်ဆီ လျှောက်သွားတယ်။ စားဖိုမှူးက နောက်ကလိုက်ပြီး သူ့ဟင်းချက်ပစ္စည်းတွေကို အိတ်ထဲက ထုတ်တယ်။ သူက ခြေလှမ်းနည်းနည်းပဲလှမ်းရသေး ရှန်းရင်က မလှုပ်တာကို သိလိုက်ရတယ်။

"ဘာလုပ်နေတာလဲ"

"ဖေဖေနျို အဲဒါဘာလဲ"

သူမက ခြံဝန်းထဲက ရေကန်ငယ်ကို လက်ညှိုးထိုးပြတယ်။

ကူယွဲ့လှမ်းကြည့်လိုက်တယ်။

"ကြာပန်းလေ ဒါပေမဲ့ ဒီလိုနေရာဆိုတော့ ဝိညာဉ်ကြာပန်း ထင်တယ်"

"အိုး...၊ ကြည့်ရတာ ဒီမှာရေကန်ကိုသန့်ရှင်းဖို့ ယုန်တစ်ကောင်မှ မရှိပုံပဲ"

"အဓိပ္ပာယ်မရှိတာ၊ တောင်ပိုင်းမြေကဟာက ဝိညာဉ်မြစ်လေ၊ ပြီးတာ့ သူတို့က ဒီရေကန်ထဲ အပင်တချို့စိုက်ထားတာလေ၊ သေချာပေါက် ဒီရေကန်ငယ်က တောင်ပိုင်းမြေက မြစ်လောက် မသန့်ရှင်းဘူးပေါ့" ကူယွဲ့ ရှင်းပြပြီးတော့ သူမ မလှုပ်သေးတာ မြင်ရတဲ့အတွက် ဆွဲခေါ်လိုက်တော့တယ်။

"ငါ နောက်မှ နေရာရွှေ့ပြောင်းအစီအရင်လုပ်ပေးလို့ရမှာ၊ ဒီတစ်ကြိမ်တော့ မင်းတက်မှရမယ်"

All Chapters