အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း ၄၈၇ ။ ကြာကန် တောက်ပ
သူတို့တွေ ဟော်ရန်နန်းရဲ့ ဧည့်သည်ခန်းတွေအတွက် စံနှုန်းက အတော်လေးမြင့်တယ်လို့ပြောရမယ်။ ဧည့်သည်တွေအတွက် ထားဖို့နေရာရှိရုံတင်မက အားလုံးလည်းပြင်ဆင်ထားတယ်။ သူတို့တွေ အိမ်ထဲ သုံးနေကျ သက်စောင့်ဆေးတွေ၊ ဆန်ကင်းလွတ်ခြင်းဆေးလုံးတွေနဲ့ ဝိညာဉ်ပြန်လာဆေးလုံးမျိုးတွေပါ ရှာတွေ့ခဲ့တယ်။
ကူယွဲ့ ဆေးလုံးတွေကို တစ်ချက်ကြည့်ကာ ယိချင်းဘက်မျက်နှာချင်းဆိုင်လိုက်တယ်။
"စားဖိုမှူး မင်း ဟော်ရန်နန်းကို ဘယ်လိုထင်လဲ" ချန်းကျီက ဖက်တီးကိုစိတ်ရင်းနဲ့ကူညီချင်တာလား၊ ဖုံးကွယ်ထားတဲ့ အကြံအစည်ရှိနေတာလား။
ယိချင်းက ရှန်းရင်အတွက် လက်ဖက်ရည်ငှဲ့ပေးရင်း မျက်မှောင်ကြုတ်တယ်။
"ကျွန်တော်တို့ သူတို့ကို အဲလောက်စောစောယုံလို့မဖြစ်ဘူး..."
"ဟင့်အင်း" ဖက်တီးက သံသယတစ်ချက်မရှိဘဲ ချက်ချင်း ခွန်းတုံ့ပြန်တယ်။
"ဟော်ရန်နန်းက တရားမျှတမှုအရှိဆုံးနေရာ မဟုတ်ဘူးလား၊ ပြီးတော့ ဆရာချန်းကျီက ကျွန်တော့်ကို အဲအမတလက်နက်ကနေ တိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့တယ်လေ၊ ဆရာ ကျွန်တော်ထင်တာတော့... သူတို့က မဟုတ်..."
ဖက်တီးက ပြောနေရင်း ကူယွဲ့ မျက်နှာကို သတိထားမိသွားလို့ စကားပြောရင်း ရပ်သွားတယ်။ သူက ဘောလုံးအဖြစ် ပြန်ကျုံ့သွားလေရဲ့။
"ဟမ့် မင်းလို တော်ဝင်အထွတ်အမြတ်ဂိုဏ်းကို ကိုယ့်အသား နှစ်ချီပေးခဲ့တဲ့ အရူးက ပြောဖို့ ဘာအခွင့်အရေးရှိလဲ မင်းရဲ့ အသိဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်းကို ထောက်ရင်"
"..." သူ့နှလုံးသားလေး နာလိုက်တာ - သူ ယုန်ကို လွမ်းမိတယ်။
ကူယွဲ့ ဖက်တီးကို သိပ်စိတ်ထဲမထား။ သူ ယိချင်းဘက် ပြန်လှည့်လိုက်တယ်။
"ချန်းကျီရဲ့ အချိန်ကိုက်မှုက အရမ်းကို တိကျလွန်းတယ်ထင်တာပဲ" သူက စောလည်းမစော နောက်လည်းမကျ။ ဖက်တီးဆိုးဆိုးဝါးဝါး ထုထောင်းခံရမှသာ ပေါ်လာတာ။ မျက်နှာပြင်ပေါ်မှာတော့ သူက တကယ်ပဲ ဖက်တီးကို ကူညီခဲ့ပြီး တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ဖက်တီးကို ဆက်ဆံခဲ့တဲ့ပုံစံအတွက် တန်ကြေးပေးဆပ်ခဲ့ရတယ်ဆိုပေမဲ့ ကူယွဲ့ ကိစ္စတစ်ခုလုံးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ် ခံစားရသေးတယ်။
"တကယ်လို့ သူ့မှာ တခြားအကြံအစည် ရှိရင် ဘာဖြစ်နိုင်မလဲ" ယိချင်းက မေးတယ်။
ဒါက ကူယွဲ့ အဖြေမထုတ်နိုင်တဲ့အရာပဲ။ ဖက်တီးအတွက် သွားရည်ယိုဖို့ ထိုက်တန်တဲ့ တစ်ခုတည်းသောအရာက သူ့ကိုယ်ခန္ဓာပဲ။ ဗုဒ္ဓကျင့်ကြံသူတွေကတော့ ကောင်းမှုပေါ် မှီခိုရပြီး တခြားသူတွေကို သတ်လို့မရဘူး။ သူတို့လက်တွေပေါ် သွေးအစွန်းမခံနိုင်တည်းက အသားကို အသုံးပြုမဲ့အတွေးတွေ မဖုံးကွယ်ထားမဲ့ တစ်ခုတည်းသောအုပ်စုပဲ။ ဒါက ဖက်တီး ဘယ်သူဘယ်ဝါဆိုတာ လူတွေသိကုန်တဲ့နောက် ပိုတောင်သိသာလာတယ်။
ရှုထောင့်တိုင်းက ဟော်ရန် နန်းတော်က အခြေအနေတစ်ခုလုံးမှာ မျှတတဲ့သရုပ်ဆောင်ပဲ။ သူတို့တွေ ဘာတစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ ဖုံးကွယ်ထားပုံ မပေါ်။ ဒါပေမဲ့ ဒါက ကူယွဲ့အတွက် သူတို့ကို မယုံကြည်ဖို့ အကြောင်းရင်းပဲ။
ရုတ်တရက် ကူယွဲ့ တစ်ခုခုကို စဉ်းစားမိသွားတယ်။ သူက စားပွဲပေါ်မှာပစ်လှဲနေတဲ့ အမျိုးသမီးဘက် လှည့်လိုက်တယ်။ "ရှန်းရင် ဘာလို့ဖက်တီးကို ဒီနေရာလာဖို့ သဘောတူခဲ့တာလဲ"
ဒါအကြောင်းပြောရရင် ရှန်းရင်က ဖက်တီးကို ဟော်ရန်နန်းဆီ လာဖို့ သဘောတူခဲ့တဲ့ သူလေ။ သူတို့ ဖက်တီးရဲ့ဘယ်သူဘယ်ဝါဆိုတာ သိသွားတည်းက တောင်ပိုင်းမြေမှာ ဆက်နေဖို့ အဆင်မပြေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာတွေနဲ့ သားရဲတွေက သူ့ထူးခြားတဲ့အသားဆီ အလိုလို ဆွဲဆောင်ခံရမှာပဲ။
"ဟမ်" ရှန်းရင်က ခေါင်းစောင်းသွားတယ်။ နောက်တော့ သူမက ဖြေတယ်။ "အဲမီးလုံးကြောင့်..."
သူမ စကားမဆုံးခင် အပြင်ကနေ ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။
"တာအိုရောင်းရင်းတို့ ကောင်းကောင်းအနားယူနေကြရဲ့လား"
သူတို့အားလုံး အကြည့်ချင်းဖလှယ်ကာ အပြင်ထွက်လာခဲ့တယ်။ ချန်းကျီက ခြံဝန်းအပြင်ဘက်မှာ ရှိနေပြီး သူတို့ပေါ်လာမှာကို စောင့်နေတယ်။
"နန်းအရှင်ချန်းကျီ၊ ကျွန်ုပ်တို့ ထင်ထားတာထက် စောလာတာပဲ" ကူယွဲ့ သူ့ကိုနှုတ်ဆက်လိုက်တယ်။
"ခင်ဗျားတို့ဂိုဏ်းထဲက ပြဿနာကို ဖြေရှင်းပြီးပြီလား"
ချန်းကျီက တစ်ခုခုကြောင့် စိတ်ရှုပ်ထွေးနေပုံ။ သူ မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါတွေက နေ့စဉ်ကိစ္စတွေပါပဲ၊ သူတို့က ကိုယ်တော့်ကို တစ်ချက်သွားကြည့်ခိုင်းနေရုံပါ၊ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
"မစိုးရိမ်ပါနဲ့ နန်းအရှင်၊ ကျွန်ုပ်တို့က ခင်ဗျားတို့နန်းရဲ့ ဖော်ရွေမှုအပေါ် လက်ခံသူတွေဖြစ်ရတာ ကျေးဇူးတင်ပြီးသားပါ"
"အင်မတန်ယဉ်ကျေးလွန်းနေပါပြီ တာအိုရောင်းရင်း" ချန်းကျီက နွေးထွေးစွာပြုံးတယ်။ ကူယွဲ့က လူတွေသူ့ကိုဆက်ဆံပုံအတိုင်း ပြန်ဆက်ဆံသူမျိုးဆိုတာ သိတော့ ချန်းကျီက သူတို့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ဂိုဏ်းတစ်ဝိုက် လိုက်ပြပေးဖို့ ကမ်းလှမ်းတယ်။
ကူယွဲ့က ဟော်ရန်နန်းကို တရားဝင်လေ့လာလို့ရမဲ့အခွင့်အရေးကို သေချာပေါက် မငြင်းဘူးပေါ့။ သူက ယဉ်ကျေးစွာနဲ့ ချန်းကျီ ဂိုဏ်းတစ်ဝိုက်လိုက်ပြတဲ့နောက်လိုက်ခဲ့တယ်။ ချန်းကျီကလည်း ဂိုဏ်းထဲ သူစိမ်းအုပ်စုတစ်စုကို ခေါ်သွားပြရမှာ စိတ်ထဲမထားတဲ့ပုံ။ သူတို့က ဧည့်ခန်းထဲကနေ ထွက်လာကာ ပင်မခန်းမဆီ အရင်ဦးတည်ခဲ့တယ်။ နောက်တော့ သူတို့ တစ်ဖက်စီက ဘေးအဆောင်တွေနဲ့ ကြီးကြီးသေးသေးခန်းဆောင်တွေဆီပါ သွားလည်ကြတယ်။
လမ်းတစ်လျှောက်မှာ သူတို့ ကျင့်ကြံဆင့်အမျိုးမျိုးနဲ့ တပည့်တွေအများကြီးကိုတွေ့ခဲ့တယ်။ ပြီးတော့ မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့လူတွေ တကယ့်ကိုအများကြီးပဲ - တော်ဝင်အထွတ်အမြတ်ဂိုဏ်းထက်တောင် ပိုများတယ်။ ချန်းကျီလိုပဲ သူတို့က ဧည့်သည်တွေကို အင်မတန်နွေးထွေးစွာကြိုဆိုကြတယ်။ သူတို့က ဗုဒ္ဓကျင့်ကြံသူတွေဖြစ်လို့ထင် ကူယွဲ့ သူတို့ဆီက မော်ကြွားမှုနည်းနည်းလေးတောင် မခံစားမိ။ အဲအစား တစ်ယောက်စီက သူတို့ကိုယ်တစ်ဝိုက်မှာ ရွှေရောင်အလင်းတွေ သယ်ဆောင်ထားကြတယ်။
ကူယွဲ့ ကြည့်လေ မသက်မသာဖြစ်လာလေပဲ။ ဒါပေမဲ့ ဘာကြောင့်မှန်းမစိ သူ ဘာကမှားနေလဲဆိုတယ မထောက်ပြနိုင်ဘူး။ သူ ဘာလဲဆိုတာပြောရမယ်ဆိုရင် ဂိုဏ်းထဲကလူတိုင်းက အတော်လေး ကောင်းနေတယ်ဆိုတဲ့အချက်ကို ထောက်ပြမိမယ်ထင်တယ်။ သူတို့က နည်းနည်းလေးတောင် ဟန်ဆောင်နေပုံမပေါ်။
"စောနကေ ဒါက ကိုယ်တော်တို့ ဆေးလုံးတွေ သန့်စင်တဲ့နေရာလေ" ချန်းကျီက သူတို့ရှေ့က ခန်းမလေးတစ်ခုဆီ လက်ညှိုးထိုးပြတယ်။
"အိုး ဆေးလုံးတွေ သန့်စင်တယ်ပေါ့" ကူယွဲ့က ဘာရယ်မဟုတ် စကားပြန်ထောက်လိုက်တယိ။
ချန်းကျီကပြုံးတယ်။
"ဟော်ရန်နန်းက လူမှုပတ်ဝန်းကျင်နဲ့ ဝေးတယ်လေ၊ ကိုယ်တော်တို့ အပြင်ထွက်ပြီး ဆိုင်တွေက ဆေးတွေ၊ ဆေးလုံးတွေသွားယူဖို့က သိပ်အဆင်မပြေဘူး၊ တခြားဂိုဏ်းတွေအတွက်ကိုး၊ ဒုက္ခမများအောင် ကိုယ်တော်တို့ ကိုယ်ပိုင်ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေ ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့တာပဲ၊ ကိုယ်တော်တို့တပည့်တွေက ဒါတွေအားလုံးကိုကိုယ်တိုင် ထုတ်လုပ်ခဲ့တာ၊ ကိုယ်တော်တို့အရည်အချင်းတွေက တခြားဂိုဏ်းကဟာတွေလောက် မကောင်းပေမဲ့ ကိုယ်တော်တို့က ဗုဒ္ဓအလင်းအောက် ဆေးလုံးတွေ သန့်စင်တာလေ၊ ဒါကြောင့် ကိုယ်တော်တို့ ထုတ်လုပ်တဲ့ ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေက သာမန်ထက် ပိုပြီးသက်ရောက်မှုများတယ်"
"အိုး အဲလိုမျိုးအရာ ရှိတာလား" ကူယွဲ့ မျက်လုံးတွေမှေးသွားတယ်။
"တကယ်ပါ" ချန်းကျီက ခေါင်းညိတ်တယ်။ သူ တစ်ခုခုကို စဉ်းစားမိသွားတော့ ဖက်တီးဘက်လှည့်လာတယ်။
"အော်ဟုတ်သား၊ တာအိုရောင်းရင်းဟွေ့ကျယ်၊ မင်းက တော်ဝင်အထွတ်အမြတ်ဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့တုန်းက ဒဏ်ရာ အပြင်းအထန် ရသွားတယ်နော်၊ အပြည့်အဝ ပြန်ကောင်းသွားပြီလား မသေချာဘူး၊ တကယ်လို့ စိတ်မရှိရင် ဧည့်ခန်းထဲက ဝိညာဉ်သက်သာဆေးလုံးတွေထဲက တချို့ကို သုံးဆောင်လို့ရပါတယ်"
"ကြင်နာတဲ့ရည်ရွယ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ် နန်းအရှင်" ဖက်တီးက တလေးတစား ဂါရ၀ပြုလိုက်တယ်။
"ကျွန်တော်တို့ တောင်ပိုင်းမြေဆီ မရောက်ခင် ဆရာက ကျွန်တော့်ဒဏ်ရာတွေကို ကုသပေးပြီးပါပြီ၊ ကျွန်တော် အခုပြန်သက်သာသွားပါပြီ" အကြွေးပြန်ဆပ်ဖို့ ဝိညာဉ်ဓား၁၀၀ကိုလည်း သန့်စင်နိုင်ခဲ့တယ်။
"တော်သေးတာပေါ့" ချန်းကျီက စိတ်အေးစွာ သက်ပြင်းချတယ်။ အဲတော့မှ သူက လူအုပ်ကြီးကို ပန်းပဲဖိုအသေးလေးဆီ လိုက်ပတ်ကြည့်ဖို့ခေါ်လာတယ်။ သူပြောနေရင်း အဲပန်းပဲဖိုလေးထဲ ပြင်ဆင်နေတဲ့ ဆေးပင်တွေရှိနေတယ်။ သူတို့က တကယ်ပဲ ကိုယ်ပိုင်ဆေးတွေထုတ်လုပ်တာပဲ။
သူတို့ အဲပန်းပဲဖိုလေးထဲက ထွက်တာနဲ့ ချန်းကျီက ကျန်ရစ်တဲ့ခန်းဆောင်တစ်ခုချင်းစီကို ခေါ်သွားတယ်။ သူတို့အားလုံးက ပုံမှန်ပါပဲ။ တချို့က တပည့်တချို့ရှိတာကလွဲ ဗလာကျင်းနေတယ်။ ချန်းကျီက သူတို့ကို မျှော်စင်ဆီ ပြန်မဲ့လမ်းကို တောင်အနောက်ဘက်ကတစ်ဆင့် ခေါ်သွားတယ်။ သူက လမ်းလျှောက်နေရင်း မိတ်ဆက်ပေးလေရဲ့။
"တောင်အနောက်ဘက်က ကိုယ်တော်တို့ ဒီဂိုဏ်းထဲ ဝိညာဉ်ဆေးပင်တွေစိုက်တဲ့နေရာပေါ့၊ တပည့်တွေ ပုံမှန်လေ့ကျင့်နေကျနေရာလည်းဖြစ်တယ်၊ ပုံမှန်အရတော့ နေသာ ကောင်းကင်ထဲ ရှိသေးရင် ဂိုဏ်းထဲ အလုပ်ရှုပ်ဆုံးနေရာဖြစ်မှာ""
သူ စကားဆုံးတော့ သူတို့က ဂိုဏ်းမှာ အဆင့်နိမ့်ဝိညာဉ်ဆေးပင်တွေ ပေါက်ရောက်နေတဲ့ ကွင်းနေရာကို ဖြတ်သန်းခဲ့ကြတယ်။ သူတို့မျက်စိရှေ့ ရေကန်ကြီးတစ်ခု ပေါ်လာလေရဲ့။ မီတာတစ်ရာလောက်ကျယ်ပြီး ရေကန်ထဲ ကြာပန်းတွေအများကြီး မျောလွင့်နေတဲ့ပုံ။ သူတို့က နီရဲပြီး ရေကန်တစ်ခုလုံးနီးပါး ဖြည့်ထားတယ်။ ရွှေရောင်အလင်းတစ်ခုက ဒီမြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားတယ်။
ရှန်းရင်ကို ကုန်းပိုးထားတဲ့ယိချင်းက တန့်သွားကာ မျက်လုံးပြူးကုန်တယ်။ သူက ချက်ချင်း တစ်ဖက်လှည့်ကာပြောလိုက်တယ်။
"ဆရာ ဒီနေရာ-"
"အင်း" ရှန်းရင်က စားဖိုမှူးကျောပေါ် သက်သောင့်သက်သာရှိအောင်လုပ်ရင်း သူမခေါင်းကို ဘယ်ဘက်ပခုံးကနေ ညာဘက်ဆီ ပြောင်းလိုက်တယ်။
"ငါအဝေးကြီးတည်းက အနံ့ရတယ်"
ယိချင်း အကြည့်ငုံ့သွားတယ်။
အရှေ့က၃ယောက်က သူတို့နောက်ကလူတွေကို သတိထားမိပုံမပေါ်။ ကူယွဲ့က ချန်းကျီနဲ့အတူ အုပ်စုရှေ့ကနေ လျှောက်ပြီး ရေကန်ဘေးမှာမြေကွက်အလွတ်ရှိနေတာမြင်လိုက်ရတယ်။ အဲမြေကွက်ပေါ်မှာ တပည့်ရာချီ တရားထိုင်နေကျတယ်။ တစ်ယောက်ဆီက ရွှေရောင်အလင်းတွေ တောက်ပနေပြီး ရေကန်ပတ်လည်ကတစ်ခုလိုပဲ။
"ဒီကြာကန်က ဂိုဏ်းရဲ့ ဟိုးရှေးဦးနေ့ရက်တွေတည်းက ရှိခဲ့တာလေ၊ ကိုယ်တော်တို့ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေ တည်ဆောက်ခဲ့တာတဲ့၊ နှစ်သန်းချီကြာပြီလို့ပြောတယ်" ချန်းကျီက သူတို့မေးခွန်းတွေ မေးလာမှာကို အာရုံခံမိသလိုမျိုး ရှင်းပြတယ်။
"ကိုယ်တော်တို့ ဘိုးဘေးတွေက ဒီနေရာကနေပဲ တက်လှမ်းသွားခဲ့တာလေ၊ အဲဒါကြောင့် ဒီနေ့ထိ ကိုယ်တော်တို့ဂိုဏ်းရဲ့ အဖွဲ့ဝင်မျိုးဆက်တွေက ဒီနေရာကို မွန်မြတ်တဲ့မြေလို့ ရည်ညွှန်းကြတာ၊ နေ့တိုင်း ဒီမှာထိုင်ပြီး တရားထိုင်ကြတယ်၊ ဒီအကြောင်းရင်းကြောင့် ကြာပန်းမြစ်က အချိန်ကြာလာတော့ ဒီဗုဒ္ဓရောင်ခြည်ကို ရရှိခဲ့တာပဲ"
"သိပါပြီ" အဲတော့ ရေကန်တောင် ဗုဒ္ဓရောင်ခြည် ရှိရတဲ့အကြောင်းရင်းကိုး။
...
အခန်း ၄၈၈ ။ ဟော်ရန်နန်းအတွင်း ထူးဆန်းသောပြောင်းလဲမှုများ
ချန်းကျီက သူတို့ကို တရားထိုင်နေတဲ့တပည့်တွေအနားခေါ်လာတယ်။ မြစ်တစ်လျှောက် လျှောက်နေရင်း သူက ကြာပန်းတစ်ပွင့်ကို ခူးကာ ကူယွဲ့ဆီ ကမ်းပေးတယ်။ "မြစ်ထဲက ဒီကြာပန်းတွေက ဗုဒ္ဓရောင်ခြည်ရဲ့ နေ့ရောညပါခြံရံခြင်းကို ခံထားရတာ၊ သူတို့ဘာသာ ဝိညာဉ်ဆေးပင်တွေဖြစ်လာကြပြီ၊ ကိုယ်တော်တို့က နှစ်ရာချီမှ ဒီလိုကြာတစ်ပွင့်ကိုရတာ၊ သူတို့ကို သန့်စင်ဖို့သုံးလို့ရပြီး အစေ့တွေကိုတော့ အတွင်းချီကို တည်ငြိမ်အောင်လုပ်ဖို့သုံးလို့ရတယ်၊ တာအိုရောင်းရင်း စမ်းကြည့်ပါဦး"
"အိုး" ကူယွဲ့ ကြာပန်းကို စပ်စုစွာနဲ့ယူလိုက်တယ်။ ပြင်းထန်တဲ့ဝိညာဉ်ချီလှိုင်းက သူ့ဆီကထွက်လာတယ်။ ထိပ်တန်းအဆင့်ဝိညာဉ်ဆေးပင်တွေထက် မညံ့ဘူး။ ရနံ့ကိုပါ ဝိုးတဝါးရနေတယ်။ အကျင့်အတိုင်း သူက အစားသရဲဆီ ကမ်းပေးမိလိုက်တယ်။
"အစားသရဲရင် မင်း-"
"ငါ မလိုချင်ပါဘူး" ရှန်းရင်က ရွံရှာမှုအပြည့်နဲ့ ချက်ချင်းငြင်းတယ်။
"ငါ အသီးအရွက်တွေမုန်းတယ်"
"ဒါဆိုလည်း မစားနဲ့ပေါ့" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ ငတုံးမလေးငါ မင်းကို ဒါပေးတယ် ထင်နေတာလား။ သူက ကြာပန်းကနေ အစေ့တစ်ခု နုတ်လိုက်တယ်။
ရှန်းရင် သူ့လက်တွေထဲက ကြာပန်းကို လှမ်းကြည့်ကာ မျက်လုံးတွေမှေးသွားပြီး ရုတ်တရက် ပြောလာတယ်။
"စားဖိုမှူး"
"ဟုတ်ကဲ့ဆရာ"
"ကြာစေ့တွေက ဘယ်မှာပေါက်တာလဲ"
"ကြာပွင့်ဖတ်တွေပေါ်မှာ ကြီးထွားတာပါ"
"ကြာပွင့်ဖတ်လား၊ သူတို့က မုန်လာဥဖြူ ငါ့ကိုပေးတဲ့ ဒုဓလီပန်းတွေနဲ့အတူတူပဲလား"
"ဟုတ်တယ် ဆရာ ဒုဓလီပန်းတွေမှာလည်း အစေ့ရှိတယ်"
"အိုး~"
အစေ့ကို ကိုက်ချတော့မဲ့ ကူယွဲ့ ။ ။ "..."
သူ့စိတ်ထဲ တစ်စုံတစ်ခုသော အမြင်မတင့်တယ်တဲ့ပုံရိပ်တွေ ပြည့်သွားခဲ့တယ်။
ချီး၊ အခု သူ စားသောက်ချင်စိတ် လုံးဝပျောက်သွားပြီ။ သူ အန်တောင်အန်ချင်လာတယ်။
ကူယွဲ့ နှုတ်ခမ်းစေ့လိုက်တယ်။ သူက မီးလောင်ခံလိုက်ရသလိုမျိုး ကြာပန်းကိုအစေ့တွေနဲ့အတူ ချန်းကျီဆီ ပြန်ပေးလိုက်တယ်။
"အာ နန်းအရှင် ဒါက အရမ်းတန်ဖိုးရှိပုံပဲ၊ အလဟဿ မသုံးပစ်တာ ပိုကောင်းပါတယ်" သူက ကောင်းကင်ကို မော့ကြည့်တယ်။
"ဒီနေ့အတွက် ကျေးဇူးပါ နန်းအရှင်၊ ကြည့်ရတာ နောက်ကျနေပြီ၊ ကျွန်ုပ်တို့ ခင်ဗျားကို ဆက်နှောင့်မယှက်တော့ပါဘူး၊ ဧည့်သည်ခန်းကို ခုပြန်သင့်ပြီထင်တယ်"
သူ စကားဆုံးတာနဲ့ တစ်ဖက်လှည့်ကာ ထွက်သွားတယ်။ သူ လမ်းလျှောက်ရင်း သန့်စင်အောင် ညာဘက်လက်ကိုသုံးပြီး ဂါထာတချို့ ဖန်တီးလိုက်တယ်။ သူက အတော်လေး ညစ်ပတ်နေတဲ့အရာကို ထိမိတဲ့အတိုင်း သူ ဘယ်လောက်ပဲကြိုးစားကြိုးစား လက်ကို သန့်ရှင်းအောင်မစင်ကြယ်နိုင်တဲ့ပုံမျိုး။
ချန်းကျီ ။ ။ "..."
ဖက်တီး ။ ။ "..."
ခုလေးတင် ဘာဖြစ်သွားတာလဲ။
——————
အဲလိုနဲ့ပဲ လေးယောက်က ဟော်ရန်နန်းမှာ တစ်လနေခဲ့တယ်။ ချန်းကျီကို နှုတ်ဆက်ဖို့ ရံဖန်ရံခါ အပြင်ထွက်တာကလွဲရင် သူတို့က အပြင်လူတွေ နှောင့်ယှက်တာမခံရဘူး။ ရံဖန်ရံခါ သူတို့ ဂိုဏ်းတစ်ဝိုက် လျှောက်သွားကာ သူတို့တွေ့သမျှလူတွေက သူတို့ကို အင်မတန်ယဉ်ကျေးကြတယ်။ သူတို့က ဂိုဏ်းအတွင်း စိတ်တိုင်းကျ ဘယ်နေရာမဆို သွားလာဖို့ ခွင့်ပြုချက်ရထားတယ်
တစ်ချိန်လုံး သူတို့ သံသယရှိစရာ ဘာမှမတွေ့ခဲ့။ ဂိုဏ်းက နာမည်ပေးထားတဲ့အတိုင်းပဲ။ လူတိုင်းက မျှတပြီးရိုးသားကာ တခြားသူတွေလိုမဟုတ်။ အချိန်ကြာလာတော့ ကူယွဲ့သံသယပါ လွင့်ပျောက်လာခဲ့တယ်။
ချန်းကျီက တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ခွေးကောင်တွေကို သူတို့ကျင့်ကြံဆင့်ကို သုံးလအတွင်း ဆုံးရှုံးစေမယ်လို့ပြောခဲ့တယ်။ ကူယွဲ့ အဲကတိရဲ့ရလဒ်ကို ကြည့်ဖို့ ဟော်ရန်နန်းမှာ ၃လနေမယ် စီစဉ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဖက်တီးအကြွေးကိုမှ ပေးချေတာမပြီးသေးတာ။ သူတို့ ဒီ၃လကို ဖက်တီး လက်နက်တွေနဲ့ လေ့ကျင့်တဲ့ပုံစံ၊ အဆောင်တွေဖန်တီးရင်း ဖြတ်သန်းလို့ရတယ်။ အောက်ဘုံက ဝိညာဉ်အသုံးအဆောင်တွေက သိပ်ပြီးတန်ဖိုးမရှိပေမဲ့ တကယ်လို့ အနာဂတ်မှာ တကယ်တက်လှမ်းနိုင်ခဲ့ရင် ပြန်ပေးချေနိုင်သေးတာပဲ။
ဒါပေမဲ့ဘာကြောင့်မှန်းမသိ ဖက်တီးရဲ့ ကျင့်ကြံမှုကပါ တိုးတက်တာရပ်သွားခဲ့တယ်။ သူ့ရင်ထဲက အထုံးအဖွဲ့ကို ဖြေရှင်းပြီးပြီဆိုပေမဲ့ပေါ့။ သူက နှောင်းပိုငိး နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာ တစ်နေပြီး အဆင့်တက်လှမ်းမဲ့အရိပ်အယောင်မပြ။ တခြားဟာတွေအားလုံးက ပုံမှန်ဖြစ်ပေမဲ့ သူ ဝိညာဉ်ချီကို ဘယ်လောက် ထိန်းချုပ်ပါစေ အဆင့်မတက်နိုင်ဘူး။ ဖက်တီးရဲ့ cheat စရိုက်က ပျောက်ကွယ်သွားပြီလားတောင် ကူယွဲ့ စသံသယဖြစ်မိပြီ။ မဟုတ်ရင် သူ ဒီအဆင့်မှာတစ်နေတာ ဘယ်ဖြစ်နိုင်မှာလဲ။
တစ်ဖက်မှာတော့ ဖက်တီးက ဒီအချက်နဲ့ ပတ်သက်ပြီး လုံးဝမစိုးရိမ် သူက ပုံမှန်အတိုင်း ဆက်လေ့ကျင့်တယ်။ မေးကြည့်တော့ သူက လေးနက်စွာ ပြောလာတယ်။
"ဆရာလည်း အရမ်းကို တော်ပေမဲ့ မတက်လှမ်းသေးဘူးလေ၊ ကျွန်တော်လည်း အဲလောက်ကြီး နောက်ကောက်မကျလောက်ဘူးမလား"
"ငါမတက်လှမ်းနိုင်ဘူးလို့ မင်းဘယ်လိုသိလဲ" သူ စိတ်တိုင်းကျ အမတဘုံကို ဝင်ထွက်သွားလာလို့ရတယ် ဟုတ်ပြီလား။
"အာ အဲဒါ မဟုတ်ဘူးလား" ဖက်တီးက တုံ့ဆိုင်းသွားတယ်။
"ဆရာက ဆန်ကင်းလွတ်မှု မလုပ်နိုင်သေးလို့ မသေမျိုးဆီ မတက်လှမ်းနိုင်သေးတာမဟုတ်ဘူးလား"
"..." ဘယ်သူက ဆန်မကင်းလွတ်နိုင်လို့လဲ ဖက်တီးကသာ မလုပ်နိုင်တာ - သူ့မိသားစုတစ်ခုလုံး မလုပ်နိုင်တာ။
"ငါတို့ ဒီနေ့ ၂ဆလေ့ကျင့်မယ်"
"ဟင့်အင်း ဆရာ..."
"ထွက်သွား" ဘယ်သူက မင်းဆရာတုံး။
"ဘုံတံခါးတွေကြောင့် ဖြစ်ရမယ် ဟုတ်တယ်မလား" ယိချင်းက ကောင်းကင်ဆီကြည့်ရင်း ခပ်တိုးတိုးအသံနဲ့ ပြောတယ်။
"ဘုံတံခါးပေါ်က သော့ခလောက်က မပြည်သေးဘူး၊ ဖက်တီးရဲ့ စွမ်းရည်တွေကို ကြည့်ရင် သူ့ကျင့်ကြံစဉ်က တိုးတက်လာရင်တောင် သူက မသေမျိုးဆီ တက်လှမ်းနိုင်မှာမဟုတ်ဘူး" သူ နောက်ဖေးတံခါးက မသွားသရွေ့ပေါ့။
"မင်းဆိုလိုတာ..." ကူယွဲ့ မျက်နှာအမူအရာက ပျက်သွားတယ်။
"သဘာဝတရားဖိအားက သူ့နဂိုအခြေအနေဆီ ပြန်သွားဖို့ နည်းလမ်းမရှိလို့ ဖက်တီးက မသေမျိုးဆီ မတက်လှမ်းနိုင်ဘူးပေါ့"
"ဟုတ်တယ်" ယိချင်းက ခေါင်းညိတ်တယ်။
"ချီး" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါဆို သူတို့ ဒီဘုံလေးထဲမှာ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ။
"ဒါမှမဟုတ်ရင် ဖြစ်နိုင်တာ..." ယိချင်းက သူတို့ခြံဝန်းအပြင်က ကြာကန်ကိုလှမ်းကြည့်တယ်။ "မကြာခင် ဖြေရှင်းပြီးတာလည်းဖြစ်မှာပေါ့"
"ဟမ်" ကူယွဲ့ သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်လိုက်တယ်။ သူက တခြားမေးခွန်းကို မေးဖို့ပြင်လိုက်တယ်။
ရုတ်တရက် မြေကြီးက တုန်ခါစပြုလာပြီး သူတို့ ကျယ်လောင်တဲ့ ပြိုကျသံကြီးကြားလိုက်ရတယ်။ ဟော်ရန်နန်းတစ်ခုလုံး တိုက်ခိုက်ခံနေရတဲ့ပုံ။ သူတို့ဂိုဏ်းကို ကာကွယ်နေတဲ့ မဟာအင်းကွက်က အသက်ဝင်သွားပြီး ရွှေရောင်အလင်းတစ်ခုက ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ သူတို့ ခြံဝန်းတံခါးလေးကိုတောင် ဖွင့်မရတော့ဘူး။
"ဘာဖြစ်တာလဲ" ကူယွဲ့ ထရပ်လိုက်တယ်။ သူ့ပတ်လည်က အရာအားလုံး အရှိန်ပြင်းပြင်း တုန်ခါနေတယ်။ တကယ်တော အားလုံးက ပိုပိုပြီး ပြင်းထန်စွာနဲ့တုန်ခါနေတာ။ ဆူညံသံတွေက တိတ်ဆိတ်နေခဲ့တဲ့ဂိုဏ်းထဲ ပြည့်လျှံလာပြီး သူတို့တွေ အေးစက်တဲ့ယင်ချီက မြေပြင်ကနေ စိမ့်ထွက်လာတာကို ခံစားလိုက်ရတယ်။ သေချာစစ်ဆေးလိုက်တော့ ယင်ချီက တောင်အောက်က ပင်လယ်ကနေ လာတာကို သိလိုက်ရတယ်။
ယိချင်းနဲ့ ကူယွဲ့တို့ အပြင်ထွက်လာတယ်။ ဖက်တီးတောင် တစ်ခုခုလွဲနေတာ သတိထားမိကာ သူ့ အခန်းထဲက ထွက်လာလေရဲ့။ ကူယွဲ့နဲ့ယိချင်း သူတို့ကောင်းကင်စိတ်အာရုံတွေကို လွှင့်ထုတ်လိုက်တယ်။ တကယ်ပဲ သိပ်မဝေးတဲ့နေရာမှာ တပည့်တွေက ထိတ်လန့်တကြား ပျံသန်းထွက်လာကြတယ်။ သူတို့က အောက်ဘက်ဆီဦးတည်နေကာ တောင်အောက်က ပင်လယ်ဆီဦးတည်နေကြတယ်။
"ပင်လယ်အောက်မှာ တစ်ခုခုပဲ" ယိချင်းက ခိုင်မာစွာပြောတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ နောက်မေးခွန်းတစ်ခု မေးမို့ရှိသေး တပည့်တစ်ယောက်က ခြံဝန်းထဲ ပြေးဝင်လာပြီး သူတို့ကိုဂါရ၀ပြုတယ်။
"အကြီးအကဲတို့ နန်းအရှင်က အသင်တို့ကိုပြောဖို့ အမိန့်ပေးလိုက်ပါတယ်၊ ကိစ္စကြီးတစ်ခု ဂိုဏ်းမှာဖြစ်ပွားလို့ ဒီမှာနေဖို့ အဆင်မပြေတော့ပါဘူးတဲ့၊ ကျေးဇူးပြုပြီး မြန်မြန်ဆင်းပြီး မကွေ့မကောက်ပင်လယ်ကနေ ပြန်သွားပါ"
"ဘာတွေဖြစ်နေတာလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဘာလို့ ချန်းကျီက ရုတ်တရက် သူတို့ကို မောင်းထုတ်နေတာလဲ။
"အာ..." တပည့်က အခက်တွေ့နေသလိုမျိုး။ "ကိုယ်တော်က တောင်အောက်ကို အသင်တို့ကို ခေါ်သွားပေးဖို့ ဂိုဏ်းချုပ်အမိန့်တွေကို လိုက်နာရုံပါ၊ တခြားဟာတော့ မသေချာပါဘူး၊ အခု တောင်ကို ကာကွယ်ပေးထားတဲ့ အင်းကွက်ကို အသက်သွင်းလိုက်ပြီဆိုတော့ ပင်မဝင်ပေါက်ကနေ ထွက်လို့မရတော့ဘူး၊ ကိုယ်တော် အနောက်တောင်ကနေ ခေါ်သွားပေးရတော့မယ်၊ အချိန်မရှိတော့သလောက်ပဲ၊ ဆက်ပြီးစောင့်နေရင် ထွက်သွားလို့ရတော့မှာ မဟုတ်ဘူး၊ ကျေးဇူးပြုပြီး အကြီးအကဲတို့ မြန်မြန်လိုက်ခဲ့ကြပါ"
ကူယွဲ့နဲ့ ယိချင်း အဓိပ္ပာယ်ပါပါအကြည့်ချင်း ဖလှယ်လိုက်ကြတယ်။
"တောင်အောက်က အရာနဲ့ ဆိုင်တာလား"
"အကြီးအကဲတို့..." တပည့်က ဖြူဖျော့သွားကာ။အရင်ကထက်တောင် သွေးပျက်နေတဲ့ပုံ။
"ကိုယ်တော်... ကိုယ်တော်လည်းမသိပါဘူး"
"ဘာမှမဖြစ်ဘူး၊ ကျွန်ုပ်တို့ကို နန်းအရှင်ဆီ တွေ့ဖို့ ချက်ချင်းခေါ်သွားပေးပါ" ကူယွဲ့က တည်ငြိမ်စွာ ဖြေလိုက်တယ်။ "ကြည့်ရသလောက်တော့ ပြဿနာက သေးသေးဖွဲဖွဲ မဟုတ်တဲ့ပုံပဲ၊ ကျွန်ုပ်တို့ ကူညီပေးနိုင်ရင်ကူညီပေးနိုင်မှာ"
တပည့်က သူ့ကိုမော့ကြည့်ကာ တုံ့ဆိုင်းပြီးတော့ ခေါင်းညိတ်တယ်။ "ကောင်းပြီလေ၊ ကျေးဇူးပြုပြီး ကိုယ်တော့်နောက် လိုက်ခဲ့ပါ"
ကူယွဲ့ သူ့ဓားပျံပေါ် တက်ပြီး ရုတ်တရက် ရပ်သွားတယ်။ "ခဏ၊ ရှန်းရင်ရော ဘယ်မှာလဲ၊ သူ့ပါခေါ်လာ"
မဟုတ်ရင် သူတို့ သူ့ကိုထပ်ပျောက်လိမ့်မယ်။
ယိချင်းက ခေါင်းညိတ်ပြီးတဲ့နောက် အသီးတကိုက်ကိုက် ဝါးနေဆဲ ရှန်းရင်ကို ဓားပေါ်ချီကာ ဖက်တီးနဲ့အတူ ဧည့်သည်အိမ်ကနေ ပျံသန်းထွက်လာခဲ့တယ်။
တကယ်ပဲ သူတို့ ချန်းကျီကို ဟော်ရန်နန်းရဲ့ အောက်ဘက် မကွေ့မကောက်ပင်လယ်မျက်နှာပြင်ပေါ် ရပ်နေတာ မြင်လိုက်ရတယ်။ သူ့ဘေးမှာတော့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၁၀ယောက်ကျော်။ သူတို့ကြားထဲကတစ်ယောက်က ခပ်ရေးရေး မသေမျိုးချီထံက်နေတယ်။ သေချာစစ်ဆေးကြည့်တော့ သူတို့တွေ အဲတပည့်က မြေအမတဖြစ်နေပြီဆိုတာ သိလိုက်ရတယ်။ သူက သူ့ကျင့်ကြံစဉ်ကို တမင်ဖိနှိပ်ထားရုံပဲ။
...
အခန်း ၄၈၉ ။ ရှေးဟောင်း သားရဲ
သူတို့တွေက အင်းကွက်တစ်ခုခုကို ထိန်းထားဖို့ စုပေါင်းထားကြသလိုပဲ။ ကြည့်ရတာ အတော်လေး ရှုပ်ထွေးနေတဲ့အင်းကွက်။ ကူယွဲ့ အတော်လေးကြာမှ ကြီးမားတဲ့ချိတ်တစ်ခုဆိုတာ နားလည်သွားခဲ့တယ်။ ဒါပေမဲ့ တည်ငြိမ်ပုံမပေါ်။ အဲအစား အချိန်မရွေး ပြိုလဲတော့မဲ့ပုံပေါ်နေတယ်။ အင်းကွက်က အေးစက်တဲ့ယင် အရှိန်အဝါတွေပါဝင်နေပြီး အဆက်မပြတ် စိမ့်ထွက်နေတယ်။
သူတို့အုပ်စုက အင်းကွက်ကို နေရာမှာ ထိန်းထားဖို့ ပူးပေါင်းထားကြပြီး အထဲကအရာဘာပဲဖြစ်ဖြစ် လွတ်မြောက်မှာကို ကြောက်နေတဲ့ပုံ။ ဒါပေမဲ့သူတို့ရဲ့ပူးပေါင်း အစွမ်းတွေကတောင် မလုံလောက်။ အင်းကွက်ထဲက ယင်ချီက ပိုပိုကြီးထွားလာကာ အထဲမှာဖမ်းထားတဲ့အရာက အင်းကွက်ဘောင်နံရံတွေကို တိုက်နေတယ်။ သူ ဘောင်တွေနဲ့တိုက်တိုင်း ဟော်ရန်နန်းတစ်ခုလုံး တုန်ခါသွားလေရဲ့။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ ဘေးက လူဘက် မျက်နှာချင်းဆိုင်လိုက်တယ်။
"ဖက်တီး သူတို့ကို သွားကူညီပေးလိုက်"
"ဟုတ်ကဲ့ဆရာ" ဖက်တီးက ချက်ချင်း ပြေးသွားတယ်။ သူက တစ်စက္ကန့်တောင် မစောင့်နိုင်တော့သလိုမျိုး။ သူ အင်းကွက်ကို ဘယ်လိုဖန်တီးရမလဲသိတည်းက ဘယ်လိုကူညီရမလဲဆိုတာ မှတ်မိဖို့အတွက် မခဲယဉ်းပါဘူး။ သူ ချက်ချင်း ယင်ချီအလုံးကို မျက်နှာချင်းဆိုင်လိုက်ကာ သူ့ကိုယ်ပိုင် အင်းကွက်ကို ဖန်တီးပြီး ပတ်လည်က တခြားတပည့်တွေရဲ့ စွမ်းအားကို ကူညီပေးဖို့ ရွှေ့လိုက်တယ်။
"မင်း ဘာလို့..." ချန်းကျီက သူ့ဘေးကဖက်တီးကိုမြင်ချိန် ထိတ်လန့်သွားတယ်။ သူက တစ်ဖက်လှည့်ကာ ကူယွဲ့နဲ့ တခြားအကြီးအကဲ၂ယောက်ဘက် လှည့်ပြောတယ်။
"အင်းကွက်ပေါ် အာရုံစိုက်" ကူယွဲ့က သူ့ကို လှမ်းအော်လိုက်တယ်။
"ခင်ဗျား ခင်းကျင်းတာ မပြီးသေးဘူး"
ချန်းကျီက အင်းကွက်ဆီ ပြန်အာရုံစိုက်သွားတယ်။ အခု ဖက်တီးက သူတို့ကို ကူညီပေးနေတော့ တစ်ယောက်ချင်းစီပေါ် ဖိအားက သိသိသာသာ လျော့သွားခဲ့တယ်။ ယင်ချီက နောက်ဆုံးဆော့ အင်းကွက်ထဲကနေ လျှံထွက်နေတာ ရပ်သွားခဲ့တယ်။
မိနစ်ဝက်အတွင်း အင်းကွက်အပေါ်ပွတ်တိုက်မှုကလည်း ရပ်သွားခဲ့တယ်။ ပင်လယ်က ပြန်တည်ငြိမ်သွားလေရဲ့။ အင်းကွက်ပတ်လည်က ရောင်ခြည်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။
"ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း" ချန်းကျီ ဖက်တီးကို ခေါင်းညိတ်ပြကာ နောက်တော့ ကူယွဲ့တို့ဘက် လှည့်လာပြန်တယ်။
"အကူအညီပေးဖို့အတွက် အဆင်ပြေပါတယ်၊ ကျေးဇူးပြုပြီး အရိုအသေပေးစရာမလိုပါဘူး နန်းအရှင်"
ဖက်တီးက ပြုံးပြကာ ပြန်ဖြေလိုက်တယ်။
"မေးပါရစေ နန်းအရှင် အင်းကွက်ထဲ ဖမ်းထားတဲ့ ဒီအရာက တကယ်ပဲဘာများပါလဲ" ကူယွဲ့က စည်းချိတ်ကိုကြည့်ရင်း မေးလိုက်တယ်။
"ခင်ဗျားတို့တပည့်တွေအားလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေလေ၊ ဘာကြောင့် ဆယ်ယောက်ကျော် အားစုပေါင်းထားတာတောင် နှိမ်နင်းဖို့ အဲလောက်ခက်ရတာ ဘာများလဲ"
"အင်း..." ချန်းကျီ အမူအရာက ပြေင်းသွားတယ်။ သူ တုံ့ဆိုင်းနေတယ်။
"ဒါက ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ပဲ" ချန်းကျီဘေးက အသက်ကြီးကြီးက ဝင်စွက်ဖက်လာတယ်။ အဲမြေအမတပဲ။
"မျိုးနွယ်စုခေါင်းဆောင်..."
"သူတို့ကို အသိပေးလို့ ပြဿနာမရှိပါဘူး" အဲလူက လက်ကိုယမ်းကာ ချန်းကျီ ဆက်ကြားဖြတ်ဝင်ပြောမှာကို တားလိုက်တယ်။
"သူတို့က မကောင်းတဲ့လူတွေနဲ့မတူဘူး၊ ငါတို့သိရသလောက်ဆို ဒီလူအုပ်ကို ပြောပြီးတော့ ဒီအရာကို တိုက်ခိုက်ရာမှာ အကူအညီပိုရနိုင်တယ်"
"ဒီတာအိုရောင်းရင်းက..." ကူယွဲ့ မြေအမတကို တစ်ချက်ကြည့်ကာ မေးလိုက်တယ်။ ဒီမြေအမတက မသေမျိုးဆီ မတက်လှမ်းသလို ခရီးသွားအမတလည်း ဖြစ်မလာဘဲ အချိန်အတော်ကြာ အောက်ဘုံမှာ နေရစ်နိုင်တယ်ပေါ့။ ဒါ အံ့ဩစရာပဲ။
"ဒါက ကိုယ်တော်တို့ဂိုဏ်းရဲ့ မျိုးနွယ်စုခေါင်းဆောင် - အဆင့်မြင့်အမတကျင်းတျဲ့ပါ" ချန်းကျီ မိတ်ဆက်လိုက်တယ်။
"အဲတော့ ဒါက တာအိုရောင်းရင်း ကျင်းတျဲ့ကိုး" ကူယွဲ့ လက်နှစ်ဖက်ဆုပ်ကာ တလေးတစား ဂါရ၀ပြုလိုက်တယ်။
ရှိနေတဲ့တခြားကျင့်ကြံသူတွေရဲ့ အမူအရာတွေက ချက်ချင်း ပြောင်းသွားတယ်။ အထွတ်အမြတ် ဆိုက်ရောက်ဘုံမှာ ကျင်းတျဲ့ရဲ့ အဆင့်အတန်းက တခြားကျင့်ကြံသူတွေနဲ့ ကွဲပြားတယ်။ တချို့ဆို သူက အမတဘုံဆီ ဝင်ရောက်တဲ့ ပထမဆုံးလူတွေထဲက တစ်ယောက်လို့တောင် ပြောကြလိမ့်မယ်။ ဖြစ်နိုင်တာ သူက အမတအစစ်မို့ထင် လူတိုင်းက သူ့ကို "အဆင့်မြင့်အမတ" အဖြစ် ခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ ကူယွဲ့ကတော့ သူ့ကို တာအိုရောင်းရင်းလို့ပဲ ရည်ညွှန်းတယ်။ ကျင်းတျဲ့ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်ပေမဲ့ ပြင်ပေးတဲ့ထိတော့မလုပ်။
"ဒီစည်းချိပ်က ခက်ထန်တဲ့ ငိုကြွေးသားရဲ ပါဝင်နေတာပါ"
"ဘာ ငိုကြွေးသားရဲ" ကူယွဲ့ အံ့ဩတကြီးရေရွတ်ကာ မျက်လုံးတွေပြူးသွားတယ်။
"ဟမ်" ရှန်းရင်က စားဖိုမှူးဘက် အကျင့်အတိုင်း လှည့်လိုက်တယ်။
ယိချင်းက ခေါင်းကိုငုံ့ကာ ရှင်းပြတယ်။
"ဆရာ ငိုကြွေးသားရဲက ရှေးဟောင်းသားရဲပါ၊ ဒါက ကောင်းကင်မျိုးနွယ်တွေထဲက တစ်ခုပါ၊ နဂါးတွေ၊ ဇာမဏီတွေနဲ့ တစ်ချိန်တည်း ဒီဘုံပေါ်မှာ ပေါ်ခဲ့တာပါ၊ ဒီလို ကြမ်းတမ်းတဲ့သားရဲတွေက ကောင်းကင်မျိုးနွယ်တွေလို သန်မာပေမဲ့ သူတို့က အသိစိတ် မရှိကြသလို သဘာဝလူသတ်သမားတွေပဲ၊ ရှေးဟောင်းအချိန်တွေတည်းက ကောင်းကင်မျိုးနွယ်ရဲ့သားရဲတွေက ဒီကြမ်းတမ်းတဲ့သားရဲတွေကို တိုက်ခိုက်နေခဲ့တာ၊ သူတို့အများစုက သတ်ခံရပြီးပြီ၊ ယေဘုယျပြောရရင်... ဒီဘုံမှာ ခက်ထန်တဲ့ ရှေးဟောင်းသားရဲတွေ မကျန်သင့်တော့ဘူး"
"ဒါဆို ဒီငို... ဘာဆိုလား သားရဲကရော"
"ငိုကြွေးသားရဲပါ" ယိချင်းက တစ်ခဏစဉ်းစားပြီးတော့ ဆက်ရှင်းပြတယ်။
"ဒဏ္ဍာရီတွေအရတော့ ခက်ထန်တဲ့ ရှေးဟောင်းသားရဲတွေက ဝိညာဉ်ထဲ ယင်ချီရှိပြီး အသိစိတ်က အန္တရာယ်ရှိပါတယ်တဲ့၊ အညိုးအတေးစွမ်းအင်က အရိုးထဲမှာတဲ့၊ သတ်ဖြတ်လိုစိတ်များပြီး သူက လတ်ဆတ်တဲ့ အသွေးအသားကို ဆာလောင်ပါတယ်တဲ့၊ အသက်ရှိတဲ့ဘယ်အရာကိုမဆို စားတယ်တဲ့"
"အော်..." ရှန်းရင် မျက်လုံးမှေးလိုက်တယ်။
ကူယွဲ အကြည့်ငုံ့ကာ မေးလိုက်တယ်။
"ရှေးဟောင်းသားရဲတစ်ကောင်က သေမျိုးဘုံမှာ ဘာလုပ်နေတာလဲ" သူတို့တွေက ပေါ်မဲ့ပေါ် ကောင်းကင်ဘုံမှာ ပေါ်လာသင့်တာမဟုတ်ဘူးလား။ သူတို့အဆင့်အတန်းနဲ့ ပိုကိုက်ညီတယ်လေ။
"ကိုယ်တော်တို့လည်း အဲဒါသိပ်တော့ မသေချာဘူး" ချန်းကျီက သက်ပြင်းချတယ်။
"လွန်ခဲ့တဲ့နှစ်တွေက ဂိုဏ်းရဲ့ မျိုးနွယ်စုခေါင်းဆောင်က ငိုကြွေးသားရဲကို ရှာတွေ့ခဲ့ပြီး ချိပ်ပိတ်ခဲ့တာ၊ ပြီးတော့ ကိုယ်တော်တို့ ဒီနေ့ သိထားတဲ့ ဗုဒ္ဓဂိုဏ်းတစ်ခုဖြစ်တဲ့ ဟော်ရန်နန်းကို ဖန်တီးခဲ့တယ်၊ သူတို့တွေက ဗုဒ္ဓရောင်ဝါကိုသုံးပြီး ဒီသားရဲရဲ့ ယင်ချီနဲ့ ကြမ်းကြုတ်တဲ့ချီတွေကို သန့်စင်ချင်တာ"
ချန်းကျီက တစ်ခုခုကို တွေးမိသွားသလိုမျိုး ခေါင်းယမ်းကာဆက်ပြောတယ်။
"ဒါပေမဲ့ ဒီနှစ်တွေမှာ ဒီသားရဲက ပိုကောင်းမွန်မလာဘူး၊ အဲအစား ပိုပြီးတောင်ဆိုးလာတယ်၊ အခု ကိုယ်တော်တို့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးချန်ခဲ့တဲ့ စည်းချိပ်ကတောင် ထိန်းထားဖို့ မခိုင်တော့ဘူး"
"စည်းချိပ်ထဲ ထားထားလို့ ပြဿနာဖြေရှင်းပြီးသွားမှာမဟုတ်ဘူး" တကယ်လို့ ဒီရှေးဟောင်းသားရဲသာ လွတ်မြောက်သွားရင် သေမျိုးဘုံထဲက ကျင့်ကြံသူတွေ သူတို့ကိုယ်သူတို့ ခုခံနိုင်ကြမှာမဟုတ်ဘူး၊ ဟင့်အက်း အမတဘုံက ကျင့်ကြံသူတွေအားလုံးတောင် သားရဲကို အနိုင်ယူဖို့ အလွယ်လေးပြီးသွားမှာမဟုတ်ဘူး။
"အာ၊ ကိုယ်တော်တို့လည်း အပြင်ထွက်ပြီး တခြားသူတွေကို ထိခိုက်အောင်လုပ်မှာကို တားဆီးဖို့ စည်းချိပ်က ပြဿနာကို ယာယီဖြေရှင်းနိုင်ရုံပဲဆိုတာ နားလည်ပါတယ်" ချန်းကျီက ကူယွဲ့ကို ကူကယ်ရာမဲ့စွာ ကြည့်လာတယ်။ တစ်စုံတစ်ခုက သူ့မျက်နှာမှာ ဖြတ်ပြေးသွားတယ်။ "ဒါပေမဲ့ ဒါကလွဲ ကိုယ်တော်တို့ တခြားနည်းလမ်းမသိဘူး"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဟုတ်တာပေါ့ တခြားနည်းလမ်းတွေရှိပါတယ်။ အထိရောက်ဆုံးကတော့ သေချာပေါက် စားဖိုမှူး ဒါမှမဟုတ် သူ့အကူအညီကို ယူဖို့။ ပြဿနာကို ချက်ချင်း ဖြေရှင်းပြီးသွားမှာ။ သားရဲနဲ့ရင်ဆိုင်ရတာက ပြဿနာ မဟုတ်ဘူး။ ပြဿနာက ကောင်းကင်ဘုံမှာတောင် မျိုးသုဉ်းနေပြီဖြစ်တဲ့ ရှေးဟောင်းသားရဲက သေမျိုးဘုံမှာ ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာတာလဲဆိုတာပဲ။
"ဒါပေမဲ့ စည်းက အချိန်ကြာလာတာနဲ့အမျှ အားနည်းသထက် အားနည်းလာပြီ၊ တစ်ဖက်မှာတော့ သားရဲက ပိုပိုပြီးအားကောင်းလာတာ၊ ပြီးတော့ ဒီအပတ်ထဲစည်းချိပ်ကို ချိုးဖျက်တာ ဒါနဲ့ဆို သုံးကြိမ်ရှိနေပြီ၊ ကြည့်ရတာ စည်းချိပ် လုံးဝပျက်စီးသွားမဲ့နေ့ရက်က ရောက်လာတော့မဲ့ပုံပဲ၊ တစ်ခု..."
အကြံတစ်ခုက ချန်းကျီခေါင်းထဲ ပေါ်လာတယ်။ သူက အခက်တွေ့ဟန် ချက်ချင်းခေါင်းယမ်းတယ်။ တစ်အောင့်နေတော့ သူက အုပ်စုကိုကြည့်ကာ ပြောလေတယ်။
"တာအိုရောင်းရင်းတို့၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဟော်ရန်နန်းရဲ့ ပြဿနာပါပဲ၊ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ပါဘူး၊ ဒီမှာနေဖို့က မလုံခြုံတော့ဘူး၊ တတ်နိုင်တုန်း ထွက်သွားကြပါ'
ကူယွဲ့ရဲ့ အမူအရာမည်းမှောင်သွားတယ်။ သူ ဘာမှမပြောနိုင်ခင် ဖက်တီးက တရားမျှတတဲ့လေသံနဲ့ ပြောလာတယ်။
"ဒီလိုအချိန်မှာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ထားခဲ့ရစ်နိုင်မှာလဲ၊ ရှေးဟောင်းသားရဲတေဠသာ တကယ် လွတ်မြောက်သွားရင် သက်ရှိသတ္တဝါတွေအားလုံး ဖျက်ဆီးခံရလိမ့်မယ်၊ ဘယ်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော်တို့က သေမင်းကိုကြောက်သူတွေ မဟုတ်ဘူး၊ ဟုတ်တယ်မလား ဆရာ" သူက တရားမျှတတဲ့စကားကိုပြောပြီးတဲ့နောက် ကူယွဲ့ ထောက်ခံဖို့ကို လှည့်ပြောလေတယ်။
"ဟီးဟီး" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"မင်း ဘာသာ အဲသားရဲနဲ့ သွားရင်ဆိုင်လိုက်လေ" ပြောနေတာများ အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ အစွမ်းရှိတဲ့အတိုင်းပဲ။
"..." ဖက်တီးက ချက်ချင်း ခေါင်းငုံ့သွားတယ်။
ကူယွဲ့ ဒီစိတ်အားထက်သန်တဲ့လူငယ်နဲ့ ပြောဆိုဖို့ ပျင်းလွန်းသွားပြီ။ အဲအစား သူက ချန်းကျီဘက် လှည့်လိုက်တယ်။ "နန်းအရှင် ဆိုလိုတာ ဒီသားရဲအပြင်မထွက်အောင် လုပ်လို့ရတဲ့ တခြားနည်းလမ်းတွေ ရှိတယ်ပေါ့"
"အရင်ကပါ၊ ဒါပေမဲ့..." ချန်းကျီက သူ့မျက်လုံးတွေကို ကြည့်လာတယ်။ မီးနဲ့စိတ်အားထက်သန်မှု ရှိပေမဲ့ သူ့အတွေးကို ထုတ်ပြောဖို့ခက်နေတယ်။ တစ်အောင့်ကြာတော့ သူက အံကြိတ်တယ်။
"ကိုယ်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးဆရာတွေက ကြမ်းတမ်းတဲ့သားရဲတွေကို ချိပ်ပိတ်နိုင်အောင် ဒီအင်းကွက်ကို ဖန်တီးခဲ့တာ၊ သူတို့တွေက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တာမို့ အားလုံး ဘယ်လိုဖန်တီးရလဲ သိကြတာတော့ သဘာဝပါပဲ၊ အခု သားရဲက ဒီတစ်ခုကို အနည်းနဲ့အများ ချိုးဖျက်ပြီးပြီဆိုတော့ အထိရောက်ဆုံးနည်းလမ်းက သေချာပေါက် စည်းချိပ်တစ်ခုအသစ် ဖန်တီးရမှာပေါ့"
"အဲဒါဘယ်လိုလုပ်ရမလဲ" ကူယွဲ့ မေးကြည့်လိုက်တယ်။