အခန်း (၄၉၀-၄၉၂)
Vol. 33 Ch. 490-492
အခန်း ၄၉၀ ။ စည်းချိပ်ပြန်လုပ်ခြင်း
"ဒီစည်းတံဆိပ်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၂၄ယောက်ကျော်ရဲ့ စုပေါင်းအင်အားကို လိုအပ်တယ်၊ အလုပ်ဖြစ်ဖို့ တစ်ယောက်စီက တစ်ချိန်တည်းမှာ မတူညီတဲ့ အင်းကွက်တွေကို ဖန်တီးဖို့လိုတယ်၊ ကိုယ်တော်တို့ဂိုဏ်းက စုစုပေါင်း နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၂၄ ယောက်ရှိပေမဲ့..." ချန်းကျီက သူ့ပတ်လည်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို အမူအရာပြကာ ပြောလေတယ်။
"လွန်ခဲ့တဲ့လအနည်းက ကိုယ်တော်တို့ဂိုဏ်းထဲက ကျင့်ကြံသူတစ်ယောက်က ကြွေလွင့်သွားခဲ့လို့ စည်းချိပ်မှာ အပေါက်ဖြစ်သွားခဲ့တယ်၊ အကြီးအကဲကျင်းတျဲ့က အဲနေရာကို အလွယ်တကူ ဖြည့်တင်းနိုင်တယ်ဆိုပေမဲ့ စည်းအသစ်က အဟောင်းကို လွှမ်းမိုးသွားချိန် ကြားကွက်လပ်ဖြစ်မှာက ဖြစ်မှာပဲလေ၊ တကယ်လို့ အဲချိန် တစ်ယောက်ယောက်က စောင့်ကြပ်ဖို့ရှိမနေခဲ့ရင် ကြမ်းတမ်းတဲ့သားရဲက အဲကြားကွက်လပ်ကနေ ထွက်ပြေးသွားနိုင်တယ်၊ အဲဒါကြောင့် ကိုယ်တော်တို့ အဲစည်းချိပ်အသစ်ဖန်တီးမှာကို အဲလောက်အကြာကြီး အချိန်ဆွဲနေခဲ့တာ"
"ဒါဆို..." ကူယွဲ့ အကြည့်ငုံ့သွားတယ်။
"စည်းတံဆိပ်ကို ခင်ဗျားတို့အစားထိုးနေတုန်း ကျွန်ုပ်တို့ အင်းကွက်ကို စောင့်ကြပ်ပေးဖို့ မျှော်လင့်တာလား"
"ဒါအရမ်းတောင်းဆိုရာ ကျမယ်ဆိုတာ သိပါတယ်" ချန်းကျီက သက်ပြင်းချတယ်။
"ရှေးဟောင်းသားရဲတွေက အန္တရာယ်များလွန်းတယ်၊ စက္ကန့်ပိုင်းလောက်ပဲ ကြာမယ်ဆိုပေမဲ့ တခြားအခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လေ၊ အဲဒါကြောင့် ကိုယ်တော်တို့က အမြဲအကြီးအကဲကိုပဲ အင်းကွက်ကို စောင့်ကြပ်ခိုင်းခဲ့တာ၊ အာ ခင်ဗျားတို့အားလုံးထွက်သွားလို့ရတုန်း ထွက်သွားသင့်ပါပြီ"
"တကယ်လို့ အင်းကွက်စောင့်ကြပ်ပေးဖို့ပဲ လိုတာဆိုရင် ကျွန်တော်စမ်းကြည့်ချင်ပါတယ်" ဖက်တီးက ရှေ့တက်လာတယ်။ "နန်းအရှင် ကျွန်တော်တို့ အဲသားရဲကို စည်းချိပ်ပိတ်တာမှာ အချိန် ထပ်နှောင့်နှေးလို့ မဖြစ်တော့ဘူး၊ ဒီကိစ္စကို ကျွန်တော်တို့ကို လွှဲလိုက်ပါ"
"အာ..." ချန်းကျီက တုံ့ဆိုင်းနေတယ်။ "အင်းကွက်ကို စောင့်ကြပ်တာက ကြီးမားတဲ့ကိစ္စပဲ၊ တာအိုရောင်းရင်းဟွေ့ကျယ် တကယ်လို့ မင်းတစ်ယောက်တည်း ဆောင်ရွက်ရင် စိုးရိမ်မိတာက..."
ဖက်တီးက ကူယွဲ့ကို အသနားခံသလို ကြည့်လေတယ်။
"ဆရာ..."
ချန်းကျီကလည်း ကူယွဲ့ဘက် မျက်နှာချင်းဆိုင်လာတယ်။
ကူယွဲ့ရဲ့ မျက်ဝန်းတွေက နှစ်ယောက်ကြား ပြေးလွှားနေတယ်။ တစ်အောင့်နေတော့ သူက သက်ပြင်းချကာ ပြောတယ်။ "ကျွန်ုပ်နဲ့ စားဖိုမှူးနဲ့ဆို အင်းကွက်ကို စောင့်ကြပ်သူ စုစုပေါင်း၃ယောက် ဖြစ်သွားလိမ့်မယ်၊ အဲဒါဆို လုံလောက်မှာပါ ဟုတ်တယ်မလား" ဖက်တီးက သဘောတူပြီးပြီဆိုမှတော့ ကူယွဲ့ ချန်းကျီကို မငြင်းနိုင်တော့ဘူး။
"အဲလိုဆိုတော့လည်း အဲလိုပေါ့"
ချန်းကျီက နောက်ဆုံးတော့ လူတစ်ယောက်ယောက်က သူ့ပခုံးပေါ်က ဝန်ထုတ်ဝန်ပိုးကြီးကို ယူလိုက်သလိုမျိုး စိတ်သက်သာရာရသွားတယ်။ သူက လက်သီးဆုပ်ကာ သူတို့လူစုဘက် ဂါရ၀ပြုတယ်။ "ကိုယ်တော်တို့က ကောင်းကင်အောက်က သက်ရှိတွေအားလုံးရဲ့ အကျိုးအတွက် ဒါကိုလုပ်နေတာပါ၊ ချန်းကျီ အားလုံးအစား ကျေးဇူးတင်ပါတယ်"
သူ့နောက်က ကျင့်ကြံသူတွေအားလုံး အပျော်လွန်သွားတယ်။ ချန်းကျီက သူတို့ဘက်လှည့်လာကာ မျက်လုံးတွေက တောက်ပနေတယ်။ "ဒီကိစ္စကို ဆက်ပြီး အချိန်မဆွဲကြရအောင်၊ ခုချက်ချင်း စတင်လို့ရပြီ"
သူ စကားပြောပြီးတာနဲ့ ကျင့်ကြံသူတွေအားလုံးက ဖြန့်ကျက်ကာ နေရာယူကြတယ်။ ချန်းကျီက စက်ဝိုင်းအလယ်ကို လက်ညှိုးလှမ်းထိုးတယ်။
"အားလုံး အင်းကွက်အပြင်မှာ စောင့်ကြပ်ပေးဖို့ တောင်းဆိုလို့ရမလား၊ ဘယ်ယင်ချီကမှ အင်းကွက်အပြင်ကို ထွက်မသွားစေအောင် ဂရုစိုက်ကြပါ"
"ဟုတ်ကဲ့" ဖက်တီးက ခေါင်းညိတ်ပြီး ကျောဆန့်ကာ လျှောက်သွားတယ်။
ကူယွဲ့နဲ့ ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်ကာ ရှန်းရင်ကို လမ်းကနေ ဆွဲလိုက်တယ်။
ချန်းကျီက အမိန့်ပေးတယ်။ မြေအမတနဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေက အင်းကွက်အပြင်မှာရပ်ကာ တစ်ပြိုင်နက် သူတို့သက်ဆိုင်ရာ အင်းကွက်တွေကို အသက်သွင်းကြတယ်။ မတူညီတဲ့ အင်းကွက်တစ်ခုဆီက သူတို့ခေါင်းတွေပေါ် ပေါ်လာကြပြီး အလယ်မှာ အတူ စုဝေးလာကြတယ်။ မိနစ်ပိုင်းအကြာမှာ စောနက အင်းကွက်ကြီးက သူတို့ ခြေဖဝါးအောက် နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။ အောက်ကပင်လယ်က ပွက်ထလာတာ တစ်ခုခုက သူတို့ဆီ ခုန်ထွက်လာဖို့ ခြိမ်းခြောက်နေတဲ့အတိုင်းပဲ။
ဖက်တီးက ပိုပိုပြီးစိတ်လှုပ်ရှားနေပုံ။ သူက ဝိညာဉ်ဓားကိုဆင့်ခေါ်ကာ စည်းချိပ်တစ်ခုဖန်တီးပြီး သူ့ခြေထောက်အောက်ကမြင်ကွင်းကို တစိုက်မတ်မတ်ကြည့်နေတယ်။ သူက ကြမ်းတမ်းတဲ့သားရဲ ပင်လယ်ထဲကလွတ်မြောက်လာတာနဲ့ တားဆီးဖို့ အသင့်ပြင်နေလေရဲ့။ သူက သတိတကြီး အသိတစ်ချက်လွတ်သွားမှာကိုကြောက်နေသလိုမျိုး ဒီပုံစံအတိုင်း ရပ်နေတေယ်။ သူက ဖြစ်ချင်တော့ တစ်စက္ကန့်ရဲ့ တစ်ပုံစာလောက် အကြည့်လွှဲမိသွားချိန် သူ့အဖော်၃ယောက်က ဘေးမှာ သက်သောင့်သက်သာ ရပ်နေတာကိုမြင်လိုက်ရတယ်။ သူတို့က အခုလက်ရှိ ဘာအရေးတကြီးကိစ္စမှ ဖြစ်မနေသလိုမျိုး အေးဆေးတဲ့ပုံစံ ပေါက်နေတယ်။ အသီးကိုက်ရင်း အလုပ်ရှုပ်နေတဲ့ရှန်းရင် မပြောနဲ့ ကူယွဲ့ရော ယိချင်းတောင် သူတို့ခြေထောက်အောက်က အင်းကွက်ကိုကြည့်မနေဘူး။
ဟမ်။
ဖက်တီးက တန့်သွားပြီး သူတို့ကို ကြည့်ကာ ဇဝေဇဝါဖြစ်နေတယ်။
"ဆရာ အင်းကွက်ကို စောင့်ကြပ်ရမှာ မဟုတ်ဘူးလား"
သူ တစ်ယောက်တည်း ဘာလို့ အဲလောက်စိတ်ပူပန်နေသူ ဖြစ်နေရတာလဲ။
"မင်းဘာ သွေးပျက်နေတာလဲ" ကူယွဲ့က သူ့ကိုငတုံးလားဆိုတဲ့ပုံနဲ့ ကြည့်တယ်။
"သရုပ်ဆောင်တွေက နေရာကိုရောက်ပေမဲ့ ပြဇာတ်မစသေးဘူး"
"ဟမ်" ဘာဆိုလိုတာလဲ။
ဖက်တီး မတုံ့ပြန်နိုင်ခင် သူတို့ခေါင်းပေါ်က စည်းချိပ်က ပြီးမြောက်သွားပြီ။ သူတို့ ခြေထောက်အောက်က အင်းကွက်နဲ့ဆင်တယ်။ စည်းချိပ်က တဖြည်းဖြည်း အပေါ်က ဆင်းသက်လာတယ်။ အောက်က အင်းကွက်နဲ့ ပေါင်းစည်းတော့မှာ။
ရုတ်တရက် တစ်စုံတစ်ခု စုတ်ဖြဲခံရသံကိုကြားလိုက်ရတယ်။ အင်းကွက်နှစ်ခုကြား ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခု ပေါ်လာတယ်။ သူတို့ခြေထောက်အောက်က အင်းကွက် အလယ်တည့်တည့်မှာတင်ပဲ။ ယင်ချီက တစ်ခါတည်း ကောင်းကင်နဲ့ အင်းကွက်ကို ဖုံးလွှမ်းသွားလေရဲ့။
စည်းချိပ်... ပေါက်သွားပြီ
"မကောင်းတော့ဘူး" ဖက်တီး ရင်ထိတ်သွားကာ တစ်ဖက်လှည့်ပြီး ချန်းကျီဘက် အော်လိုက်တယ်။
"နန်းအရှင် သားရဲက..."
သူ စကားမဆုံးခင် ချန်းကျီက ဖက်တီးကို စပ်ဖြဲဖြဲပြုံးပြတာ မြင်လိုက်ရတယ်။ သူက အရင်နဲ့ တစ်ပုံစံတည်းဆိုပေမဲ့ ဒီတစ်ကြိမ်တော့ အများကြီး ပိုကောက်ကျစ်နေတယ်။ ဖက်တီးရင်ထဲ တင်းကြပ်သွားပြီး ကျောစိမ့်သွားခဲ့တယ်။
အဲတော့မှပဲ ဘာဖြစ်နေလဲဆိုတာ သူနားလည်သွားလေရဲ့။
သူ့ကိုယ်သူ စိမ့်ဝင်သွားပြီး မျက်စိရှေ့က အရာအားလုံး မှောင်မည်းသွားခဲ့တယ်။ သူတို့တွေ ကောင်းကင်နဲ့ မြေကြီးအစစ်ဆီ ကျဆင်းခဲ့တယ်။ သူတို့ခေါင်းပေါ်က အင်းကွက်က ပျောက်သွားပြီ။ သူတို့ပတ်လည်က အရာအားလုံးဟာ အခု တိတ်ဆိတ်နေတယ်။ တစ်ခုတည်းသောအသံက ရှန်းရင် အသီးကို တဂျွတ်ဂျွတ်စားနေသံပဲ။
ကူယွဲ့က ပတ်ဝန်းကျင်ကို ဖန်တီးဖို့ မီးဓာတ်ဂါထာတစ်ခု ဖန်တီးလိုက်တယ်။ သူတို့ မြင်ရတာကတော့ တခြားအရာ။ အရာအားလုံးဟာ ပိန်းပိတ်အောင် မှောင်မည်းနေဆဲပဲ။
"ဆရာ..." ဖက်တီး ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ သူ့ကြည့်ရတာ နာကျင်နေပုံ။
"ဘာဖြစ်နေတာလဲ" ကူယွဲ့က မျက်ဆန်လှန်တော့တယ်။
"သူများ လိမ်တာခံရတာ မင်းအတွက် ပထမဆုံးအကြိမ်မို့လား၊ အဆင်ပြေတယ်၊ မကြာခင် မင်း နေသားကျသွားလိမ့်မယ်"
"...." အဲဒါ ဘယ်လိုမျိုး သဘောတရားကြီးတုံး။ ဖက်တီးရဲ့ အမူအရာက မည်းမှောင်သွားတယ်။ ဘာကြောင့်မှန်းမသိ သူ လွန်ခဲ့တဲ့တစ်စက္ကန့်ကလောက် ဝမ်းမနည်းတော့သလိုပဲ။ တစ်ခဏနေတော့ သူကပြောတယ်။ "ဆရာ ဆိုလိုတာ နန်း... ချန်းကျီပြောတဲ့ စည်းချိပ်ထဲက သားရဲက အလိမ်အညာလား၊ သူက တမင် ကျွန်တော်တို့ကို ဒီဆီတမင်ခေါ်လာတာလား"
"စည်းချိပ်ကတော့ သေချာပေါက် အလိမ်အညာပေမဲ့ သားရဲကတော့ မဟုတ်လောက်ဘူး"
"အာ" ဖက်တီးက တန့်သွားတယ်။
ဝေါ~
ကျယ်လောင်တဲ့ ဟိန်းဟောက်သံက ပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်သံ ထပ်သွားခဲ့တယ်။ အနီရောင်အလင်းနှစ်လုံးက သူတို့နဲ့ မီတာအကွာအဝေးတချို့မှာ ပေါ်လာပြီး နီးသထက်နီးလာတယ်။ သေချာစစ်ဆေးလိုက်တော့ သူ မျက်လုံးတစ်စုံကို စိုက်ကြည့်နေမိတယ်ဆိုတာ သိလိုက်ရတယ်။ မျက်လုံးတစ်စုံက ကြောက်မက်စရာ သားရဲကြီးတစ်ကောင်နဲ့ တွဲနေပေမဲ့ သူ့အရွယ်အစားနဲ့ပုံစံကို သေချာမသိရ။ သားရဲက အမည်းရောင်။ ပိန်းပိတ်အောင် မည်းနေတဲ့ယင်ချီထဲ သူက ပါးစပ်ကို ဟလိုက်တော့ အုပ်စုဆီ တန်းတန်းမတ်မတ်ဦးတည်နေတဲ့ ချွန်မြနေတဲ့သွားတွေ ပြလာတယ်။
ဖက်တီးရင်ထိတ်သွားတယ်။ နောက်အခိုက်အတန့်မှာ သူ့ကိုယ်က တစ်ခုခု ဖမ်းဆီးခံထားရသလိုမျိုး လှုပ်မရတော့ဘူး။ သူ့ကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ခြေမွှပစ်ချင်နေတဲ့ ကောင်းကင်ထဲက ဖိနှိပ်မှုအရှိန်အဝါက ခြိမ်းခြောက်နေလေတယ်။ သူ ဒူးထောက်ကျတော့မို့ရှိသေး ကူယွဲ့က သူ့လက်မောင်းကို ဖမ်းကာ ထူပေးထားတယ်။
သားရဲကြီးက သူတို့ကို ကိုက်ချဖို့လုပ်တယ်။ ယိချင်းက ခုခံမို့ရှိသေး။ အဲအချိန် ရှန်းရင်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ အေးစက်တဲ့အသံနဲ့ ပြောတယ်။
"နံလိုက်တာ" နောက်တော့ သူမက လက်ကို မြှောက်ပြီး သားရဲပါးကို ရိုက်ချလိုက်တယ်။
"ငါတို့ဆီ လေမှုတ်ထုတ်တာ တော်တော့လို့ပြောနေတယ်" သူ့အာပုတ်စော်နံ့အကြောင်း ပိုပြီး ကိုယ့်ကိုယ်ကိုယ် အသိတရားရှိပေးလို့ရမလား။
အဲလိုနဲ့ ခက်ထန်တဲ့ သားရဲက နောက်ကိုပျံသန်းသွားပြီး မြေကြီးပေါ် ဝုန်းခနဲ ဆင်းသက်သွားခဲ့တယ်။ သူတို့ တစ်ခုခု အက်ကွဲသံကိုပါ မသဲမကွဲကြားလိုက်ရလေရဲ့။
ဂျွတ်¬
သားရဲကိုယ်ဘေးက ထူထဲတဲ့ယင်ချီက လွင့်ပျံ့စပြုလာတယ်။ သူ့ခေါင်းက မြေကြီးထဲက အက်ကွဲကြောင်းတွေကြား ညပ်နေရှာတယ်။ ဘယ်လောက်ရုန်းရုန်း မလွတ်။ သူက အက်ကွဲကြောင်းတွေ ကြားထဲကနေ မျက်လုံးနီတွေနဲ့ အုပ်စုကို ခိုးကြည့်ရုံပဲတတ်နိုင်တယ်။ သားရဲက ကူကယ်ရာမဲ့စွာ တုန်ယင်လာတယ်။ အချိန်အတော်ကြာမှ သူ့ဆီက ခပ်တိုးတိုးအသံထွက်လာရှာတယ်...။
"မြောင်..."
ဖက်တီး ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ရှေးဟောင်း ခက်ထန်တဲ့သားရဲဖြစ်ရမှာ မဟုတ်ဘူးလား။
စားဖိုမှူး တိတ်တဆိတ် ဓားကိုသိမ်းလိုက်တယ်။ သူသာ စောစောသိခဲ့ရင် စောစောလှုပ်ရှားမိမှာ။ အဲဆို ဆရာ ဝင်ပါဖို့ ဒုက္ခများရတော့မှာ မဟုတ်ဘူး။
…
အခန်း ၄၉၁ ။ ကြမ်းတမ်းသောသားရဲနှင့် အိမ်မွေးသားရဲ
ဖက်တီးက ရှန်းရင်နဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခံရသလိုမျိုး ခံစားလိုက်ရတယ်။ သူက သူမကို ခေါင်းစခြေဆုံး စေ့စေ့စပ်စပ် ကြည့်ကာ မယုံနိုင်ကြည်စွာ စိုက်ကြည့်နေလေရဲ့။ မိန်းကလေးရှန်းက ဒီလောက်တောင် ကြောက်စရာကောင်းတာလား။
သူ့အကြည့်ကို အာရုံခံမိသလိုမျိုး ရှန်းရင်က ရုတ်တရက် လှည့်လာကာ သူမ ဆန့်တန်းထားတဲဘလက်နဲ့ တစ်ခုခုကို ကမ်းပေးပြီး လေးနက်တဲ့အမူအရာနဲ့ မေးတယ်။
"အသီးစားချင်လို့လား"
"ဟမ်" ဖက်တီးက တုံ့ဆိုင်းသွားပြီး သူမလက်ပေါ်က သိသိသာသာ ကိုက်ထားတဲ့ အသီးကို ကြည့်လိုက်တယ်။ ဘာလို့ သူမက သူ့ကို အသီးကျွေးနေပြန်တာလဲ။
ခဏနေဦး၊ သူမက ဒီအသီးကို သားရဲရဲ့ သွားရည်တွေ စဉ်ကုန်တာ သတိထားမိလို့ သူ့ဆီ ပေးနေတာလား။
ဟင့်အင်း ဟင့်အင်း ဟင့်အင်း၊ မိန်းကလေးရှန်းက သေချာပေါက် ဒီလိုလူမဟုတ်ပါဘူး၊ သူ ထိတ်လန့်သွားတာကို သတိထားမိပြီး သူစိတ်ငြိမ်အောင် ပေးချင်တာပဲနေမှာ။ တစ်ဝက်ပဲ ရှိတာကတော့ သေချာပေါက် ဒီတစ်လုံးပဲ ကျန်လို့နေမယ်၊ သေချာပေါက်ပဲ။
"မလိုပါဘူး၊ ကျေးဇူးတင်ပါတယ် မိန်းကလေးရှန်း" ဖက်တီးက ခေါင်းယမ်းတယ်။
"အိုး" ရှန်းရင်က စိတ်ပျက်စွာ လက်ပြန်ရုပ်ပြီး နောက်တော့... ပစ်ထုတ်ကာ အသစ်ထပ်ထုတ်ပြီး ဆက်ကိုက်ဝါးလေတယ်။
ဖက်တီး ။ ။ "..."
သူ တစ်နေရာရာမှာ အထိုးခံလိုက်ရသလိုပဲ၊ နာလိုက်တာ။
"ဒါ ဘယ်နေရာလဲ" ရှန်းရင် မေးလိုက်တယ်။
"ရေအောက်ဖြစ်မယ်"
ကူယွဲ့ကဖြေပြီး ပုလဲတစ်လုံးထုတ်ကာ သူတို့ပတ်ဝန်းကျင်က ချက်ချင်းလင်းထိန်သွားခဲ့တယ်။ သူတို့ပတ်လည်က ဝန်းကျင်တင်မက မြင်ရသလောက်ထိ တစ်နေရာလုံး လင်းထိန်သွားခဲ့တာ။
နောက်တော့ ဖက်တီး သူတို့တကယ်ပဲ ရေအောက်မှာဖြစ်နေတာကိုနားလည်လိုက်ရတယ်။ သူတို့ပတ်လည်မှာ ရေပူဖောင်းလို ဝင်းတစ်ခုရှိနေတယ်။ ကြည့်ရတာ သူတို့ကျကျလာချင်း ကူယွဲ့ဖန်တီးခဲ့တဲ့ အင်းကွက်အစီအရင်ပဲ။
လုံးဝကို ဘာမှမရှိတဲ့ ရေအောက်ပဲ။ တုန်ယင်နေတဲ့ သားရဲကလွဲ တခြားဘာမှမရှိ။ ဒီနေရာက သိပ်မကျယ်သလို တစ်ဖက်နဲ့တစ်ဖကိ ဆယ်ပေလောက်ပဲရှည်တယ်။ သူတို့တွေ အကြည့်တစ်ချက်နဲ့ အဆုံးတွေကို မြင်ရတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က တကူးတက မြေကြီးကိုခွဲပြီး ဖန်တီးထားတဲ့ ရေထုထည်ဖြစ်ပုံပဲ။
ကူယွဲ့က ဝင်းကို ထိန်းချုပ်ပြီး လူတိုင်းကို ရေအောက်ဆီ ဆွဲသွင်းလိုက်တယ်။ သူတို့ ဟိုဟိုဒီဒီ ကြည့်ပြီးတာတောင် ထူးထူးခြားခြား ဘာမှသတိမထားမိ။
"ဆရာ..." ဖက်တီးက ဟိုဟိုဒီဒီရှာနေပုံရတဲ့ ကူယွဲ့ကို လှမ်းကြည့်ကာ မမေးဘဲမနေနိုင်။
"ချန်းကျီက ကျွန်တော့်ကို အရူးလုပ်နေတယ်ဆိုတာ ဘယ်တုန်းက နားလည်သွားတာလဲ" စောနက လူတိုင်းရဲ့ တည်ငြိမ်နေတဲ့အမူအရာကိုမြင်တော့ ချန်းကျီရဲ့ရည်ရွယ်ချက်ကို သိပြီးသားဖြစ်ပြီး သူတို့ဘာသာ တမင် ဒီရောက်အောင်လာတာ ဖြစ်ကြောင်း ထင်ရှားတယ်။
ကူယွဲ့က သူ့ကို တစ်ချက် ဝေ့ကြည့်ပြီးဖြေလိုက်တယ်။
"ငိုကြွေးသားရဲကို ဒီမှာပိတ်ထားတယ်လို့ ပြောတည်းကပဲ"
"..." အဲဆို အစတည်းက မဟုတ်ဘူးလား။
"ချန်းကျီက ငါတို့ကို ဒီအရှုပ်အထွေးထဲ ဆွဲမသွင်းချင်သလိုမျိုး ထောက်ထားတဲ့အမူအရာနဲ့ ပြုမူပေမဲ့ ထိန်းတောင်မထိန်းဘဲ ငိုကြွေးသားရဲ့ချိပ်ပိတ်မှုနဲ့ ပတ်သက်ပြီး အားလုံးကို ချပြတယ်"
ကူယွဲ့က အေးစက်စက် နှာမှုတ်တယ်။
"သူက ငါတို့ကိုထွက်သွားစေချင်တယ်လို့ပြောပေမဲ့ စည်းချိပ်ပိတ်မှုအကြောင်း ပြောပြခဲ့ပေမဲ့ ဒါက ငါတို့ကို ဆွဲချချင်နေတာ မသိသာဘူးလား" သူတို့ကို တောင်အောက်ခေါ်သွားမယ်ဆိုတဲ့ တပည့်ကတောင် ကူယွဲ့ စကားလုံးတချို့သာ ပြောရသေး သူတို့ကို ဒီနေရာဆီ ခေါ်လာတယ်။ အရာအားလုံးကို အစတည်းက စီစဉ်ခဲ့ပြီး ဒီလိုငါးစာချတဲ့ ဈေးပေါပေါအကွက်တွေကို သူ မပြောနိုင်ဘူးလို့များ ထင်နေကြတာလား။
"သူက စည်းချိပ်ကို လွန်ခဲ့တဲ့လပိုင်းတည်းက မတည်ငြိမ်ဘူးဆိုပြီး ထပ်တလဲလဲပြောနေတာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့တစ်လကမှ ငါတို့ ဟော်ရန်နန်းဆီ ရောက်လာတာလေ၊ တကယ်လို့ သူသာ ငါတို့ကို တကယ် မပတ်သက်စေချင်ရင် အဲတုန်းက ငါတို့ကို ဒီနေရာဆီခေါ်လာဖို့ အကြံပေးခဲ့မှာလဲ"
ဖက်တီးရဲ့ မျက်နှာရိပ်မျက်နှာကဲ ပျက်သွားခဲ့တယ်။ တကယ်ပဲ စည်းချိပ်က ကျိုးတော့မယ်ဆိုတာ သိပေမဲ့ သူတို့ကို တောင်ပိုင်းမြေထိ ဆွဲခေါ်လာပေမဲ့ သူတို့ကို ထွက်သွားဖို့ အကြံပေးနေတယ်။ ဒါက အတော်လေး သဘောသဘာဝ မကိုက်ညီဘူး။
"သူတို့ထဲက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ကျဆုံးပြီး ငါတို့ အဲနေရာကို ဖြည့်ပေးဖို့လိုတာ ဘယ်လိုလုပ် အဲလောက်တိုက်ဆိုင်နိုင်ရမှာလဲ"
ပိုပြီး အရေးကြီးတာ ဒီသားရဲက ငိုကြွေးသားရဲ။ ကြမ်းတမ်းတဲ့သားရဲတွေက တကယ်ကို ကြောက်ခမန်းလိလိဖြစ်ပြီး သူတို့က သဘာဝအလျောက် ပရမ်းပတာအရှိန်အဝါနဲ့ လာတာဆိုတော့ ကောင်းကင်မျိုးနွယ်ကပဲ သူတို့ကို ရင်ဆိုင်နိုင်တာ။ တစ်ကောင်ကို လွှတ်ပေးလိုက်တာက ကမ္ဘာငယ်လေးတစ်ခုကို ဖျက်ဆီးနိုင်တယ်။ ဒါပေမဲ့ ငိုကြွေးသားရဲကတော့ သူတို့ထဲက တစ်ယောက် မဟုတ်ဘူး။ သူတို့ထိပ်မှာ ရှိနေတုန်းက စားဖိုမှူးက သူတို့ကို ငိုကြွေးသားရဲက မြေအဆင့်သားရဲသာ ဖြစ်ကြောင်း စိတ်ထဲကနေ သတင်းလှမ်းပို့ခဲ့တယ်။
မြေသားရဲဆိုတာက သူနေထိုင်ရာ မြေကြီးရဲ့သွေးကြောနဲ့ ချိတ်ဆက်ပြီး မြေသားရဲတွေက သူတို့တစ်ဘဝလုံး နေထိုင်ရာကနေ ထွက်သွားလို့မရဘူး။
ဆိုလိုတာ ဝိညာဉ်သားရဲက အိမ်မွေးသားရဲသာသာပဲ။ အသက်ခြိမ်းခြောက်ခံရတဲ့ အကျပ်အတည်း မဟုတ်သရွေ့ လုံးဝ လျှောက်သွားမှာ မဟုတ်ဘူး။ တခြားသူတွေက ဒါနဲ့ပတ်သက်ပြီး မရှင်းလင်းပေမဲ့ ကောင်းကင်မျိုးနွယ်ထဲ သူ့အမွေအနှစ်ရှိတဲ့စားဖိုမှူးကတော့ နားလည်မှုအပြည့်ရှိတယ်။
ဒီကိစ္စမှာတော့ သူတို့ရဲ့ အင်းကွက်အစီအရင်ချိပ်ပိတ်မှုအကြောင်း တမင်သက်သက် ပြောပြတဲ့ အကြံအစည်က အင်မတန်သိသာတယ်။ ဒါ သူတို့ကို ငါးစာမျှားခဲ့တာပဲ။
"ဒါပေမဲ့... ဟော်ရန်နန်းနဲ့ ကျွန်တော့်ကြား ဘာရန်ငြိုးမှ မရှိဘူးလေ၊ ဘာလို့ သူတို့က ဒီလိုလုပ်ရတာလဲ"
ဖက်တီးက နားမလည်နိုင်သေး။
ကူယွဲ့က သူ့ကိုခေါင်းစခြေဆုံးကြည့်လာတယ်။
"တခြားဘာရှိသေးလို့လဲ"
ဖက်တီးက အူတူတူဖြစ်ပြီး သူ့ကိူယ်သူ လက်ညှိုးထိုးပြတယ်။
"ကျွန်တော်လား"
"ငါတို့နဲ့ ဒီမှာ တခြားရွှမ်းကျန့်အသား ရှိလို့လား"
ရွှမ်းကျန့်အသားဆိုတာ ဘာကြီးတုန်း။
"ဒါ... ဒါပေမဲ့ သူတို့က ဗုဒ္ဓကျင့်ကြံသူတွေလေ"
ဖက်တီးမျက်လုံးတွေ မယုံကြည်နိုင်စွာ ပြူးကုန်တယ်။
"သူတို့က တကယ့်ဗုဒ္ဓကျင့်ကြံသူတွေ ဟုတ်ရဲ့လား ဘယ်သိမလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"သူတို့တွေ ငါတို့ကို ပိတ်လှောင်ထားဖို့ တစ်ခုခုတော့ ဝှက်ဖဲရှိမှာပဲ၊ ဒီမှာ သားရဲအပြင် တခြားဘာရှိသေးလဲ ရှာကြည့်ရအောင်"
သူတို့တွေ နောက်တစ်ကြိမ် ရှာပေမဲ့ ထူးခြားတာဘာမှမတွေ့သေး။
"စားဖိုမှူး မင်းတစ်ခုခုရှာတွေ့လား"
ယိချင်းကလည်း ခေါင်းယမ်းတယ်။
"ဒီနေရာတစ်ခုလုံးကို တစ်ချက်တည်းနဲ့ မြင်ရတယ်၊ ထူးဆန်းနေတာ မရှိဘူး"
"ထူးဆန်းလိုက်တာ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ဘာလို့ သူတို့တွေက ငါတို့ကို ဒီမှာပိတ်လှောင်ထားဖို့ ခဲရာခဲစစ်ကြိုးစားကြတာလဲ"
"သူတို့က ဘာမှမလုပ်ချင်တာဆိုရင်ရော" ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
နှစ်ယောက်သား တုံ့ဆိုင်းသွားကာ ချက်ချင်း နားလည်သဘောပေါက်သွားခဲ့တယ်။
ဟုတ်တယ်၊ အဲလူတွေက သူနဲ့စားဖိုမှူးလုပ်နိုင်စွမ်းတွေကို မသိကြဘူး။ အများဆုံးမှ သူတို့က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေလို့ပဲထင်မှာ။ ပုံမှန်အခြေအနေတွေမှာ သူတို့ ဝင်လာပြီး အထဲမှာ ခက်ထန်တဲ့သားရဲတစ်ကောင်ရှိနေရင် ဖြစ်နိုင်ခြေအများဆုံးက...။
မျက်လုံးသုံးစုံက တစ်ပြိုင်နင် အောက်ခြေက သားရဲဆီ အကြည့်ရောက်သွားတယ်။
အက်ကွဲကြောင်းထဲ ခေါင်းညပ်နေဆဲ သားရဲတစ်ကောင်က ကြောင်အမ်းကာ ပိုပြီးတောင် တုန်ရင်နေတော့တယ်။
မြောင် မြောင် မြောင်။
(; ́༎ຶД༎ຶ`)
ကူယွဲ့ နှုတ်ခမ်းတွန့်သွားပြီး ချိန်းကြိုးတစ်ခုက လက်မြှောက်လိုက်တော့ ပေါ်လာကာ သားရဲကို ချည်နှောင်ပြီး ငိုကြွေးသားရဲကို ဆွဲထုတ်ချင်တဲ့ဆန္ဒနဲ့ အတင်းဆွဲလိုက်တယ်။ နောက်ဆုံးတော့ ထွက်လာတဲ့သားရဲက သွေးပျက်နေတဲ့အကြည့်နဲ့ မော့ကြည့်တယ်။ တိတိကျကျပြောရရင် သနားစရာပုံစံနဲ့ ရှန်းရင်ကို မော့ကြည့်တာဖြစ်ပြီး စတင်တုန်ရင်လာပြန်တယ်။
"မြောင်~~" ညည်းတွားသံနဲ့အတူ သူက တစ်ဖက်လှည့်ကာ ရုတ်ခြည်း ပြေးသွားပြီး ခေါင်းကို နောက်တစ်ကြိမ် ထိုးထည့်လိုက်ပြန်တယ်။ ဒီတစ်ကြိမ်တော့ ညပ်နေတာမဟုတ်ဘဲ သူ့တစ်ခေါင်းလုံးက အက်ကွဲကြောင်းထဲဝင်သွားကာ အပြင်ဘက်မှာ ချီမည်းအထူကြီးနဲ့ ကိုယ်ပဲကျန်ခဲ့ပြီး ပြိုကွဲတော့မလို တုန်ယင်နေရှာတယ်။
ဖက်တီး ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘယ်လောက်တောင် ကြောက်တတ်လိုက်တာလဲ။ တစ်ချက်လေး ရိုက်ခံရရုံကို။
ကူယွဲ့ ထပ်ဆွဲထုတ်ရုံသာတတ်နိုင်ကာ အဲမြေကြီးထဲက အက်ကွဲကြောင်းကို ပြန်ပြားအောင် မြေဂါထာတစ်ခု သုံးလိုက်ရတယ်။ ငိုကြွေးသားရဲက ပုန်းစရာနေရာမရှိတော့ အသည်းအသန် လှည့်ပတ်ပြီး မျက်လုံးတွေကို ရုတ်တရက် ပိတ်ကာ လူးလှိမ့်ပြီး မြေကြီးပေါ် ဘုတ်ခနဲ ကျသွားပြီး မလှုပ်မယှက်ရှိနေတယ်။ သေချင်ယောင်ဆောင်နေလေရဲ့။
သုံးယောက်သား ။ ။ "..."
ဒီသေချင်ယောင်ဆောင်တဲ့ သရုပ်ဆောင်မှုက အမှတ်သုညပဲ သူတို့ကန်းနေတယ်များထင်နေလား။
ကူယွဲ့ သက်ပြင်းချကာ စိတ်ထဲမထားတော့ဘူး။
"တကယ်လို့ ချန်းကျီတို့ရည်ရွယ်ချက်က ဖက်တီးရဲ့ အသွေးအသားကိုဆို သူတို့ ဒီနေရာဆီ သူ့ကိုပို့တာက အဓိပ္ပာယ်မရှိဘူး" ငိုကြွေးသားရဲကလည်း အသွေးအသားစားရတာကြိုက်တယ်။ ဖက်တီးစားခံရတာ သူတို့အတွက် ဘာကောင်းမှာလဲ။ ကူယွဲ့ ကြောက်လန့်နေတဲ့ သားရဲကို လှမ်းကြည့်လိုက်တယ်။
"မဟုတ်မှလွဲ... ဒီငိုကြွေးသားရဲနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတာရှိလို့လား"
ကူယွဲ့ ရုတ်တရက် တစ်ခုခုတွေးမိသွားပြီး ယိချင်းဘက်လှည့်လိုက်တယ်။
"စားဖိုမှူး မင်းသိုလှောင်အိတ်ထဲက သားရဲတစ်ကောင်ကို ငိုကြွေးသားရဲဆီ ပစ်ကြည့်စမ်း"
ဆရာတပည့်နှစ်ယောက်လုံး ချက်ချင်း သူ့ဘက် လှည့်လာပြီး မကျေမချမ်းတဲ့ လှိုင်းတွေ သူ့ဆီပို့တော့တယ်။
ရှန်းရင် ။ ။ အဲဒါတွေက စားဖို့လေ
ယိချင်း ။ ။ အဲဒါတွေက ဆရာ့ဟာ
"ကောင်းပြီလေ၊ အဆိုးဆုံးမှငါ မင်းတို့ စားစရိတ်နဲ့ ပြန်လျော်ပေးမယ်"
...
အခန်း ၄၉၂ ။ ဝိညာဉ်ထိန်းဆေးပင်၏ လျှို့ဝှက်ချက်
ယိချင်းက သိုလှောင်အိတ်ကို ချီတုံချတုံနဲ့ မဖွင့်ခင် ရှန်းရင်ကို တစ်ချက်ကြည့်လိုက်ပြီး အချိန်အတော်ကြာ ရွေးချယ်ပြီးနောက်မှ နောက်ဆုံးတော့ သူ ကီလိုဝက်လေးတဲ့ ငါးတစ်ကောင်ကို ဆွဲထုတ်ကာ လွှဲပေးလိုက်တယ်။ "ဒီမှာ"
ဒါက အသေးဆုံးပဲ။
ကူယွဲ့ လှည့်ပြီး အောက်က သားရဲဆီကို ပစ်ချလိုက်တယ်။
ကြောက်လွန်းလို့၊ ငိုကြွေးသားရဲက လှုပ်တောင် မလှုပ်ဘဲ၊ သေချင်ယောင် ခက်ခက်ခဲခဲ ကြိုးစားပြီး မြေကြီးပေါ်မှာ တောင့်တင်းနေတယ်။
"စားဖိုမှူး ရှန်းရင်ကို အဝေးခေါ်သွားချေ"
ယိချင်းက နောက်ထပ် ရေပူပေါင်းတစ်ခုဖန်တီးပြီး သူ့ဆရာကို နည်းနည်း ဝေးဝေး ခေါ်သွားလိုက်တယ်။
အချိန်ခဏအကြာမှာတော့ ငိုကြွေးသားရဲက နောက်ဆုံးတော့ လှုပ်လာတယ်။ မည်းနက်နေတဲ့ယင်ချီနဲ့ သူ့ကိုယ်က ရုတ်တရက် အရှိန်အဝါငယ်လေးတစ်ခု တန်းထွက်လာပြီး ဂရုတစိုက်နဲ့ ဘေးက ငါးဆီ ရွှေ့သွားတယ်။ ဘယ်သူမှမတားဘူးဆိုတာကို အတည်ပြုလိုက်သလိုမျိုး သူက ခါးကိုမတ်ကာ ငါးပေါ် လှစ်ခနဲခုန်အုပ်တယ်။ သူ့ကိုယ်ပေါ်က အရှိန်အဝါက ကိုယ်နဲ့ခွဲထွက်သွားပြီး ငါးကိုသွားရစ်ပတ်တယ်။
တစ်ခဏအတွင်းမှာတင် ငါးအရိုးစုအကောင်းတိုင်းကို သူ့ပါးစပ်ကနေ ထွေးထုတ်လာတယ်။
ကူယွဲ့ ကြောင်အမ်းသွားတယ်။
"အရိုးတွေ မစားဘူး"
အချက်အလက်အရဆို ယင်ချီနဲ့ လုပ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် သားရဲတွေက ဘာကိုမဆို အစာချေနိုင်သင့်တာ။ ပြီးတော့ မိစ္ဆာသားရဲဖြစ်ပါစေ လူကျင့်ကြံသူဖြစ်ပါစေ သူတို့အရိုးထဲက ဝိညာဉ်စွမ်းအင်က အသွေးအသားထဲက ဟာတွေထက်တောင် ပိုများပေမဲ့ ငိုကြွေးသားရဲက အရိုးမစားတော့ ချန်းကျီ အကြံက...။
ငိုကြွေးသားရဲက ဟိုဟိုဒီဒီလူးလှိမ့်ပြီး နောက်တစ်ကြိမ် ဗိုက်ကိုအပေါ်မြှောက်နေတာမို့ အလိုလို သေချင်ယောင်ဆောင်လိုက်ပြန်တယ်။
"ဟမ်၊ သူ့ဗိုက်ပေါ် တစ်ခုခုရှိပုံပဲ" ဖက်တီးက ရုတ်တရက် အောက်ဘက်ကို လက်ညှိုးထိုးပြတယ်။
ကူယွဲ့ သေချာကြည့်လိုက်တယ်။ သေချာပေါက်ပဲ ငိုကြွေးသားရဲရဲ့ ဗိုက်သားပေါ်တစ်ခုခုဆွဲထားတယ်။ စောနက ထူထဲတဲ့ယင်ချီ ကွယ်နေလို့ သူသတိမထားမိခဲ့တာ၊ အဲမှာ အဖြူရောင် အလင်းကြောင်းတစ်ခု ရှိနေပုံပဲ။
သူက စားဖိုမှူးကို ပြန်ခေါ်ကာ အောက်ကို ပျံသွားပြီး သေချာကြည့်လိုက်တယ်။
"ဒါ... အင်းကွက်အစီအရင်ပဲ" အမည်းရောင်ချီထုကြား တကယ်ပဲ အင်းကွက်အစီအရင်တစ်ခုရှိနေပြီး ခုမှ အသက်သွင်းလိုက်သလိုမျိုး အဖြူရောင်အလင်း တောက်ပနေတယ်။ ငိုကြွေးသားရဲ တုန်ယင်လာလေ အင်းကွက်အစီအရင်က ပိုတောက်ပလာလေပဲ။
"ကြည့်ရတာ နေရာရွှေ့ပြောင်းအစီအရင်ထင်တယ်" ယိချင်းကပြောလာတယ်။
သူ့ စကားဆုံးရုံရှိသေး အဖြူရောင်အလင်းက သူတို့မျက်စိရှေ့တောက်ပလာကာ တစ်စုံတစ်ခုက အင်းကွက်ထဲ တန်းပျံသန်းသွားတယ်။ ကူယွဲ့ လှည့်လိုက်တော့ မြေကြီးပေါ်မှာ စောနကရှိနေခဲ့တဲ့ငါးရိုးက ပျောက်သွားပြီဆိုတာ မြင်လိုက်ရတယ်။
ချန်းကျီတို့ရဲ့ ရည်ရွယ်ချက်က ထင်ထားတဲ့အတိုင်းပဲ၊ ဖက်တီးရဲ့အရိုးတွေ
ကူယွဲ့ စိတ်ထင့်သွားကာ လူတိုင်းကို မော့ကြည့်လိုက်တယ်။
"သွားကြစို့၊ အင်းကွက်ထဲဝင်ကြမယ်"
သူက ဂါထာတစ်ခုဖန်တီးပြီး ငိုကြွေးသားရဲကိုယ်ပေါ်က နေရာရွှေ့ပြောင်းအစီအရင်ကို သူတို့ရှိနေတဲ့နေရာဆီ တန်းအသက်သွင်းလိုက်တယ်။ တစ်ခါတည်း အဖြူရောင်အလင်းက တောက်ပစွာ ထိန်လင်းလာပြီး သူတို့အားလုံးကို အထဲရစ်ပတ်လိုက်တယ်။ နောက်အခိုက်အတန့်မှာ သူတို့ နောက်ထပ်ရေထုထဲ ရောက်သွားလေရဲ့။
ငိုကြွေးသားရဲရဲ့အခြမ်းက မှေးမှိန်မှုနဲ့ဆန့်ကျင်ဘက် ဒီမှာတော့ ရွှေရောင်အလင်းတွေ ထိန်လင်းနေလေတယ်။ နည်းနည်းတောင် မျက်စိကျိန်းစရာကောင်းလေရဲ့။ ရွှေရောင်အလင်းတန်းတွေ အောက်ခြေကနေတောက်ပလာတာ ရေထုထည်တစ်ခုလုံးကို ရွှေရောင်ဆိုးထားတဲ့အတိုင်းပဲ။
ငုံ့ကြည့်လိုက်ဆော့ သူတို့တွေ ရေအောက်ကြမ်းပြင်ပေါ် ရွှေရောင်အလင်းတွေ တောက်ပနေတာကို မြင်လိုက်ရပြီး ဒီအလင်းက ထူးခြားတယ်။ ခက်ထန်မှု နည်းနည်းမှမပါဘဲ အနွေးဓာတ်နဲ့ လာတာ... ဒါ ကုသိုလ်အလင်းလား
ကူယွဲ့ ထိတ်လန့်သွားပြီး အလိုလိုအောက်ကိုနှိမ့်ဆင်းလိုက်တယ်။ သူတို့မျက်စိရှေ့ပေါ်လာတဲ့မြင်ကွင်းက ထိတ်လန့်စရာကောင်းလွန်းလို့ လူတိုင်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိလေရဲ့။
လူ့အရိုးတွေ။
အရိုးတွေ နေရာတိုင်းမှာပဲ၊ သူတို့တွေက ရေအောက်ကြမ်းပြင်မှာ ကြားကွက်လပ်မရှိပြည့်နေတဲ့အထိပဲ။ တစ်ချက်ကြည့်ရင် ရာချီလောက်ရှိပုံပေါ်ပြီး တချို့က ဟောင်းနွမ်းနေတာများ တချို့တစ်ဝက်က ရွှံ့တွေထဲ ရောက်နေပြီ။ တချို့ကတော့ သူတို့ရှေ့ ပကတိပေါ်နေပေမဲ့ မပြည့်စုံ။ တချို့ဆို သိသိသာသာ ကျိုးပဲ့နေတဲ့ အရိပ်လက္ခဏာတွေတောင် ရှိသေးတယ်။ ဒါပေမဲ့ ခြွင်းချက်မရှိ ဒီအရိုးတွေအားလုံးက ခပ်ဖျော့ဖျော့ ရွှေရောင်အလင်း ထွက်နေပြီး ရေထဲကအလင်းရောင်အားလုံးက သူတို့ဆီကပဲ။
သူတို့ မှင်တက်နေပြီး အချိန်အတော်ကြာတဲ့အထိ အသံမထွက်မိဘူး။
ဖက်တီး တီးတိုးမရေရွတ်ခင်ထိပေါ့။
"ဒါတွေက... ရွှေကိုယ်ထည်တွေ... ရွှေကိုယ်ထည်တွေ..." သူ့မျက်နှာက ရုတ်တရက်ဖြူဖျော့လာပြီး ထိတ်လန့်သွားသလိုမျိုး သွေးပျက်လာကာ မျက်လုံးတွေထဲက အကြည့်က မတည်မငြိမ်ဖြစ်လာတယ်။
"ဖက်တီး" ကူယွဲ့ တစ်ခဏကြေင်သွားပြီးမှ အသိစိတ်ပြန်ဝင်လာတယ်။
"ဘာဖြစ်တာလဲ၊ ဘာလို့ရုတ်တရက်ကြီး... ခဏ မင်း ဘာလို့ငိုနေတာလဲ"
"ငိုတာလား" ဖက်တီးက အူတူတူဖြစ်သွားပြီး မျက်နှာကို လက်နဲ့ ပွတ်လိုက်တယ်။ ဘယ်ချိန်က မျက်ရည်တွေနဲ့ ဖုံးနေခဲ့လဲ မသေချာပေမဲ့ မျက်နှာက ဖြူဖျော့လာပြီး အူတူတူဖြစ်နေတယ်။
"အင်း ကျွန်တော် ဘာလို့ငိုနေတာလဲ၊ ကျွန်တော် ဘာဖြစ်... ဆရာ..."
"ဟေးဟေးဟေး ဖက်တီး ဘာဖြစ်တာလဲ၊ ငါတို့ကို မခြောက်နဲ့နော်" သူ့အမူအရာက အတော်လေး မူမမှန်တာ။
"ကျွန်တော် ကျွန်တော် မသိဘူး..." ဖက်တီးက ပိုတောင် ငိုကြွေးလာကာ မျက်ရည်တွေ ပါးပြင်ပေါ်စီးကျလာပြီး အလေးချိန်ကို မခံနိုင်တော့သလိုမျိုး ဆောင့်ကြောင့်ထိုင်ချတယ်။
"ကျွန်တော်မသိဘူး... ကျွန်တော် ဒီတိုင်း... မိန်းကလေးရှန်း ကျွန်တော်ဘာလို့..."
သူက အလိုလို ရှန်းရင်ကို မော့ကြည့်မိလိုက်တယ်။ သူ့နှလုံးသားထဲ ထူးဆန်းတဲ့ခံစားချက်တစ်မျိုး တလိမ့်လိမ့် တက်လာပြီး အသက်မရှူနိုင်တော့တဲ့အထိ ဖိကျနေတယ်။ ဘာကြောင့်မှန်း မသိ သူ ရှန်းရင်ဆီ ငိုကြွေးချင်နေတယ်။ သူမကို ဘာလို့လိုချင်လဲ မသိပေမဲ့ သူ မနေနိုင်တော့ဘူး။
"မိန်းကလေး... မိန်းကလေးရှန်း... ကျွန်တော်... ကျွန်တော်..." သူ စကားထစ်ငေါ့နေပြီး တစ်ခုခုကို ပြောချင်နေသလိုမျိုးဖြစ်နေပေမဲ့ မပြောနိုင်။
ရှန်းရင်က သူ့မျက်လုံးတွေထဲကြည့်ကာ သူမမျက်ဝန်းတွေက မှေးမှိန်သွားပြီး ရုတ်တရက် လက်လှမ်းကာ သူ့ခေါင်းကို ပုတ်ပေးလိုက်တယ်။
"ငါသိပြီ"
ဖက်တီးက အူကြောင်ကြောင်ဖြစ်သွားပြီး သူ့ခေါင်းထိပ်ဖျားကနေ အနွေးဓာတ်အရှိန်အဝါ ခံစားလိုက်ရကာ နောက်ကျိနေတဲ့ခံစားချက်တွေက နောက်တော့ တည်ငြိမ်သွားခဲ့တယ်။ သူ့နှလုံးသားထဲက အဲထူးဆန်းတဲ့ခံစားချက်လည်း လွင့်ပျောက်သွားတော့တယ်။ နောက်တစ်စက္ကန့်မှာ သူဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ မေ့မျောသွားတော့တယ်။
"ဘာဖြစ်နေတာလဲ" ကူယွဲ့ အလိုလိုဖက်တီးကို ထိန်းပေးလိုက်တယ်။
"ဖက်တီးဘာဖြစ်တာလဲ"
ရှန်းရင်က စကားမပြော။ ယိချင်းအမူအရာတောင် မည်းမှောင်နေပြီး သူမဘေး ရပ်ရင်း ဒေါသတချို့ ပါဝင်နေတယ်။
"စားဖိုမှူး" သူ ယိချင်းဘက် လှည့်ရုံပဲ ရှိတော့တယ်။
ယိချင်းလက်သီးတွေ တင်းမာသွားပြီးမှ ပြန်ဖြေလာတယ်။
"ဖေဖေနျို၊ လွန်ခဲ့တဲ့ရက်ပိုင်းက ဟော်ရန်နန်းရဲ့အနားက ကျွန်းမှာ တူညီတဲ့ဝိညာဉ်ဆေးပင်မျိုးစိတ်တွေ အများကြီး တွေ့ခဲ့တယ်"
"ဘာဝိညာဉ်ဆေးပင်လဲ" ကူယွဲ့ တုံ့ဆိုင်းသွားပြီး ဘာလို့ရုတ်တရက် ဒီကိစ္စကို အစဖော်လာရလဲ နားမလည်ဖြစ်နေတယ်။
"ဝိညာဉ်ထိန်းဆေးပင်"
"ဝိညာဉ်ထိန်း..." ကူယွဲ့ မျက်လုံးတွေ ရုတ်ခြည်း ပြူးကုန်တယ်။ "ဆိုလိုတာ ဝိညာဉ်နုတ်ဆေးလုံးတွေ ထည့်ထားတဲ့ သက်စောင့်ဆေးတွေက ဟော်ရန်နန်းဆီကပေါ့"
"အင်း" ယိချင်းက ခေါင်းညိတ်တယ်။ "ယင်ချီက မကွေ့မကောက် ပင်လယ်တစ်ခုလုံးကို ဖုံးနေတာမို့ ဝိညာဉ်ထိန်းဆေးပင်တွေ ပေါက်ရောက်ဖို့အတွက် အသင့်တော်ဆုံးဖြစ်နေတယ်၊ ဒီနားက ကျွန်းတွေမှာ ဒီလိုဝိညာဉ်ဆေးပင်တွေနဲ့ ပြည့်နေတာ" အဲဒါကြောင့် သူတို့ပဲ သာမန်ဆေးလုံးတွေမှာ ဝိညာဉ်ထိန်းဆေးပင်တချို့ကို ထည့်နိုင်မှာ။ သူတို့ဆီမှာပဲ ရှိတာကိုး။
"ဒါပေမဲ့ ဒါက ဖက်တီးနဲ့ ဆိုင်လို့လား"
ယိချင်း မျက်နှာက ပိုပြီးတောင်မည်းနက်သွားတယ်။
"ဖေဖေနျို ကျွန်တော်နဲ့ ဆရာ အဲတုန်းကတွေ့ခဲ့တဲ့ ကျင့်ကြံသူဘာဖြစ်သွားလဲ မှတ်မိလား"
"အဲကျင့်ကြံသူက ပြန်ဝင်စား..." ကူယွဲ့ ပြောနေရင်း ရပ်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိကာ ဖြူဖျော့သွားရင်း။ ဖက်တီးကိုမယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်တယ်။
"အဲသက်စောင့်ဆေးမျိုပြီးတဲ့နောက်မှာ ကျင့်ကြံသူက ချက်ချင်း ပြန်ဝင်စားသွားတယ်" ယိချင်းက ဆက်ပြောတယ်။ "ဆေးလုံးက တကယ်တော့ ဒီလိုလုပ်ဆောင်ချက် မရှိဘူးလေ၊ သူ့မူလဝိညာဉ်ပေါ် အမှတ်အသား ချန်ခဲ့ရုံပဲ၊ တစ်ယောက်ယောက်က ဒီအမှတ်ကိုလိုက် သူ့ကိုရှာပြီး ဒီကမ္ဘာငယ်လေးဆီ တန်းပြန်ဝင်စားစေတာပဲ"
"အောက်ဘုံရဲ့ကျင့်ကြံသူတွေက ဒီစွမ်းရည် မရှိကြပေမဲ့ ဟော်ရန်နန်းမှာတော့ မြေအမတရှိတယ်"
ယိချင်းက အကြည့်ငုံ့သွားတယ်။ "အမတဘုံက လူတစ်ယောက်အနေနဲ့ သူက သံသရာကို နှောင့်ယှက်ဖို့ သေချာပေါက်နည်းလမ်း ရှိတာပေါ့၊ အဲထဲ ဝိညာဉ်ထိန်းဆေးပင်ကို ထပ်ပေါင်းပြီး အဲကျင့်ကြံသူကို ဒီကမ္ဘာငယ်လေးဆီပဲ ပြန်ဝင်စားစေတာ ဘယ်သူလဲ ခန့်မှန်းရမခက်ဘူး၊ ဝိညာဉ်နုတ်ဆေးလုံးနဲ့ အဲသက်စောင့်ဆေးက အမှတ်အသား ချန်ခဲ့ရုံပဲဖြစ်ပြီး ဟော်ရန်နန်းကလူတွေကို သူ့ဝိညာဉ်ကို ရှာရလွယ်စေတယ်၊ ဖက်တီးအတွက်က..."