အခန်း (၄၉၉-၅၀၁)
Vol. 34 Ch. 499-501
အခန်း ၄၉၉ ။ မျက်နှာပြင်ထဲမှ ပြဿနာ
သူတို့ပတ်လည်က အင်းကွက်က အကြမ်းပတမ်း တုန်ယင်နေတယ်။ သူတို့တွေကို အကြည်ရောင်အလွှာနဲ့ ရစ်ပတ်ထားလေရဲ့။ သေချာစစ်ဆေးကြည့်တော့ သူတို့ရှေ့တည့်တည့်ကျလာတဲ့ မီးလုံးဖြစ်နေတာ သိလိုက်ရတယ်။ အရှေ့မှာ ဆူညံနေပြီး ကြည့်ရတာ လေထဲလူတချို့ တ်ိုက်ပွဲအလယ်မှာမျောလွင့်နေပုံပဲ။ မတူညီတဲ့ဂါထာတွေ၊ မှော်အတတ်တွေက ကောင်းကင်ထဲ ပျံသန်းနေတယ်။ မြေကြီးက မီးလောင်ကျွမ်းနေတယ်။ အချိန်နဲ့အမျှ ကောင်းကင်ကနေ မိုးကြိုးတွေလည်းပစ်ချနေလေရဲ့။ မှော်အတတ်မျိုးစုံကလည်း အောက်ကို ကျနေတယ်။ အဲမီးလုံးကအဲဒါပဲ။
အုပ်စု ။ ။ "..." ဘာတွေဖြစ်နေတာလဲ။
ဟုန်မုန့် ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ သူက ထွက်ပေါက်ကို ဒီနေရာမှာ ထားထားတာ မေ့သွားခဲ့တာ။ သွေးပျက်မှု၊ အနေရခက်မှုနဲ့ သူပြောလိုက်တယ်။
"တောင်းပန်ပါတယ်၊ အရှင်တို့၊ ကျွန်တော် ဘက်မှားပြီး ထွက်ပေါက်ကို ဖွင့်မိထားတာ၊ ဒီဘက်အတိုင်း ပြန်လာပေးပါ" အဲလိုနဲ့ သူကတစ်ဖက်လှည့်ကာ နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်လိုက်တယ်။
သူတို့က သူ့ကိုသံသယနဲ့ကြည့်ကာ လမ်းကြောင်းနောက် လိုက်ခဲ့ပြီး တိုက်ပွဲကွင်းပြင်ကို နောက်မှာ ချန်ထားခဲ့တယ်။
သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားပြန်တယ်။ သူတို့က ခု ခရမ်းရောင်ချီတွေ ပြည့်နေတဲ့နေရာဆီ ရောက်သွားတယ်။ သူတို့ရှေ့ ခပ်ရှည်ရှည်နန်းတော်ကြီး တစ်ခုရှိနေပြီး နန်းတော်ရှေ့မှာ ရွှေရောင်စာလုံးတွေနဲ့ ရေးထားတယ်။ ခရမ်းညနန်းတော်။
သူတို့ အထဲကိုဝင်လာပြီး ပင်မခန်းမဆောင်ထဲ ထိုင်ချလိုက်တယ်။ ကူယွဲ့က ပထမဆုံး စကားစပြောသူ။
"ပြော- ဒီမှာဘာတွေဖြစ်နေတာလဲ၊ ကောင်းကင်တာအိုက ဘာလို့ သူ့ဘာသာ အလုပ်မလုပ်နိုင်တာလဲ"
ဟုန်မုန့်တုန်ယင်သွားတယ်။ သူအံကြိတ်ကာ သူ့မျက်နှာပြင်အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ် အားလုံးကို ရှင်းပြတော့တယ်။
အကျဉ်းချုပ်အနေနဲ့တော့ ဒီမျက်နှာပြင်က ကော်ဖီစားပွဲပဲ။ အဲပေါ်မှာ ခွက်တွေနဲ့ ဟင်းချက်ပစ္စည်းမျိုးစုံရှိနေတာ။
အစကတော့ ရှန်းရင် ကျေးဇူးကြောင့် မျက်နှာပြင်ကို ပြန်ဖန်တီးနိုင်ခဲ့တယ်။ သူတို့ကလည်း ဖန်တီးမှုနတ်ဘုရားတွေဆိုတော့ မျက်နှာပြင်တစ်ခုလုံးကို နေရာချပေးရာမှာ အတွေ့အကြုံရှိတယ်။ ဝင်စွက်ဖက်ဖို့မလိုခဲ့ဘူး။ သူတို့လုပ်ဖို့လိုတာ ခရမ်းရောင်မူလရင်းမြစ်ကို မျက်နှာပြင်ထဲ အခြေကျအောင် လုပ်ဖို့ပဲ။ ပုံမှန်အရတော့ သက်ရှိသတ္တဝါတွေက အဲကနေ မွေးဖွားလာမှာ။ တကယ်တော့ မျက်နှာပြင်က ရှန်းရင်ရဲ့ တခြားမျက်နှာပြင်လိုပဲ ကြီးထွားလာရမှာ - ဘုံငယ်လေးတွေက နဂိုတူညီတဲ့ မူလရင်းမြစ်ကနေပဲ ပေါက်ဖွားလာသင့်တာ။
ဒါပေမဲ့ လုပ်ငန်းစဉ်တစ်ခုလုံးက ကြာတယ်။ နှစ်သန်းချီ၊ ကုဋေချီကြာရမှာမျိုး။ ဟုန်မုန့်တို့က စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ပေမဲ့ သူတို့က နေ့နေ့ညည ဗလာကျင်းနေတဲ့ မျက်နှာပြင်ကိုပဲ ဆက်ရင်ဆိုင်နေရလို့ အထီးကျန်လာခဲ့တယ်။ လူတိုင်းက အထီးကျန်လာတာနဲ့ ပြဿနာကို ဖန်တီးတတ်ကြတယ်။ အဲဒါကြောင့် တချို့က ပြဿနာစရှာလာပါလေရော။
အစတုန်းက သူတို့က ခရမ်းရောင်ချီပြည့်နေတဲ့ မူလရင်းမြစ်ကို လှုံ့ဆော်ဖို့ကြိုးစားရုံပဲ။ သူတို့တွေက မြန်မြန်ကြီးထွားလာစေချင်ခဲ့တာ။ သေချာပေါက် သူတို့ မိုက်ရူးရဲဆန်လွန်းတာတော့ မလုပ်ရဲဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သက်ရှိအားလုံးရဲ့ အရင်းအမြစ်ပဲ။ သူတို့နည်းလမ်းတွေက အလုပ်ဖြစ်ပြီး သက်ရှိတွေ သူတို့မျက်နှာပြင်ထဲ ပိုပေါ်ပေါက်လာခဲ့တယ်။ ပထမဆုံး ကောင်းကင်ဇာမဏီငှက်တွေနဲ့ နဂါးတွေ ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ ခရမ်းရောင်ချီက လုံလုံလောက်လောက် အားမရှိသေး။ ဒါကြောင့် ကောင်းကင်မျိုးနွယ်ပုံစံတွေ ပေါ်ပေါက်လာချိန် သူတို့က အသိစိတ်မရှိ။ သူ စောနက ပို့ခဲ့တဲ့ဟာတွေကိုပဲ ဥပမာအနေနဲ့ ကြည့် - လုပ်နိုင်တာဆိုလို့ အမတကျောက်တုံးတွေ ဥဖို့ပဲ။ အိုး မဟုတ်သေးဘူး ဒါက ဇာမဏီ။ နဂိုမူလရင်းမြစ်က ထုတ်လုပ်တဲ့ တိရစ္ဆာန်အမျိုးအစားတွေပဲ။
နောက်တော့ ခရမ်းရောင်ချီက ပိုလုံလောက်လာပြီး အသိဉာဏ်ပါတဲ့ သက်ရှိတွေ စတင်ထုတ်လုပ်လာတယ်။ ဒါတွေက သက်ရှိသတ္တဝါမျိုးစိတ် အမျိုးမျိုးပေါ့။ ဒါပေမဲ့ နဂိုမူလရင်းမြစ်ထဲက အသိစိတ်ဝိညာဉ်တွေက တခြားအရှိန်အဝါမျိုးစုံနဲ့ ရောနေတာ။ သူတို့တွေက အကြွင်းအကျန် အလဟသအရှိန်အဝါတွေ စွန်းထင်းဖို့ ကံပါလာပြီးသား။ ဒီအရှိန်အဝါတွေက နှစ်ပေါင်းများစွာ မူလရင်းမြစ်ဝိညာဉ်ချီရဲ့ သံသရာကို ဖြတ်သန်းပြီးမှသာ ရှင်းထုတ်ပစ်နိုင်မှာ။
ဒါပေမဲ့ အကြွင်းအကျန် နတ်ဘုရားတွေက အထီးကျန်နေတော့ သက်ရှိသတ္တဝါတွေကို မျက်နှာပြင်ကို လျှောက်သွားဖို့ ခွင့်ပြုခဲ့တယ်။ သက်ရှိသတ္တဝါတွေ သယ်ဆောင်ထားတဲ့ အကြွင်းအကျန် အရှိန်အဝါတွေကြောင့် သူတို့အားလုံးက မွေးရာပါ ပေါက်ကွဲလွယ်တဲ့စရိုက်တွေ ရှိကြတယ်။ ပြီးတော့ တစ်ယောက်ချင်းစီက နတ်ဘုရားစွမ်းအင်ပါ ပါနေတယ်။ မျိုးနွယ်တစ်ခုစီက အရင်တစ်ခုထက် ပိုသန်မာလာတော့တယ်။ ဒါကြောင့် အားနည်းတဲ့လူတွေကို အသက်ရှင်မှုရဲ့ အရံအဖျားတွေထိ ဆွဲခေါ်ခံရကာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်လာတယ်။
သေချာပေါက် မျက်နှာပြင်တိုင်းရဲ့မျိုးနွယ်တွေက ကွဲပြားတာပေါ့။ တချို့ကများပြီး တချို့ကနည်းတယ်။ ဒါပေမဲ့လူတွေကတော့ မတူတဲ့အကြောင်းအရာပဲ၊ ဖြစ်နိုင်တာက အဲမျက်နှာပြင်ကို ရှန်းရင်ဖန်တီးခဲ့တာကြောင့်ထင် ဒီမျက်နှာပြင်က ယိချင်းနဲ့ အနည်းနဲ့အများ ဆင်တယ်။ လူတွေက အားနည်းပေမဲ့ ကြီးပွားချမ်းသာတယ် ပြီးတော့ လူတွေက အသက်၁၀၀ထက် မကျော်ဘူး။ မျိုးဆက်တွေ ဆက်လာတာနဲ့အမျှ သက်ရှိသတ္တဝါအားလုံးကို မျက်နှာပြင်ဆီ ပြန်ခေါ်လာနိုင်စွမ်းက တိုးလာခဲ့တယ်။ ပြီးတော့ ဒီမျက်နှာပြင်ထဲက ခရမ်းရောင်ချီက မေ့ပျောက်မြစ်နဲ့ အရမ်းဆင်တယ်။ ဝိညာဉ်တွေများလေ ပိုပြီးသန်မာလာလေပဲ။
တစ်ဖက်မှာတော့ တခြားမျိုးနွယ်တွေက သန်မာလွန်းတယ်။ သူတို့တွေကနှစ်သောင်းကျော် ရှင်သန်နေထိုင်ပြီးတော့ နှစ်ထောင်ချီမှတစ်ကြိမ်နှစ်ကြိမ်မျိုးပွားကြတာ။ တချို့တွေကတစ်ဘ၀လုံးမှ တစ်ကြိမ်နှစ်ကြိမ်သာ မျိုးပွားနိုင်တယ်၊၊ သူတို့ဘာသာ ထားထားမယ်ဆိုရင် မူလရင်းမြစ် ကျယ်ပြန့်လာစေဖို့ ဝိညာဉ်လုံလုံလောက်လောက်ထုတ်လုပ်နိုင်မှာမဟုတ်ဘူး၊၊ အဲ့အစား သူတို့တွေက ခရမ်းရောင်ချီအပေါ် ဝန်ထုပ်ဝန်ပိုးကိုသာများလာစေခဲ့တယ်။
ဒါကြောင့် လူတွေက အားနည်းပေမဲ့လည်း ကောင်းကင်တာအိုက သူတို့ကိုမျက်နှာသာပေးတာပဲ။ သူတို့ရဲ့ကြီးပွားမှုက သက်ရှိသတ္တဝါအားလုံး တည်ရှိမှုအတွက် အုတ်မြစ်ပဲ။ တခြားပိုသန်မာတဲ့ သတ္တဝါတွေရဲ့ ခြိမ်းခြောက်မှုအောက် မှာ လူတွေရှင်သန်နိုင်စွမ်းမရှိတာတော့ နှမြောစရာ။
အဲ့တော့မှ ဟုန်မုန့်တို့တွေ အခြေအနေပြင်းထန်မှုကို နားလည်သွားခဲ့တယ်၊၊ သူတို့တွေက လူတွေကို အခြားမျိုးနွယ်တွေဆီကနေ ကန့်သတ်ထားလိုက်ပေမဲ့ ကောင်းကင်တာအိုကို သူ့ဘာသာ လှုပ်ရှားစေဖို့အတွက် မလုံလောက်သေးဘူး။ လူတွေမရှိတော့ တခြားမျိုးနွယ်တွေက ရှုပ်ထွေးစွာနဲ့ ကျန်ခဲ့တယ်။
သူတို့တွေက အရှုပ်အထွေးတွေ အထိန်းအကွပ်မဲ့သွားတာကိုကြည့်ရင်း ပိုကြောက်လာခဲ့တယ်။ နောက်တစ်ကြိမ် ဝင်မစွက်ဖက်ရဲတော့ဘူး။ အရင်တုန်းကလို ခရမ်းရောင်ချီကို ထိန်းချုပ်ပြီး လူသားမျိုးနွယ်ကို အဆုံးသတ်မိမှာ စိုးရိမ်နေတယ်၊၊ ဒါပေမဲ့ စနစ်အသစ် သူ့ဘာသာ လှုပ်ရှားနိုင်ဖို့အတွက် မျှော်လင့်ချက်က အချိန်ကြာလာတာနဲ့အမျှ ယိမ်းယိုင်လာခဲ့တယ်၊၊ ကောင်းကင်တာအိုက ပြဿနာတက်နေတဲ့ထဲမှာ မျက်နှာပြင်က ကြီးမားတဲ့ အန္တာရာယ် ဆက်ကျရောက်နေခဲ့တယ်။
နောက်ဖြေရှင်းနည်းတစ်ခုကို စဉ်းစားခဲ့တယ်။ သူတို့ဘာသာ သံသရာထဲဝင်ပြီးတော့ ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်။ သူတို့ပြန်ဝင်စားတာနဲ့ တခြားသက်ရှိတွေကို ဦးဆောင်ပြီးတော့ အကြွင်းအကျန်အရောင်အဝါတွေအားလုံးကိုသူတို့ဘာသာသန့်စင်ပစ်မယ်။ အဲ့ဒါနဲ့ ဟုန်မုန့်ကလွဲပြီး အားလုံးက အသန်မာဆုံးမျိုးနွယ်စု၁၂ခုကို ဖန်တီးပြီးတော့ တစ်ပြိုင်နက်တည်း သံသရာထဲဝင်ခဲ့တယ်။
သူတို့မှာကြီးမားတဲ့ အိပ်မက်တွေ ရှိခဲ့ပေမဲ့ လက်တွေ့ကတော့စိတ်ဓာတ်ကျခဲ့စေခဲ့တယ်၊၊ သံသရာထဲ ဝင်ပြီးနောက်မှာ အရင်တုန်းကလိုမျိုး ဖန်တီးမှုနတ်ဘုရားတွေ မဟုတ်တော့ဘူး။ သူတို့တွေက မှတ်ဉာဏ် ပျောက်ဆုံးသွားပြီး တာဝန်တွေကိုမေ့သွားရုံတင်မကဘူး။ သူတို့ကိုယ်ထဲမှာရှိတဲ့ နတ်ဘုရားစွမ်းအင်ရဲ့ မွေးရာပါစွမ်းအင်ကြောင့် မျက်နှာပြင်ထဲမှာ အသန်မာဆုံးမျိုးနွယ်တွေ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာတော့...
သူတို့ဘာသာ သူတို့အချင်းချင်း တိုက်ခိုက်ကြတော့တယ်။ သူတို့ကို ဘယ်လိုဦးဆောင်ဆောင် ဘယ်လိုသဲလွန်စပေးပေး သူတို့ရဲ့နဂိုမူလတာဝန်ကို သတိပေးမရဘူး။ တစ်ယောက်မှ သူ့ကိုဂရုမစိုက်။ အဲ့အစား သူတို့ရဲ့ဘဝအသစ်မှာ လုံးဝနစ်ဝင်နေခဲ့တယ်။ သူတို့ကိုယ်ပိုင်မျိုးစိတ်တွေရဲ့ အခြားမျိုးနွယ်စုဝင်တွေကို ဆောင်ပြီး မျက်နှာပြင်မှာ မျိုးနွယ်စုအမျိုးမျိုးကြား ပြည်တွင်းစစ်ပွဲကြီး စတင်ခဲ့ကြတယ်။ တိုက်ပွဲက...ကျိန်းသေပေါက် လူတွေကို ဝှက်ထားတဲ့နေရာဆီ ပြန့်နှံ့သွားခဲ့တယ်၊၊ အခုတိုက်ပွဲကြောင့် သက်ရှိသတ္တဝါတွေက ခရမ်းရောင်ချီဆီ ဝင်ရောက်လာပြီးတော့ မူလရင်းမြစ်က ဝိညာဉ်အရေအတွက်က ပိုပြီးတော့ ကြွယ်ဝလာခဲ့တယ်။ ဒါပေမဲ့ ဝိညာဉ်တွေ ပိုထုတ်လုပ်ပေးဖို့ အရိပ်အယောင်တော့မရှိ။ သူတို့ရဲ့ပြဿနာက အခုခရမ်းရောင်ချီကို ကျယ်ပြန့်အောင် ကြိုးစားဖို့ မဟုတ်တော့ဘဲ ခရမ်းရောင်ချီပေါက်ကွဲမှာကို တားဆီးဖို့ဖြစ်လာခဲ့တယ်။
ဟုန်မုန့် လမ်းပျောက်နေခဲ့တယ်။ သူရွေးစရာမရှိတော့ဘဲ ရှန်းရင်ဆီ ပြေးလာပြီး စစ်ကူ လာတောင်းရတော့တယ်
"မင်းအဲ့လောက်တောင် တုံးတာလား" ကူယွဲ့က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ပေးလိုက်တယ်။ စားဖိုမှုးအတွက်တောင် ရှန်းရင်က သူ့ကို အစကနေပြန်စဖို့ပဲ ခွင့်ပြုရဲခဲ့တယ်။ သံသရာထဲ ဝင်ပြီးရင် တူညီတဲ့လူအဖြစ် ပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘယ်နေရာကနေ ရခဲ့တာတုံး။
"ဒါက မင်းပြောနေတဲ့ ပြဿနာသေးသေးလေးလား"
သူတို့တွေ ဒီမျက်နှာပြင်ကို စဝင်လာတာနဲ့ တိုက်ပွဲကို မြင်လိုက်ရတာ မဆန်းတော့ဘူး။ မျက်နှာပြင်တစ်ခုလုံးက အပျက်အစီး ဖြစ်နေလောက်ပြီ။
"ခဏ"
သူရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားတယ်။ "မင်းတိုက်ပွဲပြင်ထဲ လမ်းလျှောက်နေတုန်း အဲ့ဒီတိရစ္ဆာန်လေးတွေကို ကောက်ပြီး ရှန်းရင်ကိုပေးခဲ့တယ်တော့မပြောနဲ့နော်"
ဟုန်မုန့်က ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်ပြီး ဖြူဖျက်ဖြူရော်ဖြစ်သွားတယ်။ သူအားနည်းစွာ ပြောတယ်။
"အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လက်ထောက်ကူယွဲ့ရဲ့ ဟား ဟား ဟား..."
သူအဲ့လိုလုပ်တယ်ဆိုတာ အသိသာကြီး
(â•°_â•̄)#
"ထားလိုက်တော့" ကူယွဲ့ကသက်ပြင်းချတယ်။
"အဲ့ဒီလူဆယ့်နှစ်ယောက်က လုပ်သင့်တဲ့အရာကို မလုပ်ဘူးဆိုတာကို မင်းတွေ့တည်းက ပြဿနာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို နားလည်ခဲ့သင့်တာ၊ ဘာလို့ အရေးမယူခဲ့တာလဲ၊ မင်းသူတို့ကို ဒီကမ္ဘာဆီ ပြန်လာမှာကို တားမြစ်ရင်တောင် သံသရာကို အတင်းဝင်ခိုင်းပြီး လူသားတွေအနေနဲ့ ပြန်လာခိုင်းလို့ရတယ်လေ၊ အဲ့ဒါက ပိုမကောင်းဘူးလား"
သူက ရှေးဟောင်းနတ်ဘုရားပဲ။ အနည်းဆုံးတော့ အဲ့လိုလုပ်နိုင်ခဲ့သင့်တယ်လေ။ သူဘေးမှာ ထွက်ရပ်နေပြီးတော့ အခြေအနေတစ်ခုလုံး အထိန်းအကွပ် မဲ့သွားမှာကို ကြည့်နေစရာမလိုဘူး။
"အာ"
...
အခန်း ၅၀၀ ။ ဝူတိကျောင်း
ဟုန်မုန့်ရဲ့အပြုံးက တောင့်တင်းသွားတယ်။ သူက ထိုင်ခုံပေါ်ထိုင်ချပြီး ဂနာမငြိမ်ဖြစ်နေတယ်။
"တကယ်တော့ ...ကျွန်တော်လုပ်ကြည့်ခဲ့ပါတယ် ဒါပေမဲ့..."
သူက ပြောနေရင်းရပ်သွားပြီး ထိုင်ခုံမှာပြ န်ကျုံ့သွားတယ်။ သူ့ပုံစံကြည့်ရတာ အရမ်းကိုအပြစ်ရှိတဲ့ပုံစံနဲ့ မေးစေ့က မြေကြီးကို ထိလုနီးပါးဖြစ်နေပြီ။
ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ တစ်စုံတစ်ခုက သူ့ခေါင်းထဲ ဖြတ်ပြေးသွားတယ်။ နောက်ဆုံးတော့
"သူနားလည်သွားခဲ့ပြီ။ သူတို့အားလုံး ထုထောင်းတာကို ခံရတာတော့မဟုတ်ပါဘူးနော်"
"..."
ဟုန်မုန့်ရဲ့ခေါင်းက အောက်ကိုပိုငုံ့သွားတယ်။
"ဟိုလီရှစ် မင်းတကယ် ရှုံးသွားတယ်လား" သူက ရှေးဟောင်းနတ်ဘုရား မဟုတ်ဘူးလား။ ဖတ်တီးထက်တောင် ပိုရှက်စရာကောင်းသေးတယ်
"သူ သူ သူဌေး..." ဟုန်မုန့်ရဲ့မျက်နှာကနီရဲသွားပြီး မျက်နှာဝှက်ထားစရာနေရာကို ရှာနေသလိုမျိုး အကြည့်တွေက အခန်းထဲ ဝေ့ဝဲနေတယ်။
"သူတို့ သံသရာထဲဝင်သွားချိန်မှာ အခြားမျိုးနွယ်တွေအားလုံးကို ဖိနှိပ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာ... သူတို့ရဲ့ ကျင့်ကြံခြင်းတွေကိုပါ သူတို့နဲ့အတူယူသွားခဲ့တယ်"
"အဲ့တော့..." ကူယွဲ့ ထခုန်လိုက်မိတယ်။ အဲ့လူ၁၂ယောက်မှာ ရှေးနတ်ဘုရားကျင့်ကြံဆင့် ရှိသေးတယ်လား။
"ဟုတ် ဟုတ် ဟုတ်..."
"ဟီးဟီးဟီး တာ့တာ"
ကူယွဲ့တစ်ဖက်လှည့်ကာ အခန်းအပြင်စထွက်တော့တယ်။
"ဟင့်အင်း"
ဟုန်မုန့်က သူ့ခြေထောက်ကို စတင်ဖတ်တွယ်ပြီး ရှန်းရင်ဖက်လှည့်တယ်။
"ကျွန်တော့်ကို ကူညီမယ်လို့ ကတိပေးထားတယ်လေ"
"သူ့ကိုသွားတောင်းပန်လေ ငါ့ကိုဘာလို့တွယ်ကပ်နေတာလဲ" ကူယွဲ့သူ့ကိုခါထုတ်ဖို့ကြိုးစားပေမဲ့ မရ။
"သူက မင်းကို ကတိပေးခဲ့တဲ့သူ အဲ့တော့ သူ့ဆီသွား၊ အဲ့၁၂ယောက်လုံးကို ရှာဖို့သူ့ကို အကူအညီတောင်းလိုက်၊ မင်းက ဒီအရှုပ်အထွေးတွေကို ဖန်တီးခဲ့တဲ့သူ၊ ငါကတော့ဒီကိစ္စကနေ ငါ့လက်ကို ဖယ်လိုက်ပြီ"
၁၂...။
အသီးကို စားနေတဲ့ရှန်းရင် တန့်သွားတယ်။ သူမ ဒုက္ခရောက်နေပြီလို့ အာရုံခံမိတဲ့ပုံပဲ။ ဒါကြောင့် ထရပ်ကာ တည်ကြည်စွာ ပြောလိုက်တယ်။
"ဖေဖေနျိုပြောတာမှန်တယ်၊ ငါတို့ဒီကိစ္စကနေ လက်ရှောင်ပြီ၊ စားဖိုမှူး ငါတို့ ပြန်သွားပြီး ဟင်းချက်ရအောင်"
"ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူး ဆရာ""
ဟုန်မုန့် ။ ။ "..." သူတို့တွေ ကူညီမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။
"ဒါကလုပ်ငန်းစဉ်မှာ အလွဲအချော်ဖြစ်တာထက် ပိုတယ်၊ ဒါကဝိညာဉ်အသိစိတ်ရဲ့ မွေးဖွားမှုကြောင့် ဖြစ်လာတာ မဟုတ်ဘူးလား" ဖတ်တီးက ရုတ်တရက်စကားထပြောတယ်။ ဟုန်မုန့်က ရပ်တန့်သွားပြီး ထရပ်ကာ သူဘက်လှည့်တယ်။ "ဘာကိုဆိုလိုတာလဲ"
"ဒီဘုံမှာ သူတို့က ဝိညာဉ်အသိစိတ်ရှိတဲ့ ပထမဆုံးသက်ရှိတွေ မဟုတ်ဘူးလား"
ဖက်တီးက ချက်ကျလက်ကျမေးတယ်။
"အဲ့အရှိန်အဝါတွေ ရောထွေးနေတဲ့ပြဿနာကို အရင်ဆုံးဘေးဖယ်ထား၊ နတ်ဆိုးသားရဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သူတို့က စနစ်အကြောင်း သေချာမသိရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ မူလရင်းမြစ်က အလဟာသ အရှိန်အဝါတွေနဲ့ စွန်းထင်းနေသလောက် သက်ရောက်မှုအရှိဆုံးက သူတို့ခန္ဒာကိုယ်ရဲ့ အရည်အသွေးပဲ" ဖတ်တီးက ထပ်ပြောတယ်။
"ဘာလို့ဆိုဘယ်သူကမှ သူတို့ကိုယ် မှားတာမှန်တာ ခွဲခြားပြောပေးဖို့ မရှိလို့ပဲ၊ ကောင်းကင်တာအိုက သူတို့ကို အပေါ်ကနေ အပြစ်ပေးချင်ရင်တောင် သူတို့ဘယ်မှာ မှားခဲ့လဲဆိုတာကို နားလည်မှာမဟုတ်ဘူး၊ ဒါကြောင့် သူတို့ပျောက်ဆုံးနေတာက သင့်တော်တဲ့စနစ် မဟုတ်ဘဲ စနစ်က ဘာလဲဆိုတာကို သင်ကြားပေးမဲ့သူတွေ"
ဟုန်မုန့်က သူ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ အဲဒါတကယ့်ကိစ္စပဲ။ ရှေးဟောင်းနတ်ဘုရား ၁၂ပါးက မျိုးနွယ်တွေကို မှန်မှန်ကန်ကန် ကျင့်ကြံပြီး အရှုပ်အထွေးတွေကို ရပ်တန့်အောင် ဦးဆောင်ဖို့ သံသရာထဲ ဝင်သွားခဲ့တယ်။ ဒါပေမဲ့ သူတို့လည်း လမ်းမှားပေါ် ရောက်သွားခဲ့ရတယ်။
"ဒါပေမဲ့စိုးရိမ်မိတာက ကျွန်တော်ဆက်ပြီးတော့ စွက်ဖက်နေရင်..."
သူပြဿနာထပ်ပြီး ဖန်တီးမိမှာပဲ စိုးရိမ်တာ။ ကိစ္စတွေကအခုနဲ့တင် ရှုပ်ထွေးနေတာလုံလောက်ပြီ။
"ခင်ဗျားရဲ့အဓိက ရည်မှန်းချက်က စနစ်ကို လည်ပတ်စေဖို့ပဲ မဟုတ်ဘူးလား" ဖက်တီးက ဟုန်မုန့်လောက် မစိုးရိမ်ဘူး။ "ဒီထက်တော့ ပိုပြီးတော့ မဆိုးနိုင်ပါဘူး၊ သူတို့ကို ဘာလုပ်ရမလဲဆိုတာကို ဘာလို့ဒီတိုင်း မပြောလိုက်တာလဲ"
"ဟမ်"
ဟုန်မုန့်က ဇဝေဇဝါဖြစ်သွားတယ်။ ဒီလူ ဘာတွေပြောနေတာလဲ။
"ဖက်တီးပြောချင်တာက..." ကူယွဲ့ သက်ပြင်းချလိုက်တယ်။
"မင်းကျောင်းတစ်ကျောင်း စရမယ်"
"..." အဲဒါဘာလဲ။
ဟုန်မုန့်ရဲ့အခြေအနေက သနားစရာ ကောင်းနေတာကြောင့်ပဲလား၊ ဒီမျက်နှာပြင်က ရှန်းရင်နဲ့ အနည်းငယ် ပတ်သက်နေတာကြောင့်ပဲလားတော့မသိ၊ နောက်ဆုံးတော့ ကူယွဲ့ကဒီတိုင်းထွက် မသွားနိုင်ဘူး ဖြစ်နေခဲ့တယ်။
သူကဟုန်မုန့်ကို ကောင်းကင်တာအိုရဲ့စည်းမျဉ်းတွေကို တည်ဆောက်ပေးဖို့ သဘောတူခဲ့တယ်။ ဖက်တီး မှန်တယ်။ အခု အရာအားလုံး ရှုပ်ထွေးနေရတာက ဒီသက်ရှိသတ္တဝါတွေက သူတို့ကိုသဘာဝအရ ခက်ထန်ကြမ်းကြုတ်စေတဲ့ အလဟာသအရှိန်အဝါတွေနဲ့ စွန်းထင်းနေစေလို့ မဟုတ်ဘူး။ အဓိကအကြောင်းအရင်းက ဘယ်အရာကမှ သူတို့ကို ထိန်းချုပ်မနေလို့ပဲ။ သူတို့ကို ဘယ်လိုလူသားဆန်ရမလဲဆိုတာကို သင်ပေးမဲ့သူမရှိဘူး။ ဟင့်အင်း သူတို့ကို ဘယ်လိုနတ်ဘုရား ဖြစ်ရမလဲဆိုတာ သင်ပေးမဲ့သူမရှိဘူး။
မှန်တယ် — အကြမ်းတမ်းဆုံးတိုက်ပွဲတွေကို တိုက်ခိုက်နေသူတွေက ကောင်းကင်မျိုးနွယ်တွေပဲ။
ဟုန်မုန့်တို့တွေက အစကတော့ တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ရှိခဲ့တယ်။ ဘာလို့ဆို အသန်မာဆုံး ကောင်းကင်မျိုးနွယ်တွေတောင်မှ ရှေးဟောင်းနတ်ဘရားဆယ်ပါးကျော်အတွက် ပြိုင်ဘက် မဟုတ်လို့ပဲ။ ဆိုးဝါးလွန်းတာက ဟုန်မုန့်က လူသားမျိုးနွယ် ပျက်သုန်းတော့မှာကို ကြောက်ရွံ့နေခဲ့တာ။ သူက ဒီအသစ်စက်စက် ဖြစ်ပေါ်ကာစ မျက်နှာပြင်ဖျက်ဆီးခံရမှာကို အရမ်းကြောက်ရွံ့နေခဲ့တယ်။
အဲဒီအပြင် ဒီမျက်နှာပြင်ရဲ့ ကောင်းကင်တာအိုက မတည်ဆောက်ရသေးဘူး။ အနာဂတ်ကို တွက်ချက်နိုင်ဖို့ အခွင့်အရေး မရှိသေးဘူး။ အဲဒါက သူတို့ကိုသံသရာနဲ့ အရှုပ်အထွေးတွေဖန်တီးမိအောင် တွန်းပို့ပြီး သက်ရှိသတ္တဝါတွေအပေါ်ရှိနေတဲ့ မကောင်းတဲ့သက်ရောက်မှုတွေကို လျှော့ချဖို့ လုပ်စေခဲ့တယ်။ အဆုံးမှာတော့ သူတို့ မဖြေရှင်းနိုင်ရုံမကပဲ ကိုယ်ပိုင်မှတ်ဉာဏ်တွေကိုပါ ပေးခဲ့ရတယ်။
ဒါက သူတို့နောက်ဆုတ်နေသင့်တဲ့အချိန် ဝင်ရောက်စွတ်ဖက်မိပြီး ဝင်ရောက်စွက်ဖက်သင့်ချိန် နောက်ဆုတ်နေမိတဲ့ကိစ္စပဲ။
အခုသူတို့လုပ်နိုင်ဆုံး ကိစ္စကတော့ မျိုးနွယ်စုတွေအားလုံး လိုက်လျောညီထွေစွာ တည်ရှိနိုင်အောင် အုတ်မြစ်တည်ဆောက်ဖို့ပဲ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံရမလဲဆိုတာကိုလဲသိပြီး ဖွံ့ဖြိုးမှုဆီ ပါဝင်နိုင်အောင်လုပ်ရမယ်။
နောက်၃ရက်မှာတော့ သူတို့တွေ ဝူတိအများပြည်သူနှင့် တပ်ကျောင်း ခရမ်းရောင်နန်းတော်ဂိုဏ်းခွဲကို တည်ထောင်ခဲ့တယ်။ ကျောင်းအုပ်ကြီးအသစ် ရွေးချယ်ဖိုအတွက်စည်းမျဉ်းတွေကို ပြောင်းခဲ့တယ်။ ကျောက်တုံး စက္ကူ ကတ်ကြေး ဘယ်သူနိုင်နိုင် ကျောင်းအုပ်ဖြစ်ရမယ်။ ရှန်းရင်ကတော့ ကျိန်းသေပေါက် ပြိုင်ပွဲထဲက ထွက်တာပေါ့။ စားဖိုမှူးက လက်တစ်ဖက်ဆီမှာ ယောက်မ ကိုင်ထားတဲ့အတွက် ကျောက်တုံးရွေးခဲ့တယ်။ ကူယွဲ့ မနေနိုင်တော့ဘဲ စာရွက်ပြလိုက်ရတယ်။ အဲ့လိုနဲ့ နောက်ဆုံးတော့ တရားဝင်ကျောင်းအုပ်ကြီး ဖြစ်လာခဲ့တယ်။
ဟုန်မုန်နဲ့ ဖတ်တီးတို့ကတော့ တရားဝင်ကျောင်းအုပ်ကြီးဖြစ်လာဖို့အတွက် ရွေးခံတဲ့အထဲ မပါခဲ့ဘူး။ တစ်ယောက်က ပျက်စီးနေတဲ့မှတ်တမ်း ရှိပြီးတော့ နောက်တစ်ယောက်ကတော့ ကျောင်းရဲ့ဂုဏ်သတင်း ပိုဖျက်ဆီးလိမ့်မယ်။
ကိစ္စတွေကို တရားဝင်စေဖို့အတွက် ကူယွဲ့ ဝူတိအများပြည်သူနှင့် တပ်ကျောင်း ခရမ်းရောင်နန်းတော်ဂိုဏ်းခွဲလို့ အစားပြောင်းလဲခဲ့တယ်။
သူကိုယ်တိုင် အများပြည်သူရင်ပြင်ကို ကျောင်းသားပေါင်းသောင်းချီဆန့်တဲ့ ဟုန်မုန့်ရဲ့ပြင်ဆင်မှုအပေါ် ကိုယ်တိုင်ကူညီခဲ့တယ်။ ရင်ပြင်မှာ ထိုင်ခုံတချို့ထားဖို့တွေးခဲ့ပေမဲ့ နတ်ဘုရားတွေမှာ ထူထဲတဲ့အရေပြားတချို့ ရှိတာကို ပြန်အမှတ်ရသွားပြီးနောက် ကျောင်းသားတွေကို မတ်တတ်ရပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ပြင်ဆင်မှုတွေ ပြီးမြောက်သွားတာနဲ့ သူတို့ကျောင်းသားဘယ်လိုစုရမလဲတွေးခဲ့တယ်။
"သူတို့... လာပါ့မလား" ဟုန်မုန့် စိုးရိမ်တကြီးမေးလိုက်တယ်။
"အဓိပ္ပာယ်မရှိတာ သေချာပေါက် မလာဘူးပေါ့"
"ဟမ် အာ"
ဟုန်မုန့်က ကူယွဲ့ကို အူကြောင်ကြောင်စိုက်ကြည့်နေတယ်။ "ဒါဆို ဒါတွေအားလုံးကို ဘာအတွက် လုပ်ရတာလဲ..." အလဟာသလား။
"မင်း ကြော်ငြာလေးတစ်ခုတောင် မတပ်ရသေးတာ၊ ဘယ်သူက မင်း ကျောင်းဆောက်ထားတယ်ဆိုတာတောင် သိမှာလဲ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
မင်းက အသက်ကြီးနေပေမဲ့ မင်းဦးနှောက်ကတော့ မင်းခန္ဓာကိုယ်နဲ့အတူ ဖွံ့ဖြိုးမလာဘူးပဲ။
"သေချာပေါက် လူတွေက မင်းကြေညာပြီးမှ စလာကြမှာပေါ့"
ကြေညာဆိုတာဘာလဲ။ သူတို့တွေ သတင်းစကားကို အဝေးကြီးဆီ ဖြန့်ရမှာလား။
"ကျွန်တော်တို့ ဘယ်လိုကြေညာကြမလဲ..."
"တိုက်ခိုက်မှုက အကောင်းဆုံးကြော်ငြာပဲ"
"..." ဘာ။
ကူယွဲ့က သူ့ကို လျစ်လျူရှုထားပြီးပြောလာတယ်။
"ပြော အဲဒီ ရှေးဟောင်းနတ်ဘုရားဆယ်နှစ်ပါး ပြန်လည်ဝင်စားသွားတဲ့ နာမည်တွေက ဘာတွေလဲ၊ သူတို့အားလုံးကို ဒီကိုခေါ်ပြီးတော့ စားဖိုမှူးကို ထုထောင်းခိုင်းလိုက်မယ်၊ အဲ့လိုဖြစ်သွားတာနဲ့ သူတို့တွေ ရူးမိုက်တာတွေ ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး၊ ဒါဆိုရင် ငါတို့တွေ သူတို့ကို သေချာသင်လို့ရပြီ သူတို့သင်ယူတဲ့အထိ သင်ပေးကြမယ်"
ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ဝူတိဂိုဏ်းကို ပထမဆုံးတည်ထောင်ခဲ့ချိန်ကလောက် ပြိုင်ဘက်တွေ အများကြီး ရင်ဆိုင်ရတာ မဟုတ်ဘူး။ သူတို့ဂုဏ်သတင်းအကြောင်း လုံးဝတွေးဖို့မလို။
"သူတို့အားလုံးက မတူညီတဲ့မျိုးနွယ် ဆယ်နှစ်ခုရဲ့ခေါင်းဆောင်တွေ ဖြစ်လာခဲ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ သူတို့ကို ငြိမ်အောင် လုပ်လိုက်တာနဲ့ တခြားသူတွေက အနောက်က လိုက်လာလိမ့်မယ်"
ဟုန်မုန့်က ခဏစဉ်းစားနေတယ်။ အဲဒါ မှန်တဲ့ပုံပဲ။
"ဒါဆို ကျွန်တော်တို့ သူတို့ကို ဘယ်လိုခေါ်မလဲ"
"ငါတို့တွေ တိုက်ပွဲခေါ်စာပဲပို့ရမှာပေါ့"
ခေါင်းဆောင်တွေအားလုံးက ကြွားဝါရတာ ကြိုက်တယ်မဟုတ်လား။ ကူယွဲ့စက္ကူတစ်ရွက် ထုတ်လိုက်ပြီး ရေးလိုက်တယ်။ စာလုံးတွေကို တတ်နိုင်သမျှ ရိုင်းစိုင်းအောင် လုပ်ပြီးတော့ သူ့မှတ်ချက်တွေထဲမှာ ဆဲရေးတဲ့စကားလုံး တစ်လုံးနှစ်လုံးတောင် ထည့်ရေးလိုက်သေးတယ်။ သူ့ရည်ရွယ်ချက်က ဖတ်တဲ့သူတိုင်းကို ဒေါသထွက်စေဖို့ပဲ။ ဒီနောက်တော့ သူ့ရဲ့တူညီတဲ့စာကို ပုံစံတူ၁၁စောင် ရေးကာ ဟုန်မုန့်ဆီ တွန်းပို့ပေးပြီး ပို့ဖို့ ညွှန်ကြားခဲ့တယ်။
…
အခန်း ၅၀၁ ။ အတင်းအကြပ်စုဆောင်းမှု
ဟုန်မုန့်က တိတ်တိတ်လေး ချောင်းကြည့်ပြီးနောက် ပြန်ပိတ်လိုက်ပြန်တယ်။ ကံကောင်းလို့ သူ့အတွက် မဟုတ်တာလို့ပေါ့၊ လူတစ်ယောက် ဖတ်ပြီးရင် ဒေါသတထောင်းထောင်း ထွက်မှာမျိုး။ နောက်တော့ သူ လက်စည်းတစ်ခု ဖန်တီးပြီး ဂါထာတစ်ခု ပြုလုပ်ကာ တိုက်ခိုက်ဖို့ ဖိတ်စာတွေက အလင်းတန်းတွေအဖြစ် အသွင်ပြောင်းကာ ပျံသန်းထွက်သွားတယ်။
တိုက်ခိုက်မှုအတွက် နေ့စွဲက မနက်ဖြန်အဖြစ် သတ်မှတ်ထားတာ၊ သူတို့က ကောင်းကင်မျိုးနွယ်မို့ သေချာပေါက် အရောက်လာနိုင်မှာပဲ။ တကယ်လို့ ဒီ၁၂ယောက် ပူးပေါင်းရင်တောင် စားဖိုမှူးရဲ့ စွမ်းရည်တွေနဲ့ဆို သူ ရှုံးမှာ မဟုတ်ဘူး။ သူက ကြွားတာတော့ မဟုတ်ပေမဲ့ သူတို့ကို ခြေမွှဖို့ဆိုတာ ပြဿနာတစ်ရပ်တောင် မဟုတ်။ တကယ်လို့ မတော်တဆတစ်ခုခု ဖြစ်ခဲ့ရင်တောင် ရှန်းရင် ရှိသေးတာမို့ ကူယွဲ့ လုံးဝ မစိုးရိမ်။
နောက်နေ့ ရောက်ချိန်မှာတော့ တစ်ယောက်မှ ရောက်မလာခဲ့...။
ကူယွဲ့ ကွင်းပြင်အလွတ်ကိုကြည့်ကာ ဘယ်လိုတုံ့ပြန်ရမလဲ အနည်းငယ်မသိ ဖြစ်နေတယ်။ ဖြစ်နိုင်တာ အရမ်းဝေးလို့ အချိန်မီ မရောက်လာတာလား။ ကောင်းပြီလေ၊ နောက်တစ်နေ့ စောင့်ကြတာပေါ့။
တတိယနေ့မှာ ဘယ်သူမှမလာသေး...။
ကောင်းကင်မျိုးနွယ်တွေကြား လေဟာနယ်ကို ဖြတ်လာတာဲ့ အခြေခံစွမ်းရည်တွေတောင် မရှိဘူးလား။
လေးရက်မြောက်နေ့၊ သူတို့ ဒီကို မရောက်လာသေးဘူး...။
ဖြစ်နိုင်တာ ယှဉ်ပြိုင်မှုအတွက် ဖိတ်ကြားစာက နှောင့်နှေးနေတာများလား။ ဟုန်မုန့်ဂါထာ တစ်ခုခု လွဲသွားပြီးတော့။
ဆယ်ရက်မြောက်နေ့မှာ သူတို့က လာကိုမလာတာ...။
သူတို့ ယှဉ်ပြိုင်မှုဖိတ်ကြားစာကြောင့် ကြောက်လန့်ကုန်တာလား။
ဆယ့်ငါးရက်နေ့မှာ သူတို့ ဒီမှာမရောက်သေး...။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဟုန်မုန့် ။ ။ "..."
ဖက်တီး ။ ။ "..."
လူသောင်းချီဆံ့တဲ့ ကွင်းပြင်က ဗလာဖြစ်နေပြီး စိမ့်အောင်အေးစက်လှတဲ့လေပြင်းက တိုက်ခတ်သွားတယ်။
"သေစမ်း၊ သူတို့က ငါ့ကိုအာခံရဲတယ်ပေါ့" ကူယွဲ့ မျက်နှာက မည်းနက်သွားကာ ဓားကို ဆွဲထုတ်လိုက်တယ်။
"ဟုန်မုန့် အဲလူတွေရဲ့နေရာကို ငါ့ပြောစမ်း" ငါ သွားဖျက်ဆီးပစ်မယ်။
"ဖေဖေနျို..." ဘေးမှာ အသီးကို ကိုက်စားနေတဲ့ ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
"ဘာလဲ"
"ဒီလူတွေက ဒီမျက်နှာပြင်ရဲ့ နေထိုင်သူ ပထမဆုံးအသုတ်မလား"
"အဲတော့" သူ သူတို့ကို ရိုက်လို့မရဘူးလား။
"ဟင့်အင်း၊ ဒီကမ္ဘာက စည်းမျဉ်းတွေတောင် နေရာတကျ မရှိသေးဘူးလေ၊ လုံးဝ ဘာမှကိုမရှိတာ၊ အဲဒါ အရေးအသားစာပေလည်း ပါတယ် မဟုတ်ဘူးလား"
ဟမ်။
"နင်က တိုက်ခိုက်ဖို့ ဖိတ်ကြားစာကို တခြားမျက်နှာပြင်က ဘာသာစကားသုံးခဲ့တာလေ၊ သူတို့ နားလည်ပါ့မလား"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဟုန်မုန့် ။ ။ "..."
ဖက်တီး ။ ။ "..."
ရွှစ်ခနဲ လေးချက်နဲ့ စွမ်းအင်လေးခုက တစ်ချက်ချင်းစီ ထိုးခံလိုက်ရပြီး အသိဉာဏ်ဆိုတဲ့နေရာက နာကျင်စ ပြုလာတော့တယ်။
သူတို့ ဝန်မခံချင်ပေမဲ့ ဒီအခိုက်အတန့်မှာတော့ သူတို့အားလုံးက ငတုံးတွေပဲ။
—————
ကောင်းကင်မျိုးနွယ်၁၂ခုရဲ့ အခြေစိုက်နေရာ။
လွန်ခဲ့တဲ့လဝက်က ထူးဆန်းတဲ့ တစ်စုံတစ်ခုက ကောင်းကင်မျိုးနွယ် တစ်ခုချင်းစီကို ဖြစ်ပျက်သွားခဲ့တယ်။ ကောင်းကင်လက်နက်တွေက လူတိုင်းရဲ့ခေါင်းပေါ် ကောင်းကင်ကနေ ကျလာခဲ့တယ်။ ကောင်းကင်လက်နက်က လေးထောင့်ဖြစ်ပြီး ရဲရဲနီနေကာ ရွှေရောင်အလင်း ခပ်ဖျော့ဖျော့ထွက်နေတယ်။ သူ့ဘာသာ စိတ်ရှိနေသလိုပဲ။ မျိုးနွယ်ရဲ့ တခြားအဖွဲ့ဝင်တွေ ချဉ်းကပ်သွားတာနဲ့ အဝေးကို ပျံထွက်သွားကာ ခေါင်းဆောင်လက်တွေထဲ သူ့ဘာသာ ကျဆင်းသွားတယ်။
မျိုးနွယ်စုခေါင်းဆောင်တွေက ဆယ်ရက်တိတိ လေ့လာပေမဲ့ ဒါက ဘာလဲ မသိသေး။ နောက်တော့ သူတို့ မတော်တဆ ဖွင့်မိသွားပြီး ရွှေရောင် အမှတ်အသားတွေနဲ့ အဖြူရောင်စာလိပ်တစ်ခု ရှိနေတာ မြင်လိုက်ရတယ်။ သူတို့က အတော်လေး ထူးဆန်းပြီး ကောင်းကင်လက်နက်တွေထဲက တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာကာ လေထဲရစ်ဝဲနေပြီး အချိန်ကြာမြင့်စွာ တည်ရှိနေပြီး အချိန်အတော်ကြာတဲ့အထိ တောက်ပနေတယ်။ ပိုးစုန်းကြူးတွေလို သူတို့က ညထိ တစ်လျှောက်လုံး လင်းနေပြီး မနက်ဆကျ ပျောက်ကွယ်သွားတယ်။
မျိုးနွယ်စုတိုင်းက အံ့ဩသွားပြီး တကယ်ပဲ ကောင်းကင်ကနေ ကျဆင်းလာတဲ့ ပစ္စည်းတစ်ခုက လုံးဝကို ကွဲပြားတာပဲ။ ဒီလိုကောင်းကင်ပစ္စည်းက သေချာပေါက် သူ့ရဲ့ထူးခြားတဲ့ အသုံးပြုနည်းတော့ ရှိမှာပဲ။ ဒါကြောင့် စုံစမ်းမှုအပြီးမှာ မျိုးနွယ်၁၂ခုလုံးက တူညီတဲ့ ပစ္စည်းတစ်ခုချင်းစီကို လက်ခံရရှိခဲ့တာ သိခဲ့ရတယ်။
မျိုးနွယ်စု၁၂ခုက အချင်းချင်း မတည့်တာမို့ ငါးရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်လောက် ရန်ထဖြစ်ပြီး အကြောင်းရင်း ရှိရှိမရှိရှိ တိုက်ခိုက်နေကြတာ။ သူတို့တွေက ဒီလို အရာကောင်းတစ်ခုအတွက် သေချာပေါက် တိုက်ခိုက်ရမယ် ထင်ခဲ့ကြတယ်။
ဒါကြောင့် မေးခွန်းမရှိ၊ တုံ့ဆိုင်းမှုမရှိ မျိုးနွယ်စု၁၂ခုကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြန်တယ်။
အသိစိတ် ဝင်ပြီးနောက် နည်းဗျူဟာ ပြောင်းကာ နောက်ဆုံးတော့ ဖေဖေနျို လွှတ်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်ဖို့ ရောက်လာတဲ့ စားဖိုမှူး ။ ။ "..."
အမ်၊ သူ အခုဝင်သွားပြီး သူတို့ကိုထုထောင်းရင် ပိုကောင်းမလား။ ဒါမှမဟုတ် သူတို့ တိုက်ခိုက်တာ စောင့်ပြီးမှ ဝင်သွားပြီး ထုထောင်းရမလား။
အဆုံးမှာတော့ စားဖိုမှူးက နေ့အချိန်ကို ကြည့်ကာ ညစာစားမဲ့အချိန်ကို တွက်ချက်ပြီး မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူက ရှေ့ကိုတန်းတက်ပြီး အဲကောင်းကင်မျိုးနွယ်၁၂ခုရဲ့ ခေါင်းဆောင်တွေကို တစ်ယောက်ချင်းစီ ကောင်းကောင်းထုထောင်းပေးကာ တစ်လက်စတည်း အကြောက်အလန့်မရှိ ဝင်တိုးလာတဲ့ သားရဲအချို့ကိုပါ ဖြေရှင်းပြီး ကင်ဖို့ ပြန်သယ်သွားလိုက်တယ်။
နောက်တော့ သူက ကြမ်းပြင်ပေါ် လဲပြီး တုန်အောင်ကြောက်လန့်နေတဲ့ ကောင်းကင်မျိုးနွယ်ဝင်တွေကို ကြည့်ကာ စာရွက်ပုံကြီး ဆွဲထုတ်ပြီး တစ်ရွက်ချင်းစီ သူတို့ကို လိုက်ထိုးပေးလိုက်တယ်။ အဲလိုလုပ်ရင်း သူက တည်ကြည်တဲ့ မျက်နှာနဲ့ပြောတယ်။
"ဝူတိအများပြည်သူနှင့်တပ်ကျောင်း၊ ညကောင်းကင်နန်းတော်ဂိုဏ်းခွဲ၊ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး နားလည်သွားပြီလား"
နတ်ဘုရားအားလုံး ။ ။ "..."
သူ စာရွက်ပုံကြီးဝေပြီးတဲ့နောက် ပြန်လှည့်ကာ ခေါင်းဆောင်၁၃ယောက်ကို ဖက်ထုတ်တွေ ထုတ်သလိုမျိုး ချည်လိုက်ပြီး တစ်လုံးချင်းစီ ဖိပြောလိုက်တယ်။
"မင်းတို့ သင်ကြားမှဖြစ်မယ်" အဲလိုနဲ့ သူက လူအုပ်ကြီးတစ်တန်းနဲ့အတူ ပျံထွက်လာတော့တယ်။
နဂိုက ဆူညံနေတဲ့ခန်းမက ထူးထူးဆန်းဆန်း တိတ်ဆိတ်ကုန်တယ်...။
အချိန်အတော်လေးကြာမှ မျိုးနွယ်စုတွေက ထရပ်ရဲတော့တယ်။ သူတို့လက်တွေထဲ ထိုးထည့်ပေးခံရတဲ့ အရာကို ငုံ့ကြည့်လိုက်တော့ ချက်ချင်း နားထဲအသံကြားလိုက်ရတယ်။ တစ်ယောက်ယောက်က အရင်တစ်ခေါက်က သင်ခန်းစာကို သင်ယူပြီးတာ သိသာတယ်။ ဒီတစ်ခါတော့ ကြေညာချက်က ဖတ်ဖို့အပြင် အသံလည်း လွှင့်နိုင်လေရဲ့။
ခပ်နက်နက်အသံတစ်သံက အထဲကနေအကျယ်ကြီး အော်တော့တာပဲ။
""ဝူတိအများပြည်သူနှင့်တပ်ကျောင်း၊ ညကောင်းကင်နန်းတော်ဂိုဏ်းခွဲက ခေတ်သစ် ဘက်စုံတော်တဲ့ တပ်ကျောင်းဖြစ်ပြီး ကောင်းကင်မျိုးနွယ်ရဲ့ မြင့်မားတဲ့ စွမ်းရည်တွေကို ပျိုးထောင်ပြီး ပြီးပြည့်စုံတဲ့ခေတ်သစ်ကို ဖန်တီးဖို့ ကြိုးစားနေပါတယ်၊ ကျောင်းမှာ အခု ဆရာငါးယောက် ရှိတယ်၊ လေးယောက်က တခြားမျက်နှာပြင်က စီမံထိန်းသိမ်းသူကျောင်းကနေ ဘွဲ့ရပြီး တစ်ယောက်ကတော့ ဒီကျောင်းမှာ ဆက်လေ့လာနေပါတယ်၊ အားလုံးက ပြီးပြည့်စုံလုနီးပါး သင်ကြားရေးအတွေ့အကြုံရှိပြီး ပြီးပြည့်စုံတဲ့ တစ်ကိုယ်ရည်စွမ်းရည်တွေနဲ့ ပြီးပြည့်စုံလုနီးပါး သင်ကြားရေး နည်းလမ်းတွေ...။
အသံက ဆက်ပြောနေပြီး လျစ်လျူရှူလို့မရတဲ့ တွန်းအားတစ်ခု သယ်ဆောင်ထားကာ လူတိုင်းကို ကြောက်အမ်းသွားစေသလို သူတို့နှလုံးသားထဲ အလိုလို ဆန္ဒတစ်ခု ပေါက်ဖွားလာစေတယ်။ အထူးသဖြင့် နောက်ဆုံးအပိုဒ်ပဲ။
"ပိုသန်မာတဲ့ ကောင်းကင်မျိုးနွယ် ဖြစ်လာချင်လား၊ ကောင်းကင်မျိုးနွယ်တွေကြား အထက်တန်း ကျချင်လား၊ ထူးချွန်ဆုံးအသန်မာဆုံး ကောင်းကင်မျိုးနွယ် ဖြစ်ချင်လား၊ မင်းတို့ခေါင်းဆောင်တွေကို ထုထောင်းသွားသူလို တော်ချင်လား၊ ဝူတိအများပြည်သူနှင့်တပ်ကျောင်း၊ ညကောင်းကင်နန်းတော်ဂိုဏ်းခွဲဆီ လာပါ၊ ဝူတိအများပြည်သူနှင့်တပ်ကျောင်း၊ ညကောင်းကင်နန်းတော်ဂိုဏ်းခွဲက မင်းတို့ရဲ့ ဉာဏ်အရှိဆုံး ရွေးချယ်မှုပဲ၊ မင်းတို့ ငါတို့နဲ့ လေ့ကျင့်သရွေ့ မင်းတို့ အသန်မာဆုံး ဖြစ်လာလိမ့်မယ်၊ မင်းတို့ ဘာတွေစောင့်နေတာလဲ မြန်မြန် ဘေးက ဖုန်းကိုကောက်... အာ ဖွီ ဝူတိအများပြည်သူနှင့်တပ်ကျောင်း၊ ညကောင်းကင်နန်းတော်ဂိုဏ်းခွဲဆီ တန်းလာခဲ့ပါ၊ လိပ်စာ ။ ။ ခရမ်းညတောင်ရဲ့ ညာဘက်တည့်တည့်၊ ကိုးလွှာနန်းတော်အပြင်က ခရမ်းညနန်းတော် သတ်မှတ်အရေအတွက် အရင်လာသူ အရင်သင်ယူ"
နတ်ဘုရားတွေက တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်ကုန်တယ်။ အားတက်သရော ကြော်ငြာက သူတို့နားထဲမြည်နေပြီး တစ်ယောက်က ခဏကြာတော့ ခပ်တိုးတိုးပြောလာတယ်။
"ဒါ... တကယ်လား"
"ခရမ်းညနန်းတော်မှာ နေတဲ့သူက အလောင်းတွေခိုးဖို့ စစ်မြေပြင်ဆီ ခဏခဏလာပြီး ခေါင်းဆောင်တွေ တူတူရိုက်တာခံရတဲ့ အဘိုးကြီး မဟုတ်လား"
"ဒါပေမဲ့ စောနကလူကတော့ တကယ်ကို ကြောက်စရာပဲ"
"ငါတို့ ခေါင်းဆောင်က ဒီမှာမရှိတော့ဘူး၊ သွားကြည့်ကြမလား"
ဒါကြောင့် ဝူတိအများပြည်သူနှင့်တပ်ကျောင်း၊ ညကောင်းကင်နန်းတော်ဂိုဏ်းခွဲက အောင်အောင်မြင်မြင်နဲ့ သူတို့ရဲ့ ပထမဆုံးတပည့်အသုတ်ကို စုဆောင်းနိုင်ခဲ့တယ်။
——————
ကူယွဲ့ စားဖိုမှူးကို ဖြန့်ခိုင်းခဲ့တဲ့ အသံကြော်ငြာက သိပ်မဆိုး။ ယိချင်းက မျိုးနွယ်စု၁၂ခုရဲ့ ခေါင်းဆောင်တွေကို ပြန်ခေါ်လာပြီးတဲ့မောက် ရက်ပိုင်းအတွင်း ကောင်းကင်မျိုးနွယ်တွေ အများကြီး ရောက်ချလာတယ်။
အကြမ်းဖျင်းတော့ လူသောင်းချီလောက် ရှိတယ်။ စားဖိုမှူးက လူတွေကိုထုထောင်းချိန် စစ်မြေပြင်ဖြစ်သွားတာလည်း ပါမယ်။ အဲမှာက လူအများကြီးရှိနေတော့ ကြော်ငြာရဲ့ သက်ရောက်မှုက ဆတိုးသွားခဲ့တယ်။ ဒီလူတွေက သူတို့အခြေစိုက်စခန်းဆီတောင် ပြန်မဆုတ်ဘဲ ခရမ်းညနန်းတော်ဆီ တန်းလာခဲ့ကြတာ။