ငါက ပါရမီရှင်လား..
Vol. 51 Ch. 601
"ညီလေးဝူ ကျေးဇူးအများကြီးတင်ပါတယ်ကွာ အ ခုလို လာပြောပြလို့.."
"ရပါတယ် အကိုလျူရ...ဒါဆို ကျွန်တော် ပြန်လိုက် ပါအုံးမယ်.."
တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီးနောက် လျူယောင်သည် မိမိတည်းခိုသည့် အခန်းသို့ အမြန် ပြန်လာခဲ့သည်။အခန်းထဲရောက်သည်နှင့် တံခါးပိ တ်ကာ သူ ဝယ်လာခဲ့သော ချီလေ့ကျင့်ရေးစာအုပ် ကို ထုတ်ယူလိုက်၏။
စာအုပ်ထဲတွင် ပုံနှင့် ဥပမာများစွာ ပါဝင်နေသည်။
စာမျက်နှာတိုင်းလိုလိုတွင် စွမ်းအင်လမ်းကြောင်း ကိုလည်း ရှင်းလင်းစွာ ပြသထား၏။လေ့ကျင့်ပုံ အ ဆင့်ဆင့်ကို အသေးစိတ် ဖော်ပြထားသည့် စာသား များကလည်း အလွန် များပြားလှသည်။
ဆရာတစ်ယောက်၏ လမ်းညွှန်မှုမရှိဘဲ ကိုယ်တိုင် လေ့လာရခြင်းသည် အခက်အခဲရှိနိုင်သော်လည်း လျူယောင်အတွက်မူ ထိုအရာက ပြဿနာမဟုတ် ပေ။သူသည် မရှင်းလင်းသည့်အချက်များကို တွေ့ တိုင်း အဘိဓာန်ကို အသုံးပြု၍ စကားလုံးတစ်လုံး ချင်းစီ၏ အဓိပ္ပာယ်ကို ရှာဖွေရသကဲ့သို့ စိတ်ဝင်စား စရာကောင်းပြီး အကျိုးရှိလှသည်။
တစ်မနက်လုံး အခန်းထဲတွင် အချိန်ကုန်ခံကာ အား သွန်ခွန်စိုက် လေ့လာခဲ့ပြီးနောက် လျူယောင်သည် စာအုပ်ပါအချက်အလက်များကို အတော်အသင့် နာ းလည်သဘောပေါက်လာခဲ့၏
အထူးသဖြင့် စွမ်းအင်ပထမအပတ်အတွက် လိုအပ် မည့် လေ့ကျင့်ခန်းပုံစံများအား နားလည်သွားသည့် အတွက် သူ့ စိတ်ထဲတွင် ယုံကြည်မှုများ ပိုမို တိုးပွား လာ၏။
လျူယောင် အချိန်ကိုကြည့်လိုက်ရာ နေ့လယ် ၁၂ နာရီကျော်နေသည်။သူသည် စာအုပ်ကို ပိတ်ပြီး ချန် ခွန်းအိတ်ထဲသို့ သိမ်းဆည်းလိုက်ကာ တည်းခိုခန်း နှင့် မလှမ်းမကမ်းရှိ စားသောက်ဆိုင်တွင် နေ့လည် စာ အမြန် အစားစားလိုက်သည်။
ဗိုက်ဝသွားသောအခါ လျူယောင်သည် သူ့အခန်းသို့ ပြန်လာလိုက်၏။
သို့သော်လည်း လျူယောင်၏အာရုံခံစားမှုက ထူးခြ ားလာသည်။တည်းခိုခန်းအတွင်းသို့ သူ ဝင်လိုက် သည်နှင့် အခြားတစ်ယောက်ယောက်က သူ့အား လျှို့ဝှက်စွာ စောင့်ကြည့်နေသလို ခံစားလိုက်ရသ ည်။
"လျှောက်မတွေးတော့ဘူးကွာ...ဝမ်မိသားစုက လူပဲ ဖြစ်မှာပါ..သူတို့ စောင့်ကြည့်ချင်ရင် ကြည့်ပါစေ. ငါ့ ရဲ့လေ့ကျင့်မှုကို မနှောက်ယှက်သရွေ့ ဘာမှမဖြစ်ဘူ း .."
သူ့စိတ်ထဲတွင်မူ သတိ ထားထားလိုက်၏။
"ဒါပေမဲ့... ငါ့လေ့ကျင့်နေတာကို ဝင်နှောင့်ယှက် ရဲမ ယ်ဆိုရင်တော့ ယဉ်ကျေးနေမှာ မဟုတ်ဘူး.. လူတ စ်ယောက်နှစ်ယောက်လောက် သတ်ပစ်ဖို့ဆိုတာ ငါ့ အတွက်တော့ လက်တစ်ချက် လူပ်ရုံလောက်ပဲ ရှိတ ယ်.."
အခန်းသို့ ပြန်ရောက်သည်နှင့် လျူယောင်သည် အ ချိန်မဆိုင်းတော့ဘဲ လေ့ကျင့်ရေးစာအုပ်ထဲက အတို င်းအနေအထားပြင်ကာ ထိုင်ချလိုက်သည်။သူသည် အသက်ရူနှုန်းကို ထိန်းချုပ်ပြီး ပတ်ဝန်းကျင်ရှိကော င်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ခံစားမိရန် ကြိုးစားလိုက်၏။
ဤအဆင့်မှာ အလွန်ပင် ခက်ခဲနက်နဲလှသည်။
အချို့သူများမှာ လအနည်းငယ် သို့မဟုတ် တစ်သ က်တာလုံးပင် ဝိညာဉ်စွမ်းအင်ကို မခံစားနိုင်ကြချေ။ သို့သော်လည်း ထူးချွန်ထက်မြက်သူအချို့မှာမူ ရက် အနည်းငယ်အတွင်း၌ပင် ထိုစွမ်းအင်ကို ထိတွေ့ ခံစ ားနိုင်ကြသည်"
လျူယောင်မှာမူ ထိုစွမ်းအင်ကို ခံစားမိဖို့ မိနစ် အန ည်းငယ်မျှသာ ကြာ၏။
လျူယောင်သည် သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင် အရှိန် အဝါများကို စတင်ခံစားမိလိုက်သည်။ထို့နောက် ကျ င့်စဉ်ထဲကအတိုင်း ဝိညဥ်စွမ်းအင်များကို သူ့ ခန္ဓာကို ယ်ထဲသို့ စီးဆင်းရန် လမ်းကြောင်းပေးလိုက်၏။
ကျင့်စဉ်၏ အဆင့်ဆင့်အတိုင်း ပထမအပတ်ကို လ ည်ပတ်ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် တဖြည်း ဖြည်း ပတ်ဝန်းကျင်အား လစ်လျူရူ့နိုင်သည့် အ ခြေအနေသို့ ရောက်လာခဲ့သည်။
အချိန်များမှာ မသိမသာ ကုန်ဆုံးသွားခဲ့၏။
လျူယောင် ပြန်လည် သတိဝင်လာသောအခါ အခ န်း ထဲတွင် မှောင်မည်းနေသည်ကိုမူ သူတွေ့လိုက် ရ သည်။သူ အချိန်ကို အမြန်ကြည့်လိုက်ရာ အံ့အားသ င့်သွား၏။
"ဘုရားရေ... ည ၉ နာရီတောင်ကျော်ပြီပေါ့.."
ဆိုလိုသည်မှာ သူ မနက်ကစလေ့ကျင့်လိုက်ရာက နေ ၈ နာရီနီးပါး ကြာမြင့်ခဲ့သည်။
'လခွမ်း အချိန်ကုန်တာ မြန်လိုက်တာ.. ၈ နာရီလုံး လုံး ငါ ဘာမှမသိလိုက်ဘဲ ကုန်ဆုံးသွားတာပဲဟ..'
လျူယောင်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက် သောအခါ အလွန်အံ့ဩသွားရသည်။
"ဘာ ငါ... ငါက ဟွမ်အဆင့် ၃ကို ရောက်နေပြီလား"
သူ့ လေ့ကျင့်မှုမှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်နေ၏။ကျင့်စဉ်မှတ်တမ်းများအရ အခြေခံ အဆင့်မှ စ၍ ဟွမ်အဆင့် ၃အထိ ရောက်ရှိရန် သာမ န်လူတစ်ယောက်အတွက်မူ သုံးနှစ်မှ ငါးနှစ်အထိ အ ချိန်ယူရလေ့ရှိသည်။မှတ်တမ်းများအရ အမြန်ဆုံး ကျင့်ကြံနိုင်ခဲ့သူပင်လျှင် ခုနစ်လကြာခဲ့ဖူးသည်။
'ဘုရားရေ..ငါ့ရဲ့ တိုးတက်မှုက ဘာလို့ ဒီလောက်မြ န်ရတာလဲ..ငါ ငါက တကယ့်ကို ပါရမီရှင်တစ် ယော က် ဖြစ်နေတာလား..'
'ဒီလောက်မြန်ဆန်တဲ့ တိုးတက်မှုက ငါကျင့်နေတဲ့ ကျင့်စဉ်ကြောင့်တော့ မဖြစ်နိုင်ဘူး.. ဒါက အဆင့်နိ မ့် ကျင့်စဉ်ပဲလေ..ဒါဆိုရင် တခြားဘာ အကြောင်း အရင်းများ ရှိနိုင်မလဲ..ငါက ပါရမီရှင်မို့လိုပဲနေမှာ ဟီးဟီး..'
လျူယောင်သည် ခဏမျှ တွေးလိုက်မိသည်။
နောက်ဆုံးတွင်မူ သူသည် မိမိ၏ ထူးခြားသော ခန္ဓာ ကိုယ်အခြေအနေကိုသာ အကြောင်းရင်းအဖြစ် သ တ်မှတ်လိုက်၏။သူသည် လိပ်ကြီး၏ စွမ်းရည်များ နှင့် မျှဝေထားသူ ဖြစ်ရာ သူ့ ခန္ဓာကိုယ်ခွန်အားသည် လူသားတို့၏ အထွတ်အထိပ်သို့ ရောက်နေပေသည် ။
ဤမျှခိုင်မာသော ခန္ဓာကိုယ်မျိုးနှင့် ကျင့်ကြံခြင်းက စွမ်းအင်များကို ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်စေ ခြင်းဖြ စ်ပေလိမ့်မည်။မည်သို့ပင်ဖြစ်စေ ဤမျှမြန်ဆန်စွာ တိုးတက်လာခြင်းမှာ သူ့ အနာဂတ်အတွက်မူ အလွ န်ကောင်းမွန်ပေသည်။
သူ၏ ခွန်အား၊လျင်မြန်မူနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အံ့မခန်းပင်။
ယခင်ကပင် သူသည် ပင်ကိုယ်ခွန် အားနှင့် လျင်မြ န်မှုကြောင့် "မြေကမ္ဘာအဆင့်" ၅ နှင့် ယှဉ်တိုက်နိုင်စွ မ်းရှိ၏။ယခုမူ "ဟွမ်အဆင့်" ၃ သို့ တက်လှမ်းနိုင်ခဲ့ သည့်အတွက် သူ့ ခွန်အားမှာ ယခင်ကထက်ပင် ပိုမို တိုးတက်လာသည်။
သူ၏ ပင်ကိုယ်ကြံ့ခိုင်မှုနှင့် ကျင့်စဉ်စွမ်းအားတို့ ပေါ င်းစပ်လိုက်သောအခါ တိုက်ပွဲများတွင် တစ်ချက်တ ည်းနှင့် အနိုင်ယူနိုင်င်ခြင်းမှာ မထူးဆန်းတော့ပေ။
ယခုအခါ "ဟွမ်အဆင့်" ၃ ၏ တိုက်ခိုက်ရေးစွမ်းရ ည်ကို ပိုင်ဆိုင်ထားသည့် သူ့အတွက်မူ "မြေကမ္ဘာအ ဆင့်" ၃ သို့မဟုတ် ၄ ရှိ သခင်များကို အနိုင်ယူခြင်း မှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်တော့ချေ။
ဗိုက်ဆာလာသည့်အတွက် လျူယောင်သည် တည်း ခိုခန်းမှ ထွက်လာခဲ့သည်။လမ်းဘေးတွင် စားသော က်ဆိုင်တစ်ဆိုင်ကို တွေ့သည့်အခါ သူ ဝင်၍ ညစာစ ားလိုက်သည်။
သူ စားနေစဉ်အတွင်းမှာပင် အဝေးတစ်နေရာမှ တစ် စုံတစ်ယောက်က သူ့အား တိတ်တဆိတ် စောင့်ကြ ည့်နေကြောင်း လျူယောင် သတိထားမိလိုက်၏။ သို့သော်လည်း သူသည် အနည်းငယ်မျှပင် ဂရုမစိုက် ဘဲ ညစာကိုသာ အာရုံစိုက် စားနေလိုက်သည်။
ဤဂိုဝူကမ္ဘာတွင် ည ၉ နာရီကျော်နေသော်လည်း လ မ်းမပေါ်တွင်မူ လူသူများပြားနေဆဲဖြစ်ပြီး ဆိုင်အ ချို့မှာလည်း လုပ်ငန်းလည်ပတ်နေဆဲပင်။
ညစာစားပြီးသည်နှင့် လျူယောင်သည် တည်းခိုခ န်းသို့ ပြန်လာခဲ့သည်။အခန်းထဲသို့ သူ ရောက်သည် ညနှင့် ချက်ချင်းပင် ချီကျင့်စဉ်ကို ဆက် လေ့ကျင့် လိုက်သည်။ယခုအခါတွင်မူ သူ၏ ကျင့်ကြံနိုင်စွမ်း က အလွန်တိုးတက်လာပြီဖြစ်ရာ အချိန်ကို အလဟ ဿ မဖြုန်းတီးသင့်ပေ။
သူသည် ခွန်အားကို အမြန်ဆုံး တိုးတက်အောင် ကြို းစားရပေမည်။အကယ်၍ သူသာ 'ကောင်းကင်အ ဆင့်'ကျင့်ကြံသူများကိုပင် ရင်ဆိုင်ရဲသည့် ခွန်အား ကို ပိုင်ဆိုင်ထားမည်ဆိုပါက ဤကမ္ဘာတွင် မည်သူ့ ကိုမျှ သူ ကြောက်ရွံ့စရာ မလိုတော့ပေ။
ဤဂိုဝူကမ္ဘာတွင် ခွန်အားဖြင့်သာ စကားပြောသည် မဟုတ်ပေလော။
နောက်ရက်များတွင်လည်း သူသည် စားသောက်ဆို င်မှ ထွက်ခွာခြင်း၊တည်းခိုခန်းသို့ ပြန်လာခြင်းနှင့်ကျ င့်စဉ်ကို ကျင့်ကြံခြင်း သူ၏ နေ့စဉ်ဘဝအား ဤကဲ့ သို့ အချိန် ကုန်ဆုံးခဲ့၏။
ပြန်လာသည့်လမ်းတစ်လျှောက်တွင်လည်း ထိုလူက သူ့ကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း လျူယောင် သိလိုက်သည်။သို့သော်လည်း သူ့ စိတ် ထဲတွင်မူ အလေးမထားခဲ့ပေ။
"ဒီလူတွေက ငါ့ ကျင့်ကြံတာကို လာမနှောင့်ယှက် သရွေ့ ဘယ်သူပဲ စောင့်ကြည့်ကြည့်.. ငါနဲ့ ဘာမှမ ဆိုင်ဘူး"
......
ညဉ့်သန်းခေါင်ယံအချိန်ဖြစ်သော်လည်း ဝမ်ယွမ်ကျိ ၏ ခန်းမဆောင်တွင်မူ မီးများ ထိန်လင်းနေဆဲပင်။
သူသည် အိပ်စက်ခြင်းမရှိဘဲ အရေးကြီးသော သတ င်းကိုသာ စောင့်ဆိုင်းနေခဲ့သည်။ခဏအကြာတွင်မူ ငယ်သားတစ်ဦးက အခန်းတွင်းသို့ ဝင်လာပြီး ဒူး ထောက်ကာ သတင်းပို့လိုက်၏။
"အကြီးအကဲ..ကျွန်တော်တို့လူတွေ ဒီ လျူယောင်က အပြင်ကို ခဏလေးထွက်ပြီး အစာစားတာကလွဲရင် ကျန်တဲ့အချိန်တွေမှာတော့ တည်းခိုခန်းထဲကနေ လုံး ဝထွက်မလာခဲ့ပါဘူး..."
ဝမ်ယွမ်ကျိ ခဏတာ တွေးတောပြီးနောက် အေးစက် သည့် လေသံဖြင့် မေးမြန်းလိုက်သည်။
"ဒီကောင် ဒီနေ့ ဘယ်သူတွေနဲ့ ဆက်သွယ်သေးလဲ.."
"ဝူမိသားစုက ဝူယုကန်းနဲ့ တွေ့ပါတယ်..ဒီမနက်မှာပဲ ဝူယုကန်းက သူ့ဆီကိုလာပြီး သူတို့နှစ်ယောက် ဝမ် ပေါင်စံအိမ်ကို အတူတူသွားခဲ့ကြတယ်.အချိန် ခဏ လေးပဲ ကြာပါတယ်.."
ဝမ်ယွမ်ကျိသည် ဝူမိသားစုကို ကြိမ်ဖန်များစွာ ကျိ န်ဆဲလိုက်သည်။
"တောက် ဝူယူကန်း... ဒီကောင်က ငါ့အစီအစဉ်ကို ဖျက်ဆီးနေတာပဲ.."
"သူ့အပြင် တခြားဘယ်သူနဲ့မှ အဆက်အသွယ် မရှိ ဘူးလား.."
"မရှိပါဘူးခင်ဗျာ.. ဝူယူကန်းတစ်ယောက်တည်းပါ ပဲ.."
"ကောင်းပြီ မင်းသွားတော့.."
လက်အောက်ငယ်သား ထွက်သွားသည်နှင့် ဝမ်ယွမ် ကျိ၏ မျက်နှာမှာ အေးစက်သွားပြီး မျက်လုံးများထဲ တွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာ၏ ။
သူက တိုးတိုးလေး ရေရွတ်မိသည်။
"ဟိုင်ကျိုးမြို့ထဲကို ကျင့်ကြံသူတွေ တစ်ယောက် ပြီ းတစ်ယောက် ရောက်နေပြီပဲ..ဟမ့် လျူယောင် ... မင်းရဲ့ နောက်ဆုံးနေ့ရက်တွေကို စောင့်ကြည့်လိုက်စ မ်း.."
"မိသားစုရဲ့ အရင်းအမြစ်အားလုံးကိုသုံးပြီး မင်း အ ကြောင်းကို တစ်မြို့လုံး ပျံ့အောင် ငါ ကြော်ငြာပေး မယ်..မင်းအသက်ကို လာယူမယ့်သူတွေ အများကြီး ရှိလာမှာပါ လျူယောင်ရာ ဟားဟားဟား.."
..............
နောက်တစ်နေ့ နံနက်၌..
နေရောင်ခြည်သည် ပြူတင်းပေါက်မှတစ်ဆင့် အခ န်းထဲသို့ ဖြာကျလာ၏။လျူယောင်သည် ကုတင်ပေါ် မှ ထလိုက်သည်။သူသည် ခန္ဓာကိုယ်ကို လိပ်တစ် ကောင်ကဲ့သို့ ခေါက်ကာ ထိုင်လိုက်ပြီးနောက် ချီကျ င့်စဉ်အား လေ့ကျင့်လိုက်၏။
အချိန်များမှာ တစ်မိနစ်ပြီးတစ်မိနစ် တရွေ့ရွေ့ ကုန် လွန်သွားခဲ့သည်။
။မနက်ခင်းနေရောင်ခြည်သည် နေ့လယ်ခင်းအထိ ပြောင်းလဲသွားချိန်တွင်မူ လျူယောင်သည် နောက် ဆုံး၌ သူ မျက်လုံးများအား ဖြည်းဖြည်းလေး ဖွင့်လို က်၏။ပြီးနောက် ရင်ဘတ်ထဲမှ အသက်ရှူလမ်းကြေ ာင်းကို ရှင်းလင်းလိုက်သလိုမျိုး လေအား အဆုံး ထိ ပြင်းပြင်းရှူသွင်းလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ ကျင့်ကြံမှုမှာ ၁၂ နာရီတိ တိ ကြာမြင့်ခဲ့၏။
'ဝိုး ဟွမ်သတ္တမအဆင့်ကိုတောင် ငါရောက်ပြီပဲ...'
လျူယောင်သည် သူ့ ခန္ဓာကိုယ်အတွင်း စီးဆင်းနေ သော စွမ်းအားများအား ခံစားမိသည်။တစ်နေ့တည်း မှာပင် သူက ဟွမ်အဆင့် (၃) မှ အဆင့် (၇) သို့ ခုန်ပျံ ကျော်လွှားခြင်းမှာ မယုံနိုင်စရာပင်။
ဤကဲ့သို့သော အရှိန်အဟုန်ဖြင့် တိုးတက်နေခြင်းကို သာ အပြင်လူများ သိသွားပါက ထိတ်လန့် တုန်လှုပ် သွားကြမည်မှာ သေချာသလောက်ပင်။