← Chapters

မကောင်းဆိုးဝါးဘုန်းကြီး

Vol. 51 Ch. 602

မကောင်းဆိုးဝါးဘုန်းကြီး

Vol. 51 Ch. 602

လျူယောင်သည် သူ၏ တိုးတက်မှုအတွက် အလွန် ပင် ကျေနပ်အားရနေမိသည်။သူသည် အချိန်ကို သိ ရန် လက်ကို မြှောက်ကြည့်လိုက်ရာ နံနက် ၁၀ နာရီ ကျော်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ထိုအခါမှ မန က်စာပင် မစားရသေးသည်ကိုမူ သူ သတိပြုမိသွား သည်။

'ငါ တစ်ခုခုသွားစားရမလား..ဒါမှမဟုတ် ဆက်ပြီး ကျင့်ကြံမရလား..'

သူ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။

"အစာရှိမှ အားရှိမှာပဲ.. ငါ အစာမစားဘဲ ကျင့်ကြံနေ လို မဖြစ်ဘူး.."

ထိုကြောင့် လျူယောင်သည် တည်းခိုခန်းမှ ထွက်လ ာခဲ့သည်။ထိုအချိန်တွင် သူ့ကို တိတ်တဆိတ် နော က် ယောင်ခံလိုက်နေသူရှိကြောင်း ရိပ်မိသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။

ထိုမျှမက သူ အနည်းငယ်ပင် ပျော်ရွှင်နေမိသည်။ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ သူ၏ အာရုံ ခံစားနိုင်စွမ်းများမှာ ပိုမိုထက်မြက်လာပြီး ခန္ဓာကိုယ် ၏ ခွန်အားများမှာလည်း တက်လာကြောင်း သိရှိ လို က်ရ၍ ဖြစ်သည်။

'တကယ်ပါပဲ... ကျင့်ကြံတာက ခန္ဓာကိုယ်ရဲ့ ကန့်သ တ်ချက်တွေကို ကျော်လွန်သွားနိုင်တာပဲကွာ..'

ယခင်ကကဲ့သို့ လိပ်တစ်ကောင်လို ကြီးထွားရုံသက် သက်မဟုတ်ဘဲ သူ၏ ခွန်အား၊လျင်မြန်မူနှင့် ခန္ဓာ ကိုယ် အစိတ်အပိုင်းအားလုံးမှာလည်း တိုးတက်လာ ၏။သူ၏ ပင်ကိုယ်စွမ်းအားများမှာလည်း အဆင့်တ စ်ခုတွင်သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ အတိုင်း အဆမရှိ တိုးတက်နိုင်ကြောင်း လျူယောင် နားလ ည် လာခဲ့သည်။

ကျင့်ကြံခြင်းဆိုသည်မှာ ခန္ဓာကိုယ်၏ ကန့်သတ်ချ က်များကို ကျော်လွန်နိုင်ပြီး ပင်ကိုယ်စွမ်းအားများ အား အဆင့်ဆင့် မြှင့်တင်ပေးနိုင်သည့် အရာပင်ဖြစ် ၏။ ဤအချက်ကပင် လျူယောင်အတွက် ကျင့်ကြံ သည်က အကြီးမားဆုံး တွန်းအား ဖြစ်နေသည်။

လျူယောင်သည် စိတ်ကျေနပ်စွာ ရေရွတ်လိုက်၏။

'အင်း ငါ နောက်ထပ် လျှို့ဝှက်ကျင့်စဉ်တွေကို ကျင့် ကြံပြီး မြေကမ္ဘာအဆင့်သာ ရောက်သွားရင် ဒီကမ္ဘာ မှာ ဘယ်သူ့ကိုမှ ငါ ဂရုစိုက်စရာမလိုတော့ဘူး ဟဲ.."

လမ်းမပေါ်တွင်မူ လမ်းများစွာ ရှိနေကာ စည်ကားနေ ပေသည်။လမ်းဘေးဝဲယာရှိနေ ဆိုင်ခန်းများမှ ထွ က် ပေါ်လာသည့် အစားအစာ ရနံ့များမှာ အလွန်ပင် မွှေးပျံ့နေ၏။လျူယောင်သည် လူအနည်းငယ် တန် းစီနေသည့် ပန်ကိတ်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်တန့် လို က်သည်။ဤဆိုင်၏ လုပ်ငန်းမှာ အလွန်ပင်ကော င်းမွန်ပုံရသည်။

သူသည် ခဏမျှ တန်းစီစောင့်ဆိုင်းပြီးနောက် ကြေး နီဒင်္ဂါးနှစ်ပြားဖြင့် အရသာရှိသော ပန်ကိတ်တစ်ချပ် အား ဝယ်လိုက်၏။

ပန်ကိတ်ကို စားရင်း လမ်းလျှောက်နေရင်းဖြင့် လျူ ယောင်သည် စားသောက် ဆိုင်တစ်ဆိုင်တွင် နေ့လ ယ်စာ စားပြီးနောက် ဆက်လက်ကျင့်ကြံရန် အခန်း သို့ ပြန်လာလိုက်သည်။

အပြန်လမ်းတွင် လျူယောင် စဉ်းစားနေမိ၏။

“ဒီဟိုင်ကျိုးမြို့မှာ အိမ်တစ်လုံးလောက် ငါ ပိုင်ဆိုင် ထားသင့်ပြီကွာ..”

ယခင်က လျှို့ဝှက်ဆန်းကြယ်သည့် ချီကျင့်စဉ်ကို ဝယ်ယူလိုက်သည့်အတွက် သူသည် ရွှေဒင်္ဂါးများစွာ ကုန်သွားခဲ့သည်။သို့သော်လည်း ကျန်ငွေမှာ ထောင် ဂဏန်းအထက်တွင် ရှိနေသေးသဖြင့် အိမ်ကြီးတစ် လုံး ဝယ်ယူရန်မှာ သူ့အတွက်မူ အခက်အခဲမရှိပေ။

သို့သော်လည်း လမ်းပေါ်တွင် အိမ်ဝယ်ဖို့အတွက် မ ည်သူ့ကိုမေးမြန်းရမလဲဆိုသည်အား သူ စဉ်းစားနေ မိသည်။လျူယောင် စဥ်းစားနေစဉ်မှာပင် လမ်းနှစ် လမ်းဆုံရာ စည်ကားလှသော လမ်းထောင့်သို့ မသိစိ တ်ဖြင့် လျှောက်လာလိုက်၏။

လူများစွာ ပြွတ်သိပ်သွားလာနေသည့် လမ်းမကြီး ပေါ်တွင် လျူယောင်သည် ညာဘက်သို့ ကွေ့လိုက် သည်။ထိုနေရာသည် ချမ်းသာကြွယ်ဝသူများနေထို င်သည့် ရပ်ကွက်ဖြစ်ပုံရပြီး လမ်းဘေးတွင်လည်း ခ န့်ညားလှသော အိမ်တော်ကြီးများဖြင့် စည်ကားနေ ၏။

သူ အကဲခတ် ကြည့်နေစဉ်မှာပင် ဘေးနားမှ အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

"သခင်လေးလျူ... ခဏလောက် ရပ်ပေးပါဦး.."

ထိုအသံကြောင့် လျူယောင် လှည့်ကြည့်လိုက်သော အခါ ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရ၏။သို့သော် လည်း ထိုဘုန်းကြီးမှာ သာမာန်ဘုန်းကြီးတို့ကဲ့သို့ ငြိ မ်းချမ်းသော မေတ္တာဓာတ်ကို လျူယောင် မတွေ့ရ ပေ။

ထိုဘုန်းကြီး အမူအရာမှာ ကြမ်းတမ်းလွန်းလှပြီး ယ ဉ်ကျေးသိမ်မွေ့မှုအား မတွေ့ရဘဲ ထိုဘုန်းကြီးက လ က်အုပ်ချီခြင်းပင် မရှိပေ။

”ဒီဘုန်းကြီးက. ဘယ်သူလဲဟ..ဘာလို့ ငါ့ကို ရပ်ခိုင်း တာလဲ..”

လျူယောင်သည် ထိုဘုန်းကြီးကို အကဲခတ်ရင်း သူ့ စိတ်ထဲမှ မေးခွန်းထုတ်လိုက်မိသည်။

"သခင်လေးလျူ..ကျုပ်ကြားတာကတော့ ခင်ဗျား ဆီမှာ မှော်လက်နက်တွေ အများကြီး ရှိတယ်ဆိုပဲ ကျုပ်က ဓားပညာကို လေ့ကျင့်ထားသူမို့လို့ ..ခဗျား ဆီက ဓားတစ်ချောင်းလောက် ဝယ်ယူချင်လို့ပါ.."

ထိုစကားကို ကြားလိုက်သည်နှင့် လျူယောင်၏ မျ က်လုံးများမှာမူ ရုတ်တရက် အေးစက်လာ၏။

“ဟမ့် ဒါ... ဝမ်မိသားစုရဲ့ လက်ချက်ပဲနေမှာ..”

ဝမ်မိသားစုသည် လမ်းကြောင်းမျိုးစုံမှတစ်ဆင့် သ တင်းဖြန့်ကာ သူ့အား ပစ်မှတ်ထားပုံရသည်။သူ့ဆီ ၌ "မှော်လက်နက်ရှိတယ်" ဟု ကြော်ငြာလိုက်ခြင်းမှာ သားကောင်ကို ကျော့ကွင်းထဲ ဆွဲခေါ်ရန် ကြံစည် ခြ င်းသာ ဖြစ်ပေလိမ့်မည်။

လျူယောင်သည် တစ်ဖက်ရန်သူ၏ ခွန်အားကို ချ က်ချင်း အကဲခတ်လိုက်၏။ထိုဘုန်းကြီး၏ ခန္ဓာကို ယ်အတွင်းမှ ထွက်ပေါ်နေသော ဖိအားမှာ ယခင်က သူရင်ဆိုင်ခဲ့ဖူးသည့် ချိုင်ယီထက်ပင် ပိုမိုပြင်းထန် နေသည်။

ဤဘုန်းကြီးသည်ကား 'မြေကမ္ဘာအဆင့်' တစ်ဦး ဖြ စ်နိုင်ချေရှိသည်။

အကယ်၍သာ ထိုဘုန်းကြီးသည် မြေကမ္ဘာအဆင့် တစ်ဦးသာဖြစ်ပါက ဤကမ္ဘာတွင် အမည်မရှိသူ တ စ်ဦး မဖြစ်နိုင်ပေ။သူ ယခင်က ဖတ်ခဲ့ဖူးသည့် သမို င်း မှတ်တမ်းများအရ ထိုသို့သော ကျော်ကြားသည့် မြေကမ္ဘာအဆင့်များအား လျူယောင် သိပေသည်။

”ဒီဘုန်းကြီးက ဘယ်သူလဲ..ဝမ်မိသားစုက ငါ့ကို ဘ ယ်လိုပုဂ္ဂိုလ်မျိုးနဲ့ လာတွေ့ခိုင်းတာလဲဟ…”

လျူယောင်၏ စိတ်ထဲတွင်မူ ရန်သူ့ အကြောင်းအား အမြန်ဆုံး သိရှိရန် စဥ်းစားလိုက်၏။

“'အော်..ဒီဘုန်းကြီးက မကောင်းဆိုးဝါးဘုန်းကြီးလို့ ခေါ်တာကိုး..”

လျူယောင်သည် ယခင်က သူဖတ်ခဲ့ဖူးသည့် မှတ် တမ်းတွင် "မကောင်းဆိုးဝါးဘုန်းကြီး” အကြောင်း အား စာကြောင်း အနည်းငယ်ဖြင့်သာ ဖော်ပြ ထား သော်လည်း ထိုဘုန်းကြီး၏ ရက်စက်ကြမ်းကြုတ် ပုံမှာမူ တစ်မြို့လုံးတွင် ကျော်ကြားလှပေသည်။

ဤမကောင်းဆိုးဝါးဘုန်းကြီး ဓားပညာမှာ ထူးခြား ဆန်းကြယ်ပြီး 'မြေကမ္ဘာအဆင့် ၇ 'တစ်ဦးပင် ဖြစ် ၏။ဤမျှမြင့်မားသော ကျင့်ကြံခြင်း အဆင့် ရှိသူ တစ်ဦးက လမ်းမပေါ်တွင် သူ့အား တားဆီးရန် ရဲတ င်းနေခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။

လျူယောင်ထံတွင် မှော်လက်နက်ရှိကြောင်းကိုပင် ပေါ်တင်တောင်းဆိုရလောက်အောင် ထိုမကောင်းဆို းဝါးဘုန်းကြီးသည် မည်မျှမာနကြီးလိုက်သနည်း။

လမ်းမပေါ်ရှိ သိုင်းပညာရှင်အချို့သည်လည်း ထိုဘုန်းကြီးအား မှတ်မိသွားကြသည်။

"ဘုရားရေ... ဒါ မကောင်းဆိုးဝါးဘုန်းကြီးပဲ သူ တ ကယ်ပဲ ဟိုင်ကျိုးမြို့တော်ကို ရောက်လာတာပဲ.."

"မင်း..အသံတိတ်တိတ်နေစမ်း..သူ ကြားသွားရင် ငါ တို့အသက် အန္တရာယ်ရှိလိမ့်မယ်.."

"ဒီလူငယ်လေးက ဘယ်သူလဲဟ..ဘာလို့ ဒီဘုန်းကြီး နဲ့မှ ပတ်သက်မိတာလဲ.လာ..သွားကြစို့..ဒီနေရာမှာ ရ န်ပွဲကို အနီးကပ်ကြည့်ရင် ငါတို့ အသက်တွေ အလ ကား ဆုံးရှုံးသွားလိမ့်မယ်.."

အချိန်ခဏလေးအတွင်းမှာပင် လူအများဖြင့် စည် ကားနေသော လမ်းမကြီးသည် ချက်ခြင်းပင် တိတ် ဆိတ်သွားပေသည်။သာမာန်လူများသာမက ကျင့် ကြံသူများပါမကျန်အသက်ဘေးမှလွတ်ရန် လျင်မြ န်စွာ ထွက်ပြေးသွားကြ၏။

လျူယောင်ကား တည်ငြိမ်စွာပင် ရပ်နေဆဲပင်။

သူ့ စိတ်ထဲ၌ ကြောက်ရွံ့မှုဟူ၍ အနည်းငယ်မျှပင် မ ရှိပေ။

“ဟမ့် မြေကမ္ဘာအဆင့် ၇ ဖြစ်ရင်ရော ဘာဖြစ်လဲ.. ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ဒီလိုအဆင့်မျိုးကို ရင်ဆိုင်နို င်မလားဆိုတာ စမ်းသပ်ကြည့်ရုံပေါ့ကွာ.."

လျူယောင်၏ မျက်လုံးထဲတွင်မူ စိန်ခေါ်လိုသော အ ရိပ်အယောင်များ ထင်ဟပ်လာ၏။သူသည် ရှေ့သို့ အေးစက်စွာ လျှောက်လာခဲ့သည်။

အကယ်၍ ကျင့်ကြံခြင်းသာ မရှိခဲ့ပါက လျူယောင် သည် အသက်ဘေးမှလွတ်ရန် ချက်ချင်း ထွက်ပြေး ခဲ့မိမည်မှာ အမှန်ပင်။သို့သော်လည်း ယခုအခါ "ဟွ မ်အဆင့် ၇" သို့ သူ ရောက်သွားပြီဖြစ်၍ သူ၏ တို က်ခိုက်ရေးစွမ်းအားကို စမ်းသပ်ကြည့်လိုသည့် စိတ် ဆန္ဒက ပိုမိုပြင်းထန်နေ၏။

“ဒီမကောင်းဆိုးဝါးရဟန်းက ငါ့ဓားကို ဝယ်မယ်တဲ့ လား..ဟာသပဲကွာ…”

လျူယောင်သည် စိတ်ထဲ၌ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသော်လည်း အပြင်ပန်းတွင်မူ အလွန် တ ည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး.မှော်လက်နက်တွေကို ဝူမိသား စုရဲ့ လေလံပွဲမှာ တင်ဖို့ ကျွန်တော် အပ်ပြီးသားမို့လို့ ပါ..ခင်ဗျား တကယ်ဝယ်ချင်တယ်ဆိုရင် မနက်ဖြန် ကျရင် လေလံပွဲကိုပဲ လာခဲ့လိုက်လေ..."

"ဟားဟားဟား သခင်လေးလျူ.. ခင်ဗျားက ကျုပ် ပြောတာကို သဘောပေါက်ပုံမရဘူး.."

မကောင်းဆိုးဝါးဘုန်းကြီး လေသံမှာ အေးစက်စက် နှင့် ခြိမ်းခြောက်သံများ ပါဝင်နေ၏။လျူယောင်သ ည်လည်း ထိုဘုမ်းကြီး၏ ရိုင်းစိုင်းမှုကြောင့် ဒေါသ ထွက်လာကာ တန်ဓားကို တင်းနေအောင် ဆုပ်ကိုင် လိုက်သည်။

"အပိုစကားတွေ ပြောမနေနဲ့..ခဗျား.. တိုက်ခိုက်ချင် ရင် အခုချက်ချင်း စလိုက်ကြတာပေါ့ဗျာ.."

"မင်းကို ယဉ်ယဉ်ကျေးကျေးနဲ့ ဖိတ်ခေါ်တာကို မလို က်လျောဘူး..ငါ ကမ်းလှမ်းတဲ့ဝိုင်ကိုလည်း မသော က်ဘူးဆိုတော့... ဒီကိုယ်တော်လည်း ယဉ်ကျေးနေ ဖို့ မလိုတော့ဘူးပေါ့..ကဲကွာ.."

မကောင်းဆိုးဝါးဘုန်းကြီးက လက်နက်ကို မထုတ် ဘဲ လက်သီးဖြင့် လျူယောင်ကို အားပြင်းပြင်း ထိုး လိုက်၏။လျူယောင်၏ ကျင့်ကြံမှုအဆင့်အား ဟွမ် အဆင့် ၇ ဟု ထိုဘုန်းကြီးက သိထားပြီး ဝမ်မိသားစု ၏ ရွှမ်အဆင့်အား သတ်ဖြတ်ခဲ့သည်ဆိုသည့် သတ င်းကိုလည်း သူ ကြားထားဖူးသည်။

သို့သော်လည်း ထိုမကောင်းဆိုးဝါးဘုန်းကြီးသည် လျူယောင်က သူနှင့် ယှဉ်နိုင်မည့် ပြိုင်ဘက်ဟု မ သတ်မှတ်ထားသည့် အတွက်လက်သီးအား ပေါ့ဆ စွာထိုးလိုက်ခြင်းဖြစ်၏။

ထိုဘုန်းကြီး စိတ်ထဲတွင်မူ လျူယောင်သည် ရွှမ် အ ဆင့် ၁ သို့မဟုတ် အဆင့်၂ရှိသူတစ်ဦးအား ကံကော င်း၍ သတ်ညဖြတ်နိုင်ခဲ့ခြင်းဖြစ်မည်ဟုသာ အထင် အမြင်သေးနေပုံရသည်။

ထိုမကောင်းဆိုးဝါးရဟန်း၏ ယုံကြည်ချက်မှာ အ လွန်ပြင်းထန်လှ၏။

သူသည် မြေကမ္ဘာအဆင့်ဖြစ်သည်နှင့်အညီ ဟွမ်အ ဆင့် ၇ သာရှိသည့် လျူယောင်အား ဓားမထုတ်ဘဲ လက်သီးတစ်ချက်ဖြင့်ပင် အဆုံးသတ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။သို့ပေမဲ့ ထိုလက်သီးချက်တွင် ကျောက်တုံးကြီးများကိုပင် အပိုင်းပိုင်းအစစ ကြေမွ သွားစေနိုင်သည့် စွမ်းအားမျိုး ပါဝင်နေ၏။

သို့သော်လည်း လျူယောင်သည် နောက်ဆုတ်မသွား ဘဲ သူ့ ခွန်အားကို စမ်းသပ်လိုသည့်စိတ်ဖြင့် လက် သီးဖြင့်သာ ပြန် တုံ့ပြန်လိုက်သည်။

"အုန်း.."

လက်သီးနှစ်လုံး လေထဲတွင် ထိပ်တိုက် တွေ့မိစဉ် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လ ာပြီး လေထုပင် တုန်ခါသွား၏။ထိုတိုက်ပွဲ၏ အရှိန် ကြောင့် နှစ်ဦးစလုံး နောက်သို့ တစ်လှမ်းစီ ဆုတ်လို က်ရသည်။

လျူယောင်၏ စိတ်ထဲတွင်မူ လန့်ဖြန့်ခဲ့ရ၏။

“လခွမ်း ဒီမကောင်းဆိုးဝါးရဟန်းရဲ့ စွမ်းအားက တ ကယ်ကို ကြောက်ဖို့ကောင်းတာပဲ လိပ်ဆီက အကာ အကွယ်စွမ်းရည်သာ မရှိရင် ငါ့လက်မောင်းတစ်ဖ က် ကြေမွသွားနိုင်တယ်ဟ…”

အစပိုင်းတွင် မသိသာသော်လည်း နှစ်စက္ကန့်၊သုံးစ က္ကန့်အကြာတွင်မူ လျူယောင်သည် လက်သီးမှ တ စ်ဆင့် နာကျင်မှုများကို စတင်ခံစားလာရ၏။

တစ်ဖက်တွင်လည်း မကောင်းဆိုးဝါးဘုန်းကြီးခဗျာ ပို၍ပင် တုန်လှုပ်နေသည်။လျူယောင်အား အလွယ် တကူ အနိုင်ယူနိုင်မည်ဟု ထင်မှတ်ထားရာမှ ယခု ကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုမျိူး ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

”သြော်..ဒီကောင့်ခွန်အားက မြေကမ္ဘာအဆင့် ၅ ဒါ မှမဟုတ် အဆင့်၆လောက်ရှိတဲ့ ခွန်အားမျိုးပဲ..ဟူး ငါ့ရဲ့ အထင်သေးမိတာ မှားတာပဲကွာ..”

လျူယောင်အား လုံးဝအထင်သေး၍မရကြောင်း သူ သဘောပေါက်လာခဲ့သည်။ချက်ချင်းပင် ထိုမကော င်းဆိုးဝါးဘုန်းကြီး၏ လက်ထဲသို့ ဓားတစ်လက် ရေ ာ ရောက်လာခဲ့၏။

All Chapters