← Chapters

မကောင်းဆိုးဝါးဘုန်းကြီး ထွက်ပြေးပြီ

Vol. 51 Ch. 603

မကောင်းဆိုးဝါးဘုန်းကြီး ထွက်ပြေးပြီ

Vol. 51 Ch. 603

သူ၏မျက်လုံးအစုံတင်းမာလာပြီး လျှပ်စီးသဖွယ် လျူယောင့်အား ခုတ်ပိုင်းလိုက်ရာ ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့သည်။

ထိုအရှိန်မှာ အလွန် မြန်ဆန်လွန်းလှသဖြင့် သာမာန် ကျင့်ကြံသူတစ်ဦးအဖို့ တုံ့ပြန်ရန် နေနေသာသာ မျ က်တောင်ခတ်ဖို့ပင် အချိန်မရနိုင်လောက်ပေ။

သို့သော်လည်း လျူယောင်၏ စိတ်ထဲတွင်မူ စိတ် လှုပ်ရှားမူများ ပေါ်လာခဲ့သည်။

"ကောင်းတယ်..ငါလည်း ဒီလိုမျိုးမှ ကြိုက်တာ လာ စမ်း.."

သူ့တစ်ကိုယ်လုံးရှိ တိုက်ခိုက်လိုစိတ်တို့မှာ အဆမ တန် မြင့်တက်လာ၏။တစ်ဖက်ရန်သူ၏ အရှိန်ကမြ န်ဆန်လှသော်လည်း လျူယောင်၏ မျက်လုံးထဲတွ င်မူ အရာအားလုံးက နှေးကွေးနေကာ ကြည်လင် ပြ တ်သားစွာ သူ မြင်နေရသည်။

အကယ်၍ သူသာ လေ့ကျင့်ထားခြင်း မရှိပါက ထို တိုက်ကွက်အား ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ယခုမူ မခက်ခဲတော့ပေ။လျူယော င်သည် ကိုယ်ဟန်ကို ပေါ့ပါးစွာ လူပ်ရှားလိုက်ရင်း လက်ထဲမှ ဓားဖြင့် တုံ့ပြန်လိုက်သည်။

သူ့ တိုက်ကွက်တွင်မူ ဟန်ရေးပြမှုများ လုံးဝမပါဝင် ပေ။ရိုးရှင်းကာ အစွမ်းထက်လှပြီး ခွန်အားနှင့် အမြ န်နှုန်းကိုသာ မှီခိုထား၏။

"ဒင်... ဒင်... ဒင်..."

ဓား ဓားချင်း ထိခတ်မိသံများ ဆက်တိုက် ထွက်ပေါ် လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ဦးသ ား အကြိမ်များစွာ အကြိတ်အနယ် တိုက်ခိုက်မိလို က်သည်။နှစ်ဦးစလုံးမှာ အသာစီးရသူမရှိဘဲ ခွန်အား ချင်းလည်း တူညီနေ၏။

လျူယောင်သည် တိုက်ခိုက်ရင်းနှင့်ပင် သူ့ စိတ်ဓာ တ်များ တက်ကြွလာသည်။သူက မြေကမ္ဘာ သတ္တမ အဆင့် ကျင့်ကြွသူတစ်ဦးနှင့် ရင်ဘောင်တန်း တိုက် ခိုက်နိုင်စွမ်း ရှိကြောင်း သိလိုက်ရသည့်အတွက် တို က်ခိုက်လိုစိတ်က ပိုမိုပြင်းထန်လာ၏။

မကောင်းဆိုးဝါးဘုန်းကြီးသည် အစကတည်းက လျူယောင်၏ ခွန်အားကို အထင်သေးထားခဲ့သည်။ သိုပေမဲ့ ဤလျူယောင်မှာ မြေကမ္ဘာဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သူ သိလိုက်ရ၏။

အပြန်အလှန် တိုက်ခိုက်မှုအပြီးတွင် မကောင်း ဆိုးဝ ါးဘုန်းကြီးက သူ့ အကောင့်ဆုံး လူသတ်ကွက်ကို စတင်ထုတ်ဖော်လိုက်၏။သူ့ ဓားပြားကြီးမှတစ်ဆင့် ဓားချီအား ထုတ်လွှတ်လိုက်ရာ လျူယောင်ထံသို့ ရွီခနဲ ဓားချီအလင်းတန်းက ပြေးထွက်လာခဲ့သည်။

လျူယောင်ကလည်း လျင်မြန်စွာပင် ရှောင်လိုက်ရာ ထိုဓားချီသည် သူ့ ဘေးမှ ဖြတ်သန်းသွားပြီး လမ်း ဘေးရှိ သစ်ပင်ကြီးတစ်ပင်အား ပြင်းထန်စွာ ထိမှန် သွား၏။

"ဂျိန်း....."

သစ်ပင်ကြီးမှာမူ အလယ်ကနေ အပိုင်းပိုင်းပြတ်သွာ းကာ နှစ်ပေ၊သုံးပေခန့် နက်ရှိုင်းသော ဓားရာကြီး ကျန်ရစ်ခဲ့သည်။အကယ်၍သာ လူတစ်ဦးကိုသာ ထိ မှန်ခဲ့ပါက ထိုလူမှာ ဧကန်မုချ ခန္ဓာကိုယ်ထက်ခြမ်း ကွဲသွားပေလိမ့်မည်။

"လခွမ်းမြေကမ္ဘာအဆင့် ကျင့်ကြံသူတွေက တက ယ်ကို ကျွမ်းကျင်မှုရှိတာပဲဟ..."

လျူယောင် စိတ်ထဲကနေ မှတ်ချက်ပြုလိုက်သည်။ သူသည် သူ၏ အမြန်နှုန်းနှင့် အာရုံခံစားမှုအား အ မြင့်ဆုံးသို့ ရောက်အောင် အာရုံစိုက်ထားလိုက်၏။

မကောင်းဆိုးဝါးရဟန်းကလည်း လက်မလျှော့ပေ။ ပထမတစ်ချက် လွဲချော်သွားသည်နှင့် သူ မျှော်လင့် ထားသည့်အတိုင်း နောက်ထပ် ဓားချီတစ်ခုအား ထ ပ်မံထုတ်လွှတ်လိုက်ပြန်သည်။

လျူယောင်၏ မျက်လုံးမှာ တင်းမာလာသော်လည်း ထိုဓားချီနှင့် ထိပ်တိုက်ရင်မဆိုင်ဘဲ သူ ထပ်မံတိမ်း ရှောင်လိုက်၏။အကယ်၍သာ သူကိုယ်တိုင်လည်း မြေကမ္ဘာအဆင့် ဖြစ်ပါက ဓားချီချင်း အပြိုင်ထု တ်လွတ်၍ ထိပ်တိုက် ရင်ဆိုင်မည်မှာ အမှန်ပင်။

ထပ်မံရောက်လာသော ဓားချီအား လျူယောင်က ပေါ့ပေါ့ပါးပါးပင် ရှောင်လိုက်၏။သို့သော်လည်း ထို ဓားချီ ဖြတ်သန်းသွားပြီးနောက်တွင်မူ သူ မမျှော်လ င့်ထားသော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ် လာခဲ့သည်။

ထိုဓားချီသည် ရှေ့သို့ တည့်တည့်သွားရမည့်အစား လေထဲတွင် ဝေ့ဝိုက်ကာ သူ့ ကျောပြင်သို့ ရုတ်တရ က် နောက်ပြန်လှည့်၍ တိုက်ခိုက်လာခြင်းပင်။ဤသ ည်မှာ သူ လုံးဝမမျှော်လင့်ထားသော အရာ ဖြစ်သဖြ င့် ရှောင်တိမ်းရန် အချိန်မရတော့ပေ။

"သွားပြီ..ငါ ရှောင်ဖို့ နောက်ကျသွားပြီ..."

အဝေးကနေ ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသော ရဲရင့်သည့် ကျင့်ကြံသူ အချို့မှာလည်း အသက်ရှူပ င် မှားသွားကြသည်။မြေကမ္ဘာအဆင့်နှစ်ဦး၏ တိုက် ပွဲမှာ သူတို့အတွက် ရှားပါးလှသော အခွင့်အရေး ဖြ စ်သဖြင့် အသက်အန္တရာယ်ရှိသော်လည်း လက်မလွှ တ်ဘဲ ကြည့်နေကြခြင်းဖြစ်၏။

သူတို့၏ မျက်စိရှေ့မှောက်မှာပင် ထိုကောက်ကျစ် လှသော ဓားချီက လျူယောင်၏ နောက်ကျောအား ပြင်းထန်စွာ ထိမှန်တော့မည်ကို မြင်လိုက်ရသည့် အ ခါ အာမေဍိတ်သံများ ထွက်လာခဲ့သည်။

"ဘုရားရေ.. သွားပြီ..ဒီလူငယ်တော့ သေပြီပဲ.."

လျူယောင်သည်လည်း သူ့ ကျောနောက်မှ ကပ်ပါ လာသော အန္တရာယ်ဆိုးကို သိလိုက်သလို တစ်ဖက် တွင်လည်း မကောင်းဆိုးဝါးရဟန်း၏ မျက်နှာပေါ်မှ အောင်နိုင်သူအပြုံးကိုပါ သူ မြင်လိုက်ရသည်။သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အားအကု န်သုံး၍ ရှောင်တိမ်းရန်သာ ဖြစ်၏။

"ဘုန်း..အင့်.."

သို့သော်လည်း သူ လုံးဝမရှောင်တိမ်းနိုင်ဘဲ ထိုဓား ချီသည် သူ့ ခန္ဓာကိုယ်အား တည့်တည့်မတ်မတ် ထိ မှန်သွားလေသည်။ထိုထိချက်မှာ တောင်ကြီးတစ်လုံ းဖြင့် တိုက်မိလိုက်သကဲ့သို့ ပြင်းထန်လှ၏။လျူ ယောင်၏ ခြေထောက်များမှာလည်း မတ်တတ်ရပ်ရ န်ပင် အားအင်ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရသည်။

သူ့ ဓားချီသည် လျူယောင်၏ ခန္ဓာကိုယ်အား တည့် တည့်မတ်မတ် ထိမှန်သွားသည်ကို မြင်လိုက်ရသော အခါ မကောင်းဆိုးဝါးဘုန်းကြီးက အောင်နိုင်သူ တ စ်ယောက်လို ပြုံးလိုက်၏။ပြိုင်ဘက်ကို ဒဏ်ရာ ပြ င်းထန်စွာ ရအောင် လုပ်နိုင်ခဲ့၍ သူ့ ရင်ထဲတွင်မူ ပျေ ာ်ရွှင်ကျေနပ်မှုများ ပြည့်နှက်လာ၏။

သူ့အထင်တွင်မူ ပြိုင်ဘက်မှာ ဒဏ်ရာပြင်းထန်စွာ ရ သွား၍ ခွန်အားများ ကုန်ခမ်းကာ ကုန်းပေါ်ရောက် နေသည့် ငါးတစ်ကောင်ကဲ့သို့သာ ဖြစ်ပေတော့မည် ။ယခု သူလုပ်ရန်မှာ ထိုငါးကို သတ်ဖြတ်ရန်သာ ကျ န်တော့သည်ဟု ပျော်စွင်စွာ တွေးနေမိသည်။

"အသိဉာဏ်မဲ့တဲ့ကောင်..ငါ့မှာ ဝှက်ဖဲတစ်ခု ကျန် သေးတယ်ဆိုတာ မင်းမသိဘူးလား.ဟားဟား ..ဘာ "

သို့သော်လည်း ရုတ်တရက်ဆိုသလို မကောင်းဆိုး ဝါးဘုန်းကြီး၏ ပါးစပ်ဖျားမှ ရယ်သံမှာမူ ရပ်တန့် သွား၏။သူ့ မျက်လုံးများမှာမူ သရဲတစ်ကောင် မြ င်လိုက်ရသကဲ့သို့ ပြူးကျယ်နေပေသည်။

အကြောင်းရင်းမှာ ပြင်းထန်လှသော ဓားချီသည် လျူယောင်၏ ခန္ဓာကိုယ်အား ရှင်းရှင်းလင်းလင်း ထိမှန်သွားခဲ့သော်လည်း တစ်ဖက်လူမှာ ဘာမှ မဖြ စ်သည့်အပြင် အခွင့်အရေးကို လက်လွတ်မခံဘဲ သူ့ အနားသို့ ပြေးဝင်လာသောကြောင့်ပင်။

"ဘာ... ဘယ်လိုဖြစ်လို့လဲ..."

လျူယောင် အဘယ်ကြောင့် ဒဏ်ရာမရသနည်းဆို သည်အား သူ စဉ်းစားရန်ပင် အချိန်မရတော့ဘဲ မ ကောင်းဆိုးဝါးဘုန်းကြီးမှာ လျင်မြန်စွာ ခုခံရန် ပြင် ဆင်လိုက်ရသည်။သူ့ လက်ထဲမှဓားပြားကြီးအား အားသားကုန်မြှောက်ကာ လျူယောင် ပိုင်းချလိုက် သော တန်ဓားကို တားဆီးလိုက်၏။

"ချွမ်း...."

ပြင်းထန်လှသော ထိခိုက်သံနှင့်အတူ ဓားနှစ်စင်းကြ ားမှ မီးပွားများပင် ဖြာထွက်လာသည်။မကောင်း ဆိုးဝါးဘုန်းကြီးမှာမူ ဓားမှတစ်ဆင့် စီးဝင်လာသော ခွန်အားကြောင့် တစ်ကိုယ်လုံး တုန်ခါသွားကာ ထိ တ်လန့်ခဲ့ရ၏။

ဤလျူယောင်၏ ခွန်အားမှာ သူထင်ထားသည်ထ က် ပိုမိုကြီးမားနေသည်မဟုတ်ပေလော..။

မကောင်းဆိုးဝါးရဟန်း၏ လက်ထဲရှိ ဓားပြားကြီး မှာ ထက်ပိုင်းပြတ်သွားသည်။ထက်ပိုင်းပြတ်သွား သော ဓားသွားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ့ လက်ထဲတွင်မူ ဓားရိုးနှင့် ဓားသွားအနည်းငယ်သ ာ ကျန်ရစ်ခဲ့သည်။

"ဘာ..."

မကောင်းဆိုးဝါးဘုန်းကြီးမှာ မျက်လုံးများ ပြူးကျ ယ်ကာ အံ့အားသင့်သွား၏။သူ အားကိုးရပါသည် ဆိုသော လက်နက်မှာ တစ်ချက်တည်းနှင့် အပိုင်းပိုင် းပြတ်သွားရသည်လေ။ဤသည်မှာ လုံးဝ မဖြစ် နို င်သောအရာပင်။

သို့သော်လည်း သူ ချက်ချင်းပင် သဘောပေါက်သွာ းခဲ့သည်။

"ဟုတ်ပြီ...ဒီကောင့် လက်ထဲက ဓားက သာမာန်ဓား မဟုတ်ဘူး...ဒါက မှော်လက်နက်ပဲနေမှာ..ငါရထား တဲ့ သတင်းတွေက မမှားဘူးပဲ.."

ထိပ်သီးပညာရှင်နှစ်ဦး တိုက်ခိုက်နေချိန်တွင် အာရုံ အနည်းငယ် လွဲသွားခြင်းမှာ အသက်အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင်။လျူယောင်သည် ထိုအခွင့် အရေးကို လျှပ်စီးသဖွယ် ဆုပ်ကိုင်လိုက်ပြီး မကော င်းဆိုးဝါးဘုန်းကြီး၏ ရင်ဘတ်ဆီသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်၏။

အကယ်၍သာ တစ်ဖက်လူက အနည်းငယ် နှေးကွေး သွားပါက ထိုဓားချက်မှာ နှစ်ပိုင်းပိုင်းပစ်ပေလိမ့်မ ည်။

သို့သော်လည်း မကောင်းဆိုးဝါးဘုန်းကြီးမှာ မြေက မ္ဘာသတ္တမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် အ လျောက် တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်ဝသူ လ ည်းဖြစ်၏။သူသည် သူ့ကိုယ်သူအာရုံလွဲ သွားသည် ကို သိသည်နှင့် တစ်ပြိုင်နက် နောက်သို့ အစွမ်းကုန် ခုန်ဆုတ်လိုက်သည်။

"ဇွိ...အား.."

သို့သော်လည်း တန် ဓား၏ ထက်မြက်လှသော အ ဖျားကိုမူ လွတ်အောင်မရှောင်နိုင်ခဲ့ဘဲ သူ့ရင်ဘတ်၌ သွေးများ ပန်းထွက်လာ၏။

ထိုဓားချက်က မကောင်းဆိုးဝါးရဟန်း၏ အသက် အား မနုတ်နိုင်ခဲ့သော်လည်း ဒဏ်ရာ အပြင်းအထန် ကိုမူ ရသွားခဲ့သည်။တစ်ပေကျော်ခန့် ရှည်လျားသ ည့် ဓားဒဏ်ရာကြီးမှာ ထိုမကောင်းဆိုးဝါးဘုန်းကြီး ၏ရင်ဘတ်တစ်ပြင်လုံးတွင် ပေါ်လာပြီး အတွင်းမှ အရိုးကိုပင် မြင်ရလုနီးပါး နက်ရှိုင်းလှသည်။

အချိန်ခဏလေးအတွင်းမှာပင် သူ့ ရင်ဘတ်တစ်ခု လုံး သွေးချင်းချင်း နီရဲသွားပြီး မြေပြင်ပေါ်သို့ သွေး စက်များ တစက်စက် စီးကျနေ၏။

"မဖြစ်ဘူး..ငါ ပြေးမှရမယ်.."

ဒဏ်ရာပြင်းထန်စွာ ရသွားသော မကောင်းဆိုးဝါး ဘုန်းကြီးသည် လျူယောင်အား ဆက်လက်ယှဉ်ပြို င်ရန် မဖြစ်နိုင်တော့ကြောင်း ကောင်းကောင်းသဘေ ာပေါက်သွားသည်။ယခုအချိန်တွင် အကောင်းဆုံး နည်းဗျူဟာမှာ သူ အသက်ရှင်ရန်အတွက်ထွက်ပြေ းရန်သာ ရှိတော့၏။

"မှတ်ထား..ဒီအကြွေးကို မင်း..နောင်တစ်ချိန်မှာ အ တိုးချပြီး ပြန်ဆပ်ရမယ်..."

မကောင်းဆိုးဝါးဘုန်းကြီး ကြုံးဝါးရင်း သူသည် ချ က်ချင်းပင် လှည့်ထွက်ကာ အမြန်ဆုံး အရှိန်ဖြင့် ထွ က်ပြေးသွားပေသည်။

လျူယောင်ပင် အံ့ဩခဲ့ရသည်။ထိုဘုန်းကြီူမှာ ဒ ဏ်ရာနှင့်ပင် လျှပ်စီးသဖွယ် ထွက်ပြေးသွားခြင်းကို ကြည့်ရင်း လိုက်မဖမ်းရန်သာ သူ ဆုံးဖြတ်လိုက်၏။ လောလောဆယ်တွင်မူ သူ့အတွက် အရေးကြီးဆုံးမှ ာ ကျင့်ကြံခြင်းအဆင့်ကို ဆက်လက်မြှင့်တင်ရန် သာ ဖြစ်သည်။

မကောင်းဆိုးဝါးဘုန်းကြီးနှင့် တိုက်ခိုက်ခြင်းကြောင့် လျူယောင်သည် သူ့ ခွန်အားကို ကောင်းစွာ နားလ ည်လာခဲ့သည်။သူ ကျင့်ကြံခြင်းမှာ ဟွမ်သတ္တမ အ ဆင့်နှင့် မလုံလောက်သေးပေ။သူသည် အနည်းဆုံး မြေကမ္ဘာအဆင့်သို့ ရောက်ရန် လိုအပ်နေ၏။

လျူယောင်က စဉ်းစားရင်းဖြင့်ပင် လက်ထဲမှ တန် ဓားကို ချန်ခွန်းအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ထိုနေ ရာမှ ထွက်ခွာလာခဲ့သည်။

တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေကြသော ကျင့် ကြံသူများသည်လည်း လျူယောင်အား လေးစား ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ကြည့်ရင်း လ မ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြ၏။

ဤဂိုဝူကမ္ဘာတွင် အစွမ်းထက်သူများကိုသာ ဦးညွ တ်ကြစမြဲဖြစ်သည်။

အကယ်၍ သင်သာ လုံလောက်သော အစွမ်းအစရှိခဲ့ လျှင် ဥပဒေနှင့် စည်းမျဉ်းအားလုံးကို လျစ်လျူရှုထ ားနိုင်ပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် သင်ကို ယ်တိုင်ကပင် ဥပဒေဖြစ်ပြီး သင်ကိုယ်တိုင်ကပင် စ ည်းမျဉ်း ဖြစ်နေသောကြောင့်ပင်။

လျူယောင် လမ်းပေါ်တွင် လျှောက်နေစဉ် မည်သူမျှ သူ့အား ဝင်ရောက်တားဆီး တိုက်ခိုက်ရန် မရဲဝံ့ကြ တော့ပေ။သူ့ အစွမ်းသတ္တိကို လူအများရှေ့တွင် သ က်သေပြခဲ့ပြီးဖြစ်သလို မြေကမ္ဘာသတ္တမအဆင့်ကို ပင် အနိုင်ယူခဲ့သည့် လျူယောင့်အား လူတိုင်းက ထိတ်လန့်သွားစေခဲ့သည်။

လျူယောင်သည် သူ တည်းခိုသည့် အခန်းသို့ ပြန် ရောက်သည်နှင့် တံခါးကို လုံခြုံစွာပိတ်၍ ကျင့်ကြံ ရန် စတင်ပြင်ဆင်လိုက်၏။တစ်စုံတစ်ဦးက လာ နှေ ာင့်ယှက်မည်ကိုလည်း သူ စိုးရိမ်မနေတော့ပေ။

အကြောင်းရင်းမှာ ယခုလေးတင် ဖြစ်ပွားခဲ့သော တို က်ပွဲသတင်းမှာ မကြာမီအတွင်း ဟိုင်ကျိုးတစ်မြို့ လုံး ပျံ့နှံ့သွားမည်ဖြစ်၍ မြေကမ္ဘာသတ္တမအဆင့် တစ်ဦးကို ရင်ဆိုင်နိုင်သည့် သူ့အား မည်သူကများ သတ္တိရှိရှိနှင့် တံခါးလာခေါက်ရဲပါမည်နည်း။

လျူယောင် ထင်မှတ်ထားသည့်အတိုင်းပင် ထိုသတ င်းသည် ဟိုင်ကျိုး တစ်မြို့လုံးသို့ တောမီးပမာ ပြန့် နှံ့သွားခဲ့သည်။

..........

ဝူ မိသားစု၌..

လက်အောက်ငယ်သားများ၏ သတင်းပို့သည်ကို ကြားရပြီးနောက် ဝူမိသားစု၏ အကြီးအကဲ ဝူရွှမ်း သည် သက်ပြင်းအရှည်ကြီး ချကာ စိတ်သက်သာရ ာ ရသွားခဲ့သည်။သူ၏ ဆုံးဖြတ်ချက်မှာ မည်မျှ ပ ညာရှိခဲ့သည်ကို ယခုမှပင် သူ သိလိုက်ရ၏။

ထိုလျူယောင်မှာ တကယ်ကို ကြောက်စရာ ကောင်း လောက်အောင် အစွမ်းထက်လှပြီး မြေကမ္ဘာ သတ္တမ အဆင့်ကိုပင် ရင်ဆိုင်နိုင်သူ ဖြစ်နေ သည်မဟုတ်ပေ လော။

လက်အောက်ငယ်သားတစ်ဦးက ဝမ်းသာအားရ ပြောလိုက်၏။

"မိသားစုခေါင်းဆောင်..ကျွန်တော်တို့ တကယ်ကို ကံကောင်းသွားတာပဲ. သခင်လေးလျူယောင်နဲ့ ပူး ပေါင်းဖို့ ရွေးချယ်ခဲ့တာဟာ ဝူမိသားစုအတွက် အ ကြီးမားဆုံး ကံကောင်းခြင်းပါပဲဗျာ.."

ဝူရွှမ်းက ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်သည် ။

"အင်း.ငါသိတယ်.... ငါခန့်မှန်းမိသလောက်တော့ ဝ မ်မိသားစုက အခုချိန် ငြိမ်ငြိမ်နေနိုင်တော့မှာ မဟုတ် လောက်ဘူး.."

ဤအခြေအနေမှာ အခွင့်အရေးကောင်းတစ်ခု ဖြစ် နိုင်ကြောင်း ဝူရွှမ်း ရိပ်မိလိုက်၏။ဟိုင်ကျိုးမြို့တော် ရှိ ဝူ၊ဝမ်နှင့် ရှဲ မိသားစုကြီး သုံးစု၏ အားပြိုင်မှုမှာ ဤဖြစ်ရပ်ကြောင့် ပြောင်းလဲသွားနိုင်ပေသည်။

တစ်ဖက်တွင်မူ ဝမ်မိသားစုမှာ ရုတ်တရက် အကျပ် ရိုက်နေခဲ့၏။သူတို့သည် မြေကမ္ဘာသတ္တမအဆင့် ရှိ သူတစ်ဦးအား ရန်တိုက်ပေးခဲ့ခြင်းမှာ ကိုယ့်သေတွင် းကိုယ် တူးလိုက်သကဲ့သို့ ဖြစ်နေပေသည်။

All Chapters