← Chapters

မင်း..မင်းက ကောင်းကင်အဆင့်ပဲ

Vol. 51 Ch. 604

မင်း..မင်းက ကောင်းကင်အဆင့်ပဲ

Vol. 51 Ch. 604

ဝမ်မိသားစုစံအိမ်တွင်မူ အခြေအနေများမှာ ဝူမိသား စုနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေ၏။

သတင်းပို့ချက်ကို နားထောင်ပြီးနောက် ဝမ်ယွမ်ကျိ သည် မျက်လုံးအစုံ ပြူးကျယ်သွားကာ ထပ်မံ မေး မြန်းလိုက်သည်။

"ဒါ... ဒါ တကယ်ပဲလား.."

လက်အောက်ငယ်သားက တုန်တုန်ရင်ရင်ဖြင့် ပြန် ဖြေလိုက်၏။

"ဟုတ်ပါတယ်သခင်ကြီး..ကျွန်တော်တို့ ကိုယ်တိုင် တွေ့ခဲ့တာပါ..ဒီလျူယောင်က မကောင်းဆိုးဝါးဘုန်း ကြီး အပြတ်အသတ် အနိုင်ယူခဲ့တာပါ.မကောင်းဆိုး ဝါးဘုန်းကြီးက ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အသက် လုပြီး ထွက် ပြေးသွားခဲ့ရပါတယ်.."

ဝမ်ယွမ်ကျိမှာ အချိန်အတော်ကြာအောင် စကားပြန် မပြောနိုင်ဘဲ မှင်သက်နေမိသည်။

"ဘုရားရေ... ဒီလျူယောင်က တကယ်ပဲ မြေကမ္ဘာ သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေတာလား.. ဒါ... ဒါ မဖြစ်နိုင်တာ.."

သူသည် အားအင်ကုန်ခမ်းစွာဖြင့် လက်ကို ဝှေ့ယမ်း ကာပြောလိုက်၏။

"တော်ပြီ...ငါသိပြီ မင်း ဆက်မပြောနဲ့တော့.."

ရှေ့ဆက်၍ ဘာလုပ်ရမည်ကိုမူ သူ မသိတော့ပေ။ တစ်ဖက်လူ၏ ခွန်အားမှာ သူခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေ၏။မကောင်းဆိုးဝါးဘုန်းကြီး ကဲ့သို့ ရက်စက်ကြမ်းကြုတ်သူပင်လျှင် လျူယောင် ၏ ပြိုင်ဘက်မဟုတ်ပါက သူတို့ ဝမ်မိသားစုအနေ ဖြင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

"ငါ ဘာလုပ်ရမလဲ...ငါ ဘယ်လို ဆက်လုပ်သင့်သ လဲ ..."

ဝမ်ယွမ်ကျိ၏ ရင်ထဲတွင်မူ ရှုံးနိမ့်မှုနှင့်အတူ ကြော က်ရွံ့စိတ်တို့က တဖြည်းဖြည်း ကြီးစိုးလာ၏။ခဏ မျှ ကြောင်အအဖြစ်နေပြီးနောက် ဆုံးဖြတ်ချက်တ စ်ခုအား သူ ချလိုက်သည်။ဤကိစ္စကို တံခါးပိတ် ကျင့်ကြံနေသော ဝမ်မိသားစု၏ ဘိုးဘေးများ ထံသို့ သာ သွားရောက်၍ အကြံဉာဏ်တောင်းခံရမည်ဟု သူ ဆုံးဖြတ်လိုက်၏။

.......

အခြားတစ်ဖက်တွင်မူ...

ဤနှစ်ရက်အတွင်း လျူယောင်သည် ဗိုက်ဆာသည့် အခါ အပြင်ထွက်၍ စားသောက်သည်မှအပ ကျန် အချိန်များတွင်မူ အခန်းထဲ၌သာ အာရုံစိုက် လေ့ကျ င့်နေခဲ့သည်။

ထိုနှစ်ရက်အတွင်းမည်သူမျှ သူ့အား လာရောက် နှေ ာင့်ယှက်ခြ င်း မရှိပေ။ဧည့်ဂေဟာပိုင်ရှင်ပင်လျှင် လျူယောင်ကို မြင်သည့်အခါ ယခင်ကထက် ပို၍ ရို သေလေးစားမှု အပြည့်ဖြင့် ဝန်ဆောင်မှုပေးနေခဲ့သ ည်။

လျူယောင်က နှစ်ရက်တာမျှ အားသွန်ခွန်စိုက် လေ့ ကျင့်ပြီးနောက် ရလာသော ရလဒ်မှာ အံ့ဩစရာပင် ။သူသည် ဟွမ်သတ္တမအဆင့်မှသည် ရွှမ်အဋ္ဌမအဆ င့်သို့ ရောက်လာခဲ့သည်။ယခုဆိုလျှင် သူသည် ရွှမ် အဆင့်ကို ဖြတ်ကျော်ကာ မြေကမ္ဘာအဆင့်၏ တံခါး ဝသို့ပင် ဝင်ရောက်ရန် အသင့်ဖြစ်နေ၏။

ဤမျှ မြန်ဆန်လှသော ကျင့်ကြံမှု အရှိန်ကိုသာ အပြ င်လူများ သိပါက လူများစွာမှာ သေလောက်အောင် ထိတ်လန့်သွားကြပေလိမ့်မည်။

သို့သော်လည်း လျူယောင်သည် ဝမ်းမြောက်နေရုံ မျှမကဘဲ အရေးကြီးသောအချက်တစ်ခုကိုလည်း သတိပြုမိလာသည်။သူ လေ့ကျင့်နေသော ချီကျင့်စ ဉ်စာအုပ်မှာ ရွှမ်အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေခြင်း ပင်။

ဟွမ်အဆင့်တွင် ရှိစဉ်က မည်သည့်အားနည်းချက်မျှ သူ မတွေ့ရသော်လည်း ယခုကဲ့သို့ အဆင့်မြင့်လာသ ည့်အခါတွင်မူ ကျင့်စဉ်၏ အကန့်အသတ်နှင့် ပြဿ နာများအား လျူယောင် တွေ့လာရသည်။

ယခုအခါ ရွှမ် အဋ္ဌမအဆင့်သို့ ရောက်နေပြီဖြစ်၍ လျူယောင်သည် ဤကျင့်စဉ်စာအုပ်အပေါ် မတင်း တိမ်နိုင်တော့ပေ။သူသည် မြေကမ္ဘာအဆင့် ကျင့်စဉ် စာအုပ်ကို ရရှိရန် အလွန်တောင့်တနေမိသလို အက ယ်၍သာ ကောင်းကင်အဆင့်ကျင့်စဉ်ကို ရရှိခဲ့ပါက သူ့အတွက် ပို၍ပင် ပြည့်စုံပေလိမ့်မည်။

သို့သော် လက်ရှိအခြေအနေ၌ပင် လျူယောင်၏ ခွ န်အား၊အမြန်နှုန်းနှင့် အာရုံခံစားမှုတို့မှာ အဆမတန် တိုးတက်လာ၏။အကယ်၍သာ သူသည် မကောင်း ဆိုးဝါးရဟန်းနှင့် ထပ်မံရင်ဆိုင်ရပါက သုံးကွက် အ တွင်းမှာပင် တစ်ဖက်လူကို သတ်ဖြတ်နိုင်မည်ဟု သူ့ ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသည်။

ထိုမကောင်းဆိုးဝါးဘုန်းကြီးသည် ဒဏ်ရာ ပြင်းထန် စွာ ထွက်ပြေးသွားခဲ့၏။သို့သော်လည်း သူ့ အထင် တွင်မူ ထိုဘုန်းကြီးမှာ ဟိုင်ကျိုးမြို့၌ပင် ရှိနေဦးမ ည်ဟု ယူဆထား၏။ထိုဘုန်းကြီးသည် မြေကမ္ဘာ သ တ္တမအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးပင် မဟုတ်ပေ လော။

သူနှင့် လက်ရည်တူ တိုက်ခိုက်ခဲ့ရုံမျှဖြင့် ထိုကဲ့သို့ ကျင့်ကြံသူတစ်ဦးအဖို့ ဟိုင်ကျိုးမြို့မှ ထွက်ပြေးရန် မှာ မလုံလောက်သေးဟု လျူယောင် တွေးထားခဲ့သ ည်။

"ဒေါက် ဒေါက်.."

ထိုသို့ သူ တွေးနေစဉ်မှာပင် တံခါးခေါက်သံ ထွက် ပေါ်လာ၏။လျူယောင် တံခါးဖွင့်ကြည့်သောအခါ အပြင်ဘက်တွင် ဝူယူကန်း ရပ်နေသည်အား တွေ့လို က်ရ၏။

"ကျွန်တော်လာတာ နှောင့်ယှက်မိသလို ဖြစ်သွားလာ း အကိုလျူ"

လျူယောင်က တည်ငြိမ်စွာ မေးလိုက်သည်။

"မဖြစ်ပါဘူး.. မနက်ဖြန်ကျင်းပမယ့် လေလံပွဲအတွ က် လာပြောတာမို့လား.."

"ဟုတ်တယ်အကို..လေလံပွဲကို မနက်ဖြန် ကျင်းပမှာ ..ဒါက အကို့အတွက် အထူးကဒ်ပြားပါ. ကျွန်တော် တို့က သီးသန့်ခန်းတစ်ခန်းလည်း ပြင်ဆင်ပေးထား ပါတယ်..လေလံပွဲမှာ အကို့ရဲ့.. မော်တော်ဆိုင်ကယ် သုံးစီးနဲ့ မှော်လက်နက် သုံးလက်အပြင် တခြား စိတ် ဝင်စားစရာကောင်းတဲ့ ပစ္စည်းတွေလည်း အများကြီ း ပါဝင်ဦးမှာပါ..."

လျူယောင်သည် ရွှေဖြင့်ပြုလုပ်ထားသော ပါးလွှာ သည့် ကဒ်ပြားအား လှမ်းယူလိုက်၏။

"ညီလေးဝူ... မင်းကို တစ်ခုလောက် မေးချင်လို့.."

"မေးလေ..ကျွန်တော် သိသမျှ အကုန်ဖြေပေးပါ့မယ် .."

လျူယောင် စကားမပြောရသေးမီမှာပင် တံခါးအပြ င်ဘက်မှ ကျယ်လောင်သည့် အသံအား ကြားလိုက် ရသည်။

"ဟေ့..လျူယောင်... အပြင်ကို ထွက်ခဲ့စမ်း.. မင်း အ ခု အပြင်ကို ထွက်ခဲ့စမ်းကွာ..."

ထိုအသံကို ကြားလိုက်ရသည်နှင့် ဝူယူကန်း၏ မျက် နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားကာ တုန်လှုပ်စွာ ဖြင့် လျူယောင်အား သတိပေးလိုက်၏။

"အကိုလျူ... ဒါ မကောင်းဆိုးဝါးဘုန်းကြီး အသံပဲ သူ ရောက်လာပြီ..အကို..မြန်မြန်ပြေးပါတော့.."

သို့သော်လည်း လျူယောင်မှာမူ ထွက်ပြေးရန် အစီ အစဉ် မရှိပေ။

အမှန်စင်စစ် လျူယောင်သည်လည်း ဝူယူကန်းအား မကောင်းဆိုးဝါးဘုန်းကြီး ပုန်းအောင်းနေသည့် နေရ ာ ကို မေးရန် ပြင်ဆင်နေခဲ့သည်။ထို့နောက် အခွင့် အရေးရသည်နှင့် ထိုဘုန်းကြီး၏ အသက်အား နှုတ် ယူရန် သူက စိတ်ကူးထားခဲ့ခြင်းဖြစ်၏။

ဤသို့သော အချိန်တွင် တစ်ဖက်လူက သူ့ဘာသာ သူ အိမ်တံခါးဝထိ ရောက်လာပြီး အော်ဟစ်စိန်ခေါ် နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

လျူယောင်သည်လည်း ဘာမျှမပြောဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။ထို့နောက် တတိယထပ်မှတစ်ဆင့် ခြံဝင်းအလယ်သို့ လျှပ်စီးပမာ ခုန်ဆင်းလိုက်သည်။

ထိုဧည့်သည်တော်ဆောင်၏ နောက်ဖေးခြံဝင်းမှာ မ သေးငယ်လှပေ။အလယ်ဗဟိုတွင်မူ စတုရန်းမီတာ ရာနှင့်ချီသော ကျယ်ဝန်းသည့် နေရာလပ်တစ်ခုရှိပြီး တိုက်ခိုက်ရန် အထူးသင့်လျော်လှ၏။

ခြံဝင်းအလယ်တွင် ရပ်နေစဉ် လျူယောင်သည် မ ကောင်းဆိုးဝါးရဟန်းကို တွေ့လိုက်ရသည်။ထိုအချိ န်တွင်မှ ထိုဘုန်းကြီး ဘာကြောင့် ယုံကြည်မှုရှိရှိရော က်လာလဲဆိုသည်အား လျူယောင် နားလည်သွား၏ ။

ထိုမကောင်းဆိုးဝါးဘုန်းကြီးက အကူအညီပါ ခေါ် လာခဲ့ခြင်းပင်။

မကောင်းဆိုးဝါးဘုန်းကြီး၏ ဘေးတွင် တာအိုဘုန်း ကြီး တစ်ပါးလည်း ပါလာသည်။သို့သော်လည်း ထို ဘုန်းကြီး၏ ပုံပန်းသဏ္ဌာန်မှာ တည်ငြိမ်သည့် တာ အိုဆရာကဲ့သို့မဟုတ်ဘဲ ကြည့်လိုက်သည်နှင့် လူကို မှိုင်းမှိုင်းမှောင်မှောင် ခံစားချက်ဖြစ်ပေါ်စေသည့် မ ကောင်းဆိုးဝါး အငွေ့အသက်များ ရှိနေ၏။

"မကောင်းဆိုးဝါးဘုန်းကြီး..နှစ်ပါးတောင်လား..”

ထိုတာအိုဘုန်းကြီးမှာလည်း မကောင်းဆိုးဝါးဘုန်း ကြီးနှင့် တစ်ပုံစံတည်းပင်။သူတို့နှစ်ဦး ပူးပေါင်းလို က်ပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ အခန်းတံခါ းဝတွင် ရပ်နေသော ဝူယူကန်း၏ မျက်နှာမှာ သွေး ရောင်ပင် မရှိတော့ဘဲ ဖြူဖျော့နေသည်။

လျူယောင်အနေဖြင့် ဤတစ်ကြိမ်တွင် အသက်ရှင် ရန် အခွင့်အရေး မရှိတော့ကြောင်း သူ ကောင်းကော င်း သိလိုက်ရ၏။

အနီးအနားရှိ စောင့်ကြည့်နေသူများမှာလည်း အန္တရ ာယ်ကို ကြိုတင်ရိပ်မိသွားကြသဖြင့် တံခါးများကို အလုအယက် ပိတ်လိုက်ကြသည်။ဧည့်ဂေဟာ ပိုင်ရှ င်မှာမူ ကြောက်လန့်လွန်း၍ စားပွဲအောက်တွင် ပုန်း အောင်းကာ တုန်ယင်နေ၏။

"ဟားဟားဟား..လျူယောင် မင်းက မင်းကိုယ်မင်း အထင်ကြီးသင့်တယ်..ငါ တစ်ယောက်တည်း မနိုင် လို့ အကူအညီ ခေါ်လိုက်တာ..ဘယ်လိုလဲ... ကြော က်နေပြီလား.."

မကောင်းဆိုးဝါးဘုန်းကြီးက အနိုင်ရသူလို ဝင့်ကြွား စွာ ပြောလိုက်သည်။

"လျူယောင်..မင်းရဲ့ ချန်ခွန်းအိတ်ကို အခု ချက်ချ င်း ငါ့ကို ပေးစမ်း..ပြီးရင် မင်း ငါ့ရှေ့မှာ ဒူးထောက် ပြီး ဦးသုံးကြိမ် ချလိုက်.. ငါ့အမိန့်ကို နာခံမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်.."

ထိုဘုန်းကြီးအား အထင်သေးစွာ လျူယောင် ကြည့် လိုက်ပြီးနောက် အေးစက်စွာ ပြန်ပြောလိုက်သည်။

"ခဗျား ရှုံးနိမ့်ခဲ့တာက ခဗျားရဲ့ အရည်အချင်း မရှိ မှုကြောင့်ပဲ..ကျုပ်အိတ်ကို လိုချင်တယ်ဟုတ်လား.."

မကောင်းဆိုးဝါး တာအိုဘုန်းကြီးနောက်တစ်ဦးက ရှေ့သို့ နှစ်လှမ်းတိုးလာကာ ပိတ်ပြောလိုက်၏။

"အပိုစကားတွေ ပြောမနေနဲ့..မင်း အိတ်ကို ချက်ချ င်း ထုတ်ပေးလိုက်စမ်း.."

လျူယောင်သည် ထိုတာအိုဘုန်းကြအေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ခဗျားက ဒီကိစ္စထဲကို တကယ်ပဲ ပါဝင်ပတ်သက် ချင်တာလား..ကိုယ့်ကိစ္စကိုယ် အေးဆေး လုပ်ဖို့ ကျု ပ် နောက်ဆုံးအကြိမ် အကြံပေးလိုက်မယ်.. မဟုတ် ရင်တော့...ခဗျားရဲ့ အသက်ကို စတေးဖို့ အသင့်ပြင် ထား..."

"ဟီးဟီးဟီး..ရယ်ရတယ်ကွာ.."

မကောင်းဆိုးဝါးတာအိုဘုန်းကြီးသည် လျူယောင် ၏ စကားကို နောက်ပြောင်မှုတစ်ခုဟုသာ သဘော ထားကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။ထို့နော က် သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်း ရုတ်တရက် ပေါ်လာ၏ ထိုတာအိုဘုန်းကြီးသည် ဓားရှည်ကို ကျွ မ်းကျင်စွာ အသုံးပြုနိုင်သော ကျင့်ကြံသူတစ်ဦး ဖြ စ်ကြောင်း သူ့ ပုံစံက သက်သေပြနေသည်။

လျူယောင် နောက်ဆုံးအကြိမ်အဖြစ် အေးစက်စွာ မေးမြန်းလိုက်၏။

"ခဗျားတို့က ဒီကိစ္စထဲကို တကယ်ပဲ ပါဝင်ပတ်သ က်ချင်တာလား.."

သို့သော် မကောင်းဆိုးဝါးတာအိုဘုန်းကြီးမှာမူ လျူ ယောင်၏ စကားအား လုံးဝ အလေးမထားခဲ့ပေ။ သူသည် သူ၏ မြေကမ္ဘာသတ္တမအဆင့် ရှိသည့် သူ့ ခွန်အားကို ယုံကြည်မူအပြည့်ဖြင့် ဓားကို မြှောက်က ာ လျူယောင်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မ တ် ထိုးစိုက်လိုက်၏။

သူ့ ဓားရှည်တွင် ပူးတွဲပါလာသော ချီစွမ်းအင်များ ကြောင့် ဓားသွားမှာ တုန်ခါနေပြီး ထိုဓားချက်၏ အ ရှိန်မှာ လူတစ်ယောက်၏ မျက်စိဖြင့် မမြင်နိုင်အော င် လျင်မြန်နေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဝူယူကန်းသည် စိတ်ပျက် အားငယ်စွာ သူ့ မျက်လုံးများကို အတင်းမှိတ်လိုက် ၏။ထိုမျှ ပြင်းထန်ပြီး မြန်ဆန်လွန်းသော ဓားချက် ကို မည်သူမျှ ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း သူ သိနေသည်။လျူယောင် သေဆုံးသွားပြီးနောက် ထို ရက်စက်ကြမ်းကြုတ်သော လူနှစ်ဦးသည် အနီးအ နားရှိ အပြစ်မဲ့သူများကိုပါ သတ်ဖြတ်တော့မည် ဖြစ် ကြောင်း သူ့ စိတ်ထဲတွင် မြင်ယောင်နေမိသည်။

မကောင်းဆိုးဝါးဘုန်းကြီးနှင့် တာအိုဘုန်းကြီးတို့မှာ လူသတ်ခြင်းကို အပျော်တစ်ခုလို သဘောထားသူ များဖြစ်၏။သူတို့ လက်ချက်ဖြင့် သေဆုံးခဲ့သူ အ သက်ပေါင်းထောင်နှင့်ချီပင် ရှိနေသည် မဟုတ်ပေ လော။

သို့သော်လည်း ဓားချက်မှာ လျူယောင်၏ ရင်ဘ တ် ဆီသို့ အရှိန်ဖြင့် ထိုးစိုက်လာချိန်တွင်မူ လျူယေ ာင်က အေးစက်စွာ ပြုံးလိုက်၏။

"မင်းတိုက မင်းတို့ကိုယ် မင်းတို့ ကောင်းကင်အဆင့် လို့များ ထင်နေတာလား..."

လျူယောင်သည် ရှောင်တိမ်းခြင်းပင် မပြုခဲ့ပေ။ သူ၏ စိတ်အာရုံ ကိုသုံးလိုက်ရာ လက်ထဲတွင် တန်ဓ ားမှာ လျှပ်တစ်ပြက်ပေါ်လာပြီး တာအိုဘုန်းကြီး၏ ဓားကို အားကုန်သုံး၍ ခုတ်ပိုင်းလိုက်သည်။

"ချွမ်း..."

တစ်ချက်တည်း... တစ်ချက်တည်းဖြင့်ပင် ကမ္ဘာတ စ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွား၏။တာအို ဘုန်းကြီး၏ အားကိုးရာဓားမှာ လျူယောင်၏ တန်ဓ ားအောက်တွင် အပိုင်းပိုင်း ပျက်စီးသွားပေသည်။

သန်မာလှသည့် လျူယောင့်၏ ခွန်အားရှေ့မှောက် တွင်မူ မည်သည့် တိုက်ကွက်မဆို အလုပ်မဖြစ်ခဲ့ ပေ။

"ချလွမ်း..."

ကြည်လင်ပြတ်သားသော သံစဉ်တစ်ခုနှင့်အတူ လျူယောင်၏ တန်ဓားသည် တာအိုဘုန်းကြီး၏ ဓားရှည်ပေါ်သို့ ကျရောက်သွားသည်။ထိုအခိုက် အတန့်တွင် တာအိုဘုန်းကြီးခဗျာ ဓားမှတစ်ဆင့် စီးဝင်လာသော ဖိအားကြောင့် တစ်ကိုယ်လုံး တုန်ခါ သွားရ၏။

သူ့ လက်များမှာမူ ထုံကျဉ်သွားပြီး ကိုင်ထားသော ဓားရှည်မှာလည်း လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ် သွားရသည်။ထိုတာအိုဘုန်းကြီး၏ မျက်ဝန်းအစုံမှာ ထိတ်လန့်မှုတို့ဖြင့် ပြူးကျယ်လာ၏။

သူ ကောင်းကောင်း သိလိုက်ရသည်။ ဤလျူယော င်မှာ မြေကမ္ဘာ သတ္တမအဆင့်ကျင့်ကြံသူ တစ်ဦးမ ဟုတ် ပေ။ဤမခွန်အားမျိုးကို ပိုင်ဆိုင်ထားသူမှာ ကောင်း ကင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နိုင် ပေသည်။

ကောင်းကင်အဆင့် ကျင့်ကြံသူသာလျှင် သူ့ ထိပ်တ န်းလက်နက်အား တစ်ချက်တည်းနှင့် ဤမျှ အထိအ ခိုက်မရှိ ချေမှုန်းနိုင်စွမ်း ရှိပေလိမ့်မည်။

"မင်း..."

တာအိုဘုန်းကြီးမှာ တုန်ယင်စွာဖြင့် အော်ပြောလိုက် ၏။

"မင်း... မင်းက ကောင်းကင်အဆင့်ပဲ.."

လျူယောင်ကမူ ထိုတာာအိုဘုန်းကြီးအား စကား ပြ န်မပြောခဲ့ပေ။သို့သော် သူကိုယ်တိုင်မှာလည်း အံ့ဩ သွားမိသည်။သူ့ ဓားချက်မှာ တာအိုဘုန်းကြီး၏ ဓား အား လုံးဝပြတ်သွားအောင် မဖြတ်နိုင်ဘဲ ဓား၏ အ စိတ်အပိုင်းတစ်ခုကိုသာ ပဲ့သွားစေခဲ့ခြင်းကြောင့် ဖြ စ်၏။

လျူယောင် စိတ်ထဲမှ တွေးလိုက်မိသည်။

"ဒီဓားက နည်းနည်း မာတာပဲကွာ.."

အကယ်၍ တစ်ချက်တည်းနှင့် မပြီးမြောက်ပါက နှ စ်ချက်၊သုံးချက် ထပ်မံဖြတ်တောက်ရန်သာ ရှိတော့ သည်။လျူယောင်သည် ဒုတိယအကြမ် ဓားကို ဝှေ့ယမ်းကာ ထပ်မံ ပိုင်းချလိုက်၏။

ဤတစ်ကြိမ်တွင်မူ သူ့ ခွန်အားနှင့် အမြန်နှုန်းမှာ ရှေ့ကထက် ပို မြန်ဆန်နေသည်။

မကောင်းဆိုးဝါး တာအိုဘုန်းကြီး၏ စိတ်ထဲတွင်မူ သေမင်း၏ အရိပ်အယောင်များ တစ်ရိပ်ရိပ် မြင်လို က်ရသလို ဖြစ်နေ၏။လျူယောင်၏ ဒုတိယမြောက် ဓားချက်မှာ သူ့အား လုံးဝ ဖုံးလွှမ်းနေပြီး တားဆီးရ န်မှာ လုံးဝ မဖြစ်နိုင်သည့် အမြန်နူန်းသို့ ရောက်နေ သည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ အမွေးအမျှင်များပင် ထေ ာင်ထလာကာ အသက်ရှင်သန်လိုစိတ်တို့ တစ်ဟုန် ထိုး မြင့်တက်လာ၏။ထိတ်လန့်လွန်း၍ သူ့ အသိစိ တ်တို့မှာ ဝေဝါးသွားပြီးနောက် ဘေးတွင် ရပ်နေသ ည့် မကောင်းဆိုးဝါးဘုန်းကြီးအား လှည့်ကြည့်ရင်း ကျိန်ဆဲသံဖြင့် အော်ဟစ်လိုက်သည်။

"မကောင်းဆိုးဝါဘုန်းကြီး.မင်း ငါ့ကိုလုပ်ကြံတာလာ း.... ဒီကောင်က သာမာန်ကျင့်ကြံသူ မဟုတ်ဘူး. . ကောင်းကင်အဆင့်ပဲကွ.."

အမှန်တကယ်ပင် သူသည်လည်း အတွက်အချက်မှ ားယွင်းသွားခဲ့သည်။ဤကဲ့သိုသော ဖိအားနှင့် ဓား ချီမျိုးမှာ မြေကမ္ဘာအဆင့်တွင် လုံးဝ ရှိနိုင်စရာအ ကြောင်းမရှိပေ။

ဤလျူယောင်မှာ အမှန်တကယ့်ကို ကောင်းကင်အ ဆင့်သို့ ရောက်နေပေသည်။

မကောင်းဆိုးဝါးဘုန်းကြီးမှာလည်း တာအိုဘုန်းကြီး ၏ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင်မူ သူ့ မျက် နှာမှာ ထုံးကဲ့သို့ ဖြူဖက်ဖြူလျော် ဖြစ်သွား၏။

All Chapters