← Chapters

ကြောက်ရွံ့ တုန်လူပ်သွားခြင်း

Vol. 51 Ch. 605

ကြောက်ရွံ့ တုန်လူပ်သွားခြင်း

Vol. 51 Ch. 605

မကောင်းဆိုးဝါးတာအိုဘုန်းကြီး၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များမှာ ထောင်ထလာ၏။သူ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အငွေ့အသက်မျ ား လွှမ်းခြုံနေကာ ရှောင်တိမ်းရန်ပင် အချိန်မရ တော့ကြောင်း သူ သိလိုက်ရသည်။

သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ လက် ထဲရှိ ဓားရှည်အား အစွမ်းကုန်မြှောက်ကာ တားဆီးရ န်သာ ဖြစ်၏။သို့သော်လည်း သူ့ ခုခံမှုက လျူယော င်၏ တိုက်ကွက်ရှေ့တွင် အရာမထင်ခဲ့ပေ။

"ဇွက်.." အား..."

မကောင်း ဆိုးဝါးတာအိုဘုန်းကြီး၏ ဓားရှည်မှာမူ တန်ဓား၏ ဒဏ်ကို မခံနိုင်ဘဲ ဟင်းသီးဟင်းရွက်ကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ ပြတ်တောက်သွား ၏။

လျူယောင့်၏ တန်ဓား အရှိန်မှာ အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိပေ။

ထက်မြက်လှသော ဓားသွားသည် မကောင်းဆိုးဝါး တာအိုဘုန်းကြီး၏ မျက်ခုံးအလယ်တည့်တည့်မှ ဖောက်ဝင်သွားကာ မေးစေ့အထိ နက်ရှိုင်းစွာ ပိုင်းဖြ တ်သွား၏။သူ့ ဦးခေါင်းတစ်ခေါင်းလုံးအား ထက်ခြ မ်းခွဲလိုက်သကဲ့သို့ပင်။

မကောင်းဆိုးဝါးတာအိုဘုန်းကြီး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ဓားကျိုးမှာလ ည်း အဝေးသို့ လွင့်စင်သွားခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

ကြည့်နေသူအားလုံး တုန်လှုပ်ခြောက်ခြားကာ ဆွံ့ အ သွားကြသည်။တတိယထပ် စင်္ကြံပေါ်မှ ဤတိုက်ပွဲ ကို စောင့်ကြည့်နေသော ဝူယူကန်းမှာလည်း အံ့ဩ လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေ၏။

မကောင်းဆိုးဝါးဘုန်းကြီးသည်လည်း အတူတူပင်။

သူ့ အကြောများအားလုံး အပိတ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်မှာ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ဖြစ်နေသည်။သူ့ မျက်လုံးထဲတွင်မူ အံ့အားသင့်မှုမျ ားထက် သေခြင်းတရားကို ကြောက်ရွံ့ထိတ်လန့် သည့် အရိပ်အယောင်များအား အတိုင်းသား မြင်နေ ရ၏။

အခြေအနေများက ဤမျှအထိ ဆိုးရွားသွားလိမ့်မ ည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထိုမကောင်းဆိုးဝါးတာအိုဘုန်းကြီး၏ အစွမ်းကို သူ အသိဆုံးပင် ဖြစ်သည်။ထိုဘုန်းကြီးသည် 'မြေကမ္ဘာ အဆင့် (၇)'ရှိသူဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလ ည်း မိမိနှင့် ရင်ပေါင်တန်းနိုင်သူပင် မဟုတ်ပေလော ။

သို့သော်လည်း လျူယောင့်၏ လှုပ်ရှားမှု နှစ်ကွက်၊ သုံးကွက်အတွင်းမှာပင် ထိုတာအိုဘုန်းကြီးမှာ အသ တ်ခံလိုက်ရ၏။မကောင်းဆိုးဝါးဘုန်းကြီး၏ မျက်နှ ာတစ်ပြင်လုံးမှာမူ သွေးရောင်မရှိတော့သကဲ့သို့ ဖြူ ဖျော့နေပေသည်။

လျူယောင်သည် တန်ဓားကို အေးစက်စွာ ဆုပ်ကိုင် ရင်း သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လာနေ၏။

ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ မကောင်းဆိုးဝါး ဘုန်းကြီး နဖူးပေါ်မှ ချွေးစေးများ စီးကျလာ၏။သူ ကိုယ်တိုင်မှာလည်း သွေးအေးရက်စက်သည့် လူသ တ်သမားဖြစ်သော်လည်း ကိုယ်တိုင် သေရတော့မ ည်ဆိုသည့် အသိက သူ့ကို တုန်လှုပ်ခြောက်ခြားစေ ခဲ့သည်။

"လျူ..သခင်လေးလျူ..ကျေးဇူးပြုပြီး ကျွန်တော့ကို့ ခွင့်လွတ်ပါလား..ကျွန်တော် မှားသွားပါတယ်ဗျာ.."

မကောင်းဆိုးဝါးရဟန်းက အသနားခံကာ တောင်းပ န်တိုးလျှိုးနေသော်လည်း လျူယောင်ကမူ လုံးဝ လျ စ်လျူရှုထားလိုက်၏။

အကယ်၍သာ သူ၌ ဤကဲ့သို့ ခွန်အားမျိုးမရှိခဲ့လျှင် ယခုအချိန်တွင် အသတ်ခံနေရမည့်သူမှာ သူကိုယ် တိုင်ပင် ဖြစ်နေပေလိမ့်မည်။

"မင်းဘာသာမင်း အဆုံးစီရင်မလား... ဒါမှမဟုတ် ငါ့လက်နဲ့ပဲ ဇာတ်သိမ်းပေးရမလား.."

လျူယောင်၏ အေးစက်စက်စကားသံကို ကြားလို က်ရချိန်တွင် မကောင်းဆိုးဝါးဘုန်းကြီးသည် အသ နားခံတောင်းပန်နေခြင်းမှာ အပိုအလုပ်မှန်း သိလိုက် ရ၏။သူ့ထံတွင် ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့ သည်။

တစ်လမ်းမှာ ဤလျူယောင်နှင့် သူ ထိပ်တိုက်ရင်ဆို င်ရန်ဖြစ်ပြီး အခြားတစ်လမ်းမှာထွက်ပြေးရန်သာ ဖြ စ်၏။

သို့သော် သူ့စိတ်ထဲတွင်မူ တိုက်ခိုက်လိုစိတ် အစအ နမျှပင် မရှိတော့ပေ။သူနှင့် စွမ်းရည်တူသော တာအို ဘုန်းကြီးပင် လှုပ်ရှားမှုအနည်းငယ်အတွင်း အသတ် ခံလိုက်ရသည့် သာဓကက သူ့ရှေ့တွင် ရှိနေသည်မ ဟုတ်ပေလော။ထို့ကြောင့် သူသည် ချက်ချင်းပင် ဆုံ းဖြတ်ချက်တစ်ခုအား ချလိုက်သည်။

၎င်းမှာ သူ အသက်ရှင်သန်ခွင့်ရရေးအတွက် ခွန့်အ ား အကုန်သုံး၍ ထွက်ပြေးရန်ပင် ဖြစ်၏။

မကောင်ဆိုးဝါးဘုန်းကြီးသည် ဤဂိုဝူကမ္ဘာ၌ ကျွမ်း ကျင်သော အတတ်ပညာ နှစ်ရပ်ရှိပေသည်။တစ်ခုမှ ာ ဓားသိုင်းပညာရပ်ဖြစ်ပြီး ကျန်တစ်ခုမှာ တုနိူင်းမဲ့ ကိုယ်ဖော့ပညာရပ်ပင် ဖြစ်၏။ယခင်က သူ အသ က် အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အကြိမ်တိုင်းတွင် ဤပေါ့ပါးသွက်လက်သော ကိုယ်ဖော့ပညာဖြင့်သာ သူ အမြဲတမ်း ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။

ယခုလည်း သူသည် ထိုအတတ်ပညာကို အစွမ်းကုန် ထုတ်သုံးကာ လျှပ်စီးပမာ ထွက်ပြေးရန် ကြိုးစားလို က်သည်။သူ့ အရှိန်မှာ အံ့မခန်း မြန်ဆန်လှသော်လ ည်း လျူယောင်၏ အရှိန်က သူ့ထက် အဆပေါင်း များစွာ သာလွန်နေလိမ့်မည်ဟု သူ လုံးဝ ထည့်မတွ က်ထားမိပေ။

မကောင်းဆိုးဝါးဘုန်းကြီးသည် ဧည့်သည်တော်ဆေ ာင်မှ လျှပ်တပြတ် ခုန်ထွက်ကာ လမ်းမပေါ်သို့ ရေ ာက်သည်နှင့် လျူယောင်က သူ့ ရှေ့မှဆီးကြိုကာ ပိတ်ရပ်လိုက်၏။

ထိုအခိုက်အတန့်တွင် မကောင်းဆိုးဝါးဘုန်းကြီး မှာ အလွန်အမင်း ကြောက်ရွံ့လာကာ ငိုချင်စိတ်ပင် ပေါ က်လာသည်။

"ဘုရားရေ..ဒါ..ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..သူက ငါ့ထက်.ဘာလို့ မြန်နေရတာလဲဟ.."

သို့သော်လည်း ထိုအဖြေကို ရှာဖွေရန် သူ့ဆီ၌ အခွ င့်အရေး မရှိတော့ပေ။လျူယောင်၏ ဓားချက်မှာ မြ န်ဆန်လွန်းရုံသာမက ရက်စက်လွန်းလှသည်။မကော င်းဆိုးဝါး ဘုန်းကြီးသည် လျူယောင်က သူ့ထက်ဦး အောင် လမ်းပိတ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့သ ဖြင့် ပြန်လည်တုံ့ပြန်ရန် ကြိုးစားချိန်တွင် မူ အရာ အားလုံးက နောက်ကျသွားပေသည်။

ထိုဓားချက်သည် ရိုးရှင်းသော်လည်း အားပါလှသ ည်။

"ဗြန်း..." "အား.."

ထို ပြင်းထန်လှသော ဓားချက်က မကောင်းဆိုးဝါး ဘုန်းကြီး၏ ခန္ဓာကိုယ်ကို ထက်ခြမ်း ပိုင်းဖြတ်သွား ပြီး အလောင်းမှာမူ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏ ။အချိန်ခဏလေးအတွင်းမှာပင် မြေပြင်ထက်ဝယ် သွေးများ အိုင်ထွန်းသွားပေသည်။

လျူယောင်သည် တည်ငြိမ်စွာပင် သူ့ တန်ဓားအား ချန်ခွန်းအိတ်ထဲသို့ သိမ်းဆည်းလိုက်၏။ထို့နောက် သေဆုံးသွားသော မကောင်းဆိုးဝါးဘုန်းကြီး၏ လ က်ချောင်းများထံသို့ ကြည့်မိလိုက်သည်။

ထိုအရာမှာ အခြားမဟုတ် လက်စွပ်တစ်ကွင်းပင် ဖြ စ်၏။

သူသာ ခန့်မှန်းချက်မမှားပါက ၎င်းမှာ 'သိုလှောင်လ က်စွပ်'ဖြစ်ပြီး အဆင့်မြင့်ချန်ခွန်းအိတ်ထက်ပင် တ စ်ဆင့်မြင့်ပေသည်။

"ဝိုး..တကယ်ပဲ သိုလှောင်လက်စွပ် ဖြစ်နေတာပဲဟ. ."

လျူယောင်က ဝမ်းသာအားရ ပြုံးလိုက်မိ၏။

ထိုကဲ့သို့ အဖိုးတန်ပစ္စည်းမျိုးကို ရလိုက်သဖြင့် သူ တုံ့ဆိုင်းမနေတော့ဘဲ မကောင်းဆိုးဝါးဘုန်းကြီးထံမှ သိုလှောင်လက်စွပ်နှင့်အတူ အခြားတန်ဖိုးရှိပစ္စည်း များ ကျန်နေခြင်း ရှိ၊မရှိ သေချာစွာ စစ်ဆေးပြီးနော က် ဧည့်သည်ဆောင်အတွင်းသို့ ဝင်လာခဲ့သည်။

ထို့နောက် သေဆုံးနေသော မကောင်းဆိုးတာအိုဘုန် းကြီး၏ အလောင်းဆီသို့ လျှောက်လာကာ သူ့ ကို ယ်ပေါ်မှ အဆင့်မြင့် သိုလှောင်အိတ်တစ်လုံးလည်း တွေ့ရှိခဲ့၏။

'မြေကမ္ဘာအဆင့်'ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတို င်း သူ ပိုင်ဆိုင်ထားသော အိတ်မှာလည်း တကယ့်ကို အရည်အသွေးမြင့်မားလှသည်။ဤအိတ်သည် သို လှောင်လက်စွပ်လောက် မကောင်းသော်လည်း သူ့ ကမ္ဘာမြေပေါ်တွင်မူ အလွန် ရှားပါးလှ၏။

ဤမြင်ကွင်းအားလုံးကို ကြည့်နေသော ဝူယူကန်းမှာ မူ ထုံအနေရာမှ သတိပြန်ဝင်လာသည်။သူ့ မျက်လုံး များထဲတွင်မူ လျူယောင်အပေါ် ထားရှိသည့် အကြ ည့်များမှာ ယခင်နှင့်မတူတော့ဘဲ လေးစားအားကျမှု များဖြင့် ပြည့်နှက်နေ၏။

အစပိုင်းတွင် ဝူယူကန်းသည် မိမိကိုယ်ကို လျူယော င်နှင့် တန်းသူတစ်ဦးဟု ထင်မှတ်မိခဲ့သည်။သို့သော် လည်း ယခုမူ သူတို့နှစ်ဦးကြားရှိ ခွန်အားကွာခြားမှု မှာ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလွန်းလှ၏ ။

ဝူယူကန်းသည် ရိုသေလေးစားစွာဖြင့် လျူယောင့် အနားသို့ လျှောက်လာကာ ပြောလိုက်သည်။

"သခင်လေးလျူ... ခင်ဗျားရဲ့အစွမ်းက တကယ့်ကို အံ့မခန်းပဲ.ခင်ဗျားက ကောင်းကင်အဆင့် ဖြစ်နေလိ မ့်မယ်လို့ ကျွန် တော် တစ်ခါမှ မစဉ်းစားခဲ့မိဘူးဗျာ .."

လျူယောင်သည်လည်း ထိုစကားအား ငြင်းဆန်ခြင် းမပြုခဲ့ပေ။သူ့ ကျင့်စဉ်မှာ လက်ရှိတွင် "ရွှမ်အဆ င့်(၈)' တွင်သာ ရှိသေးသော်လည်း အမှန်တကယ် တို က်ခိုက်ရေးစွမ်းရည်မှာမူ ကောင်းကင်အဆင့်နှင့် အ တူတူပင် ဖြစ်နေပြီမဟုတ်ပေလော။

"ကျွန်တော်တို့ အတူတူ လက်ဖက်ရည် သွားသောက် ကြမလား သခင်လေးလျူ.."

ဤနေရာတွင် လူသတ်မှုနှစ်ခု တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်သဖြင့် ဆက်လက်နေထိုင်ရန် မ သင့်တော်တော့ပေ။ထို့ကြောင့် လျူယောင်ကလည်း ချက်ချင်းပင် သဘောတူလိုက်၏။

"ကောင်းပြီလေ.. လက်ဖက်ရည်သောက်တာလည်း စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့.."

ဝူယုကန်းသည် ဝမ်းသာအားရ ဖြစ်သွားကာ စိတ်ထဲ တွင်လည်း အတိုင်းမသိ ဂုဏ်ယူနေမိသည်။ကောင်း ကင်အဆင့်တစ်ဦးနှင့် လက်ဖက်ရည် အတူသောက် ခွင့်ရခြင်းမှာ သူ့ တစ်သက်တာလုံးအတွက် ကြွားလုံး ထုတ်၍ ရနိုင်၏။

ထို့နောက် နှစ်ဦးသား ဧည့်သည်တော်ဆောင်အတွင်း မှ အတူတူ ထွက်လာခဲ့ကြသည်။ကျန်နေသည့် အ လောင်းကိစ္စကိုမူ ဟိုင်ကျိုးမြို့တော်မှ အရာရှိများ ကသာ လာရှင်းလင်းပေလိမ့်မည်။

မဟာရှအင်ပါယာ၏ ဥပဒေများအရ လမ်းမပေါ်တွ င် တိုက်ခိုက်ခြင်းအား တားမြစ်ထားခြင်း မရှိပေ။ ဤကမ္ဘာတွင် အစွမ်းထက်သူကိုသာ အလေးထားသ ည့် ကမ္ဘာပင်ဖြစ်၏။

အကယ်၍ သင်သည် လုံလောက်သော အစွမ်းအစ ရှိပါက လမ်းမပေါ်တွင် လူသတ်ခြင်းကို မဆိုထားနှ င့် တစ်စုံတစ်ဦး၏ အိမ်ရှေ့အထိ သွားရောက်ကာ ဓ ားဖြင့်ပိုင်းဖြတ်လျှင်ပင် မည်သူကမျှ ဝင်ရောက်စွ က်ဖက်ရဲမည် မဟုတ်ပေ။

သို့သော်လည်း အစွမ်းမရှိဘဲ တပါးသူ၏လက်တွင် အသက်ပျောက်ခဲ့လျှင်မူ မိမိ၏ ကံကြမ္မာကိုသာ အ ပြစ်တင်ရုံရှိသည်။

ဝူယူကန်းသည် အဆင့်မြင့် လက်ဖက်ရည်ဆိုင်တစ် ဆိုင်သို့ လျူယောင့်အားခေါ်လာကာ သီးသန့်ခန်းထဲ တွင် ထိုင်လိုက်ကြ၏။နှစ်ဦးသား အေးအေးလူလူ လက်ဖက်ရည်သောက်နေကြသော်လည်း ပြင်ပတွင် မူ ခုနကဖြစ်ပျက်ခဲ့သော သတင်းသည် ဟိုင်ကျိုး တ စ်မြိုလုံးသို့ တောမီးပမာ ပြန့်နှံ့နေပေသည်။

'မြေကမ္ဘာအဆင့်'နှစ်ဦး တစ်ပြိုင်နက်တည်း အသ တ်ခံလိုက်ရသည့် သတင်းသည် ဟိုင်ကျိုးမြိုတော် တွင် အကြီးအကျယ် တုန်လှုပ်စေခဲ့၏။

........

မနက်ဖြန်တွင် ကျင်းပမည့် လေလံပွဲကြောင့် အရပ် မျက်နှာအသီးသီးမှ ကျင့်ကြံသူများသည် ဟိုင်ကျိုး မြို့တော်သို့ လာနေကြသည်။မိုင်ပေါင်း ရှစ်ရာ၊တစ် ထောင်ခရီးမှပင် လာရောက်ကြသူများလည်း ပါဝင် ၏။

ထိုလူများထဲတွင် 'မြေကမ္ဘာအဆင့်' ကျွမ်းကျင်သူ အများအပြားပါဝင်နေပြီး ၎င်းတို့သည်လည်း မှော် လက်နက် သုံးလက်အား ရယူနိုင်သည့် ငွေကြေး အ င်အားရှိသူများ ဖြစ်ကြသည်။အကယ်၍ အချိန်သာ လုံလောက်ခဲ့လျှင် 'ကောင်းကင်အဆင့်' ရှိသူများပင် ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြလိမ့်မ ည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထိုကဲ့သို့သော စွမ်းအားကောင့်သည့် မှော်လက်နက် များအား 'မြေကမ္ဘာအဆင့်'သာမက 'ကောင်းကင်အ ဆင့်' ကျွမ်းကျင်သူများအတွက်ပါ ဆွဲဆောင်မှုမျိုး ရှိနေသည်မဟုတ်ပေလော။

မကောင်းဆိုးဝါး တာအိုဘုန်းကြီးနှင့် မကောင်းဆိုး ဝါးဘုန်းကြီးတို့ အသတ်ခံလိုက်ရသည့် သတင်းသ ည် ဟိုင်ကျိုးမြို့တော်ရှိ ဝမ်မိသားစု အပါအဝင် အင် အားကြီး မိသားစုသုံးစုထံသို့ ရောက်ရှိသွားခဲ့သည်။

"ဘာ...မကောင်းဆိုးဝါးဘုန်းကြီး အသတ်ခံလိုက်ရ ပြီ ဟုတ်လား.."

လျူယောင်က ထိုနှစ်ဦးကို သတ်လိုက်ပြီဟူသော သတင်းကို ကြားလိုက်ရချိန်တွင် ဝမ်မိသားစုခေါင်း ဆောင် ဝမ်ယွမ်ကျိမှာ တုန်လှုပ်ခြောက်ခြားလာခဲ့၏ ။သူ့ တစ်ကိုယ်လုံးမှ ချွေးစေးများ ထွက်လာကာ ခြေဖျားလက်ဖျားများပင် အေးစက်သွားရ၏။

လျူယောင်၏ အစွမ်းမှာ သူ ထင်မှတ်ထားသည် ထ က် များစွာ သာလွန်နေရုံမျှမက ရက်စက်ပြတ် သား လွန်းလှသည်ကိုလည်း သူ သိလိုက်ရ၍ပင် ဖြစ်သ ည်။

All Chapters