တရားမျှတမူ ရှိရမယ်
Vol. 51 Ch. 606
"ဟူး ငါ... တကယ် နောင်တရတယ်..."
ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦးကို သွားရော က်ရန်စမိခြင်းဟာ မိသားစုတစ်စုလုံးကို ချောက်က မ်းပါးထဲ တွန်းပို့လိုက်သလို ဖြစ်သွားမယ်လို့ သူ မထင်မှတ်ခဲ့မိပေ။
အကယ်၍ တစ်ယောက်ယောက်ကသာ ဝမ်မိသားစု ကို အမြစ်ပြတ်သတ်ဖြတ်ဖို့ ရောက်လာခဲ့ရင် သူတို့ ဘက်ကနေ ရပ်တည်ပေးမယ့်သူ ဤလောကမှာ တ စ်ယောက်မှ ရှိမှာမဟုတ်ဘူးဆိုတာ သူ ကောင်းကော င်းသိနေ၏။
"ငါ ဘာလုပ်ရမလဲ... ဘုရားကယ်ပါ... ကျွန်တော် ဘ ာဆက်လုပ်ရမလဲဗျာ.."
သေမတတ် ကြောက်ရွံ့နေသည့် ဝမ်ယွမ်ကျိမှာမူ ဘိုးဘေးတွေဆီမှာ အကူအညီတောင်းဖို့ကလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။
ဝမ်မိသားစုရဲ့ ဘိုးဘေးဟာ မြေကမ္ဘာပဉ္စမအဆင့် မှ ာရှိပြီး ဟိုင်ကျိုးတစ်မြို့လုံးတွင် အစွမ်းအထက် ဆုံးလို့ သတ်မှတ်ခံထားရသူပင် ဖြစ်၏။သူသည် မိ သားစုခေါင်းဆောင် ဖြစ်သော်လည်းမြေကမ္ဘာအဆ င့် ကျင့်ကြံသူ ရှေ့မှောက်တွင်မူ နှစ်ချက်၊သုံးချက် လောက် တိုက်ခိုက်တာကိုတောင် ခံနိုင်ရည် မရှိပေ။
ဝမ်မိသားစုတစ်စုလုံး သောကမီးတောက်နေချိန်တွင် တစ်ဖက်က ဝူမိသားစုမှာမူ ပွဲတော်တစ်ခုလို စည် ကားသိုက်မြိုက်နေပြီး ဧည့်သည်များက တဖွဲဖွဲ ရော က်လာကြ၏။
မကြာမီကျင်းပတော့မည့် လေလံပွဲကြီးကို ဝူမိသား စုပိုင် လေလံစံအိမ်၌ ကျင်းပရန် ပြင်ဆင်ထားခဲ့သ ည်။ထို့ကြောင့်ပင် အရပ်မျက်နှာအနှံ့မှ ကျင့်ကြံသူ များသည် လေလံပွဲအသေးစိတ်ကို စုံစမ်းရန် ဝူမိသာ းစုထံသို့ ရောက်ရှိနေကြ၏။
ဝူမိသားစု၏ ဧည့်ခံခန်းမဆောင်အတွင်း၌မူ...
မျိုးနွယ်စုအကြီးအကဲများဖြစ်ကြသော ဝူရွှမ်းနှင့် ဝူ လိမင် တို့သည် ရောက်လာသည့် ဧည့်သည်တော်မျာ းကို နွေးထွေးစွာ ကြိုဆိုနေရသည်။ဧည့်သည် ဆ ယ်ဂဏန်းကျော်ရှိသည့်အနက် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ မြေကမ္ဘာအဆင့်များဖြစ်ကြပြီး ကျန်လူများမှာ လ ည်း အနည်းဆုံး ရွှမ်အဋ္ဌမ အဆင့်သို့မဟုတ် နဝမအ ဆင့် များသာ ဖြစ်ကြသည်။
လူတိုင်းသည် သန်မာသည့် ကျင့်ကြံခြင်း အရှိန်အဝါ များ ထွက်ပေါ်နေ၏။
ထိုလူအုပ်စုထဲတွင် အထင်ရှားဆုံးနှင့် အစွမ်းအထ က်ဆုံးပုဂ္ဂိုလ်မှာ မြေကမ္ဘာအဆင့် ကျင့်ကြံသူ ကန် လင်ကျီ ပင် ဖြစ်သည်။သူသည် မြေကမ္ဘာ အထွတ် အထိပ်အဆင့်ဖြစ်သော နဝမအဆင့်သို့ ရောက်နေ သူဖြစ်ပြီး ကောင်းကင်အဆင့်သို့ တက်လှမ်းရန် လ က်တစ်ကမ်းသာ လိုတော့၏။
သို့သော်လည်း ထိုနေရာမှာပင် သူသည် နှစ်ပေါင်း ၂ ၀ မှ ၃၀ ကြာသည်အထိ တိုးတက်မှုမရှိဘဲ ရပ်တန့် နေခဲ့ရသည်။
ကန်လင်ကျီက ခန်းမအတွင်းရှိ လူအားလုံးကို ကြည့် ကာ အော်ပြောလိုက်၏။
"ကြားရသလောက်တော့ မှော်လက်နက် စုစုပေါင်း သုံးခုရှိတယ်ဆိုပဲ... အဲဒီထဲက တစ်ခုကိုတော့ ငါ ကြိုတင်ယူထားလိုက်ပြီ..ကျန်တဲ့ နှစ်ခုကိုတော့ မင်း တို့အချင်းချင်းပဲ ကြိုက်သလို လုကြပေတော့.."
သူ့စကားသည် အမိန့်တစ်ခုလို ပြတ်သားလွန်း လှ သည်။သူ့၏ ခွန်အားသည် ကျန်လူများထက် အပြ တ်အသတ် သာလွန်နေသည်ဟု ယုံကြည်သဖြင့်လေ လံပွဲမစမီကတည်းက လက်နက်တစ်ခုက သူ့အပိုင် ပဲဟု ပိုင်စိုးပိုင်နင်း ကြေညာလိုက်ခြင်းပင်။
၎င်း၏ ဆိုလိုရင်းမှာ ရှင်းပါသည်။မနက်ဖြန် လေလံ ပွဲတွင် သူက ဈေး ခေါ်ဆိုလိုက်သည်နှင့် တခြားသူမျ ား အနေဖြင့် ဈေး ထပ်တိုး၍ မခေါ်စေရန်ဖြစ်သည် ။အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို ယှဉ်ပြို င်ခဲ့လျှင် မြေကမ္ဘာအဆင့် နဝမအဆင့်ရှိသော သူ့အ ား ရန်စလိုက်သည်နှင့် အတူတူပင် မဟုတ်ပေလော ။
မှော်လက်နက်က သုံးခုသာရှိပြီး လိုချင်သူက အား လုံးနီးပါးပင်။
ကန်လင်ကျိီက တစ်ခုကို ပိုင်စိုးပိုင်နင်း ကြေညာပြီး နောက် သူ့ထက် အနည်းငယ်သာ အားနည်းသည့် အ ခြား မြေကမ္ဘာအဆင့်သခင်တစ်ဦးကလည်း ရှက်ရွံ့ ခြင်းမရှိဘဲ ချက်ချင်းပင် အခွင့် အရေးယူလိုက်ပေ သည်။
"အဖိုးကြီးကန်က ဓားသုံးတာဆိုတော့... ကောင်းပြီ လေ..ကျန်တဲ့ မှော်လက်နက် သုံးလက်ထဲက 'ဓားရှ ည်'ကိုတော့ ငါ့အတွက်ပဲ ထားလိုက်..."
ဝူမိသားစု အကြီးအကဲ ဝူရွှမ်းမှာတော့ ထိုလူတွေ အ နိုင်ကျင့်နေသည်ကို ကြည့်ရင်း သက်ပြင်းကိုသာ ခိုး ချနေရသည်။'လက်မောင်းက ပေါင်ကို မလှည့်နိုင်ဘူ း” ဆိုသကဲ့သို့ပင် အင်အားကြီးသူတွေကြားမှာတေ ာ့ သူ ဘာမှမတတ်နိုင်ခဲ့ပေ။
သူက တုန်တုန်ယင်ယင်ဖြင့် သတိပေးလိုက်မိသည် ။
"အားလုံးပဲ... ဒီလက်နက်တွေကို လေလံတင်ဖို့ အပ် နှံခဲ့တဲ့ သခင်လေးလျူ က 'တရားမျှတတဲ့ ယှဉ်ပြိုင် မှု' ဖြစ်ရမယ်လို့ အထူးမှာကြားထားပါတယ်ခင်ဗျာ . .."
သူ့စကားမဆုံးခင်မှာပင် ကန်လင်ကျိီက ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်၏။
"ဘာ..ဒါတွေက အဓိပ္ပာယ်မရှိတာတွေပဲ..ဘာပဲဖြစ် ဖြစ် ဒီသုံးခုထဲက တစ်ခုကတော့ ငါ့ အတွက်ပဲ ဖြစ်ရ မယ်...
ထိုသို့ အခြေအတင်ဖြစ်နေစဉ်မှာပင် ဝူမိသားစုဝင် တစ်ဦးက အပြေးအလွှား ရောက်လာပြီး ဝူရွှမ်း၏ နားနားတွင် ကပ်၍ တစ်ခုခု ပြောလိုက်လေသည်။ ထိုအခါ ခုနက နှင်းဒဏ်ကြောင့် ညှိုးနွမ်းနေသည့် ခ ရမ်းချဉ်သီးပမာ အားငယ်နေသော ဝူရွှမ်း၏ မျက် လုံးများမှာမူ ဝင်းခနဲ လင်းလက်လာခဲ့၏။
သူသည် သွေးအသစ်လောင်းလိုက်သကဲ့သို့ သူ့ တစ် ကို ယ်လုံး လန်းဆန်းတက်ကြွလာသည်မှာ လူတိုင်း သတိထားမိလောက်သည်အထိပင်။
ခန်းမထဲရှိ မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ဦးက မ နေနိုင်ဘဲ မေးလိုက်သည်။
"ဝူညီလေး... သတင်းကောင်းတစ်ခုခု ရထားပုံပဲ.. ငါ တို့ကိုလည်း ဝေမျှပေးပါဦးလား.."
ဝူရွှမ်းက စိတ်ဓာတ်တက်ကြွစွာဖြင့် မတ်တတ် ထ ရပ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်ကာ ကြေညာ လိုက်ပေသည်။
"ခုလေးတင် ရတဲ့သတင်းအရ... နာမည်ကျော် 'မ ကောင်းဆိုးဝါးဘုန်းကြီးနဲ့ 'မကောင်းဆိုးဝါးတာအို ဘုန်းကြီး' တို့ဟာ သခင်လေးလျူကို သွားရောက် ရန်စခဲ့ကြပါတယ်..ဒါပေမဲ့... သူတို့နှစ်ယောက် စလုံး ဟာ သခင်လေးလျူရဲ့လက်ချက်နဲ့ နေရာမှာတင် အ သတ်ခံလိုက်ရပါပြီ..နှစ်ကွက် သုံးကွက်လောက် တို က်ခိုက်ရုံနဲ့တင် သူတို့က သေဆုံးသွားတာပါ.."
"ဘာ....."
ခန်းမတစ်ခုလုံး တုန်လူပ်သွားပြီး လူတိုင်းရဲ့မျက်နှာ များပေါ်တွင်မူ မယုံကြည်နိုင်မှုများ ထင်ဟပ်နေ၏။
"ဒီလောက် မြန်မြန်သတ်နိုင်တာ.. ဖြစ်နိုင်ပါ့မလား.."
'မကောင်းဆိုးဝါးဘုန်းကြီး' နှင့် 'မကောင်းဆိုးဝါးတာ အိုဘုန်းကြီး' တို့၏ အစွမ်းကို ဤနေရာရှိလူတိုင်း သိ ထားကြသည်။သူတို့နှစ်ဦးစလုံးသည် မြေကမ္ဘာ သ တ္တမအဆင့်များဖြစ်ကြ၏။
အကယ်၍ ထိုနှစ်ဦး ဤနေရာတွင် ရှိနေခဲ့လျှင် ကန် လင်ကျိီနှင့် အခြားမြေကမ္ဘာအဆင့် တစ်ဦးမှလွဲ၍ ကျန်သူများမှာ ယှဉ်နိုင်ရန်ပင် ခဲယဉ်းလှသည်။
သို့သော်လည်းထိုကဲ့သို့သော အစွမ်းထက်သူနှစ်ဦး စလုံးသည် နှစ်ကွက် သုံးကွက်အတွင်းမှာတင် သေ ဆုံးသွားခဲ့ရသည်။
"ဘုရားရေ..ဒါက... ဒါက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်.."
ဤအစွမ်းမှာ ကောင်းကင်အဆင့်သာ ဖြစ်ကြောင်း သေချာနေ၏။ဤလျူယောင်သည် သာမာန်လူမဟု တ်ဘဲ နက်နဲလှသော ကောင်းကင်အဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း သိလိုက်ရချိန်တွင် လူများစွာမှာ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။
အထူးသဖြင့် မှော်လက်နက်ကို အာဏာပြပြီး ကြိုတ င်မှာယူခဲ့သော ကန်လင်ကျိီနှင့် အခြားမြေကမ္ဘာအ ဆင့်တို့မှာ မျက်နှာများ ဖြူလျော်နေကြ၏။
တစ်ဖက်တွင်မူ ဝူရွှမ်း၏ ယုံကြည်မှုမှာ အထွတ်အ ထိပ်သို့ ရောက်ရှိသွားခဲ့သည်။သူက မြေကမ္ဘာအဆ င့် မဟုတ်သော်လည်း သူ့နောက်ကွယ်တွင်မူ တောင် ကြီးတစ်လုံးကဲ့သို့ ခိုင်မာလှသော လျူယောင် ရှိနေ သည်မဟုတ်ပေလော။
သူသည် ခါးကိုမတ်၍ အသံမြှင့်ကာ ထပ်မံကြေညာ လိုက်သည်။
"အားလုံးပဲ... ကျွန်တော် ထပ်မံပြောပါရစေ.. သခင် လေးလျူက ဒီမှော်လက်နက် သုံးခုကို 'တရားမျှတ စွာ' လေလံဆွဲရမယ်လို့ အထူးမှာ ကြားထားပါတယ် ...ဘယ်သူ့ကိုမှ မသမာတဲ့နည်းလမ်းတွေ..အာဏာ ပြတဲ့ အကြံအစည်တွေ လုပ်ခွင့်မပြုဘူးလို့လည်း သူက ပြောထားပါတယ်ခင်ဗျာ.."
ဝူရွှမ်း၏ စကားသံ အဆုံးတွင် ခုနကမှ မောက်မာ ရို င်းစိုင်းစွာဖြင့် မှော်လက်နက်တစ်ခုကို အပိုင်သိမ်းမ ည်ဟု ကြုံးဝါးခဲ့သော ကန်လင်ကျိီက ဝင် ပြောလို က်၏။
"ဝူမိသားစု အကြီးအကဲ ပြောတာ လုံးဝမှန်ပါတယ် ..မှော်လက်နက်က သုံးလက်တည်းရှိတာဆိုတော့ လေလံပွဲကို ပွင့်လင်းမြင်သာစွာနဲ့ မျှမျှတတပဲ ကျင်း ပသင့်တာပေါ့..မဟုတ်ရင် တခြားသူတွေအတွက် မတရားသလို ဖြစ်နေမှာပေါ့ဗျာ..."
ခုနတင်ကမှ လက်နက်တစ်ခုကို အပိုင်သိမ်းမည်ဟု မောက်မာစွာ ပြောဆိုခဲ့သော ကန်လင်ကျိီသည် ယခု အခါ သူ့ကိုယ်သူ ပြန်ရိုက်နှက်သည့် စကားလုံး များ ကိုပင် ရှက်ရွံ့ခြင်းမရှိဘဲ ပြောဆိုနေပေသည်။သူ့ မျ က်နှာမှာမူ အနည်းငယ်မျှပင် နီမြန်းခြင်းမရှိဘဲ လေ သံမှာလည်း ချက်ခြင်းပင် ပြောင်းလဲသွား၏။
နောက်ထပ် မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ဦးက လည်း အခြေအနေကို ရိပ်မိသည်နှင့် တပြိုင်နက် က န်လင်ကျိီ၏စကားကို အလျင်အမြန် ထောက်ခံလိုက် သည်။
"ဟုတ်ပါ့ဗျာ... အဖိုးကြီးကန် ပြောတာ တကယ့်ကို မှန်ပါတယ်.. လေလံပွဲဆိုတာ တရားမျှတမှု ရှိရမှာ ပေါ့.."
ထိုသူတို့၏ အပြောင်းအလဲမြန်ပုံကို ကြည့်ပြီး ဝူရွှမ် းခဗျာ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလို က်ရ၏။တစ်ချိန်တည်းမှာပင် သူသည် လျူယောင် အပေါ် လေးစားစိတ်မှာလည်း အတိုင်းအဆမရှိ တိုး လာခဲ့သည်။
"အင်း..သခင်လေးလျူဟာ တကယ့်ကို နက်နဲလှတဲ့ ပုဂ္ဂိုလ်ပဲ... သူက တကယ့် ကောင်းကင်အဆင့်ကြီး ပါလား"
ဤကဲ့သို့ ဝူရွှမ်းက စိတ်ထဲမှ တဖွဖွ ရေရွတ်နေမိ၏ ။
........
တစ်ဖက်တွင်မူ..
လျူယောင်သည် ဝူယူကန်း၏ ဖိတ်ကြားမှုကြောင့် လက်ဖက်ရည်ဆိုင်တွင် နာရီဝက်ခန့် အချိန်ကုန်လွ န်စေခဲ့ပြီးနောက် နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ သူသည် ယခင် ဧည့်သည်တော်အခန်းဟောင်းသို့ ပြန်မသွားတော့ဘဲ ပိုမိုကျယ်ဝန်းသည့် အဆင့်မြင့် အခန်းအသစ်သို့ ပြောင်းရွှေ့လိုက်၏။
ထိုဧည့်ဂေဟာ၏ ပိုင်ရှင်မှာ လျူယောင်က မြေက မ္ဘာအဆင့်နှစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း သ တ်ဖြတ်လိုက်သည့် သတင်းကို ကြားထားပြီးသား ဖြ စ်ရာ လျူယောင်အား နတ်ဘုရားတစ်ပါးကဲ့ သို့ ဧည့် ခံခဲ့သည်။သူက အကောင်းဆုံးနှင့် အခမ်းနားဆုံး အ ခန်းတွဲကြီးကို လျူယောင်အတွက် အထူးစီစဉ် ပေး ထား၏။
လျူယောင်သည် အခန်းထဲသို့ ရောက်သည်နှင့် တံခ ါးကို လုံခြုံစွာ ပိတ်လိုက်ပြီးနောက် သူ ရရှိထားသ ည့် ပစ္စည်းများကို အသေးစိတ် စစ်ဆေးရန် ပြင်ဆင် လိုက်သည်။
ခုနကလေးတင်မှ အသက်ကို ခြွေယူခဲ့သည့် 'မကော င်းဆိုးဝါးဘုန်းကြီး' နှင့် 'မ ကောင်းဆိုးဝါးတာအို ဘု န်းကြီး' တို့ထံမှ အဖိုးတန်သိုလှောင်လက်စွပ် တစ်ကွ င်းနှင့် အဆင့်မြင့်သိုလှောင်အိတ်တစ်လုံးကို လျူ ယောင် ရရှိခဲ့၏။
လျူယောင်သည် အရင်ဆုံး အဆင့်မြင့်သိုလှောင်အိ တ်ကို ယူလိုက်သည်။
သာမာ န်အားဖြင့် အဆင့်မြင့် သိုလှောင်အိတ်တစ် လုံး၏ ချိတ်ပိတ်ထားမှုကို ဖွင့်ရန်မှာ အလွန်ပင် ခက် ခဲလှ၏။သို့သော်လည်း အိတ်၏ပိုင်ရှင်ဖြစ်သူမှာအ သက်မရှိတော့သည့်အတွက် သူ့ ဝိညာဉ်အမှတ် အ သားမှာ အားနည်းနေပေသည်။
ထို့ကြောင့်ပင် လျူယောင် အိတ်ကို ဖွင့်ရသည်မှာ ခါတိုင်းထက် ပိုမိုလွယ်ကူနေ၏။
လျူယောင်သည် လိုအပ်သည့် စိတ်အာရုံကို ထိန်း ချုပ်လိုက်ကာ အိတ်၏ ချိတ်ပိတ်အတားအစီးအား အေးအေးဆေးဆေးပင် ချေဖျက်လိုက်သည်။နော က်ဆုံးတွင်မူ အိတ်အတွင်းမှ တလက်လက်တောက် နေသည့် အဖိုးတန်ရတနာများအား လျူယောင် မြင် လိုက်ရ၏။