အဖိုးတန် ပစ္စည်းများစွာ..
Vol. 51 Ch. 607
သိုလှောင်အိတ်အတွင်း၌ နေ့စဉ်သုံးပစ္စည်းတွေအပြ င် အတောက်ပဆုံးအရာမှာ ရွှေဒင်္ဂါးပြားပုံကြီးပင် ဖြစ်၏။ထိုရွှေဒင်္ဂါးပုံကြီးထဲတွင် အဖိုးတန် ရွှေလ က်မှတ်များစွာကိုလည်း တွေ့ရသဖြင့် လျူယောင် က သေချာအောင် ထုတ်ယူကြည့်လိုက်သည်။
ထိုရွှေလက်မှတ်များ၏ တန်ဖိုးမှာ သုံးသိန်းကျော် ရှိ နေ၏။ ရွှေဒင်္ဂါးပြားများနှင့် ရွှေလက်မှတ်များအား လုံး ပေါင်းလိုက်ပါက လေးသိန်း ခန့်အထိ ရှိနေသဖြ င့် ဤပမာဏမှာ သာမန်လူတစ်ယောက်အတွက် မ မျှော်မှန်းနိုင်သော စည်းစိမ်ပုံကြီးပင် ဖြစ်ပေသည်။
ရွှေငွေများအပြင် ရှားပါးဆေးရည် အမျိုးမျိုးကို လ ည်း လျူယောင် တွေ့လိုက်ရ၏။ထို့အပြင် မကောင်း ဆိုးဝါးဘုန်းကြီးတို့သည် ဓားပညာကို အဓိက လေ့ ကျင့်သူများ ဖြစ်သောကြောင့် သူတို့ အသုံး ပြုသည့် ဓားရှည်များစွာနှင့် ဓားသိုင်းစာအုပ်အချို့ကိုလည်း တွေ့လိုက်ရသည်။
သို့သော်လည်း လျူယောင်အတွက်မူ ထိုဓားသိုင်းစာ အုပ်များမှာ စိတ်ဝင်စားစရာ မကောင်းလှပေ။
သူသည် အိတ်အတွင်းမှ ပစ္စည်းများကို စစ်ဆေးပြီး နောက် သိုလှောင်အိတ်အား စားပွဲပေါ်သို့ တင်လိုက် ပြီး သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်၏။
လျူယောင်က စိတ်အာရုံကိုစုစည်းပြီး အတားအ ဆီးအား ချိုးဖျက်လိုက်ရာ ခဏအကြာတွင်မူ သို လှောင် လက်စွပ်၏ ချိတ်ပိတ်မှုမှာ ချောမွေ့စွာပင် ပွ င့်ထွက်သွားပေသည်။
သိုလှောင်လက်စွပ်၏ သိုလှောင်နိုင်စွမ်းမှာ အဆင့် မြင့် သိုလှောင်အိတ်နှင့် လုံးဝမတူညီပေ။အဆင့်မြင့် သိုလှောင်အိတ်၏ အကျယ်မှာ ပေ ၃၀သာ ရှိသော် လည်း ဤလက်စွပ်မှာမူ ၁၀၀ ပေအထိ ကျယ်ဝန်း သဖြင့် အဆင့်မြင့် သိုလှောင်အိတ်ဆယ်အိတ်စာကို တစ်ပြိုင်နက်တည်း သိုလှောင်နိုင်၏။
လက်စွပ်အတွင်းပိုင်း၌ ပစ္စည်းများစွာ ရှိသော်လည်း သိုလှောင်ရန် နေရာလွတ်များစွာ ကျန်နေသေးသည် ။
အဓိကအားဖြင့် လျူယောင် တွေ့ရသည်မှာ ရွှေဒင်္ဂါး ပြားအပုံကြီး နှင့် စီထားသော ရွှေလက်မှတ်များပင် ဖြစ်၏။ထိုပစ္စည်းများကို လျူယောင် မြင်သော အ ခါ 'မကောင်းဆိုးဝါးဘုန်းကြီးသည် မကောင်းဆိုးဝါး တာအိုဘုန်းကြီးထက် အဆပေါင်းများစွာ ချမ်းသာ သည်အား လျူယောင် သိလိုက်ရသည်။
ထိုရွှေဒင်္ဂါးပြားများနှင့် ရွှေလက်မှတ်များ စုစုပေါင်း တန်ဖိုးမှာ တစ်သန်းနီးပါး ရှိနေသည်။
"ဝိုး..ချမ်းသာပြီ..ငါ..တကယ်ကို ချမ်းသာပြီပဲကွ ဟားဟား.."
လျူယောင်၏ စိတ်ထဲတွင် ထိုစကားကိုသာ ထပ် ခါတလဲလဲ ရေရွတ်နေမိသည်။
ယခင်က သူ ရရှိခဲ့သော ရွှေလေးသိန်းနှင့် ပေါင်းလို က်ပါက သူသည် စုစုပေါင်း ငွေကြေးပမာဏ တစ် သန်းခွဲ ခန့်ကို ပိုင်ဆိုင်လိုက်ရခြင်းဖြစ်၏။ဤမျှများ ပြားလှသော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ထားပြီးနောက် တွင်တော့ ဤဂိုဝူကမ္ဘာ၌ ငွေကြေးမလောက်ငှမည် ကို စိုးရိမ်စရာ လုံးဝမလိုတော့ကြောင်း လျူယောင် ကောင်းကောင်းသိလိုက်ရသည်။
သူ၏ နှလုံးမှာ ပျော်ရွှင်မှုကြောင့် အဆက်မပြတ် ခု န်နေ၏။ သို့သော်လည်း လက်စွပ်အတွင်း၌ ရွှေငွေ များအပြင် အခြားသော အဖိုးတန်ပစ္စည်းများစွာ ကျ န်ရှိနေသေးသည်မဟုတ်ပေလော။
"အခု ငါ့မှာ အရင်းအနှီးတွေ အများကြီး ရှိနေပြီ. ပို ကောင်းတဲ့ ကျင့်စဥ် စာအုပ်တစ်အုပ်လောက် ရှာဝ ယ် မှ ဖြစ်တော့မယ်.."
လျူယောင်သည် တစ်ကိုယ်တည်း တွေးတောရင်း လက်ရှိကျင့်ကြံနေသည့် ချင်းနဥ် ချီလေ့ကျင့်ရေး ကျင့်စဥ်၏ ကန့်သတ်ချက်များနှင့် အားနည်းချက် များကို သတိပြုမိလိုက်၏။သူသည် ကျင်စဥ်အဆင့် မြင့်မားလာသည်နှင့်အမျှ ယခင်ကျင့်စဉ်များမှာ အ သုံးမဝင်တော့သည်မှာ အမှန်ပင်။
ပြီးနောက် လျူယောင်က သိုလှောင်လက်စွပ်အတွင် းရှိ ပစ္စည်းများအား ဆက်ရှင်းလင်းလိုက်သည်။ လက်စွပ်အတွင်းတွင် တစ္ဆေခေါင်းဓား၊တောင်ဓား၊ ကျယ်ဓား၊ ဓားကောက် စသဖြင့် ထူးခြားသည့် ဓား လက်နက်ပေါင်း ၃၀ ခန့် ရှိနေ၏။
ထို့အပြင် ပုလင်းများထဲတွင် ထည့်ထားသော ဆေး လုံးများစွာနှင့် ဆေးပင်များစွာကိုလည်း သူ တွေ့လို က်ရ၏။
ဂျင်ဆင်းကဲ့သို့သော အချို့သော ဆေးပင်များကိုသ ာ လျူယောင် သိပြီး ကျန်အဖိုး တန်ဆေးပင်အမျာ းစုကိုမူ သူ လုံးဝ မသိပေ။
လျူယောင်သည် မလိုအပ်သည့် ပစ္စည်းများကို ရွေး ထုတ်ပြီး အဆင့်နိမ့် သိုလှောင်အိတ်များထဲသို့ ခွဲပြီး သိမ်းဆည်းလိုက်၏။ထို့နောက် သူ အလွန်တန်ဖိုးထ ားသည့် ရတနာများနှင့် ငွေကြေးများကိုမူ အဆင့် မြင့် သိုလှောင်လက်စွပ်ထဲသို့ ပြောင်းထည့် လိုက်သ ည်။
နောက်ဆုံးတွင်မူ ထိုသိုလှောင်လက်စွပ်အား သူ၏ လက်ချောင်းတွင် ဝတ်ဆင်လိုက်သည်။
"ကောင်းလိုက်တာ... တကယ်ကို အဆင်ပြေတာပဲ ကွာ.."
လက်စွပ်ကို ကြည့်ရင်း လျူယောင် ပြုံးလိုက်မိ၏။ သိုလှောင်အိတ်များကို တစ်အိတ်နှင့်တစ်အိတ် ထ ည့်၍ မရသော်လည်း လက်စွပ်မှာမူ အဆင့်မြင့်သ ည့်အတွက် မည်သည့် သိုလှောင်အိတ်ကိုမဆို လက် စွပ်အတွင်းသို့ သိမ်းဆည်းနိုင်ပေသည်။
အရာအားလုံး စနစ်တကျ ဖြစ်သွားသည့်အခါ လျူ ယောင်သည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ခြင်း ကျင့်ကြံလိုက်၏။ခုနက တိုက်ပွဲအပြီးတွင် သူ့ ခန္ဓာ ကိုယ်အတွင်း စီးဆင်းနေသော စွမ်းအားများမှာ အ လွန်ပင် များပြားနေသည်။
သူသည် ယခင်က ရွှမ်အဋ္ဌမအဆင့်သာရှိသော်လ ည်း တစ်ညတာလုံး အနားယူခြင်းမရှိဘဲ လေ့ကျင့် လိုက်သည့်အတွက် အဆင့်များစွာ တက်လာခဲ့သ ည်။
"ဟူး .မြေကမ္ဘာဒုတိယအဆင့်...ငါ အောင်မြင်ပြီကွ”
လျူယောင်သည် တစ်ညအတွင်းတွင် အဆင့်များစွ ာကို အောင်မြင်စွာ ဖြတ်ကျော်လိုက်ခြင်းမှာ သာမာ န်ကျင်ကြံသူများအတွက်မူ လုံးဝ မဖြစ်နိုင်ပေ။
သူ့ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများလည်း ပေါက်ကွဲ ထွက်လာကာ အမြန်နှုန်းမှာလည်း တစ်ဆင့်မြင့်လာ ခဲ့၏။ယခု လျူယောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကောင်းကင်အလယ်အလတ်အဆင့် ရှိသူများကိုပင် ယှဉ်တိုက်ခိုက်နိုင်သည့် အနေအထားသို့ ရောက်နေ ခဲ့သည်။
ထိုသို့သော ထိပ်တန်းကျင့်ကြံသူများမှာ တစ်နိုင်ငံ လုံးတွင်ပင် ငါးဦးထက် ပိုမိုမရှိနိုင်ပေ။
သူ အချိန်ကိုကြည့်လိုက်ရာ နံနက် ၈ နာရီ ရှိပြီဖြစ်၏ ။လေလံပွဲမှာ ၉ နာရီတွင် စတင်မည်ဖြစ်ရာ လျူယေ ာင်သည်မနက်စာစားပြီးနောက် အခန်းဝမှ သူ့ မော် တော်ဆိုင်ကယ်ကို ထုတ်ကာ ဝူမိသားစု၏ လေလံ စံအိမ်သို့ မောင်းလာခဲ့သည်။
လမ်းပေါ်ရှိ ကျင့်ကြံသူအချို့မှာမူ လျူယောင်အား မှတ်မိသွားကြပြီး အံ့အားသင့်စွာ လမ်းဖယ်ပေးလို က်ကြ၏။
"ဘုရားရေ..ကောင်းကင်အဆင့်လား.. ဟိုင်ကျိုးမြို့ တော်ကို ကောင်းကင်အဆင့် ကျင့်ကြံတစ်ဦး ရောက် လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိပါ့မလဲ”
လူများစွာ၏ စကားသံများ ကြောက်ရွံ့နေသောအ ကြည့်များကြားထဲတွင် လျူယောင်သည် မည်သူ့ကို မျှ အရေးမစိုက်ဘဲ အေးဆေးတည်ငြိမ်စွာပင် လေ လံစံအိမ်သို့ မောင်းလာခဲ့သည်။
"ဟေး..ဒါ... မော်တော်ဆိုင်ကယ်ဆိုတာလား.. မြင်း တောင်မှ ဒီလောက်အရှိန်နဲ့ ပြေးနိုင်မှာ မဟုတ်ဘူး ကွာ."
လမ်းတစ်လျှောက်လုံးတွင် လျူယောင်သည် လူမျာ းစွာ၏ အာရုံစိုက်မှုကို ခံနေရသည်။သို့သော်လည်း အားလုံးမှာ လျူယောင့်၏ စွမ်းရည်ကို သိနေကြသ ဖြင့် မနာလိုသူများပင်လျှင် လျူယောင်ကို ထိပါးရန် မဆိုထားနှင့် အနီးအနားသို့ပင် မကပ်ရဲကြပေ။
ဆိုင်ကယ်၏ အမြန်နူန်းကြောင့် ဝူမိသားစု၏ လေ လံစံအိမ်သို့ ၁၅ မိနစ်ခန့်အတွင်း လျူယောင် ရောက် လာခဲ့၏။
လျူယောင် ရောက်လာသည်ကို သိသည်နှင့် တာဝန် ရှိသူများမှာ ဝူရွှမ်းထံသို့ ချက်ချင်း သတင်းပို့လိုက် သည်။ဝူရွှမ်းမှာလည်း အဖိုးတန်ဧည့်သည်တော်ကို ကြိုဆိုရန်အတွက် အပြေးအလွှားရောက်လာပြီး စိ တ်အားထက်သန်စွာ နူတ်ဆက်လိုက်၏။
"သခင်လေးလျူ... အခုလို ကြွရောက်ချီးမြှင့်ပေးတဲ့ အတွက် ကျွန်တော်တို့ ဝူမိသားစုရဲ့ လေလံစံ အိမ်တ စ်အိမ်လုံး တောက်ပသွားရပါပြီခင်ဗျာ.."
"ဝူမိသားစု အကြီးအကဲ... အခုလို အားတက်သရော ကြိုဆိုပေးတာ ကျေးဇူးတင်ပါတယ်.."
လျူယောင်ကလည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် လ က်သီးကို လက်ဖဝါးဖြင့် ယှက်ကာ ပြန်နူတ်ဆက်လို က်သည်။နှစ်ဦးသား လိုရင်းတိုရှင်း နှုတ်ဆက်စကာ းများ ပြောဆိုပြီးနောက် ဝူရွှမ်း၏ ဦးဆောင်မူဖြင့် လေလံစံအိမ်အတွင်းသို့ လျူယောင် ဝင်လာခဲ့၏။
လေလံပွဲ စတင်ရန် နာရီဝက်ခန့်အလိုတွင် ဝူရွှမ်းမှာ လျူယောင်အတွက် လက်ဖက်ရည်ပူပူတစ်ခွက်ကို ပင် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ဧည့်ခံလိုက်သည်။ ထိုစဉ်မှာပင် လေလံစံအိမ်အဝင်ဝတွင် ရုတ်ရုတ်သဲ သဲ ဖြစ်သွားပြီးနောက် ဝူမိသားစုဘိုးဘေးကြီးသည် လူများစွာ ခြံရံလျက် ရိုသေစွာ ဝင်လာခဲ့၏။
သူသည် လျူယောင်ကို မြင်လိုက်ရသဖြင့် ချက်ချင် း လက်သီးကို ယှက်၍ ရိုသေစွာ နှုတ်ဆက်လိုက် သည်။ထို့နောက် သူနှင့်အတူ ပါလာသော အရေးပါ သည့် ပုဂ္ဂိုလ်များကိုလည်း လျူယောင်နှင့် တစ်ဦးချ င်းစီ မိတ်ဆက်ပေးလိုက်၏။
ဝူမိသားစု၏ ဘိုးဘေးကိုယ်တိုင်ကပင် ထိုမျှ ရိုသေ လေးစားနေသည်ကို မြင်ရသောအခါ လေလံစံအိမ် ကို ရောက်နေသည့် ကျင့်ကြံသူသူများမှာ လျူယော င်၏ အစွမ်းအစအပေါ် ပိုမို၍ အထင်ကြီး လေးစား နေကြသည်။
ခန်းမထဲတွင်ရှိနေသူအားလုံးမှာ နေရာဒေသမျိုးစုံမှ ရောက်လာသည့် မြေကမ္ဘာအဆင့်ကျင့်ကြံသူ များ ပင် ဖြစ်၏။
သို့သော်လည်း လျူယောင်၏ ရှေ့ မှောက်တွင်မူ သူ တို့၏ ဂုဏ်ဒြပ်နှင့် မာနများမှာ ပျောက်ကွယ်နေပေ သည်။လူတစ်ဦးချင်းစီကို မိတ်ဆက်ပေးတိုင်းတွင် ၎င်းတို့မှာလည်း လျူယောင်အား ရိုသေစွာ နှုတ်ဆ က်လိုက်ကြ၏။
ဤသည်မှာ ခွန်အားကို အလေးပေးသော လောက ကြီး၏ သဘာဝပင်။
လူတိုင်း၏ မျက်လုံးထဲတွင်မူ လျူယောင်သည် ကေ ာင်းကင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီး သူနှ င့် ရင်းနှီးခွင့်ရခြင်းမှာ မည်သူ့အတွက်မဆို အကျိုး ကျေးဇူးများစွာကို ရနိုင်သည့် ကံကောင်းခြင်းတစ်ခု ဖြစ်နေသည်လေ။
ထို့ကြောင့်ပင် အချို့မှာ လျူယောင်နှင့် ဆက်ဆံရေး အနည်းငယ်မျှ တိုးတက်လာစေရန် အခွင့်အရေးကို စောင့်မျှော်ရင်း လျူယောင့် အနားသို့ကပ်လာကြ၏ ။
"သခင်လေးလျူ... ဒီဘက်ကို ကြွခဲ့ပါဦး..ဒါက.. ဒီ နေ့ရဲ့ လေလံပွဲမှာ ကျွန်တော်တို့ အထူးအလေးထား ရမယ့် ဧည့်သည်တော်က သခင်လေးပါပဲဗျာ. ."
ဝူမိသားစု၏ ဘိုးဘေးနှင့် အကြီးအကဲတို့သည် လျူ ယောင်အား ဝိုင်းရံကာ လေလံစံအိမ်အတွင်းသို့ ခေါ် လာခဲ့သည်။ဤသည်မှာ ကြယ်တစ်ပွင့်ကို ဝန်းရံ နေ သည့် ဂြိုဟ်များကဲ့သို့ပင် လျူယောင်၏ ပတ်လည် တွင် ထိပ်သီးကျင့်ကြံသူများမှာ အစီအရီ လိုက်ပါ လာ၏။
လေလံပွဲ စတင်တော့မည့်အချိန် နီးကပ်လာသည်နှင့် အမျှ ခန်းမထဲတွင် လူအုပ်ကြီးမှာ ပိုမို များပြား လာ သည်။လျူယောင်သည် ထိုသူတို့၏ အာရုံစိုက်မှုကို လုံးဝ ဂရုမစိုက်ဘဲ အေးဆေးတည်ငြိမ်စွာပင် လျှော က်လာခဲ့၏။
လျူယောင့်အတွက်မူ ဤလေလံပွဲသည် အဖိုးတန် ရတနာများကို ရှာဖွေရုံသာမက သူ့ ခွန်အားကို နော က်တစ်ဆင့်သို့ ပို့ဆောင်ပေးမည့် နေရာတစ်ခုသာ ဖြ စ်သည်လေ။