← Chapters

အပြိုင်အဆိုင် လေလံဆွဲခြင်း

Vol. 51 Ch. 608

အပြိုင်အဆိုင် လေလံဆွဲခြင်း

Vol. 51 Ch. 608

လေလံစံအိမ်ကြီးမှာ အလွန်ကျယ်ဝန်းလှပြီး မြေက မ္ဘာအဆင့်ကျင့်ကြံသူများ အပါအဝင် လူပေါင်းရာ နှင့်ချီ၍ စုဝေး ရောက်ရှိနေကြ၏။အစက တစ်ဦးနှင့် တစ်ဦး စကားပြောသံများဖြင့် ဆူညံပွက်လောရိုက် နေရာမှ လျူယောင်တို့အဖွဲ့ဝင်လာသည်နှင့်တစ်ပြို င်နက် ချက်ခြင်းပင် တိတ်ဆိတ်သွားခဲ့သည်။

လူအနည်းငယ်က လျူယောင်ကို မှတ်မိကြသော်လ ည်း ကျန်လူအများစုမှာမူ ဤလူငယ်က မည်သူနည်း ဟု ဝေခွဲမရဖြစ်နေ၏။

"ဒီလျူယောင်ဆိုတဲ့လူက မကောင်းဆိုးဝါးဘုန်းကြီး နဲ့တာအိုဘုန်းကြီးတို့ကို မျက်တောင်တစ်ခတ်အတွ င်း သတ်ပစ်လိုက်တယ်လို့ ငါကြားဖူးတယ်.. ဒါပေမဲ့ သူ့ကို တစ်ခါမှတော့ မမြင်ဖူးသေးဘူး.."

"ကြည့်စမ်း...ဒီလူငယ်က အရမ်းငယ်သေးတာပဲ.."

"ဝူမိသားစုရဲ့ အကြီးအကဲတွေတောင် သူ့နောက်က နေ ရိုရိုသေသေ လိုက်လာကြတာ..သူ့ဂုဏ်ပုဒ်က ဘ ယ်လောက်တောင် ကြီးမားလို့လဲ.."

ခဏတာ ငြိမ်သက်သွားသော လေလံစံအိမ်ကြီးမှာ ဆွေးနွေးသံများဖြင့် ဆူညံလာ၏။လူအုပ်ထဲမှ လျူ ယောင်အကြောင်း သိသူအချို့က ဂုဏ်ယူစွာ ရှင်းပြ လိုက်သည်။

"အဲ့လူငယ်က သခင်လေးလျူပဲဗျ မကောင်း ဆိုးဝါး ဘုန်းကြီးနဲ့ တာအိုဘုန်းကြီးတို့က သူ့ တိုက်ကွက်သုံး ကွက်တောင် မခံနိုင်ဘူး.."

"ဝိုး..ဒီလူငယ်က ကောင်းကင်အဆင့်ပဲနေမယ်..."

"ဒီနေ့လေလံပွဲရဲ့ အထူးမှော်လက်နက်သုံးလက်ကို လေလံတင်တဲ့သူဟာ သခင်လေးလျူ ကိုယ်တိုင်ပဲ ဗျ.."

လူများစွာ ဝိုင်းကြည့်နေသည့် ကြားမှပင် လျူယော င်သည် ဝူရွှမ်း၏ နွေးထွေးပျူငှာသော ဖိတ်ခေါ်မှုနှ င့်အတူ အဆင့်မြင့်ဆုံး အထူးခန်းထဲသို့ ဝင်လိုက်၏ ။

လျူယောင်၏ အထူးခန်းသည် လေလံစံအိမ် တစ် အိမ်လုံးတွင် အကောင်းဆုံးနေရာဖြစ်ပြီး လေလံစင် မြင့်ထက်မှ မြင်ကွင်းများကိုလည်း အနှောက်အယှ က်မရှိ ကြည့်နိုင်ပေသည်။စားပွဲပေါ်တွင်လည်း အ မွှေးနံ့သာနံ့ သင်းပျံ့နေသည့် လက်ဖက်ရည်ပူပူနှင့် သရေစာများကိုလည်း အသင့်ပြင်ဆင်ပေးထား၏။

လျူယောင်သည် အလယ်ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်လိုက်ပြီး သူ တစ်ဖက်တွင်မူ ဝူရွှမ်းနှင့် ဝူမိသား စု၏ ဘိုးဘေးတို့က ရိုသေစွာ ထိုင်လိုက်ကြသည်။ ဝူရွှမ်းက ယနေ့လေလံတင်မည့် အစီအစဉ်များကို လျူယောင်ထံ အသံတိုးတိုးဖြင့် သတင်းပို့လိုက်၏။

ယနေ့လေလံပွဲတွင် လျူယောင်၏ ဆိုင်ကယ်သုံးစီး နှင့် မှော်လက်နက်များအပြင် အခြားတန်ဖိုးကြီး ပစ္စ ည်းများစွာလည်း ပါဝင်နေသည်။

၎င်းတို့မှာ အဆင့်မြင့်ဆေးလုံးများနှင့် ကျင့်စဉ်စာ အုပ်များ၊လက်နက်ဆန်းများနှင့် ရှားပါးဆေးဖက်ဝ င် အပင်များပင် ဖြစ်၏။

လေလံပွဲကို 'ဟွမ်'အဆင့်မြင့် ကျင့်စဉ်စာအုပ်တစ် အုပ်ဖြင့် စတင်လိုက်ရာ ရွှေဒင်္ဂါးပြား ထောင်နှင့်ချီ ၍ အပြိုင်အဆိုင် လေလံဆွဲကြပြီး နောက်ဆုံးတွင် ချောမောလှပသော မိန်းမပျိုတစ်ဦးက ပိုင်ဆိုင်သွား ခဲ့သည်။

ထို့နောက် နှစ်တစ်ထောင်သက်တမ်းရှိသော ဂျင်ဆ င်းကိုလည်း ရွှေဒင်္ဂါး ထောင်ဂဏန်းဖြင့် အောင်မြင် စွာ လေလံတင်နိုင်ခဲ့သည်။

ပစ္စည်းများ တစ်ခုပြီးတစ်ခု ပြသနေသော်လည်း လျူယောင်အတွက်မူ စိတ်ဝင်စားစရာ မရှိလှပေ။ သူသည် လက်ဖက်ရည်ကို အေးအေးလူလူ သောက် ရင်း ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့သာ ကြည့်နေခဲ့ သည်။

သို့သော်လည်း ပစ္စည်းအတော်များများ ပြီးဆုံးသွား ချိန်တွင်မူ လူတိုင်းကို အံ့အားသင့်သွားစေမည့် အရ ာတစ်ခု စင်ပေါ်သို့ ရောက်ရှိလာ၏။တောက်ပြောင် နေသော မော်တော်ဆိုင်ကယ်တစ်စီးကို လူအများ ရှေ့တွင် ပြသလိုက်သည့်အခါ လေလံစံအိမ်တစ်အိ မ်လုံး ဝုန်းဒိုင်းကြဲသွားပေသည်။

"အားလုံးပဲ အာရုံစိုက်ပေးကြပါ..ဒါကို 'မော်တော်ဆို င် ကယ်' လို့ ခေါ်ပါတယ်.. သူ့ အရှိန်က အမြန်ဆုံး မျိုးရိုးကောင်းမြင်းတွေထက်တောင် နှစ်ဆမက ပိုမြ န်ပါတယ်..တစ်နာရီကို မိုင် ၁၅၀ နှုန်းနဲ့ မမောမပန်း ဘဲ နာရီပေါင်းများစွာ ဆက်တိုက် ပြေးလွှားနိုင်စွမ်း ရှိပါတယ်.."

လေလံတာဝန်ခံ၏ ကြေညာချက်ကြောင့် လေလံစံ အိမ်အတွင်းရှိ ကျင့်ကြံသူများမှာမူ မျက်လုံးအပြူး သားဖြင့် ထိုင်ခုံမှပင် ထရပ်မိမတတ် ဖြစ်သွားကြ၏ ။

ဝူမိသားစု၏ ထိရောက်သော ကြော်ငြာလုပ်ငန်းနှင့် ဝူယူကန်း တစ်ယောက် မြို့ထဲတွင် နေ့စဉ်နီးပါး ဆို င်ကယ်စီးပြလေ့ရှိခြင်းကြောင့် လူအများစုမှာ ဤ ဆန်းပြားသောယာဉ်အကြောင်းအား ကြားဖူးနားဝ ရှိနေကြပြီးဖြစ်သည်။သို့သော်လည်း အချို့မှာမူ ယ ခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ အံ့ဩမှင် သက်နေကြ၏။

လေလံတာဝန်ရှိသူက ပြတ်သားသောအသံဖြင့် ဈေး နှုန်းအား ကြေညာလိုက်သည်။

"ဒီဆိုင်ကယ်က အခြေခံဈေးက ရွှေဒင်္ဂါး တစ်သိန်း ပါ..တစ်ကြိမ်တိုးလျှင် အနည်းဆုံး ရွှေဒင်္ဂါး တစ် ထောင်ထက်မနည်း တိုးပေးရပါမယ်.."

စကားဆုံးသည်နှင့်တစ်ပြိုင်နက် လေလံဆွဲသည့်ဘု တ်ပြားများက အပေါ်သို့ ဝုန်းကနဲ မြင့်တက်လာ၏။

"ရွှေဒင်္ဂါး တစ်သိန်းနှစ်သောင်း.."

ခဏအကြာတွင် လူကောင်ကြီးကြီးတစ်ဦးက တိုက် ရိုက်ဈေးခေါ်လိုက်ရာ ဆူညံပွက်လောရိုက် သွားခဲ့သ ည်။

"တစ်သိန်းငါးသောင်းပေးမယ်...."

အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီးနောက် ပထမဆုံးဆို င်ကယ်ကိုမူ လူငယ်ကျင့်ကြံသူတစ်ဦးက ရွှေဒင်္ဂါး တစ်သိန်းကိုးသောင်းရှစ်ထောင်ဖြင့် အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့၏။

ထို့နောက် ကျင့်စဉ်များ၊ လက်နက်များနှင့် ဆေးလုံး အချို့ကို လေလံတင်ရောင်းချပြီးနောက် ဒုတိယမြေ ာက် ဆိုင်ကယ်ကို စင်ပေါ်သို့ တင်လိုက်ပြန်သည်။ လူတိုင်း၏ စိတ်ဝင်စားမှုမှာ ပိုမိုမြင့်တက်လာပြီး ဒု တိယဆိုင်ကယ်သည်လည်း ပထမတစ်စီးထက်ပင် ဈေးပိုရကာ ရွှေဒင်္ဂါး ၂၁၀,၀၀၀ ဖြင့် ရောင်းချ ခဲ့ရ ၏။

ပစ္စည်းအနည်းငယ်ကို ထပ်မံလေလံတင်ပြီးနောက် တွင်မူ ပွဲကြည့်ပရိသတ်အားလုံး၏ အကြည့်တို့မှာ စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိသွားသည်။ စင်ပေါ်တွင်မူ ချောမောလှပသော အမျိုးသမီးစစ် သည်တော်တစ်ဦးသည် ဓားရှည်တစ်ချောင်းအား လက်နှစ်ဖက်ဖြင့် ပိုက်၍ စင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာ၏။

သူမသည် လူတိုင်း၏ ရှေ့မှောက်တွင် ထိုဓားရှည်ကို ဓားအိမ်မှဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ရာ တော က်ပလှသော ဓားအလင်းတန်းနှင့်အတူ ထူးခြားသေ ာ စွမ်းအင်တစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းခြုံ သွ ားပေသည်။

"အားလုံးပဲ... အခုမြင်တွေ့နေရတာကတော့ ဒီနေ့ပွဲ ရဲ့ အထူးခြားဆုံး မှော်လက်နက်သုံးလက်ထဲက တ စ်လက်ပဲ..ဖြစ်ပါတယ်.. ဒီဓားဟာ အလွန်တရာ ထ က်မြက်ရုံတင်မကဘဲ ဘယ်လိုအရာနဲ့မှ ဖျက်ဆီးလို့ မရနိုင်တဲ့ မာကြောမှုမျိုး ရှိပါတယ်.. အခု သူ့ရဲ့ ဖြ တ်တောက်နိုင်စွမ်း'ကို လက်တွေ့ပြသပါ့မယ်..."

လေလံတာဝန်ရှိသူ၏ စကားအဆုံး၌ အခြားကျင့် ကြံသူတစ်ဦးက သာမန်သံမဏိဓားရှည်တစ်ချောင်း အား ဘေးတိုက်ကိုင်မြှောက်လိုက်၏။ထိုစဉ် အမျိုး သမီးကျင့်ကြံသူက သူမလက်ထဲရှိ မှော်ဓားကို လွှဲ ယမ်း၍ ခုတ်ချလိုက်ရာ... "ချွင်..." ခနဲ အသံနှင့် အ တူ သာမာန်ဓားမှာ ပေါင်မုန့်ကို လှီးလိုက်သကဲ့သို့ နှ စ်ပိုင်းပြတ်၍ မြေပေါ်သို့ ကျသွားပေသည်။

မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အံ့ ဩတုန်လှုပ်သံများ ထွက်ပေါ်လာ၏။

"ဘာ...ကျွန်တော့်ဘုရားရေ..ဒါက တကယ့်ကို မှော် လက်နက်ပဲဗျာ."

ဓားတစ်ချောင်းကို အင်အားသုံးစရာပင်မလိုဘဲ အ လွယ်တကူ ပိုင်းဖြတ်နိုင်စွမ်းသည် ၎င်း၏ ထက်မြ က်မှုအား သက်သေပြနေသည်။လေလံစံအိမ်အတွင် းရှိ သူဌေးကြီးများနှင့် အာဏာရှိသူများ၏ မျက်လုံ းများတွင် လောဘရိပ်များ တက်လာကြ၏။

'မိသားစုတစ်စုလုံး ဒေဝါလီခံရပါစေဦး... ဒီဓားကို တော့ ငါ အပိုင်ရအောင် ယူရမယ်'

ဤကဲ့သို့ လူတိုင်းက ကိုယ်စီ ဆုံးဖြတ်ထားကြသည် ။လေလံတာဝန်ရှိသူက လက်ကိုမြှောက်၍ အချက် ပေးကာ ဆူညံသံများကို ထိန်းချုပ်လိုက်သည်။

"အားလုံးပဲ ငြိမ်ငြိမ်နေပေးကြပါ..အခုပဲ လေလံပွဲကို စတင်ပါတော့မယ်.."

လေလံစံအိမ်တစ်ခုလုံး အပ်ကျသံပင် ကြားလောက် အောင် တိတ်ဆိတ်သွားပြီး အားလုံးက စ ခေါ်မည့် စျေး နှုန်းအား စောင့်မျှော်နေကြ၏။

"ဒီမှော်ဓားရဲ့ စတင်ဈေးကတော့ ရွှေဒင်္ဂါး ငါးသိန်း ဖြစ်ပါတယ်..တစ်ကြိမ်ဈေးတိုးရင် အနည်းဆုံး ရွှေ ဒင်္ဂါး တစ်သောင်းအောက် မနည်းစေရပါဘူး..ကဲ စ ဆွဲလို့ရပါပြီ ခဗျ.."

လေလံတာဝန်ရှိသူ၏ အသံဆုံးသည်နှင့်တစ်ပြိုင်န က် ဈေးခေါ်သံများမှာ အပြိုင်အဆိုင် ဆူညံနေပေ သည်။လူများစွာက ထိုမှော်လက်နက်ကို လက်ဝယ်ပို င်ဆိုင်နိုင်ရန်အတွက် အပြိုင်အဆိုင် ဈေးခေါ်နေကြ သည်။

"ရွှေဒင်္ဂါး ၂.၅၁ သန်းတစ်ကြိမ်.. ရွှေဒင်္ဂါး ၂.၅၁ သ န်း နှစ်ကြိမ်.လူကြီးမင်းတို့ ဒီထက် ပိုပေးမယ့်သူ ရှိ ပါသေးလားခဗျ.."

လေလံတာဝန်ရှိသူက သုံးကြိမ်တိုင်တိုင် အော်ဟစ် မေးမြန်းသော်လည်း နောက်ထပ်ဈေးတိုးမည့်သူ မ ရှိတော့ပေ။ထို့ကြောင့် ပထမဆုံးသော မှော်ဓားရှည် ကိုမူ 'မြေကမ္ဘာအဆင့်' ကျင့်ကြံသူတစ်ဦးက အောင် မြင်စွာ သိမ်းပိုက်သွားနိုင်ခဲ့၏။

ထို့နောက် တတိယမြောက် မော်တော်ဆိုင်ကယ်ကို ဆက်လက်လေလံတင်ရာ ရွှေဒင်္ဂါး ၂ သိန်းကျော် ထပ်မံရရှိခဲ့သည်။ဤသို့ဖြင့် ဆိုင်ကယ်သုံးစီးလုံး ၏ စုစုပေါင်းလေလံရရှိငွေမှာ ရွှေဒင်္ဂါး ၆ သိန်းကျော် အထိ ရှိသွားခဲ့သည်။

ဤပမာဏမှာ မနည်းလှသော်လည်း လျူယောင်အ တွက်မူ တွက်ခြေကိုက်လှ၏။ အဘယ်ကြောင့်ဆို သော် ဤဆိုင်ကယ်သုံးစီးလုံးအတွက် သူရင်းနှီးမြှု ပ်နှံခဲ့ရသည်မှာ ယွမ် လေးသောင်းခန့်သာ ရှိ၏။

ဆိုင်ကယ်လေလံပွဲအပြီးတွင် အမျိုးသမီး ကျင့်ကြံ သူသည် ကြီးမားလှသည့် ဓားမကြီး တစ်လက်ကို ကိုင်ကာ စင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာပြန် သည်။ထိုအခါ လေလံစံအိမ်တစ်ခုလုံး ဝုန်းဒိုင်း ကြဲ ကာ ဆူညံပွက်လောရိုက်သွားပြန်သည်။

"ဒါ..ဒါ ဒုတိယမြောက် မှော်လက်နက်ပဲ.."

"ဒီဓားကိုတော့ ငါအပိုင်ယူမယ်..ဘယ်သူမှ ငါနဲ့ လာ ပြိုင်ဖို့ မစဥ်းစားနဲ့.. "

"ခဗျား..စကားတွေ အများကြီး ပြောမနေနဲ့... အရာ အားလုံးက ငွေပေါ်မှာပဲ မူတည်တယ်..ဘယ်သူ့မှာ ငွေပိုရှိလဲ..ရှိတဲ့ လူက ဒီဓားကို ပိုင်ဆိုင်ရမှာပဲ.."

လေလံတာဝန်ရှိသူက စျေးနူန်းအား ရှင်းပြလိုက်၏ ။

လေလံစည်းကမ်းချက်က ယခင်အတိုင်းပါပဲခဗျာ.. စတင်ဈေး ရွှေဒင်္ဂါး ငါးသိန်း.. အနိမ့်ဆုံးတိုးဈေးတိုး ရွှေဒင်္ဂါး တစ်သောင်းပါပဲ..စဆွဲလို့ရပါပြီခဗျ.."

အပြိုင်အဆိုင် လေလံဆွဲမူမှုများအပြီးတွင် ဒုတိယ မြောက် မှော်လက်နက်ဖြစ်သည့် ဓားမကြီးကိုမူ အ ရပ်ရှည်သည့် 'မြေကမ္ဘာအဆင့်' ကျင့်ကြံသူတစ်ဦး က ရွှေဒင်္ဂါး ၂.၈၂ သန်းဖြင့် အောင်မြင်စွာ လေလံ ဆွဲနိုင်ခဲ့သည်။

ဤလက်နက်နှစ်ခုတည်းဖြင့်ပင် လျူယောင်သည် ရွှေဒင်္ဂါး ငါးသန်းကျော်အား အချိန်ခဏလေး အတွ င်း ရရှိခဲ့၏။ပရိသတ်အားလုံးကလည်း နောက်ဆုံး ကျန်ရှိနေသည့် တတိယမြောက် မှော်လက်နက်ကို အပိုင်ရရန် စိတ်အားထက်သန်စွာ အသင့်ပြင်နေကြ သည်။

သို့သော်လည်း ထိုအချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ပေါ်လာခဲ့၏။

ဝူမိသားစုဝင်တစ်ဦးသည် အထူးခန်းထဲသို့ အပြေး အလွှား ဝင်ရောက်လာကာ ဝူရွှမ်း၏ နားနားသို့ကပ် ၍ တိုးတိုးလေး ပြောလိုက်သည်။ထိုသတင်းကို ကြ ားရသည်နှင့် ဝူရွှမ်း၏ မျက်နှာမှာမူရုတ်တရက် အံ့ အားသင့်လာကာ လျူယောင်ဘက်သို့ လှည့် ပြော လိုက်၏။

"သခင်လေးလျူ..အခု သခင်ကြီး တျန်ဖေးကွမ်းက ဒီကိုအမြန် လာနေတယ်လို့ သတင်းရပါတယ်.. ကျွန် တော်တို့ ပွဲကို ခဏလောက် ဆိုင်းငံ့ပြီး စောင့်သင့်ပါ သလားခင်ဗျာ.."

လျူယောင်မှာမူ ခဏတာ မှင်သက်သွားခဲ့ရသည်။ သူသည် တျန်ဖေးကွမ်းဆိုသည့် အမည်အား တစ်ခါ မှ မကြားဖူးသလို ထိုသူမှာ မည်သူမှန်းလည်း သူ မ သိပေ။

လျူယောင်၏ သံသယဖြစ်နေသော အမူအရာကို မြင်သောအခါ ဝူရွှမ်းက အလျင်အမြန် ရှင်းပြလိုက် သည်။

"သခင်ကြီး တျန်ဖေးကွမ်းဆိုတာက... 'ကောင်းကင် အဆင့်' ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကောင်းကင်စာရ င်းမှာ အဆင့် (၆) ချိတ်ထားတဲ့ ထိပ်တန်းကျင့်ကြံသူ တစ်ယောက်ပါ သခင်လေးလျူ.."

All Chapters