← Chapters

ကောင်းကင်အဆင့် ကျင့်ကြံသူ၏ အခ က်အခဲ

Vol. 51 Ch. 609

ကောင်းကင်အဆင့် ကျင့်ကြံသူ၏ အခ က်အခဲ

Vol. 51 Ch. 609

ထိုလူသည် အမှန်တကယ်ပင် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေ၏။

ထို့နောက် ဝူရွှမ်းက ဆက်၍ရှင်းပြလိုက်သည်။

"သခင်ကြီးတျန်ဖေးကွမ်းဟာ ဓားပညာမှာ ဧကရာ ဇ်တစ်ဦးပဲ..သူဟာ အခုလေလံပွဲမှာ လဲလှယ်ဖို့အတွ က် ထိပ်တန်းကောင်းကင်အဆင့်မြင့် ကျင့်စဉ်စာအု ပ် တစ်အုပ်ကို ယူဆောင်လာခဲ့တယ် သခင်လေးလျူ .."

"အိုး... ဘုရားရေ.."

"ကောင်းကင်အဆင့် ကျင့်စဉ်တဲ့လား.."

ပရိသတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ ၏။မြေကမ္ဘာအဆင့်နိမ့် ကျင့်စဥ်တစ်ခုတည်းနှင့်ပင် ရွှေဒင်္ဂါး နှစ်သန်း၊သုံးသန်းအထိ တန်ဖိုးရှိပြီး ထိုတန် ဖိုးမှာ မှော်လက်နက်တစ်လက်နှင့် ညီမျှနေ သည်မ ဟုတ်ပေလော။

ဤဂိုဝူကမ္ဘာသို့ လျူယောင် ရောက်လာသည်မှာ မ ကြာသေးသော်လည်း အခြေခံဗဟုသုတတော့ ရှိနေ ၏။ကောင်းကင်အဆင့် ကျင့်စဉ်ဆိုသည်မှာ နှစ်ပေါ င်းတစ်ရာအတွင်း တစ်ကြိမ်တွေ့ရန်ပင် ခဲယဉ်းလှသ ည့် ရှားပါးရတနာမျိုးပင် ဖြစ်သည်။သူ့ စိတ်ထဲတွင် သံသယအနည်းငယ် ရှိနေသော်လည်း စိတ်လှုပ်ရှား မှုအား မထိန်းနိုင်ခဲ့ပေ။

‘ကောင်းကင်အဆင့်... ဒါ ငါအမြဲအိပ်မက်မက်ခဲ့ရတဲ့ အရာပဲ.. လဲလှယ်ရမယ်..ဘာနဲ့ပဲဖြစ်ဖြစ် ငါ သေချာ ပေါက် လဲလှယ်ရမယ်..’

"ဝူမိသားစုရဲ့ အကြီးအကဲ... ကျွန်တော့်ကိုယ်စား သ ခင်ကြီးတျန်ကို ပြောပေးပါ.. အဲဒီ ကောင်းကင်အဆ င့်ကျင့်စဉ်ကို ကျွန်တော်နဲ့ တိုက်ရိုက်လဲလှယ် နိုင်ပါ တယ်လို့.."

ဝူရွှမ်းက ခေါင်းညိတ်ပြလိုက်၏။သူက တစ်စုံတစ် ရာ ပြောချင်ဟန်ရှိသော်လည်း နောက်ဆုံးတွင် မြိုသိ ပ်ထားလိုက်သည်။

"ကောင်းပါပြီ..သခင်ကြီးတျန်ကို ကျွန်တော် သတင် း စကားပါးလိုက်ပါ့မယ်.."

သခင်ကြီးတျန်ဖေးကွမ်းအနေဖြင့် နောက်ဆုံးမှော် လက်နက်အတွက် ပြိုင်ဆိုင်ရန် မလိုအပ်တော့သဖြ င့် လေလံပွဲမှာလည်း နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ဆက်ကျင်းပနေခဲ့သည်။မကြာမီမှာပင် လူတိုင်း မျှေ ာ်လင့်စောင့်စားနေသော နောက်ဆုံးမှော်လက်နက် ထွက်ပေါ်လာ၏။

၎င်းမှာ တန်ဓားအမျိုးအစားပင် ဖြစ်သည်။

ဓားသွားမှာ ဖြောင့်စင်းပြီး သုံးပေခန့် ရှည်၏။အနံ ထိုဓားကိုယ်ထည်တစ်ခုလုံးမှာ နက်မှောင်ပြောင်လ က်နေပြီး ရိုးရှင်းသော်လည်း အလွန်ပင် ခန့်ညား နေ ပေသည်။

လေလံတာဝန်ရှိသူက အနိမ့်ဆုံးဈေးနှုန်းနှင့် စည်းမျ ဉ်းများကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ထို အနက်ရောင် တန်ဓားကို အရယူရန် လူတိုင်းက အ လုအယက် လေလံဆွဲနေကြ၏။အပြိုင်အဆိုင် အော် ဟစ်ဈေးပေးသံများမှာ လေလံခန်းမတစ်ခုလုံးကို ဖုံး လွှမ်းနေပေသည်။

နောက်ဆုံးတွင်မူ ထိုဓားကို ရွှေဒင်္ဂါးပြား ၃.၀၆ သန်း အထိ မြင့်မားသော ဈေးနှုန်းဖြင့် ကျင့်ကြံသူတစ်ဦး က အနိုင်ရသွားခဲ့ပြီး ဤလေလံပွဲသမိုင်းတစ်လျှော က် အမြင့်ဆုံးစံချိန်သစ်ကို စိုက်ထူနိုင်ခဲ့၏။

လေလံပွဲ ပြီးဆုံးသွားသည့်အခါ...

လျူယောင်၏ရှေ့တွင် ဝူရွှမ်း ရပ်လိုက်ပြီး လက်နှစ် ဖက် ယှက်၍ ဂုဏ်ပြုလိုက်သည်။

"ဂုဏ်ယူပါတယ် သခင်လေးလျူ မှော်လက်နက် သုံး လက်စလုံးကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ကျွန်တော် တို့ ရောင်းချနိုင်ခဲ့ပြီ.."

ယခု လေလံပွဲမှာ ရရှိသည့် စုစုပေါင်းပမာဏမှာ ရွှေ ဒင်္ဂါးပြား သန်း ၈၀ ကျော် အထိ ရှိနေ၏။ဤမျှများ ပြားသော ပမာဏမှာ ဝူမိသားစုမျိုးဆက်ပေါင်းများ စွာ စုဆောင်းခဲ့သည့် ပိုင်ဆိုင်မှုအားလုံးထက်ပင် ကျော်လွန်နိုင်ကြောင်း ခန့်မှန်းရသည်။

တစ်နည်းအားဖြင့်ဆိုရသော် လေလံပွဲတစ်ခုတည်း ဖြင့်ပင် လျူယောင်သည် ဝူမိသားစုထက်ပင် ပိုမို ချ မ်းသာကြွယ်ဝသူ ဖြစ်လာခဲ့၏။

လျူယောင်လည်း ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း တကယ်ကို ဝမ်းသာပါတယ်ဗျာ.."

ဤလက်နက်သုံးလက်အတွက် သူ၏ ကုန်ကျစရိတ် မှာ သတ္တုအနက် ကီလို ၁၀၀ ခန့်သာရှိသော်လည်း ပြန်ရလာသည့် ရွှေဒင်္ဂါး သန်း ၈၀ ဆိုသည်မှာ မယုံနို င်စရာ ကိန်းဂဏန်းတစ်ခုပင် ဖြစ်နေသည်။

ဝူရွှမ်းသည်လည်း လျူယောင်နှင့်ထပ်တူ ပျော်ရွှင် နေ၏။လျူယောင်က အသားစားရသည်ဆိုလျှင် သူ ကလည်း အနည်းဆုံး စွပ်ပြုတ်တစ်ခွက်တော့ သော က်ခွင့်ရမည် မဟုတ်ပေလော။

ဝူရွှမ်းက ပျော်ရွှင်စွာ ပြောလိုက်၏။

"သခင်လေးလျူ... နောင်အနာဂတ်မှာလည်း ဒီလို ကောင်းမွန်တဲ့ ရတနာတွေရှိရင် ကျွန်တော်တို့ဆီကိုပဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးပါဦးခဗျာ.."

"ဒါနဲ့ နောက်ဆိုရင် ဟိုင်ကျိုးမြို့တော်မှာ ကျွန်တော် အိမ်တစ်လုံးလောက် ဝယ်ချင်တယ် အဲဒါကို အကြီး အကဲဝူအနေနဲ့ ကူညီပေးနိုင်မလား"

ဝူရွှမ်းက အားတက်သရော ပြန်ဖြေလိုက်သည်။

"စိတ်ချပါ သခင်လေးလျူ... သခင်လေး အလို ရှိ တဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် ကျွန်တော် တ တ်နိုင်သမျှ ကူညီပေးပါ့မယ်"

ဝူရွှမ်းသည် လျူယောင်အား မည်ကဲ့သို့သော အိမ် မျိုးအား အလိုရှိသနည်းဟုပင် ထပ်မမေးခဲ့ပေ။ လေလံပွဲတစ်ခုတည်းဖြင့် ရွှေဒင်္ဂါး သန်း ၈၀ ကျော် ရရှိထားသည့် ကောင်းကင်အဆင့် ကျင့်ကြံသူ တစ် ဦးအဖို့ ဟိုင်ကျိုးမြို့တော်ရှိ အကောင်းဆုံးနှင့် အခမ် းနားဆုံးအိမ်ကိုသာ ရွေးချယ်မည်ဟု သူ နားလည် ထားပြီးသား ဖြစ်သည်။

လေလံပွဲ ပြီးဆုံးသွားသည့်အခါ လျူယောင်သည် ဝူရွှမ်း၏ ယဉ်ကျေးပျူငှာသော ဖိတ်ခေါ်မှုကြောင့် ဧည့်ခံခန်းတွင် လက်ဖက်ရည်သောက်ရင်း ခေတ္တအ နားယူနေလိုက်သည်။

လက်ဖက်ရည်တစ်ခွက်စာ ကြာချိန်တွင်ပင် ရွှေ၊ငွေ လက်မှတ်များ ရောက်ရှိလာသည်။တန်ဖိုးကြီးမားလှ သော ရွှေလက်မှတ်များအပြင် အခြား ငွေစက္ကူစုစု ပေါင်း သန်း ၈၀ နီးပါးကို လက်ဝယ်ပိုင်ဆိုင်လိုက် ရ သည့်အခါ လျူယောင်၏ စိတ်ထဲတွင်မူ ကျေနပ် အ ားရသွားမိသည်။

ဝူရွှမ်းနှင့် လျူယောင်တို့ စကားလက်ဆုံကျနေစဉ်မှ ာပင် ဝူအိမ်တော်မှ လူယုံတစ်ဦးက သတင်းပို့လာ ၏။

"သခင်ကြီးတျန် ရောက်လာပါပြီ.."

ဝင်လာသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပင် ဖြစ်သည်။သူ၏ ထူးခြားချက်မှာ အခြား လူများ ကဲ့သို့ ဆံပင်ရှည်မထားဘဲ ခေတ်မီစွာ ဖြတ်တောက် ထားသော ဆံပင်တိုများ ရှိနေခြင်းပင်။

ဝူရွှမ်းသည်လည်း ချက်ချင်းပင် မတ်တပ်ရပ်ကာ နူတ်ဆက်လိုက်၏။

"သခင်ကြီးတျန် ကြိုဆိုပါတယ်ခင်ဗျာ.. သခင်ကြီး ရဲ့ ရောက်လာမှုက ကျွန်တော့်ရဲ့ ဒီ အိမ်တော်လေး ကို ဂုဏ်တက်စေပါတယ်ခဗျာ.."

"ဟားဟားဟား..."

တျန်ဖေးကွမ်းက စိတ်ရင်းမှန်ဖြင့် အားရပါးရ ရယ် မောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဟိုင်ကျိုးမြို့တော်မှာ မှော်လက်နက် ထွက်ပေါ်လာ တယ် သတင်းကြားလို့ မြို့တော်ကနေ အလျင်စလို ပြေးလာခဲ့တာဗျ.. လမ်းမှာ မြင်းသုံးကောင်တောင် သေလုနီးပါး ခရီးနှင်ခဲ့ရတယ်... နောက်ဆုံးမှာတော့ ငါ ရောက်လာခဲ့ပြီပေါ့.."

စကားဆုံးသည်နှင့် တျန်ဖေးကွမ်း၏ စူးရှသော မျ က်လုံးအစုံက လျူယောင်ထံသို့ ကြည့်ကာ ပြောလို က်၏။

"ဒီညီလေးက သခင်လေးလျူပဲ ဖြစ်ရမယ်"

လျူယောင်ကလည်း ယဉ်ကျေးပျူငှာစွာပင် ပြန်လ ည်နှုတ်ဆက်လိုက်သည်။

"သခင်ကြီးတျန်... သခင်ကြီးရဲ့ နာမည်ကျော်ကြား မှုကို ကြားဖူးတာ ကြာပါပြီဗျာ.."

နှစ်ဦးသား အပြန်အလှန် နှုတ်ခွန်းဆက်စကား အန ည်းငယ် လဲလှယ်ပြီးနောက် တျန်ဖေးကွမ်းက သူလာ ရင်းရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောလိုက်၏။ ဤလူသည် ရိုးသားပွင့်လင်းသော ကျင့်ကြံသူတစ် ဦး ဖြစ်ပုံရသည်။

"သခင်လေးလျူ...ကျုပ် ဒီကိုလာတာ ခင်ဗျား ရဲ့ မှော်လက်နက်အတွက်ပဲ..ဒါပေမဲ့ ကျုပ်မှာ ရွှေဒင်္ဂါး သုံးလေးသန်းတော့ မတတ်နိုင်သေးဘူး.. အဲဒီအစား ဒီ 'ကောင်းကင်အဆင့်ကျင့်စဉ်စာအုပ်' နဲ့ လဲလှယ် မယ်ဆိုရင်ရော ခင်ဗျားဘယ်လိုသဘောရသလဲ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် လျူယောင်၏ စိ တ်ထဲ၌ ဝမ်းသာအားရ ဖြစ်ခဲ့မိ၏။၎င်းမှာ သူ အလို ရှိနေသည့် အရာပင် မဟုတ်ပေလော။

ဤကဲ့သို့သော ကောင်းကင်အဆင့်ကျင့်စဉ်မျိုးမှာ ငွေကြေးဖြင့် တန်ဖိုးဖြတ်ရန်ပင် ခဲယဉ်းလှသော ရ တနာပင် ဖြစ်သည်။လျူယောင်က အချိန်ဆွဲမနေဘဲ ပြတ်သားစွာပင် ပြန်ပြောလိုက်၏။

"ကျွန်တော့်မှာ လက်နက်က အဆင်သင့်ရှိပါတယ်.. လူအနည်းပဲ သတ်ရ သေးတာမို့ သခင်ကြီး အရင် ကြည့်ရှုနိုင်ပါတယ်..."

ပြောပြောဆိုဆိုဖြင့် လျူယောင်သည် သူ့ သိုလှော င်လက်စွပ်ထဲမှ အနက်ရောင်တန်ဓား ကို ထုတ်ယူ ကာ စားပွဲပေါ်သို့ တင်လိုက်သည်။

ကောင်းကင်အဆင့် ကျင့်ကြံသူဖြစ်သည့် တျန်ဖေး ကွမ်းပင်လျှင် ထို မှော်လက်နက်ကို မြင်လိုက်ရသ ည့်အခါ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ပေ။သူ သည် တန်ဓားကို ချက်ချင်းကောက်ယူကာ ဓား အိမ်ထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်ကြည့်လိုက်သည်။

တျန်ဖေးကွမ်းက အားရကျေနပ်စွာ ရေရွတ်လိုက်၏ ။

"မဆိုးဘူး... တကယ်ကို မဆိုးဘူး.. ဒါက ကျုပ် အ မြဲတမ်း ရှာဖွေနေခဲ့တဲ့ လက်နက်မျိုးပဲကွာ.."

စကားဆုံးသည်နှင့် တျန်ဖေးကွမ်းသည် သူ ပြင်ဆ င်လာသည့် ကောင်းကင်အဆင့် ကျင့်စဉ်စာအုပ်ကို ထုတ်ယူကာ လျူယောင်ထံသို့ ကမ်းပေးလိုက်သည် ။

လျူယောင်က လှမ်းယူကြည့်လိုက်ရာ စာအုပ် မျက် နှာဖုံးပေါ်ရှိ "တာအို အသက်ရူခြင်း ပညာရပ်" ဟူ သော စာလုံးများကို မြင်လိုက်ရသဖြင့် အံ့အားသင့် ကာ ဆွံ့အသွားမိ၏။

လျူယောင် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘လခွမ်း..ဒါ ဒါက... ကောင်းကင်အဆင့် ကျင့်စဉ်တဲ့ လား..ငါ့ ကမ္ဘာမှာတော့ ဒါကို အွန်လိုင်းကနေတောင် ဒေါင်းလုတ်ဆွဲလို့ ရနေတာပဲ’

သို့သော်လည်း စာအုပ်ကို သေချာစွာ စစ်ဆေးကြည့် လိုက်သောအခါမှ အင်တာနက်ပေါ်တွင် တွေ့ရလေ့ ရှိသော အခြေခံအသက်ရူနည်းလမ်းများနှင့် လုံးဝ ကွာခြားကာ အလွန်နက်ရှိုင်းကြောင်း သူ တွေ့လိုက် ရသည်။

ဤစာအုပ်သည် အစစ်အမှန် ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်ကြောင်းကိုမူ သူ ယုံကြည်သွားခဲ့၏။

သို့ပေမဲ့ လျူယောင့် စိတ်ထဲတွင်မူ မေးခွန်းတစ်ခု ပေါ်လာသည်။တျန်ဖေးကွမ်းကဲ့သို့သော ထိပ်သီး ကျင့်ကြံတစ်ဦးက ဘာကြောင့် ဤမျှ အဖိုးတန်လှ သော ကောင်းကင်အဆင့် ကျင့်စဉ်စာအုပ်အား တန် ဓားတစ်လက်တည်းနှင့် လဲလှယ်ခဲ့ရသနည်း း။

ပုံမှန်ဆိုလျှင် ဤကျင့်စဉ်မျိုးမှာ ထန်ဓားအပြင် ရွှေဒ င်္ဂါးပြား သန်းပေါင်းများစွာပါ အပိုဆောင်းပေးမှသာ ထိုက်တန်ပေလိမ့်မည်။သံသယများဖြင့် ဤအရောင် းအဝယ်ကို အဆုံး သတ်ရန်မှာ သူ့ အတွက်မူ မဖြစ် နိုင်ပေ။

အခြေအနေအရ လဲလှယ်ရန် သဘောတူပြီးဖြစ်သ ဖြင့် အပိုဆောင်းငွေ တောင်းရန် မဖြစ်နိုင်သော်လ ည်း အမှန်တရားအား သိထားသင့်သည်ဟု လျူယေ ာင် တွေးလိုက်မိသည်။

ထို့ကြောင့် လျူယောင်က ပွင့်ပွင့်လင်းလင်းပင် မေး လိုက်၏။

"သခင်ကြီးတျန်... ကျွန်တော် နားမလည်တဲ့ အချက် တစ်ချက် ရှိနေပါတယ်..ကောင်းကင်အဆင့်ကျင့်စ ဉ်တွေဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလိုပါပဲ.. အဲဒါကို ဘာကြောင့် ကျွန်တော့်ရဲ့ ဓားတစ်လက်တ ည်းနဲ့ အလွယ်တကူ လဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာလဲခင် ဗျာ.."

လျူယောင်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ တျန်ဖေးကွမ်းသည်လည်း ထပ်မံဖုံးကွယ်ထား၍ မ ရတော့မှန်း သိလိုက်ရသည်။သူ့ မျက်နှာတွင်မူ အန ည်းငယ် ရှက်ရွံ့သော အမူအရာ ပေါ်လာကာ ဖွင့်ပြေ ာလိုက်သည်။

"သခင်လေးလျူ... ရိုးရိုးသားသား ဝန်ခံရရင် ကျွန် တော်ကိုယ်တိုင် ဒီကျင့်စဉ်ကို လေ့ကျင့်ခဲ့တာပါ.. ဒါ ပေမဲ့ နှစ်အတော်ကြာတဲ့အထိ ဘာတိုးတက်မှုမှ ရှိမ လာခဲ့ဘူးဗျာ.."

နောက်ဆုံးတော့ လျူယောင် နားလည်သွား၏။

"ဪ... ဒါကြောင့်ကိုး.."

ဆိုလိုသည်မှာ ဤကျင့်စဉ်သည် တျန်ဖေးကွမ်းအတွ က်မူ 'စားရခက် ပစ်ရခက်' သည့် ကြက်ရိုးနံရိုးလို ဖြ စ်နေခြင်းပင်။အဆင့်မြင့်သော်လည်း လေ့ကျင့်ရန် ခ က်ခဲလွန်းနေသဖြင့် တျန်ဖေးကွမ်းအနေဖြင့် လက် တွေ့အသုံးဝင်မည့် ထန်ဓားနှင့် လဲလှယ်ရန် ဆုံးဖြတ် ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

လျူယောင်က နောင်တရပြီး လဲလှယ်မှုအား ဖျက် သိမ်းမည်ကို စိုးရိမ်သည့်နှယ် တျန်ဖေးကွမ်းသည် တန်ဓားကို အမြန်သိမ်းလိုက်ပြီး အသံကျယ်ကျယ် ဖြင့် အလောတကြီး ပြောလိုက်၏။

"သခင်လေးလျူ... ကျွန်တော်တို့ သဘောတူညီမှု ရ ပြီးပြီ.. ဒါကြောင့် စကားပြန်ပြင်လို့ မရတော့ဘူးနေ ာ် ..”

လျူယောင်ကတော့ သဘောတကျ ပြုံးလိုက်ကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"စိတ်ချပါ သခင်ကြီးတျန်...ပြောပြီးသားစကားကို ကျွန်တော်..ဘယ်တော့မှ ပြန်မရုပ်သိမ်းပါဘူး ကျွန် တော့်ဘက်က နစ်နာခဲ့ရင်တောင် ဘာမှမဖြစ်ပါဘူး ဗျာ.."

အမှန်တကယ်တော့ ဤလူတျန်ဖေးကွမ်းသည် ဖြေ ာင့်မတ်သူတစ်ဦး ဖြစ်ပုံရ၏။သူသည် လျူယောင် အပေါ် အသာစီးယူသလို ဖြစ်သွားသဖြင့် အားနာစိ တ် ဖြစ်ပေါ်လာပြီး သေချာ ရှင်းပြလိုက်သည်။

"သခင်လေးလျူ...ကျုပ်က တကယ်ကို ဓားကောင်း တစ်လက် လိုအပ်နေလို့သာ အခုလို မဟု တ်မမှန်တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့မိတာပါ.. ဒီနေ့အတွက် ခင်ဗျားအ ပေါ် ကျုပ် အကြွေးတင်သွားပြီ.. နောင်အနာဂတ်မှာ ကျုပ်ရဲ့ အကူအညီ လိုအပ်လာရင် အစွမ်းကုန် ကူ ညီပေးပါ့မယ်လို့ ကတိပေးပါတယ်.."

မည်သို့ပင်ဆိုစေကာမူ ဤလဲလှယ်မှုမှတစ်ဆင့် နာ မည်ကျော် ကျင့်ကြံသူတစ်ဦး၏ ကျေးဇူးတင်မှုကို ရလိုက်ခြင်းက လျူယောင့်အတွက်မူ မမျှော်လင့် ထားသော အကျိုးမြတ်တစ်ခုပင် ဖြစ်ပေသည်။

All Chapters