အိမ်ပြန်ခရီး
Vol. 51 Ch. 610
လျူယောင်က တည်ညိမ်စွာ ပြန်ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်ကြီးတျန်..”
သူ့အတွက်မူ ဒါက လုံးဝ မပြောပလောက်သော အ ခြေအနေပင်အကြောင်းရင်မှာ ဤကျင့်စဉ်သည် ကောင်းကင်အဆင့် ကျင့်စဉ် ဖြစ်နေခြင်းကြောင့်ပင် ။ထိုမျှအဆင့်မြင့်သည့် ကျင့်စဉ် လေ့ကျင့်သည်အား ခက်ခဲနေခြင်းမှာ သဘာဝကျပေသည်။
သူဆုံးရှုံးလိုက်ရသည်မှာ တန်ဓားတစ်လက်သာဖြစ် ပြီး ကုန်ကျစရိတ်လည်း မများလှပေ။
ဤကျင့်စဉ်က သူ့အတွက် တိုးတက်မှုနှေးကွေးနေ လျှင်ပင် သတ္တုအနက် ၃၀ ကီလိုခန့်သာ သူ ဆုံးရူံး ခဲ့၏။သူ့လက်ထဲတွင်မူ ထိုသတ္တုများမှာ အလျှံပယ် ရှိနေသည်မဟုတ်ပေလော။
တျန်ဖေးကွမ်းမှာမူ လျူယောင်အပေါ် အသာစီးယူ လိုက်မိသည်ဟု ခံစားနေရသဖြင့် အားနာစိတ်ကြော င့် ဤနေရာတွင် ဆက်နေရန် ရှက်ရွံ့လာ၏။
ထို့ကြောင့် သူက လက်သီးဆုပ်၍ အရိုအသေပြုကာ နှုတ်ဆက်စကားပြောလိုက်သည်။
"သခင်လေးလျူ..အကြီးအကဲဝူ... ကျုပ်ကို ပြန်ခွင့် ပြုပါဦး"
ကောင်းကင်စာရင်းဝင်ဖြစ်သဖြင့် ဝူရွှမ်းကိုယ်တိုင် စံအိမ်ရှေ့အထိ လိုက်ပို့ပေးလိုက်၏။ထို့နောက် သူ သည် ဧည့်ခံခန်းသို့ ပြန်လာပြီး လျူယောင်နှင့်အတူ လက်ဖက်ရည် ဆက်သောက်နေရင်း စကားစလိုက် သည်။
"သခင်လေးလျူ... အခု လျူလေးရလိုက်တဲ့ ကျင့်စ ဉ်နဲ့ ပတ်သက်လို့ ကောလာဟလတချို့ ရှိနေတယ်ဗျ ..ဒီပြည်နယ်ရဲ့ ထိပ်တန်းကျင့်ကြံသူ ၁၀ ဦးထဲမှာ အ နည်းဆုံး သုံးဦးလောက်က ဒီကျင့်စဉ်ကို ပိုင်ဆိုင်ထ ားတယ်လို့ ကြားဖူးတယ်..ကျင့်ကြံသူ အချို့လည်း ဒါကို လေ့ကျင့်ဖူးကြပုံပဲယ.ဒါပေမဲ့ တိုးတက်မှုက နှေး ကွေးလွန်းတော့ နောက်ပိုင်းမှာ ဘယ်သူမှ ဆက် မလေ့ကျင့်ကြတော့ဘူးလို့ သိရတယ်ဗျာ..."
"အမ် ဘယ်သူမှ ဆက်မလေ့ကျင့်ကြဘူး ဟုတ်လား”
လျူယောင်က ရေရွတ်လိုက်သော်လည်း သူ့စိတ်ထဲ တွင်မူ ဆုံးဖြတ်ချက် ချလိုက်၏။
"ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်အဆင့် ကျင့်စဉ်ပဲ လေ..တစ်ခုခုတော့ ထူးခြားနေမှာ အသေအချာပဲ.."
လျူယောင်သည် ထိုကျင့်စဉ်အား စမ်းသပ်လေ့ကျ င့်ကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။
“တကယ်လို့သာ လူတိုင်းမသိလိုက်ရတဲ့ အံ့ဩစရာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေခဲ့ရင်ကော…”
ဤအကြောင်း တွေးမိလိုက်သည်နှင့် သူ့ စိတ်လှုပ်ရှာ းလာ၏။လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး နောက် မတ်တပ်ရပ်လိုက်ကာ ဝူရွှမ်းအား နူတ်ဆက် လိုက်၏။
"အကြီးအကဲဝူ... ကျွန်တော့်ကို့လည်း ပြန်ခွင့်ပြုပါဦ း"
ဝူရွှမ်းသည် ချက်ချင်းပင် စိတ်ရင်းအပြည့်ဖြင့် တာ းဆီးကာ ဆက်နေရန် ဖိတ်ခေါ်လိုက်သည်။
"သခင်လေးလျူ... ခင်ဗျားကဧည့်ဂေဟာမှာပဲ နေ နေသေးတယ်လို့ ကြားမိတယ်..ကျွန်တော်တို့ရဲ့ ဝူအိ မ်တော်မှာပဲ တစ်ရက်..နှစ်ရက်လောက် နေပါ့လားဗျ ာ .."
ထိုစကားပြောပြီးနောက် ဝူရွှမ်းသည် မျှော်လင့်ချက် အပြည့်ဖြင့် လျူယောင်ကို ကြည့်နေ၏။လျူယောင် သည် ကောင်းကင်အဆင့် ကျင့်ကြံသူပင်ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသာ သူတို့ဝူမိသားစုအိ မ်တော်၌ ခေတ္တ နေထိုင်သွားမည်ဆိုပါက ဝူမိသားစု ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ မြို့တော် တစ် ခုလုံးတွင် လျင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။
ဝူရွှမ်း၏ စိတ်ရင်းမှန်ကို ခံစားမိသဖြင့် လျူယောင် လည်း အပိုစကားများ မဆိုတော့ဘဲ သဘောတူလို က်၏။
"ကောင်းပါပြီ... ဒါဆိုရင်လည်း လိုက်ပို့ပါအုံး.."
ဝူရွှမ်းတစ်ယောက် စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက် သည်။
"တကယ်လား..အဲဒါဆို အရမ်းကောင်းတာပဲဗျာ.. သခင်လေးလျူ သဘောတူလိုက်ပြီဆိုတော့ ကျွန် တော်တို့ ဝူမိသားစုအတွက် အကြီးမားဆုံးသော ဂု ဏ်ယူစရာပါပဲဗျာ..ဟားဟားဟား"
ဝူရွှမ်းသည် ချက်ချင်းပင်ထရပ်ကာ လျူယောင်ကို လမ်းပြ၍ အိမ်တော်အတွင်းသို့ ခေါ်လာခဲ့သည်။မိ နစ်အနည်းငယ်ကြာအောင် လမ်းလျှောက်ပြီးနောက် တိတ်ဆိတ်အေးချမ်းလှသော ခြံဝန်းတစ်ခုသို့ လျူ ယောင် ရောက်ရှိလာ၏။
ထိုခြံဝန်းမှာ မသေးငယ်လှပေ။
ဤနေရာမှာ ဝူမိသားစု၏ နောက်ဖေးခြံဝန်း ဖြစ်ဟန် တူသည်။ဝူရွှမ်းမှာလည်း ဧည့်သည်တော်အဘတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားနှင့်ပြီး သား ဖြစ်၏။ခြံဝန်း၏ တံခါးဝတွင် အစေခံတစ်ဦးမှအပ မည်သူမျှမရှိဘဲ အလွန်တိတ်ဆိတ်ငြိမ်သက် နေသ ည်။
"သခင်လေးလျူ ဒီနေရာလေးက အဆင်ပြေရဲ့လား ခင်ဗျာ.."
ဝူရွှမ်း၏ မေးခွန်းကို ကြားလိုက်သည့်အခါ လျူ ယောင်မှာမူ ထိုခြံဝင်းကို မြင်လိုက်ရသည်နှင့် စိတ် ကျေနပ်မှုအပြည့် ရှိနေပြီးသား ဖြစ်၏။ဧည့်ဂေဟာ တွင်မူ လူစိမ်းဝင်လာမည်ကို သူ စိုးရိမ်စိတ် ရှိနေမိ သော်လည်း ယခုနေရာမှာမူ လုံးဝ စိတ်အေးလက် အေး သူ နေနိုင်ပြီဖြစ်သည်။
လျူယောင်က ပြုံးကာ ပြန်ဖြေလိုက်၏။
"ဒီနေရာက အလွန်ကောင်းမွန်ပါတယ် အကြီးအကဲဝူ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ.."
လျူယောင် ကျေနပ်သည်ကို မြင်ရသဖြင့် ဝူရွှမ်းလ ည်း ဝမ်းသာအားရ ဖြစ်သွားသည်။ထို့နောက် ဝူရွှမ်း သည် လျူယောင်ကို ခြံဝန်းအတွင်း လိုက်လံပြသ ကာ အသေးစိတ် ရှင်းပြလိုက်၏။
အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ခမ်းနားလှပမှုကို လျူယောင် တွေ့လိုက်ရ၏။စောင်နှင့် အိပ်ရာခင်း မျ ားမှာလည်း အသစ်စက်စက် ဖြစ်သလို ထိတွေ့ရသ ည်မှာလည်း နူးညံ့ပျော့ပျောင်းလွန်းလှသည်။လျူ ယောင်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
ထိုသို့ လိုက်လံပြသပြီးနောက် လျူယောင်ကို နေ့ လ ယ်စာစားရန် ဝူရွှမ်းက ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက် ၏။
လေလံပွဲမှာ မနက်ပိုင်းတစ်ပိုင်းလုံး ကြာမြင့်ခဲ့သဖြ င့် ယခုအခါ နေ့လယ်စာစားချိန် ရောက်နေပြီဖြစ်သ ည်။ဝူမိသားစုက တည်ခင်းကျင်းပေးသော နေ့လယ် စာမှာ အလွန်ပင် ခမ်းနားထည်ဝါလှ၏။
နေ့လယ်စာ သုံးဆောင်ပြီးသည်နှင့် လျူယောင်သ ည် အချိန်ဆွဲမနေတော့ဘဲ သူနေရမည့် နောက်ဖေးခြံ ဝန်းသို့ အမြန်ပြန်လာခဲ့သည်။ထို့နောက် တျန်ဖေးကွ မ်းထံမှ ရလာသော ကောင်းကင်အဆင့်ကျင့်စဉ် စာ အုပ်ကို ထုတ်ယူကာ သူ ဖတ်ကြည့်လိုက်၏။
လျူယောင်သည် ထိုကျင့်စဉ်စာအုပ်ကို အလွန် ဂရု တစိုက်နှင့် စိတ်အားထက်သန်စွာ ဖတ်ရှုနေသည်။ တစ်ခါတစ်ရံတွင် စာကြောင်းအချို့ကို သေချာနား လည်စေရန် ခေတ္တရပ်ပြီး စဉ်းစားတတ်သော် လည်း သူ့၌ အခြေခံဗဟုသုတများ ရှိပြီးသားဖြစ်သဖြင့် နာ းလည်ရန်မှာမူ လုံးဝမခက်ခဲပေ။
လျူယောင်သည် ယခင်ကလည်း အဆင့်နိမ့်ကျင့်စ ဉ်များကို လေ့ကျင့်ဖူးပြီးဖြစ်ရာ ကျင့်ကြံခြင်း၏ အ ခြေခံသဘောတရားများအား သူ ကောင်းစွာ နားလ ည်ထားပြီးသား ဖြစ်၏။
ထိုကောင်းကင်အဆင့် ကျင့်စဉ်စာအုပ်မှာ အလွန်ပါး လွှာပြီး စာမျက်နှာ ၄၀၊ ၅၀ ခန့်သာ ရှိသည်။လျူ ယောင်သည် တစ်နာရီကျော်ခန့်အချိန်ယူ၍ စာအုပ် ပါအကြောင်းအရာများကို အသေးစိတ် ဖတ်ရှုမှတ် သားပြီးနောက် စာအုပ်ထဲက နည်းလမ်းများအတိုင်း စတင်လေ့ကျင့်လိုက်၏။
မကြာမီမှာပင် သူသည် နက်နဲသော ကျင့်ကြံမှုအ ခြေအနေတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူ့စိတ်ထဲတွင် ပြင်ပလောကအကြောင်း တွေးတော မှုများ လုံးဝကင်းစင်သွားပြီး အချိန်ကုန်သွားသည် ကိုပင် သတိမပြုမိခဲ့ပေ။
ညဉ့်နက်၍ အပြင်ဘက်တွင်မူ အမှောင်ထုဖုံးလွှမ်း နေပေသည်။
ဝူမိသားစု၏ ခန်းမဆောင်တွင် အဖွဲ့ဝင်တစ်ဦးက ဝူ ရွှမ်းထံသို့ သတင်းပို့နေ၏။
"အကြီးအကဲ... သခင်လေးလျူ ကျင့်ကြံနေတာ အ တော်ကြာနေပါပြီ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး ကျွ န်တော်တို့ ညစာစားဖို့ သွားပြီး အသိပေးရမလားခင် ဗျာ"
ဝူမိသားစုသည် လျူယောင်အား သူတို့အိမ်တော်၏ အလေးစားရဆုံးသော ဧည့်သည်တော်အဖြစ် သတ် မှတ်ထားသဖြင့် ညစာကိုလည်း ခမ်းနားစွာ ပြင်ဆင် ထားခဲ့သည်။
သို့သော်လည်း ဝူရွှမ်းက ခေါင်းကို ညင်သာစွာ ခါ ယမ်းလိုက်ပြီး တားလိုက်၏။
"သွား မနှောင့်ယှက်ပါနဲ့..သခင်လေးလျူကို ဘယ် သူမှ သွားမခေါ်ကြနဲ့.."
လျူယောင်မှာမူ ကျင့်ကြံမှုထဲသို့ နစ်မြုပ်သွားပြီး နောက် အချိန်ကိုပင် လုံးဝမေ့နေခဲ့သည်။သူပြန်လ ည်နိုးထလာချိန်တွင်မူ အပြင်ဘက်၌ လင်းရောင်ခြ ည်များ သန်းနေပြီဖြစ်သည်။
သူလက်ကို မြှောက်၍ အချိန်ကို ကြည့်လိုက်ရာ အံ့ အားသင့်သွားရသည်။မသိစိတ်ထဲတွင် အချိန်ခဏ တာဟုသာ သူ ထင်ခဲ့သော်လည်း အမှန်တကယ်တွ င် သူသည် ဆယ်နာရီကျော်အထိ လေ့ကျင့်နေခဲ့ခြ င်းဖြစ်သည်။
လျူယောင် စိတ်ထဲကနေ ရေရွတ်မိလိုက်၏။
”အချိန် ကုန်တာတကယ်ကို မြန်လွန်းပါလားဟ..”
ထိုကျင့်စဉ်မှာ အမှန်တကယ်ပင် ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်ကြောင်း လျူယောင်အတည်ပြုနိုင်ခဲ့သ ည်။ယခင်က သူလေ့ကျင့်ခဲ့သော အဆင့်နိမ့်ကျင့်စဉ် များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။အလွန်ပြည့်စုံပြီး အပြစ်ဆိုစရာမရှိသော ဤကျင့်စဉ်သည် သူ့ ကျင့် ကြံနူန်းအား တဟုန်ထိုး မြှင့်တင်ပေးခဲ့၏။
လျူယောင်စမ်းသပ်ကြည့်ရာ အဖြေက လုံးဝ အံ့အ ားသင့်စရာပင်။
”ငါ့ရဲ့ တိုးတက်မှုကရော ဘယ်လောက်ထိ ရောက်နေ ပြီလဲ..”
ယခုအခါ မြေကမ္ဘာတတိယအဆင့်သို့ ရောက်နေခဲ့ ၏ ။
အကယ်၍သာ တျန်ဖေးကွမ်းသည် ဤအချက်ကို သာ သိလိုက်ရပါက သူ၏လေ့ကျင့်မှုအား နှစ်ပေါ င်းများစွာ အလဟဿဖြစ်ခဲ့ရသည့်အတွက် ဒေါသ နှင့် ရှက်ရွံ့မှုတို့ ပေါင်းစပ်ကာ သူ့ကိုယ်သူ သတ်သေ မိပေလိမ့်မည်။
နှစ်ပေါင်းများစွာ တိုးတက်မှုမရှိခဲ့သော ကျင့်စဉ်ကို လျူယောင်က ဆယ်နာရီအတွင်း မြေကမ္ဘာအဆင့် ၁ မှ အဆင့် ၃ သို့ တက်လှမ်းနိုင်ခြင်းမှာ တကယ့်ကို အံ့အားသင့်စရာ ကောင်းလှ၏
ဤနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက ရက်အ နည်းငယ်အတွင်းမှာပင် သူသည် ကောင်းကင်အဆ င့် သို့ အလွယ်တကူ တက်လှမ်းနိုင်ပေလိမ့်မည်။ထို အချိန်တွင် လျူယောင့်၏ ခန္ဓာကိုယ်သန်မာမူနှင့် ပေါင်းစပ်လိုက်လျှင် ဤကမ္ဘာတွင် သူ့အား ယှဉ်ပြိုင် နိုင်မည့်သူ ရှိတော့မည်မဟုတ်ပေ။
ဤကမ္ဘာမှ ကောင်းကင်အဆင့်ဟု ခေါ်ဆိုသော ထိပ် သီး ကျင့်ကြံသူများသည်လည်း သူ့ ရှေ့မှောက်တွင် သာမန်လူသားများသဖွယ် ဖြစ်သွားပေလိမ့်မည်။
လျူယောင်က လက်ထဲရှိ ကောင်းကင်အဆင့်ကျင့် စဉ်စာအုပ်ကို ကြည့်ရင်း မျက်နှာပေါ်တွင် ကျေနပ် အားရသည့် အပြုံးတစ်ခု ပေါ်လာ၏။ဤတစ်ကြိမ် တွင် သူသည် အမှန်တကယ်ပင် အဖိုးတန်လှသော ရတနာတစ်ခုကို ကောက်ရလိုက်ခြင်းပင်ဖြစ်သည်။
ကျင့်စဉ်စာအုပ်ကို ဂရုတစိုက် သိမ်းလိုက်ပြီးနောက် လျူယောင်သည် အိပ်ခန်းထဲမှ ထွက်လာလိုက်၏။ သူအခန်းပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လှု ပ်ရှားသံကို ကြားလိုက်ရပြီး အစေခံတစ်ဦးက ချက် ချင်းပင် သူ့အနား ရောက်လာသည်။
အစေခံများသည် လျူယောင် နိုးထလာသည်ကို စေ ာင့်ဆိုင်းနေသည့်အလား အရာအားလုံးကို အဆင် သင့် ပြင်ဆင်ထားခဲ့၏။ကြေးဝါဇလုံထဲတွင် ရေနွေး နွေးလေးကို ထည့်ပေးပြီး ပဝါကိုလည်း လျူယောင် ၏လက်ထဲသို့ လေးစားစွာ ပေးအပ်လိုက်သည်။
ဝူမိသားစု၏ ဂရုစိုက်မှုကို ခံယူရင်း လျူယောင်တစ် ယောက် ဤနေရာတွင်ပင် ဆက် လက်နေထိုင်ချင်စိ တ် ပေါက်မိသည်။သို့သော်လည်းသူ အိမ်မှထွက်လာ သည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်သဖြင့် သူ့ ကမ္ဘာ သို့ ပြန်ရအုံးမည်လေ။
မနက်စာ စားသုံးပြီးနောက် လျူယောင်သည် ဝူရွှမ်း ဆီသို့ သွားရောက်ကာ နှုတ်ဆက်လိုက်သည်။
ဝူရွှမ်းသည် လျူယောင်အား ဝူအိမ်တော်တွင် ရက် အနည်းငယ် ထပ်မံနေထိုင်စေလိုသော ဆန္ဒပြင်းပြ နေသော်လည်း သူ့အနေဖြင့် တားဆီးရန်လည်း အ ကြောင်းပြချက်မရှိပေ။လျူယောင်၏ ဆုံးဖြတ်ချ က်ကို လေးစားစွာဖြင့် လမ်းခုလတ်အထိ ဝူရွှမ်းက လိုက်လံပို့ဆောင်ပေးခဲ့သည်။
"ဝူး.ဝူး...."
ဝူအိမ်တော်မှ ထွက်ခွာလာပြီးနောက် လျူယောင်သ ည် သူ့ မော်တော်ဆိုင်ကယ်ကို ထုတ်ယူလိုက်ကာ အ ရှိန်ပြင်းစွာ မောင်း၍ အိမ်ပြန်ခရီးအား စတင်လိုက် ၏။