← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း။ ၅၃

"အခုပဲ အားလုံးကို အဆုံးသတ်လိုက်တော့မယ်"

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

ခြေဖဝါးအထိ ရှည်လျားသော အနက်ရောင်ဝတ်ရုံပွကြီးတစ်ခုမှာ သူ၏ကိုယ်ပေါ်တွင် ရုတချည်း ပေါ်ထွက်လာ၏။ ဤဝတ်ရုံမှာ ပင့်ကူအိမ်အဖွဲ့၏ ဝတ်ရုံနှင့် ဆင်တူသော်လည်း မီးတောက်ပုံစံ အဆင်တန်ဆာများတော့ မပါရှိပေ။

ချန်ကျီရှင်းသည် သေမင်းဝိညာဉ် မျက်နှာဖုံးဖြူကို တပ်ဆင်လိုက်ပြီး သူ၏ မျက်နှာအများစုကို ဖုံးကွယ်နိုင်ရန် ဝတ်ရုံ၏ ခေါင်းစွပ်ကို အနိမ့်ဆုံးအထိ ဆွဲချလိုက်သည်။

နောက်တစ်ခဏတွင်...

ဝုန်း….

ချန်ကျီရှင်းသည် သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ကန်ကျောက်လိုက်ရာ ကောင်းကင်သို့ ထိုးတက်သွားသော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ပျံသန်းသင်္ဘောရှိရာ တိုက်ပွဲမြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင်. ချန်မိသားစု ပျံသန်းသင်္ဘောရှိရာ ကောင်းကင်ယံထက်ဝယ်။

အစောပိုင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ရသော ကံဆိုးသူ အနည်းငယ်မှလွဲ၍ ကျန်ရှိသော မိသားစုဝင်များကို မြေပြင်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင်မူ ကောင်းကင်ယံတစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားဖွယ် အကောင်းဆုံးနှင့် အပြင်းထန်ဆုံးသော တိုက်ပွဲမြေပြင်အဖြစ် လုံးဝအသွင်ပြောင်းလဲသွားခဲ့သည်။

တိမ်တိုက်များကြားဝယ် ပေတစ်ထောင်ကျော် မြင့်မားသော ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ တင်ပျဉ်ခွေ ထိုင်လျက်ရှိပြီး ချန်ထျန်းချန်မှာမူ ဆံပင်ဖားလျားကျလျက် အလွန်တရာ ပြင်းထန်လှသော မျက်နှာထားဖြင့် ရှိနေ၏။

"ငါ့လက်နဲ့ သေကြစမ်း... အားးးးးး"

ချန်ထျန်းချန်သည် ရူးသွပ်စွာ အော်ပြောလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော ၎င်း၏ ဧရာမလက်ဝါးကြီးကို မြှောက်လိုက်ပြီး မျက်နှာဖုံးပေါ်တွင် ဆယ့်ကိုးဟု ရေးထိုးထားသော ရှေ့ဆုံးမှ ဝတ်ရုံနက်ဝတ်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်တော့သည်။

"ဇီဝေ ချန်မိသားစုက ဝိညာဉ်ငါးပါး စွမ်းအင်စုဆောင်းခြင်း နည်းလမ်းကို အစဉ်အဆက် ကျင့်ကြံလာတာပဲ။ ဒီချန်ထျန်းချန်ကတော့ အဲဒီထဲက သစ်သားဓာတ် အတတ်ကို အထူးပြုထားတာ ဖြစ်ရမယ်"

ဝတ်ရုံနက်ဝတ် ဆယ့်ကိုးသည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း သူ၏ရင်ထဲတွင်မူ အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။

နောက်တစ်ခဏတွင် သူသည် တောင်တန်းများကို ချေမှုန်းဖျက်ဆီးကာ အောက်သို့ ဖိနှိပ်လာသော ဗုဒ္ဓလက်ဝါးကြီးကို မော့ကြည့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အင်းတံဆိပ်များကို လျင်မြန်စွာ ဖော်ဆောင်ကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်၏။

"တရားဓမ္မပုံရိပ် လက်ခြောက်ဖက်ပါ အသူရာ"

ဝုန်း…

ဟင်းလင်းပြင်ကြီးမှာ စတင်၍ ပုံပျက်ကာ ရှုံ့တွလာပြီး ဝိညာဉ်စွမ်းအင်များမှာလည်း ရူးသွပ်စွာ သောင်းကျန်းလာတော့သည်။

သွေးရောင်အမှတ်အသားများ ပါရှိသည့် ရှေးဟောင်း ကြေးညိုတံခါးကြီးတစ်ခုမှာ ဝတ်ရုံနက်ဝတ်၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။

ထိုရှေးဟောင်း ကြေးညိုတံခါးကြီးမှာ အတွင်းဘက်သို့ ပွင့်သွားခဲ့ပြီး ပြာလဲ့လဲ့ အရောင်ရှိသော ဧရာမ လက်တစ်စုံမှာ အတွင်းဘက်မှ ထွက်ပေါ်လာသည်။

မကြာမီမှာပင် ထိုလက်များ၏ စူးရှလှသော အနက်ရောင် လက်ဖျားများက ကြေးညိုတံခါးကြီးကို ဆုပ်ကိုင်ကာ အပြင်ဘက်သို့ အားပါပါ ဆွဲဖွင့်လိုက်သည်။

တောင်တစ်လုံးကဲ့သို့ မြင့်မားလှသော ဧရာမ သတ္တဝါကြီးတစ်ကောင်သည် ဟင်းလင်းပြင်ထဲ၌ ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ပေတစ်ထောင်ခန့် မြင့်မားသော အသူရာကြီးပင်။ ကောင်းကင်ယံကို ထိုးဖောက်မည့် ဧရာမ လက်မောင်းကြီး ခြောက်ဖက်၊ နောက်ကျောဘက်သို့ ဖားလျားကျနေသော ဆံပင်ဖြူကြီးများ၊ ပြာနှမ်းနေသော အရေပြားနှင့် စူးရှလှသော အစွယ်ကြီးများဖြင့် ကြောက်မက်ဖွယ်ကောင်းလှ၏။

ဝုန်း…

အောက်သို့ ဖိနှိပ်လာသော ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် လက်ခြောက်ဖက်ပါ အသူရာကြီးသည် ၎င်း၏ လက်မောင်းခြောက်ဖက်လုံးကို တပြိုင်နက်တည်း မြှောက်လိုက်ကာ ဗုဒ္ဓလက်ဝါးနှင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

ဒုန်း ဒုန်း ဒုန်း…

ခဏအတွင်းမှာပင် လက်ခြောက်ဖက်ပါ အသူရာကြီးနှင့် ခန့်ညားထည်ဝါသော ဗုဒ္ဓရုပ်ပွားတော်ကြီးတို့သည် အဆက်မပြတ် တိုက်ပွဲဝင်နေကြတော့သည်။ ၎င်းတို့၏ သာမန် တိုက်ခိုက်မှုတစ်ခုချင်းစီသည်ပင် တောင်များကို ပြိုလဲစေနိုင်ပြီး မြေပြင်ကို အက်ကွဲသွားစေနိုင်၏။

၎င်းတို့၏ လက်ရှိ တိုက်ပွဲအရှိန်အဟုန်မှာ မဟာတောင်တန်း တစ်သိန်း၏ အလယ်ဗဟို နယ်မြေကိုပင် ဆွဲဖြဲပစ်တော့မည့်အတိုင်း ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ချန်ထျန်းချန်နှင့် ဝတ်ရုံနက်ဝတ် ဆယ့်ကိုးတို့သည် သူတို့၏ တရားဓမ္မပုံရိပ်များကို ကိုယ်စီထိန်းချုပ်ရင်း တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။ နှစ်ဦးစလုံးမှာ တိတ်ဆိတ်နေကြပြီး အတွေးကိုယ်စီ နက်နေကြ၏။

သူတို့နှစ်ဦး၏ စွမ်းအားမှာ အလွန်တရာ နီးစပ်လှသဖြင့် အားပြိုင်မှုမှာ မျှခြေနီးပါး ဖြစ်နေသည်။

"အခုတော့ အကြီးအကဲ ကျောက်ကွမ်နဲ့ ကွေ့ချန်းတို့အပေါ်မှာပဲ မူတည်တော့မယ်။ အကယ်၍ သူတို့သာ အနိုင်ရခဲ့ရင် ဒါက အဆုံးအဖြတ် အောင်ပွဲပဲ"

ချန်ထျန်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာ၌ စမ်းသပ်မှု၏ အစောင့်အရှောက်များအဖြစ် တာဝန်ယူထားသော အကြီးအကဲ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့သည် အခြား ဝတ်ရုံနက်ဝတ်နှစ်ဦးနှင့် လုံးထွေးကာ သတ်ပုတ်နေကြ၏။

သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ချန်ထျန်းချန်၏ နှလုံးသားမှာ တုန်လှုပ်ချောက်ချားသွားခဲ့ပြီ။ ကျောက်ကွမ်နှင့် ကွေ့ချန်း နှစ်ဦးစလုံးမှာ အဖက်ဖက်မှ အသာစီးပေးထားရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

အထူးသဖြင့် အကြီးအကဲ ကျောက်ကွမ်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး သူ၏ ဝတ်စုံဖြူထက်တွင်မူ သွေးစွန်းနေသော ဇီးပွင့်ပုံစံ အစွန်းအထင်းများမှာ တဖြည်းဖြည်း ပိုမိုများပြားလာ၏။

သူနှင့် တိုက်ခိုက်နေသော ပြိုင်ဘက်မှာ တစ်ကိုယ်လုံးကို အေးစက်လှသော အနက်ရောင် သံချပ်ကာများ ဖုံးလွှမ်းထားပြီး ရုပ်ပိုင်းဆိုင်ရာ တာအိုလမ်းစဉ်ကို ကျင့်ကြံထားသည့် နတဘုရားခရီးစဉ် နယ်ပယ်၏ ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှားသည်။

ယခုအခါတွင်မူ ထိုသံချပ်ကာဝတ်ကြီးသည် အကြီးအကဲ ကျောက်ကွမ်ကို မရပ်မနား တရစပ် ဗုံးကြဲသကဲ့သို့ တိုက်ခိုက်နေတော့၏။ အကြီးအကဲ ကျောက်ကွမ်မှာ ခုခံရန်ပင် အနိုင်နိုင် ကြိုးစားနေရပြီး အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင် ထိုဝတ်ရုံနက်ဝတ်၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

"ဒါတော့ မကောင်းတော့ဘူး"

ချန်ထျန်းချန်၏ မျက်နှာမှာ အစွန်းကုန် ပျက်ယွင်းသွားခဲ့ကာ အကယ်၍ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့သာ ကျဆုံးသွားခဲ့လျှင် ကျန်ရှိနေသော ဝတ်ရုံနက်ဝတ် နှစ်ဦးမှာ ချက်ချင်းပင် လာရောက်ကူညီကြမည် ဖြစ်သည်။

ထိုသူနှစ်ဦးသည် သူ့ကို အနည်းငယ်မျှ နှောင့်ယှက်ပေးလိုက်ရုံဖြင့်ပင် သူသည် ဝတ်ရုံနက်ဝတ် ဆယ့်ကိုး၏ လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားရမည်ပင်။

ထိုအခိုက်အတန့်တွင် ချန်ထျန်းချန်မှာ မျှော်လင့်ချက်မဲ့ခြင်းကို မခံစားဘဲ မနေနိုင်တော့ပေ။

"ကြည့်ရတာ... မင်း သေဖို့ နီးလာပြီ ထင်တယ်"

ဝတ်ရုံနက်ဝတ် ဆယ့်ကိုးက တည်ငြိမ်စွာ ပြောလိုက်ခြင်းပင်။

သူ့အတွက်တော့ ချန်ထျန်းချန်ကို သတ်ဖြတ်ခြင်းမှာ လမ်းကြုံ၍ လုပ်ဆောင်သည့် ကိစ္စရပ်မျှသာ။ ဤမျှ အသက်ကြီးမှ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိသူမှာ မီးမျိုးစေ့ ဖြစ်လာရန် မထိုက်တန်ပေ။ သို့သော် သူ၏ ရုပ်အလောင်းကို ပြန်ယူသွားနိုင်ပါက စစ်မှန်သော ကိုယ်ပိုင်ရုပ်သေးတစ်ခုအဖြစ် ပြုပြင်မွမ်းမံနိုင်ပေလိမ့်မည်။

ချန်ထျန်းချန်သည် အံကို တင်းတင်းကြိတ်ထားရင်း ဘာမျှ ပြန်မပြောဘဲ ဝတ်ရုံနက်ဝတ် ဆယ့်ကိုးနှင့်သာ ဆက်လက် ယှဉ်ပြိုင်နေ၏။

ထိုအခိုက်အတန့်တွင်...

ဝုန်း

အနက်ရောင် ဝတ်စုံဝတ် လူရိပ်တစ်ခုသည် အသံထက်မြန်သော အရှိန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အဝေးတစ်နေရာမှ တဟုန်ထိုး ပြေးဝင်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူရိပ်သည် အကြီးအကဲ ကျောက်ကွမ်ရှိရာ တိုက်ပွဲမြေပြင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွား၏။

"နောက်တစ်ယောက် ထပ်လာပြန်ပြီလား"

အနိုင်နိုင် ခုခံနေရသော အကြီးအကဲ ကျောက်ကွမ်မှာ ထိုလူရိပ်ကို မြင်လိုက်ရသောအခါ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားတော့သည်။

သူသည် ဝတ်ရုံနက်ဝတ် တစ်ယောက်တည်းကိုပင် မယှဉ်နိုင်ရာ အခု နောက်တစ်ယောက်ပါ ထပ်တိုးလာလျှင် သေချာပေါက် သေရတော့မည်ပင်။

"ငါ... ဒီနေ့ ဒီနေရာမှာပဲ မြုပ်နှံခံရတော့မှာလား"

အကြီးအကဲ ကျောက်ကွမ်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

"ဘာပဲဖြစ်ဖြစ် ငါတို့ ကျင့်ကြံသူတွေ တိုက်ပွဲထဲမှာ သေရတာက ဂုဏ်သိက္ခာရှိတဲ့ အဆုံးသတ်ပါပဲ"

သူသည် နောက်ဆုံးလက်ကျန် စွမ်းအားများဖြင့် အသေခံတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင်...

ထိုဆယ်ဂဏန်းအဖြူရောင်မျက်နှာဖုံးစွပ် ဝတ်ရုံနက်ဝတ်သည် ရန်သူဘက်က ဝတ်ရုံနက်ဝတ်ကိုသာ တိုက်ခိုက်နေကြောင်း သူ အံ့ဩဖွယ် တွေ့ရှိလိုက်ရသည်။

"ဟင်"

အကြီးအကဲ ကျောက်ကွမ်မှာ ကြောင်တောင်တောင် ဖြစ်သွားပြီး မှင်တက်ကာ ကြည့်နေမိ၏။

"ဘယ်က ပေါ်လာတဲ့ ပုရွက်ဆိတ်လေးလဲ"

ပင့်ကူအိမ် အဖွဲ့မှ ဝတ်ရုံနက်ဝတ် နှစ်ဆယ့်သုံးသည် မျက်မှောင်ကြုတ်လိုက်ရင်း သတ္တုရောင် တောက်နေသော သူ၏ ဧရာမလက်ကြီးကို ဆန့်ထုတ်ကာ ရုတ်တရက် တိုက်ခိုက်လာသော မျက်နှာဖုံးဖြူဝတ် လူရိပ်ကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

ဝုန်း…

ချန်ကျီရှင်းသည် သူ၏ စွမ်းအားအားလုံးကို အပြည့်အဝ ထုတ်သုံးကာ ပြင်းထန်လှသော လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်၏။

ဝတ်ရုံနက်ဝတ် နှစ်ဆယ့်သုံး ဆန့်ထုတ်လိုက်သော လက်ကြီးမှာ ချန်ကျီရှင်း၏ လက်သီးနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ခြောက်သွေ့နေသော သစ်ဆွေးများကဲ့သို့ပင် ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။

နောက်တစ်ခဏတွင် မည်သည့် အပိုစကားမျှ မပြောတော့ဘဲ ချန်ကျီရှင်းသည် ရှေ့သို့ တစ်

လှမ်းတိုးလိုက်ကာ ဝတ်ရုံနက်ဝတ် နှစ်ဆယ့်သုံး၏ မျက်နှာကို လက်ဖြင့် အုပ်ကိုင်ကာ ဆွဲယူပြီး မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဝုန်း….

ဥက္ကာခဲတစ်ခု ကမ္ဘာမြေကို တိုက်မိသည့်အလား မြေဟီးသွားစေမည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။ အဆုံးမရှိသော ဖုန်မှုန့်များမှာလည်း ဝေဟင်ထက်သို့ လိပ်တက်သွားတော့သည်။

ဖုန်မှုန့်များ ဝေဟင်တစ်ခွင် ဖုံးလွှမ်းနေစဉ်အတွင်းမှာပင် ချန်ကျီရှင်း၏ ဧရာမ လက်ဝါးကြီးမှာ ဝတ်ရုံနက်ဝတ် နှစ်ဆယ့်သုံး၏ မျက်နှာကို အုပ်ကိုင်လျက် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် တရစပ် ရိုက်ချနေတော့သည်။

ဒုန်း…

ဒုန်း... ဒုန်း

ဒုန်း ဒုန်း ဒုန်း

တစ်ချက်ပြီးတစ်ချက်ပင်။

သူ့ကိုယ်တွင်းမှ နွားရိုင်းနတ်ဆိုးမှာလည်း နိမ့်ရှိုင်းစွာ ဟိန်းဟောက်နေ၏။

ကမ္ဘာမြေကြီးတစ်ခုလုံးမှာလည်း ရူးသွပ်မတတ် ပြင်းထန်စွာ တုန်ခါနေခဲ့ကာ အသက်ရှူအကြိမ် ဆယ်ဂဏန်းခန့်မျှသော အချိန်အတွင်းမှာပင် လိပ်တက်နေသော ဖုန်မှုန့်များမှာ လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားကြသည်။

ထိုနေရာ၌ ပေတစ်ရာခန့် ကျယ်ဝန်းသော ဧရာမ ကျင်းကြီးတစ်ခု မြေပြင်ပေါ်တွင် ပေါ်ထွက်လာ၏။

ကျင်းအတွင်းဝယ်...

"ဒါကို မင်းတို့က ရုပ်ပိုင်းဆိုင်ရာ တာအိုလမ်းစဉ်လို့ ခေါ်တာလား အားနည်းလွန်းတယ်"

ချန်ကျီရှင်းသည် အသားဖတ်များအဖြစ် ကြေမွသွားခဲ့ပြီဖြစ်သော ဝတ်ရုံနက်ဝတ် နှစ်ဆယ့်သုံး၏ အကြွင်းအကျန်ကို မဆိုင်းမတွဘဲ လွှတ်ချလိုက်ပြီးနောက် သူ၏အကြည့်ကို နောက်ထပ် ပင့်ကူအိမ် ဝတ်ရုံနက်ဝတ် တစ်ဦးထံသို့ ပြောင်းလဲလိုက်သည်။

"တတိယမြောက် တစ်ယောက်..."

ဝုန်း…

ချန်ကျီရှင်းသည် ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ကန်ကျောက်ကာ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားတော့သည်။

အကြီးအကဲ ကျောက်ကွမ်မှာမူ သူ၏မျက်စိရှေ့တွင် အရိပ်တစ်ခု ဝဲခနဲဖြစ်သွားသည်ကိုသာ မြင်လိုက်ရပြီး ချန်ကျီရှင်းမှာ သူ့ကို ဖြတ်ကျော်ကာ နောက်ဆုံးကျန်ရှိနေသော နတ်ဘုရားခရီးသွား နယ်ပယ် ဝတ်ရုံနက်ဝတ်၏ ရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

"တကယ်ကို... တကယ်ကို အစွမ်းထက်တာပဲ"

ပြင်းထန်လှသော လေတိုးသံကြောင့် အကြီးအကဲ ကျောက်ကွမ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် မရည်ရွယ်ဘဲ ဆုတ်လိုက်ရ၏။

အကြီးအကဲ ကျောက်ကွမ်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်နေပြီး ထိတ်လန့်တကြား အသက်ရှူမှားနေမိသည်။

သူ အစောပိုင်းက တိုက်ခိုက်ခဲ့ရသော ဝတ်ရုံနက်ဝတ်မှာ ရုပ်ပိုင်းဆိုင်ရာ တာအိုကျင့်စဉ်ကို အထူးပြုထားသူဖြစ်ရာ သူ၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုများဖြင့်ပင် ထိုသူ၏ ကာကွယ်ရေးကို မဖောက်နိုင်ခဲ့ပေ။

အခုတော့... ဒီလောက်အလွယ်တကူပဲ အပြတ်အသတ် ချေမှုန်းခံလိုက်ရတာလား။

"နေဦး ဒါက... သူတို့အချင်းချင်း ပြည်တွင်းစစ် ဖြစ်နေတာလား"

ရယ်စရာကောင်းလှသော အတွေးတစ်ခုမှာ အကြီးအကဲ ကျောက်ကွမ်၏ စိတ်ထဲတွင် ပေါ်လာမိသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ချန်ကျီရှင်းမှာ အစွန်းကုန် မြန်ဆန်လှသော အရှိန်ဖြင့် လှုပ်ရှားနေရာ ပိန်လှီသော ပင့်ကူအိမ် ဝတ်ရုံနက်ဝတ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အမြင့်ပေ တစ်နေရာမှ ကန်ချခြင်းကို ခံလိုက်ရသည်။

"ငါ... ငါ သူနဲ့ မယှဉ်နိုင်ဘူး"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဝတ်ရုံနက်ဝတ်သည် သူ့အနေဖြင့် ဤလျှို့ဝှက်ဆန်းပြားသော လူသစ်ကို လုံးဝ မယှဉ်နိုင်ကြောင်း သိရှိသွားခဲ့သည်။

ချန်ကျီရှင်းမှာ ထပ်မံ၍ အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာသည်ကို မြင်သောအခါ ထိုဝတ်ရုံနက်ဝတ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လက်နှစ်ဖက်ဖြင့် အင်းတံဆိပ်ကို အမြန်ဖော်ဆောင်လိုက်ရာ သူ၏မျက်နှာထက်တွင် တည်ငြိမ်အေးစက်သော အမူအရာတစ်ခု ပေါ်ထွက်လာ၏။

"ထာဝရအသက်ရှင်ခြင်း ကောင်းကင်ဘုံကို ချီးမွမ်းထောပနာပြုပါ၏"

ထိုပင့်ကူအိမ် ဝတ်ရုံနက်ဝတ်သည် လေထိုးသွင်းခံလိုက်ရသကဲ့သို့ ဖောင်းကားလာတော့သည်။

ဝုန်း…

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဝတ်ရုံနက်ဝတ်မှာ ပေါက်ကွဲသွားခဲ့ပြီး သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်လိပ်ပြာ နှစ်ခုစလုံးမှာ ပြင်းထန်လှသော တုန်ခါမှုလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ချန်ကျီရှင်းထံသို့ အားပါပါဖြင့် ရိုက်ခတ်သွားသည်။

ရန်သူတွေက သူတို့ကိုယ်သူတို့ အဆုံးစီရင်ပြီး အသေခံတိုက်ခိုက်တဲ့အထိ စိတ်ဓာတ်

ပြင်းထန်ကြတာပဲ။

အခန်း။ ၅၄

ပြင်းထန်လှသော တုန်ခါမှုလှိုင်းများကြောင့် ချန်ကျီရှင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

တုန်ခါမှုများ ငြိမ်သက်သွားပြီးနောက် ချန်ကျီရှင်းမှာ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏မျက်နှာထားမှာလည်း တစ်စုံတစ်ခုကို ဝေခွဲမရဖြစ်နေသည့်ဟန် ပေါ်ပေါက်လာ၏။

ပင့်ကူအိမ်အဖွဲ့မှ ဤဝတ်ရုံနက်ဝတ်ကို သူ အစပိုင်း၌ သတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ၊ ထို့ကြောင့်လည်း အသက်အန္တရာယ်ဖြစ်စေမည့် တိုက်ကွက်များကို မသုံးခဲ့ခြင်းဖြစ်သည်။

ထိုသူ့ကို အရှင်ဖမ်းဆီးပြီးမှ မီးမျိုးစေ့ဆိုသည်မှာ အမှန်တကယ် ဘာကိုဆိုလိုကြောင်း စစ်ဆေးမေးမြန်းရန် သူ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤဝတ်ရုံနက်ဝတ်သည် ချန်ကျီရှင်းကို မယှဉ်နိုင်ကြောင်း သိလိုက်ရသည်နှင့်

တစ်ပြိုင်နက် သူ့ကိုယ်သူ အဆုံးစီရင်သည့်လမ်းကို ချက်ချင်း ရွေးချယ်သွားခဲ့သည်။

ချန်ကျီရှင်းကို မည်သည့်အခွင့်အရေးမျှ အနည်းငယ်မျှပင် မပေးခဲ့ချေ။

ဤကဲ့သို့သော ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုမျိုးမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

"ငါ့နောက်ကို အစောက လိုက်ခဲ့တဲ့ အထိအတွေ့တွေနဲ့ မိစ္ဆာမပဲဖြစ်ဖြစ် ခုနက ရုပ်ပိုင်းဆိုင်ရာတာအိုလမ်းစဉ်ကို ကျင့်တဲ့ ဝတ်ရုံနက်ဝတ်ပဲဖြစ်ဖြစ် သူတို့အားလုံးက သေခြင်းတရားကို လုံးဝ ခုခံတွန်းလှန်တာမျိုး မရှိကြဘူး။ ဘယ်သူက သူတို့ကို ဒီလောက်အထိ မှိုင်းတိုက်ထားတာလဲ"

"ပြီးတော့ သူတို့ပြောနေတဲ့ ထာဝရအသက်ရှင်ခြင်း ကောင်းကင်ဘုံဆိုတာကရော အမှန်တကယ် ဘာကြီးလဲ"

ချန်ကျီရှင်းသည် မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်ထားမိသည်။ ခဏမျှ စဉ်းစားကြည့်သော်လည်း အဖြေရှာမရသဖြင့် ဆက်လက်တွေးတောမနေတော့ရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် သူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး ခြေတစ်ဖက်ကို အသာအယာ ကန်ကျောက်လိုက်သည်။

ဝုန်း….

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းသည် ဝေဟင်ထက်သို့ ထိုးတက်သွားပြီး ဝတ်ရုံနက်ဝတ် ဆယ့်ကိုးနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်သည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲ ကျောက်ကွမ်နှင့် အကြီးအကဲ ကွေ့ချန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ ဒဏ်ရာများကို ဖိနှိပ်ကာ ကောင်းကင်သို့ ပျံတက်လာကြသည်။ သူတို့သည် ချန်ကျီရှင်းနှင့် မျက်နှာချင်းဆိုင်ဘက်တွင် နေရာယူလိုက်ကြပြီး ဝတ်ရုံနက်

ဝတ် ဆယ့်ကိုးကို အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။

ခဏချင်းမှာပင် အခြေအနေအရပ်ရပ်မှာ ပြောင်းပြန်လှန်သွားခဲ့ကာ မည်သူမျှ စကားမပြောကြဘဲ ဝတ်ရုံနက်ဝတ် ဆယ့်ကိုးကိုသာ အေးစက်စွာ စိုက်ကြည့်နေကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှ၏။

"အိုး"

ဝတ်ရုံနက်ဝတ် ဆယ့်ကိုးသည် မျက်လုံးများကို မှေးလိုက်ပြီး သူတို့၏ မျက်နှာများကို တစ်ဦးချင်း လှည့်ပတ်ကြည့်ရှုလိုက်သည်။

နောက်ဆုံးတွင် သူ၏အကြည့်မှာ ချန်ကျီရှင်း၏ မျက်နှာထက်၌ ရပ်တန့်သွား၏။

"စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ"

နောက်တစ်ခဏတွင် သူသည် လက်နှစ်ဖက်ဖြင့် တည်ငြိမ်စွာပင် တရားဓမ္မ အင်းတံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်ရာ သူ၏ခြေဖဝါးအောက်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ရှုံ့တွသွားတော့သည်။ လေဝဲဂယက်တစ်ခုသည် သူ၏ခြေထောက်အောက်တွင် တဖြည်းဖြည်း ပေါ်ထွက်လာ၏။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် ချန်မိသားစု၏ စတုတ္ထမြောက် တောင်ထိပ်သခင်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း သူ နားလည်သွားခဲ့သည်။

"နှမြောစရာပဲ"

ဝတ်ရုံနက်ဝတ် ဆယ့်ကိုးက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ရှူး... ရှူး... ရှူး

သူ၏ ကိုယ်ထည်မှာ တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး လေဝဲဂယက်၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

"စတုတ္ထသခင်ကြီး"

အကြီးအကဲ ကျောက်ကွမ်နှင့် အကြီးအကဲ ကွေ့ချန်းတို့သည် ချန်ထျန်းချန်ထံသို့ လှမ်းကြည့်

လိုက်ကြကာ သူတို့၏ အဓိပ္ပာယ်မှာ ရှင်းသည်။

ဒီလူကို ဆွဲထားပြီး အသေတိုက်မလား။

ချန်ထျန်းချန်မှာမူ ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

"ကောင်လေး... ငါတို့ ပြန်ဆုံကြဦးမှာပါ"

နောက်ဆုံးတွင် ဝတ်ရုံနက်ဝတ် ဆယ့်ကိုးသည် ချန်ကျီရှင်းထံသို့ အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ ချန်ကျီရှင်းမှာမူ မည်သည့်ခံစားချက်မျှ မပြဘဲ သူ့ကို လျစ်လျူရှုထားလိုက်၏။

နောက်တစ်ခဏတွင် သူ၏ ပုံရိပ်မှာ လေဝဲဂယက်အတွင်းသို့ လုံးဝ နစ်မြုပ်သွားပြီး အဆုံးမရှိသော ဟင်းလင်းပြင်ကြီးထဲ၌ ပျောက်ကွယ်သွားတော့သည်။ သူ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် လက်ခြောက်ဖက်ပါ အသူရာ ကြီးမှာလည်း မှေးမှိန်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

ဖူးးးး

ချန်ထျန်းချန်သည် အောင့်ထားခဲ့သမျှကို ဆက်မထိန်းထားနိုင်တော့ဘဲ ဒူးများမှာ ပျော့ခွေသွားကာ ဒူးတစ်ဝက်ခန့်ထောက်လျက် သွေးတစ်လုတ်ကို အားပါပါ အန်ထုတ်လိုက်တော့သည်။

"စတုတ္ထသခင်ကြီး"

"စတုတ္ထ တောင်ထိပ်သခင်"

အကြီးအကဲ ကျောက်ကွမ်နှင့် အကြီးအကဲ ကွေ့ချန်းတို့မှာ ဤသည်ကို မြင်သောအခါ များစွာ ထိတ်လန့်သွားကြပြီး ချန်ထျန်းချန်ကို မကူရန် အမြန် ပြေးဝင်သွားကြသည်။

"ငါ... ငါ အဆင်ပြေပါတယ်"

ရွှေရောင်စက္ကူကဲ့သို့ ဖြူဖျော့နေသော မျက်နှာရှိသည့် ချန်ထျန်းချန်က ကျောက်ကွမ်နှင့် ကွေ့ချန်းကို လက်ကာပြလိုက်၏။

ထို့နောက် သူသည် မတ်တပ်ရပ်နိုင်ရန် အားတင်းကြိုးစားလိုက်ရင်း ချန်ကျီရှင်းထံသို့ ကျေးဇူးတင်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မိတ်ဆွေကို ဘယ်လိုများ ခေါ်ရမလဲခင်ဗျာ အခုလို အသက်ဘေးကနေ ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ကျွန်တော်နဲ့ ဇီဝေချန်မိသားစုက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"

ချန်ထျန်းချန်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်၏။

ချန်ကျီရှင်းမှာမူ သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ ထွက်ခွာရန် လှည့်လိုက်သည်။

"ဆရာကြီး"

ချန်ထျန်းချန်က လှမ်းခေါ်လိုက်သော်လည်း...

ချန်ကျီရှင်းသည် နောက်သို့ လှည့်မကြည့်ဘဲ တဖြည်းဖြည်း လှမ်းလျှောက်သွားကာ ကျယ်ပြောလှသော တောင်တန်းကြီးများအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

"တကယ့်ကို ထူးဆန်းတဲ့ ပင်ကိုယ်စရိုက်ရှိသူပဲ"

ချန်ထျန်းချန်က ခေါင်းကို ခါယမ်းလိုက်၏။ ထိုသူသည် တောင်တန်းများအတွင်း တသီးတခြား နေထိုင်သည့် ဆရာကြီးတစ်ဦးဖြစ်ပြီး ချန်မိသားစုနှင့် မိတ်ဆွေဖြစ်ရန် ကူညီပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မြင်မိသည်။ သို့သော် ထိုသူသည် ချန်မိသားစုနှင့် မဟာမိတ်ဖွဲ့ရန် စိတ်ဝင်စားပုံ မရပေ။

"စတုတ္ထသခင်ကြီး ဒီလူက တကယ်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ။ သူ့ရဲ့ အရှိန်အဝါအရ ကြည့်ရင် ကျွန်တော်နဲ့ ကွေ့ချန်းလိုပဲ နတ်ဘုရားခရီးသွား နယ်ပယ် ကိုးဆင့်မှာပဲ ရှိသေးတာ။ ဒါပေမဲ့ ရန်သူကို အလွယ်တကူပဲ အပြတ်အသတ် နှိမ်နင်းသွားနိုင်တယ်" အကြီးအကဲ ကျောက်ကွမ်သည် ချန်ကျီရှင်း ထွက်ခွာသွားရာဘက်သို့ ကြည့်ရင်း သူ၏ အံ့ဩမှုကို မဖုံးကွယ်နိုင်ဘဲ ပြောလိုက်သည်။

နတ်ဘုရားခရီးသွား နယ်ပယ်မှာ ရှိနေသူတစ်ဦးက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ဤသည်မှာ သူ နားလည်ထားသော နတ်ဘုရားခရီးသွား နယ်ပယ်အပေါ် အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။

ချန်ထျန်းချန်က ခေါင်းညိတ်ကာ "ကမ္ဘာကြီးက ကျယ်ပါတယ်။ ဒီလို အစွမ်းထက်တဲ့ နတ်ဘုရားခရီးသွား နယ်ပယ်ရှင်တွေ ပေါ်ထွက်လာတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာ သူတို့ရဲ့ အတတ်ပညာတွေကို သွေးချွန်နေတဲ့ နတ်ဘုရားခရီးသွား နယ်ပယ်ရှင်တွေက သူတို့နဲ့ အဆင့်တူသူတွေကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိကြတာပဲ။ ဒီဆရာကြီးကလည်း အဲဒီလို လူမျိုးဖြစ်ရမယ်။ သူ့ရဲ့ နာမည်ကို မသိလိုက်ရတာကတော့ နှမြောစရာပဲ။ မဟုတ်ရင် နောင်တစ်ချိန်မှာ ကျေးဇူးဆပ်ဖို့အတွက် လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်ထားသင့်တာ" ဟု ပြောလိုက်ရာ ကျောက်ကွမ်နှင့် ကွေ့ချန်းတို့ကလည်း သဘောတူညီစွာ ခေါင်းညိတ်ကြသည်။

အမှန်ပင် အကယ်၍ ယနေ့ ထိုမျက်နှာဖြူဝတ်ရုံနက်ဝတ် လူရိပ်သာ ပေါ်မလာခဲ့လျှင် သူတို့အားလုံး ဤနေရာမှာပင် အသက်ပျောက်ကြရမှာ အသေအချာပင်။ ချန်မိသားစုပင်လျှင် ကြီးမားသော လှိုင်းဂယက်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထိုသို့ တွေးမိလိုက်ရုံနှင့်ပင် သူတို့အားလုံး ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။

ချန်ထျန်းချန်သည် တစ်စုံတစ်ခုကို ထပ်မံ ပြောကြားချင်သေးသော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ၏မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး...

"မကောင်းတော့ဘူး"

"မြန်မြန် ချန်ကျောက်ရှန်းနဲ့ ချန်ကျီရှင်းတို့ကို သွားရှာကြစမ်း"

ဤသည်ကို ကြားလိုက်ရသောအခါ အကြီးအကဲ ကွေ့ချန်းနှင့် ကျောက်ကွမ်တို့၏ နှလုံးသားများမှာ ထိတ်ခန့်သွားပြီး မျက်နှာပျက်ယွင်းကာ အပူတပြင်း လိုက်လံရှာဖွေရန် ထွက်ခွာသွားကြတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ချန်ထျန်းချန်နှင့် အခြားသူများ၏ အမြင်အာရုံမှ လုံးဝကင်းဝေးသွားပြီးနောက် ချန်ကျီရှင်းသည် ချုံပုတ်တစ်ခုအတွင်းသို့ လျင်မြန်စွာ ငုပ်လျှိုးဝင်ရောက်သွားခဲ့သည်။

မကြာမီ သူသည် ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွား၏။ သူ၏ ဝိညာဉ်အာရုံဖြင့် နောက်ယောင်ခံလိုက်သူ မရှိကြောင်း အတည်ပြုပြီးနောက်မှ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။

"စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်နဲ့ နတ်ဘုရားခရီးသွား နယ်ပယ်က ကြည့်ရင် တစ်ဆင့်ပဲ ခြားသလိုရှိပေမဲ့ တကယ့်ကွာဟချက်ကတော့ အလှမ်းကြီးတာပဲ"

ဝတ်ရုံနက်ကို ချွတ်လိုက်ရင်း ချန်ကျီရှင်းသည် ချန်ထျန်းချန်နှင့် ဝတ်ရုံနက်ဝတ် ဆယ့်ကိုးတို့ သူတို့၏ တရားဓမ္မပုံရိပ်များသုံးကာ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရပြီး အနည်းငယ်မျှ လေးစားမိသွားသည်။

ဤသည်က သူ့ကို စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ စောစောစီးစီး တက်လှမ်းရန်နှင့် သူ၏ ပထမဆုံး ကောင်းကင်နှင့်မြေကြီး တရားဓမ္မပုံရိပ်ကို ပေါင်းစပ်ဖွဲ့စည်းရန် ပို၍ပင် စိတ်ပိုင်းဖြတ်စေခဲ့သည်။

လက်ရှိတွင် သူ့ထံ၌ စစ်မှန်သော ကိုယ်ပိုင်ဆေးလုံးနှင့် နတ်ဘုရားကိုးပါး အတတ်တို့ ရှိနှင့်ပြီးသား ဖြစ်သည်။

သူ့အတွက် လိုအပ်နေသည်မှာ သူ လိုက်လျှောက်မည့် ပထမဆုံးသော မဟာတာအို မျိုးစေ့ကို ရွေးချယ်ရန် အချိန်အနည်းငယ်သာ ဖြစ်သည်။

"တောင်ပိုင်းနယ်စပ်က ဒီစမ်းသပ်မှုပြီးရင် ချန်မိသားစုဆီ ပြန်ပြီး စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ကို ဖောက်ထွက်ရမယ်"

"ပြီးတော့ ဒီ ပါရမီရှင်စီမံကိန်းဆိုတာက ဘာလဲ။ ဒီလူတွေ ဘာတွေ ကြံစည်နေတာလဲဆိုတာကိုလည်း ငါ အဖြေရှာရမယ်"

အကြောင်းရင်းကို မသိရဘဲ သူ ပထမဆုံး သတ်လိုက်သည့် အထိအတွေ့များပါသော ဝတ်ရုံနက်ဝတ် မိစ္ဆာမကို တွေးမိသည့်အခါ ချန်ကျီရှင်းမှာ မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ထိုသူ ပြောသွားခဲ့သည့် သူသည် ပါရမီရှင်စီမံကိန်း၏ အပြည့်စုံဆုံး ကွင်းဆက်ကို ဖြည့်ဆည်းပေးလိမ့်မည် ဟူသော စကားမှာ ချန်ကျီရှင်းကို မထင်မှတ်ဘဲ စိုးရိမ်ပူပန်စေခဲ့၏။

သူ အနည်းငယ်လည်း နောင်တရမိသည်။

ယခုလုပ်ဆောင်ချက်မှာ အပြစ်ပြောစရာမရှိဘူးဟု ထင်ရသော်လည်း အလွန်ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။

ယင်းမှာ ချန်ကျောက်ရှန်း၏ ရုပ်အလောင်းကို ယူသွားသော ဝတ်ရုံနက်ဝတ်မှာ သူ၏ မျက်နှာအစစ်အမှန်ကို မြင်တွေ့သွားခြင်းပင်။ အကယ်၍ ထိုဝတ်ရုံနက်ဝတ်သာ ယနေ့ဖြစ်ရပ်ကို သိရှိသွားပါက သူနှင့် တိုက်ရိုက်ဆက်စပ်တွေးတောမိရန် အလွန်လွယ်ကူသွားပေလိမ့်မည်။

"မုန်တိုင်းက လာတော့မယ်... ငါ့အနေနဲ့ အန္တရာယ်တွေကို တုံ့ပြန်နိုင်ဖို့ ပိုပြီး မြန်မြန်ဆန်ဆန် သန်မာလာအောင် လုပ်ဖို့ပဲ ရှိတော့တယ်"

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏မျက်ဝန်းများမှာ ကြည်လင်ပြတ်သားသွားသည်။

မကြာမီမှာပင် ချန်ကျီရှင်းသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ ချွတ်ထားသော ဝတ်ရုံနက်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။ ယင်း၏အစား သူ အစောပိုင်းက ဝတ်ဆင်ခဲ့သော လရောင်အသွင် ဝတ်စုံဖြူနှင့် အဖြူရောင် ခေါက်ယပ်တောင်လေးကို ပြန်လည်ထုတ်ယူလိုက်သည်။

သူသည် သေမင်းဝိညာဉ် မျက်နှာဖုံးကို ရင်ဘတ်ထဲတွင် သေသေချာချာ သိမ်းဆည်းလိုက်ပြီး အဖြူရောင် ယပ်တောင်လေးကိုမူ ခေါင်းနောက်ဘက်တွင် အသာအယာ ထိုးစိုက်ထားလိုက်၏။

ထို့နောက်...

သူသည် ဂူအတွင်းမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်လာခဲ့သည်။ သူ၏မျက်နှာတွင် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာကို ဖော်ပြလိုက်ပြီး အသက်ရှူသံများ ပြင်းထန်စွာဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်မှာ…..

"အကြီးအကဲတို့... စတုတ္ထဦးလေး... ခင်ဗျားတို့ ဘယ်မှာလဲဟင်..."

All Chapters