အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း။ ၅၇
"မိသားစုခေါင်းဆောင်ကိုယ်တိုင် အမိန့်ပေးလိုက်တာလား"
ချန်ကျီရှင်းက မျက်ခုံးကို အသာအယာ ပင့်လိုက်သည်။
ချန်တောက်ယန်ဆိုသည်မှာ မိသားစုတစ်ခုလုံးတွင် သူ၏ စစ်မှန်သော ပါရမီကို သိရှိထားသည့် လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ ချန်ကျီရှင်းနှင့် ချန်ထျန်းချန်တို့ ပေးခဲ့သော ဆင်ခြေမှာ ထင်သလောက် မရိုးရှင်းကြောင်း သူ သဘာဝကျကျပင် နားလည်ထားပေလိမ့်မည်။
"ကောင်းပြီလေ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး အစေခံနောက်မှလိုက်ကာ ပင်မတောင်ထိပ်ဆီသို့ ထွက်ခွာလာခဲ့သည်။
ဇီဝေနယ်မြေတွင် တောင်ထိပ်ပေါင်း ဆယ်ခုရှိ၏။ ထိုအထဲတွင် ပင်မတောင်ထိပ်မှာ တောင်စဉ်တောင်တန်းဆယ်ခု၏ အလယ်ဗဟိုတွင် တည်ရှိပြီး အမြင့်ဆုံးတောင်ထိပ်လည်း ဖြစ်သည်။
ချန်ကျီရှင်းနှင့် အစေခံတို့ ပင်မတောင်ထိပ်သို့ ရောက်ရှိလာချိန်တွင် ပုံမှန်အားဖြင့် စည်ကားလှသော ပင်မခန်းမဆောင်ကြီးမှာ ယနေ့တွင်မူ ထူးဆန်းစွာ တိတ်ဆိတ်ခြောက်ကပ်နေ၏။ ခန့်ညားထည်ဝါလှသော ခန်းမဆောင်ကြီးမှာ မှောင်ရိပ်သန်းနေပြီး အတွင်းဘက်သို့ အဆုံးထိ မြင်နိုင်ရန်ပင် ခက်ခဲသည်။
"တတိယသခင်လေး... မိသားစုခေါင်းဆောင်က အထဲမှာ စောင့်နေပါတယ်ခင်ဗျာ"
အစေခံက ပြောဆိုပြီးနောက် ရိုသေစွာဖြင့် ဆုတ်ခွာသွားခဲ့သည်။ ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ထုံးစံအတိုင်း တည်ငြိမ်သော မျက်နှာထားဖြင့် ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လိုက်၏။
"မင်း ရောက်လာပြီပဲ"
ခန်းမဆောင်၏ အနက်ရှိုင်းဆုံးဆီမှ အက်ရှရှအသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ကျီရှင်းက ခြေလှမ်းများကို ခဏရပ်လိုက်ပြီး အတွင်းဘက်သို့ မော့ကြည့်လိုက်၏။
အေးစက်လှသော ကျောက်သားထိုင်ခုံထက်တွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ထိုင်နေသည်။ သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေ၏။ တစ်ချိန်က မတ်မတ်နှင့် ခန့်ညားခဲ့သော ကျောပြင်ကြီးမှာ ယခုအခါတွင်မူ ကိုင်းညွှတ်နေခဲ့သည်။
သူ့ပုံစံမှာ ဆယ်စုနှစ်ပေါင်းများစွာ ရုတ်တရက် အိုမင်းသွားသည့်အလား အားအင်ကုန်ခမ်းနေသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။
"မိသားစုခေါင်းဆောင်"
ချန်ကျီရှင်းက အသာအယာ ဦးညွှတ်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ ခြုံငုံကြည့်ရလျှင် ချန်ကျီရှင်းအနေဖြင့် ဤချန်မိသားစုခေါင်းဆောင်အပေါ် ကျေးဇူးတင်စိတ် ရှိပါသည်။ နှစ်ဦးသား တွေ့ဆုံမှု နည်းပါးခဲ့သော်လည်း နှစ်အတော်ကြာအောင် သူ၏ အစားအသောက်၊ အဝတ်အထည်နှင့် လိုအပ်သော အရင်းအမြစ်များကို တစ်ကြိမ်တစ်ခါမျှ လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့သူပင်။
"လာပါ... ဒီမှာ လာထိုင်ဦး"
ချန်တောက်ယန်က သူ၏ဘေးရှိ ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်သည်။
"ကောင်းပါပြီ"
ချန်ကျီရှင်းက ခေါင်းညိတ်ပြကာ ချန်တောက်ယန်၏ ဘေးတွင် ဝင်ထိုင်လိုက်၏။ သို့သော် ချန်ကျီရှင်း ထိုင်လိုက်သည့်အခါတွင်မူ...
ချန်တောက်ယန်သည် အစောပိုင်းက အခြေအနေအရ စကားပလ္လင်ခံရန် ရည်ရွယ်ထားသော်လည်း သူ၏ဘေးရှိ ဤကလေးအကြောင်း သူ သိထားသည်မှာ အလွန်နည်းပါးနေကြောင်း ရုတ်တရက် သတိပြုမိသွားကာ မည်သည့်နေရာမှ စတင်စကားပြောရမည်ကို ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ခဏအတွင်းမှာပင် ခန်းမဆောင်ကြီးအတွင်းရှိ လေထုမှာ တိတ်ဆိတ်ခြောက်ကပ်ပြီး အနေခက်စရာ ဖြစ်သွားတော့၏။
ချန်ကျီရှင်းကမူ မည်သို့မျှ မဖြစ်ဘဲ တည်ငြိမ်နေပြီး အလျင်စလို မလုပ်ခဲ့ပေ။
ခဏအကြာတွင်...
"ထျန်းရှုံ... အဲဒီကောင်က ဒီရက်ပိုင်းအတွင်း မင်းကို ဘာပြဿနာမှ မပေးဘူးမလား"
ချန်တောက်ယန်က မေးလိုက်သည်။
"မပေးပါဘူး"
ချန်ကျီရှင်းက ခေါင်းခါယမ်းလျက် ပြန်ဖြေလိုက်၏။
"အင်း... ကျောက်ရှန်းဆိုတာ ထျန်းရှုံအားအစိုက်ဆုံး မြေးတစ်ယောက်ပဲ။ သူ တောင်ပိုင်းနယ်စပ်မှာ ဆုံးရှုံးသွားရတာက ထျန်းရှုံအတွက်တော့ အတော်လေး စိတ်ထိခိုက်စရာဖြစ်ပြီး ဝမ်းနည်းမှုဒေါသတွေကြောင့် တစ်ခုခု ထူးထူးခြားခြား လုပ်မိတာမျိုး ရှိနိုင်တယ်။ ဒါကိုတော့ မင်း နားလည်ပေးသင့်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ သူ့ကို ပြင်းပြင်းထန်ထန် သတိပေးထားပြီးပြီဆိုတော့ လောလောဆယ်မှာ သူ မင်းကို လာနှောင့်ယှက်မှာ မဟုတ်ပါဘူး"
ချန်တောက်ယန်က သူ၏အတွေးများကို ပြောပြသည်။
"ဟုတ်ကဲ့... သားတစ်ယောက်ကို ဆုံးရှုံးရတဲ့ နာကျင်မှုကို ကျွန်တော် သဘာဝကျကျ နားလည်
နိုင်ပါတယ်"
ချန်ကျီရှင်းက တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်၏။
ထိုစကားအဆုံးတွင် လေထုမှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
"မင်းကလေ..."
ချန်တောက်ယန်သည် လက်ကိုမြှောက်လိုက်ပြီး သာမန်မိသားစုကြီးက လူကြီးတစ်ဦးကဲ့သို့ ချန်ကျီရှင်း၏ ခေါင်းကို ပွတ်သပ်ပေးရန် ကြံရွယ်လိုက်မိသည်။ သို့သော် လက်ကို မြှောက်လိုက်သည်နှင့် ဤလုပ်ရပ်မှာ အလွန်တရာ စိမ်းသက်နေကြောင်း သူ ခံစားလိုက်ရ၏။
ထို့ကြောင့် သူသည် လက်ကို ပြန်ချလိုက်ကာ သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ပြောလိုက်သည်။
"နှစ်အတော်ကြာအောင်... မင်းက ရှေးဟောင်းပုံစံ ကိုးခုပိုင်ရှင်တစ်ယောက် ဖြစ်နေလို့ သူတစ်ပါး သံသယမဝင်အောင် ငါ မင်းနဲ့ အနီးကပ် မနေရဲခဲ့ဘူး။ မင်းရဲ့ ပါရမီတွေကို ဖုံးကွယ်ခိုင်းပြီး နာမည်ပျက်ခံခိုင်းခဲ့လို့ အပြင်မှာ အတင်းအဖျင်းတွေ အများကြီး ထွက်ခဲ့ရတယ်။ အဲဒီအစား ငါက ကျောက်ရှန်းကိုပဲ ဂရုစိုက်မှုတွေ အများကြီးပေးခဲ့ပြီး ချန်မိသားစုမှာ သူ နာမည်ရအောင် လုပ်ပေးခဲ့တယ်။ ဒီအပေါ်မှာ မင်းရဲ့ စိတ်ထဲမှာ နာကျည်းချက်တွေ ရှိနေလား"
ချန်ကျီရှင်း၏ ရင်ထဲတွင် လှုပ်ခတ်သွားမိသည်။
ဒါက ငါ့ရဲ့ စိတ်နေစိတ်ထားကို စမ်းသပ်နေတာလား။
"မိသားစုခေါင်းဆောင်... ဦးလေး အများကြီး တွေးနေပါပြီ။ နှစ်အတော်ကြာအောင် ချန်မိသားစုက ကျွန်တော့်အပေါ် မကောင်းတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ပြီးတော့ မိသားစုခေါင်းဆောင် ကျွန်တော့်အပေါ် အလှမ်းဝေးနေတာက ကျွန်တော့်ကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်က လူအ မဟုတ်ပါဘူး ဘာလို့ နာကျည်းချက် ထားရမှာလဲ"
ချန်ကျီရှင်းက စိတ်ရင်းမှန်ဖြင့် ပြန်ဖြေလိုက်၏။
သူပြောသော စကားများမှာ အမှန်တရားများပင်။ ထျန်းရှုံ၏ မျိုးနွယ်စုဝင်များအပေါ် သူ လုံးဝ မနှစ်သက်သည်မှာ မှန်သော်လည်း ချန်မိသားစုကို သန်မာအောင်သာ အားစိုက်နေသော ဤမိသားစုခေါင်းဆောင်အပေါ်တွင်မူ သူ၏ ခံစားချက်မှာ မဆိုးပေ။
ဤသည်ကို မြင်သောအခါ ချန်တောက်ယန်က ချန်ကျီရှင်းကို သေသေချာချာ ကြည့်လိုက်ရာ သူ၏မျက်နှာထက်တွင် ဟန်ဆောင်မှုမရှိသော စိတ်ရင်းမှန်ကို မြင်တွေ့လိုက်ရသည်။ သူသည် စိတ်သက်သာရာ ရသွားကာ ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ကောင်းတယ် တကယ့်ကို ဇီဝေချန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပီသတယ်။ အကျိုးအကြောင်းလည်း နားလည်တယ်။ အမှားအမှန်ကိုလည်း ဝေဖန်ပိုင်းခြားနိုင်တယ်"
ချန်တောက်ယန်၏ အမူအရာမှာ အနည်းငယ် ပို၍ တက်ကြွလာပြီး မေးလိုက်သည်။
"ကျီရှင်း... အစောပိုင်းက စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ ဘေးထွက်မျိုးနွယ်စုဝင်တွေဆီက ငါကြားတာတော့ မင်းက ဟင်းလင်းပြင် အသွင်ပြောင်းနယ်ပယ်ကျင့်ကြံသူ နှစ်ယောက်ကို တိုက်ရိုက် အလဲထိုးပစ်ခဲ့တယ်ဆို"
"ဟုတ်ပါတယ်"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ဒါဆိုရင် ငါ မင်းကို တစ်ခုမေးမယ် အခု..."
ချန်တောက်ယန်၏ အသံမှာ လေးနက်သွားပြီး သူ၏ အကြည့်များမှာ စူးရှလာတော့သည်။
"မင်းရဲ့ အစစ်အမှန် ကျင့်ကြံဆင့်က ဘယ်လောက်လဲ"
ထိုအခိုက်အတန့်တွင် ချန်တောက်ယန်၏ မှုန်ရီနေသော မျက်ဝန်းများမှာ ထူးခြားစွာ ကြည်လင်ဝင်းပလာသည်။ သူ၏ အကြည့်မှာ လျှပ်စီးလက်သည့်အလား ချန်ကျီရှင်း၏ မျက်နှာပေါ်မှ သေးငယ်သော အမူအရာပြောင်းလဲမှုလေးတစ်ခုကိုပင် လွတ်မသွားစေရန် အသေအချာ စိုက်ကြည့်နေ၏။
သူသည် ယခုအခါ ဘဝ၏ နေဝင်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်ရော ရုပ်ပိုင်းဆိုင်ရာ အခြေအနေပါ တဖြည်းဖြည်း ဆုတ်ယုတ်လာနေခဲ့ကာ သူ၏ ကျင့်ကြံဆင့်မှာလည်း နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိခြင်းမှာ အကန့်အသတ်ပင် ထပ်မံ၍ ဖောက်ထွက်ရန်မှာ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူ၏ ဩဇာအာဏာ ရှိနေဆဲအချိန်မှာပင် ချန်မိသားစုအတွက် ဆက်ခံသူအသစ်တစ်ဦးကို အမြန်ဆုံး ရှာဖွေရမည်ဖြစ်သည်။
မူလက သူ၏ ရည်မှန်းချက်မှာ ချန်ကျောက်ရှန်းပင်။ ချန်ကျောက်ရှန်းမှာ ပါရမီထူးချွန်ပြီး အပြင်ပန်းတွင် တည်ငြိမ်သော်လည်း အတွင်းစိတ်၌ ရည်မှန်းချက်ကြီးကာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးမှာ လူကောင်း သို့မဟုတ် လူဆိုးဟု သတ်မှတ်၍ မရသော်လည်း ချန်မိသားစုကို ဦးဆောင်ကာ အထွတ်အထိပ်သို့ ပို့ဆောင်ရန် အသင့်တော်ဆုံး ဖြစ်သည်။
သို့သော် ယခုအခါ ချန်ကျောက်ရှန်းမှာ ပင့်ကူအိမ်အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ သူ၏ အစီအစဉ်တစ်ခုလုံးမှာ ပြိုလဲသွားခဲ့သည်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မူလက သူ သိပ်ပြီး အားမကိုးခဲ့သော်လည်း ရှေးဟောင်းပုံစံ ကိုးခုပိုင်ရှင်ဖြစ်သော ချန်ကျီရှင်းအပေါ်တွင်သာ ရှိတော့သည်။
ယနေ့ ချန်ကျီရှင်းကို ဤနေရာသို့ ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိ၏။ ယင်းမှာ ချန်ကျီရှင်း၏ အစစ်အမှန် ကျင့်ကြံဆင့်ကို သိရှိရန်ပင်။
အတိုချုပ်ပြောရလျှင် ချန်ကျီရှင်း၏ ကျင့်ကြံဆင့်သည်သာ သူ၏ နောင်အနာဂတ်တွင် တစ်မိသားစုလုံးကို မည်သည့်ဘက်သို့ ဦးတည်စေမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုပေးနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ ချန်ကျီရှင်း၏ ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျနေပါက သူသည် ချန်မိသားစုအတွက် အခြားသော လမ်းစတစ်ခုကို ရှာဖွေရပေလိမ့်မည်။
"ကျင့်ကြံဆင့်လား... အင်း..."
ချန်ကျီရှင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်လွှာကို အသာချလိုက်ကာ ညာဘက်လက်ဖြင့် အင်းတံဆိပ်တစ်ခုကို ညင်သာစွာ ဖော်ဆောင်လိုက်သည်။
ဝေါင်း...
ချန်ကျီရှင်း၏ ပုံပန်းသဏ္ဌာန်နှင့် ထပ်တူနီးပါးတူသော အရိပ်တစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ၏။
"ကျွန်တော် ဘယ်နယ်ပယ်ကို ရောက်နေပြီလဲဆိုတာ ကြည့်ကြည့်ပါဦး"
ချန်ကျီရှင်းနှင့် ထိုအရိပ်သည် ချန်တောက်ယန်ကို ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း တစ်သံတည်းထွက်ကာ ပြောလိုက်ကြသည်။
ဝုန်း….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်တောက်ယန်၏ ရင်ခုန်သံများ မြန်ဆန်လာပြီး သူ၏စိတ်အာရုံမှာလည်း ရူးသွပ်မတတ် တုန်လှုပ်သွားတော့သည်။
"ယင်ဝိညာဉ် ထွက်ပေါ်ခြင်းလား မင်း... မင်း နတ်ဘုရားခရီးသွား နယ်ပယ်ကို ရောက်နေပြီလား"
ချန်တောက်ယန်သည် ထိုအရိပ်ကို အသေအချာ စိုက်ကြည့်နေမိသည်။ အမြဲတမ်း တည်ငြိမ်နေတတ်သော သူ၏မျက်နှာမှာ ထိတ်လန့်မှုနှင့် သံသယများဖြင့် လျင်မြန်စွာ ပြည့်နှက်သွား၏။
နတ်ဘုရားခရီးသွား နယ်ပယ်…
ဆယ်ကျော်သက်အရွယ်လေးနဲ့ နတ်ဘုရားခရီးသွား နယ်ပယ်ကို ရောက်နေတာလား။
ဒါက ရှေးဟောင်းသမိုင်းတစ်လျှောက် ပြန်ရှာကြည့်ရင်တောင် တစ်လောကလုံးမှာ တစ်ယောက်တည်းသာ ရှိနိုင်တဲ့ အခြေအနေမျိုးပဲ။
"ဟုတ်ကဲ့... လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်ပိုင်းနယ်စပ်မှာ တစ်ခုခုကို နားလည်သွားမိလို့ အခုလေးတင်ပဲ နတ်ဘုရားခရီးသွား နယ်ပယ်ကို ဖောက်ထွက်နိုင်ခဲ့တာပါ"
ချန်ကျီရှင်းက ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်ပြီး သူ၏အရှိန်အဝါကို နတ်ဘုရားခရီးသွား နယ်ပယ်သို့ စတင်ဝင်ရောက်ကာစ လူတစ်ယောက်ကဲ့သို့သာ ထုတ်ဖော်ပြလိုက်သည်။
သူသည် မိုက်မဲသူမဟုတ်ပေ။ ပြင်ပလောကတွင် သူ၏ပါရမီများကို ဖုံးကွယ်ထားခြင်းမှာ သူကိုယ်တိုင်နှင့် ချန်မိသားစုအတွက် မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်သာ ဖြစ်သည်။ လက်ရှိ ချန်မိသားစုမှာ အပြင်ပန်းတွင် စည်ပင်ဝပြောနေသော်လည်း အတွင်းပိုင်း၌ ဆုတ်ယုတ်ပျက်စီးနေသည့် လက္ခဏာများ ပြနေပြီဖြစ်ရာ ပြင်းထန်သော လှိုင်းဂယက်များကို ခံနိုင်ရည်မရှိတော့ပေ။
သို့သော် ချန်တောက်ယန်အတွက်မူ ချန်ကျီရှင်း၏ စွမ်းအားကို ပိုမိုထုတ်ပြလေလေ သူ ရရှိနိုင်
မည့် အကျိုးကျေးဇူးက ပိုများလေလေပင်။
ဒါကို ဆက်ဖုံးကွယ်ထားပြီး သူတစ်ပါး အထင်သေးတာကို ဘာလို့ တမင်ခံနေတော့မှာလဲ။
ထို့အပြင်... သူ၏စွမ်းအားကို မည်မျှပင် ထုတ်ပြပါစေ ချန်ကျီရှင်းသည် သူ၏ ဝှက်ဖဲအားလုံးကိုတော့ မည်သည့်အခါမျှ ထုတ်ပြလိမ့်မည် မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းမှာ ကိုယ်ကိုကိုယ် ဆုတ်လမ်းမရှိအောင် ပိတ်မိသွားစေနိုင်သည်။
"ဟားဟားဟား... တကယ်ပဲ နတ်ဘုရားခရီးသွား နယ်ပယ်ပါလား"
ချန်ကျီရှင်းထံမှ အတည်ပြုချက် ရရှိလိုက်သည်နှင့် ချန်တောက်ယန်၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး ချန်ကျီရှင်းကို အစွန်းကုန် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေတော့သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာမှာလည်း အဝတ်ဖြူတစ်ထည်ကို ဖယ်ရှားလိုက်သကဲ့သို့ ရုတ်တရက် တက်ကြွလန်းဆန်းသွားပြီး စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာ၏။ သူ၏ အသက်ရှူသံများပင် ပြင်းထန်လာခဲ့သည်။
"ကောင်းတယ်... ကောင်းတယ်... တကယ်ကို ကောင်းတယ်။ ဒါက ကောင်းကင်ဘုံက ငါ့ရဲ့ ချန်မိသားစုကို စွန့်ပစ်မသွားသေးတာပဲ"
ချန်တောက်ယန်သည် သူ၏ ဧရာမလက်ဝါးကြီးဖြင့် ချန်ကျီရှင်း၏ လက်ကို လှမ်းဖမ်းဆုပ်
လိုက်ပြီး အားကိုးတကြီး မျက်ဝန်းများဖြင့် မေးလိုက်သည်။
"ကလေး... မင်း ဇီဝေ ချန်မိသားစုကို ဦးဆောင်စီမံဖို့ ဆန္ဒရှိရဲ့လား"
အခန်း။ ၅၈
ချန်တောက်ယန်၏ စကားအဆုံးတွင်...
ချန်ကျီရှင်းမှာမူ အနည်းငယ် မှင်သက်သွားမိသည်။ သူသည် နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာများကို စုဆောင်းပေးနိုင်ရန်အတွက် သူ့ကို အလုပ်အကျွေးပြုမည့် အဖွဲ့အစည်းတစ်ခုကို လျှို့ဝှက်စွာ တည်ထောင်ရန် စဉ်းစားထားခဲ့ဖူးသော်လည်း ချန်မိသားစုကြီး တစ်ခုလုံးကို ဦးဆောင်ရန်အထိမူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
"မိသားစုခေါင်းဆောင်... ကျွန်တော်က ငယ်ပါသေးတယ်။ အခုချိန်မှာ ဒီကိစ္စကို ဆွေးနွေးဖို့ဆိုတာ နည်းနည်းတော့ စောလွန်းနေသေးတယ်လို့ မထင်ဘူးလား"
ချန်ကျီရှင်းက အတန်ကြာ စဉ်းစားပြီးမှ ပြန်လည်ပြောဆို လိုက်သည်။
ချန်တောက်ယန်မှာ ထိုစကားကြောင့် ခေတ္တမျှ မှင်သက်သွားပြီးမှ အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ကာ "မင်းပြောတာလည်း ဟုတ်ပါရဲ့။ ငါ စိတ်လှုပ်ရှားသွားလို့ နည်းနည်း လောသွားပုံပဲ"
ထို့နောက် သူသည် ချန်ကျီရှင်းကို ခြေဆုံးခေါင်းဆုံး ပြန်လည်ကြည့်ရှုလိုက်ရာ ပို၍ပို၍ပင် ကျေနပ်လာပြီး မျက်ဝန်းများ ဝင်းပလျက် ပြောလိုက်သည်။
"ဟုတ်တယ်... ချန်မိသားစုကို ဦးဆောင်ဖို့ဆိုတာ စောကောင်းစောနိုင်ပေမဲ့ မိသားစုရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ကတော့ ဘယ်တော့မှ မစောပါဘူး"
"ဒါကြောင့် ငါတို့ ဇီဝေ ချန်မိသားစုမှာ ယန်ကျိုးနယ်အတွင်း ဝိညာဉ်ကြောဆယ်ခုရှိတာ။ အဲဒီအထဲက ငါးခုကို မင်းတို့ တတိယတောင်ထိပ်က စီမံခန့်ခွဲဖို့ ငါ လွှဲပေးလိုက်မယ် ဘယ်လိုလဲ"
ချန်ကျီရှင်း ပြန်မဖြေရသေးမီမှာပင် ချန်တောက်ယန်က ခေတ္တစဉ်းစားပြီးနောက် ဆက်လက်၍ "အင်း... တတိယတောင်ထိပ်မှာ လူအင်အားက သိပ်နည်းလွန်းသေးတယ်။ ခဏနေရင် ငါ နတ်ဘုရားခရီးသွား နယ်ပယ်အထွတ်အထိပ်မှာ ရှိတဲ့ မိသားစုအကြီးအကဲ သုံးယောက်ကို တတိယတောင်ထိပ်ကို စောင့်ရှောက်ဖို့ စီစဉ်ပေးလိုက်မယ်။ မင်း ကျင့်ကြံတဲ့နေရာမှာ သိချင်တာရှိရင်လည်း သူတို့ကို တိုင်ပင်နိုင်တာပေါ့"
"ဪ... ပြီးတော့ လက်ရှိမှာ မင်းက ငါတို့ ချန်မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ဘာအန္တရာယ်မှ အဖြစ်ခံလို့ မရဘူး"
"မင်းကိုယ်မင်း ကာကွယ်နိုင်မယ့် နည်းလမ်းအချို့လည်း ရှိထားသင့်တယ်"
ထိုသို့ပြောပြီးနောက် ချန်တောက်ယန်က ပင်မခန်းမဆောင်ကြီး၏ အနောက်ဘက်သို့ လှည့်
ကြည့်ကာ လှမ်းခေါ်လိုက်သည်။
"အကြီးအကဲ မဟူရာ"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်...
အဆုံးမရှိသော အမှောင်မြူခိုးများမှာ ချန်တောက်ယန်၏ အနောက်ဘက်မှနေ၍ တိတ်ဆိတ်စွာပင် လှိုင်းထလာတော့သည်။ ထို့နောက် ထိုအမှောင်မြူခိုးများမှာ အသားအရေများ ပုပ်ပျက်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ကြည်လှသော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့၏။
"မိသားစုခေါင်းဆောင်"
ထိုကြောက်မက်ဖွယ် အဘိုးအိုက ချန်တောက်ယန်ကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်ပြီးနောက် ချန်ကျီရှင်းကို ကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"တတိယသခင်လေး"
"စီနီယာ အကြီးအကဲ မဟူရာကို နှုတ်ခွန်ဆက်သပါတယ်ခင်ဗျာ"
ချန်ကျီရှင်းက မတ်တပ်ရပ်၍ ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူ၏ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော အဘိုးအိုနှင့် ပတ်သက်၍ သူ သတင်းအစအနအချို့ ကြားဖူးနားဝရှိသည်။ ဇီဝေချန်မိသားစုခေါင်းဆောင် ချန်တောက်ယန်၏ နောက်ကွယ်တွင် မဟူရာလောက အကြီးအကဲနှစ်ပါးဟု လူသိများသည့် ချန်မိသားစုကို လျှို့ဝှက်စောင့်ရှောက်နေသော ပြိုင်ဘက်ကင်း ပညာရှင်ကြီးနှစ်ဦး ရှိသည်ဟု ပြောကြသည်။ ယခု အကြီးအကဲ မဟူရာမှာ ထိုနှစ်ဦးထဲမှ တစ်ဦး ဖြစ်ပေလိမ့်မည်။
"အကြီးအကဲ မဟူရာ... ဒီနေ့ကစပြီး ကျွန်တော့်ဘေးမှာ နေစရာမလိုတော့ပါဘူး။ ကျီရှင်း ခိုင်းစေသမျှကိုပဲ လိုက်နာဆောင်ရွက်ပေးပါတော့"
ချန်တောက်ယန်က အကြီးအကဲ မဟူရာကို မိန့်ကြားလိုက်သည်။ ချန်ကျောက်ရှန်းကဲ့သို့ မမျှော်လင့်ထားသော မတော်တဆမှုမျိုး ချန်ကျီရှင်း၌ ထပ်မံမဖြစ်ပွားစေရန်အတွက် ချန်တောက်ယန်က အစောင့်အရှောက်တစ်ဦး အသေအချာ စီစဉ်ပေးလိုက်ခြင်းပင်။
"မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကို အတိအကျ နာခံပါ့မယ်"
အကြီးအကဲ မဟူရာသည် ချန်တောက်ယန်ကို တစ်ချက်ကြည့်ပြီးနောက် ချန်ကျီရှင်းဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"တတိယသခင်လေး... နောင်ကျရင် ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါဦး"
ဤသည်ကို မြင်သောအခါ ချန်ကျီရှင်း၏ မျက်နှာတွင် ဝေခွဲမရဖြစ်ဟန် ပေါ်ပေါက်လာသည်။ သူ၏ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဖြစ်ရာ အစောင့်အရှောက်တစ်ဦး အနားတွင် အမြဲရှိနေခြင်းက မလွဲမသွေ အခက်တွေ့စေနိုင်သည်။
"ကျီရှင်း... ဒါကိုတော့ မင်း မငြင်းပါနဲ့။ အကြီးအကဲ မဟူရာဆိုတာ နိဗ္ဗာန်နယ်ပယ် တစ်ဝက်ရောက်နေတဲ့ ပညာရှင်တစ်ဦးပါ။ သူ မင်းဘေးမှာ ရှိနေမှ ငါလည်း စိတ်အေးရမှာ"
ခေတ္တရပ်ပြီးနောက် ချန်တောက်ယန်က ပြုံးလျက် "အကြီးအကဲ မဟူရာက မင်းနောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေမှာကိုတော့ စိုးရိမ်စရာမလိုပါဘူး။ အကယ်၍ မင်း လိုအပ်မယ်ဆိုရင် သူ့ကို ခဏဖယ်ခိုင်းထားလို့လည်း ရပါတယ်"
ထိုစကားကြောင့် ချန်ကျီရှင်းလည်း လက်အုပ်ချီလျက် "ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်" ဟုသာ ပြောလိုက်ရတော့သည်။
"ငါတို့တွေက မိသားစုဝင်တွေပဲဟာ... အားနာနေစရာ မလိုပါဘူး"
ချန်တောက်ယန်က ချန်ကျီရှင်းကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ အစွန်းအထင်းမရှိ ဖြူစင်လှပသော နှင်းငှက်မွေးဝတ်ရုံတစ်ထည် ထွက်ပေါ်လာသည်။
"ဒီဝတ်ရုံက တစ်ချိန်က ငါ့ရဲ့ အသုံးအဆောင်ပေါ့။ ဒါကို ဝတ်ထားရင် စစ်မှန်သော ကိုယ်ပိုင်
နယ်ပယ်ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေကို အနည်းဆုံး သုံးကြိမ်အထိ ခံနိုင်ရည်ရှိတယ်။ အရင်တုန်းက ငါ့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့ဖူးတာ။ ဒါကို ယူထားလိုက်ပါ"
ထို့နောက် ချန်တောက်ယန်သည် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သုံး ဓမ္မရတနာအချို့ကိုလည်း ထုတ်ယူ၍ ချန်ကျီရှင်းအား ပေးအပ်လိုက်သည်။ ဤသည်မှာ ချန်ကျီရှင်းအတွက် လက်ရှိ အလိုအပ်ဆုံးသော ပြဿနာများကို ဖြေရှင်းပေးလိုက်ခြင်းပင်။ လက်ရှိတွင် သူ့ထံ၌ ကျင့်စဉ်နှင့် ကျင့်ကြံဆင့်မှာ အဆင်သင့်ရှိနေသော်လည်း ထိုက်တန်သည့် လက်နက်ကိရိယာများ လိုအပ်နေခဲ့သည်။
သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ခံစစ်ဆိုင်ရာ ရတနာအချို့သာ လိုအပ်နေခဲ့ခြင်းပင်။
နောက်ဆုံးတွင် တစ်နာရီအကြာ၌ ချန်တောက်ယန်သည် နှမြောတသစွာဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
ချန်ကျီရှင်းမှာ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် ချန်တောက်ယန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
"ဪ... ဒါနဲ့ ကျီရှင်း ဒီရက်ပိုင်းအတွင်း အားရင် ယွီကျိုးမြို့ဘက်ကို တစ်ခေါက်လောက် သွားလိုက်ပါဦး"
"ယွီကျိုး ဟုတ်လား"
ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်၏။
"ဟုတ်တယ်"
ချန်တောက်ယန်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"ယွီကျိုးက ရွမ်မိသားစုက ငါတို့ ဇီဝေ ချန်မိသားစုရဲ့ လက်အောက်ခံ မိသားစုလို့ ပြောလို့ရတယ်။ နှစ်အတော်ကြာအောင် သူတို့က သိပ်ပြီး နာမည်မကြီးဘဲ အေးအေးဆေးဆေး နေလာခဲ့ကြတာ"
"ဒါပေမဲ့ ဒီတစ်ခါမှာတော့ ရွမ်မိသားစုမှာ ရွမ်နန်ကျူးဆိုတဲ့ အရည်အချင်းရှိတဲ့ သမီးတစ်ယောက် ပေါ်ထွက်လာတယ်"
"ဒီကောင်မလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ယွီကျိုးမှာ တော်တော်လေး နာမည်ကြီးနေတာ။ သူမက ပြိုင်ဘက်ကင်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားရုံတင်မကဘူး။ သူမရဲ့ ကျင့်ကြံဆင့်ကလည်း ကြည်လင်ခြင်းနယ်ပယ်ခုနစ်ဆင့်အထိ ရောက်နေပြီ"
"ဒီလောက် ပါရမီနဲ့ ကျင့်ကြံဆင့်မျိုးက မင်းကိုတော့ မမီနိုင်ပေမဲ့ ဒီနေ့ခေတ် ကျင့်ကြံခြင်းလောကမှာတော့ တကယ့်ကို ထူးချွန်တဲ့ အနေအထားပဲ"
"ရွမ်မိသားစုခေါင်းဆောင်က ငါ့ဆီကို စာတွေ အကြိမ်ကြိမ် ပို့ထားတယ်။ ရွမ်နန်ကျူးကို ချန်
မိသားစုဆီ ပို့ပြီး ပိုပြီး ကောင်းမွန်တဲ့ လေ့ကျင့်မှုတွေ ရစေချင်လို့တဲ့။ အဲဒါကြောင့် မင်းသွားပြီး သူမကို သွားကြိုလိုက်ပါ"
ထိုသို့ပြောပြီးနောက် ချန်တောက်ယန်က ခဏရပ်လိုက်ပြီး ချန်ကျီရှင်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"ကျီရှင်း... မင်းရဲ့ မနှိုင်းယှဉ်နိုင်တဲ့ ပါရမီတွေနဲ့ဆိုရင် အိမ်ထောင်ပြုဖို့ စဉ်းစားရမယ့်အချိန် ရောက်ပြီ။ ချန်မိသားစုအတွက် မျိုးဆက်သစ်တွေ ချန်ထားခဲ့ရမယ် မဟုတ်လား"
ချန်ကျီရှင်းက ဘာမှပြန်မပြောသော်လည်း ရွမ်နန်ကျူးဟူသော အမည်ကို ကြားလိုက်ရချိန်တွင် သူ၏နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ယွီကျိုး…
ရွမ်နန်ကျူး…
နောင်တစ်ချိန်မှာ လက်ဗလာနဲ့ ကောင်းကင်ကို စိုးမိုးသူလို့ လူသိများလာမဲ့သူ၊ စစ်တပ်တွေကိုတောင် ယွီကျိုးမြို့ထဲ မဝင်ရဲအောင် လုပ်နိုင်ခဲ့တဲ့ အဲဒီ ရွမ်နန်ကျူးလား။
ချန်ကျီရှင်း၏ မျက်ဝန်းအိမ်များမှာ အနည်းငယ်မျှ ကျုံ့သွားတော့သည်။
မဟာကျင့်ကြံခြင်းဂိမ်းလောကတွင် အဓိကဇာတ်လမ်းကြောင်းစုစုပေါင်း ကိုးခုရှိခဲ့သည်။
ထိုအထဲတွင် ချန်ကျီရှင်း အစောပိုင်းက သတ်ဖြတ်ခဲ့သော ယဲ့ချန်သည် ဓားနတ်ဘုရားကဏ္ဍမှ ဖြစ်သည်။ ထိုကဏ္ဍတွင် ယဲ့ချန်သည် ငြင်းပယ်၍မရသော အဓိက အမျိုးသားဇာတ်ဆောင်
ဖြစ်ပြီး ဓားနတ်ဘုရား၏ အမွေအနှစ်နှင့် ခရမ်းပြာဒေါင်း နတ်ဘုရားဓားကို အသုံးပြုကာ ဓားနတ်ဘုရားအသစ် ဖြစ်လာမည့် ဇာတ်လမ်းပင်။
ချန်ကျီရှင်း၏ အနားတွင်ရှိနေသော ချင်းအာမှာမူ ထိုဓားနတ်ဘုရားကဏ္ဍ၏ အဓိက အမျိုးသမီးဇာတ်ဆောင် ဖြစ်ခဲ့သည်။
သို့သော် ယခုကြားလိုက်ရသည့် ရွမ်နန်ကျူးမှာမူ အခြားသော အဓိကဇာတ်လမ်းကြောင်းတစ်ခုဖြစ်သည့် အိမ်စေကဏ္ဍ၏ အဓိက အမျိုးသမီးဇာတ်ဆောင်ပင်။
သူ၏ ယခင်ဘဝ မဟာကျင့်ကြံခြင်းဖိုရမ်များတွင် ရွမ်နန်ကျူးသည် အလွန်ကြီးမားသော ပရိသတ်ဝန်းရံမှုကို ရရှိထားသူဖြစ်သည်။ သူမ၏ လူကြိုက်များမှုမှာ တစ်ဂိမ်းလုံးတွင် ထိပ်တန်း သုံးဦးစာရင်းဝင်ပင်။
[မသေမျိုး မိစ္ဆာခန္ဓာကိုယ် ပြိုင်ဘက်ကင်း အတတ်ပညာများ]
[လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာအတွင်း ရွမ်နန်ကျူးကို လောကမှာ အထူးခြားဆုံး အမျိုးသမီးလို့ ခေါ်ဆိုနိုင်တယ်]
[အသက်ခုနစ်နှစ်မှာ ငါပုစဉ်းတစ်ကောင်ကို ဖမ်းမိခဲ့ပြီး နွေရာသီတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရပြီလို့ ထင်ခဲ့တယ်။ အသက် တစ်ဆယ့်ခုနစ်နှစ်မှာ ဓားတစ်စင်းကို ဆုပ်ကိုင်လိုက်တဲ့အခါမှာတော့ တစ်ခုလုံးသော လောကကြီးကို ငါအမှန်တကယ် ပိုင်ဆိုင်သွားခဲ့ပြီ]
[သူမက တစ်ခါက လူပေါင်းထောင်ချီကို ရင်ဆိုင်ရင်း ရယ်မောခဲ့ဖူးတယ်။ စောင်းနဲ့ ပိပာာ၊ ဘုရင်ရှစ်ပါး၊ ဝိညာဉ်နဲ့ တစ္ဆေ၊ သရဲကလေး လေးပါးလို့လေ]
[ကွန်လွန်းတောင်ထက်က လမင်းအောက်မှာ သူမဟာ ရှေးမျိုးဆက်ရဲ့ ယုတ်မာတဲ့ ဓားနတ်ဘုရားကို ခေါင်းဖြတ်သတ်ခဲ့ဖူးတယ်]
[သူမက ယောင်ယွဲ့နဲ့ သီချင်းဆိုပြိုင်ပွဲမှာ မေးခွန်းထုတ်ခဲ့တယ် ကောင်းကင်ပေါ်က နတ်မင်းကြီးနဲ့ ယှဉ်ရင် ငါက ဘယ်လိုနေလဲတဲ့]
ဤအချက်များမှာ သူမ၏ အနာဂတ်ကျော်ကြားမှုများပင်။
ချန်ကျီရှင်းသည် သူ၏ အမှတ်ရမှုများအတွင်း နှစ်မြှုပ်နေစဉ်...
"ကျီအာ..."
ချန်တောက်ယန်က လှမ်းမေးလိုက်သည်။ ချန်ကျီရှင်းအနေဖြင့် ရွမ်နန်ကျူးကို တစ်စုံတစ်ရာ အထင်သေးနေခြင်း ရှိမရှိ သူက စစ်ဆေးချင်နေပုံပင်။
"မဟုတ်ပါဘူး... ကျွန်တော် တခြားအကြောင်း စဉ်းစားနေမိလို့ပါ"
ချန်ကျီရှင်းက ရွမ်နန်ကျူးဟူသော အမည်ကို ကြားရခြင်းကြောင့် အတွေးနက်နေရင်း ပြန်ဖြေလိုက်၏။
အခုဆိုရင် ရွမ်နန်ကျူးက သူမရဲ့ ပါရမီတွေကို စတင်ပြသနေတာဆိုတော့ သူမ အထွတ်အထိပ်ကို ရောက်ပြီး ထင်ရှားကျော်ကြားလာဖို့က သိပ်မဝေးတော့ဘူးပဲ။
သူမ၏ ဇာတ်ကောင်စရိုက်ကို စိတ်ဝင်စားခဲ့ဖူးသော်လည်း လက်ရှိတွင်မူ သူသည် အချစ်ရေးကိစ္စများကို အလွန်အမင်း အာရုံမစိုက်နိုင်သေးပေ။ သို့သော်လည်း...
"အင်း... ဒါဆိုရင် ဒီရက်ပိုင်းအတွင်း အားတဲ့အခါ ယွီကျိုးကို တစ်ခေါက်သွားလိုက်ပါ။ မင်းနဲ့ ရွမ်နန်ကျူးတို့ အဆက်အသွယ်ရှိနေမှ ငါလည်း စိတ်အေးရမှာ"
ချန်တောက်ယန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"နားလည်ပါပြီ"