← Chapters

အခန်း (၃၈၁)

Vol. 39 Ch. 381

အခန်း (၃၈၁)

Vol. 39 Ch. 381

အခန်း။ ၃၈၁

ယခင်ကတည်းက ဟွမ်ရွှမ်သည် ဇွန်ဘီဘုရင်ကို လက်စားချေရန် ရည်ရွယ်ချက်ရှိခဲ့သော်လည်း ကံဆိုးစွာပင် သူ၏ အဆင့် ၄ မျိုးရိုးဗီဇပြောင်း သင်းခွေချပ်မှာ ဇွန်ဘီဘုရင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် ခြေရာခံနိုင်မည့် နည်းလမ်းအားလုံး ဆုံးရှုံးသွားခဲ့ရသည်။

ထို့ကြောင့် သူသည် လက်တုံ့ပြန်လိုသော်လည်း ဇွန်ဘီဘုရင်ကို ရှာမတွေ့နိုင်ဘဲ အလွန်အမင်း စိတ်ပျက်ကာ အားမလိုအားမရ ဖြစ်နေခဲ့ရသည်။

မူလက ဟွမ်ရွှမ်သည် ဇွန်ဘီဘုရင်ကို လက်စားချေနိုင်မည့်နေ့မှာ အလှမ်းဝေးလွန်းလှသည်ဟု ယုံကြည်ထားခဲ့သည်။ အကြောင်းမှာ ဇွန်ဘီဘုရင်၏ သွားလာလှုပ်ရှားမှုများမှာ လျှို့ဝှက်လွန်းလှသဖြင့် ၎င်းနောက်တစ်ကြိမ် ပြန်ပေါ်လာမှသာ ပြန်လည်ရှာဖွေနိုင်မည်ဖြစ်သောကြောင့်ပင်။

မမျှော်လင့်ဘဲ ယခုအချိန်တွင် ဇွန်ဘီဘုရင်သည် လီမြစ်စခန်းမြို့တော်ကို တိုက်ခိုက်ခဲ့ကြောင်း သူ၏ လက်အောက်ငယ်သားများထံမှ ဟွမ်ရွှမ် ကြားသိလိုက်ရသည်။

"တကယ့်ကို ကြောက်စရာကောင်းတဲ့ ဇွန်ဘီဒီရေလှိုင်းပဲ..."

ဇွန်ဘီဘုရင်သည် အချိန်တိုအတွင်း လီမြစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိလိုက်ရသဖြင့် ဟွမ်ရွှမ်သည်လည်း သဘာဝအတိုင်းပင် ထိတ်လန့်တုန်လှုပ်မိသွားသည်။ သူကိုယ်တိုင်လည်း ဇွန်ဘီဘုရင်၏ အစွမ်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အကြီးအကျယ် ခံစားခဲ့ရဖူးသည်။

လက်စားချေရန်နှင့် မိုးကြိုးဟိန်းသံကို ယဉ်ပါးအောင်လုပ်မည့် အခွင့်အရေးကိုပါ အရယူရန်အတွက် ဟွမ်ရွှမ်သည် အသေအချာ စဉ်းစားပြီးနောက် လူသားများကို အကြောင်းကြားရန် ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အခြေစိုက်စခန်းများကို အကြံဉာဏ်ပေးကာ ကူညီခြင်းဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အောင်မြင်ရန် သူ မျှော်လင့်ထားသည်။

သူသည် ကျန်းဟိုင် အခြေစိုက်စခန်းတစ်ခုတည်းကိုသာ အကြောင်းကြားခဲ့ခြင်း မဟုတ်ဘဲ အနီးနားရှိ အခြေစိုက်စခန်းအားလုံးကိုပါ အသိပေးခဲ့ပြီးဖြစ်သည်။

ဤအခြေစိုက်စခန်းများမှ ခေါင်းဆောင်များသည် ယခုအချိန်တွင် ထိုကိစ္စကြောင့် အလုပ်ရှုပ်နေကြလိမ့်မည်ဟု သူ ယုံကြည်နေသည်။

အကယ်၍ ဤလူသား အခြေစိုက်စခန်းများသာ လှုပ်ရှားလာပါက မိုးကြိုးဟိန်းသံကို ဇွန်ဘီဘုရင်ရှိရာသို့ မျှားခေါ်သွားနိုင်ခြေ အလွန်များပြီး ထိုအခါ သူတို့နှစ်ဦးမှာ မလွဲမသွေ ထိပ်တိုက်တွေ့ဆုံကြပေလိမ့်မည်။

"ဒီတစ်ခါတော့ ဇွန်ဘီဘုရင်နဲ့ မိုးကြိုးဟိန်းသံတို့ တစ်ယောက်လည်ပင်း တစ်ယောက်ညှစ်ကြရတော့မှာပဲ"

ဤအချက်ကို တွေးတောမိသည်နှင့် ဟွမ်ရွှမ်၏ မျက်ဝန်းအစုံမှာ စူးရှသွားပြီး ပြတ်သားသော အရိပ်အယောင်များ ပေါ်လွင်လာတော့သည်။

အကယ်၍ ဤအစီအစဉ်သာ အောင်မြင်ခဲ့ပါက သူသည် နောက်ထပ် ပုန်းအောင်းနေရန် မလိုတော့ပေ။ မိုးကြိုးဟိန်းသံသာ သူ၏ဘေးနား၌ ရှိနေမည်ဆိုလျှင် သူ၏အင်အားမှာ သိသိသာသာကို ကွာခြားသွားမည်ဖြစ်သည်။ မိုးကြိုးဟိန်းသံကိုသာ သူ အောင်မြင်စွာ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ပါက အစိုးရ၏ လိုက်လံဖမ်းဆီးမှုနှင့် ရင်ဆိုင်ရလျှင်တောင် သူတို့အနေဖြင့် သူ့အား လာရောက်ဖမ်းဆီးရန် ဝံ့ရဲကြတော့မည် မဟုတ်ပေ။ အဆင့် ၅ သားရဲတစ်ကောင်၏ စွမ်းအားမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည်။ အထူးသဖြင့် ဆန်းချွမ်းအခြေစိုက်စခန်းကို ချေမှုန်းခဲ့သည့် မိုးကြိုးဟိန်းသံ၏ အတိတ်မှ အောင်မြင်မှုများကို ထည့်တွက်ရမည်ပင်။

"ကလေးလေး... သွားကြစို့"

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဟွမ်ရွှမ်သည် အဆင့် ၃ ရှိသော ကြောက်မက်ဖွယ်ငှက်ပေါ်သို့ တက်လိုက်ပြီး အချက်ပြလိုက်ရာ တောအုပ်အတွင်းမှ သားရဲဘုရင်ဂိုဏ်း၏ နောက်ဆုံးအခြေစိုက်စခန်းရှိရာဆီသို့ လျင်မြန်စွာ ပျံသန်း၍ ထွက်ခွါသွားတော့သည်။

အစည်းအဝေးခန်းမအတွင်း၌မူ အဆင့်မြင့်အရာရှိများသည် ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ အကြံပြုချက်အပေါ် စိတ်ကူးအချို့ ရှိနေကြသော်လည်း ဘာမျှထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့် အခြေစိုက်စခန်း ခေါင်းဆောင်ကြီးကို ကြည့်ကာ တိတ်ဆိတ်နေကြသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ ရည်ရွယ်ချက်ကို အသေအချာ စဉ်းစားနေသော အခြေစိုက်စခန်း ခေါင်းဆောင်ကြီးသည် ခေါင်းမော့လာပြီး လူအုပ်ကို ဝေ့ကြည့်ကာ မေးမြန်းလိုက်သည်။

"အားလုံးပဲ... ကိုယ့်အမြင်တွေကို ပြောကြစမ်းပါဦး။ မိုးကြိုးဟိန်းသံကို မျှားခေါ်မယ့် အစီအစဉ်အပေါ် ဘယ်လိုထင်ကြသလဲ"

၎င်းကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေတ္တတိတ်ဆိတ်သွားပြီးနောက် စတင်ပြောဆို လာကြသည်။

"ခေါင်းဆောင်ကြီး... ကျွန်တော့်အမြင်အရတော့ အဲဒီလျှို့ဝှက်ဆန်းကြယ်သူရဲ့ အကြံပြုချက်က တကယ့်ကို ဖြစ်နိုင်ခြေရှိပါတယ်။ အကယ်၍ မိုးကြိုးဟိန်းသံကိုသာ မျှားခေါ်နိုင်မယ်ဆိုရင် သူတို့တွေ မလွဲမသွေ တိုက်ခိုက်ကြမှာပဲ။ အဲဒီအခါကျရင် ကျွန်တော်တို့ ကျန်းဟိုငအခြေစိုက်စခန်းက ကြားကနေ အကျိုးအမြတ် ထုတ်လို့ရမှာပါ"

"မှန်ပါတယ်... ဇွန်ဘီဘုရင်က အခု ကျင်းပြည်နယ်ထဲမှာ ရှိနေတာဆိုတော့ ကျွန်တော်တို့ ကျန်းဟိုင်မြို့နဲ့ မဝေးတော့ပါဘူး။ ကျွန်တော်တို့ မြို့ရဲ့ ရှင်သန်ရပ်တည်ရေးက အခုဆိုရင် အစွန်းတစ်ဖက်ကို ရောက်နေပါပြီ။ အကယ်၍ မိုးကြိုးဟိန်းသံကိုသာ မျှားခေါ်လာပြီး သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခိုင်းနိုင်မယ်ဆိုရင် ဘယ်သူနိုင်နိုင် ရှုံးရှုံး နှစ်ဖက်စလုံး အထိနာမှာပဲ။ အဲဒီအချိန်ကျမှ ကျွန်တော်တို့က ပြတ်ပြတ်သားသား ဝင်တိုက်လိုက်မယ်ဆိုရင် ဒီအန္တရာယ်နှစ်ခုစလုံးကို တစ်ခါတည်း အမြစ်ပြတ်ရှင်းပစ်နိုင်မယ့် အခွင့်အရေးကောင်းကြီးပဲ မဟုတ်ဘူးလား"

ကျန်းဟိုင်မြို့၏ ခေါင်းဆောင်များသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ကို တကယ့်ကို သဘောကျနေပုံပင်။ အစည်းအဝေးတက်ရောက်လာသူ အများစုကလည်း ဤအကြံပြုချက်ကို သဘောတူကြသည်။ အဓိကမှာ လက်ရှိအချိန်တွင် ဇွန်ဘီဘုရင်ကို ရင်ဆိုင်ရန် ဤထကကောင်းသော နည်းလမ်း သူတို့၌ မရှိသောကြောင့်ပင်။

တကယ်တော့ ဇွန်ဘီဘုရင်ကို သတ်ဖြတ်နိုင်မည့် နည်းလမ်းမှာ အခြေခံအားဖြင့် နှစ်ခုသာ ရှိသည်။ တစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်ပြီး အင်အားသုံး ချေမှုန်းရန်ဖြစ်ပြီး နောက်တစ်ခုမှာမူ ခေါင်းဆောင်ကို တိုက်ရိုက်ပစ်မှတ်ထား၍ သုတ်သင်မည့် ခေါင်းဖြတ်စစ်ဆင်ရေး ပြုလုပ်ရန်ဖြစ်သည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဇွန်ဘီဘုရင်သည် ဇွန်ဘီဒီရေလှိုင်းကြီးကို ဆင့်ခေါ်နိုင်သောကြောင့် ကျန်းဟိုင်မြို့နှင့် တခြားစခန်းမြို့တော်များ ပူးပေါင်းလျှင်ပင် အင်အားချင်းယှဉ်၍ အနိုင်ယူရန် ခက်ခဲလှသည်။ ခေါင်းဖြတ်စစ်ဆင်ရေး လုပ်ရန်မှာလည်း အလားတူ ခက်ခဲသည်။ ဇွန်ဘီဘုရင်၏ လက်အောက်တွင် အဆင့်မြင့် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများစွာ ရှိနေသောကြောင့်ပင်။ ဧကရာဇ်မြို့တော်မှ နာမည်ကျော် ပျံလွှားနဂါးအဖွဲ့ ပင်လျှင် သူ၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရဖူးသည်။

သို့ရာတွင် လူနည်းစုကမူ ဤလျှို့ဝှက်ဆန်းကြယ်သူ၏ အကြံပြုချက်အပေါ် စိုးရိမ်တကြီးဖြင့် ကန့်ကွက်နေကြသည်။

"ကျွန်တော်ကတော့ ဒါကို မသင့်တော်ဘူးလို့ ထင်ပါတယ်။ မိုးကြိုးဟိန်းသံရဲ့ အင်အားက အရမ်းကို အန္တရာယ်များလွန်းသလို သူ့ကို သွားပြီး ရန်စဖို့ဆိုတာလည်း မလွယ်ပါဘူး။ အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့ရင် ကျွန်တော်တို့ ကျန်းဟိုင်စခန်းတစ်ခုလုံး အမြစ်ပြတ်သွားနိုင်တဲ့အထိ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်"

"ခေါင်းဆောင်ကြီး... ကျွန်တော့်အမြင်အရတော့ ဒီကိစ္စကို သေချာစဉ်းစားသင့်ပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး။ သူ့ရဲ့ အကြံပြုချက်နောက်ကွယ်မှာ တစ်ခုခု ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်ပါတယ်"

ခဏအတွင်းမှာပင် နှစ်ဖက်စလုံးမှာ အပြင်းအထန် အငြင်းပွားလာကြပြီး အခြေအနေက ပိုမိုတင်းမာလာသည်။ ထိုအချိန်၌ပင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး မျက်နှာဖျော့တော့နေသော အရာရှိတစ်ဦး အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။

"ခေါင်းဆောင်ကြီး... ဧကရာဇ်မြို့တော်က သတင်းတစ်ခု အခုလေးတင် ရောက်လာပါတယ်။ ဧကရာဇ်မြို့တော်ဘက်မှာ လောလောဆယ် အင်အားမထုတ်ပေးနိုင်သေးတဲ့အတွက် ကျင်းပြည်နယ်ထဲက အဓိကအခြေစိုက်စခန်းတွေအားလုံး စုပေါင်းပြီး ဇွန်ဘီဘုရင်ကို ရင်ဆိုင်ကြဖို့ အကြောင်းကြားလာပါတယ်ခင်ဗျာ"

၎င်းကို ကြားလိုက်ရသည့်အခါ အားလုံး၏ မျက်နှာများမှာ စိတ်ပျက်အားငယ်မှုများနှင့်အတူ ချက်ချင်း ပြောင်းလဲသွားကြသည်။

တခြားစခန်းတွေနဲ့ ပူးပေါင်းရမယ် ဟုတ်လား။ အဲဒီလို ပူးပေါင်းတာကသာ တကယ်

အလုပ်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့တွေ ဧကရာဇ်မြို့တော်ဆီ အကူအညီတောင်းနေစရာ အကြောင်းမရှိဘူး။ အခုတော့ ကြည့်ဦး... ဇွန်ဘီဘုရင်က အခြေစိုက်စခန်းတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်လိုက်ပြီ မဟုတ်ဘူးလား။

ထိုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးတွင်တောင် ဧကရာဇ်မြို့တော်က အကူအညီ မပို့ပေးခြင်းမှာ အားလုံးကို တုန်လှုပ်သွားစေသည်။

ထိုအချိန်၌ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုမှာ တပြိုင်နက်တည်း ပေါ်လာသည်။

"ဒါဆိုရင်... ကျင်းပြည်နယ်ကို ဧကရာဇ်မြို့တော်က စွန့်ပစ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်လား"

All Chapters