← Chapters

အခန်း (၃၈၆)

Vol. 39 Ch. 386

အခန်း (၃၈၆)

Vol. 39 Ch. 386

အခန်း။ ၃၈၆

ယွီဟွာ အခြေစိုက်စခန်းအတွင်းရှိ လေ့ကျင့်ရေးကွင်းအတွင်း၌ ကျောက်လင်းသည် သူမ၏ လက်အောက်ငယ်သားများကို တိုက်ခိုက်ရေးနည်းစနစ်များ သင်ကြားပြသပေးနေသည်။ သူမသည် ပထမဆုံးလူနှစ်ဦးကို ရွေးထုတ်၍ အပြန်အလှန် ယှဉ်ပြိုင်စေပြီးနောက် သူတို့၏ အားနည်းချက်များကို တစ်ခုချင်းစီ ထောက်ပြသည်။ ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးထဲတွင် ကျောက်လင်းသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူမ၏ လက်အောက်ငယ်သားတစ်ဦးကို ဆူပူကြိမ်းမောင်းလိုက်သည်။

“နင့်ကို ငါ ဘယ်နှစ်ခါ ပြောရမလဲ... ရန်သူရဲ့ တိုက်စစ်နဲ့ ရင်ဆိုင်ရတဲ့အခါ မကြောက်ပါနဲ့ဆိုတာ။ နင် တစ်ချက်ကလေး တုံ့ဆိုင်းသွားတာနဲ့တင် ရှုံးဖို့က သေချာသလောက် ရှိသွားပြီ။ နားလည်လား”

အဆူခံလိုက်ရသော ငယ်သားသည် ပတ်ဝန်းကျင်မှ အကြည့်များကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ခေါင်းငိုက်စိုက် ကျသွားရှာသည်။

“ဟွန်း အသုံးမကျတာ နောက်တစ်ခါ တိုက်ပွဲမစခင် နောက်ဆုတ်နေတာကို ငါ ထပ်တွေ့ရင်တော့ နင် ဆင့်ကဲပြောင်းလဲသူများအဖွဲ့ထဲမှာ ဆက်နေစရာ မလိုတော့ဘူး။ နောက်ကို ဆုတ်တော့”

ကျောက်လင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စိတ်မရှည်သလို လက်ယမ်းပြလိုက်ရာ ထိုငယ်သားနှစ်ဦးမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး လူအုပ်ထဲသို့ အမြန်ပြန်ဝင်သွားကြသည်။

“ကဲ... နောက်ထပ် နှစ်ယောက်။ ကျန်းချင်းယွီနဲ့ ဝမ်ယဲ့... နင်တို့နှစ်ယောက် ထွက်ခဲ့”

ကျောက်လင်းသည် လူအုပ်ထဲသို့ လက်ညှိုးထိုးကာ နောက်ထပ် နှစ်ဦးကို ထပ်မံရွေးထုတ်လိုက်သည်။ ရွေးချယ်ခံရသူများမှာ မျက်နှာပျက်သွားကြသော်လည်း ခေါင်းဆောင်၏ အကြည့်အောက်တွင် စိတ်ကိုတင်း၍ ရှေ့သို့ ထွက်လာကြရသည်။

“စတော့”

ကျောက်လင်း၏ အမိန့်ပေးသံနှင့်အတူ သူတို့နှစ်ဦးမှာ လူအုပ်အလယ်၌ အပြင်းအထန် စတင်

တိုက်ခိုက်ကြတော့သည်။ ကျောက်လင်းသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို အသေအချာ စောင့်ကြည့်နေပြီး အားနည်းချက်များကို တစ်ခုချင်းစီ ထောက်ပြပေးနေသည်။

ကျောက်လင်းအနေဖြင့် ယွီဟွာဂိုဏ်းကို ဦးဆောင်ကာ ယွီဟွာ အခြေစိုက်စခန်းနှင့် ပူးပေါင်းခဲ့သည်မှာ ရက်အနည်းငယ် ရှိခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း မြို့တော်အရာရှိများ၏ အကူအညီဖြင့် သူမသည် နောက်လိုက်များကို သင့်တော်သလို နေရာချထားပေးနိုင်ခဲ့သည်။ ဆင့်ကဲပြောင်းလဲသူများကိုမူ သူတို့၏ မိသားစုများနှင့်အတူ မြို့တွင်းပိုင်းတွင် နေရာပေးထားသော်လည်း သာမန် အသက်ရှင်ကျန်ရစ်သူများမှာမူ ထိုမျှ ကံမကောင်းကြဘဲ မြို့ပြင်ပိုင်းတွင်သာ နေထိုင်ကြရသည်။ ခံစားခွင့်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသော်လည်း ၎င်းမှာ လက်ရှိကမ္ဘာပျက်ကပ်၏ လက်တွေ့ဘဝပင်။

ဤခေတ်တွင် ဆင့်ကဲပြောင်းလဲသူများ၏ အဆင့်အတန်းမှာ သာမန်လူများထက် များစွာ မြင့်မားနေသည်။

သို့သော်လည်း ကျောက်လင်းသည် တာဝန်သိတတ်သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ သူမ၏ သာမန်နောက်လိုက်များကို မြို့ပြင်ပိုင်းတွင် နေရာချထားပေးရုံနှင့် ပစ်ပယ်မထားခဲ့ပေ။ သူမသည် မြို့တော်တွင် ရရှိထားသော သူမ၏ အဆင့်အတန်းကို အသုံးပြုကာ သာမန်

နောက်လိုက် မိသားစုဝင်တိုင်းအတွက် အလုပ်အကိုင်များ ရှာဖွေပေးခဲ့ပြီး သူတို့၏ ဝမ်းရေးကို ဖြေရှင်းပေးခဲ့ရာ ယခုဆိုလျှင် အားလုံးနီးပါး အဆင်ပြေသွားကြပြီ ဖြစ်သည်။

ကျောက်လင်းအတွက် အရေးအကြီးဆုံးမှာ ဆင့်ကဲပြောင်းလဲသူ လက်အောက်ငယ်သား ၂၀၀ ပင်။ အခြေစိုက်စခန်းက သူမအား တပ်မှူးရာထူး ပေးထားပြီး နောက်လိုက်များကိုလည်း ကိုယ်တိုင်စီမံခန့်ခွဲခွင့် ပေးထားသည်။ သို့သော် သူမလက်အောက်ရှိ ဆင့်ကဲပြောင်းလဲသူ အရေအတွက် များပြားလွန်းခြင်းကြောင့် ဖြစ်နိုင်သည်။ မြို့တော်က အဖွဲ့တစ်ဖွဲ့အတွက် လိုအပ်သော အရင်းအမြစ်များကိုသာ ထောက်ပံ့ပေးထားပြီး သူမအား အမိန့်ပေးရန်အတွက် အခြားအဖွဲ့များကို တာဝန်ချထားပေးခြင်း မရှိသေးပေ။ ထို့ကြောင့် ကျောက်လင်းသည် တကယ့်တပ်မှူးစစ်စစ်တစ်ဦး ဖြစ်လာစေရန် သူ့ဘာသာ အဖြေရှာရတော့မည်ဖြစ်သည်။

မကြာမီမှာပင် သူမသည် သူမ၏ ဆင့်ကဲပြောင်းလဲသူ ငယ်သားများကို ဆင့်ကဲပြောင်းလဲသူအဖွဲ့များအဖြစ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် သူမအနေဖြင့် အဖွဲ့ ၅ ဖွဲ့ ဖွဲ့စည်းရန် ခွင့်ပြုချက်ရရှိထားပြီး အဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၇ ဦးစီဖြင့် စုစုပေါင်း ၃၅ ဦး ရှိမည်ဖြစ်သည်။ သို့သော် သူမလက်အောက်တွင် ဆင့်ကဲပြောင်းလဲသူ ၂၀၀ ရှိနေသဖြင့် ၃၅ ဦးသာ ကံကောင်းထောက်မစွာဖြင့် အဖွဲ့ထဲသို့ ဝင်ခွင့်ရမည်ဖြစ်ပြီး ကျန်ရှိနေသူများမှာမူ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

အဖွဲ့ဝင်များအတွက် သတ်မှတ်ပေးထားသော ခံစားခွင့်များမှာ အလွန်ကောင်းမွန်သောကြောင့် ရည်မှန်းချက်ကြီးသည့် ဆင့်ကဲပြောင်းလဲသူတိုင်းမှာ ဤနေရာအတွက် ယှဉ်ပြိုင်လိုကြသည်။ နောက်ဆုံးတွင် ဆူညံပွက်လောရိုက်နေသော အခြေအနေများကြောင့် တခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ကျောက်လင်းသည် လူပေါင်း ၂၀၀ ထဲမှ အတော်ဆုံး ၃၅ ဦးကို ရွေးချယ်ရန် လူရွေးပွဲတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျောက်လင်း၏ လမ်းညွှန်မှုအောက်တွင် အလယ်မှ တိုက်ပွဲမှာ ပြန်လည်စတင်လာသည်။ ဘေးနားမှ ဝိုင်းကြည့်နေသည့် ယွီဟွာဂိုဏ်းဝင်များကလည်း အသေအချာ နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြသည်။ ခဏတာအတွင်း၌မူ ပတ်ဝန်းကျင် အခြေအနေမှာ တော်တော်လေး ထူးဆန်းနေသည်။ တခြားသူများက ဆူညံစွာ လေ့ကျင့်တိုက်ခိုက်နေကြချိန်တွင် ကျောက်လင်းတို့ရှိရာမှာမူ တကယ့်စာသင်ခန်းတစ်ခုကဲ့သို့ ငြိမ်သက်လေးနက်နေသောကြောင့်ပင်။

“ဟွန်း သူတို့တွေ ဒီလောက် အလေးအနက် နားထောင်နေကြတာဆိုတော့ ဘယ်လို နက်နဲတဲ့ တရားတွေများ ဟောနေတာလဲလို့ အံ့သြမိပါရဲ့။ ကြည့်ရတာ အထက်လူကြီးတွေလည်း တစ်ခါတလေ လူရွေးမှားတတ်ပုံပဲ။ လေကြီးလေကျယ် ပြောတတ်တဲ့လူကို ရာထူးတိုးပေးလိုက်မိတာကိုး”

မမျှော်လင့်ဘဲ လူအုပ်အပြင်ဘက်မှ မနာလိုဝန်တိုမှုများ ပြည့်နှက်နေသော လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းကို ကြားလိုက်ရသည့်အခါ ယွီဟွာဂိုဏ်းသားများမှာ ဒေါသထွက်သွားကြပြီး အသံလာရာဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ ရောက်လာသူမှာ အသားညိုညိုနှင့် သက်လတ်ပိုင်း စစ်အရာရှိတစ်ဦးဖြစ်ပြီး ကျောက်လင်းနှင့် သူမ၏အဖွဲ့ကို မထီမဲ့မြင် ကြည့်နေခြင်းပင်။ သူ၏နောက်မှ ဆင့်ကဲပြောင်းလဲသူအချို့ကလည်း လှောင်ပြုံး ပြုံးနေကြသည်။

“မင်း ငါတို့ခေါင်းဆောင်ကို ဘယ်လိုတောင် စော်ကားရဲတာလဲ။ ငါတို့ မင်းကို ခွင့်မလွှတ်ဘူးနော်”

ဂိုဏ်းသားတစ်ဦးက ထိုအရာရှိနှင့် သူ၏အဖွဲ့ကို ဒေါသတကြီး အော်ဟစ်လိုက်ပြီး တခြားအဖွဲ့ဝင်များလည်း အလားတူပင် ဒေါသထွက်နေကြသည်။

“ရှင် ဘာရည်ရွယ်ချက်နဲ့ ပြောတာလဲ ကျွန်မတို့ကို ရန်စချင်တာလား”

ကျောက်လင်းက မျက်နှာသေဖြင့် အနားသို့ တိုးလာသည်။

“ဟားဟား... အသစ်တက်လာတဲ့ တပ်မှူးကျောက်ဆိုတာက အပြောပဲရှိပြီး အလုပ်မရှိတဲ့လူမျိုးလားဆိုတာ သိချင်လို့ပါ”

အရာရှိက လှောင်ပြောင်ရင်း ပြန်ချေပလိုက်သည်။

ထိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အရာရှိ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး လျှပ်စီးတန်းတစ်ခုအလား ကျောက်လင်းထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

ပြေးဝင်လာစဉ်အတွင်းမှာပင် ထိုအရာရှိ၏ ခန္ဓာကိုယ်မှာ ကြေးညိုရောင် ရုပ်ထုတစ်ခုအလား ပြောင်းလဲသွားပြီး စိန်လက်နက်ကဲ့သို့ မဖျက်ဆီးနိုင်သောခန္ဓာကိုယ်အဖြစ်သို့ အသွင်ပြောင်းသွားသည်။

"အဆင့် ၃ ဆင့်ကဲပြောင်းလဲသူလေးကများ ငါ့ရှေ့မှာ လာပြီး ရမ်းကားရဲတယ်ပေါ့"

ကျောက်လင်း ဒေါသအလိပ်လိုက် ထွက်သွားရသည်။ ဤလူသည် အတင့်ရဲလွန်းလှသဖြင့် ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးရန် လိုအပ်သည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ကျောက်လင်းသည် တစ္ဆေတစ်ကောင်အလား လှုပ်ရှားလိုက်ပြီး ကျဉ်းမြောင်းသော နေရာလွတ်အတွင်း လျင်မြန်စွာ ရှောင်တိမ်းကာ သူမ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူမ၏ လက်ဝါးဖြင့် ပြင်းထန်စွာ ဖိနှိပ်ချလိုက်ပါတော့သည်။

ဘုန်း….

ကျယ်လောင်သော အသံကြီးနှင့်အတူ အရာရှိ၏ ဦးခေါင်းမှာ ကျောက်လင်း၏ လက်ချက်ဖြင့် မြက်ခင်းပြင်ထဲသို့ စိုက်ဝင်သွားပြီး မြေကြီးများကိုပင် ငုံလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း လှုပ်မရတော့ဘဲ ဖြစ်သွားရသည်။

ရောက်ရှိနေသော နှစ်ဖက်စလုံးမှ လူများမှာ ကြောင်အမ်းသွားကြသည်။

တစ်ကွက်တည်းနှင့် အပြတ်အသတ် ရှုံးနိမ့်သွားခြင်းပင်

ထိုအရာရှိမှာ တစ်ချက်တည်းနှင့် တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းသွားသည်ကို မြင်ရသောအခါ ကျောက်လင်းသည် ဘာမှမတတ်နိုင်သလို ခံစားလိုက်ရပြီး သူ၏ခေါင်းကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးကာ ဘေးသို့ ဖယ်ပေးလိုက်သည်။

"တပ်မှူးကျောက်... ခင်ဗျားရဲ့ အစွမ်းက တကယ့်ကို ထူးကဲပါတယ်။ ကျွန်တော် လေးစားသွားပါပြီ"

တစ်မိနစ်ခန့် ကြာပြီးနောက်မှသာ ထိုအရာရှိသည် လူးလဲထလာနိုင်ပြီး ကျောက်လင်းကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ရှက်ကိုးရှက်ကန်း ချီးကျူးစကားပြောရင်း သူ၏လူများနှင့်အတူ ထွက်ခွါသွားတော့သည်။

ကျောက်လင်းကတော့ ဘာအမူအရာမှမပြဘဲ သူတို့ထွက်ခွာသွားသည်ကို ကြည့်နေပြီး သူမ၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်နေသည်။

နာရီဝက်အကြာတွင် အစည်းအဝေးခန်းမအတွင်း၌ ကျောက်လင်းအပါအဝင် ယွီဟွာ အခြေစိုက်စခန်း၏ ထိပ်တန်းခေါင်းဆောင်များ အားလုံး စုံညီစွာ ရောက်ရှိနေကြသည်။ ကျောက်လင်းအတွက်မူ ဤကဲ့သို့သော အဆင့်မြင့် အစည်းအဝေးမျိုးသို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းပင်။

"ဒီကိစ္စကို ခင်ဗျားတို့ အားလုံး သိကြပြီးသားပါ။ မိုးကြိုးဟိန်းသံကို သွေးဆောင်ပြီး ဇွန်ဘီဘုရင်ကို တိုက်ခိုက်ခိုင်းမယ့် အစီအစဉ်က ရက်အတော်ကြာနေပြီ။ ကျွန်တော်တို့ ထပ်ပြီး အချိန်ဆွဲလို့ မရတော့ဘူး။ ဒီအစီအစဉ်ကို ဆက်လုပ်မလား။ မလုပ်ဘူးလားဆိုတာ ဒီနေ့ပဲ မဲခွဲဆုံးဖြတ်ရမယ်"

မြို့တော်ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်လျက် အရေးတကြီး ပြောလိုက်သည်။

အဆင့်မြင့် အဖွဲ့ဝင်များ၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဝေခွဲမရ ဖြစ်နေကြသည်။

"ကောင်းပြီ... သဘောတူတဲ့လူတွေ လက်ထောင်ကြပါ"

နောက်ဆုံးတွင်တော့ မမျှော်လင့်ဘဲ ခုနစ်ပုံ ငါးပုံသော လူများက သဘောတူခဲ့ကြသဖြင့် မိုးကြိုးဟိန်းသံကို အသုံးချ၍ ဇွန်ဘီဘုရင်နှင့် ထိပ်တိုက်တွေ့စေမည့် အစီအစဉ်မှာ အတည်ဖြစ်သွားခဲ့သည်။

အစွန်ဆုံးတွင် ထိုင်နေသော ကျောက်လင်းသည် အသေးစိတ် အစီအစဉ်များကို နားထောင်ရင်း တုန်လှုပ်ချောက်ချားသွားရသည်။

"သွားပြီ ငါ လုချွမ်းနဲ့ ချီချီလေးကို သွားပြီး သတိပေးမှ ဖြစ်တော့မယ်"

All Chapters