← Chapters

ကံကောင်းစေတဲ့ ဆွဲဆောင်မှုတစ်ခု : ငွေကြေးဆုံးရှုံးမှု လမ်းကြောင်းတစ်ခု  (1)

Vol. 44 Ch. 431

ကံကောင်းစေတဲ့ ဆွဲဆောင်မှုတစ်ခု : ငွေကြေးဆုံးရှုံးမှု လမ်းကြောင်းတစ်ခု  (1)

Vol. 44 Ch. 431

သူတို့၏ သမီးကြီး မျိုးရိုးနာမည်မှာ ဝမ်ဖြစ်ပြီး နာမည်မှာ ယွင်ယွင်ဖြစ်သည်။

သူနှစ်ဦးက ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ကျပြီး ကလေးစောစောရခဲ့သည်။ ယခုအချိန်တွင် ယွင်ယွင်သည်က အသက် (၁၆)နှစ် ရှိပြီဖြစ်ကာ နည်းပညာအထက်တန်းကျောင်းတစ်ခုတွင် တက်ရောက်နေခဲ့သည်။

သူမက မကြာသေးမီကမှ အိမ်သို့ ခွင့်ဖြင့် ပြန်ရောက်လာခြင်းဖြစ်သည်။

ငယ်စဉ်ကာလတွင် အသက် (၇)နှစ်အရွယ်ထိ အဘိုး၊အဘွားများဖြင့် ထားရစ်ခံခဲ့ရခြင်းကြောင့်ပေလောမသိပါချေ။

သူမက မိဘများနှင့် နီးစပ်ခြင်းမရှိဘဲ ငယ်စဉ်ကတည်းက အင်မတန် ဆိုးခဲ့သည်။

မစ်စ်စွန်း၏ မျက်ဝန်းများ နီရဲနေခဲ့သည်။

“ဒီလောက်ပဲဆိုရင်တော့ ကျွန်မတို့တွေ ဒီနေ့လို ကိစ္စမျိုး ဖြစ်မှာမဟုတ်ဘူး၊ ယွင်ယွင်က ဘယ်တုန်းကတည်းက အင်တာနက်ပေါ်က ဆယ်လီတွေကို လိုက်ပြီး သဘောကျလဲ ဆိုတာ မသိတော့ပါဘူး”

“သူ အဲဒီဆယ်လီတွေရဲ့နောက်ကို အတင်းလိုက်နေခဲ့တာကနေ ကျွန်မတို့ရဲ့ မိသားစုလည်း အခုလိုဆင်းရဲမွဲတေနေရတာပါပဲ”

အနည်းငယ်သက်သာသွားပြီဖြစ်သော မစ်စတာဝမ်က ကင်မရာအား ကြည့်လိုက်သည်။

“တောက်ကျန့်၊ စောစောက ပြောလိုက်တာလေ၊ ကျွန်တော်တို့ မိသားစုက အခုလတ်တလောမှာ ကပ်ဆိုးကြုံနေရတယ်ဆိုတာ..”

[မိသားစုပြဿနာ? အဲဒီကောင်မလေးက ဘယ်ဆယ်လီကို သဘောကျနေတာလဲ မသိဘူး၊ နည်းနည်းတော့ ပုံကြီးချဲ့နေသလိုပဲ]

[ကုကျစ်စုန့်က သဘာဝလွန်ပညာရှင်ဆိုပေမဲ့ သူ့ရဲ့ ပထမအလုပ်က အနုပညာလောကထဲက ဆယ်လီပဲလေ

ပြောရရင် အဲဒီနယ်ပယ်မှာ သူက ပထမတန်းစားလို့တောင် ပြောလို့ရတယ်. အခုတိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေတော်တော်များများကလည်း သူ့ပရိတ်သတ်တွေချည်းပဲ

အကူအညီတောင်းသူတွေသာ အခုလို ပြောလိုက်ရင် အကုန် ဒေါသထွက်ကုန်ကြဦးမယ်နော်]

ဆိုဖာပေါ်တွင် ထိုင်နေသည့် ဇနီးမောင်နှံနှစ်ယောက်မှာ မျက်နှာပြင်အား စိုက်ကြည့်နေကြခြင်းဖြစ်သည်။ သူတို့ကို ဝေဖန်နေကြသော မှတ်ချက်များကိုလည်း မြင်တွေ့နေရသောကြောင့် ချက်ချင်း လက်ကာလိုက်ပြီး ငြင်းဆိုကြသည်။

“အဲဒီလို အဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး၊ ပုံမှန်အတိုင်း ဆယ်လီတွေကို သဘောကျတာဆိုရင် ကျွန်တော်တို့တွေ မကန့်ကွက်ပါဘူး ဒါပေမဲ့… ဒါပေမဲ့..”

သူတို့နှစ်ဦး ခေတ္တမျှ တွေဝေသွားပြီးနောက် သက်ပြင်းချလိုက်မိသည်။

ထို့နောက် သမီးဖြစ်သူ ဝမ်ယွင်ယွင်၏ အရူးတစ်ယောက်အလား ဆယ်လီကို နှစ်သက်သည့် ပုံစံကို ပြောပြလာခဲ့သည်။

ဝမ်ယွင်ယွင်သည်က ငယ်ရွယ်သေးသော်လည်း အင်တာနက်ပေါ်မှ ကြယ်ပွင့်များကို နှစ်သက်နေသည်မှာ နှစ်ကြာပြီဖြစ်သည်။

သူမသည် အသက်(၇)နှစ်အရွယ်တွင် မြို့ပေါ်သို့ မိဘနှစ်ပါးနှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။

မူလတန်းမတိုင်မီအထိ နယ်ဘက်တွင်‌ နေထိုင်ခဲ့ပြီး သူမ၏ အဘိုးအဘွားများသည်လည်း မန်ဒရင်စကားအား ကျွမ်းကျင်စွာ မပြောနိုင်ကြပေ။

ထို့ကြောင့် သူမ စကားပြောလျှင် လေသံဝဲနေခဲ့သည်။

မြို့ပေါ်မှ ကျောင်းသို့ ပြောင်းလာချိန်တွင် သူမ၏ စကားဝဲခြင်းအား လိုက်လံတုပကာ လှောင်ပြောင်ခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့်ပင် သူမသည်က လူအများနှင့် ရောရောနှောနှောမနေတတ်တော့ဘဲ တစ်ဦးတည်းသာ နေထိုင်လာခဲ့သည်။

မစ်စ်စွန်း မှတ်မိသည့်အတိုင်းဆိုလျှင် သမီးဖြစ်သူမှာ အမြဲလိုလို တစ်ဦးတည်း ဖြစ်နေတတ်ပြီး သူငယ်ချင်းကောင်းလည်း တစ်ဦးမှမရှိပေ။

သို့သော် မြို့ပေါ်သို့ ရောက်လာပြီးနောက် အင်တာနက်ဖြင့် ထိတွေ့ခဲ့ချိန်တွင် သူမက အင်တာနက်ပေါ်မှ ကြယ်ပွင့်များအား ရူးသွပ် စွဲလမ်းလာခဲ့သည်။

ပထမတွင် ယွင်ယွင်က မိသားစုထံမှ ပိုက်ဆံခိုး၍ ထိုအိုင်ဒေါများ၏ အယ်ဘမ်များ၊ ပိုစတာများ၊ မဂ္ဂဇင်းများ ဝယ်ယူခဲ့သောကြောင့် အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရသည်။

မစ်စ်စွန်းတို့ ဇနီးမောင်နှံအနေဖြင့် ဆိုဖာအောက်နှင့် ယွင်ယွင်၏ စားပွဲတွင် ဖွက်ထားသော ဆယ်လီများ၏ ရောင်စုံဓာတ်ပုံများ၊ ပိုစတာများကိုသာ မမြင်ခဲ့ပါက သူမဘက်မှ ပိုက်ဆံကို ခိုးယူခဲ့ခြင်းမဟုတ်ကြောင်းကို အဆုံးထိ ငြင်းဆိုနေခဲ့လိမ့်မည်ဖြစ်သည်။

နောက်ပိုင်းတွင် ကျောင်းဆရာများထံမှ ဖုန်းလက်ခံရခဲ့ပြီး သမီးဖြစ်သူက အတန်း၏ ရန်ပုံငွေကြေးများကိုပါ ခိုးယူခဲ့ကြောင်း အသိပေးလာခဲ့သည်။

ထိုသို့သော ကိစ္စများပ အကြိမ်ရေစိတ်လာခဲ့သည်။ ဝမ်ယွင်ယွင်မှာ ချော့ပြော၍လည်းမရ၊ ခြောက်ပြော၍လည်း လက်မခံခဲ့ချေ။

မည်သို့ပင် ဆုံးမပါစေ ပြောင်းလဲခြင်းမရှိသောကြောင့် ဝမ်ဇနီးမောင်နှံမှာ အင်မတန် ပင်ပန်းခဲ့ရသည်။

ထို့အပြင် သူတို့က မိဘတာဝန်မကျေ၍ သားသမီးအား သေချာမပျိုးထောင်နိုင်ခဲ့ဟု ခံစားခဲ့ရသည်။

မစ်စ်စွန်းနှင့် ခင်ပွန်းဖြစ်သူတိုမှာ ကြံရာမရသည့်အဆုံး သမီးဖြစ်သူ၏ အကြိုက်အား အလိုက်ဆောင်ခဲ့ရသည်။

လစဉ်လတိုင်း သူတို့က ဝမ်ယွင်ယွင်အား ထိုအိုင်ဒေါများ၏ ပစ္စည်းများ ဝယ်ယူရန် မုန့်ဖိုးသီးသန့် ပေးခဲ့သောကြောင့် ပိုက်ဆံခိုးယူသည့် အကျင့်က သိသိသာသာ လျော့သွားခဲ့သည်။

ထို့အပြင် သူမက ငယ်စဉ်ကတည်းက အင်တာနက်ဖြင့် ရင်းနှီးနေသောကြောင့် အင်တာနက်ပေါ်မှ ရိုင်းစိုင်းသော စကားလုံးများကိုလည်း နှုတ်ယဉ်နေခဲ့သည်။

ဒေါသကြီး၍ အလွယ်တကူ စိတ်တိုတတ်သည်။ သူမ၏ ပညာရေးအဆင့်များမှာလည်း ဆိုးရွားလွန်းသည်။

အလယ်တန်းကျောင်းအောင်မြင်ပြီးချိန်တွင် မြို့တွင်းမှ အမှတ်အနည်းဆုံး သာမန်အထက်တန်းကျောင်းများကိုပင် တက်နိုင်သည့် အမှတ်မရသောကြောင့် မစ်စ်စွန်းတို့ လင်မယားသည် သမီးဖြစ်သူအား နည်းပညာအထက်တန်းကျောင်းသို့သာ ပို့ခဲ့ရသည်။

ပြောနေရင်းပင် မစ်စ်စွန်း မျက်ရည်သုတ်လိုက်သည်။

“ဒီနှစ်ရဲ့ အစတုန်းကပေါ့၊ သူ နောက်ထပ်ဆယ်လီအသစ်တစ်ယောက်ကို သဘောကျသွားတာ၊ အဲဒီအချိန်ကတည်းက သူ လုံးဝကို ရူးသွပ်သွားသလိုပါပဲ၊

စားလည်းမစား ၊သောက်လည်းမသောက်ပဲနဲ့ အဲဒီဆယ်လီကို ပိုက်ဆံတွေပေး၊ လက်ဆောင်တွေ ပေးနေခဲ့တာ!”

“ကျွန်မတို့ဆီကနေလည်း ငွေတွေကို ဆက်တိုက် တောင်းနေခဲ့တယ်၊ ဖုန်းခေါ်တိုင်းလည်း သူ့မှာ အကြောင်းပြချက်က အပြည့်နါ့ ပိုက်ဆံတောင်းဖို့အတွက်ပဲ”

မစ်စတာဝမ်သည်လည်း သက်ပြင်းချကာ စိတ်ပင်ပန်းနေဟန်ပေါ်သည်။

သူတို့က သမီးဖြစ်သူအား နေစရိတ်၊စားစရိတ်အတွက် တစ်လလျှင် ယွမ်(၂၀၀၀)ကျော် ပို့ပေးတတ်သည်။

ထိုပမာဏသည်က သူမနှင့် ရွယ်တူကျောင်းသားများအတွက် ပုံမှန်ပမာဏထက်ပင် ကျော်လွန်သေးသည်။

အင်မတန်ချမ်းသာသည့် ကျောင်းသားများနှင့်ယှဉ်လျှင်သာ လျော့နည်းလိမ့်မည်။

ထိုသို့ဖြစ်သော်လည်း ယွင်ယွင်င အမြဲလိုလို မုန့်ဖိုးထပ်တောင်းလေ့ရှိပြီး သူမ၏ နေ့စဉ်အသုံးအဆောင်များအတွက်ပါ ပိုက်ဆံပြန်တောင်းလေ့ရှိသည်။

ဝမ်ယွင်ယွင်၏ စကားအရ: ‘ဒီလောက်ငွေလေးက ဘယ်လိုမှ မလောက်ဘူးလေ၊ ကျွန်မအခန်းဖော်တွေ အတန်းဖော်တွေ အကုန်လုံးက နာမည်ကြီးဘရန်းတွေချည်းပဲ ဝတ်တာ

ကျွန်မကျတော့ အပြင်မှာ မုန့်လေးနည်းနည်းစားလိုက်တာနဲ့ ပိုက်ဆံမရှိတော့ဘူး!’

ထို့အပြင် ကျောင်းထဲ၌နည်းပညာပြိုင်ပွဲများလည်း ရှိသောကြောင့် ပြိုင်ပွဲများတွင် ရံဖန်ရံခါ ပါဝင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ကုန်ကျစရိတ်လည်း ရှိနေသေးသည်။

ထိုအချိန်က မစ်စ်စွန်းတို့ ဇနီးမောင်နှံမှာ သမီးဖြစ်သူ ငွေနောက်သို့ လိုက်ရင်း လမ်းမှားရောက်မည်ကို စိုးရိမ်သောကြောင့် သူမ ငွေတောင်းတိုင်း ပေးခဲ့ကြသည်။

အသေးအမွှားအသုံးစရိတ်များကိုပါ ပေါင်းလိုက်ပါက ဝမ်ယွင်ယွင်က တစ်လလျှင် အနည်းဆုံး ယွမ်(၂၅၀၀)၊ တစ်ခါတစ်ရံတွင် ယွမ် (၃၀၀၀)ကျော်ပင် သုံးလေ့ရှိသည်။

ရလဒ်မှာတော့ ပထမ semester အဆုံးတွင် ကျောင်းတာဝန်ရှိသူထံမှ ဖုန်းလက်ခံရခဲ့ပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ ဝမ်ယွင်ယွင် ငွေကြေးခိုးယူ၍မဟုတ်။ သူမနှင့် အဆောင်တူအခန်းဖော်များက သူမအား သည်းမခံနိုင်တော့သည့်အတွက်ကြောင့် စုပေါင်း၍ ကျောင်းမော်ကွန်းထိန်းထံသို့ စုပေါင်းသွားရောက်၍ သူမကို အခန်းလဲပေးရန် တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

အကြောင်းပြချက်မှာ ဝမ်ယွင်ယွင် သဘောကျနေသည့် အင်တာနက်ဆယ်လီသည်က ညဆယ်နာရီကျော်ချိန်တွင် မကြာခဏ တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသည်။

ထိုတိုက်ရိုက်လွှင့်ခြင်းသည်လည်း မနက်ခင်း (၂)နာရီ၊ (၃)နာရီခန့်ထိ ကြာမြင့်တတ်သည်။

ပို၍ အဆိုးဆုံးအချက်မှာ ဝမ်ယွင်ယွင်သည် ထိုတိုက်ရိုက်ထုတ်လွှင့်မှုအား တစ်နေကုန် နားထောင်တတ်သည်။

ညအိပ်ရာဝင်တော့မည့် အချိန်တွင်လည်း သူမ၏ဖုန်းမှ noti သံများ တဒေါင်ဒေါင်၊တဒင်ဒင် ထွက်နေတတ်သည်။

တစ်ခါတစ်ရံတွင် သူမသည်က တိုက်ရိုက်ထုတ်လွှင့်မှုအား အသံကျယ်လောင်စွာ ဖွင့်ထားတတ်သောကြောင့် တခြားအခန်းဖော်များ၏ အိပ်စက်ချိန်၊ အလုပ်လုပ်ချိန်နှင့် အနားယူချိန်တို့အား အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ထိုအချိန်မှပင် မစ်စ်စွန်းနှင့် ခင်ပွန်းဖြစ်သူတို့ သိခဲ့ရသည်မှာ ကျောင်းတွင် ပြိုင်ပွဲအများအပြား မရှိတတ်ကြောင်း၊ ကျောင်းသားများထံမှလည်း ငွေကြေးကောက်ခံခြင်းလည်းမရှိကြောင်းပင် ။

ဝမ်ယွင်ယွင် သူတို့ထံမှ ပိုက်ဆံတောင်းတိုင်း အမြဲတစေ အကြောင်းပြချက်အတုများသာ ပေးနေခဲ့ခြင်းသာဖြစ်သည်။

သူမက ထိုတိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လက်ဆောင်များပေးရန်၊ ပိုစတာများနှင့် တခြားပစ္စည်းများ ဝယ်ယူရန် ငွေများကို အကုန်သုံးပစ်ခဲ့သည်ပင်။

ထိုအဖြစ်ကို ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ကောလိပ်ကျောင်းသားများလည်း ဝင်ရောက်မှတ်ချက်ရေးသားခဲ့သည်။

[တစ်လကို (၂)ထောင်၊ (၃)ထောင်ဆိုတာတော့ များတာပေါ့၊ ငါတို့မိသားစုဆို ငါ့ကို ၁ထောင်ပဲ ပေးတာ!! ]

[ဟီးဟီး ငါလည်း တစ်ထောင်ပဲကွ၊ ငါ့အစ်ကို ဝမ်းကွဲကတော့ (၁၅၀၀) ရတယ်၊ ဒီကောင်မလေးက နေ့တိုင်း အပြင်စာတွေချည်းဝယ်စား၊ နေ့တိုင်း အသီးတွေပဲ ဝယ်စားနေတာမဟုတ်ရင်တော့ (၂၀၀၀)ဆိုရင် ပိုတောင်ပိုသေးတယ်]

[ဒီဦးလေးနဲ့ အန်တီတို့ ဝတ်စားထားပုံအရဆိုရင် အရမ်းကြီး ငွေကြေးတတ်နိုင်တဲ့ မိသားစုမျိုး မဟုတ်ပါဘူး၊ ဘာလို့ သမီးကို စည်းကမ်းမတင်းကြပ်ပဲ အရမ်းအလိုက်လိုက်ထားတာလဲမသိဘူး?]

[မိသားစုဆီကနေ ပိုက်ဆံခိုးတယ်၊ အခုလည်း ငွေတွေလိမ်ပြန်ပြီ၊ အဓိကအချက်က ဒီကောင်မလေးက ငယ်တော့တာလည်း မဟုတ်ဘူး နောက် (၂)နှစ်လောက်ဆိုရင် သူ အသက်ပြည့်ပြီလေ

အခုကတည်းက သေသေချာချာ အမြင်မှန်ရအောင် မထိန်းကျောင်းပေးနိုင်ဘူးဆိုရင်တော့ ကြီးလာရင် ပိုဆိုးဖို့ပဲရှိတယ်!]

[ဒါကြီးကတော့ ရူးသွပ်တာပါပဲ၊ ငါနားမလည်နိုင်တာကလေ မိဘတွေ သွေးနဲ့ ချွေးနဲ့ ရှာထားရတဲ့ ပိုက်ဆံကို ဆယ်လီတွေ၊ အင်တာနက်ဆယ်လီတွေအပေါ်မှာ အကုန်သုံးဖြုန်းပစ်တတ်တဲ့ ကလေးတွေကိုပဲ

သူကိုယ်တိုင် ပိုက်ဆံမရှာရတော့ နေ့စဉ်အသုံးအဆောင်တွေ၊ စားစရိတ်တွေက ဘယ်လောက်ဈေးကြီးလဲဆိုတာကို မသိကြဘူးလေ!]

ကုကျစ်စုန့် လက်ချောင်းထိပ်လေးများဖြင့် ခေါက်လိုက်ပြီးနောက် စကားစသည်။

“ရှင်တို့ရဲ့ ဘဝနန်းတော်တွေကို ကြည့်မယ်ဆိုရင် ရှင်ရော၊ ဇနီးသည်ရော နှစ်ယောက်လုံးက ‘ခုနှစ်ထောက်တိုင် လုယက်ခံရပြီး နာရီထောက်တိုင်သည် စားကောင်းသောက်ဖွယ်နတ်ဘုရား’ ဆိုတဲ့ ကံကြမ္မာမျိုး ရှိနေတယ်

အဲဒါက ရုပ်လက္ခဏာဗေဒမှာဆိုရင် ဘဝနောက်ပိုင်းမှာ ချမ်းသာကြွယ်ဝမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

*

All Chapters