← Chapters

ကံကြမ္မာပြောင်းလဲစေသော အစီအစဥ် (1)

Vol. 44 Ch. 434

ကံကြမ္မာပြောင်းလဲစေသော အစီအစဥ် (1)

Vol. 44 Ch. 434

ဇနီးမောင်နှံနှစ်ယောက်က ရဲစခန်းအား ဖုန်းဆက်အကြောင်းကြား၍ စုံစမ်းစစ်ဆေးပြီးချိန်တွင် သူတို့၏ကတ်ထဲမှ ငွေများအား ခိုးယူသွားခဲ့သည့် ‘သူခိုး’သည်က သူတို့၏ သမီး ဝမ်ယွင်ယွင်ပင် ဖြစ်နေခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။

သူမ ခိုးယူသွားခဲ့သော ငွေများမှာလည်း သူမ အကြိုက်ဆုံးအိုင်ဒေါအတွက် စုပေါင်းရံပုံငွေလင့်ခ်ထဲသို့ လွှဲပြောင်းလိုက်သည်မှာ ကြာပြီဖြစ်ပေသည်။

အချိန်ကြာမြင့်လွန်းပြီဖြစ်သောကြောင့် ပရိုဂရမ်ကပင် ပြီးဆုံးပြီဖြစ်ကာ အဖွဲ့ဝင်များသည်လည်း ရွေးချယ်ခံရပြီးဖြစ်ပေသည်။

ဆုံးရှုံးသွားသည့် ငွေများကို ပြန်ရနိုင်ချေမှာလည်း သုညပင် ဖြစ်ပေသည်။

မစ်စ်စွန်းတစ်ယောက် သတင်းကိုကြားရပြီး ကိုယ့်နားကိုယ်ပင် မယုံနိုင်ဘဲ မူးမေ့လဲသွားခဲ့ရသည်။ မစ်စတာဝမ်ကလညား ထိတ်လန်းတုန်လှုပ်စွာဖြင့် ရောက်သည့်ခရီးမှ ချက်ချင်း အိမ်သို့ ပြန်လာခဲ့သည်။

သူတို့က ရဲစခန်းတွင် ထိုင်ကာ စကားတစ်ခွန်းမျှ မပြောသည့် သမီးဖြစ်သူအား ကြည့်ရင်း ဒေါသလည်းထွက်ကာ ဝမ်းလည်း ဝမ်းနည်းမိနေကြသည်။

သမီးဖြစ်သူမှ ထိုငွေများကို အလွဲသုံးစားလုပ်ခဲ့ရသည့် အကြောင်းပြချက်မှာ ပို၍ပင် အံ့ဩဖွယ်ကောင်းလှသည်။

‘Debut လုပ်နိုင်တာကမှ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ

ကျွန်မတို့က သူရဲ့ နောက်ဆုံးထောက်ပံ့သူတွေ.. ရှင်တို့တွေက ဒါတွေကို နားမလည်ပါဘူး၊ အဆင့်တစ်ဆင့်လေး ကွာခြားရင်တောင်မှ Debut လုပ်ပြီးတဲ့အချိန် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေက အများကြီး ကွာတယ်!’

သူမက မိဘများ၏ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားငွေများကို ခိုးယူပြီး သူမ တစ်ခါမှပင် မတွေ့ဖူးသော အိုင်ဒေါတစ်ယောက်၏ အိပ်မက်ကို ဖြည့်ဆည်းပေးချင်နေခဲ့သည်။

ထိုအဖြစ်အပျက်ပြီးနောက်တွင် ဝမ်မိသားစုမှာ အမှောင်တွင်းထဲသို့ ကျဆင်းခဲ့ရသည်။

မိဘနှစ်ပါးက ထိုသို့ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်အား လက်မခံနိုင်ခဲ့ကြပေ။ ပို၍ စိတ်ပျက်မိစေသည်မှာ သမီးဖြစ်သူက ကိုယ့်အမှားကိုယ်ပင် နားမလည်နေခဲ့ပေ။

မိဘနှစ်ပါးက ကိုယ်ပိုင်အခွင့်အရေးအား ပြန်လည်ရယူနိုင်ရန်၊ ထိုအင်တာနက်ဆယ်လီ၏ ကုမ္ပဏီထံမှ လျော်ကြေးငွေ ပြန်တောင်းယူရန် ပြင်ဆင်နေကြကြောင်း ကြားသိလိုက်ရချိန်တွင် ဝမ်ယွင်ယွင်က နေအိမ်၌ ပြဿနာရှာခဲ့ပြီး သတ်သေမည်ဟုပင် ခြိမ်းခြောက်လာခဲ့သည်။

မိဘများက ဖန်ကလပ်နှင့်ဖြစ်စေ၊ ကုမ္ပဏီနှင့်ဖြစ်စေ ညှိနှိုင်းမှုဆောင်ရွက်နိုင်ရန်အတွက် ရှေ့နေရှာဖွေမည်ဟု ဆုံးဖြတ်လိုက်ကြချိန်တွင် ဝမ်ယွင်ယွင်က အလွန်အမင်းဒေါသထွက်ကာ ကိုယ့်လက်ကို ဓားဖြင့်လှီး၍ သေကြောင်းကြံစည်ခဲ့သည်။

သူမက စာတစ်စောင်လည်း ချန်ထားရစ်ခဲ့သည်။

ထိုစာထဲတွင် မိဘများကို အပြစ်တင်ခြင်းများသာ ပြည့်နှက်နေခဲ့သည်။

သူမသည်က နယ်ဘက်တွင် ချန်ထားခံခဲ့ရသော ကလေးဖြစ်ပြီး ထိုသည်က မည်မျှ နာကျင်ရကြောင်း၊ ကျောင်းတွင်လည်း စနောက်လှောင်ပြောင်ခံရပြီး အလွန်ပင် ရှက်စရာကောင်းကြောင်း ရေးသားထားခဲ့သည်။

မစ်စ်စွန်းနှင့် မစ်စတာဝမ်တို့ဘက်မှ သူမအား ပြန်လည်ပေးဆပ်သင့်ကြောင်း၊ ဤကဲ့သို့ ဘဝမျိုးတွင် နေထိုင်ရမည်ဆိုပါက မွေးဖွားမလာခြင်းသည်သာ ပို၍ ကောင်းလိမ့်မည်ဖြစ်ကြောင်းလည်း ရေးထားခဲ့သည်။

သူမ သဘောကျသည့် အိုင်ဒေါသည်က နေမင်းကဲ့သို့ တောက်ပကာ ချောမောလှပပြီး သူမ တစ်သက်လုံး မျှော်လင့်ခဲ့သည့် အလင်းရောင်ဖြစ်ကြောင်း၊ သူမ၏ ဘဝတစ်လျှောက်လုံးအတွက် အပျော်ရွှင်ရဆုံး ခံစားမှုများကို ပေးနိုင်သူဖြစ်ကြောင်း ပြောထားခဲ့သည်။

မိဘများက သူမကို မုန်းတီးပါက ဖမ်းဆီး၍ ထောင်ထဲသို့သာ ထည့်လိုက်သင့်သည်။

ယခုတွင်တော့ မိဘများက သူမအား အိုင်ဒေါနှင့် တခြားပရိတ်သတ်များရှေ့တွင် အရှက်ခွဲကြောင်း၊ ငွေပြန်တောင်းနေကြောင်း၊ ထိုသို့ဖြစ်ပါက သူမ၏ နောက်ဆုံး အလင်းရောင်လည်း ပျောက်ဆုံးသွားပြီဖြစ်ကာ သေခြင်းသည်သာ နည်းလမ်းကောင်းဖြစ်ကြောင်း ရေးသားခဲ့သည်။

မစ်စ်စွန်းက အချိန်မီ သိနိုင်ခဲ့ပြီး ဆေးရုံကားကိုခေါ်ကာ သမီးဖြစ်သူအား ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း သွေးထွက်လွန်သောကြောင့် အရေးပေါ်အခြေအနေထိ ရောက်ရှိခဲ့သည်။

သူမက ဆေးရုံတွင် တစ်ပတ်ကျော်ကြာ နေထိုင်ခဲ့ရသည်။

ထိုသို့ ပြဿနာများ ဖြစ်ပျက်ပြီးချိန်တွင် ဝမ်ဇနီးမောင်နှံမှာ အကြီးအကျယ် စိတ်ဓာတ်ကျသွားခဲ့သည်။

သူတို့က ထိုအိုင်ဒေါ၏ fan club နှင့်လည်း မဆွေးနွေးချင်တော့ချေ။ သူတို့ကိုယ်သူတို့သာ ဤဘဝတွင် လူပြက်များဖြစ်သည်ဟု တွေးလိုက်ကြရင်း ကံကြမ္မာကို လက်ခံခဲ့ကြသည်။

သို့သော် သမီးဖြစ်သူ၏ မျက်နှာကိုလည်း မကြည့်နိုင်တော့သည့်အတွက်ကြောင့် နယ်မြို့သို့သာ ပြန်ပို့ခဲ့ရသည်။

ယခုရက်ပိုင်းတွင် နယ်ဘက်မှ အဘိုးအဘွားများသည်လည်း သူတို့ထံသို့ ဖုန်းခေါ်ကာ ဝမ်ယွင်ယွင်သည်က ပြန်ရောက်လာသော်လည်း ထိုအိုင်ဒေါ၏ ဗီဒီယိုများကို နေ့တိုင်း ဖုန်းဖြင့် ကြည့်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ဇနီးမောင်နှံနှစ်ယောက်လည်း ထိုသမီးဖြစ်သူကို မည်သို့ကိုင်တွယ်ရမှန်း မသိတော့ပေ။ ကံကောင်းထောက်မစွာပင် ကုကျစ်စုန့်က သူတို့အား ရွေးချယ်ခဲ့သည်။

ကုကျစ်စုန့် အချိန်ကြာမြင်စွာ တိတ်ဆိတ်နေခဲ့ပြီး မည်သို့သော နှစ်သိမ့်စကား၊ အပြစ်တင်စကားကိုမျှ မဆိုခဲ့ပေ။

သူမ၏ အမြင်တွင် ဝမ်ဇနီးမောင်နှံသည်က ကလေးကိုမွေး၍ ကြီးပြင်းအောင် မစောင့်ရှောက်ခြင်းက မှားယွင်းခဲ့သော်လည်း ထိုသမီးသည်လည်း ရူးသွပ်ကာ ကျေးဇူးကန်းသည့် လူတစ်ယောက်အဖြစ်သာ ကြီးပြင်းလာခဲ့သည်။

“ရှင့်ရဲ့သမီးကြိုက်တဲ့ ကြယ်ပွင့်က ဘယ်သူလဲဆိုတာ သိလား?”

“သိပါတယ်၊ သူ့ရဲ့အခန်းထဲမှာ အဲဒီကောင်လေးရဲ့ ပုံတွေ အပြည့်ပဲ”

မစ်စ်စွန်းက ပြောနေရင်းဖြင့် ဖုန်းကို ကောက်ယူကာ သမီးဖြစ်သူ၏ အခန်းထဲသို့ ဝင်လာခဲ့သည်။

သူမ တံခါးကိုဖွင့်လိုက်သည်နှင့် အခန်းထဲ၌ မှောင်မည်းနေခဲ့သည်။

အခန်းမီးများကို ဖွင့်ပြီးချိန်တွင် ကင်မရာမှတဆင့် အိပ်ခန်းနံရံတွင် ချိတ်ဆွဲထားသော ပိုစတာကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုပိုစတာတွင် ပါဝင်သူမှာ အနည်းငယ်မိန်းကလေးဆန်ပြီး ချောမောလှပသော လူငယ်လေးတစ်ဦးပင်ဖြစ်ပေသည်။

သုံးပေကျော်ရှည်လျားသည့် ပိုစတာတွင် သူ၏ ဦးခေါင်း၊ လည်ပင်းနှင့် ပုခုံးအထိသာ ပါဝင်သည်။ ပြုံးနေသော မျက်ဝန်းတစ်စုံမှာလည်း ကုကျစ်စုန့်နှင့် အခြားကြည့်ရှုသူများ၏ မျက်လုံးထဲတွင် ရေလှိုင်းများ လှုပ်ရှားနေသည့်အလား ထင်မှတ်ရစေသည်။

ဤမျက်နှာသည်က အမှန်တကယ်ပင် အင်မတန် ချောမောလွန်းကေသည်။

သို့သော် သေသေချာချာ သတိထားကြည့်မည်ဆိုပါက ဖော်ပြ၍ မရနိုင်သော ထူးဆန်းမှုကို ခံစားရလိမ့်မည်။

ထိုပိုစတာကြီးအပြင် တခြားသော အရွယ်စုံ ဓာတ်ပုံများသည်လည်း နံရံအပြည့် နေရာယူထားခဲ့သည်။ လူတစ်ယောက်တည်း၏ ပုံသာ ဖြစ်သောကြောင့် ဝမ်ယွင်ယွင် ထိုလူအား မည်မျှ သဘောကျသည်က ထင်ရှားလွန်းပေသည်။

ကုကျစ်စုန့်၏ မျက်ဝန်းအစုံက ပိုစတာအတွင်းမှ မျက်ဝန်းများကို စူးစိုက်ကြည့်နေခဲ့ပြီးနောက် ခဏအကြာတွင် တခြားနံရံများတွင် မာကာဖြင့် ရေးဆွဲထားသော အမှတ်အသားများကိုလည်း သတိပြုမိသွားခဲ့သည်။

ထိုသင်္ကေတများသည်က အစနှင့် အဆုံး ဆက်သွယ်နေခဲ့ပြီး တချို့နေရာများတွင် ပုံပျက်နေသည့် ချိတ်ကောက်သဖွယ် ရှေးသင်္ကေတများ ပါရှိနေခဲ့ပြီး ကိုယ့်အမြီးကိုယ် ပြန်ကိုက်ထားသည့် မြွေတစ်ကောင်သဖွယ် ပိုစတာအား ဝန်းရံထားခဲ့သည်။

ကုကျစ်စုန့်တစ်ယောက် ထိုရှေးသင်္ကေတ၏ ပုံစံကို သတိထားမိသွားပြီးနောက် မျက်ဝန်းများကို အနည်းငယ် မှေး၍ကြည့်လိုက်ကာ သူမ၏ မျက်နှာအမူအရာသည်လည်း အေးစက်လာခဲ့သည်။

“လွှဲပြောင်းခြင်းဂါထာ”

“ဒီကောင်လေးက ယွင်ယွင်ရဲ့ အခန်းတစ်ခန်းလုံးအပြည့်ရှိနေတာ”

မစ်စ်စွန်းသည် မိုဘိုင်းဖုန်းကို ကိုင်ကာ လှည့်ပတ်ပြနေခဲ့သည်။ ဖုန်းထဲမှ ကုကျစ်စုန့်အသံကို ကြားလိုက်ရသော်လည်း သေသေချာချာ နားမလည်လိုက်ပေ။ ထို့ကြောင့် ပြန်လည် မေးခွန်းထုတ်မိသည်။

“ကုတောက်ကျန့် တစ်ခုခု ပြောလိုက်တာလား”

ကုကျစ်စုန့် ခေါင်းကို ညင်သာစွာ ရမ်းလိုက်ပြီး ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။ သူမ ထိုအမှတ်အသားအား သေသေချာချာကြည့်ရန် လိုသေးသည်။

သူမ မျက်လွှာချလိုက်ပြီးနောက် မှတ်ချက်များ ပြည့်နေသည့် ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိသည်။

သူမ၏ ကောင်းမွန်သော အမြင်အာရုံကြောင့် ထိုမှတ်ချက်အသေးလေးများကိုပင် ကောင်းစွာ မြင်နိုင်စွမ်းရှိသည်။

နံရံပေါ်မှ ပိုစတာများ၊ ဓာတ်ပုံများ ပေါ်လာပြီဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ထိုကောင်လေးအား မြင်ဖူးနေသော သူများအနေဖြင့် ချက်ချင်းပင် မည်သူဖြစ်ကြောင်း ပြောလာကြသည်။

[ဘုရားရေ! အဲဒါ ကွမ်ချီဟုန်ပဲ! ခုနက ပြောနေကတည်းက ငါထင်လိုက်ပါတယ်၊ ယောကျ်ားလေးအဖွဲ့ရွေးချယ်ပွဲမှာ ပါပြီးတော့ အင်တာနက်ဆယ်လီကနေ အဆင့်မြင့်မြင့်နဲ့ debut လုပ်တာ သူပဲရှိမယ်၊

ဒီကောင်လေးရဲ့ ဖန်တွေက အခြားလူတွေအပေါ် ချနင်းတာတွေ၊ အနိုင်နဲ့ ပိုင်းတာတွေကတော့ ကျွမ်းသလားမမေးနဲ့၊ ဘယ်လိုမျိုး ထိပ်တန်းရှာဖွေမှုအောက်မှာဖြစ်ဖြစ် သူ့နာမည်ကို မြင်နေရတာချည်းပဲ]

[အာ.. ငါ့ရဲ့ ဗေဒင်ဟော ကံကြမ္မာက ငါ့ရဲ့ ကံကြမ္မာလေးကို ရွေးလိုက်တာလား ]

[ဘယ်လိုပြောရမလဲ? ဝမ်ယွင်ယွင်ရဲ့ လုပ်ဆောင်မှုတွေက သူကိုယ်တိုင်နဲ့ပဲ သက်ဆိုင်တယ်လေ.. သူကိုယ်တိုင် ကွမ်ကွမ်အတွက် မဲပေးဖို့ ငွေတွေ သုံးခဲ့တာ

ကွမ်ကွမ်က အဲဒီကိစ္စကို သိတောင် မသိလောက်ပါဘူး၊ အဲဒါကို အိုင်ဒေါကို အပြစ်တင်လို့တော့ မရဘူးလေနော်

ပြီးတော့ ကွမ်ကွမ်က အရမ်းကို နူးညံ့ပြီး တကယ့်လူကောင်းတစ်ယောက်ပါ၊ အားလုံးလည်း သေချာလေး တွေးနိုင်မယ်လို့ ထင်ပါတယ်]

[အမ်.. ငါရှာကြည့်လို့ တွေ့တာကတော့ ဒီဆယ်လီကောင်လေးက အတော်လေး ရုပ်ချောပြီးတော့ အခုတလော အရမ်းနာမည်ကြီးနေတယ်တဲ့

သူက တကယ့်နာမည်ကြီး ရသရှိုးပွဲတွေမှာလည်း ခဏခဏ ပါတယ်၊ တခြားဆယ်လီတွေနဲ့ အတူတူယှဉ်ရပ်နေရင်တောင်မှ ပိုပြီးအကြည့်ခံတယ်၊ ကင်မရာစားတာပဲ]

[ဘုရားရေ.. ဝမ်ယွင်ယွင်က မျက်နှာကျက်ပေါ်မှာလည်း ဓာတ်ပုံတွေ အများကြီး ရှိတာပဲလား? နေ့တိုင်း မျက်စိဖွင့်လိုက်ပြီဆိုတာနဲ့ ဒီမရေမတွက်နိုင်တဲ့ မျက်လုံးတွေက သူ့ကို ကြည့်နေမှာ၊

အဲဒါတောင် ညဆို ကောင်းကောင်းအိပ်ပျော်နိုင်တယ်ပေါ့၊ ဒါက တကယ့်အချစ်စစ်ပဲ]

[ငါကတော့ ဒီဆယ်လီကို သိပ်သဘောမကျပါဘူး၊ အတော်လေး မိန်းမဆန်ပြီးတော့ ကြည့်ရတာ သိပ်အဆင်မပြေပါဘူး]

မကြာမီမှာပင် သူ့အား မသိသေးသော တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ကြည့်ရှုသူများသည်လည်း အခြားလူများ၏ မှတ်ချက်များမှတဆင့် သူ့၏အကြောင်းကို သိလာခဲ့ကြသည်။

*

All Chapters