← Chapters

ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့တစ်ခု/ လက်ဖက်ရည်ရနံ့အနည်းငယ်ပါတဲ့ လက်ဖက်ရည်တစ်ခွက် (2)

Vol. 44 Ch. 437

ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့တစ်ခု/ လက်ဖက်ရည်ရနံ့အနည်းငယ်ပါတဲ့ လက်ဖက်ရည်တစ်ခွက် (2)

Vol. 44 Ch. 437

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် မှတ်ချက်ရေးသားရန် ခက်ခဲနေသော်လည်း သူမကို ယုံကြည်ပေးနေကြသည့် ပရိတ်သတ်များ၏ မှတ်ချက်များပေါ်ထွက်နေဆဲဖြစ်ကြောင်းကို ကြည့်ရင်းဖြင့် မကောင်းသည့် မှတ်ချက်များကို ဂရုမစိုက်သော ကုကျစ်စုန့် စိတ်ထဲတွင်တော့ အနည်းငယ် နွေးထွေးသွားခဲ့ရသည်။

“ကျွန်မက ထုတ်တောင်‌ ပြောရဲသေးတာဆိုတော့ သက်သေလည်း ပြပေးမှာပါ၊ ကျွန်မကို ယုံကြည်တဲ့သူတွေကို စိတ်မပျက်စေရပါဘူး”

သူမ၏ ပရိတ်သတ်များသည်လည်း ထိုစကားရပြီးနောက် စိတ်သက်သာရာ ရသွားခဲ့ကြသည်။

သူတို့က သက်သေကို စောင့်မျှော်နေမည်ဖြစ်ကြောင်း မှတ်ချက်များ ရေးသားခဲ့ကြသည်။

‘ကွမ်တိ’များ မည်မျှပင် မကျေနပ်နေပါစေ၊ အပြင်ဘက်မှ လူများ၏ အထင်အမြင် မည်မျှ ဖောင်းပွနေပါစေ တိုက်ရိုက်ထုတ်လွှင့်ခန်းသည် ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ကုကျစ်စုန့် မစ်စ်စွန်းအား ဆက်သွယ်ရန်အချက်အလက် တောင်းယူထားခဲ့ပြီး ယခုပြဿနာက အနည်းငယ် ရှုပ်ထွေးသောကြောင့် ဖြေရှင်းရန် အချိန်အနည်းငယ်ယူရမည်ဖြစ်ကြောင်း၊ ယနေ့ထုတ်လွှင့်မှုပြီးဆုံးချိန်တွင် ဆက်သွယ်လိုက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။

*

တိုက်ခန်းတစ်ခန်းတွင်..

ဖြူဖွေးနေသည့်အသားအရည်၊ နူးညံ့သည့် ခန္ဓာကိုယ်ဖြင့် လူငယ်လေးတစ်ဦးက ဆိုဖာပေါ်တွင် ထိုင်နေရင်း သူ၏ ဖုန်းထဲမှ ထိပ်တန်းရှာဖွေမှုများကို ကြည့်နေခဲ့သည်။

ကုကျစ်စုန့်အား အပြစ်တင်ဆဲဆိုနေသည့် မှတ်ချက်များကို မြင်တိုင်း သူ၏ စိတ်အခြေအနေ အနည်းငယ် ပျော်မြူးသွားခဲ့သည်။

[သက်သေပြမယ်ဆို ဘယ်မှာလဲ သက်သေ.. ကုကျစ်စုန့်က ဘာလို့ အဲဒါကို ဆက်မပြောတာလဲဆိုတော့ အမှန်မဟုတ်လို့လေ

ငါတို့မိသားစုထဲမှာလည်း အဲဒီလို သဘာဝလွန်ပညာရှင်ဦးလေး ရှိတယ်၊ ဦးလေးက အဲဒီ ‘လွှဲပြောင်းအစီအရင်’ဆိုတာ တစ်ခါမှတောင် မမြင်ဖူးဘူးတဲ့!]

သူက ထိုမှတ်ချက်အား သဘောကျစွာ ကြည့်လိုက်ရင်း စတူဒီယိုထံသို့ ဖုန်းဆက်လိုက်သည်။

“ဟဲလို.. အခုနာမည်ကြီးနေတဲ့ ရှာဖွေမှုကို ကြည့်ပြီးပြီလား၊ ကျွန်တော် အခု အဲဒီကိစ္စကို ဖြေရှင်းဖို့အတွက် live လွှင့်မလို့”

“သူပြောတာက သေချာပေါက် အတုပေါ့၊ ကျွန်တော့်ရဲ့ တစ်သက်နဲ့တစ်ကိုယ် အဲဒီ ‘လွှဲပြောင်းအစီအရင်’ဆိုတာကို တစ်ခါမှတောင် မကြားဖူးဘူး

ကုကျစ်စုန့်က ဘာလို့ အရူးထပြီး ကျွန်တော့်ကို တိုက်ခိုက်လဲတော့ မသိပေမယ့် ကျွန်တော်တို့အတွက်တော့ အမြတ်ထွက်သွားတာပေါ့

အခုဆို ပရိတ်သတ် နှစ်သိန်းလောက်တောင် တိုးလာတယ်လေ၊ ဒီတော့ သွေးပူနေတုန်း ဆက်ပြီး ရသမျှ ယူရမယ်”

ဖုန်းချလိုက်ပြီးနောက် ကွမ်ချီဟုန်က ကွန်ပြူတာကို ဖွင့်လိုက်ပြီး စတူဒီယိုမှ သူ တိုက်ရိုက်ထုတ်လွှင့်မည့်အကြောင်းကို ကြေညာသည့် ပို့စ်တင်မည့်အချိန်အား စောင့်ဆိုင်းနေခဲ့သည်။

သူက မျက်နှာလိမ်းပေါင်ဒါကိုထုတ်ယူကာ ပုတ်လိုက်ပြီး နှုတ်ခမ်းများကို အနည်းငယ်ခြယ်သလိုက်ချိန်တွင် ထိုနှုတ်ခမ်းများသည်က သွေးမရှိသကဲ့သို့ ဖြူဖျော့ဖျော့ ဖြစ်သွားခဲ့သည်။

မျက်လုံးထောင့်နေရာများအား ပါးနီအနည်းငယ် ဆွဲခြယ်လိုက်ချိန်တွင်တော့ မတရား စွပ်စွဲခံထားရသောကြောင့် ဝမ်းနည်းစွာ ငိုကြွေးထားဟန် ပေါ်လာခဲ့သည်။

သူ့ကိုယ်သူပင် အနည်းငယ် ဂုဏ်ယူသွားမိသည်။

ကုကျစ်စုန့်၏စကားများအားလုံးသည်က အမှန်တရားပင်။

သူသည်က ‘လွှဲပြောင်းအစီအရင်’ဖြင့် ထိုပရိတ်သတ်များ၏ ကံကောင်းခြင်းများကို စုပ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ မည်သည့်အရာကို တတ်နိုင်မည်နည်း?

သူသည်က အရွေးချယ်ခံထားရသူဖြစ်သည်။ ဘုရားသခင်မှ သူ့အား ကတိပေးထားသည်။ ဤအစီအရင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး အသုံးပြုသူ မရှိတော့ပေ။ ထိုအစီအရင်အကြောင်းကို သိသူမရှိပါချေ။

ထိုအရာသည်က မကောင်းဆိုးရွားအစီအရင်တစ်ခုဖြစ်ကြောင်း မည်သူက သက်သေပြနိုင်မည်နည်း?

ကုကျစ်စုန့်သည်က အင်မတန်တိကျမှန်ကန်စွာ တွက်ချက်နိုင်ခဲ့သောကြောင့် သူ၏ နင်းခြေဖျက်ဆီးခြင်းကို ခံရသင့်သည်။

ဆက်တိုက်တိုးလာနေသည့် ပရိတ်သတ်အရေအတွက်ကို ကြည့်ရင်း ကွမ်ချီဟုန် နှုတ်ခမ်းများ တွန့်ကွေးကာ ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။

သက်ရောက်မှုပ အင်မတန်ကောင်းလွန်းသော်လည်း သူ့အတွက် မလုံလောက်သေးချေ။ သူသည်က ကုကျစ်စုန့်အား သေသည်ထိ ချေမှုန်းပစ်လိုက်ချင်သည်။

သူမကို ခုတုံးလုပ်၍ သူ၏ အောင်မြင်မှုကို တိုးပွားချင်သည်။

ကွမ်ချီဟုန်၏ စိတ်ကူးထဲတွင် အင်တာနက်ပေါ်မှ လူများက ကုကျစ်စုန့်အား ဆဲဆိုနေမည့်အကြောင်း၊ သူမကိုယ်တိုင် သက်သေမပြနိုင်ဘဲ စွပ်စွဲခဲ့သောကြောင့် သူ ကြုံတွေ့ရသည့် ပြဿနာများကို လူအများ သနားစုတ်သပ်နေကြမည့်အကြောင်းကို မြင်ယောင်နေမိသည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မည့်အချိန်မှာပင် ကွန်ပြူတာမျက်နှာပြင်ာ နှစ်ကြိမ် ပိတ်လိုက်၊ဖွင့်လိုက် ဖြစ်သွားခဲ့ပြီးနောက် သွေးနီရောင်စာလုံးများက မျက်နှာပြင်ပေါ်တွင် ရုတ်တရက်‌ ပေါ်လာခဲ့သည်။

‘ကုကျစ်စုန့်ကို သွားမစနဲ့.. မင်းက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး! မရူးစမ်းနဲ့ ဘုရားသခင်ရဲ့ အစီအစဉ်ကို မဖျက်ဆီးနဲ့’

ကွမ်ချီဟုန် ထိုကဲ့သို့ မြင်ကွင်းမျိုးကို ယခင်က မမြင်ခဲ့ဖူးသောကြောင့် ခုံပေါ်မှပင် ပြုတ်ကျမတတ် ထိတ်လန့်သွားခဲ့သည်။

သို့သော် စာလုံးများကို ပြတ်ပြတ်သားသား မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲမှ တုန်လှုပ်မှုများ ‌ပြေလျော့သွားခဲ့သည်။

ဘုရားသခင်?

ဤလူက သူနှင့် တစ်ဖွဲ့တည်းသား ဖြစ်နေမည်လား?

ကွမ်ချီဟုန်: “မင်းဘယ်သူလဲ”

ကွန်ပြူတာ မျက်နှာပြင်က ပိတ်လိုက်၊ဖွင့်လိုက် ဖြစ်သွားပြန်သည်။

‘ကိုယ့်အသက်ကို ကယ်ချင်တယ်ဆိုရင် သူ့ကို သွားပြီး ရန်မစနဲ့!’

ထိုစာသားကို မြင်ရပြီးနောက် ကွမ်ချီဟုန်၏ စိတ်ထဲ မကျေမချမ်းဖြစ်သွားခဲ့ပြီးနောက် သတိပေးချက်ကိုလည်း အလေးမထားခဲ့ဘဲ နှာခေါင်းကိုသာ ရှုံ့လိုက်မိသည်။

“မင်းက ဘာသိလို့လဲ၊ သူက ခဏနေရင် အင်တာနက်တစ်ခုလုံးရဲ့ လှောင်ပြောင်တာကို ခံရတော့မှာ၊ မင်းလည်း ဘုရားသခင်ရဲ့ လူမဟုတ်ဘူးလား

ဘာကိစ္စကြောင်း ငါ့ကို တားချင်နေတာလဲ? မင်းက အသုံးမကျလွန်းတော့ သူ့ကို ကြောက်နေတာလား”

သူ ကွန်ပြူတာကို ခလုတ်ပိတ်လိုက်ချိန်တွင် မျက်နှာပြင်ပေါ်မှာ အနီရောင်စာလုံးများ ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်ပြီးနောက် ကွမ်ချီဟုန်က ဖုန်းမှ မက်ဆေ့်ချ်ကို လှမ်းကြည့်လိုက်သည်။ ကြေညာသည့် ပို့စ်ကိုတင်လိုက်ပြီဖြစ်သည်။

ထို့ကြောင့် သူ တိုက်ရိုက်ထုတ်လွှင့်ခန်းကို စတင်လိုက်ပြီးနောက် ဟန်ဆောင်ပြုံးလိုက်ရင်း ကင်မရာကို လက်ရမ်းပြလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ.. ကျွန်တော် ကွမ်ချီဟုန်ပါ”

“အကြာကြီး ထိုင်စဉ်းစားနေခဲ့ပြီးတဲ့နောက် ကျွန်တော့်ကို အခုလို စွပ်စွဲပြောဆိုနေတာကို ငြိမ်ပြီး မခံနေသင့်ဘူးလို့ ခံစားမိပါတယ်

ကိုယ့်အတွက်ကိုယ် ပြောမှရမယ်လေ.. ကျွန်တော် အခု တိုက်ရိုက်လွှင့်တာကလည်း အင်တာနက်ပေါ်က လူတွေ ကျွန်တော့်ကို မှားယွင်းပြီး စွပ်စွဲထားတာအတွက် ဖြေရှင်းချင်လို့ပါ”

ကွမ်ချီဟုန် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် ထိုသတင်းက ထိပ်တန်းရှာဖွေမှုဖြစ်လာခဲ့ပြီး အင်တာနက်ပေါ်မှ စောင့်ကြည့်နေသူများအား ဆွဲဆောင်နိုင်ခဲ့သည်။

တဖြည်းဖြည်းတိုးလာသည့် ကြည့်ရှုသူများကို ကြည့်ရင်း သူ့မျက်လုံးထဲတွင် ပျော်ရွှင်သည့်အရိပ်အယောင်များ ဖုံးကွယ်၍ မရနိုင်သောကြောင့် မျက်လွှာချ၍သာ ဟန်ဆောင်လိုက်သည်။

ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည်က ပြီးဆုံးသေးသည်မဟုတ်ပါချေ။

‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ အဌမမြောက်အပိုင်းက ရိုက်ကူးနေဆဲပင်ဖြစ်သည်။

ကွမ်ချီဟုန် တိုက်ရိုက်လွှင့်နေသည်ဆိုသော သတင်းများသည်လည်း သူမ၏ မှတ်ချက်များထဲသို့ ရောက်လာခဲ့ကြသည်။

ပြိုင်ပွဲကြည့်နေကြသူများက နှစ်ဦးသား လေလှိုင်းမှတဆင့် ငြင်းခုန်ကြသည်ကို မြင်ချင်ကြသော်လည်း ကုကျစ်စုန့်မှာတော့ ထိုအကြောင်းအရာကို လျစ်လျှူရှု၍ ဖုန်းရွှေပညာရပ်အကြောင်းကိုသာ ရှင်းပြနေခဲ့လေသည်။

သူမ၏ ပရိတ်သတ်များသည်လည်း မှတ်ချက်များကို ဆက်တိုက်ရေးသားနေကြသောကြောင့် အချိန်ခဏအတွင်းမှာပင် ကုကျစ်စုန့်၏ မှတ်ချက်ဧရိယာမှ ကွမ်ချီဟုန်၏နာမည် ပျောက်ကွယ်သွားခဲ့သည်။

ကြည့်ရှုနေသူများက အနည်းငယ် ပျင်းရိလာသောကြောင့် ကုကျစ်စုန့်ထံမှတဆင့် ကွမ်ချီဟုန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ပြောင်းကြည့်နေကြသည်။

ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းသို့ ဝင်ရောက်လာချိန်တွင် လူငယ်လေးတစ်ဦးအား မြင်တွေ့လိုက်ရသည်။

ထိုလူငယ်လေးက ကွမ်ချီဟုန်ပင်။

သူသည်က beauty filterကို ဖွင့်ထားခြင်းလည်းမရှိဘဲ ကုကျစ်စုန့်ကဲ့သို့ပင် ရိုးရိုးကင်မရာဖြင့် ရိုက်ကူးနေခြင်းသာဖြစ်သည်။

ဖြူဖွေးကြည်လင်နေသည့်အသားအရည်၊ နူးညံ့သည့် မျက်နှာတို့အား ကြည်လင်ပြတ်သားသည့် ကင်မရာအောက်တွင် မြင်တွေ့နေရသည်။ သူ့အား ‘မိန်းကလေးကဲ့သို့ အလှတရားဖြင့် လူချောလေး’ဟု ခေါ်ဆိုနိုင်လောက်သည်။

အရည်အချင်းစစ် ပြိုင်ပွဲ၏ အလယ်ပိုင်းနှင့် နောက်ဆုံးပိုင်းတို့တွင် သူ၏ ရုပ်ရည်ဖြင့် နေရာယူခဲ့နိုင်သည်မှာ မထူးဆန်းတော့ပေ။

သူ၏ မျက်နှာသည်က ပွဲကြည့်ရန်လာသည့် ကြည့်ရှုသူများအား ဆွဲဆောင်သွားနိုင်ခဲ့သည်။

မကြာမီမှာပင် ကွမ်ချီဟုန်၏ အကောင့်တွင် follower များက လျှင်မြန်စွာ တိုးလာခဲ့သည်။

သူက ကင်မရာရှေ့တွင် ဖြူဖွေးနေသည့် ဆွယ်တာကို ဝတ်ဆင်ထားပြီး ပိန်ပါးသည့် ခန္ဓာကိုယ်၊ ဖြူဖျော့နေသည့် နှုတ်ခမ်းများ၊ နီမြန်းနေသည့် မျက်ဝန်းများဖြင့် ထိုင်နေသောကြောင့် လူအများ၏ အမြင်တွင် စွပ်စွဲခံထားရ၍ သနားစဖွယ်အမူအရာဟန်ဖြစ်နေခဲ့သည်။

မှတ်ချက်များတွင် သူ့အား ‘လွှဲပြောင်းအစီအရင်’အကြောင်း မေးနေကြသည်ကိုလည်း မြင်တွေ့နေရသည်။

“ကုကျစ်စုန့် ဝိဉာဉ်ရေးရာမှာ ပြောခဲ့သလို လူတွေကို ထိခိုက်အောင် လုပ်နေတယ်ဆိုတာ တကယ်လား?”

“ပရိတ်သတ်တွေရဲ့ ကံကြမ္မာကို ခိုးယူနေတယ်ဆိုတာ တကယ်ပဲလား?”

“……”

မေးခွန်းများက များပြားလွန်းပေသည်။ ဖြူဖျော့နေသည့် လူငယ်လေးက ခေါင်းကို တွင်တွင်ရမ်းကာ ငြင်းဆိုလိုက်သည်။

“မဟုတ်ပါဘူး ကျွန်တော်က အဲဒီ ‘လွှဲပြောင်းအစီအရင်’ဆိုတာကို ကြားတောင် မကြားဖူးပါဘူး.. ကျွန်တော့်ကို ချစ်တဲ့ ပရိတ်သတ်တွေအပေါ် ဘာလို့ အဲဒီလောက် ယုတ်မာတာမျိုး လုပ်ရမှာလဲ”

“ကျွန်တော်က အခုမှ debut ထားတဲ့ အိုင်ဒေါငယ်လေးပါပဲ.. ကျွန်တော်က အရင်တုန်းက အင်တာနက်ဆယ်လီဖြစ်လို့ လူတွေအများကြီးက ကျွန်တော့်ကို အထင်အမြင်သေးကြတယ်ဆိုတာကို ကျွန်တော် သိပါတယ်

ဒါပေမယ့်လေ စီနီယာကုကျစ်စုန့်က ကျွန်တော့်ကို ဘာလို့များ… အဲဒီလိုမျိုးလုပ်ရလဲဆိုတာ.. တကယ်ကို မသိတော့ပါဘူး..

စီနီယာက တွက်ချက်နေရင်း တစ်ခုခု အမှားဖြစ်ပြီးတော့ ကျွန်တော့်ကို လူဆိုးလို့ မှားပြီး မြင်မိတာလည်း ဖြစ်နိုင်ပါတယ်…”

ပြောနေရင်းပင် ကွမ်ချီဟုန် အနည်းငယ် ရှိုက်လိုက်ရင်း မျက်ရည်များကို ထိန်းထားရသည့်အမူအရာ ဖြစ်နေခဲ့သည်။

“လူတိုင်း ကျွန်တော့်ကို ယုံကြည်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ပါဘူး..

ကျွန်တော်သိတာက တစ်ခုခုပြောမယ်ဆိုရင် သက်သေရှိဖို့ လိုအပ်တယ်လေနော်.. ကျွန်တော့်ကို ယုံကြည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်

အမှန်တရား တကယ်ပေါ်ပေါက်လာတဲ့အချိန်ကျရင်တော့… လူတွေ ကျွန်တော့်ကို အဲ့လိုဆက်မပြောကြဖို့လည်း မျှော်လင့်ပါတယ်”

*

All Chapters