← Chapters

ရဲတွေရောက်လာပြီး အသက်ရှင်နေတဲ့သူတစ်ယောက် ရုတ်တရက်ပေါ်ထွက်လာခြင်း(2)

Vol. 44 Ch. 439

ရဲတွေရောက်လာပြီး အသက်ရှင်နေတဲ့သူတစ်ယောက် ရုတ်တရက်ပေါ်ထွက်လာခြင်း(2)

Vol. 44 Ch. 439

အနုပညာအသိုင်းအဝိုင်းအတွင်းမှ မိတ်ဆွေများသည်လည်း ထိုသတင်းများကို မြင်တွေ့ခဲ့ကြပြီး ကုကျစ်စုန့်က အနည်းငယ် မဆင်မခြင် ပြုမိသွားသည်ဟု ခံစားခဲ့ရသည်။

ထိုကိစ္စကို မီဒီယာတွင် မဖော်ထုတ်မီ သက်သေ အရင်ဆုံး စုဆောင်းထားသင့်သည်။

သူတို့က ထိုအခြေအနေနှင့် ပတ်သတ်၍ ကုကျစ်စုန့်ထံသို့လည်း မက်ဆေ့ချ်များပို့ကာ အကျိုးအကြောင်း မေးမြန်းခဲ့ကြသည်။

ယွီထုန်လျို့: “စုန့်စုန့် ၊ မင်း အဆင်ပြေရဲ့လား လူထုဆက်ဆံရေးကုမ္ပဏီကို ဆက်သွယ်ပြီး အဲဒီထိပ်တန်းရှာဖွေမှုကို ထိန်းထားဖို့ လိုသေးလား”

ဒါရိုက်တာလျှို့: “ငါ ထိပ်တန်းရှာဖွေမှုတွေ တွေ့လိုက်တယ်၊ အကူအညီလိုရင် ချက်ချင်းပြောနော်”

ယန်ချန်: “အဆင်ပြေရဲ့လား?”

ဂဲလီယိုချန်း: “အဲဒီကောင်က မကောင်းဆိုးဝါးပဲ.. မင်းအကြောင်းကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ပြောနေတာ တွေ့တော့ ငါ အရမ်း ဒေါသထွက်နေတာ!

ဒါပေမဲ့ စုန့်စုန့် မင်းရော ထွက်ပြီး တစ်ခုခု ပြန်မပြောသေးဘူးလား၊ တောက်ကျန့်ဂိုဏ်းတွေက လူတွေတော်တော်များများလည်း အဲဒီအစီအရင်ကို မမြင်ဖူးဘူးတဲ့

သူတို့တွေက မင်းတွက်တာ မှားနေတယ်လို့ ထင်နေတာ၊ ငါကတော့ မင်းကို သေချာပေါက် ယုံတာပေါ့!!”

ကျန်းရူယွီ: “ကျွန်မတို့တွေ သူ့လိပ်စာကို ရှာတွေ့ပြီးပါပြီ၊ ဒေသခံအဖွဲ့ဝင်တွေလည်း အဲဒီအိမ်ရာရဲ့ ဂိတ်တံခါးပေါက်မှာ စောင့်နေပါပြီ သူ့ကို အချိန်မရွေး ဝင်ဖမ်းလို့ ရပါတယ်”

သူမ၏ အနုပညာအသိုင်းအဝိုင်းတွင်းမှ မိတ်ဆွေများပို့ထားသည့် မက်ဆေ့ချ်ပေါင်းအစောင် (၂၀)ခန့်ရှိသည်။ အများစုသည်လည်း သူမ၏ အကူအညီ ရထားသူများဖြစ်ကြပေသည်။

ယခု သူမက လူအများ၏ တိုက်ခိုက်ချင်းကို ခံနေရကြောင်းကို မြင်တွေ့သည်နှင့် ကူညီပေးရန် ဝန်မလေးကြောင်း ပြောဆိုလာကြသည်။

အစီအစဉ်နောက်ကွယ်မှ ကြီးကြပ်ပေးနေသည့် ဒါရိုက်တာလီချန်ဟဲသည်ပင် သူမထံသို့ သီးသန့်မက်ဆေ့ချ်ပို့၍ မည်သို့ ဖြေရှင်းလိုကြောင်း မေးလာခဲ့သည်။

မက်ဆေ့ချ်များကို ဖတ်ရင်း ကုကျစ်စုန့်၏ နှလုံးသားက ရှင်းလင်းတည်ငြိမ်နေခဲ့သည်။

ထိုအချိန်တွင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော စနစ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

စနစ်: “ဝူးဟူး အားလုံးက မင်းအတွက် စိတ်ပူနေကြပြီနော် ဒါပေမဲ့ တကယ့်ကို အာဏာစက်သက်ရောက်တဲ့ ယန်မိသားစုရဲ့ နည်းလမ်းတွေကပဲ မင်းကို မကောင်းပြောနေကြတဲ့ ပို့စ်တွေကို ဖျက်ပစ်ခဲ့တာ

အများရဲ့အမြင်ကို ပြောင်းပြန်လှန်ပေးဖို့အတွက် မလိုအပ်တဲ့ မကောင်းပြောဆိုနေကြတာတွေကို ရှင်းလင်းပေးဖို့ လူတောင် ငှားပေးခဲ့တာနော်”

“သူက နာမည်ကောင်းမယူဘဲနဲ့ လုပ်ပေးနေတာတွေကို အများကြီးပဲ ၊ ငါ့ကြောင့်သာမဟုတ်ရင် မင်း သိတောင် သိလိုက်မှာမဟုတ်ဘူးနော် စုန့်စုန့်”

ကုကျစ်စုန့်: ??

ယန်ချန် သူမကို တိတ်တိတ်လေး ကူညီနေသည်ကို အံ့ဩမိခြင်းမဟုတ်ပါချေ။ သူမ အံ့အားသင့်သွားရသည်မှာ စနစ် ရုတ်တရက် ပြန်ပေါ်လာခြင်းကြောင့်သာ ဖြစ်သည်။

“မင်း ဘယ်တုန်းက နိုးလာတာလဲ၊ ပရိုဂရမ် ပြင်ဆင်တာကရော ပြီးသွားပြီလား”

ကုကျစ်စုန့် စနစ် ပေါ်လာသည်ကို မမြင်ရသည်မှာ ကြာမြင့်ပြီဖြစ်သည်။

သူမ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်တွင် ပါဝင်ပြီးနောက် ယခုကမ္ဘာနှင့် နေသားကျလာချိန်မှစ၍ စနစ်က တဖြည်းဖြည်း စကားနည်းလာခဲ့ခြင်းဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် သူမ စနစ်ကို ခေါ်လျှင်တောင်မှ စကား ပြန်မရတတ်ပါချေ။

စနစ်၏ စကားအရ သူသည်က အားနည်းနေသည့် အချိန်ဖြစ်သောကြောင့် အတွင်းမှ ပရိုဂရမ်များကလည်း ဗိုင်းရပ်များထံတွင် တိုက်ခိုက်ခံထားရပြီး အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။

အဆင့်မြှင့်တင်ပြီးချိန်တွင် အချိန်ကြာမြင့်စွာ အိပ်စက်သွားတတ်သည်။

ကုကျစ်စုန့်၏ စကားကို ကြားရပြီးနောက် စနစ်က ဖောက်ထွင်းမြင်ခံလိုက်ရသကဲ့သို့ ခံစားရကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်လေသည်။

“အခုလေးတင် နိုးတာပဲ၊ စုန့်စုန့်က အရမ်းမိုက်တယ် .. ငါ တစ်လလောက်ပဲ အနားယူလိုက်တုန်းရှိသေးတယ် မင်းရဲ့ ပရိတ်သတ်တွေကတော့ ဆယ်သန်းကျော်လောက်ထိတောင် တိုးလာတယ်!”

ကုကျစ်စုန့် အမှိုက်စနစ်လေး၏ မြှောက်ပင့်ပြောဆိုနေသည့် စကားကို လျစ်လျှူရှုလိုက်ရင်း ကျန်းရူယူထံသို့ စာတစ်စောင် ပို့လိုက်သည်။

‘အခု အစီအစဉ်စလို့ ရပြီ’

ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ယန်ချန်ထံသို့လည်း စာပြန်လိုက်သည်။

‘စိတ်မပူပါနဲ့ ကျွန်မ ဖြေရှင်းနိုင်ပါတယ်’

မိနစ်ပိုင်းအတွင်းမှာပင် ကျန်းရူယွီ စာပြန်လာသည်။

‘ကောင်းပါပြီ’

သူမ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် မျက်နှာရှေ့မှ တိုက်ရိုက်ထုတ်လွှင့်နေသည့် မျက်နှာပြင်ကို ကြည့်ကာ ပြောလိုက်သည်။

“မိနစ်ပိုင်းလောက် ခဏ နားကြတာပေါ့ ပြီးမှ ပြန်စပါမယ်”

ထို့နောက် သူမ တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ခေတ္တ ရပ်နားလိုက်သည်။

သူမ၏ရှေ့မှ မျက်နှာပြင် ပိတ်သွားချိန်တွင် သူမကထိုင်နေရာမှ ထခြင်းမရှိ၊ နေရာရွေ့ခြင်းမရှိဘဲ ခုံပေါ်တွင်သာ မျက်လုံးများ မှိတ်၍ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

မကြာမီမှာပင် သူမ၏ အသက်ရှူသံ တည်ငြိမ်လာခဲ့ပြီး မျက်ခုံးများကြားတွင် ရွှေရောင်အလင်းတန်းငယ် ပေါ်လာခဲ့သည်။

သာမန်လူများ မမြင်နိုင်သော ရွှေရောင်ပုံရိပ်တစ်ခုက ကုကျစ်စုန့်၏ ကိုယ်တွင်းမှ ထွက်ပေါ်လာလေသည်။ ထိုအရိပ်၏ ပုံစံနှင့် အဝတ်အစားတို့မှာ ခုံပေါ်တွင် ထိုင်နေသော ခန္ဓာကိုယ်နှင့် တစ်ပုံစံတည်းပင်။

သို့သော် တည်ငြိမ်၍ အေးစက်မှု ရောယှက်နေသော အရှိန်အဝါသည်က ကွာခြားလွန်းလှသည်။

ထိုအရာမှာ ကုကျစ်စုန့်၏ ဝိဉာဉ်ပင်။

သူမ၏ ဝိဉာဉ်က လက်ကို မြှောက်လိုက်သည်နှင့် အခန်းထဲတွင် တစ္ဆေဂိတ်တံခါးဝ ပေါ်ထွက်လာခဲ့ပြီး ကုကျစ်စုန့်လည်း ထိုတံခါးဝအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။



မြေအောက်ကမ္ဘာတွင်။

စန်ထူမြစ်အနီးတွင် စုစုရုံးရုံး ဖြစ်နေခဲ့ကြသည်။

ယနေ့သည်က ‘ဝိဉာဉ်ဆိုင်ရာ’အစီအစဉ် ရိုက်ကူးသည့်နေ့ဖြစ်သည်။ တမန်တော်ကု၏ အစီအစဉ်နေ့ဖြစ်သောကြောင့် မြေအောက်ကမ္ဘာမှ သရဲပေါင်းသန်းချီက ကိရိယာများကို ပြင်ဆင်၍ စောင့်ကြည့်နိုင်ရန် နေရာတိုင်းတွင် ငုတ်တုတ်ထိုင်စောင့်နေခဲ့ကြသည်။

သူတို့ ကြည့်နေချိန်မှာပင် သက်ရှိကမ္ဘာမှ အင်တာနက်တစ်ခွင်လုံးက ကမ္ဘာပျက်သည့်အလား ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

ရှင်းမပြနိုင်အောင် တုံးအလွန်းသည့် လူများက တမန်တော်ကုအား ထိပ်တန်းရှာဖွေမှုများတွင် ဆဲဆိုနေခဲ့ကြသည်!

ကုကျစ်စုန့်က မြေအောက်ကမ္ဘာတွင် ပရိတ်သတ်ပေါင်း ငါးဘီလီယံကျော်ရှိသည့် ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်ပြီး တစ္ဆေပရိတ်သတ်များ အင်မတန် ချစ်ခင်လေးစားသူတစ်ဦးလည်းဖြစ်သည်။

သူတို့၏ အိုင်ဒေါအား အပြစ်တင်ပြောဆိုနေကြသည်ကို မြင်ရပြီးနောက် ပရိတ်သတ်အကြီးစား နှစ်ဦးဖြစ်သည့် နျူထောင်နှင့် မားမြန်တို့က အင်မတန် စိတ်ဆိုးနေခဲ့ကြလေသည်။

သူတို့သည်က သက်ရှိကမ္ဘာမှ အင်တာနက်နှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ကာ ပရိတ်သတ်များအကြားတွင် သုံးသည့် ဗန်းစကားများကိုလည်း ကောင်းကောင်းသုံးနိုင်နပြီပင်။

သူတို့က တစ္ဆေပရိတ်သတ်ဂရုများ ဖွဲ့၍ ကုကျစ်စုန့်အတွက် anti များကို တိုက်ခိုက်ပေးနေကြသည်။

သူတို့အနေဖြင့် ထို anti fanများ၏ အင်တာနက်အမြန်နှုန်းအား ကွန်ယက်ချိတ်ဆက်ထားသည့် ကြိုးများမှ တဆင့် နှေးကွေးအောင် လုပ်နိုင်ကြပြီး မှတ်ချက်များ မရေးနိုင်အောင် ပြုလုပ်ထားကြသည်။

သို့သော် သူတို့အနေဖြင့် ထို anti များကို ခြောက်လှန့်ရုံမျှသာ တတ်နိုင်ပြီး မြေအောက်ကမ္ဘာ၏ စည်းကမ်းကို ဖောက်ဖျက်၍ မရ၊ သေစေနိုင်သည်ထိ လုပ်ဆောင်၍ မရပေ။

ထို့ကြောင့် မကျေမချမ်း ပြောဆိုနေကြသည့် သရဲများကို နေရာတကာတွင် မြင်နိုင်ပြီး အထူးသဖြင့် ဟွမ်ကွမ်လမ်းမ၏ ထိပ်နှင့် စန်ထူမြစ်တို့တွင် ပို၍ များပြားသည်။

“ငါခြောက်လိုက်တဲ့ hater က ဘယ်လိုဖြစ်ပြီး သောက်ကလေးဖြစ်နေတာလဲ၊ အဲဒီကောင်လေးက အခုမှ ခြောက်တန်းတဲ့!

သူ့မိဘတွေက သူတို့သားသမီး အခုလို အင်တာနက်ပေါ်မှာ အခြားလူတွေကို ဆဲဆိုနေတာ မသိကြဘူးလား?

ငါ ဒီကလေးကို သင်ခန်းစာပေးလိုက်တဲ်အတွက် သူ့မိဘတွေ ငါ့ကိုတောင် ကျေးဇူးတင်သင့်တယ်”

“ငါ သဘောပေါက်သွားပြီ၊ ဒီအရှက်မရှိတဲ့အကောင်က အသက်ငယ်တဲ့ ပရိတ်သတ်တွေကို အဓိကထားတာပဲ၊ သူ့နှလုံးသားက ငါတို့တစ္ဆေတွေထက်တောင် အမှောင်ကျနေသေးတယ်!”

“ဘုရားရေ! အဲဒါ သက်ရှိကမ္ဘာက ငါ့သမီးမဟုတ်ဘူးလား ငါသေတာမှ နှစ်နှစ်ပဲ ရှိသေးတယ်

ဒီကောင်မလေး ဒီလို ရူးသွပ်နေပြီလား?! အိုင်ဒေါတွေနောက်ကိုလိုက်ပြီး vote ပေးတာတောင် တတ်နေပြီ

ငါတော့ အခေါင်းထဲကနေတောင် ပြန်ထွက်ပြီး ခေါင်းတွေပဲ ခေါက်ပစ်လိုက်ချင်တယ်!”

“ဒီခွေးတိရိစ္ဆာန်ကောင်! သတ္တိရှိတယ်ဆိုရင်တော့ မသေစေနဲ့.. သေရင်လည်း မြေအောက်ကမ္ဘာကို ရောက်မလာစေနဲ့ ရောက်လာတာနဲ့ သူ့ဝိဉာဉ်ကို တစစီ ဆွဲဖြဲပြီး စန်ထူမြစ်ထဲ ကျဲချပစ်မယ်!”

သရဲအများစုသည်က ကွမ်ချီဟုန်၏ လုပ်ရပ်အား ရွံရှာစက်ဆုပ်ကြသည်။

သူတို့အားလုံးတွင် မျိုးဆက်များ ရှိကြသည်ပင်။

မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများ၏ ၉၀ရာခိုင်နှုန်းခန့်သည်က သေဆုံးချိန်က သားသမီးများ၊ မြေးမြစ်များ အသက်ရှင်လျက် ကျန်ရစ်ခဲ့ကြသည်။

သူတို့၏ သားသမီးမြေးမြစ်များက သက်ရှိကမ္ဘာတွင် ကျန်ရစ်ခဲ့ပြီး ငွေညစ်ခံရ၊ ကံကောင်းခြင်းများ လုယက်ခံနေရသည်ကို မြင်ရပြီးနောက် မည်သူမှ သည်းမခံနိုင်ကြ။

အချိန်ခေတ္တခန့် မြေအောက်ကမ္ဘာတစ်ခုလုံးသည် ဒေါသူပုန်ထနေခဲ့ကြပြီး ဟန်ဆောင်ငိုပြနေသော ကွမ်ချီဟုန်အား အမျက်ခြောင်းခြောင်းထနေသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့အားလုံးက တိုက်ရိုက်ထုတ်လွှင့်နေသည့် မျက်နှာပြင်မှ ခုန်ထွက်၍ ထိုကောင်နှင့် စာရင်းရှင်းချင်နေခဲ့ကြသည်။

စွမ်းအားကြီး၍ ခမ်းနားသော ဝိဉာဉ်တစ်ခု သူတို့အနီးမှ ဖြတ်သွားချိန်မှသာလျှင် သူတို့၏ အသိစိတ်ပြန်ကပ်လာခဲ့ကြသည်။

“ဟန်? ခုနက ငါ့ဘေးကနေ တမန်တော်ကု ဖြတ်သွားတာလားဟ”

*

All Chapters