← Chapters

ပြီးပြည့်စုံတဲ့ စရိုက် + ဆုံးရှုံးသွားတဲ့ ပရိသတ်တွေ(2)

Vol. 45 Ch. 443

ပြီးပြည့်စုံတဲ့ စရိုက် + ဆုံးရှုံးသွားတဲ့ ပရိသတ်တွေ(2)

Vol. 45 Ch. 443

သူမ၏ အတိတ်ဘဝတွင် ‘လွှဲပြောင်းအစီအရင်’အား အသုံးချ၍ ယုံကြည်သူများ၏ နှလုံးသား၊ စိတ်စွမ်းအင်များကို ထိန်းချုပ်ခဲ့သော အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။

ကုကျစ်စုန့်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ထိုသူသည်က သူ့ကိုယ်သူ အင်မတန်ချောမောလှပကြောင်း ပြောဆိုခဲ့ပြီး ကုကျစ်စု့န်၏ ကံကြမ္မာကိုလည်း စုပ်ယူချင်သည်ဟု ပြောဆိုခဲ့သည်။

သူမ၏ ဓားချက်အောက်တွင် အသက်ပျောက်ပြီးနောက် ယုံကြည်သူများထံမှ စုပ်ယူ၊ ခိုးဝှက်ထားသည့် ကံကောင်းခြင်းများသည်ာ သူ့ကိုယ်တွင်းမှ ကြေမွပျက်စီးသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း အသားအရည်များ ရှုံ့တွနေပြီဖြစ်သော အသက် လေးဆယ်အရွယ် လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကုကျစ်စုန့်၏ တွက်ချက်မှုအရ ဤ ‘လွှဲပြောင်းအစီအရင်’သည်က ယုံကြည်သူများ၏ အသက်စွမ်းအင်နှင့် ကံကောင်းခြင်းတို့အား ဆက်တိုက် ကပ်ပါးကောင်တစ်ကောင်ကဲ့သို့ပင် စုတ်ယူနေခဲ့ပြီး အစီအရင်လုပ်ဆောင်သူအတွက် စွမ်းအင်များ ပြန်လည်ဖြည့်တင်းပေးနေခဲ့ခြင်းပင်။

အစီအရင်လုပ်ဆောင်သူ၏ ကံကြမ္မာသည်က အဆမတန် တိုးတက်လာရုံသာမက ရုပ်ရည်ချောမောစေခြင်း၊ အသက်ရှည်ခြင်း၊ ခန္ဓာကိုယ် သန်မာခြင်း၊ ရှိရင်းစွဲအသက်ထက် နှစ်ပေါင်းများစွာ နုပျိုနေစေခြင်း အစရှိသည်တို့တွင်လည်း အသုံးပြုနိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ တခြားလူများ၏ အသက်နှင့် ကံကောင်းခြင်းတို့အား ခိုးယူထားသူက ပြီးပြည့်စုံသည့် လူသားတစ်ဦးအလား ဖြစ်လာခဲ့သည်။

ယုံကြည်သူများ တိုးပွားလာသည်နှင့်အမျှ ထိုလူက ‘နတ်ဘုရား’တစ်ပါးပင် ဖြစ်လာနိုင်စွမ်းရှိသည်။

အသက်စွမ်းအင်နှင့် ကံကောင်းခြင်းတို့ ခိုးယူခံလိုက်ရသော သူများမှာတော့ အရာတိုင်းတွင် ကံဆိုးနေတတ်သည်။

ခိုးယူသွားသော သူ၏ မကောင်းမှုများ၊ မသန့်စင်သော လေများသည်လည်း သူတို့ထံသို့သာ တန်ပြန်ရောက်ရှိလာတတ်သည်။

ထို့ကြောင့်ပင် ကွမ်ချီဟုန်သည်က ပင်ပန်းခြင်းအလျဉ်းမရှိ ‘ခန္ဓာကိုယ် အလေးချိန် လျှော့ချ’နိုင်ခဲ့ပြီး ခြေရာခံမရသော ‘ပလတ်စတစ်ဆာဂျရီ’ကဲ့သို့ အလှတရားကို ရရှိနိုင်ခဲ့ခြင်းပင်။

ကုကျစ်စုန့် လက်ထဲမှ ကတ်များအား အေးစက်စွာ ကြည့်လိုက်မိသည်။

သူမ၏ တွက်ချက်မှု မှန်ကန်ပါက နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သော ‘အနက်ရောင်မြူခိုး’သည်က ကွမ်ချီဟုန်အား ရှာတွေ့ခဲ့ပြီးနောက် ယခင်က လူကုန်ကူးခံရသောသူများ၊ သတ်ဖြတ်ခံခဲ့ရသော ထျန်ယွင်ကျေးရွာသားများ၊ အားပေးအားမြှောက်ပြုခံထားရသော ရာဇဝတ်ကောင်များထံမှ ကံကောင်းခြင်းတချို့အား ပေးအပ်ခဲ့လိမ့်မည်။

ကွမ်ချီဟုန်၏ ကိုယ်တွင်း၌ ‘လွှဲပြောင်းအစီအရင်’ အပင်ငယ်အား စိုက်ပျိုးပေးခဲ့ပြီး ထောင်မှ လွတ်ကာစ၊ ခန္ဓာကိုယ်ဝဖြိုးကာ ကြွက်စုတ်တကောင်ကဲ့သို့ ဖြစ်နေသည့် သူ၏ ပုံစံအား ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့လိမ့်မည်။

ထို့နောက် ကွမ်ချီဟုန်အတွက် အထောက်အထားအတုများ ဖန်တီးပေးခဲ့ပြီး အင်တာနက်ဆယ်လီတစ်ဦးဖြစ်လာရန် ညွှန်ကြားပေးခဲ့သည်။

ချောမောလှပသည့် ရုပ်ရည်၊ အနက်ရောင်မြူခိုး၏ လက်အောက်ခံဖြစ်သော အင်တာနက်မှတဆင့် သွားလာအသုံးပြုနိုင်သည့် ဟဲကျောင်ရှန်း၏ အကူအညီတို့ကြောင့် ကွမ်ချီဟုန်၏ အထောက်အထားပိုင်းဆိုင်ရာတွင် လိုအပ်ချက်များအား အလွယ်တကူ ဖုံးကွယ်ပေးထားနိုင်ပြီး သူ့အား နာမည်ကြီးလာစေခဲ့သည်။

သူ နာမည်ကြီးနေသရွေ့ သူ့အား သဘောကျနှစ်သက်သည့် ပရိတ်သတ်များ တိုးပွားလာမည်ဖြစ်သည်။

သူ့ကို သဘောကျသည့် ပရိတ်သတ်များသည်လည်း ‘လွှဲပြောင်းအစီအရင်’၏ သက်ရောက်ခြင်းခံရပြီး သူ့အား အင်မတန် စွဲလမ်းသွားကြလိမ့်မည်။

သူ၏ ဗီဒီယိုများ၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းများအား တနေ့မျှပင် မကြည့်ဘဲ မနေနိုင်ကြ။

သူ့အတွက် အရာအားလုံးကို ပေးဆပ်ချင်ခဲ့ကြသည်။

ထို့ကြောင့်ပင် ကွမ်ချီဟုန်သည်က အင်တာနက်ဆယ်လီဖြစ်လာပြီး အချိန်ခဏလေးအတွင်းမှာပင် ငွေအများအပြား ရှာဖွေနိုင်ခဲ့သည်။

ပရိတ်သတ်ဦးရေသည်က အများဆုံးမဟုတ်သော်လည်း ပွဲအစီအစဉ် တစ်ခုခု ရှိတိုင်း သူ၏ ပရိတ်သတ်များမှ ပိုင်ဆိုင်သမျှ ငွေကြေးအကုန်သုံး၍ သူ့အား လက်ဆောင်များ ပေးကြသည်။

နှစ်ပေါင်းများစွာ နာမည်ကြီး ကျော်ကြားခဲ့သော အင်တာနက်ဆယ်လီများကိုပင် အနိုင်ယူကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ကြသည်။

အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုများမှတဆင့် ကံကောင်းခြင်းများ၊ ပိုင်ဆိုင်မှုများ ခိုးယူခဲ့ပြီးနောက် သူ၏ ရုပ်ရည်သည်လည်း ပို၍ ချောမောလာခဲ့သောကြောင့် အနုပညာနယ်ပယ်တွင်းသို့ ခြေလှမ်းစတင်ခဲ့သည်။

‘လွှဲပြောင်းအစီအရင်’၏ အကူအညီဖြင့် ကွမ်ချီဟုန်က ပရိတ်သတ်များ၏ ငွေကြေး၊ ကံကောင်းခြင်းတို့အား စုပ်ယူကာ အလွယ်တကူပင် Debut လုပ်နိုင်ခဲ့သည်။

‘ပန်းခင်းထားသော လမ်း’သည်က ပရိတ်သတ်များ၏ သွေး၊ချွေး၊ အသက်များဖြင့် ခင်းပေးထားခဲ့သော လမ်းသာဖြစ်ပေသည်။

ကွမ်ချီဟုန် အင်တာနက်စတင်အသုံးပြုချိန်မှစ၍ ယခုအချိန်အထိ သူ့အတွက်နှင့် မိသားစုများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသော ပရိတ်သတ်များစွာ ရှိခဲ့သည်။

တချို့ပရိတ်သတ်များသည်က ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ကိုယ့်အသက်ကို အဆုံးစီရင်ခဲ့ကြသူများလည်း ရှိသည်။

သေဆုံးသူများ၏ မိသားစုဝင်များက ဒေါသထွက်၍ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ သွားရောက် ပြောဆိုခဲ့ကြချိန်တွင် ကွမ်ချီဟုန်သည် ခပ်ပေါ့ပေါ့သာ ပြန်ဖြေခဲ့သည်။

“ကျွန်တော်က ဘယ်တုန်းကမှ လက်ဆောင်တွေပေးပါလို့ မပြောခဲ့ဖူးပါဘူး၊ အဲဒါတွေက သူတို့ကိုယ်ပိုင် ရွေးချယ်မှုတွေပါ ကျွန်တော်က ငွေတွေကို အကုန်ပြန်ပေးရမလား?”

သူ၏ ပရိတ်သတ်များသည်လည်း ထိုစကားကို ကြားရလျှင် သူတို့အိုင်ဒေါ မတရားပြောဆိုခံရသည်ဟု ခံစားရပြီး သေဆုံးသူ၏ မိသားစုဝင်များအား ဝိုင်းဝန်းအပြစ်တင်ပြောဆိုခဲ့ကြသည်။

ထိုနစ်နာသူမိသားစုဝင်များမှာ ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ပစ်ခဲ့ရပြီး ကူရာကယ်ရာမဲ့စွာ နောက်ဆုတ် လက်လျှော့ခဲ့ရသည်။

သို့သော် ထို ‘လွှဲပြောင်းအစီအရင်’၏ အားကောင်းသော စွမ်းအင်ကြောင့်သာပင် တာဝန်ရှိသူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ကုကျစ်စုန့် ထိုအချိန်က အမှန်တရားကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိသေးသော်လည်း အစိုးရတာဝန်ရှိသူများသည်က ကွမ်ချီဟုန်၏ ပရိတ်သတ်ဂရုများတွင်းမှ ‘အတင်းအဓမ္မ vote ပေးခိုင်းခြင်း’ ၊ ‘သွေးဆောင်၍ voteပေးခိုင်းခြင်း’တို့သည် လူငယ်များအား လမ်းမှားရောက်အောင် လုပ်ဆောင်နေသည်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် သူ၏ လှုပ်ရှားမှုများ ထိန်းချုပ်ခံခဲ့ရပြီး သူ့အား နာမည်ကြီး မီဒီယာပရိုဂရမ်များသို့ ဖိတ်ကြားခြင်းမရှိခဲ့ပေ။

ထိုအရာရှိများ၏ မျက်စိလျင်မှု၊ ကြိုတင်ကာကွယ်မှုများကြောင့်သာလျှင် ကွမ်ချီဟုန်၏ ကျော်ကြားမှုအား ထိန်းချုပ်ထားနိုင်ခဲ့ပြီး သာမန်ပြည်သူ အများအပြားအား သူ၏ အစီအရင်အောက်မှ ကာကွယ်ပေးနိုင်ခဲ့ခြင်းသာဖြစ်သည်။

ကွမ်ချီဟုန်သည်လည်း ထိုဖိနှိပ်မှုကို ခံစားမိခဲ့ပုံရှိသည်။ အင်မတန် စိတ်အားထက်သန်၍ မောက်မာနေသော သူသည်က ထိုကဲ့သို့ ထိန်းချုပ်မှုမျိုးအောက်တွင် အငြိမ်မနေနိုင်ခဲ့ချေ။

ကုကျစ်စုန့်အား ချောက်ထဲသို့ တွန်းချ၍ သူမကို အသုံးချကာ သူ့ကိုယ်သူ ပို၍ အောင်မြင်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။

နောက်ဆုံးတွင်တော့ အထင်နှင့် လက်တွေ့ တခြားစီဖြစ်ခဲ့ရသည်။

ကုကျစ်စုန့်: “ကျွန်မ သိချင်လို့ပါ.. ကွမ်ချီဟုန်ရဲ့ ပရိတ်သတ်တွေက သူ့ရဲ့ ဘယ်အချက်ကို သဘောကျကြတာလဲ

ဘာလို့ ညနက်ထိ မအိပ်နိုင်၊ မစားနိုင်နဲ့ ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့သူတွေအတွက် ရှင်တို့ရဲ့ စွမ်းအင်တွေ၊ ငွေတွေကို ဖြုန်းတီးနေကြတာလဲ?

ဒီအကြောင်းကို သေသေချာချာရော ပြန်တွေးကြည့်ခဲ့ကြဖူးလား?”

အမှန်တရားကို လက်မခံနိုင်၊ လက်မလျှော့နိုင်သေးဘဲ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပုန်းခိုနေခဲ့ကြသော ‘ကွမ်တိ’ပရိတ်သတ်များ ရှိနေခဲ့သည်။

ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် သူတို့အားလုံး ကြက်သေ,သေသွားခဲ့ကြသည်။

မှန်သည် သူတို့ အဘယ်ကြောင့် ကွမ်ချီဟုန်အား ရူးမတတ် သဘောကျခဲ့ရသနည်း?

ကနဦးတွင် ကွမ်ကွမ်၏ ရုပ်ရည်ကြောင့်၊ ထို့နောက် သူ၏ ထူးဆန်းသော်လည်း မနာလိုဖွယ်ကောင်းသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ကြောင့် ဖြစ်သည်။

သူတို့သည်က သွားရည်စာများ၊ သကြားဓာတ်များသည့် အစားအစာများ၊ ကယ်လိုရီများပြားသည့် အစားအစာများကို ခန္ဓာကိုယ်ပုံပျက်ပန်းပျက်ဖြစ်မည် စိတ်ပူရန်မလိုဘဲ စားနိုင်သော ကွမ်ကွမ်အား မနာလိုမိကြသည်။

အားကစားရုံတွင် ကြိုးစားလေ့ကျင့်စရာမလိုပဲ အမြဲလိုလို ပိန်ပါးသွယ်လျနေသည့် ခန္ဓာကိုယ်အား မက်မောမိကြသည်။

သူတို့သည် ကွမ်ကွမ်၏ ညဉ့်နက်သည်ထိ မအိပ်မနေ၊ ဂိမ်းဆော့နေခဲ့သော်လည်း ဖြူဖွေးနူးညံ့ကာ စိုအိနေသည့် အသားအရည်ကိုလည်း မနာလိုသည်။

မျက်ကွင်းညိုရန် မဆိုထားနှင့်၊ ချွေးပေါက်များကိုပင် မမြင်ရ။

သူတို့သည်ကား နေ့စဉ် အလုပ်၊ ကျောင်းသို့ သွားရုံမျှဖြင့် ပင်ပန်းနွမ်းနယ်နေခဲ့ကြသည်။

ကွမ်ကွမ်၏ ကံကောင်းခြင်း၊ မိတ်ကောင်းဆွေကောင်းများကိုလည်း မနာလိုမိသည်။ ကွမ်ကွမ်သည်က တခြားလူများ တွေးပင် မတွေးနိုင်သော အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်နိုင်ပြီး အနာဂတ်တိုးတက်နိုင်မည့် လမ်းကြောင်းများမှာလည်း ပန်းခင်းသည့်အလား အသင့်ဖြောင့်ဖြူးနေခဲ့သည်။

သူတို့သည်ကော?

သူတို့သည်က ကျောင်းသားဘဝကို ညနက်သည်ထိ စာကြိုးစားခဲ့ရသည်။

လူမှုဝန်ထမ်းဖြစ်လာနိုင်ရန် စာမေးပွဲဖြေဆိုရသည်။ အရွယ်ရောက်လာချိန်တွင်လည်း ဘွဲ့လွန်စာမေးပွဲများ ဖြေဆိုရပြန်သည်။

အလုပ်ဆင်းချိန်တွင်လည်း ယွမ်ထောင်ဂဏန်းမျှ ရနိုင်ရန်အတွက် ညနက်သည်ထိ အချိန်ပိုဆင်းရပြန်သည်။

သေသေချာချာ တွေးကြည့်ပါက ကွမ်ကွမ်သည်က ဘုရားသခင်ကောင်းချီးပေးခံရသော လူတစ်ဦးဖြစ်ပြီး သူပိုင်ဆိုင်ထားသော မနာလို၊မက်မောဖွယ် အကောင်းဆုံးဘဝသည် သူတို့အား ကွမ်ကွမ်ကို စိတ်ဝင်စားစေခဲ့ခြင်းသာဖြစ်သည်။

သူတို့အိပ်မက်များထဲကအတိုင်း အပြင်လက်တွေ့ဘဝတွင် နေထိုင်နိုင်သော လူများအမှန်တကယ် ရှိနေခဲ့ကြသည်။

ကုကျစ်စုန့်က မျက်နှာပြင်မှတဆင့် သူတို့၏ အရိုးထဲ၊အသားထဲထိ ဖောက်ထွင်းကာ မြင်နေနိုင်ပြီး တိတ်ဆိတ်နေသော ထိုပရိတ်သတ်များ၏ အတွေးကိုလည်း သူမ သိသည်။

ကုကျစ်စုန့်၏ လေသံက အေးဆေးလွန်းပေသည်။

“ရှင်တို့တွေ မက်မောတာက ကွမ်ချီဟုန်မဟုတ်ဘူး၊ ရှင်တို့ရဲ့စိတ်ကူးထဲက အကောင်းဆုံးဘဝကိုပဲ”

ချောမောလှပ၍ ဘဝအား သက်သက်သာသာ ဖြတ်သန်းနိုင်သည်။ လူအများ၏ အချစ်ကို ခံစားရသည်။

“ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားတာ၊ ကိုယ့်ကိုကိုယ် ပိုပြီးတော်လာအောင် ကြိုးစားတာက ပြဿနာမဟုတ်ဘူး၊ ဒါပေမယ့် ရှင်တို့တွေ မမေ့သင့်တာတစ်ခုက ကိုယ်က လိုချင်တာတစ်ခုခုရှိရင် အရင်ဆုံးပေးဆပ်ရတယ်”

“ကွမ်ချီဟုန်က စန်းရှိတဲ့လူမဟုတ်ဘူး အစီအရင်ကြောင့် ရှင်တို့ကို ဆွဲဆောင်ထားနိုင်တာပဲ”

“သူက အများကြီးစားလည်း ဝိတ်မတက်တဲ့ လူမျိုးမဟုတ်ဘူး၊ ရှင်တို့တွေကတော့ သူ့မှာ နေထိုင်စားသောက်ပုံ ကမောက်ကမဖြစ်နေတာတောင် ကျန်းမာပြီး ချောမောတယ်လို့ တွေးနေခဲ့ကြမှာပဲ

အမှန်တကယ်က သူက ရှင်တို့ဆီကနေ ခိုးယူထားတဲ့ ကံကြမ္မာတွေကို သုံးဖြုန်းပြီး နေ,နေတာ

သူ့ရဲ့ မက်မောစရာမရှိတဲ့ အပိုင်းတွေကို လူမမြင်သာအောင် သေးသေးမွှားမွှားလေးတွေထိ ခွဲခြမ်းစိတ်ဖြာပြီးမှ သူ့ပရိတ်သတ်တွေဖြစ်တဲ့ ရှင်တို့ဆီကို ပေးနေခဲ့တာပဲ ဒါမှ ရှင်တို့က သူ့အစား ဒုက္ခခံပေးနိုင်မှာလေ”

“သူက ပိုက်ဆံချမ်းသာတဲ့ သူဌေးလေးလည်းမဟုတ်ဘူး သူ သုံးနေသမျှ၊ ဖြုန်းနေသမျှငွေတွေက ရှင်တို့တွေ နေ့စဉ်နေ့တိုင်း ကြိုးစားအလုပ်,လုပ်ပြီးမှ ရလာတဲ့ ငွေတွေပဲ

အဲ့ဒီသွေးတွေ၊ ချွေးတွေနဲ့ ရှာထားတဲ့ငွေတွေကို ရှင်တို့က သူ့အတွက် မျက်တောင်တစ်ချက်မခတ် အကုန်ပေးပစ်လိုက်တာပဲ”

ကုကျစ်စုန့်၏ တည်ငြိမ်အေးစက်သည့်အသံသည်က အမှန်ကို လက်မခံနိုင်သေးသည့် ပရိတ်သတ်များ၏ ဦးခေါင်းအတွင်း တဖြည်းဖြည်း ထိုးစိုက်နေသည့် လွန်သွားတစ်ခုကဲ့သို့ပင်။

ကီးဘုတ်ပေါ်တွင် တင်ထား၍ စာရိုက်နေသော လက်ချောင်းများက ရပ်တန့်သွားခဲ့ပြီး စားပွဲပေါ်မှ မှန်ငယ်အား မမှိတ်မသုန် ကြည့်နေခဲ့မိသည်။

မှန်တွင်းမှ သူတို့မျက်နှာများက ခြောက်သွေ့၍ သုန်မှုန်နေခဲ့သည်။

ကိုယ့်ကိုကိုယ် မြင်တွေ့ရပြီးနောက် မကျေမနပ် မျက်မှောင်ကြုတ်ကာ ဒေါသထွက်မိကြသည်။

သူတို့၏မျက်နှာပေါ်မှ အင်မတန်ကုရခက်သော ဝက်ခြံငယ်လေးများသည် မည်သည့်အချိန်က ပေါ်လာခဲ့ပါသနည်း?

*

All Chapters