ကွဲသွားတဲ့ မှန်ကို ပြန်ဆက်လို့မရဘူး (1)
Vol. 45 Ch. 446
တစ်ချိန်က သူမတို့၏ မိသားစုက လေပေါ်ပျံနိုင်သည့် ဦးခေါင်းပြတ်ကျိန်စာအား လေ့ကျင့်နေသူများဖြစ်သောကြောင့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သတ်မှတ်၍ သူမကိုလည်း ကွပ်မျက်ရန် ကြိုးစားချင်ကြသည်။
ထို့ကြောင့်ပင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့များမှ သူမထံသို့ ရောက်ရှိလာချိန်တွင် အသည်းအသန် ကြိုးစားရုန်းကန်ခဲ့ခြင်းပင်။
အသက်ဆုံးရပါစေ၊ သူမနှင့်အတူ ထိုတောက်ကျန့်များကိုပါ ဆွဲခေါ်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
အခန်းထဲသို့ အေးအေးဆေးဆေး ဝင်ရောက်လာခဲ့သော အမျိုးသမီးက သူမ ပြန်လည်ခုခံကာကွယ်နိုင်စွမ်းပင် မရှိနိုင်လောက်သည်ထိ အင်မတန် စွမ်းအားကြီးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လည်ပင်းကြိုးကွင်းစွပ်ခံရပြီး သေဆုံးရတော့မည်ဟု မျှော်လင့်ထားသော်လည်း အမှောင်အတွင်းမှ အလင်းပွင့်လေးတစ်ပွင့် ပေါ်လာခဲ့သည်။
ဟဲမီမူထန်၏ လေသံ ပျော့သွားခဲ့ပြီးနောက် ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် ကုကျစ်စုန့်အား အံ့ဩတကြီး ကြည့်လိုက်မိသည်။
“နင်….”
“ငါ အဲဒီတစ္ဆေအိုကြီးကို သတ်လိုက်တယ်ဆိုတာ နင်ဘယ်လိုလုပ် သိတာလဲ?”
ကုကျစ်စုန့်: “ငါ တွက်ချက်လိုက်တာ”
“ငါ့ရဲ့ တွက်ချက်မှုတွေ အရ မင်းရဲ့ လည်ပင်းပေါ်က အမာရွတ်က…”
ဖြူဖွေးသွယ်လျသည့် လက်ချောင်းရှည်များသည် သူမ လည်ပင်းမှ အမာရွတ်အား ထိလာချိန်တွင် ဟဲမီမူထန် မျက်နှာသွေးဆုတ်သွားခဲ့သည်။
“မင်းအမေက လုပ်ခဲ့တာပဲ”
သီးခြားအခန်း၏ အပြင်မှ မြင်နိုင်သည့်မြင်ကွင်းမှာ အခန်းထဲမှ အမျိုးသမီးငယ်နှစ်ဦးတွင် တစ်ဦးသည် ထိုင်နေ၍ နောက်တစ်ဦးသည် မတ်တပ်ရပ်နေခဲ့သည်။
အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့ပြီးနောက် ကုကျစ်စုန့် ရုတ်တရက် လက်ကို မြှောက်ပြလိုက်သည်။
ကျန်းရူယွီ ကြက်သေ,သေသွားခဲ့ပြီးနောက် ဘေးမှ ငြိမ်သက်နေသည့် အဖွဲ့ဝင်များကို ကြည့်ကာ ပြောလိုက်သည်။
“တံခါးဖွင့်လိုက်တော့”
“တံခါးဖွင့်ရမယ်?”
အဖွဲ့ဝင်များ အနည်းငယ် တွေဝေနေခဲ့သည်။
“စီနီယာကျန်း၊ အဲဒီစုန်းမလေးက အခွင့်အရေးယူပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ…”
“ကိစ္စမရှိဘူး သူ ထွက်ပြေးမှာမဟုတ်ဘူး”
သူမ ထွက်ပြေးချင်လျှင်တောင် ကုကျစ်စုန့် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
ထိုအတွေးသည် ကျန်းရူယွီ စိတ်ထဲသို့ ရုတ်တရက် ပေါ်လာခဲ့သည်။
‘ကုကျစ်စုန့်အား ယုံကြည်ခြင်း’သည်က မေးခွန်းထုတ်ရန်ပင် မလိုသကဲ့သို့ပင်။
သူမကိုယ်သူမလည်း အံ့ဩနေမိသည်။
မကြာမီမှာပင် တင်းကြပ်စွာ ပိတ်ထားသော တံခါးက ဖြည်းညင်းစွာ ပွင့်လာခဲ့ပြီးနောက် ပြင်ပမှ လေထုက အခန်းတွင်းသို့ စီးဝင်လာခဲ့သည်။
ပိတ်ထားသော စတီးတံခါး၏ နောက်ကွယ်မှ ပေါ်လာသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီးနောက် ဟဲမီမူထန်၏ နှလုံးသားတွင်းမှ မယုံကြည်မှုများ၊ သားရဲတစ်ကောင်ကဲ့သို့ နိုးကြားနေခဲ့သော သူမ၏ စိတ်များသည်လည်း တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။
“မင်း ဘာသိချင်သေးလဲ”
“ဘာပဲဖြစ်ဖြစ်ပါ ငါ့လည်ပင်းက အမာရွတ်က အခုကိစ္စနဲ့ ဘာမှ မဆိုင်ဘူး၊ အဲဒါတွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကိုလည်း ပြန်ဖြေမှာမဟုတ်ဘူး နောက်ထပ်လည်း ထပ်မမေးနဲ့”
ကုကျစ်စုန့် အသာ ပုခုံးတွန့်လိုက်သည်။
“ကိစ္စမရှိဘူး”
သူမ ကုကျစ်စုန့်အား စူးစိုက်ကြည့်နေဆဲဖြစ်ပြီးနောက် မေးခွန်းထုတ်လိုက်သည်။
“နင်တို့ ငါ့ဆီကို ရောက်လာတာ ငါ အဲဒီမိန်းမကို သတ်မလို့ လုပ်နေလို့မလား? သူ့အတွက် မင်းတို့က ဆုံးဖြတ်ချက်ချပေးမလို့လား”
“ငါတို့က မင်းကိုခေါ်လာတာ သူ့အတွက် မဟုတ်ဘူး”
အပြန်အလှန် ရှင်းပြပြီးချိန်တွင် ကုကျစ်စုန့်အနေဖြင့် ဟဲမီမူထန်၏ ဘဝသည်က အင်မတန် ရှေးရိုးဆန်၍ လူအများနှင့် ဆက်ဆံခြင်းလည်း မရှိကြောင်း ခံစားလိုက်ရသည်။
သူမက အင်တာနက်ကိုလည်း အသုံးပြုခဲပြီး တောင်ပေါ်မှ ငှက်များ၊ တိရိစ္ဆာန်များနှင့်ပင် ထူးမခြားနားသလောက်ဖြစ်နေသည်။
ကုကျစ်စုန့် မိုဘိုင်းဖုန်းကို ထုတ်လိုက်ပြီးနောက် ‘ဝိဉာဉ်ရေးရာ’ပရိုဂရမ်၏ နာမည်ကြီးရှာဖွေမှုများကို နှိပ်လိုက်သည်။
ပရိုဂရမ်အဖွဲ့၏ တည်းဖြတ်ထားသော ဗီဒီယိုအား နောက်သုံးရက်ကြာမှ တင်မည်ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်စဉ်က screen record လုပ်၍ ဗီဒီယိုအတိုများ စုတင်ထားကြသည့် ပရိတ်သတ်များလည်း ရှိကြပေသည်။
‘မက်မွန်ပန်းပွင့်ကျိန်စာ’အပိုင်းအား ရိုက်ကူးထားသည့် ဗီဒီယိုများကို ရှာဖွေလိုက်ပြီးနောက် ကုကျစ်စုန့် မိုဘိုင်းဖုန်းအား ဟဲမီမူထန်၏ ရှေ့တွင် ချပြလိုက်သည်။
“အဲဒီကောင်မလေးက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဧည့်သည်အဖြစ် အရွေးခံရတာ၊ မင်းဆီကို ငါတို့လာရတဲ့အကြောင်းရင်းကတော့ မင်းရဲ့ ခေါင်းကို စိတ်ဝင်စားလို့ပဲ”
“ပြီးတော့ မင်းက ‘လေပေါ်ပျံနိုင်တဲ့ ဦးခေါင်းပြတ်မှော်’ကို ကျွမ်းကျင်နေပြီဆိုတော့ ကောင်းကင်ဘုံ၊ မြေကမ္ဘာ ဥပဒေတွေရဲ့ ထိန်းချုပ်မှုကိုလည်း ခံစားမိမှာပဲ
ဘာကို လုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူးဆိုတာလည်း သိနေလောက်ပါပြီ”
“ငါတို့သာ မင်းရဲ့ အကြံအစည်ကို သတိမထားမိလိုက်ဘူးဆိုရင် မင်းက အဲဒီကောင်မလေးကိုသတ်ပြီး သွေးစုပ်လိုက်မှာပဲ၊
ဒါဆိုရင် မင်းက လူ့အဖွဲ့အစည်းမှာ ဝင်မဆန့်နိုင်တော့တဲ့ မကောင်းဆိုးရွား ကျင့်ကြံသူဖြစ်လာလိမ့်မယ်
ဥပဒေရဲ့ အပြစ်ပေးမှုနဲ့ ကံကြမ္မာဆိုးတို့နဲ့တင် မင်းရဲ့ဘဝက စုန်းစုန်းမြှုပ်ရမှာပဲ”
အားနည်းချက်ငါးခုနှင့် ချို့ယွင်းချက် သုံးခုတို့သည်က ဖြောင့်မတ်မှုမရှိသော လမ်းကြောင်းများ၏ ‘အသက်တံခါးဝ’ ‘ရုပ်ရည်တံခါးဝ’နှင့် ‘ကျင့်ကြံမှုတံခါးဝ’တို့တွင်သာ တည်ရှိသည်။
တစ်ယောက်ယောက်အား မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ လူတစ်ယောက်၏ ကံကြမ္မာတွင် အားနည်းချက်များ၊ ချို့ယွင်းချက်များ ရှိနေပါက ထိုအချက်များပေါ်လာသည်နှင့် သက်ရှိကမ္ဘာသို့ ဝင်ရောက်နိုင်ရန် ပေးဆပ်ရသည့် တန်ဖိုးအား အကြမ်းဖျင်း ခံစားနိုင်စွမ်းရှိသည်။
ဟဲမီမူထန်က ‘လေပေါ်ပျံနိုင်သည့် ခေါင်းပြတ်မှော်’အား လေ့ကျင့်သူဖြစ်ပြီး သူမက သက်ရှိလူများကို ဝါးမျိုခဲ့ဖူးခြင်း မရှိသော်ငြား ငှက်များ၊ တိရိစ္ဆာန်များ မရေတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးသည်။
ထိုမျှ များပြားသည့် အသက်များကို သတ်ခဲ့ခြင်းကြောင့် သူမကိုယ်ပေါ်တွင် မကောင်းဆိုးရွားဝိဉာဉ်များစွာ ကပ်တွယ်နေခဲ့သည်။
ထိုအရာများကြောင့်ပင် သူမ၏ ကံကြမ္မာသည်က သာမန်ထူးခြားပညာရှင်များထက် ပို၍ ကြမ်းတမ်းခက်ခဲရခြင်းပင်။
သူမ ဒဏ်ရာရခဲ့ပြီး သူမ၏ စည်းစိမ်သည်လည်း ပျောက်ကွယ်နေခဲ့သည်။
အားနည်းချက်ငါးခုတွင် တစ်ခုခံစားခဲ့ရပြီး သူမသည် ကလေးရနိုင်စွမ်းလည်းမရှိပေ။
ချို့ယွင်းချက်သုံးပါးတွင် ဂုဏ်သတင်းနှင့် ငွေကြေးပါဝင်နေသောကြောင့် သူမက သာမန်လူသားများ၏ ကမ္ဘာတွင်းသို့ ဝင်ရောက်ပါက မည်သို့နယ်ပယ်မျိုးတွင်မှ အောင်မြင်နိုင်စွမ်းရှိမည်မဟုတ်ပေ။
ဟဲမီမူထန်ကိုယ်တိုင်လည်း သူမ၏ အားနည်းချက်များကို သိထားပုံရှိသည်။ ထို့ကြောင့် ကျောင်းတက်ရောက်ခဲ့ခြင်းမရှိခဲ့ချေ။
သူမက အတွေးအခေါ်မရှိ၊ သွေးသာ စုပ်တတ်သော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်မလာချင်ပေ။
ထို့ကြောင့် အမြဲလိုလို ကိုယ့်ကိုကိုယ် ထိန်းချုပ်၍ လူအများနှင့်ဝေးရာ တောင်တန်းများပေါ်တွင်သာ နေထိုင်ခြင်းဖြစ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’သည်က အကျင့်စာရိတ္တဖောက်ပြား၍ သူမနှင့် ချစ်သူတို့ကြားမှ ဆက်ဆံရေးအား သဘာဝလွန်ပညာရပ်များ အသုံးပြု၍ ဖျက်ဆီးခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။
သို့သော် သက်ရှိကမ္ဘာ၏ ဥပဒေအရဖြစ်စေ၊ မြေအောက်ကမ္ဘာ၏ ဥပဒေအရဖြစ်စေ သူမသည်က သေသင့်သည့်အပြစ်ကို ကျုးလွန်ထားသူမဟုတ်ခဲ့ချေ။
ဟဲမီမူထန်သာ သူမအား သတ်ဖြတ်ခဲ့မည်ဆိုပါက လူသတ်သည့် အပြစ်ဒဏ်ကို ခံစားရမည်ဖြစ်ပြီး သူမ၏ ကံကြမ္မာတွင်လည်း ပို၍ ကံဆိုးစေမည်သာဖြစ်သည်။
သူမ တစ်ချိန်လုံး စောင့်ထိန်းလာသည့် စည်းမျဉ်းကို ဖောက်ဖျက်မိမည်ဖြစ်ကာ ထိုအချိန်မှစ၍ လူသွေးစုပ်လိုသည့် ခံစားချက်ကိုလည်း ထိန်းချုပ်နိုင်မည်မဟုတ်တော့ပေ။
ထိုသို့ဖြစ်လာပါက သူမက ယခုကဲ့သို့ ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ဖိတ်ကြားခြင်းခံရပြီး အေးအေးဆေးဆေး စကားပြောနေနိုင်မည်မဟုတ်တော့ပေ။
ကုကျစ်စုန့်၏စကားကို ကြားရပြီးနောက် စိတ်အလျဉ်လိုနေစဉ်က ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပြန်တွေးမိပြီး သူမ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူမ၏ အသံသည်က အနည်းငယ် တုန်ယင်နေသည်။
“ငါလည်း အဲဒီတုန်းက ဘာလို့ အရမ်းဒေါသထွက်နေမိလဲဆိုတာကို မသိတော့ဘူး… ချန်လုကန်း ငါနဲ့ လမ်းခွဲလိုက်တုန်းက နည်းနည်းတော့ ဝမ်းနည်းမိတာ အမှန်ပဲ
ဒါပေမယ့် အဲဒီလိုနေ့မျိုးအတွက် ငါ စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသားပဲ၊ဒါကို ငါလက်ခံနိုင်တယ်”
“နောက်ကျတော့ သူ့ကိုယ်ပေါ်မှာ လူတွေရဲ့ စိတ်ကို ဖောက်ပြားစေတဲ့ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို ငါတွေ့လိုက်ရပြီး ကျိန်စာတိုက်တဲ့သူက အဲဒီမိန်းမဆိုတာ သိလိုက်ရတယ်
သူတို့နှစ်ယောက် တွဲလျှောက်သွားတာကို မြင်လိုက်ရရင် ငါ အရမ်းဒေါသထွက်တယ်၊ အဲဒီမိန်းမကိုရော၊ ချန်လုကန်းကိုပါ ငါအရမ်းမုန်းမိတယ်”
ဟဲမီမူထန်စကားမှ ချန်လုကန်းဆိုသည်မှာ သူမ၏ ချစ်သူဟောင်းဖြစ်ပေသည်။
‘မက်မွန်ပန်းပွင့်ကျိန်စာ’အစွမ်းဖြင့် ‘ရှောင်ကျိုးကချစ်ဖို့အကောင်းဆုံး’လုယူသွားခဲ့သော ကောင်လေးပင်။
ဟဲမီမူထန်ပ ကုကျစ်စုန့်အား မယုံမကြည်ဖြစ်မှု၊ မုန်းတီးမှု အလျဉ်းမရှိတော့ချေ။ အနည်းငယ်ပင် သဘောကျမိသည်။
ထို့ကြောင့် စကားအား ဝေ့ဝှိက်မနေတော့ဘဲ သူမနှင့် ချစ်သူကြားမှ ဆက်ဆံရေးနှင့် ‘ရှောင်ကျိုးက ချစ်ဖို့အကောင်းဆုံး’အား သူမ သတ်ချင်ရသည့်အကြောင်းရင်းတို့အား ဖွင့်ပြောလာခဲ့သည်။
သူမ စုန့်ရှန်းတောင်ခြေမှ ထွက်ခွာလာချိန်တွင် ဟဲမီမူထန်က အသက် ၆နှစ်သာ ရှိသေးသည်။
၈နှစ်ကြာပြီးနောက် သူမ ဇာတိမြေအား တစ်ဦးတည်း ပြန်လာခဲ့ပြီး သူမတို့နေအိမ်အား အပိုင်စီးထားသည့် သားအမိနှစ်ဦးကို နှင်ထုတ်ခဲ့သည်။
ထို့နောက် တောင်ပေါ်မှ ထိုအိမ်ငယ်လေးထဲတွင် သူမတစ်ကိုယ်တည်း နေထိုင်ခဲ့သည်။
ဟဲမီမူထန်မှာ သဘာဝလွန်ပညာတွင် အင်မတန်ထူးချွန်သူဖြစ်သည်။ ထိုအချိန်က သူမသည် ဦးခေါင်းနှင့် ခန္ဓာကိုယ်အား အပြည့်အဝ ခွဲထုတ်နိုင်သည်အထိ ‘လေပေါ်ပျံနိုင်သည့် ဦးခေါင်းပြတ်မှော်’အား လေ့ကျင့်နိုင်ခဲ့ပြီးဖြစ်ပေသည်။
ထို့အပြင် သူမက အပြင်၌ လှည့်လည်သွားလာခဲ့စဉ်က အသုံးဝင်နိုင်မည့် ပညာမျိုးစုံကို လေ့လာခဲ့သောကြောင့် မကောင်းဆိုးဝါးဝိဉာဉ်များကို နှိမ်နင်းပေးနိုင်ပြီး သာမန်ဖျားနာမှုများကို ကုသပေးနိုင်စွမ်းလည်း ရှိသည်။
ထို့ကြောင့် သူမက မိခင်ဖြစ်သူ၏ နာမည်ကို ဆက်ခံကာ စုန့်ရှန်းတောင်ခြေမှ ‘စုန်းမ’အသစ်ဖြစ်လာခဲ့သည်။
*