← Chapters

ကွဲသွားတဲ့ မှန်ကို ပြန်ဆက်လို့မရဘူ  (2)

Vol. 45 Ch. 447

ကွဲသွားတဲ့ မှန်ကို ပြန်ဆက်လို့မရဘူ  (2)

Vol. 45 Ch. 447

အစပိုင်းတွင် ရွာသားများသည်က သူမအား အယုံအကြည်မရှိခဲ့ကြချေ။ သို့သော် သူမ၏ လုပ်နိုင်စွမ်းအား မြင်တွေ့လာရပြီးနောက် တဖြည်းဖြည်း သူမအား စုန်းမလေးဟု ခေါ်ဝေါ်လာကြသည်။

ချန်လုကန်းမှာ သူမ ရွာသို့ ပြန်လာသည့်နှစ်က တွေ့ဆုံခဲ့သော ရွာသားလေးဖြစ်သည်။

ထိုအချိန်က အမေချန်၏ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးသည် အခြေအနေဆိုးနေခဲ့သည်။

သူမက ရံဖန်ရံခါ စိတ်ဖောက်ပြန်သွားတတ်သည်။ ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ပါသော်လည်း ဆရာဝန်များမှ သူမထံ၌ မည်သို့သော ရောဂါမျိုးမှ မရှိကြောင်း၊ ထိခိုက်ဒဏ်ရာများလည်း မရှိကြောင်းသာ ပြောဆိုခဲ့သည်။

အမေချန် ထိုကဲ့သို့ ဝေဒနာခံစားနေရသည်မှာ အချိန် ၂နှစ် ကြာမြင့်ခဲ့ရသည်။

စုန်းမငယ်လေးတစ်ဦး တောင်ပေါ်တွင် နေထိုင်သည်ဟု ကြားရပြီးနောက် ချန်လုကန်းသည်က မိခင်ဖြစ်သူကို ကျောပိုး၍ တောင်ပေါ်သို့ တက်လာခဲ့ပြီး ‘ရောဂါ’အား ကုသပေးရန် အကူအညီတောင်းခဲ့သည်။

အမေချန်၏ ‘ရောဂါ’မှာ သာမန်လူများအတွက် ဖြစ်နိုင်သည့်အရာမဟုတ်ခဲ့ချေ။

ဟဲမီမူထန် သူမအား စစ်ဆေးကြည့်လိုက်ချိန်တွင် မိခင်ချန်၏ ကိုယ်တွင်း၌ ယင်စွမ်းအင်များ အဆမတန် များပြားနေခဲ့ပြီး ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေပြီဖြစ်သည်။

အဖေချန်သည်က အသက်ငယ်ငယ်ဖြင့် ဆုံးပါးသွားခဲ့သည်။

အမေချန်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် မုဆိုးမဖြစ်ခဲ့ရသော်ငြား မိသားစုအား အစီအစဉ်တကျ ဦးဆောင်နိုင်ခဲ့သည်။ ခင်ပွန်းသည်၏ မိဘနှစ်ပါးနှင့် ချန်လုကန်းတို့အား ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ယောက္ခမဖြစ်သူနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သူဖြစ်သည်။

ချန်လုကန်း လူပျိုပေါက်အရွယ်တွင် သူမက တစ်ရွာတည်းသား ကလေးမရှိသည့် မုဆိုးဖိုတစ်ဦးဖြင့် ချစ်ကျွမ်းဝင်ခဲ့သည်။

ထိုအချိန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး သူမသည်က အသက် (၄၀)ပင် မပြည့်သေးပေ။

မိသားစုကြီးတစ်ခုအား သူမတစ်ကိုယ်တည်း စောင့်ရှောက်ရန် ခက်ခဲလွန်းသည်။

မုဆိုးဖိုသည်က သူမအား ဂရုစိုက်ကြင်နာတတ်ပြီး စပါးနယ်၊ အခြောက်လှမ်းသည့် အလုပ်များ၊ သားကောင်ဖမ်းဆီးသည့် အလုပ်များအပြင် ချန်လုကန်းနှင့် နေအိမ်မှ အဖိုးအဖွားတို့ကိုလည်း အာဟာရပြည့်စေရန် ကူညီပေးခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ယောက္ခမဖြစ်သူနှင့် ချန်လုကန်းတို့ကပင် မိခင်ချန် နောက်အိမ်ထောင်ပြုလိုပါက ပြုသင့်ကြောင်း တိုက်တွန်းလာခဲ့သည်။

သူတို့နှစ်ဦး ချစ်သူဖြစ်ချိန်မှစ၍ အမေချန် ရုတ်တရက် ‘နာမကျန်း’ဖြစ်လာခဲ့သည်။

သူမအနေဖြင်် ယခင်က အားနည်းရုံမျှသာ ဖြစ်သော်လည်း ကြာလာသည့်နှင့်အမျှ စိတ်ပါ နောက်လာခဲ့သည်။

ထိုသို့ ‘နာမကျန်း’ဖြစ်သည့်အချိန်တိုင်း မည်သူကိုမျှ မမှတ်မိ၊ တစ်ကိုယ်လုံး တုန်ရီနေတတ်သည်။

အော်ဟစ်၍ အနားကပ်လာသည့် လူများကိုလည်း ကိုက်လွှတ်တတ်သည်။

ထိုကဲ့သို့ ရောဂါခံစားရသည်မှာ ၆လခန့် ကြာမြင့်လာပြီးနောက် သူမနှင့် မုဆိုးဖိုကြားမှ အချစ်ရေးလည်း တစ်ခန်းရပ်ခဲ့ရသည်။

ရွာတွင်းမှ သိကျွမ်းနားလည်သူများကတော့ အမေချန်က မကောင်းသည့်အရာတစ်ခု၏ တိုက်ခိုက်ခြင်းခံရပြီး စိတ်ဖောက်သွားခြင်းဟု ပြောဆိုခဲ့ကြသည်။

သို့သော် ချန်မိသားစု မသိလိုက်သည့်အရာမှာ ချွေးမဖြစ်သူအား အရူးတပိုင်းဖြစ်စေခဲ့ပြီး သူမအား တိုက်ခိုက်နေသည့် မကောင်းသော အရာသည်က ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားသော သူမ၏ ခင်ပွန်းသည်ပင် ဖြစ်နေခဲ့သည်။

သူမ၏ ခင်ပွန်းဟောင်းသည်က ဒေါသကြီး၍ စိတ်တိုလွယ်သူတစ်ဦးဖြစ်သည်။ သူသည်က အရိုးအသားထဲထိ ရှေးရိုးစွဲ အယူအဆများ လက်ကိုင်ထားသူလည်းဖြစ်သည်။

မတော်တဆဖြစ်၍ သေဆုံးချိန်တွင် သက်ရှိကမ္ဘာ၌ ပြစ်မှုကျုးလွန်ခဲ့သောကြောင့် သူ၏ ပြန်လည်ဝင်စားနိုင်စွမ်းက သေဆုံးပြီး ၃၇နှစ်ကြာမှ ပြန်လည်ဝင်စားရမည်ဖြစ်သည်။

သူ၏ ဝိဉာဉ်သည်လည်း မြေအောက်ကမ္ဘာတွင်သာ လှည့်လည်သွားလာနေခဲ့ရသည်။

ချန်မိသားစုမှ အဘိုးအဘွားနှင့် အမေချန်တို့က ပွဲတော်နေ့တိုင်း သူ့အတွက် စက္ကူမီးရှို့ပေးသောကြောင့် ဘဝက သက်တောင့်သက်သာပင် ဖြစ်ခဲ့သည်။

မိဘများ၏ ဇနီးဖြစ်သူအား အင်မတန်သိတတ်ကြောင်း၊ ကြင်နာတတ်ကြောင်း ချီးကျုးသံကိုလည်း ရံဖန်ရံခါ ကြားရတတ်သည်။

မြေအောက်ကမ္ဘာမှ ချန်မိသားစု၏ သူငယ်ချင်းများသည်လည်း ထိုအကြောင်းကို သိထားကြပြီး ထိုကဲ့သို့ မိန်းမကောင်းရထားသည့် သူ့အား မနာလိုတတ်ကြသည်။

သူသည် အနည်းငယ် ဂုဏ်မြှောက်နေတတ်သော်ငြား ထူးထူးခြားခြား မခံစားရပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်တွင် ဇနီးဖြစ်သူက သူတို့ ချန်မိသားစုအတွင်းသို့ လက်ထပ်ခြင်းဖြစ်သောကြောင့် သူမသည်လည်း အသက်ရှင်သည့်အချိန်တွင်သာမက၊ သေဆုံးချိန်မှာပင် ချန်မိသားစုဖြစ်သည်ဟု ယူဆထားခဲ့သည်။

သူ သေသွားလျှင်တောင် သူ၏ သားဖြစ်သူကို ဂရုစိုက်ပြီး မိဘနှစ်ပါးကို သိတတ်ရမည်မှာ သူမ၏ တာဝန်သာဖြစ်သည်။

အဖေချန်သေဆုံးပြီး ၇နှစ်မြောက်တွင် မိခင်ဖြစ်သူက သူ့အတွက် စက္ကူမီးရှို့ပေးနေစဉ် ဇနီးဖြစ်သူ နောက်အိမ်ထောင်ပြုတော့မည်ဆိုသော သတင်းအား ကြားသိလိုက်ရသည်။

ထိုသတင်းကြောင့် သူအမျက်ခြောင်းခြောင်း ထွက်ခဲ့ရသည်။

မိန်းမကောင်းတစ်ဦးပ နောက်အိမ်ထောင် မပြုသင့်ပေ။

ထို့အပြင် သူမသည် မုဆိုးမတစ်ဦးဖြစ်ပေသည်။

ချန်မိသားစု၏ မျိုးဆက်ာ တခြားလူတစ်ဦးအား အဖေခေါ်ရမည်လော?

အဖေချန် ထိုကိစ္စအား လုံးဝလက်မခံနိုင်ပေ။

ထိုအချိန်က သူသည်က သက်ရှိကမ္ဘာ၌ သားဖြစ်သူကို ဂရုစိုက်ပေးနေရင်း အိမ်မှုကိစ္စများ လုပ်ဆောင်နေသော ဇနီးဖြစ်သူကို ကြည့်လိုက်မိသည်။

ဇနီးဖြစ်သူာ ရိုးသားသူမဟုတ်ဟု ခံစားခဲ့ရပြီး အင်မတန် စိတ်တို၊ဒေါသထွက်နေခဲ့သည်။

ဇနီးဖြစ်သူ နောက်အိမ်ထောင် မပြုစေရန် ထိုမကောင်းဆိုးဝါးက မြေအောက်ကမ္ဘာမှ သက်ရှိကမ္ဘာသို့ ခိုးထွက်လာခဲ့ပြီး အမေချန်အား နှိပ်စက်ရန် ချန်မိသားစုထံသို့ ပြန်လာခဲ့သည်။

ချန်လုကန်းမှာ မိခင်အား အသိပေးခြင်းမရှိပဲ ဟဲမီမူထန်ထံသို့ ရောက်လာချိန်တွင် အမေချန်မှာ ယင်စွမ်းအင်၏ အချိန်ကြာမြင့်စွာ နှိပ်စက်ခံထားရသောကြောင့် အားနည်းပိန်ချုံးနေခဲ့သည်။

မိခင်ချန်အား ထိုသို့ မြင်တွေ့ရခြင်းသည်က ဟဲမီမူထန်အတွက်တော့ သူမ မိခင်အား ပြန်လည် မြင်တွေ့နေခဲ့ရသကဲ့သို့ပင်။

သူမသည်လည်း ဒေါသတကြီးဖြင့် ချန်မိသားစုထဲတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးအား သွားရောက်ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များကိုလည်း အဖြစ်မှန်ပြောပြခဲ့သည်။

ချန်မိသားစု၏ အဘိုးဖြစ်သူမှာ အင်မတန် ထိတ်လန့်သွားခဲ့ရသည်။

သူ၏ ချွေးမဖြစ်သူအား ယခုကဲ့သို့ နှိပ်စက်နေသူမှာ သူတို့၏ သေဆုံးပြီးဖြစ်သော သားဖြစ်နေလိမ့်မည်ဟု သူတို့ တွေးပင် မတွေးနိုင်ခဲ့ပေ။

လူအိုကြီးနှစ်ဦးက အော်ဟစ်ငိုယို၍ သားဖြစ်သူက အနည်းငယ် စိတ်ရှုပ်ထွေးနေသောကြောင့်သာ ဖြစ်ကြောင်း၊ ချွေးမဖြစ်သူအတွက်လည်း အင်မတန် အားနာမိကြောင်း တောင်းပန်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဟဲမီမူထန်အား မျက်ရည်အပြည့်ဖြင့် သားဖြစ်သူကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသောကြောင့် သူမ စိတ်ထဲတွင် အင်မတန် အော်ဂလီဆန်ခဲ့ရသည်။

ဟဲမီမူထန် အေးစက်စွာ ပြုံးလိုက်ပြီးနောက် အဘိုးအဘွား လင်မယားအား အသိစိတ်ရှိသည်လားဟု မေးခွန်းထုတ်မိသည်။

‘နင်တို့ရဲ့သား သေသွားကတည်းက ဒီအမျိုးသမီးက မနက်ကနေ ညအထိ အလုပ် နှစ်ခုလုပ်ပြီး နင်တို့ သက်ကြီးရွယ်အိုတွေနဲ့ နင်တို့မြေးကိုပါ ရှာကျွေးခဲ့တာလေ

ဒီ ၁၀နှစ်အတွင်းမှာ သူက နောက်ကျောဓားနဲ့ထိုးမယ့်သူတွေကို စောင့်ရှောက်နေခဲ့မိတာပဲ!’

‘ဆရာမလေး၊ ငါတို့ချွေးမလေးအတွက် တကယ့်ကို စိတ်မကောင်းပါဘူး ဒါပေမဲ့… ဒါပေမဲ့ ငါတို့တွေ မင်းကို ပိုက်ဆံပေးပါ့မယ် ၊ သူများ မိသားစုအရေးမှာ ဝင်မပါ,ပါနဲ့!’

ဟဲမီမူထန် မမျှော်လင့်ထားသည်မှာ ဤကဲ့သို့ ပုတ်သိုးနေသည့် မိသားစုအတွင်းတွင် လူကောင်းတစ်ယောက်လည်း ရှိနေခဲ့သည်။

ထိုအချိန်က အသက် ၁၅ ၊ ၁၆ အရွယ်သာ ရှိသေးပြီး အထက်တန်းကျောင်း ပထမနှစ်တက်ရောက်နေသော ချန်လုကန်းမှာ တစ်ချိန်လုံး တိတ်ဆိတ်နေရာမှ သူမအား စကားဆိုလာခဲ့သည်။

‘အဖေ့ကို ပြန်ပို့လိုက်ပါ စုန်းမလေး၊ သူ့မှာ ငါ့အမေကို ဒီလိုအနိုင်ကျင့်ပိုင်ခွင့် လုံးဝမရှိဘူး’

ဟဲမီမူထန် မျက်နှာကို မဲ့၍ ပြုံးလိုက်မိပြန်သည်။

‘ပြန်ပို့ရမယ်? သေချာတာပေါ့၊ နင့်အဖေက ကိုယ့်ကိုကိုယ်တောင် မှားလို့ မှားမှန်းမသိတဲ့ ခွေးတွေ၊ ဝက်တွေထက်တောင် ဆိုးတဲ့ လူပဲ’

‘……’

‘သူ့ကို နှင်လိုက်တာပဲဖြစ်ဖြစ်၊ နှိပ်စက်တာပဲဖြစ်ဖြစ် အမေ အခုလိုမျိုး ထိန်းချုပ်ခံရပြီး သူနှိပ်စက်တာ ခံမနေရဘူးဆိုရင် ပြီးတာပါပဲ၊ စုန်းမလေးကို အကူအညီတောင်းပါတယ်’

ချန်မိသားစုမှ အဘိုးအဘွားနှစ်ဦးလုံးက ငိုယို၍ ချန်လုကန်းအား ဆူပူကြိမ်းမောင်းခဲ့ကြသည်။

သားတစ်ယောက်သည်က ကိုယ့်အဖေကို အပြစ်ရှိသည်ဟု ပြောဆိုခြင်းမှာ အင်မတန် ရိုင်းစိုင်းကြောင်း၊ နောင်အနာဂတ်တွင် ယမမင်း၏ အပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ကြောင်း ဆူပူခဲ့ကြသည်။

ချန်လုကန်း၏ အဖြေမှာ တစ်ခွန်းတည်းသာလျှင် ဖြစ်ခဲ့၏။

‘အမေ့ကိုသာ ကယ်နိုင်မယ်ဆိုရင် ကျွန်တော် ဘယ်လိုအပြစ်မျိုးဖြစ်ဖြစ် ခံဖို့ ဝန်မလေးဘူး’

ကောင်ငယ်လေး၏ စကားကို ကြားရပြီးနောက် ဟဲမီမူထန် အင်မတန် အံ့ဩသွားခဲ့ရသည်။

နောက်ပိုင်းတွင်တော့ သူမက အဖေချန်၏ ဝိဉာဉ်အား ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် အမေချန်၏ ကိုယ်တွင်း၌ ယင်စွမ်းအင် အများအပြား ရှိနေသေးသောကြောင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ် တောင်ပေါ်သို့ လာရောက်ပြသရသည်။

ချန်လုကန်းသည်ကား မိခင်ဖြစ်သူမပါဘဲနှင့်လည်း ဟဲမီမူထန်ထံသို့ ရောက်လာတတ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးက တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြသည်။

အချစ်ကို ပထမဆုံးအကြိမ် ခံစားမိသော ကောင်ငယ်လေးမှာ ကြည်လင်ပြတ်သားသော်ငြား စိတ်လှုပ်ရှားနေသည့် တောက်ပသောမျက်ဝန်းများဖြင့် သူမအား ချစ်ရေးဆိုလာခဲ့ပြီး ဟဲမီမူထန်သည်လည်း အနည်းငယ် စိတ်လှုပ်ရှားခဲ့ရလေသည်။

ချန်လုကန်း အထက်တန်းကျောင်း ဒုတိယနှစ်တက်ချိန်တွင် သူတို့နှစ်ဦး တရားဝင်တွဲခဲ့ကြသည်။

ဟဲမီမူထန်: “သူနဲ့ မတွဲခင်တုန်းက သူ့ကို ငါ့ရဲ့ အလုပ်အကိုင်က ဆိုးကျိုးတွေ များတယ် ၊ ပြီးတော့ ငါက မွေးကတည်းက ချို့ယွင်းချက်ပါလာတာကြောင့် သူနဲ့ အနာဂတ်မှာ ကလေးလည်း မရနိုင်ဘူးဆိုတာ ပြောထားပြီးသားပဲ”

“ငါက ကျောင်းလည်း မတက်ဖူးဘူး၊ ပညာလည်း မတတ်ဘူး၊ သူ့လိုမျိုးလူလည်း မဟုတ်ဘူး

သူကတော့ ငါ့ကို အမြဲတမ်း အဲ့ကိစ္စတွေကို သူစိတ်ထဲ မမှုဘူး၊ ငါ့ကို စိတ်ထိခိုက်၊ဒဏ်ရာမရစေရဘူးလို့ အကြိမ်ကြိမ် ကတိပေးခဲ့လို့ ငါသဘောတူခဲ့တာ”

သို့သော် သူမ၏ ရင်ထဲတွင် ကောင်းကောင်းသိထားပြီးဖြစ်သည်။

ထို့ကြောင့်ပင် သူမက သူတို့ကဲ့သို့ လူမျိုး မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်းပင်။

ချန်လုကန်းက ယခုအချိန်တွင် မမှုသော်ငြား နောင် ငါးနှစ်၊ ဆယ်နှစ်၊ နှစ် (၂၀)အကြာတွင် မမှုဟု မပြောနိုင်ပေ။

ဟဲမီမူထန်အနေဖြင့် သူတို့နှစ်ဦး အချိန်ကြာကြာ တွဲဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

သို့သော် ထိုကောင်ငယ်လေးက စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ကောင်းကောင်း တက်ခွင့်ရခဲ့သော်လည်း သူမအား ဆက်ဆံပုံ ပြောင်းလဲမသွားခဲ့ပေ။ နေ့စဉ်နေ့တိုင်း video call ခေါ်စမြဲပင်ဖြစ်သည်။

သူမ၏ချစ်သူက အင်တာနက်တွင် နာမည်ကြီးလာပြီး ပရိတ်သတ်များ ရရှိခဲ့သော်လည်း သူ့တွင် ချစ်သူရှိထားပြီးဖြစ်ကြောင်း အမြဲပြောတတ်သည်။

ထို့ကြောင့်လည်း ဟဲမီမူထန်၏ စိတ်ခံစားချက်သည် ပို၍ နက်ရှိုင်းလာခဲ့ရသည်။

*

All Chapters