← Chapters

ရဲတွေရောက်လာပြီးနောက် အသက်ရှင်နေတဲ့သူတစ်ယောက် ရုတ်တရက်ပေါ်လာခြင်း(4)

Vol. 45 Ch. 441

ရဲတွေရောက်လာပြီးနောက် အသက်ရှင်နေတဲ့သူတစ်ယောက် ရုတ်တရက်ပေါ်လာခြင်း(4)

Vol. 45 Ch. 441

မျက်စိရှေ့မှ မြင်ကွင်းကို မြင်ရပြီးနောက် အရာရှိများနှင့် အနောက်မှ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သားများမှာ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြရင်း ကွမ်ချီဟုန်အား ဖမ်းဆီးရန် ရှေ့သို့ တိုးလာခဲ့သည်။

“ကွမ်ချီဟုန်၊ မင်းက တားမြစ်ထားတဲ့နည်းလမ်းတွေကို အသုံးပြုပြီး သာမန်ပြည်သူတွေကို အန္တရာယ်ပြုခဲ့တယ်လို့ သံသယရှိပါတယ်၊ ကျွန်တော်တို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပါ”

ကွမ်ချီဟုန်တစ်ယောက် မျက်စိမျက်နှာပျက်သွားခဲ့ပြီး နောက်ကို ဆုတ်လိုက်သည်။

“ငါ.. ငါမလုပ်ပါဘူး! မင်းတို့မှာ သက်သေရှိလို့လား? မင်းတို့က ရဲအရာရှိဖြစ်နေရင်တောင်မှ အခုလို အသားလွတ်ဖမ်းဆီးလို့ မရဘူး! မင်းတို့နဲ့ ကုကျစ်စုန့်နဲ့ တစ်ဖွဲ့တည်းပဲ မဟုတ်လား!”

သူ ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာရှေ့သို့ ပြေးသွားခဲ့သည်။ သူက သက်သေတောင်းဆိုခဲ့ပြီးနောက် ကင်မရာရှေ့မှ ကြည့်ရှု့သူများကို အသုံးချ၍ ရဲအရာရှိများကို ပြန်လည်နှင်ထုတ်နိုင်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ရဲအရာရှိများ ရောက်ရှိလာ၍ အံ့အားသင့်နေခဲ့ကြသော ကြည့်ရှုသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ရုတ်တရက်ပေါ်လာသည့် လူကြောင့် ကြက်သေ,သေသွားကြသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ကြည့်ရှုသူများမှာ ကျောက်ရုပ်အလား တိုက်ရိုက်ထုတ်လွှင့်သည့် မျက်နှာပြင်ကို စိုက်ကြည့်နေခဲ့ကြပြီး ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင် ဖြစ်နေခဲ့ကြသည်။

မျက်နှာပြင်တစ်ခုလုံးတွင်လည်း မေးခွန်းထုတ်သည့် ‘?’များ၊ အာမေဋိတ်များ ပြည့်နှက်လာခဲ့သည်။

ရဲအရာရှိများနှင့် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သားများ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည့်အတွက် ကွမ်ချီဟုန်တစ်ယောက် ရုန်းကန်ပြီး ကုကျစ်စုန့်နှင့် ရဲသားများက တစ်ဖွဲ့တည်းဖြစ်ကြောင်း၊ သူ့ကို ပူးပေါင်း၍ ချောက်ချခြင်းဖြစ်ကြောင်း အော်ဟစ်နေခဲ့သည်။

သူ့အသံက ကျယ်လောင်လွန်းသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ လူများက အတိုင်းသား ကြားနေခဲ့ရသည်။

“မင်းတို့က ပြည်သူ့ရဲတွေဆို၊ ဒါက ပြဿနာကို ဖြေရှင်းပြီး လူတွေကို ကူညီတဲ့ နည်းလမ်းလား? မင်းတို့က အစိုးရနဲ့ ဓားပြတွေ တစ်ယောက်နဲ့ တစ်ယောက် ကူညီနေတာနဲ့အတူတူပဲ!

ငါ့ကို နှိပ်စက်ပြီး ဝန်ခံခိုင်းလို့ ရမှာမဟုတ်ဘူး! မင်းတို့ ငါ့ကို ဖမ်းချင်တယ်ဆို သက်သေယူလာခဲ့ကြ!”

သူ့ကို ဖမ်းချုပ်ထားသည့် ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်ာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ထောက်ဖြစ်သူမှ အနည်းငယ် အားသုံးလိုက်သောကြောင့် ကွမ်ချီဟုန်တစ်ယောက်နာကျင်စွာ အော်ဟစ်လိုက်ပြန်သည်။

“ပါးစပ်ထဲရှိတာတွေ လျှောက်အော်မနေနဲ့၊ မင်းက ပြည်သူလုံခြုံရေးကို ဒုက္ခပေးပြီးတော့ ဒီနိုင်ငံကို မေးခွန်းထုတ်ချင်နေသေးတယ်ပေါ့လေ၊ မင်းရဲ့ နောက်ခံကို မသိဘဲနဲ့ ငါတို့တွေ လာဖမ်းတယ်လို့ ထင်နေတာလား?”

ထိုအချိန်တွင် ကွမ်ချီဟုန်၏ နေအိမ်အတွင်း သံသယရှိဖွယ်ပစ္စည်းများကို ရှာဖွေနေသည့် ရဲအရာရှိများသည် အိပ်ခန်းတွင်းမှ ထွက်လာလေ၏။ သူတို့၏ လက်အိတ်စွပ်ထားသည့် လက်ထဲ၌ ထူးဆန်းသည့် ရွှေကြေးရုပ်ထုတစ်ခု ပါလာခဲ့သည်။

ထိုရုပ်ထု၏ လက်တံများသည်က အတိုအရှည်ဖြစ်နေခဲ့ပြီး ခေါင်းတစ်လုံးထဲတွင် မျက်နှာများစွာ ပါဝင်နေခဲ့သည်။ ထိုမျက်နှာများသည်လည်း အသက်ဝင်လှသည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့ဝင် မေးခွန်းထုတ်လိုက်သည်။

“မင်း ဘာမှမသိဘူးဆိုရင် ဘာလို့ ဒီရုပ်ထုက မင်းရဲ့အိပ်ရာဘေးမှာ ရှိနေရတာလဲ”

မျက်နှာတစ်ထောင်နတ်ဘုရား၏ ရုပ်ထုကို မြင်လိုက်ရပြီးနောက်တွင်ပင် ကွမ်ချီဟုန် ခေါင်းမာစွာ ငြင်းဆိုလိုက်သည်။

“အဲဒါက ဘာဖြစ်နေလို့လဲ? ငါအပြင်သွားတုန်း မြင်ခဲ့ရတဲ့ ရုပ်ထုလေ၊ ပုံစံက ထူးဆန်းပြီး လှတယ်လို့ ထင်လို့ အိမ်ကို ဝယ်လာတာ အဲဒါက ဘာများ အပြစ်ဖြစ်လို့လဲ!?”

“ဒါက မကောင်းတဲ့အဖွဲ့အစည်းရဲ့ သင်္ကေတပဲ! မင်းလျှောက်ပြောနေတာတွေကို ငါနားမထောင်ချင်တော့ဘူး၊ ခေါင်းမာနေတာကို ရပ်လိုက်ပြီး ကင်မရာကို အရင်မော့ကြည့်လိုက်”

နောက်အဖွဲ့ဝင်တစ်ဦးက ပြောနေရင်းဖြင့် စားပွဲပေါ်၌ တင်ထားသည့် ဖုန်းကို ယူကာ ကွမ်ချီဟုန်၏ မျက်နှာအား ပေါ်လွင်အောင် ပြလိုက်သည်။

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ လူများအားလုံးလည်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ကွမ်ချီဟုန်ကိုယ်တိုင်သည်လည်း ဖုန်းမျက်နှာပြင်ပေါ်မှ လူနှင့် ပွက်လောရိုက်နေသည့် မှတ်ချက်များကို မြင်တွေ့သွားခဲ့သည်။

သူ၏ မျက်ဆံများ ကျဉ်းမြောင်းသွားခဲ့ပြီးနောက် နှုတ်ခမ်းများသည်လည်း လည်ပင်းညှစ်ခံထားရသည့် ဘဲတစ်ကောင်ကဲ့သို့ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ စကားပြောရန်ပင် တုန်လှုပ်နေခဲ့သည်။

“ဒါ.. ဒါက!?”

မျက်နှာပြင်ပေါ်မှ လူသည်ကား ဝဖီးနေသည့် မျက်နှာ၊ ကြမ်းတမ်းသော အသားအရည်တို့ ရှိပြီး မေးစေ့နှင့် ပါးပြင်တို့တွင်လည်း ဝက်ခြံများ ပြည့်နှက်နေခဲ့သည်။

ပရိတ်သတ်များ ချစ်မြတ်နိုးသည့် တောက်ပသော မျက်ဝန်းတစ်စုံသည်လည်း သေးငယ်သွားရုံသာမက၊ ယခုအချိန်တွင် ဆိုဖာပေါ်၌ ရဲအရာရှိများ၏ ဖိနှိပ်ဖမ်းဆီးခံထားရသောကြောင့် မျက်နှာပေါ်မှ အဆီများသည် ပြည့်ဖောင်းသောကြောင့် မျက်လုံးများ ပို၍ သေးနေသည့် ပုံပေါ်နေသည်။

သူ၏ အဖြူရောင်ဆွယ်တာသည်လည်း ဝဖြိုးလာသည့် ခန္ဓာကိုယ်ကြောင့် ဆွဲဆုတ်ခံထားရသကဲ့သို့ပင်။

လွန်ခဲ့သော ငါးမိနစ်ခန့်က သူသည် ပိန်ပါးသွယ်လျ၍ ချောမောလှပသော်ငြား ယခု ကင်မရာပြန်လှည့်လာချိန်တွင် … လက်ခံနိုင်ဖွယ်မရှိသော ရုပ်ရည်ဖြစ်နေခဲ့သည်။

အသံကသာ ကွမ်ချီဟုန်၏ အသံမဟုတ်ခဲ့ပါက၊ ရဲအရာရှိများ၏ မျက်နှာများသည်လည်း စနောက်ခြင်းအလျဉ်းမရှိ၊ တင်းမာမနေခဲ့ပါက ပရိတ်သတ်များအနေဖြင့် ယခုအဖြစ်အပျက်အား သရုပ်ဆောင်နေခြင်းဟုသာ ထင်မိကြမည်ဖြစ်သည်။

[ငါ့မျက်စိတွေ မှောက်နေတာလား၊ ကွမ်ချီဟုန်မျက်နှာနဲ့ ခန္ဓာကိုယ်က ကင်မရာရှေ့မှာတင် တဖြည်းဖြည်း ပြောင်းသွားတာနော် ၊ ဒါကြီးက special effect ကြီးလား? ဟုတ်တယ်ဆိုရင်တော့ လန်ထွက်နေတာပဲ?!]

[ကြက်သီးတွေတောင် ထသွားတယ် ငါတော့ ကုကျစ်စုန့်ပြောတာ အမှန်လို့ ယုံသွားပြီ ဒီကမ္ဘာမှာ သဘာဝလွန်အရာတွေ တကယ်ကို ရှိနေတာ

ကွမ်ချီဟုန်က ပရိတ်သတ်တွေကို အသုံးချပြီး အရင်ကလို ခပ်ချောချောပုံစံဖြစ်အောင် ဟန်ဆောင်နေတာပဲ]

[ပြောင်းလဲချက်ကြီးကတော့ ကမ်းကုန်ပဲ…]

[ဒါကသာ တကယ့် ကွမ်ချီဟုန်ရဲ့ ရုပ်ရည်အစစ်ဆိုရင်တော့.. အင်း.. သူ့ပရိတ်သတ်တွေက တော်တော်လေး သနားစရာကောင်းတယ်လို့ပဲ ပြောရမယ်]

ကွမ်ချီဟုန်မှာ ဖုန်းထဲမှ ဝဖီးနေသည့် လူနှင့် မျက်လုံးချင်းဆုံနေခဲ့ပြီး ထိုအဖြစ်အပျက်သည်လည်း ကင်မရာတွင် အတိုင်းသား ပေါ်နေခဲ့သည်။

သူ့အနေဖြင့် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အလား အာခေါင်ခြစ်၍ အော်ဟစ်လိုက်ပြီးနောက် ခေါင်းကို ကင်မရာ၏ ဆန့်ကျင်ဘက်သို့ လှည့်လိုက်သည်။

ထို့နောက် စကားတစ်ခွန်းမှ မဟတော့ချေ။

ထွိသူက သူ့ကိုယ်သူ လိမ်လည်ကာ သူရဲဘောကြောင်နေခြင်းအားဖြင့် ကင်မရာတွင် ရိုက်ကူးမိထားသော ကိုယ်ခန္ဓာဝဖြိုးခြင်း၊ ရုပ်ရည်ဆိုးဝါးခြင်းတို့အား ရှောင်လွှဲနိုင်မည်၊ ထိုကင်မရာထဲမှ လူသည် သူမဟုတ်ကြောင်း ငြင်းဆိုနိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။

သို့သော် အချိန်မမှီတော့ချေ။

သူ၏ အသံ၊ လေဖောင်းပေါက်စီကဲ့သို့ ဖုဖောင်းနေသော သူ၏ မျက်နှာတို့သည်က ကင်မရာထဲတွင် အပြည့်အဝ ရိုက်ကူးထားပြီးဖြစ်သည်။

မျက်နှာပေါ်မှ ဝက်ခြံတစ်ဖုချင်းစီ ၊ အရေးအကြောင်းတစ်ခုချင်းစီတိုင်းသည် ကင်မရာတွင် အတိုင်းသားပေါ်နေခဲ့သည်။

ပြောရန်ပင်မလို၊ ကြည့်ရှုသူများ၏ အံ့အားသင့်မှုသည်လည်း ကြီးမားလွန်းလှသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သူ့ကို ကာကွယ်ပေးနေခဲ့သော ကွမ်တိများ၊ သူ့ကို ကြော်ငြာပေးနေခဲ့သော ကွမ်တိများ၊ သူ၏ အခွင့်အရေးအတွက် တိုက်ခိုက်ပေးနေခဲ့သော ကွမ်တိများသည်က ပို၍ပင် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

ကင်မရာ၏ နောက်ကွယ်မှ ဒေါသထွက်နေသော၊ စိတ်ခံစားချက်ပြင်းထန်နေသော ကောင်လေး၊ကောင်မလေးများသည်ကား ခုံပေါ်တွင် ကျောက်ရုပ်များကဲ့သို့ ထိုင်ကာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။ ခြေလက်များ တောင့်တင်းနေခဲ့ပြီး ကြက်သီးမွေးညင်းများလည်း ထနေခဲ့သည်။ ကီးဘုတ်ပေါ်တွင် စာရိုက်နေသည့် လက်များပင် ရပ်တန့်နေခဲ့ကြပြီး စကားလုံးတစ်လုံးမျှပင် မရေးသားနိုင်ကြပေ။

အနည်းဆုံး ပေါင် ၁၆၀ခန့်ရှိ၍ မျက်ပေါက်ကျဉ်းကျဉ်း၊ မျက်နှာတစ်ခုလုံးတွင် ဝက်ခြံများ၊ ဝက်ခြံအမာရွတ်များနှင့် ပြည့်နှက်နေသော ထိုလူက မည်သူပါနည်း?

အဘယ်ကြောင့် သူတို့ကွမ်ကွမ်၏ နေအိမ်တွင် ပေါ်လာရပါသနည်း?

သူ့အား ရဲအရာရှိများက ဖမ်းချုပ်ထားကြသည်။

သူသည်က ကွမ်ကွမ်၏ လက်ထောက်ပေလော?

ပရိတ်သတ်အများစုပ ကွမ်ချီဟုန်၏ ခန္ဓာကိုယ်နှင့် မျက်နှာတို့ ကင်မရာအောက်မှာပင် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူ၏ ဦးခေါင်းပုံစံ၊ အဝတ်အစား၊ လက်ဝတ်လက်စားများသည်ပင် သူတို့၏ အချစ်ဆုံးအိုင်ဒေါ စတင်တိုက်ရိုက်ထုတ်လွှင့်စဉ်က ပုံစံဖြင့် တထေရာတည်း တူကြောင်း သူတို့ ကောင်းကောင်းသိသည်။

သို့သော် ကိုယ့်ကိုကိုယ် လိမ်ညာချင်နေခဲ့ကာ ထိုလူက သူတို့၏ အိုင်ဒေါဖြစ်သည်ဟု မယုံကြည်ချင်ကြပေ။

အချိန်ခေတ္တကြာသည်အထိ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ မှတ်ချက်များသည် ကြည့်ရှုသူများ၏ အံ့အားသင့်ထိတ်လန့်မှုများသာမက၊ ထိုလူသည် ကွမ်ချီဟုန်မဟုတ်ကြောင်း ငြင်းဆိုနေကြသည့် ပရိတ်သတ်များလည်း ရှိနေခဲ့သည်။

[အခုအဖမ်းခံလိုက်ရတဲ့ တစ်ယောက်က ကွမ်ကွမ်ရဲ့ လက်ထောက်ပါဟ၊ ငါမှတ်မိသလောက်ဆိုရင် ကုမ္ပဏီက သူ့အတွက် ခန့်ပေးထားတဲ့ လက်ထောက်က တော်တော်ဝတယ်]

[ကုကျစ်စုန့်ရဲ့ပရိတ်သတ်တွေနဲ့ တခြားကြည့်တဲ့သူတွေက မဟုတ်မမှန်သတင်းလွှင့်ချင်တယ်ဆိုလည်း နည်းနည်း ယုံချင်စရာကောင်းအောင် လုပ်ကြပါဦး!]

[သုံးမိနစ်အတွင်းမှ လူတစ်ယောက်ရဲ့ အရပ်၊ အလေးချိန်နဲ့ ရုပ်ရည်က တခြားတစ်ယောက်လို ပြောင်းသွားတယ်? အဲဒါက ဖြစ်ရောဖြစ်နိုင်လို့လား? ဒီကမ္ဘာကြီးမှာ မကောင်းဆိုးဝါးတွေ ရှိနေတာလား?!]

သို့သော် နောက်စက္ကန့်ပိုင်းအတွင်းမှာပင် အဖမ်းခံရသူသည် သူတို့၏ အိုင်ဒေါမဟုတ်ကြောင်း ငြင်းဆိုနေကြသူများအား မျက်နှာသို့ ရေဖြင့် ပက်ခံလိုက်ရသကဲ့သို့ပင် ဖြစ်သွားခဲ့ရသည်။

ဝတ်စုံပြည့်ဝတ်ထားသော Xမြို့တော်၏ ရဲအရာရှိတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်နေသည့် ကိရိယာကို ကိုင်၍ လူဆယ်သန်းကျော် စောင့်ကြည့်နေကြသော တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်လိုက်သည်။

သူက စက်ကိရိယာကို ပိတ်ရန် ပြင်ဆင်လိုက်သော်လည်း ခေတ္တရပ်တန့်သွားခဲ့လေ၏။

ထို့နောက် ယခုအချိန်သည်က မကောင်းဆိုးရွားအဖွဲ့အစည်းများနှင့် လိမ်လည်မှုများအား ကာကွယ်ရန် ပညာပေးနိုင်သည့် အကောင်းဆုံးအချိန်ဖြစ်ကြောင်း တွေးလိုက်မိသည်။

ထို့ကြောင့် ရွှေညိုရောင် ရုပ်ထုကို ကိုင်ဆောင်ထားသည့် လက်အိတ်ဝတ်ထားသော သူ၏ လက်တစ်ဖက်အား မြှောက်ပြလိုက်ရင်း ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှုသူတွေအားလုံးပဲ၊ အစိုးရဌာနတွေ၊ ဒေသခံရဲစခန်းတွေကနေမှ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက တရားမဝင်အဖွဲ့အစည်းတွေ ကျူးကျော်လာမှုတွေ၊ လိမ်လည်လှည့်ဖျားခံနိုင်ရချေရှိတာတွေကို ဆက်တိုက် သတိပေးကြေငြာခဲ့ပါတယ်

ဒါပေမဲ့ နေရာအတော်များများမှာ ပုံစံတူအဖြစ်အပျက်တွေက ဖြစ်နေတုန်းပါပဲ”

“အားလုံးမြင်တဲ့အတိုင်းပဲ ကျွန်တော့်ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ဘယ်ကနေ အစပြုမှန်းမသိရတဲ့ ဒီရုပ်ထုက အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ သောင်းကျန်းနေတဲ့ မကောင်းဆိုးရွားအဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတစ်ခုပါ

ဒါကို မစ်စတာကွမ်ရဲ့ အိပ်ခန်းထဲကနေ ရှာတွေ့ခဲ့ပါတယ်”

ရဲအရာရှိသည်က ပြောနေရင်းနှင့်ပင် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ကြည့်ရှုသူများ အသေးစိတ်ကျကျ မြင်တွေ့နိုင်စေရန် လက်ထဲမှ ရုပ်ထုအား လှည့်ပြလိုက်သည်။

မကောင်းမှုအဖွဲ့အစည်းမှ ယခုနှစ်ပိုင်းအတွင်း ကျူးလွန်ခဲ့သည့် ကိစ္စရပ်များကို ပြောဆိုရှင်းပြခဲ့ပြီးနောက် ရာဇဝတ်ကောင်များအား ခြေရာခံနိုင်ရန် အရေးကြီးကြောင်း၊ အားလုံး သတိကြီးကြီး ထားသင့်ကြောင်း ရှင်းပြခဲ့လေသည်။

*

All Chapters