← Chapters

အခန်း (၄၅၁)

Vol. 46 Ch. 451

အခန်း (၄၅၁)

Vol. 46 Ch. 451

အခန်း(451)

ပုန်းကွယ်နေသော ဖြစ်ရပ်များက အချိန်မရွေး ထ၍ ပေါက်ကွဲနိုင်သော မြေမြှုပ်မိုင်းတစ်ခုအလား ရှိနေခဲ့သည်။

ယခုအချက်အလက်များသည်ကား အရာရှိများ၊ ဝိဉာဉ်ဆိုင်ရာ အဖွဲ့ဝင်များအတွက် ခြေရာခံ စစ်ဆေးနိုင်ရန် အင်မတန် အရေးပါသည့် အချက်အလက်များဖြစ်လာလေသည်။

တစ်ချိန်တည်းမှာပင် ကွမ်ချီဟုန်ပြောဆိုခဲ့သော ကုကျစ်စုန့်၏ ‘လျှို့ဝှက်ချက်များ’သည်လည်း စိတ်ဝင်စားဖွယ် သတင်းတစ်ခုဖြစ်နေခဲ့သည်။

ကုကျစ်စုန့်က ဖြောင့်မတ်သူမဟုတ်ကြောင်း၊ သူမတွင်လည်း စနစ်တစ်ခု ရှိနေကြောင်း တွင်တွင်‌ပြောဆိုနေခဲ့သော်လည်း ဝိဉာဉ်ဆိုင်ရာအဖွဲ့ဝင်များကတော့ သူ့အား အယုံအကြည်မရှိကြပါချေ။

ဟဲမီမူထန် ပြဿနာကိုဖြေရှင်းပြီးသွားသော ကျန်းရူယွီ သည်လည်း ကွမ်ချီဟုန်၏ ဝန်ခံချက်ကို အစအဆုံး နားထောင်ပြီးနောက် ကုကျစ်စုန့်အား စကားဆိုလာခဲ့သည်။

“ဒီကောင်က အမှုကနေ ပြေးလို့ မလွတ်တော့ဘူးဆိုတာ သိလို့ မဟုတ်တာတွေနဲ့ လျှောက်စွပ်စွဲနေတာပဲ

စိတ်မပူပါနဲ့ စုန့်စုန့်.. အထက်လူကြီးတွေရော၊ ကျွန်မကိုယ်တိုင်ရော ရှင့်ရဲ့ အကြောင်းကို သေသေချာချာသိထားလို့ ရှင့်ကို ကွမ်ချီဟုန်လိုမျိုး လူမျိုးရဲ့ စကားနဲ့ သံသယဝင်မှာ မဟုတ်ပါဘူး”

ကုကျစ်စုန့် ပြုံးရုံသာ ပြုံးပြလိုက်သည်။

အစိုးရအရာရှိများ၊ တာဝန်ရှိသူများဘက်မှ သေချာပေါက် သံသယဝင်ကြမည်ကို သူမ သေချာသိသော်ငြား ထိုအရာများသည်က ‘သံသယ’များသက်သက်သာ ဖြစ်သည်။

“ကျွန်မတို့တွေ သူ့ဆီက နောက်ထပ်အချက်အလက်တွေ ရနိုင်ဦးမလားလို့ ထပ်ပြီး နှစ်ကြိမ် စစ်ဆေးပါဦးမယ်.. ခုနက သူ့ကို ကာကွယ်ဖို့အတွက် ပြောခဲ့တာအတွက်လည်း ပထမအဆင့်ကာကွယ်မှု အစီအရင်တွေ ဖွင့်ထားပေးဖို့ ပြောထားလိုက်ပါမယ်”

“ပြီးတော့ ဟဲမီမူထန်ရဲ့ ကိစ္စ.. သူက အလျှော့ပေးဖို့ သဘောတူပြီး ဝိဉာဉ်ဆိုင်ရာအထူးဌာနရဲ့ စောင့်ကြည့်မှုအောက်မှာ နေထိုင်မယ်လို့လည်း သဘောတူခဲ့တယ်.. အဲဒီအတွက် သူ့အစ်ကိုနဲ့ ပြန်ဆုံပေးရမယ် ပြီးတော့…”

ကျန်းရူယွီ၏‌ တုံ့ဆိုင်းနေမှုကို သတိပြုမိသောကြောင့် ကုကျစ်စုန့် မေးလိုက်မိသည်။

“ပြီးတော့?”

“ပြီးတော့ သူက ရှင်နဲ့ တွေ့ချင်နေတယ်.. အဲဒီကောင်မလေးဆီက ကြားရသလောက်တော့ သူက ရှင်နဲ့ အလုပ်,တွဲလုပ်ချင်တဲ့ ပုံမျိုးပဲ”

ကုကျစ်စုန့်: “???”

“ရှင် သူနဲ့ အခုတွေ့ချင်လား? ပြောရရင်တော့ ကောင်မလေးက အတိတ်မှာလည်း ကောင်းကောင်းဖြတ်သန်းခဲ့ရတာ မဟုတ်တော့ သူ့ဘဝ ခက်ခဲခဲ့မှာပဲ”

ကုကျစ်စုန့် ညင်သာစွာ ခေါင်းရမ်းလိုက်သည်။

“နောက် အချိန်ရှိမှ ပြောကြတာပေါ့.. အခုက ‘ဝိဉာဉ်ရေးရာ’ရဲ့ နောက်ဆုံးအပိုင်းလေ.. ပြိုင်ပွဲပုံစံကလည်း ပြောင်းသွားပြီဆိုတော့ ကျွန်မ ဒီနေ့ညမှာ တိုက်ရိုက်လွှင့်ဖို့ ရှိတယ်.. ဒီကလေးကို လောလောဆယ် စောင့်ကြည့်ဖို့ အချိန်မရှိသေးဘူး ပြီးတော့ အခုကိစ္စကိုလည်း သေချာ မစဉ်းစားရသေးဘူး”

“ဒါပေမယ့် သူ့အစ်ကိုနဲ့ တွေ့ဖို့တော့ စီစဉ်ပေးလို့ ရပါတယ်”

ပြိုင်ပွဲနောက်ဆုံးနေ့ညတွင် ဟဲမီတူနှင့်လည်း ဆုံတွေ့ရမည်ဖြစ်သောကြောင့် ယခုကိစ္စအား အသိပေးရန် အကောင်းဆုံးအချိန်လည်း ဖြစ်သည်။

မကြာမီမှာပင် ကုကျစ်စုန့် ဌာနခွဲမှ ထွက်ခွာလာခဲ့သည်။

သူမ ဝိဉာဉ်ဂိတ်တံခါးဝကို အသုံးပြုပြီးနောက် နယ်မြေနှစ်ခုကို ကျော်ဖြတ်ကာ နားနေခန်းအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။

လူမသိ၊သူမသိ ပျောက်ကွယ်သွားတတ်ပြီး တိတ်တဆိတ် ပြန်ပေါ်လာတတ်သော ကုကျစ်စုန့်၏ အကျင့်အား သိနေပြီဖြစ်သည့် သူမ၏ လက်ထောက် ရှောင်ကျိုးသည်လည်း ယခင်ကကဲ့သို့ အံ့ဩခြင်းမရှိတော့ချေ။

နေ့စဉ်နီးပါး ကြုံတွေ့နေရသောကြောင့် သူမအနေဖြင့် ထူးဆန်းခြင်းမရှိတော့ပေ။

ညစာစားပြီးချိန်တွင် ကုကျစ်စုန့် အနည်းငယ်ပျင်းရိလာသောကြောင့် အင်တာနက်ဖွင့်၍ ထိပ်တန်းရှာဖွေမှုများကို ကြည့်နေခဲ့မိသည်။

ကွမ်ချီဟုန်အား ဖမ်းဆီးခဲ့သော ဒေသခံနယ်မြေရဲစခန်းသည် စာတစ်စောင် ထုတ်ပြန်ခဲ့ကြသည်။

လူတစ်ယောက်က စက္ကန့်သုံးဆယ်အတွင်း ပုံစံပြောင်းသွားနိုင်သည်ကို မယုံကြည်နိုင်သော အင်တာနက်အသုံးပြုသူများ၊ အဖြစ်မှန်ကို လက်မခံနိုင်သေးသည့် ပရိတ်သတ်များကြောင့် ဒေသခံရဲစခန်းမှ အရာရှိများသည် DNA စစ်ဆေးရရှိချက်များကို တိုက်ရိုက် ထုတ်ပြန်ပေးခဲ့သည်။

အရာအားလုံးသည်က လူများကို လိမ်လည်နိုင်သော်လည်း မျိုးရိုးဗီဇကို လိမ်၍ မရနိုင်ပါချေ။

ထို့ကြောင့် ထုတ်ပြန်စာနှင့် ကွမ်ချီဟုန်အမှုတို့က လူကြည့်အများဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကွမ်ချီဟုန်၏ ဘလော့ထားသော weiboနှင့် ပို့စ်အဟောင်းများကို ပြန်လည်ကြည့်နေခဲ့ကြသော အင်တာနက်သုံးသူများသည်လည်း သူ၏ ယခင်က ‘ချောမောလှပသည့် ဓာတ်ပုံများ’၊ ‘ပရိုမိုးရှင်းများ’ ‘ဗီဒီယိုအတိုများ’ကို ကြည့်မိကြပြီးနောက် ရယ်စရာကောင်းသည်ဟု တွေးမိကြသည်။

[အမှန်အတိုင်းပြောရရင် စားသလောက် မဝဘူးဆိုတာကို ငါနည်းနည်းတော့ လက်ခံပါတယ် .. ဒါပေမဲ့ ညလုံးပေါက် မအိပ်ဘဲ နေ,နေပြီး ကျန်းမာရေးမထိခိုက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား

ကွမ်ချီဟုန်ရဲ့ အဲဒီအချက်တွေက သက်ရှိလူတစ်ယောက်မှာ ရှိနိုင်တဲ့အချက်မျိုး မဟုတ်ဘူး…]

[အခုအချိန် သူ့မျက်နှာကို ပြန်ကြည့်ရင်တော့ ဘယ်လိုပုံမျိုးကိုပဲ ကြည့်ကြည့်၊ နည်းနည်းထူးဆန်းပြီး ကြောက်စရာကြီး]

[ပြောရရင် ဒီလောက် လစာအများကြီးရနေတဲ့ အနုပညာရှင်တစ်ယောက်က ဘာလို့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်အရည်အချင်းတွေကို ချမပြရတာလဲ

ဘာမှ ကြိုးစားအားထုတ်ဖို့ကို မလိုတဲ့ စွမ်းရည်တွေကိုပဲ ထုတ်ပြနေတာပဲ၊ သူ့မှာ လူငယ်ပရိတ်သတ်တွေကို အများကြီးရှိနေတာဆိုတော့ အဲလိုအချက်တွေကြောင့် ဒီကလေးတွေရဲ့ အသိအမြင်ကိုလည်း သေချာပေါက် ထိခိုက်စေမှာ!]

[……]

ထို့အပြင် ဝိဉာဉ်ရေးရာအစီအစဉ်၏ ညဘက်တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်သည်လည်း ထိပ်တန်းရှာဖွေမှုတွင် ရောက်ရှိနေခဲ့သည်။

ညခုနှစ်နာရီတိတိတွင် ကုကျစ်စုန့်က အချိန်ကိုက် log in ဝင်လာခဲ့ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။

ထို့နောက် ‘အချိန်ပို’အလုပ်,လုပ်ရန် စတင်ပြင်ဆင်လိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ.. ပရိုဂရမ်အဖွဲ့ရဲ့ ကြေငြာစာကိုလည်း မြင်ပြီးလောက်ပါပြီ.. ဒီအပိုင်းက အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းဆိုတော့ ဒီနေ့မှာ ညဖက်တိုက်ရိုက်ထုတ်လွှင့်မှုလည်း ရှိပါမယ်”

[ဝူးဟူး!! ညဘက်ကွ! ညဘက်မှာ သဘာဝလွန်အစီအစဉ်ကို ကြည့်ရတာ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းတယ်!]

[တင်ဆက်သူရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ လေသံကို နားထောင်ရသလောက်တော့ စုန့်စုန့်က ညဘက် တိုက်ရိုက်လွှင့်ဖို့ကို မစောင့်နိုင်တော့တဲ့ ပုံပဲ]

[ဝါး.. ဒီရာသီကတော့ သရဲ၊ တစ္ဆေတွေနဲ့ ကြည့်ရတာ အရမ်းကို မိုက်လွန်းတော့ ပြီးတောင် မပြီးစေချင်ဘူး .. ဒါပေမယ့် ဒါရိုက်တာလီ တင်ထားတဲ့ ပို့စ်ကို ဖတ်ရတာ သူက နောက်ထပ် သဘာဝလွန်အစီအစဉ်တစ်ခုခုကို ပြင်ဆင်နေတဲ့ပုံမျိုးပဲနော်

ဒီရာသီက ပြိုင်ပွဲဝင်တွေ အကုန်လုံး ပြန်ပါမယ်ဆို သိပ်ကောင်းမှာပဲ!]

[……]

“ဒါက ညဖက်မှာ တိုက်ရိုက်လွှင့်တာဆိုပေမယ့် ပုံစံကတော့ ပြောင်းသွားတာမျိုး မရှိဘူး .. ကျွန်မက နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုကို စတင်မှာပါ

ရှုပ်ထွေးတဲ့ ပြဿနာတွေ၊ ဖုန်းရွှေပညာနဲ့ ပတ်သတ်တာတွေ သိချင်တာမျိုး ရှိရင် မေးခွန်းရေးသားပြီး ပါဝင်လို့ ရပါတယ်”

ကုကျစ်စုန့်က ပြောနေရင်းဖြင့် အပြန်အလှန်ဆက်သွယ်နိုင်စေမည့် နေရာကို နှိပ်၍ ဖွင့်လိုက်သည်။

ညအချိန်ဖြစ်သောကြောင့် အလုပ်သွားကြသူများ၊ ကျောင်းသားများ အနားယူချိန်လည်းဖြစ်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းကို စတင်လိုက်သည်နှင့် ကြည့်ရှုသူဦးရေသည်လည်း တဟုန်ထိုး တက်လာခဲ့သည်။

ပထမဆုံးပါဝင်သူက ကုကျစ်စုန့်၏ ပရိတ်သတ်တစ်ဦးဖြစ်ပြီး သူမတွင် ထူးထူးခြားခြား မေးရန် မေးခွန်းမရှိခဲ့ချေ။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဗေဒင်လက္ခဏာဟောပြောပြီးနောက် သူမသည် ကုကျစ်စုန့်၏ တိကျမှုကိုသာ ချီးမွမ်းခဲ့သည်။

သူမ မိုက်ကရိုဖုန်းပိတ်လိုက်ပြီးနောက် ကုကျစ်စုန့်က ဒုတိယအကြိမ်တစ်ဦးချင်းဆွေးနွေးမှု စတင်တော့မည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ မှတ်ချက်တစ်ခုအား အင်မတန် စိတ်အားထက်သန်စွာ တွန်းပို့နေကြသည့် ကြည့်ရှုသူများ သတိပြုမိခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တချို့ပရိတ်သတ်များသည် ကုကျစ်စုန့် သတိပြုမိစေရန် bullet comment များပါ ရေးသားခဲ့ကြသည်။

(TN: Bullet comment- တိုက်ရိုက်လွှင့်စဉ် ဗီဒီယိုတွင် ပေါ်လာနိုင်သော ကောမန့်)

[စုန့်စုန့်၊ မှတ်ချက်ဧရိယာထဲက မိန့်မိန့်တစ်ယောက်က အကူအညီအရေးတကြီးလိုနေတယ်!]

ကုကျစ်စု့န် ထိုသို့မှတ်ချက်များအား မြင်တွေ့လိုက်ရသောကြောင့် လှမ်းကြည့်လိုက်မိသည်။

အကူအညီတောင်းသည့် မှတ်ချက်အား မြင်တွေ့လိုက်ရချိန်တွင် အားကောင်းသော စွမ်းအင်တစ်ခုကိုလည်း ခံစားလိုက်ရသည်။

ချက်ချင်းပင် သူမက အကူအညီတောင်းသူ၏ နာမည်ပြောင်ကို ခေါ်လိုက်ပြီးနောက် သူမနှင့် အွန်လိုင်းမှ ဆက်သွယ်ပေးရန် တောင်းဆိုခဲ့သည်။

မည်သို့နည်းလမ်းဖြင့် ဆွေးနွေးလိုကြောင်း မေးခွန်းထုတ်ရာတွင် မိန်းမငယ်သည် တုံ့ဆိုင်းနေခြင်းမရှိ၊ စိတ်ပူပန်စွာ ခပ်လောလော ပြောလာခဲ့သည်။

“ဗီဒီယိုကော စုန့်စုန့်၊ ဗီဒီယိုနဲ့ ပြောမယ်နော်!”

“အိုခေ”

ကုကျစ်စုန့် အသာခေါင်းငြိမ့်လိုက်ပြီးနောက် ဗီဒီယိုကောဖြင့် ခေါ်ဆိုလိုက်သည်။

မိန်းကလေးတစ်ဦး၏ မျက်နှာက တိုက်ရိုက်ထုတ်လွှင့်မှုတွင်‌ ပေါ်လာခဲ့လေသည်။

‘ကြက်ဥလိပ်’ဆိုသော နာမည်ပြောင်နှင့် ကောင်မလေးမှာ အသက် (၂၀)ကျော်ခန့်ဖြစ်ပြီး ခဲပြာရောင် ဆံပင်၊ ဖြူဖွေးသော အသားအရည်၊ မျက်ရစ်တစ်ထပ်ဖြင့် ပိန်ပိန်ပါးပါးဖြစ်သည်။

သူမက အေးစက်၍ အများနှင့် ရောရောနှောနှော မနေထိုင်တတ်သော မိန်းမလှလေးတစ်ဦးဖြင့် အသွင်တူကာ ကျောင်းတွင်လည်း သူမအား ကြိတ်၍ သဘောကျသူများ ရှိနေကြမည်မှာ အသေအချာပင်။

မိန်းကလေးက ကင်မရာရှေ့တွင် ထိုင်နေခဲ့ပြီး သူမနောက်မှ မီးများသည်လည်း ထိန်ထိန်လင်းနေခဲ့သည်။

အခန်းထဲတွင် မီးလုံး လေးလုံးရှိသည်ကို မြင်တွေ့နိုင်ပြီး ထိုမီးများအားလုံးကိုလည်း ဖွင့်ထားသောကြောင့် နေ့အလား လင်းထိန်နေခဲ့သည်။

“စုန့်စုန့်! ကျွန်မ.. ဒီမှာ… သေချာပေါက် တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး!”

‘ကြက်ဥလိပ်’က အင်မတန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမ၏ စိတ်အခြေအနေက ယခုရက်ပိုင်းတွင် အဆင်ပြေပုံမရသကဲ့သို့ ကောင်းစွာ အနားယူရဟန်လည်း မပေါ်ပေ။

မျက်ကွင်းများက ညိုမည်းနေပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်နေခဲ့သည်။

ဗီဒီယိုကောခေါ်ဆိုလိုက်ပြီးနောက် နာမည်ကျော် ‘နတ်ဘုရားအလား ကံကြမ္မာဟောပြောသူ’ ကုကျစ်စုန့်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရပြီးချိန်တွင်တော့ သူမ၏ ထိတ်လန့်မှုနှင့် စိတ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားခဲ့ရသည်။

‘ကြက်ဥလိပ်’ စိတ်ကို လျှော့လိုက်ပြီးနောက် ကိုယ့်ကိုကိုယ် မိတ်ဆက်စကားဆိုလိုက်သည်။

သူမသည်က အသက်(23)နှစ်ဖြစ်ပြီး နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးဖြစ်သည်။ ယခုလက်ရှိတွင် အိမ်ငှားနေထိုင်ခြင်းဖြစ်သည်။

သူမ၏ နေအိမ်မှ မီးများကို အကုန်ဖွင့်ထားရသည့်အကြောင်းရင်းမှာတော့ သူမသည်က မသန့်စင်သော အရာများ၏ တိုက်ခိုက်ခံနေရသည်ဟု ခံစားနေရသောကြောင့်ပင်။

သူမအနီးတွင် တစ္ဆေတစ်ကောင် ရှိနေခဲ့သည်။

မှောင်မိုက်သော ပတ်ဝန်းကျင်သည် သူမအား ကြောက်လန့်စေပြီး စိတ်မသက်မသာဖြစ်စေသည်။

တစ်အိမ်လုံး ထိန်လင်းနေအောင် မီးများ ဖွင့်ထားပါက အနည်းငယ် ကြောက်စိတ်လျော့ပါးစေပြီး အိပ်စက်အနားယူနိုင်ပေလိမ့်မည်။

*

All Chapters