← Chapters

အဆောက်အအုံပေါ်မှ ပြုတ်ကျခြင်းကြောင့် ရုတ်တရက်သေဆုံးခြင်းနှင့် စွဲလမ်းမှု(1)

Vol. 46 Ch. 453

အဆောက်အအုံပေါ်မှ ပြုတ်ကျခြင်းကြောင့် ရုတ်တရက်သေဆုံးခြင်းနှင့် စွဲလမ်းမှု(1)

Vol. 46 Ch. 453

ထိုနေ့က သူမ အလုပ်ဆင်းလာခဲ့ပြီးနောက် ရုံးဝန်ထမ်းကောင်မလေးမှ သူမလည်း အလုပ်ဆင်းလာပြီဖြစ်ကြောင်း မက်ဆေ့ချ်ပို့လာခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ဦးက အပြင်တွင် ညစာအတူစားရန် ချိန်းဆိုခဲ့ကြပြီးနောက် အခန်းဖော်များအတွက်ပါ မုန့်များ ဝယ်ယူလာခဲ့ကြလေသည်။

မည်သူကထင်ထားခဲ့ပါမည်နည်း။

သူတို့နှစ်ဦးသား လမ်းလျှောက်လာချိန်တွင် မျက်လုံးထောင့်မှ အရိပ်မည်းတစ်ခုက အမြင့်မှ ပြုတ်ကျလာခဲ့ပြီးနောက် ပန်းခုံ၏ အစွန်းဖြင့် ရိုက်မိသွားသည်ကို မြင်တွေ့လိုက်ရသည်။

ထိုနေရာက သူမတို့ ရပ်နေသည့် နေရာနှင့် ဆယ်ပေခန့်သာ ကွာဝေးခဲ့သည်။

ထိုပြုတ်ကျလာသော အသံနှင့် ဘေးပတ်ဝန်းကျင်မှ လူအများ၏ အော်သံတို့ကြောင့် သူတို့လည်း တုန်လှုပ်သွားခဲ့ရသည်။

သူတို့ မျက်လုံးများပြူးကျယ်စွာဖြင့် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေ,သေသွားခဲ့ရသည်။

ပထမဆုံး တုံ့ပြန်သူမှာ ‘ကြက်ဥလိပ်’ ဖြစ်ပြီး သူမက ကိုယ့်ကိုကိုယ်ပင် မထိန်းနိုင်ခဲ့ဘဲ အာခေါင်ခြစ်၍ အော်ဟစ်လိုက်မိသည်။

ခြေထောက်များသည်လည်း ကြောက်လန့်မှုကြောင့် တုန်နေခဲ့သည်။

ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်မှာ လူတစ်ဦးပင်ဖြစ်ပေ၏။

အမျိုးသားတစ်ဦး။

(Warning : ဆူဆိုက်နဲ့ သွေးထွက်သံယိုအခြေအနေ)

သူ၏ ခန္ဓာကိုယ်သည်က ပန်းခုံအစွန်းဖြင့် အရိုက်ခံထားရသည်။

လက်မောင်းများတွင် သစ်ကိုင်းများ ထိုးဖောက်ဝင်နေခဲ့ပြီး ကျောရိုးမှာလည်း ပန်းခုံဘေးမှ ကာရန်ထားသည့် သံပန်းဖြင့် ထိုးခွဲခံထားရသည်။

ထို့နောက် ပန်းခုံနှင့် မနီးမဝေးတွင် သွေးပုံတွင်း၌ ပျော့ခွေကာ လဲနေခဲ့သည်။ ခန္ဓာကိုယ်မှ သွေးများသည်လည်း မြေပြင်တစ်ခုလုံး အိုင်ထွန်းနေခဲ့ပြီး ပန်းခုံတွင် အလှကပ်ထားသည့် ကြွေပြားဖြူများသည်လည်း သွေးစွန်းနေခဲ့သည်။

ထိုအမျိုးသား၏ ဆီးခုံရိုးသည်လည်း ကျိုးကြေနေခဲ့ပြီး ဦးခေါင်းက အနည်းငယ်‌‌လောက် အောက်စိုက်နေခဲ့သည်။ နှုတ်ခမ်းနှင့် နှာခေါင်းတို့မှ သွေးများ သွင်သွင်စီးကျနေခဲ့သောကြောင့် မျက်နှာမှာလည်း ဝိုးတဝါးဖြစ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူပြုတ်ကျလာသည့် အမြင့်ာ မြင့်မားလွန်းသောကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးလုနီးနီးဖြစ်ခဲ့သည်။

သူ၏ မျက်ဖြူမလန်သေးသော မျက်ဝန်းများသည်က ‘ကြက်ဥလိပ်’တို့ နှစ်ဦးသား ရပ်နေသည့်နေရာကို စူးစိုက်ကြည့်နေသည့်အလားထင်ရသည်။

ခန္ဓာကိုယ်သည်က အနည်းငယ် အကြောဆွဲကာ လှုပ်ရှားနေခဲ့ပြီး မျက်နှာသည်လည်း ပုံဖမ်း၍မရလောက်အောင်ပင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့သည်။

(Warning ပြီးစီး)

သို့သော် ‘ကြက်ဥလိပ်’နှင့် ရုံးဝန်ထမ်းကောင်မလေးတို့က သူ့အား ကောင်းကောင်းသိသည်။

ထိုအမျိုးသားမှာ သူတို့ ရင်းနှီးနေသော ပြိုးပြိုးပြောင်ပြောင် အင်္ကျီအား ဝတ်ဆင်ထားပြီး ရင်းနှီးနေသည့် ခရမ်းရောင် ဆံနွယ်များသည်လည်း သွေးစွန်းနေခဲ့သည်။

ထိုအမျိုးသားက သူတို့၏ အခန်းဖော်ဖြစ်ပေသည်။

တစ်ဦးတည်းသော အမျိုးသားအခန်းဖော်။

‘ကြက်ဥလိပ်’အနေဖြင့် ထိုကောင်လေး၏ ဆိုးဆိုးဝါးဝါးသေဆုံးရခြင်းအား မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တဆတ်ဆတ် တုန်နေခဲ့ရသည်။

လက်ချောင်းများက ထုံကျဉ်လာသည်ကို သတိပြုလိုက်မိပြီးနောက် သူမ မြေပေါ်သို့ လဲကျသွားခဲ့ပြီး လက်ဖဝါးနှစ်ဖက်ကို ဖျစ်ညစ်ထားမိသည်။

ထိုနေ့မှစ၍ သူမက တစ်ပတ်တိုင်တိုင် မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်မက်ဆိုးများ မက်ခဲ့ရသည်။ ထိုနေ့မှ မြင်ကွင်းသည်လည်း မျက်လုံးထဲမှ မထွက်နိုင်ခဲ့ချေ။

ရုံးဝန်ထမ်းကောင်မလေး၏ အခြေအနေက သူမထက်ပင် ဆိုးရွားသည်။ ထိုမိန်းမငယ်လေးက စိတ်ဒဏ်ရာရသွားခဲ့ပြီးနောက် အလုပ်မှ ခွင့်ရက်ရှည်ယူကာ အဆောင်မှလည်း ပြောင်းရွှေ့သွားခဲ့သည်။

သူတို့နေထိုင်ရာ အဆောင်က ရုတ်တရက် လူနှစ်ယောက် လျော့သွားခဲ့ရသောကြောင့် ပို၍ပင် အထီးကျန်ကာ၊ ထိတ်လန့်ဖွယ်ကောင်းလာခဲ့သည်။

ကံကောင်းစွာပင် စိတ်မကောင်းသည့်အနေဖြင့် အိမ်ပိုင်ရှင်က သူမတို့ ကျန်ရစ်နေသည့် ခြောက်လအား အိမ်ငှားခ တစ်ဝက်တိတိ လျှော့ချပေးခဲ့သည်။

ပြန်လည်တွက်ချက်ကြည့်လိုက်ပါက သူတို့တစ်ဦးချင်းသည် တစ်လလျှင် အိမ်ငှားခအတော်လေးလျော့ပါးသွားမည်ဖြစ်သည်။

ကျောင်းတက်နေဆဲ မိန်းကလေးသုံးဦးအတွက်တော့ ထိုအရာက ကောင်းမွန်သည့် အခွင့်အရေးတစ်ခုသာဖြစ်သည်။

သူမ၏ စကားကို ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ မှတ်ချက်များ တစ်ကြိမ်နိုးထလာကြပြန်သည်။

[ဟား ဒီကောင်မလေးတွေကတော့.. အဲဒါက ‘သရဲခြောက်တဲ့အိမ်’ဖြစ်နေပြီလေ! နင်တို့တွေ သုံးယောက်မို့ သတ္တိရှိရှိနဲ့ အဲ့တာကို ဆက်ငှားရဲတယ်.. အထူးသဖြင့် အကူအညီတောင်းတဲ့ ကောင်မလေး

နင်ကိုယ်တိုင် အဲဒီမြင်ကွင်းကို မျက်စိနဲ့မြင်ခဲ့ရတာတောင် မကြောက်မလန့်နဲ့ ငှားရဲသေးတယ်?]

[ကောင်လေး သေရတဲ့ အကြောင်းအရင်းက ဘာများလဲ?]

[တကယ်တော့ ဆက်ပြီး မငှားသင့်ဘူး .. ဘယ်လိုအကြောင်းပြချက်ကြောင့်ဖြစ်ဖြစ် လူလတ်တလော သေထားတဲ့ အိမ်တစ်အိမ်က မကောင်းမှုဝိဉာဉ်တွေတော့ ရှိနေမှာပဲ

အိမ်ပိုင်ရှင်က မင်းတို့ သက်ရှိလူတွေကို အသုံးချပြီးတော့မှ အိမ်ရဲ့ ယန်စွမ်းအင်ကို တိုးတက်အောင် လုပ်ချင်တာလဲ ဖြစ်နိုင်တယ်လေ]

[ပြောရရင်တော့ အဲဒီလိုတစ်ခုခုဖြစ်ပြီး အိမ်ကလည်း လူနေမဲ့သူ မရှိတော့ဘူးဆိုရင် နောက်ပိုင်းကျရင် အဲဒီအိမ်ကို ငှားဖို့ရော၊ ရောင်းဖို့ရော ခက်သွားမှာပဲ]

[ဟားဟား မင်း အခု ကိုယ့်ထိုက်နဲ့ကိုယ် ခံရတာပဲ မဟုတ်ဘူးလား၊ ဦးနှောက်ရှိတဲ့သူဆိုရင် အဲဒီမှာ ဆက်ငှားနေမှာမဟုတ်ဘူး!]

[အခုအကူအညီတောင်းတဲ့သူက ‘တုံးအတယ်’တို့၊ ‘လောဘကြီးတယ်’တို့ ပြောနေတဲ့ မှတ်ချက်တွေ ရပ်လိုက်သင့်တယ်

ပြောရရင် ကိုယ်က ဘာအမှားမှ လုပ်မထားရင် သရဲ၊တစ္ဆေတွေ ကိုယ့်အိမ်တံခါးလာခေါက်မှာ ကြောက်ဖို့မလိုဘူးဆိုတဲ့ စကားလည်း ရှိတယ်လေ

အခုတိုက်ပေါ်ကနေ ပြုတ်ကျပြီး သေရတာက အကူအညီတောင်းတဲ့သူရဲ့ အပြစ်မှ မဟုတ်တာ]

[ငါလည်း ဘွဲ့ရပြီးတော့ ငါ့ဘာသာငါ ရပ်တည်ပြီး အလုပ် လုပ်ခဲ့ဖူးတော့ ‘ကြက်ဥလိပ်’ရဲ့ စဉ်းစားပုံနဲ့ ဝမ်းနည်းမှုကို နားလည်တယ်

ဘယ်သူက အိမ်တစ်လုံး လုံးကို ငှားပြီးတော့ သူများတွေနဲ့ အတူနေချင်လိမ့်မလဲ ၊ ပြီးတော့ ပထမအဆင့်မြို့တော်တွေရဲ့ မြို့လယ်က အိမ်ဈေးနှုန်းတွေက မိုးထိတက်နေတာ မိန်းကလေးတွေအနေနဲ့ တစ်ဦးတည်းနေဖို့လည်း မလုံခြုံဘူးလေ]

[……]

‘ကြက်ဥလိပ်’သည်လည်း မှတ်ချက်များအတွင်း ငြင်းခုံနေမှုများကို မြင်တွေ့ပြီးနောက် ပင်ပန်းစွာ ပြုံးလိုက်မိသည်။

“လူတိုင်း ကျွန်မကို ဆူပူနေတာ အဓိပ္ပာယ်ရှိပါတယ်.. ကျွန်မလည်း အဲဒီမှာ ဆက်နေမိလို့ နောင်တရမဆုံးပါပဲ”

“ဒါပေမဲ့ အိမ်ငှားခက အရမ်းကို သက်သာတယ်လေ . ကျွန်မသာ ကျောင်းအဆောင်ကို ပြန်သွားရမယ်ဆိုရင် အလုပ်ကနေ အသွားအပြန် နေ့တိုင်း အချိန် သုံးနာရီလောက်‌ ကားနဲ့ ရထားစီးရမှာလေ အဲဒါကို ကျွန်မ မလုပာနိုင်ဘူး”

“အိမ်ပြောင်းမယ်ဆိုရင်လည်း အဲဒီလောက် ဈေးချိုပြီး အလုပ်နဲ့နီးတဲ့ နေရာကို ရှာလို့တောင် ရမှာမဟုတ်ဘူး ၊ ပြီးတော့ အခန်းဖော်တွေရဲ့ စရိုက်ကလည်း ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်ဘူး…”

ယခုအလုပ်သင်ကာလသည်က သူမအတွက် အင်မတန်အရေးပါသည်။

အလုပ်ဆင်းချိန်တွင် သူမ၏ လုပ်ဖော်ကိုင်ဖက်များက အင်မတန်ကြိုးစား၍ နေ့စဉ် ခုနှစ်နာရီ၊ ရှစ်နာရီအချိန်မှ အလုပ်ဆင်းကြသူများဖြစ်သည်။

သူမသည်လည်း နောက်ကျန်နေခဲ့၍မရပါချေ။ မဟုတ်ပါက လွန်ခဲ့သည့် ခြောက်လအတွင်း သူမ ကြိုးစားခဲ့သည်များ အလဟဿဖြစ်ရလိမ့်မည်။

ထို့အပြင် သူမနှင့်အတူ နေထိုင်သည့် ကောလိပ်ကျောင်းသူလေးနှစ်ယောက်လည်း အဆောင်မပြောင်းဘဲ ရှိနေသေးသည်။ သူ

တို့သည်လည်း ငွေအများအပြား တတ်နိုင်သူများမဟုတ်ပေ။

တက္ကသိုလ်၏ ထောက်ပံ့ကြေးက semester တစ်ခုလျှင် တစ်ကြိမ်သာ ပေးခြင်းဖြစ်သည်။ သူတို့ အိမ်ပြောင်းလျှင်ပင် အဆောင်သို့လည်း ပြန်သွား၍ မရနိုင်သောကြောင့် နေစရာ နေရာအသစ် ရှာဖွေရလိမ့်မည်။

သူတို့ပ အခန်းဖော်ကောင်လေး သေဆုံးမှုများ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသူများ မဟုတ်သောကြောင့် အနည်းငယ် ကြောက်စိတ်လျော့နည်းကြသည်။

မိန်းကလေးနှစ်ယောက်က အခန်းတစ်ခန်းထဲတွင် အတူနေထိုင်သောကြောင့်လည်း စိတ်သက်သာရစေသည်။

ထို့ကြောင့် သူတို့နှစ်ဦးက အိမ်ပိုင်ရှင်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီးနောက် အိမ်ထဲတွင် ဆက်နေရန် သဘောတူခဲ့ကြပြီး အတူနေထိုင်မည့် အခန်းဖော်အသစ်များ အမြန်ရှာဖွေပေးရန် သဘောတူခဲ့ကြသည်။

အိမ်ပိုင်ရှင်က အိမ်ငှားခကို နောက်တဖန် လျှော့ပေးခဲ့ပြန်သည်။

ထို့ကြောင့် နှစ်ရက်အတွင်း အခြားမိန်းမငယ်လေးနှစ်ဦးသည်လည်း ဈေးသက်သာသည့် အိမ်ကို မျက်စိကျ၍ အိမ်ငှားစာချုပ် ပြန်လည်ချုပ်ဆိုခဲ့ကြသည်။

အဆောင်တွင် လူပြန်ပြည့်လာသည်ကို မြင်ရပြီးနောက် သေဆုံးသွားသော ကောင်လေး၏ အခန်းကိုလည်း အိမ်ရှင်မှ ပြန်လည်ပြင်ဆင်ခဲ့ပြီး နောက်ထပ် အခန်းဖော်အသစ်တစ်ဦး အစားထိုးခဲ့သည်။

သေသေချာချာ စဉ်းစားချင့်ချိန်ပြီးချိန်တွင် ‘ကြက်ဥလိပ်’က အဆောင်တွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

ကုကျစ်စုန့် ထိုအချိန်တွင် စကားဖြတ်၍ မေးလိုက်သည်။

“နေဖို့ သဘောတူလိုက်ပြီးတော့မှ ဘာလို့ ထပ်ပြောင်းခဲ့တာလဲ”

‘ကြက်ဥလိပ်’၏ မျက်နှာအရ သူမ၏ ယခင်နေရာနဲ့ မကွာဝေးသော နေရာပြောင်းရွှေ့ခဲ့ခြင်းမှာ လွန်ခဲ့သည့် သုံးရက်ခန့်က ဖြစ်သည်။

သူမအနေဖြင့် အတူငှားရမ်းနေထိုင်သည့် အိမ်မှ အဆောတလျင် ပြောင်းရွှေ့လာခဲ့သောကြောင့် ငွေအများအပြား ဆုံးရှုံးခဲ့ရသည်။

ကုကျစ်စုန့်၏ အထင်အရ သူမသည် အိမ်ငှားစာချုပ်ကို ချိုးဖောက်ခဲ့သောကြောင့် စပေါ်ငွေများ ဆုံးရှုံးခဲ့ရခြင်းသာ ဖြစ်လိမ့်မည်။

အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ‘ကြက်ဥလိပ်’ ပြန်ဖြေခဲ့သည်။

“ကျွန်မ အတော်လေးကို စိတ်မသက်မသာခံစားရပြီး နေ့တိုင်း အိပ်မက်ဆိုးတွေ မက်နေခဲ့လို့ပါ”

“အိပ်မက်ထဲမှာ အစတုန်းက အဆောက်အဦးပေါ်ကနေ ပြုတ်ကျလာတဲ့ ကောင်လေးနေရာမှာ အရိပ်မည်းကြီးလို ဖြစ်လာခဲ့တယ်၊

တခါတလေဆိုရင် မျက်လုံးမှိတ်လိုက်ရင် တစ်ခုခုက ကျွန်မရဲ့ အိပ်ရာနားမှာ၊ ဒါမှမဟုတ် ကျွန်မ အိပ်ရာဘေးမှာ ကျွန်မကို စိုက်ကြည့်နေတယ်လို့ ခံစားနေရတယ်!”

“အဲဒါက အမှန်ပဲဆိုတာ ကျွန်မ ကျိန်ရဲတယ်၊ ကျွန်မ စိတ်ကူးယဉ်နေတာလည်း မဟုတ်ဘူး စိတ်ထင်လို့လည်း မဟုတ်ဘူး အဲဒီအချိန်ကတည်းက စပြီး ကျွန်မခန္ဓာကိုယ်ကလည်း အမြဲလိုလို အေးစက်နေခဲ့တာ

အင်္ကျီထူထူဝတ်ထားလည်းမရ၊ စောင်အထူကြီး ခြုံထားလည်း မရဘူး ကုန်ကုန်ပြောရင် နေရောင်အောက်မှာတောင် ကျွန်မ ချမ်းပြီး တုန်နေခဲ့တာ”

“အဲဒီနောက်ရော”

ကုကျစ်စုန့် ထပ်မေးလိုက်သည်။

“အဲ့နောက်တော့ ကျွန်မ ယဲ့ကျဲကို ဖုန်းဆက်ခဲ့တယ်.. ယဲ့ကျဲကအဆောင်ပြောင်းသွားတဲ့ အစ်မပါ..

ဖုန်းကိုင်လာတာက သူ့အမေဖြစ်နေတယ်.. အန်တီပြောတာတော့ ကျဲက အလုပ်ကနေ ထွက်စာတင်ပြီး အိမ်ပြန်လာတာတဲ့

သူ့စိတ်တွေလည်း အခြေအနေ တော်တော်ဆိုးနေတယ်တဲ့ ကျွန်မလိုပဲ နေ့တိုင်း အိပ်မက်ဆိုးတွေ မက်တယ်

အဲဒီအိပ်မက်တွေထဲမှာ လူသေ‌တွေက သူ့ကို စိုက်ကြည့်နေတယ်တဲ့ ဒါမှမဟုတ် သူ့အိပ်ရာဘေးမှာ စိုက်ကြည့်နေတာတဲ့!”

မိခင်ဖြစ်သူသည်လည်း သူမအား မကောင်းဆိုးဝါး နှင်နိုင်သည့် ပညာရှင်တစ်ဦးဖြင့် ပြသ၍ ကုသရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။

“အဲဒါကို ကြားရ‌တော့ ကျွန်မနဲ့ ယဲ့ကျဲတို့ အဖြစ်က တစ်ပုံစံတည်းဖြစ်နေတာကို သဘောပေါက်လိုက်တယ်၊ ကျွန်မတို့ နှစ်ယောက်လုံး သရဲခြောက်ခံနေရတာ!”

“ကျွန်မ ကျိန်ဆို ကျိန်ရဲပါတယ်.. ကျွန်မဘက်က ဆုံးသွားတဲ့ ကောင်လေးကို ဘာတစ်ခုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးပါဘူး၊

ယဲ့ကျဲရော ကျွန်မရော သူနဲ့ အတော်ရင်းနှီးပြီး ညစာတောင် ခဏခဏ အတူတူစားတတ်တယ် အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ ကောင်လေးက တိုက်ပေါ်ကနေ ခုန်ချသွားလိမ့်မယ်လို့ ထင်ကို ထင်မထားခဲ့တာ

ဘာလို့ ကျဲနဲ့ ကျွန်မကို လိုက်ပြီး ဒုက္ခပေးနေလဲဆိုတာလည်း နားမလည်ပါဘူး”

သူမ ကြုံတွေ့ခဲ့ရသမျှ၊ ခံစားနေရသမျှ အရာအားလုံးကို ထုတ်ပြောပြီးနောက် ‘ကြက်ဥလိပ်’ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သလို ရင်ထဲတွင်လည်း ဝမ်းနည်းစိတ်များဖြစ်ပေါ်လာခဲ့သည်။

*

All Chapters