← Chapters

ဂရုဏာနှင့် အားနည်းချက် (1)

Vol. 47 Ch. 469

ဂရုဏာနှင့် အားနည်းချက် (1)

Vol. 47 Ch. 469

ကုကျစ်စုန့်၏ မျက်လုံးထဲတွင် ရုတ်တရက် သေဆုံးရခြင်းကြောင့် ဖြစ်တည်လာသည့် အစွဲအလမ်းသည်က ယွမ်ယွင်ဖန်ကိုယ်ပေါ်၌ မရှိသလောက်ပင်။

ထိုစွမ်းအင်၏ အပိုင်းအစအနည်းငယ်က မှန်ထဲမှ ထုတ်ယူလာသော ဓာတ်ပုံတွင် ကပ်တွယ်နေခဲ့သည်။

စွမ်းအင်အများစုမှာ ရဲအရာရှိနှင့် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များ ခေါ်ဆောင်သွားခဲ့သည့် စွန်းယွဲ့၏ နောက်ကျောတွင် ကပ်ပါသွားခဲ့သည်။

တိတိကျကျပြောရပါက သေဆုံးသွားသော ရှောင်ဝူသည်က ယခုအမှုကိစ္စ ပေါ်လာရသည့် အဓိက သော့ချက်ဖြစ်သည်။

အပြင်မှ ရေချိုးခန်းပျက်နေသောကြောင့် ရှောင်ဝူအနေဖြင့် အခန်းဖော်ကောင်မလေးများနှင့် ညှိနှိုင်းကာ သူမတို့အားလုံး အလုပ်သွားနေသည့်အချိန်တွင် ရေချိုးခန်းအား အသုံးပြုရန် သဘောတူခဲ့ကြသည်။

ထိုနေ့က သူ ညနေခင်းအစောပိုင်းတွင် ရေချိုးခဲ့သည်။

ရာသီဥတုက ကြည်လင်နေပြီး အပြင်မှနေရောင်သည် အခန်းထဲအထိ ဝင်ရောက်နေသောကြောင့် ရှောင်ဝူက မှန်ဘေးပတ်လည်မှ မီးလုံးများကို မဖွင့်ခဲ့ပေ။

သူ ထိုမှန်ကို အသုံးပြုခဲသည်။

သို့သော် အင်တာနက်ဆယ်လီတစ်ဦးဖြစ်သည့်အလျောက် သူ၏ အဝတ်အစား၊ အသားအရေနှင့် မိတ်ကပ်တို့အား သေချာဂရုစိုက်တတ်သူဖြစ်သည်။

ထိုသို့ တစ်ကိုယ်လုံးအား သေချာမြင်ရသည့် မှန်ကိုလည်း သဘောကျသည်။ ထို့ကြောင့် ရေစိုနေသည့် ဆံပင်ကို သုတ်လိုက်ပြီးနောက် အဝတ်အစားများ စမ်းဝတ်ကြည့်ခဲ့လေသည်။

ရေပူပူနှင့် ချိုးထားသောကြောင့် အခန်းထဲတွင်လည်း မှုန်မှိုင်းနေခဲ့သည်။ မှန်တစ်ခုလုံးလည်း ရေငွေ့များ ဖုံးနေသောကြောင့် မှန်ထဲတွင် သူ့ကိုယ်သူ သေချာမမြင်ရ။

ရှောင်ဝူ လက်ကိုမြှောက်ကာ မျက်နှာနေရာမှ မှန်အား သုတ်လိုက်သည်။

ရေငွေ့လေးများ ပြောင်စင်သွားချိန်တွင် မှန်တွင်းမှ သူ၏ မျက်နှာသည်လည်း ပို၍ ကြည်လင်လာခဲ့သည်။

သို့သော် မှန်ကို သေသေချာချာကြည့်လိုက်မိချိန်တွင် ရှောင်ဝူ၏ အကြည့်များ ရပ်တန့်သွားခဲ့သည်။

သူသည်က ယောကျ်ားလေးများကြားတွင် အရပ်ရှည်သူတစ်ဦးဖြစ်ကာ ၁၈၅ စင်တီမီတာကျော် ရှိသည်။

သူ လက်ကိုမြှောက်၍ မှန်ကို သုတ်လိုက်ချိန်တွင် မှန်တွင်းမှ သူ၏ လက်ဖဝါးသည် အပြင်မှ လက်ဖဝါးနှင့် အနည်းငယ် ကွာဟနေခဲ့သည်။

အပြင်မှ သူ၏ လက်ဖဝါးနှင့် မှန်ထဲမှ ပုံရိပ်တို့သည် ထိစပ်နေခြင်းမရှိ၊ အနည်းငယ် ဟနေခဲ့သည်။

သို့သော် လက်ဖဝါးအထက်မှ လက်ချောင်းများနှင့် မှန်တွင်းမှ လက်ချောင်းများက အလုံးစုံ ထိစပ်နေခဲ့သည်။

တစ်နေရာစီ သီးသန့်ဖြစ်နေပါက သူ သတိထားမိမည်မဟုတ်ပေ။ သို့သော် လက်တစ်ဖက်တည်းာ မှန်တွင်း၌ ပုံရိပ်နှစ်မျိုးပေါ်နေသည်မှာ မည်သို့ပင် ကြည့်ပါစေ၊ ပုံမှန်မဟုတ်နိုင်ပေ။

သူ၏ အလုပ်အကိုင်ကြောင့် ရှောင်ဝူသည် ညစာစားပွဲများ၊ မိတ်ဆုံစားပွဲများ မကြာခဏ တက်ရပြီး လူမသိစေလိုသော ညစ်ညမ်းသည့် လုပ်ရပ်များအကြောင်းကိုလည်း ကောင်းကောင်းသိထားသည်။

ဥပမာဆိုရပါက တချို့သော ယုတ်မာသည့် ဘားများသည်က အမျိုးသမီးအိမ်သာများအတွင်းမှ မှန်များအား တစ်ဖက်မြင်မှန်များဖြင့် အလှဆင်ထားတတ်ကြသည်။

အိမ်သာအတွင်းမှ မိန်းကလေးများအနေဖြင့် ကိုယ့်အရိပ်ကိုယ်သာ မြင်ရမည်ဖြစ်သည်။

သို့သော် မှန်၏ အခြားတစ်ဖက်တွင် မည်သို့သော ရောင်ပြန်ကိုမျှ သုတ်လိမ်းထားခြင်းမရှိသောကြောင့် အရာအားလုံး ဖောက်ထွင်းမြင်နေရသည်။ တစ်ဖက်မှ လူာ မည်သည့်အရာကိုမှ မသိသည့် မိန်းမငယ်လေးများအား မှန်တစ်ဖက်မှ မြင်နေရပြီး သူမ၏ ကိုယ်ရေးကိုယ်တာများကိုလည်း မြင်နိုင်သည်။

အရှက်မရှိသည့် လုပ်ရပ်မျိုးပင်။

မတူညီသည့် မှန်ကြီးကို ကြည့်လိုက်ပြီးနောက် ရှောင်ဝူ၏ မျက်ဝန်းအစုံသည် အံ့ဩမှု၊ သံသယစိတ်တို့ကြောင့် ပြူးကျယ်သွားရသည်။

သူက စမ်းသပ်သည့် နည်းလမ်းများကိုလည်း အကုန်ပြန်တွေးတောကြည့်မိသည်။ ဥပမာ- မှန်အား လက်ချောင်းဖြင့် ထိကြည့်လိုက်ပြီး မှန်ထဲမှ ပုံရိပ်နှင့် လက်ချောင်းတို့ကြားတွင် ကွာဟနေခြင်းမရှိပါက တစ်ဖက်မြင်မှန်ဖြစ်သည်။

နောက်ထပ်ဥပမာတစ်ခုမှာ ဖုန်းတွင်းမှ flash မီးကို ဖွင့်ပြီး မှန်ကို မီးဖြင့် ထိုးကြည့်ရန်ဖြစ်သည်။ မီးအလင်းရောင်အား မှန်၏ တစ်ဖက်တွင် သုတ်ထားသည့် ရောင်ပြန်မှ စုတ်ယူမသွားပါက၊ အလင်းရောင်သည် ကြည်လင်မနေဘဲ ကျန်တစ်ဖက်မှ အရာများကို ခပ်ရေးရေးမြင်နေရပါက ထိုမှန်သည် နှစ်ဖက်မြင် မှန်ဖြစ်ပြီး မှန်နောက်တွင် သေချာပေါက် တစ်စုံတစ်ခု ရှိနေလိမ့်မည်။

Flash မီးအလင်းရောင်မှတဆင့် ရှောင်ဝူမြင်လိုက်ရသည်မှာ မှန်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းသည် တစ်သားတည်းမဟုတ်ခဲ့ချေ။

အပေါ်ပိုင်းတွင် အလင်းရောင်သည်က အနောက်သို့အထိ ဖောက်ဝင်သွားပြီးနောက် အရိပ်တစ်ခု ခပ်ရေးရေး မြင်တွေ့နေရသည်။

မှန်နောက်တွင် ထောင်ထားသည့် လေးထောင့်ပုံသဏ္ဍာန်တစ်စုံတစ်ခုကို မြင်ရသော်လည်း မည်သည့်အရာဖြစ်ကြောင်းကိုတော့ သဲသဲကွဲကွဲမတွေ့ရချေ။

သို့သော် ကင်မရာတစ်ခုဖြစ်လိမ့်မည်ဟု သူတွေးလိုက်မိသည်။

ရေချိုးခန်း၊ အဝတ်လဲသည့်နေရာမှ မှန်။

ထိုသို့ နေရာမျိုးတွင် ထားရှိထားသော ပစ္စည်းမှာ မိန်းမငယ်လေးများအား ဓာတ်ပုံခိုးရိုက်ရန် ပစ္စည်းဟုသာ တွေးမိကြမည်မဟုတ်ပါလော။

ရှောင်ဝူအနေဖြက့် နွေးထွေး၍ ကြင်နာတတ်သော အိမ်ပိုင်ရှင်အား သံသယမဝင်လိုပါချေ။ သို့သော် သူ့ရှေ့တွင် မြင်တွေ့နေရသည့် မှန်ကြီးသည် ထိုသို့ ဖုံးကွယ်ထားရန် အထူးပြုလုပ်ထားသည့် အရာတစ်ခုဖြစ်နေခဲ့သည်။

သူ ဒေါသတကြီးဖြင့် စွန်းယွဲ့ထံသို့ ဖုန်းဆက်ကာ မေးခွန်းထုတ်ခဲ့သည်။ ထိုအချိန်က စွန်းယွဲ့ယွဲ့ဟုခေါ်သေးသည့် အိမ်ပိုင်ရှင်ထံသို့ ဖုန်းဆက်၍ အဘယ်ကြောင့် မိန်းကလေးများ နေထိုင်သည့် အိပ်ခန်းထဲတွင် နှစ်ဖက်မြင်မှန်တစ်ချပ် ထည့်သွင်းထားပါသနည်း၊ မိန်းမငယ်လေးများ၏ မသင့်တော်သော ဓာတ်ပုံများ ရိုက်ကူးနေသည်လားဟု မေးခဲ့မိသည်။

စွန်းယွဲ့က သူမ၏ လုပ်ရပ်ပေါ်လာလိမ့်မည်ဟု မထင်သောကြောင့် ငြင်းဆိုခဲ့သည်။

သို့သော် ရှောင်ဝူ မယုံကြည်ခဲ့ပေ။

တခြားအိမ်ငှားကောင်မလေးများကိုလည်း ပြောပြမည်ဖြစ်ကြောင်း၊ အကယ်၍ မှန်နောက်ကွယ်တွင် ကင်မရာတစ်ခုရှိနေပါက ရဲတိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အစီအစဉ်က ရုတ်တရက် ပျက်စီးတော့မည်ဟု သိလိုက်ရချိန်တွင် စွန်းယွဲ့ တုန်လှုပ်သွားခဲ့သည်။

ရှောင်ဝူအား ဖြေရှင်းချက်ပေးနေရင်း မှန်နောက်ကွယ်မှ အရာများအား မည်သူမှ သိ၍ မဖြစ်ကြောင်း တွေးနေခဲ့မိသည်။

စွန်းမင်ဟောင်၏ အသုဘဓာတ်ပုံကို မြင်တွေ့ပြီးပါက မည်သူက ထိုအိမ်တွင် ဆက်နေပါမည်နည်း?

သူမ အချိန်ယူ၍ စီစဉ်ထားခဲ့သော အစီအစဉ်ကြီး မပျက်စီးစေရန် ရှောင်ဝူအား ရှင်းပစ်နိုင်မည့်နည်းလမ်းအား ချက်ချင်း ရှာဖွေတော့သည်။

တစ်ဖက်တွင် ရှောင်ဝူကို စိတ်ငြိမ်ငြိမ်ထားရန် ပြောဆိုနေခဲ့ပြီး ကျန်တစ်ဖက်တွင်တော့ သူမနှင့် အဆက်အသွယ်ရှိသည့် ပညာရှင်ထံသို့ ဆက်သွယ်ကာ သူတို့၏ အကြံအား လူသိတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တစ်ဖက်မှ ပညာရှင်သည်က မည်သို့ နည်းလမ်းများ အသုံးပြုလိုက်သည်ကိုမသိပါချေ။

ရှောင်ဝူအား ဖုန်းမှတဆင့် ကျိန်စာတိုက်လိုက်ပြီးနောက် သူ့အား အသိစိတ်မကပ်၊ ထိန်းချုပ်နိုင်သည့် လူသားအရုပ်တစ်ခုကဲ့သို့ ပြောင်းလဲပစ်လိုက်တော့သည်။

ထို့နောက် ပြုတင်းပေါက်အနီးသို့ လျှောက်သွားပြီး တိုက်ပေါ်က ခုန်ချစေခဲ့သည်။

ကိုယ့်ကိုကိုယ် သတ်သေသည့် ပုံစံမျိုး လုပ်ခဲ့ခြင်းပင်။

အောက်ထပ်သို့ ပြုတ်ကျသွားခဲ့ပြီး သွေးများ၊ အသားစများ လွင့်စင်သွားခဲ့ချိန်တွင် အထက်သို့လန်နေပြီဖြစ်သော သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်နေသည့် အခန်းဖော် ယွမ်ယွင်ဖန်နှင့် ယဲ့ကျဲကျဲတို့၏ မျက်နှာများကို မြင်တွေ့လိုက်ရသည်။

အားကောင်းသော အငြိုးအတေးများ၊ အမုန်းတရားများသည် သူ၏ ဝိဉာဉ်အတွင်းမှ နိုးထလာခဲ့ပြီး ထူးဆန်းသော အရာတစ်ခုအဖြစ်‌ ပြောင်းလဲသွားခဲ့သည်။

အစွဲအလမ်းတစ်ခု !

ဝိဉာဉ်များကဲ့သို့ မဟုတ်၊ အစွဲအလမ်းမှာ အသိစိတ်မရှိ၊ ဖယ်ရှားရှင်းလင်းရန်လည်း ခက်ခဲသည်။

တစ်စုံတစ်ယောက် သေဆုံးသွားခြင်းကို အခြားလူတစ်ဦးမှ မျက်မြင်တွေ့လိုက်ရသည့်အချိန်တွင် သေဆုံးသူထံမှ စွမ်းအင်တစ်ခု ကွဲထွက်လာခဲ့သောကြောင့်ဖြစ်သည်။

ရှောင်ဝူာ ယွမ်ယွင်ဖန်နှင့် ယဲ့ကျဲတို့အား အိမ်ပိုင်ရှင်နှင့် ပတ်သတ်ပြီး သတိထားရန် ပြောဆိုချင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးအား သူ့အတွက် တရားမျှတမှု ရှာပေးစေလိုသောကြောင့် ဘေးတွင် တစ်ချိန်လုံး ကပ်တွယ်နေခဲ့ခြင်းပင်။

ညစဉ်ညတိုင်း အစွဲအလမ်းက သူမတို့နှစ်ဦး၏ အိပ်မက်တွင်းသို့ ဝင်၍ အမှန်တရားအား ပြောပြရန် ကြိုးစားနေခဲ့သည်။

သို့သော် ထိုအရာမှာ အသိစိတ်မရှိသော စွမ်းအင်လေးတစ်ခုသာဖြစ်ပြီး သူမတို့နားလည်အောင် ပြောမပြနိုင်ခဲ့ပေ။

ထို့အပြင် ရှောင်ဝူက ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရပြီး အသွေးအသားများ ပြန့်ကျဲကာ အရိုးများလည်း ကျိုးကြေခဲ့ရသည်။

ခန္ဓာကိုယ် ဒွါရ (7)ပေါက်မှ သွေးများ ယိုစီးခဲ့ရသည်။

အိပ်မက်ထဲတွင် ထိုသို့ လူမဟုတ်၊ တစ္ဆေမဟုတ်သည့် အရာအား မြင်တွေ့လိုက်ရချိန်တွင် မိန်းကလေးနှစ်ဦးသည် အင်မတန် ကြောက်လန့်တုန်လှုပ်ခဲ့ရပြီး သူတို့အား အငြိုးကြီးတစ္ဆေတစ်ကောင်မှ တိုက်ခိုက်နေသည်ဟု တွေးခဲ့ကြသည်။

အကြိမ်များစွာ နှိပ်စက်ခံရပြီးနောက် နှစ်ယောက်လုံး ပြိုလဲကျခဲ့ရပြီး ငှားရမ်းထားသည့် အိမ်အတွင်းမှ ထွက်သွားချင်ခဲ့ကြသည်။

ရှောင်ဝူသေဆုံးရခြင်း၏ အဖြစ်မှန်ကို သိထားသော စွန်းယွဲ့သည်လည်း ထိုအကြောင်းကြားရပြီးနောက် အံ့အားသင့်ခဲ့ရသည်။

ရှောင်ဝူတစ်ယောက် အငြိုးကြီးတစ္ဆေဖြစ်ပြီး သူမအား လက်စားချေခြင်းမပြုနိုင်ရန် ပညာရှင်အား ရှောင်ဝူသေဆုံးသည့်နေ့ကတည်းက အကူအညီတောင်းထားပြီးဖြစ်သည်။

ရှောင်ဝူ၏ ဝိဉာဉ် ပျောက်ကွယ်သွားပြီဟု ဆိုနိုင်သော်လည်း မည်သို့နည်းဖြင့် ယွမ်ယွင်ဖန်၊ယဲ့ကျဲတို့အား နှောက်ယှက်၊ ခြောက်လန့်နေနိုင်ပါသနည်း?

သံသယရှိနေသော စွန်းယွဲ့လည်း တစ်စုံတစ်ခု လွဲမှားသွားမည်ကို စိုးရိမ်မိ၍ အချိန်ကြာကြာ တွေးဆပြီးနောက် သူမတို့နှစ်ဦးအား ပြောင်းရွှေ့ရန် ခွင့်ပြုပေးခဲ့ရသည်။

“စွန်းယွဲ့က ရှောင်ကောင်းရဲ့ ကိုယ်ထဲက တစ္ဆေသန္ဓေသား မကြာခင်မှာ အသက်ဝင်လာတော့မှာကို သိနေတယ်လေ

ရှင်တို့နှစ်ဦးနဲ့ ယှဉ်လိုက်ရင် သူက ရှောင်ကောင်းကို ပိုပြီး တန်ဖိုးထားတယ်၊ တကယ်လို့ ထွက်သွားချင်တဲ့သူက ရှောင်ကောင်းသာ ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး”

ရှောင်ကောင်း၏ သွေးဆုတ်နေသော မျက်နှာသည် ခံစားချက်မဲ့နေခဲ့ပြီး သူမ အော်ဟစ်ငိုလိုက်ချင်သော်လည်း မျက်ရည်များ ခမ်းခြောက်နေခဲ့သည်။

ယနေ့အဖြစ်မတိုင်ခင်က သူမနှင့် စွန်းယွဲ့တို့က အင်မတန် ရင်းနှီးကြသည်။

သူတို့နှစ်ဦးအနေဖြင့် မကြာခဏ သီးသန့် စကားပြောဖြစ်ကြပြီး စွန်းယွဲ့မှ သူမကို ညီမလေးတစ်ဦးကဲ့သို့သတ်မှတ်ကြောင်း ပြောတတ်သည်။

သူမ၏မွေးနေ့တွင် ယွမ်ပေါင်း သောင်းချီတန်သည့် လက်ဆောင်တစ်ခုကိုလည်း ပေးခဲ့သောကြောင့် အင်မတန် အံ့ဩပျော်ရွှင်ခဲ့ရသည်။

ထိုကဲ့သို့သော ဆက်ဆံမှုမျိုးသည်က အိမ်ငှားများတွင် သူမတစ်ယောက်တည်းကိုသာ ဆက်ဆံခြင်းဖြစ်သည်။

ယခုအချိန်တွင်တော့ ကောက်ကျစ်ယုတ်မာသည့် စွန်းယွဲ့ထံမှ ဝေးဝေးနေခဲ့သင့်သည်ဟုသာ တွေးမိကာ‌ အလွန်အမင်း နောင်တရနေခဲ့မိသည်။

*

All Chapters