← Chapters

ဂိုဏ်းချုပ်ရှန်း အမည်မဲ့တောင်သို့ အလည်အပတ်သွားခြင်း ၂

Vol. 63 Ch. 628

ဂိုဏ်းချုပ်ရှန်း အမည်မဲ့တောင်သို့ အလည်အပတ်သွားခြင်း ၂

Vol. 63 Ch. 628

အကယ်၍ မိမိတို့၏ ဂိုဏ်းချုပ် ခြောက်ဦးနှင့် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ အခြားသောအကြီးအကဲ အနည်းငယ်မျှဖြင့် နဂါးနန်းတော် နှစ်ခုကို ရင်ဆိုင်ရပါမူ... ခက်ခက်ခဲခဲ စုဆောင်းထားရသောအင်အားများစွာ ဆုံးရှုံးသွားနိုင်သည့်အပြင်၊ အနိုင်ရရှိရန် အခွင့်အရေးမှာလည်း အလွန်အမင်း နည်းပါးလှပေမည်။

“မိတ်ဆွေရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်”

ယန်ချုံကျန်းသည် ခြေလှမ်းများကို ရပ်တန့်လျက် မျက်လုံးများကို မှိတ်လိုက်၏။ “ကျွန်တော် တကယ်ပဲ နည်းနည်း ပင်ပန်းနေပါပြီ”

သူ၏ မျက်လုံးများ ပြန်လည်ပွင့်လာချိန်တွင်မူ အထဲ၌မငြိမ်မသက်ဖြစ်မှုများ ရုန်းကြွလာသည်ကို မြင်တွေ့ရသည်။ “သူတို့က ပိုကောင်းတဲ့အရာကို ရှာချင်နေတယ်ဆိုရင်လည်း၊ ထိုက်တန်တဲ့ တန်ဖိုးကိုပေးဆပ်ရသရွေ့ အဲဒီအတွက် ကြိုးပမ်းရတာကို ကျွန်တော် မကန့်ကွက်ပါဘူး”

“ပန်ရှန်းဂိုဏ်း ပတ်ဝန်းကျင်မှာ ရတနာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုင်တွယ်ရတာတော့ နည်းနည်း လက်ဝင်လိမ့်မယ်ဗျ”

ပန်ရှန်းဂိုဏ်း၏ တာအိုကလေးငယ် ကိုယ်တိုင်က လက်ဝင်သည်ဟု ဆိုရသော နတ်ဆိုးများမှာ မည်သည့်နေရာတွင်မဆို အင်အားကြီးမားသော အစုအဖွဲ့များ ဖြစ်နေမည်မှာ အသေအချာပင် ဖြစ်၏။

ဝေ့ယွမ်ကျိုးနှင့် သူ၏အဖော်များသည် တစ်ဦးကိုတစ်ဦးအကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲမှ အစီအစဉ်တစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်ကြလေသည်။

“...”

ရှန်းယီသည် အဖွဲ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာရင်း ဤအချက်အလက်အားလုံးကို မှတ်သားထားလိုက်၏။

နတ်ဆိုးတွေဆိုတာ အရှင်သခင်မရှိတဲ့ သတ္တဝါတွေပဲ။ အတိုင်းအဆမဲ့တာအိုဧကရာဇ်ဂိုဏ်းက ဝင်လုနိုင်ရင် ငါလည်း ပြိုင်လုလို့ ရတာပဲ။

အနောက်ပိုင်းဟုန်တွင် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ ကျော်ကြားသော ဂုဏ်သတင်း မရှိသည့်အတွက် အဆင်ပြေချောမွေ့မှု တချို့ လျော့နည်းသွားနိုင်သော်လည်း၊ တစ်ဖက်ကကြည့်လျှင်လည်း စိုးရိမ်ပူပန်စရာများ နည်းပါးသွားခြင်းပင် ဖြစ်၏။

မိမိ၏ လုပ်ဆောင်မှုများကို အထူးသတိထားရန်သာ လိုအပ်ပေ၏။ အနောက်ပိုင်းဟုန်တွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နန်ယန်ရတနာနယ်မြေသို့ ပြန်လည် ထွက်ပြေးတိမ်းရှောင်ရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။

စီနီယာရွှမ်ချင်း၏ ခရမ်းရောင်ဟုန်မုန့်ချီ အကူအညီနှင့် ကောင်းကင်နန်းတော် ၁၁ လွှာ၏ ကျယ်ပြန့်လှသော အခြေခံအုတ်မြစ်တို့ ပေါင်းစပ်လိုက်လျှင် ကျောက်စိမ်းဖြူမြို့တော်အတွင်း၌ မိမိကိုယ်မိမိအတော်လေး ထူးခြားသူဟု ထင်မှတ်ထားခဲ့မိသည်။ သို့သော် အပြင်ထွက်လာပြီး မကြာမီမှာပင် မျက်စိပွင့်သွားရလေပြီဖြစ်၏။

အတိုင်းအဆမဲ့တာအိုဧကရာဇ်ဂိုဏ်း၏ ဗျူဟာများသည် အလွန်အမင်းအာဏာရှင်မဆန်သော်လည်း အလွန်တရာ ထူးဆန်းလှပေ၏။ ရှန်းယီသည် တစ်ဘက်လူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်၏ အနှစ်သာရကိုပင် မဖမ်းဆုပ်နိုင်ခဲ့သလို၊ လူကိုပင် မမြင်လိုက်ရသည့်အတွက် ဝူရှန်းလက်ဝါးမှာ အသုံးမဝင်ဖြစ်ခဲ့ရသည်။

၎င်းမှာ အနည်းငယ် သီးသန့်ဆန်လွန်းနေ၏။ ဤကဲ့သို့သော ထူဆန်းလှည့်ပတ်သည့် ဗျူဟာများနှင့် ရင်ဆိုင်ရချိန်တွင်မူ မိမိကိုယ်မိမိ လုံလောက်မှု မရှိသကဲ့သို့ ခံစားရလေသည်။

ရှန်းယီသည် ဤအကြောင်းကို တွေးတောနေရင်း ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိ၏။

အကြောင်းရင်း မသိရဘဲ သာမန်ကာလျှံကာ တောင်တစ်လုံးသည် သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။

အခြားသော တောင်တန်းများနှင့် နှိုင်းယှဉ်လျှင် အထူးတလည် မတ်စောက်ခြင်းမရှိသည့်အပြင်၊ လူကြီးများကြားရှိ ကလေးငယ်တစ်ဦးကဲ့သို့ပင် အနည်းငယ် နိမ့်နေသေးသည်။

သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ထိုတောင်သည် အကြည့်များကို ဆွဲဆောင်နေခဲ့၏။

ရှန်းယီ သေချာစွာ ကြည့်လိုက်သောအခါ ဤခံစားချက်၏ အရင်းအမြစ်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

၎င်းမှာ အတိုင်းအဆမဲ့တာအိုဧကရာဇ်ဂိုဏ်း၏ အခင်းပေါ်၌ ထိုင်နေသည့် ပုံရိပ်ကဲ့သို့ပင် နေရာနှင့် လုံးဝ ကွဲထွက်နေခြင်း ဖြစ်၏။

ရှေ့ရှိ တောင်ကြီးသည်လည်း ဤနေရာမှ အရာမဟုတ်သကဲ့သို့ပင်။

“ညီလေး... မင်း အမြင်စူးရှသားပဲ”

ယန်ချုံကျန်းသည် ရှန်းယီကို လှည့်ကြည့်လိုက်သော်လည်း သူ၏ ညီလေးဆိုသော အသုံးအနှုန်းကြောင့် ကျန်ရှိသည့် တာအိုကလေးငယ်သုံးဦး၏ မျက်နှာများ အနည်းငယ် ပျက်သွားသည်ကိုမူ သတိမပြုမိခဲ့ပေ။

“ဒီတောင်က တကယ်တော့ တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဂိုဏ်းရဲ့တည်ထောင်သူ ဆရာသခင်ကြီးက တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဒီနေရာကို အတင်းအကျပ် ရွှေ့ပြောင်းလာခဲ့တာပါ။ ဒါကိုပြုလုပ်နိုင်ဖို့ စုစုပေါင်း နှစ်ပေါင်း တစ်သောင်းရှစ်ထောင်တောင် အချိန်ယူခဲ့ရတယ်ဗျ”

“အနောက်ပိုင်းဟုန် တစ်ခုလုံးမှာ ဒီတောင်ကို မိုး‌နဲ့မြေကိုချိတ်ဆက်ပြီး ပိုင်ဆိုင်ကြောင်း ပြောနိုင်မယ့်သူ ရှိမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”

“ကဲ... လိုက်ခဲ့ကြပါဦး”

ယန်ချုံကျန်းသည် အကြီးအကဲကြီး ယန်ယွင်ဟန်၏ စိုးရိမ်ပူပန်မှုများကို ခန့်မှန်းမိသော်လည်း ပွင့်လင်းစွာပင် ဖိတ်ခေါ်လိုက်၏။ သူ၏ ရိုးသားသောသဘာဝမှာ ထင်ရှားနေသော်လည်း အမှတ်မထင်ဘဲ အခြားသော ရည်ရွယ်ချက်အချို့လည်း ပါဝင်နေနိုင်သည်။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိကတည်းက ယန်ချုံကျန်းသည် ဤတောင်ကို အမြဲမပြတ်စောင့်ကြည့်လေ့လာခဲ့ခြင်း ဖြစ်သည်။ ယခု မြို့သုံးမြို့ ဖွင့်လှစ်နိုင်သည့်အဆင့်အထိ နှစ်ပေါင်း ငါးသောင်း၊ ခြောက်သောင်းခန့် အချိန်ပေးခဲ့ရပြီး ရရှိလာသည့် အကျိုးအမြတ်မှာမူ မဆိုးရုံတမယ် ဟုသာ ဆိုရပေမည်။

သို့သော်လည်း ထိုရလဒ်လေးကပင် သူ၏ တာအိုကလေးငယ်ရာထူးကို ကျောက်ဆောင်ကဲ့သို့ ခိုင်မြဲစေခဲ့ခြင်း ဖြစ်သည်။

ယန်ချုံကျန်း ပြန်လည်ရောက်ရှိလာသည့် အချိန်မှာ လွဲချော်နေခဲ့သဖြင့် ဂိုဏ်းအတွင်း မည်သည့်အရာများဖြစ်ပျက်ခဲ့၍ အကြီးအကဲယန်မှာ ဤဧည့်သည်တော်များရှေ့တွင် တည်ငြိမ်မှုပျက်လုနီးပါး ဖြစ်ကာ သူ့ကိုပင် တားဆီးရန် ကြိုးစားခဲ့သည်ကို မသိရှိခဲ့ပေ။

သို့သော် ၎င်းမှာ ကြီးမားသော ပြဿနာတစ်ခုတော့ မဟုတ်လောက်ပေ။

“ဒါဆို ဒါက အမည်မဲ့တောင် ပေါ့”

ဘိုင်ဝူသည်လည်း သူ၏ ပုံမှန် ခနဲ့တဲ့တဲ့ အပြောအဆိုများကို ဘေးဖယ်ထားကာ ရှေ့ရှိ တောင်ကလေးကို အလွန်အမင်း တောင့်တသော အကြည့်ဖြင့် ကြည့်နေလေ၏။ ဟုန်ကျယ်ခေတ် မတိုင်မီကပင်တည်ရှိခဲ့သော ဤကဲ့သို့သော အရာများသည် အလေးအနက်ထား ဆင်ခြင်ရန် ထိုက်တန်လှပေ၏။

ယန်ချုံကျန်း၏ ဦးဆောင်မှုဖြင့် အဖွဲ့သည် တောင်လမ်းအတိုင်း လိုက်ပါလာကြပြီး တောင်နံရံရှေ့သို့ ရောက်ရှိသွားကြသည်။ ခွင့်ပြုချက် ရသည်နှင့် ကြမ်းတမ်းသော ကျောက်နံရံကို ညင်သာစွာ ထိတွေ့ကြည့်လိုက်ကြ၏။

ဝေ့ယွမ်ကျိုးက မျက်လုံးများကို ပင့်ကြည့်သည်၊ စုဟုန်ရှို့က လက်ချောင်းလေးများဖြင့် နှစ်ချက်ခန့် ပုတ်ကြည့်သည်၊ ဘိုင်ဝူကမူ ခေါင်းရမ်းလိုက်လေ၏။

ဤရတနာတောင်ကြီးသည် ပန်ရှန်းဂိုဏ်း၌သာ အမြဲရှိနေခဲ့ခြင်းမှာ အကြောင်းရင်း တစ်ခုရှိပေသည်။ သာမန်လူများသည် ဤထဲမှ နက်နဲမှုကို အမှန်တကယ် သိမြင်နိုင်ကြမည် မဟုတ်ပေ။

စိတ်ပျက်စရာကောင်းသည်ဟု ဆိုလျှင်လည်း လွန်သွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကျောက်နံရံမှာ သာမန်လူသားများ စိတ်ကူးမယဉ်နိုင်သောခေတ်ကာလများကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်ရာ၊ လက်ဖြင့် ထိတွေ့ရခြင်းမှာပင် ထူးခြားသော အတွေ့အကြုံ တစ်ခုဖြစ်သောကြောင့်ပင်။

စုဟုန်ရှို့၏ ခံစားချက်မှာမူ အခြားသူများနှင့် ကွဲပြားနေ၏။ ပန်ရှန်းဂိုဏ်းမှ လူများ မသိရှိသည်မှာ ရှန်းယီသာ စောစောက ဝင်မပါခဲ့ပါက၊ သူမသည် မသေမျိုးမြို့တော်ကို မဖွင့်လှစ်ဘဲနှင့်ပင် ထိုလူများကို ကြောက်ရွံ့နေမည် မဟုတ်ဆိုသည့် အချက်ပင် ဖြစ်သည်။

ဆမ်ဆာရာဓားခန္ဓာကိုယ်သည် သတ်ဖြတ်ရန်အတွက် မဟုတ်သော်လည်း၊ သူမ၏ ခန္ဓာကိုယ်ကျင့်စဉ်အဆင့်မှာမူ ထိုတိုက်ရိုက်တပည့်များထက် အဆပေါင်းများစွာ သာလွန်နေပေသည်။

သို့သော်လည်း သူမ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ ဤတောင်အတွင်းရှိ လေးလံလှသော အရှိန်အဝါသည် သူမ၏ ထက်ရှမှုနှင့် ပွတ်တိုက် ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေသည်။

ဓားက လေးလံလွန်းလျှင် မလျှင်မြန်နိုင်တော့ပေ။

ဤနည်းလမ်းမှာ သူမနှင့် ကိုက်ညီမှုမရှိသဖြင့် အတင်းအကျပ် လုပ်ဆောင်ရန် မလိုအပ်ပါဘူး။

“ကောင်းကင်ဓားဂိုဏ်းရဲ့ တာအိုကလေးငယ်ဆိုတာ တကယ်ပဲ ထိုက်တန်ပါတယ်ဗျာ။ ကိုယ်ဘာလိုချင်လဲဆိုတာကို အမြဲတမ်း ရှင်းရှင်းလင်းလင်း သိနေတာပဲ”

ယန်ချုံကျန်းသည် ညင်သာစွာ သက်ပြင်းချလိုက်မိ၏။ နတ်သမီးလေးတစ်ပါးကဲ့သို့ လှပသော်လည်း အမူအရာတွင် အလျှော့မပေးဘဲ ထက်ရှနေသည့် ဤအမျိုးသမီးကို သူ ပိုမို လေးစားသွားမိသည်။

ယခင်က တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး စတင်ပေါ်ပေါက်လာချိန်တွင် ကောင်းကင်ဓားဂိုဏ်းသည် သတ်ဖြတ်ခြင်းတာဝန်ကိုသာ စီမံခန့်ခွဲရန် လိုအပ်ခဲ့ပြီး အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။

ဤတာအိုကလေးငယ်သည် ထိုအမွေကို ဆက်ခံထားပုံရပြီး ဘိုးဘေးများကဲ့သို့ ခိုင်မာလှသော တာအိုနှလုံးသားရှိသည်ကို ပြသနေ၏။

ထိတွေ့ရုံမျှဖြင့် ဤတောင်၏ နက်နဲမှုကို သိမြင်နိုင်ခြင်းမှာ သူမ၏ ခန္ဓာကိုယ်ကျင့်စဉ်တွင် မည်မျှ ကျွမ်းကျင်သည်ကို သက်သေထူနေခြင်းပင် ဖြစ်သည်။

“ဟမ်”

ယန်ယွင်ဟန်သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ သူသည် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးကိုသာ အာရုံစိုက်နေခဲ့သဖြင့် ဤကောင်းကင်ဓား တာအိုကလေးငယ်ကို အမှတ်တမဲ့ လျစ်လျူရှုမိလုနီးပါး ဖြစ်သွားခဲ့ရလေ၏။

All Chapters