မင်းလား စိတ်ကြီးတာ၊ ငါက ပိုကြီးတယ်ကွ ၃
Vol. 63 Ch. 622
ဝုန်း
ပန်ရှန်းဂိုဏ်းမှ တပည့်ရင်းသုံးဦးသည် တစ်ချိန်တည်းလိုလိုပင် ပေါ်ထွက်လာခဲ့ကြသည်။
သူတို့ထဲမှ တစ်ဦး၏လက်မောင်းများသည် အဝတ်အစားများစုတ်ပြဲထွက်လုမတတ် ဖောင်းကြွလာပြီး၊ သူ၏ အသားအရေမှာ ရွှေငွေများ သုတ်လိမ်းထားသည့်အလား တောက်ပနေခဲ့သည်။
သူ၏ လက်ဝါးများသည် တစ်ခုက အထက်၊ တစ်ခုကအောက်ဖြင့် ရှန်းယီ၏ ခြေသလုံးနှင့် လက်မောင်းဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆုပ်လာခဲ့၏။
ဤသည်မှာ တောင်ထမ်းပိုးဟန်ပင် ဖြစ်သည်။
သူ၏ ရှေ့တွင် မြင့်မားသော တောင်ကြီးတစ်တောင် ရှိနေလျှင်ပင်၊ ကောင်းကင်ယံသို့ ကြမ်းတမ်းစွာပစ်ပေါက်နိုင်စွမ်း ရှိပေ၏။
ထိုစဉ် တစ်ဖက်တွင်လည်း ပန်ရှန်းဂိုဏ်း၏ အခြား တပည့်ရင်းတစ်ဦးသည် အလားတူ နည်းစနစ်မျိုးကို အသုံးပြုလာခဲ့သည်။
တစ်ဦးက တောင်တစ်တောင်ကို မနိုင်စွမ်းရှိပါက၊ နှစ်ဖက်စလုံးမှ ပေါင်းစပ်လိုက်သော အင်အားသည် မည်သည့်အရာကိုမဆို အမှုန့်ကြိတ်ပစ်ရန် လုံလောက်ပေသည်။
ထိုတိုက်ခိုက်မှု၏ ပြင်းထန်ကြမ်းတမ်းမှုမှာ မြင်တွေ့ရသူအဖို့ ကြောက်မက်ဖွယ် ကောင်းလှ၏။
ရှန်းယီသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။
စုဟုန်ရှို့ တွေးထင်ထားသကဲ့သို့ သူသည် ဝူရှန်းလက်ဝါးကို အသုံးပြုခြင်း မရှိသေးချေ။
ပန်ရှန်းဂိုဏ်း၏ တပည့်ရင်းက သူ့ကို ဖမ်းဆုပ်လိုက်သည့် အခိုက်အတန့်တွင်၊ သူ၏ သွယ်လျသော ညာဘက်ခြေထောက်သည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ထိုတပည့်၏ ဇက်ပိုးဆီသို့ အလွန်ကြမ်းတမ်းရက်စက်စွာ ရိုက်ချလိုက်လေသည်။
ဂျွတ်
ပန်ရှန်းဂိုဏ်း၏ တပည့်ရင်းမှာ ရှန်းယီက သူ၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်သွားခြင်းကိုပင် သတိမထားမိလိုက်ချိန်တွင်၊ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ မျက်လုံးအိမ်ထဲမှ ပြုတ်ထွက်လုမတတ် ဖြစ်သွားခဲ့၏။
သူ့ဆီသို့ တိုးဝင်လာသော ကြီးမားပြင်းထန်လှသည့် အင်အားကြီးအောက်တွင်၊ သူ၏ ကျောရိုးတစ်ခုလုံးသည် အရေပြားကိုဖောက်ထွက်လုမတတ် ကြီးမားသော နဂါးကြီးတစ်ကောင်အလား ဖောင်းကြွလာပြီးနောက် ရုတ်တရက် အပိုင်းပိုင်းအစစကျိုးပဲ့သွားကာ၊ ကျောက်စိမ်းကဲ့သို့သော အရိုးစများအဖြစ် ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စင်သွားခဲ့သည်။
ရှန်းယီ၏ အကြည့်များသည် ရှေ့သို့ တည့်မတ်စွာ ရှိနေပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။
ခရမ်းရောင်မီးတောက်များ တောက်လောင်နေသော သူ၏ မျက်လုံးများထဲတွင်၊ စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူ၏ ညာဘက်တွင် တောင်ထမ်းပိုးဟန်ကို အသုံးပြုနေသော အခြား တပည့်ရင်းတစ်ဦးမှာလည်းတည်ငြိမ်မှုများအားလုံး ဆုံးရှုံးသွားခဲ့ပြီး၊ သူ၏ ရင်ဘတ်တွင် ပေါ်လာသော အရိပ်မည်းကြီးကို ကြောင်အမ်းအမ်း ကြည့်နေရင်း ခေါင်းငိုက်စိုက် ကျသွားခဲ့၏။
သူ၏ အနက်ရောင်ဝတ်ရုံဖုံးလွှမ်းမှုအောက်တွင်၊ ထိုတံတောင်ဆစ်သည် သူ၏ ခန္ဓာကိုယ်ကို တိတ်ဆိတ်စွာပင် တိုက်ချပစ်လိုက်သည်။
ဝုန်း
ထိုအခိုက်အတန့်ရောက်မှသာ ကြီးမားလှသော အင်အားသည် ပေါက်ကွဲထွက်ပေါ်လာပြီး၊ သူ၏ ပျက်စီးနေသောခန္ဓာကိုယ်ကို ပေရာပေါင်းများစွာ အဝေးသို့ ကြမ်းတမ်းစွာ လွင့်စဉ်သွားစေကာ တောင်တန်းများကိုပါ ကျိုးပဲ့သွားစေခဲ့သည်။
ဆူညံသော အသံကြီး ထွက်ပေါ်လာပြီး ဖုန်လုံးကြီးများ ထောင်းထောင်းထသွားခဲ့၏။
ထျန်းယန် ၄၉ ကို အပြည့်အဝ အသုံးမပြုဘဲပင်၊ ရှန်းယီသည် သူ၏ အခြေခံ လက်သီးနှင့် လက်ဝါး နည်းစနစ်များဖြင့် ဤကဲ့သို့သော ကိစ္စအသေးအဖွဲလေးများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်စွာ ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့နောက် သူ အာရုံစိုက်လိုက်သော နေရာတွင်
နောက်ဆုံးတိုက်ခိုက်သူအဖြစ် ပေါ်ထွက်လာသော တုဝေကွမ်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် ထုံထိုင်းမှုတို့ ပြည့်နှက်နေပြီး၊ သူ၏ ခန္ဓာကိုယ်ဗီဇအရ မြှောက်ထားသော လက်သီးသည် တောင်တစ်တောင်ကို ခွဲဖြာပစ်နိုင်သော အင်အားဖြင့် ကြမ်းတမ်းစွာ ထိုးချလာခဲ့သည်။
ရှန်းယီ၏ အနက်ရောင် ဝတ်ရုံများသည် လေနှင့်အတူ တဖျပ်ဖျပ်လွင့်ခါနေပြီး၊ လေထဲ လွင့်နေသောအင်္ကျီလက်စများကြားတွင်၊ ထိုသွယ်လျသောလက်ချောင်းလေးများသည် မည်သည့်အချိန်ကတည်းက တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်ကို မသိရချေ။
၎င်းသည် ဆုပ်ကိုင်ထားသော လက်သီးတစ်ဆုပ်မျှသာ ဖြစ်သော်လည်း၊ လက်ထဲတွင် ဓားတစ်လက်ကို ဆုပ်ကိုင်ထားသကဲ့သို့ ထင်ရ၏။
ခရမ်းရောင်ဟုန်မုန့်ချီ၏ ကောင်းချီးပေးမှုအောက်တွင်၊တက်ကြွနေသော နတ်ဘုရားဖီးနစ် မသေမျိုးဓားခန္ဓာကိုယ်၏ ဓားတစ်လက်သည် ကောင်းကင်ယံမှလေပြင်းများကို နောက်တစ်ကြိမ် တိုက်ခတ်စေခဲ့ပြီး၊ စူးရှသော ဖီးနစ်ငှက်၏ အော်သံနှင့် ပြတ်သားသောအသံကဲ့သို့သော ဓားသံကြီးကို ဖြစ်ပေါ်လာစေခဲ့သည်။
ရှန်းယီ၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် နောက်ဆုံး၌ လှိုင်းဂယက်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
ထိုဓားတွင် တွန့်ဆုတ်ခြင်းဟူသည် မရှိချေ။
ထက်ရှသောလက်သီးသည် တုဝေကွမ်း၏ လက်သီးဆီသို့ မဆုတ်မနစ် တိုက်ရိုက် ဝင်ရောက် ထိုးနှက်သွားခဲ့၏။
လက်သီးချင်း ဆုံတွေ့သွားချိန်တွင်၊ တန်ဖိုးကြီး ဓားတစ်လက်သည် ကြွပ်ဆတ်နေသောဝါးလုံးကို ခုတ်ပိုင်းသွားသကဲ့သို့၊ ရှန်းယီ၏ ညာဘက်လက်သီးသည် တုဝေကွမ်း၏ လက်ဖျံ၊ လက်မောင်းနှင့် ပခုံးတို့ကို အလွယ်တကူ ထိုးဖောက်သွားကာ သူ၏ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ သွေးမိုးများအဖြစ် ပေါက်ကွဲထွက်သွားပြီး၊ သေလုမျောပါး အခြေအနေဖြင့် နောက်သို့ လွင့်စဉ်သွားခဲ့သည်။
"ဖူး"
တုဝေကွမ်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှုတို့သည် နက်ရှိုင်းသော တွေဝေမှုများနှင့်အတူ ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့သော်လည်း၊ ထိုသေစေနိုင်လောက်သော ကြီးမားသည့် အင်အားနှင့် သူ၏ ဝိညာဉ်ကို ကြမ်းတမ်းစွာ လှုပ်ခါသွားမှုအောက်တွင် သူသည် စဉ်းစားရန် အချိန်ပင် မရလိုက်ဘဲ သတိလစ်သွားခဲ့သည်။
ပန်ရှန်းဂိုဏ်း၏ ပင်မခန်းမဆောင်အတွင်းမှ၊ တက်ကြွလှုပ်ရှားနေသော ဝိညာဉ်စွမ်းအားတစ်ခုသည် ဝင်ပေါက်မှ ထွက်ပေါ်လာကာ သူ့ကို လျင်မြန်စွာ ရစ်ပတ်လိုက်ပြီးနောက် ခန်းမအတွင်းသို့ ဆွဲသွင်းသွားခဲ့၏။
ရှန်းယီသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေရုံသာဖြစ်ပြီး နောက်ထပ် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ သူ၏ လက်များကို ချလိုက်သည်။
သူသည် သူ၏ ဓားကို စမ်းသပ်နေရုံသာ ဖြစ်သည်။ ဤ ဓားစမ်းသပ်ခြင်းကျောက်တုံးများသည် ညံ့ဖျင်းလှသော်လည်း၊ ၎င်းတို့ကို လုံးဝ ဖျက်ဆီးပစ်ရန် မလိုအပ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ပန်ရှန်းဂိုဏ်း၏ နယ်မြေအတွင်း၌ ရှိနေဆဲဖြစ်ပြီး၊ တာအိုပေါင်းစည်းခြင်းအဆင့် မှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးမှာ ပေါ်ထွက်လာခြင်း မရှိသေးချေ။
အကျိုးအမြတ် တစ်စုံတစ်ရာ မရှိဘဲ သူ့ကိုယ်သူ အန္တရာယ်ထဲသို့ မဆင်မခြင်တွန်းပို့သော ဤကဲ့သို့သော လုပ်ရပ်များကို သူ သိပ်ပြီး သဘောမကျချေ။
နတ်ဘုရားဖီးနစ် မသေမျိုးဓားခန္ဓာကိုယ်ကို ယခုမှသာ ကျွမ်းကျင်လာခဲ့ခြင်းဖြစ်ပြီး၊ ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်ရှိသေးပေ။
ကောင်းကင်နန်းတော်တစ်ခုလုံးကို ဖန်တီးရာတွင် ပါဝင်သော ခရမ်းရောင်ဟုန်မုန့်ချီမှာ အလွန် ကြွယ်ဝပြည့်စုံလွန်းသောကြောင့်သာ၊ စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ကို ကျောက်စိမ်းဖြူမြို့တော် နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းသည် ထိပ်တန်းမြို့တစ်မြို့ သို့မဟုတ် နှစ်မြို့ အဆင့်တွင်သာ ရှိနိုင်ပုံရ၏။
သို့သော် ပန်ရှန်းဂိုဏ်းတွင် ခန္ဓာကိုယ်သန့်စင်ခြင်း ဖြင့် ကျော်ကြားသော ဤ သန့်စင်ခြင်းကျင့်ကြံသူများသည် ထိုအဆင့်အောက်ထက်ပင် နိမ့်ကျနေပုံရပြီး၊ အနည်းငယ် စိတ်ပျက်စရာ ကောင်းနေခဲ့သည်။
"ဟူး။"
စုဟုန်ရှို့သည် နောက်ဆုံးတွင် အသက်အောင့်ထားခြင်းကို ရပ်တန့်လိုက်၏။
သူမ မျှော်လင့်ထားသော လက်ဝါးနည်းစနစ်ကို မမြင်တွေ့ခဲ့ရသော်လည်း၊ ဂိုဏ်းချုပ် ရှန်းထံမှ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
သူသည် ဂုဏ်သတင်းကြီးမားသော နန်ယန် ရတနာနယ်မြေမှ လာသူဖြစ်ပြီး စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ဖြင့် ကျော်ကြားသူ မဟုတ်သော်လည်း၊ မသေမျိုးမြို့တော်၏ စွမ်းအားကို အသုံးမပြုဘဲနှင့်ပင် ပန်ရှန်းဂိုဏ်းမှ သန့်စင်ခြင်းကျင့်ကြံသူ သုံးဦးကို နှိမ်နှင်းနိုင်ခဲ့သည်။
၎င်းသည် အမှန်တကယ်ပင်... အနည်းငယ် စိတ်ဓာတ်ကျစရာ ကောင်းလှ၏။
သို့သော် တစ်ဖက်တွင်လည်း ကောင်းကင်နန်းတော်၏ အလွှာဆယ့်တစ်လွှာလုံးက သူ့ကို ထောက်ပံ့ပေးထားသောကြောင့်၊ မည်သည့် နည်းစနစ်မဆို ကြောက်မက်ဖွယ်ကောင်းလာမည်သာ ဖြစ်သည်။
စုဟုန်ရှို့သည် သူမ၏ စိတ်ထဲတွင် ယခင်က ခန့်မှန်းထားသောအောင်မြင်နိုင်ခြေ အချိုးအစားများကို နောက်ထပ် လျှော့ချ၍ ပြန်လည် ပြင်ဆင်လိုက်ရသည်။
ရှေ့တွင် အနည်းငယ်လွင့်ခါနေသော အနက်ရောင် ဝတ်ရုံများဆီသို့ သူမ မျက်လုံးများ ပင့်ကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ဤ လူငယ် ဂိုဏ်းချုပ်သည် သူမကို အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိသည်။
"မင်း ဒေါသမထွက်တော့တဲ့ ပုံပဲနော်"
ဘိုင်ဝူ သည် တိတ်တဆိတ် ချဉ်းကပ်လာခဲ့သော်လည်း စုဟုန်ရှို့ထံမှ ခံစားချက်မပါသော အကြည့်တစ်ချက်ကိုသာ ရရှိလိုက်သဖြင့်၊ သူက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ "မသေမျိုးမြို့တော်ကို မသုံးတာက ရူးနေတာနဲ့ အတူတူပဲလေ... ဘယ်သူက သူ့လိုမျိုး အရာအားလုံးကို ကျွမ်းကျင်နိုင်မှာလဲ။ ဒီလောက် အားလပ်ချိန်နဲ့ စိတ်အားထက်သန်မှုမျိုးရှိဖို့ဆိုတာ ဘယ်လိုလူမျိုး ဖြစ်ရမလဲ ငါတောင် မသိတော့ဘူး..တကယ်ပဲ၊ ပါရမီရှိတယ်ဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်လို့ရတယ်ဆိုတဲ့ သဘောပဲလေ။"
ချင်းယွဲ့ တာအိုကလေးငယ်သည် ညည်းညူနေပုံရသော်လည်း၊ ၎င်းတို့သည် သူ၏ အစစ်အမှန် ခံစားချက်များပင်။
အရာအားလုံးကို သင်ယူရန် အချိန်ရှိသော ထိုကဲ့သို့သောလူမျိုးများသည် ဂိုဏ်းအတွင်း၌ ရှားပါးလှပြီး၊ နောက်ဆုံးတစ်ယောက်မှာ စီနီယာ ရွှမ်ချင်း ပင် ဖြစ်လောက်သည်။
နန်ယန်ဂိုဏ်းမှာ မွန်းစတားသရဲသဘက်တွေနဲ့ချည်း ပြည့်နှက်နေတယ်လို့ပဲ ပြောရတော့မှာပေါ့။
ဤသို့ တွေးမိရင်း၊ ဘိုင်ဝူသည် ဝေ့ယွမ်ကျိုး ဆီသို့ လှည့်ကြည့်လိုက်ကာ စုတ်သပ်လိုက်မိ၏။
ယွမ်ကျိုး တာအိုကလေးငယ်သည် နောက်တစ်ကြိမ် စိတ်ဓာတ်ကျနေလောက်ပြီ။
နောက်ဆုံးတော့ အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့သော်လည်း အခြားတစ်ယောက်၏ စကားများဖြင့် ပိတ်ပင်ခံလိုက်ရပြီး၊ သုံးစွဲစရာ နေရာမရှိသော ကြီးမားသည့် အင်အားများကို ပိုင်ဆိုင်ထားရသည်။
အထူးသဖြင့် ဂိုဏ်းချုပ် ရှန်းနှင့် နှိုင်းယှဉ်လိုက်ချိန်တွင်ဖြစ်လေ၏။