အခန်း (၁၂၃)
Vol. 13 Ch. 123
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၂၃)
" စစ်သူကြီး ဒီကိစ္စကို လက်တွေ့မလုပ်ဆောင်ခငခ အတည်ပြုချက်ရဖို့ စစ်သူကြီးလီဆီကို အစီရင်ခံသင့်တယ်မဟုတ်လား။ " ချန်တောက်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက ချန်တောက်ကို တစ်ချက်ကြည့်ပြီး သူ၏ ဝတ်ရုံထဲမှ တော်ဝင်အမိန့်တစ်ခုကို ထုတ်လိုက်သည်။
"ဒါက အရှင်မင်းကြီးရဲ့ တော်ဝင်အမိန့်ပဲ။ " ထိုစကားကို ပြောလိုက်သောအခါ တပ်မှူးအားလုံး၏ မျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ပေါ်လာသည်။
" အရှင်မင်းကြီးက အမိန့်ထုတ်ပြန်လိုက်ပြီ။ " ကျောက်ဖုန်းက အားလုံးမြင်အောင် တော်ဝင်အမိန့်ကို မြှောက်ပြလိုက်သည်။ " အပြစ်သားတပ်ဖွဲ့တွေရဲ့ ယာယီခန့်အပ်ခြင်း၊ ရာထူးက ဖယ်ရှားခြင်းတွေအပါအဝင် စစ်တပ်အပေါ် အာဏာအပြည့်အဝကို ငါ့ဆီလွှဲပြောင်းပေးထားတယ်။ "
တော်ဝင်အမိန့်ပေါ်မှ စာလုံးများကို မြင်သာအခါ ချန်တောက်က ချက်ချင်း ငြိမ်သက်သွားပြီး ကန့်ကွက်ချင်သော လူများကလည်း ဘာမှမပြောကြတော့ပေ။
" တပ်မှူးချန် မင်းမှာ မေးစရာရှိသေးလား။ " ကျောက်ဖုန်း၏ အကြည့်က ချန်တောက်ဆီသို့ ရောက်သွားသည်။
" မရှိတော့ပါဘူး။ " ချန်တောက်က ပြန်ဖြေလိုက်၏။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး အေးစက်စွာ ပြောလိုက်သည်။ " အရှင်မင်းကြီးက ငါ ဝေမြို့ကို ကာကွယ်နိုင်ဖို့ ဒီအမိန့်ကို ပေးအပ်ခဲ့တာပဲ။ ငါ့ရဲ့ အာဏာက ခန့်အပ်တာနဲ့ ရာထူးချတာတင် ကန့်သတ်မထားဘူး။ သေခြင်းရှင်ခြင်းကိစ္စတွေအထိပါ သက်ရောက်တယ်။ ဒီနေ့ကစပြီး ဝေမြို့ရဲ့ စစ်တပ်တစ်ခုလုံးက ငါ့အမိန့်ကို နာခံရမယ်။ ဖီဆန်ရဲတဲ့ ဘယ်သူမဆို စစ်ဥပဒေအတိုင်း အရေးယူမယ်။ "
ထိုစကားများက ချန်တောက်နှင့် ကျောက်ထို့တို့ကို ရည်ရွယ်ပြီး ပြောခြင်းဖြစ်သည်။ ကျောက်ဖုန်း၏ အေးစက်သော အမူအရာကို မြင်သောအခါ ချန်တောက်က ထိတ်လန့်သွား၏။
" နားလည်ပါပြီ စစ်သူကြီး။ " တပ်မှူးများက တညီတညွတ်တည်း ပြန်ပြောလိုက်ကြသည်။
" ဝေချွမ်၊ လျိုဟွာ၊ လျူဝမ်၊ ကျွမ်းဝေ။ " ကျောက်ဖုန်းက ခေါ်လ်ိုက်သည်။
" ရှိပါတယ်။ " လူလေးယောက်က စိတ်လှုပ်ရှားစွာဖြင့် ရောက်လာကြသည်။
" ဒီနေ့ကစပြီး မင်းတို့က တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ရလိမ့်မယ်။ အနာဂတ်မှာ စစ်ရေးစွမ်းဆောင်မှုတွေ ရခဲ့ရင် မင်းတို့ရဲ့ ရာထူးရှေ့က ယာယီဆိုတဲ့ စာလုံးကို ဖြုတ်ပေးဖို့ အရှင်မင်းကြီးဆီ ငါတောင်းဆိုပေးမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ စစ်သူကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " သူတို့လေးယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " မင်းတို့အားလုံး ထွက်သွားတော့။ ကျန်းဟန်၊ တုဆွေ မင်းတို့ နေခဲ့ဦး။ "
" ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး။ " တပ်မှူးများက တစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားကြသည်။
" စစ်သူကြီး " အခြားသူများ ထွက်သွားသောအခါ ကျန်းဟန်က ဒေါသတကြီး ပြောလိုက်သည်။ " အဲ့ဒီချန်တောက်က အမြဲတမ်း ဆန့်ကျင်နေတာပဲ။ တကယ့ ဒေါသထွက်စရာကောင်းတယ်။ "
" တပ်မှူးချန်က စသ်သူကြီးအပေါ် ဘာလို့ ဒီလောက်ရန်လိုနေတာလဲ။ " တုဆွေက နားမလည်နိုင်စွာ မေးလိုက်သည်။
" ဘာလို့လဲဆိုတော့ အရင်က ငါတို့ စစ်သူကြီးက ချန်တောက်ရဲ့ လက်အောက်က တပ်မမှူးတစ်ယောက်ပဲ။ ဒါပေမယ့် စစ်သူကြီးရဲ့ ထူးချွန်တဲ့ စွမ်းဆောင်မှုတွေကြောင့် အခု သူ့ထက် ရာထူးပိုမြင့်သွားပြီ။ အဲ့ဒါကို သူက မနာလိုဖြစ်နေတာပဲ။ " ကျန်းဟန်က ရှင်းပြလိုက်သည်။
" ငါတို့ ချင်နိုင်ငံမှာ ရာထူးဘွဲ့ထူးတွေက စစ်ရေးစွမ်းဆောင်မှုတွေနဲ့ ရတာပဲ။ စစ်သူကြီးကျောက်က သူရဲ့ အရည်အချင်းနဲ့ ရခဲ့တာပဲ။ ချန်တောက်က ဒီလိုလုပ်နေတာ သူဘယ်လောက် စိတ်သဘောထား သေးသိမ်လဲဆိုတာ ပြနေတာပဲ။ " တုဆွေက သက်ပြင်းချပြီး ပြောလိုက်သည်။
" သူ့ကို ထားလိုက်တော့။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ " ဒီတော်ဝင်အမိန့်နဲ့ဆိုရင် သူမဆင်မခြင် မလုပ်ရဲပါဘူး။ သူမကျေနပ်တော့လည်း မကျေနပ်သလိုထားလိုက်ပေါ့။ "
" ဝေချွမ်နဲ့ အခြားသူတွေကို ညကျရင် စစ်ရေးခန်းမဆီ လာတွေ့ဖို့ ပြောလိုက်။ " ကျောက်ဖုန်းက ကျန်းဟန်ကို ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျန်းဟန်က ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
" တပ်မှူးတု " ကျောက်ဖုန်းက တုဆွေကို ကြည့်လိုက်သည်။ " ဒီလက်နက်ချစစ်သည်တွေကို ပြန်လည်ဖွဲ့စည်းဖို့က မင်းကိုယ်တိုင် အလေးထားဆောင်ရွက်ဖို့ လိုသေးတယ်။ သူတို့ကို တတ်နိုင်သမျှ လူစုခွဲပစ်ပါ။ တိုက်ပွဲက နီးနေပြီ။ ငါတို့ ဘာအမှားအယွင်းမှ အဖြစ်ခံလို့မရဘူး။ "
" နားလည်ပါပြီ။ " တုဆွေက ပြန်ပြောလိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ကျောက်ဖုန်းက လေ့ကျင့်ရေးကွင်းထဲတွင် စုဝေးနေသော စစ်သည်များကို ပြုံး၍ ကြည့်နေသည်။
" စစ်သည်တစ်သိန်းရှိတဲ့ စစ်တပ်မှာ တပ်မှူးငါးယောက်က ငါ့လူတွေပဲ။ တုဆွေနဲ့ အခြားတပ်မှူးနှစ်ယောက်လည်း ရှိသေးတယ်။ ချန်တောက်နဲ့ ကျောက်ထို့တို့ကလည်း စည်းမျဉ်းအတိုင်း အမိန့်ကို နာခံရလိမ့်မယ်။ အဲ့ဒါကြောင့် စစ်သည်ရှစ်သောင်းက ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ "
ဝေနိုင်ငံနှင့် တိုက်ပွဲတွင် သးတို့သာ ခုခံနိုင်လျှင် ဝေချွမ်နှင့် အခြားသူများက တရာဝင်ရာထူးရကြမည်ဖြစ်သည်။
ညအချိန် ခန်းမအတွင်း၌ အားလုံးရောက်လာပြီး ကျောက်ဖုန်းကို ဒူးထောက်ဦးညွှတ်လိုက်ကြသည်။ သူတို့က စစ်ဖက်ဆိုင်ရာ ဦးညွှတ်ခြင်းမျိုးမဟုတ်ဘဲ သူတို့၏ အရှင်သခင်ကို ဦးညွှတ်ခြင်းမျိုးဖြစ်သည်။
" ထကြ။ " ကျောက်ဖုန်းက လက်မြှောက်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်။ " အားလုံးက လေးစားစွာ ပြောလိုက်သည်။
" ငါဘာလို့ မင်းတို့ကို ခေါ်တယ်ဆိုတာ မင်းတို့သိလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ကျွန်တော်တို့ မသိပါဘူး။ " ဝေချွမ်က ပြန်ဖြေလိုက်သည်။
" မင်းတို့ကျင့်ကြံနေတာ အခုဆို နှစ်ဝက်ရှိပြီ။ ဘာထူးခြားမှုရှိလဲ။ " ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင် " ဝေချွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ကျွန်တော်က အခု ဟောက်ထျန်း ပဉ္စမအဆင့်ကို ရောက်နေပါပြီ။ ကျွန်တော်ရဲ့ အတွင်းအားကို အသုံးပြုပြီး ပေါင် ၅၀၀ အလေးချိန်ကို မနိုင်ပါတယ်။ "
" ကျွန်တော်လည်း ဟောက်ထျန်း ပဉ္စမအဆင့်ကို ရောက်ပါပြီ။ " လျိုဟွာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လျူဝမ်နှင့် ကျွမ်းဝေတို့ကလည်း အလားတူ ပြောလိုက်ကြသည်။ သူတို့အားလုံးက ဟောက်ထျန်း ပဉ္စမအဆင့်ကို ရောက်နေကြပြီဖြစ်သည်။ သူတို့က အတွင်းအားကို အသုံးပြုပြီး ပေါင် ၅၀၀ အားကို ထုတ်ဖော်နိုင်ကြသည်။ ၎င်းက သိုင်းပညာ၏ စွမ်းအားပင်ဖြစ်သည်။
" အရှင် ကျွန်တော် ညီအကိုတွေနဲ့ယှဉ်ရင် ကျွန်တော်က နည်းနည်းပိုသာပြီး ဟောက်ထျန်း ဆဋ္ဌမအဆင့်ကို ရောက်နေပါပြီ။ " ကျန်းဟန်က တည်ငြိမ်စွာ ပြောလိုက်သည်။
အရင်းအမြစ်နှင့် လေ့ကျင့်ချိန်တူသော်လည်း ကျန်းဟန်က အခြားသူများထက် တစ်ဆင့်ပိုမြင့်နေသည်။ ၎င်းက သူ၏ သိုင်ပါရမီကြောင့်ဖြစ်သည်။
" မင်းတို့ လေ့ကျင့်နေတဲ့ ကျင့်စဉ်က အတွင်းအားကျင့်စဉ်ပဲ။ အဲ့ဒါကို မြှင့်တင်နိုင်ရင် မင်းတို့က ကြီးမားတဲ့ ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဒါပေမယ့် ခွန်အားက ခွန်အားပဲ။ အဲ့ဒါကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချဖို့ လိုအပ်တယ်။ တိုက်ပွဲက နီးကပ်နေပြီ။ ဒီနေ့ ငါမင်းတို့ကို သိုင်းပညာတစ်ခု သင်ပေးမယ်။ "
" အရှင်ကို ကျေးဇူးတင်ပါတယ်။ " အားလုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
ကျောက်ဖုန်းက ပေအနည်းငယ် အဝေးတွင်ရှိသော ကျောက်ရုပ်တုတစ်ခုကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အစစ်အမှန်ချီများက စီးဆင်းသွားသည်။ သူက ကျောက်ရုပ်တုကို လက်သီးနှင့် ထိုးလိုက်သည်။
" ပေါက်ကွဲလက်သီး။ " လက်သီး၏ စွမ်းအားလှိုင်းတစ်ခုက လေထုကို ထိုးခွင်းသွားသည်။
ဝုန်း...
ကျောက်ရုပ်တုက ချက်ချင်း ပွင့်ထွက်ပျက်စီးသွားသည်။ ကျန်းဟန်အပါအဝင် လူငါးယောက်လုံး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ရိုသေသော အမူအရာများ ပေါ်လာကြသည်။ ထိုစွမ်းအားက သူတို့ လုံးဝ လက်လှမ်းမမီနိုင်သော အရာဖြစ်သည်။
" ဒီသိုင်းပညာကို ပေါက်ကွဲလက်သီးလို့ခေါ်တယ်။ အလယ်အလတ်အဆင့် သိုင်းပညာတစ်ခုပဲ။ နာမည်က သိပ်ပြီး မထူးခြားဘူးလို့ ထင်ရပေမယ့် တကယ်တတ်မြောက်သွားရင် ခန္ဓာကိုယ်တစ်ခုလုံးက ခွန်အားတွေကို လက်သီးမှာ စုစည်းပြီး သာမန်ထက် အဆပေါင်းများစွာ သာလွန်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။
သူက အင်အားစုကဏ္ဍကို ဖွင့်ပြီး သိုင်းပညာကို လူငါးယောက်ဆီသို့ ပို့လွှတ်လိုက်သည်။ ခဏအတွင်း သူတို့၏ စိတ်ထဲတွင် အချက်အလက်များစွာ ဝင်ရောက်လာသည်။
" ကျေးဇူးတင်ပါတယ် အရှင်။ " ကျန်းဟန်နှင့် အခြားသူများက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
ထိုအချိန်တွင် ခန်းမ၏ ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။
" ဘယ်သူလဲ။ " ကျန်းဟန်၏ မျက်နှာက တင်းမာသွားပြီး အသံလာရာသို့ မေးလိုက်သည်။ အခြားသူများကလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။
ကျောက်ဖုန်းက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။ သူ၏ စိတ်ဝိညာဉ်က အမှတ်နှစ်ထောင်ကျော်ရှိနေပြီး အမှောင်ထဲတွင် ပုန်းအောင်းနေသော လူကို သူ အစောကြီးကတည်းက သိပြီးသားဖြစ်သည်။
" မလုပ်နဲ့ ငါ ငါပါ။ " တုဆွေ၏ အသံက ထွက်ပေါ်လာပြီး သူက လျင်မြန်စွာ ထွက်လာသည်။ သူ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ရှိနေဆဲ ဖြစ်သည်။
တုဆွေက ကျောက်ဖုန်း ကျောက်ရုပ်တုကို လက်သီးတစ်ချက်တည်းနှင့် အဝေးမှ ဖျက်ဆီးလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ ထိုသို့သော လုပ်ရပ်မျိုးက လူသားတစ်ယောက် မလုပ်နိုင်သော အရာမျိုးဖြစ်သည်။
" တပ်မှူးတုဆွေလား။ " ကျန်းဟန်နှင့် အခြားသူများက တုဆွေကို ကြည့်လိုက်သည်။
သိုင်းပညာက သူတို့အရှင်၏ လျို့ဝှက်ချက်ဖြစ်သည်။ သူအယုံကြည်ရဆုံလူများသာ လေ့ကျင့်ခွင့်ရှိပြီး ယခု အပြင်လူတစ်ယောက်က မြင််တွေ့သွားခဲ့သည်။