← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၂၅)

" ဒီကိစ္စနဲ့ ပက်သက်ပြီး မင်းတို့ တစ်ခုခုပြောစရာရှိသေးလား။ " ရင်ကျန့်က ချက်ချင်း သဘောမတူသေးဘဲ သူ၏ ဝန်ကြီးများကို ကြည့်လိုက်သည်။

" ကျောက်နိုင်ငံက မတရားတဲ့ စစ်တပ်ကို တည်ထောင်ထားတာဖြစ်လို့ ကမ္ဘာကြီးက ဒါကို ရှုံ့ချသင့်တယ်။ ချင်နိုင်ငံက ကျောက်နိုင်ငံနဲ့ မဟာမိတ်စာချုပ်ချုပ်ဆိုထားပေမယ့် ဒီလိုဂုဏ်သိက္ခာမရှိတဲ့ စာချုပ်မျိုးကို လက်မခံသင့်ပါဘူး။ ယန်နိုင်ငံက ဒီလောက်ထိ တောင်းပန်နေမှတော့ ချင်နိုင်ငံအနေနဲ့ သူတို့ကို မကယ်ဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။ "

" ကျောက်နိုင်ငံကို တိုက်ခိုက်ပြီး ယန်နိုင်ငံကို ကယ်တင်ဖို့အတွက် စစ်တပ်ကို စေလွှတ်ဖို့ ကျွန်တော်မျိုး အဆိုပြုပါတယ်။ " လီစီက ရှေ့သို့တက်ပြီး လျှောက်တင်လိုက်သည်။

" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ကျောက်နိုင်ငံက တရားမျှတမှုမရှိပါဘူး။ ချင်နိုင်ငံက သူတို့ကို တိုက်တာက တရားမျှတတဲ့ လုပ်ရပ်ပါပဲ။ " ဟန်ဖေးကလည်း ပြောလိုက်သည်။

ထောက်ခံသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းက ယန်တန် ချင်နိုင်ငံကို ပထမဆုံးရောက်လာသောနေ့နှင့် ကွဲပြားနေသည်။ ယခုအချိန်တွင် ချင်နိုင်ငံ၏ ဝန်ကြီးများက ကျောက်နိုင်ငံမှာ မျှတမှုမရှိသောကြောင့် ဒေါသထွက်နေပြသည်။

နန်းတွင်းတွင် အုပ်စုများ ကွဲနေသော်လည်း ဘယ်သူမှအရူးများမဟုတ်ကြပေ။ သူတို့အားလုံးက ရင်ကျန့်၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။ ယန်နိုင်ငံက အကျိုးအမြတ်အများကြီး ပေးထားသည့်အပြင် ချင်နိုင်ငံကလည်း ကျောက်နိုင်ငံကို တိုက်ရန် ရည်ရွယ်ထားပြီးသားဖြစ်သည်။

ချင်ဝန်ကြီးများက ယန်နိုင်ငံဘက်မှ တစ်ယောက်ပြီးတစ်ယောက် ပြောပေးနေကြသည်ကို နားထောင်ရင်း ယန်တန်က ဝမ်းသာသွားသည်။ သူက ထောင်ချောက်ထဲသို့ ကျဆင်းသွားပြီကိုတော့ သူသတိမထားမိပေ။

အကယ်၍ သူက နည်းနည်း ပိုပြီးပါးတပ်ခဲ့လျှင် နန်းတွင်း၌ ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်သုံးယောက်မရှိသည်ကို သတိပြုမိပေလိမ့်မည်။

" မင်းတို့ပြောတာတွေ အားလုံးက ယုတ္တိရှိပါတယ်။ " ရင်ကျန့်က စကားစပြောလိုက်ပြီး အားလုံးက တိတ်ဆိတ်သွားသည်။

" ဝန်ကြီးချုပ်ဝမ် တော်ဝင်အမိန့်ကို ရေးပြီး တစ်ကမ္ဘာလုံးသိအောင် ကြေညာလိုက်။ ကျောက်နိုင်ငံက တရားမျှတမှုမရှိဘူး။ ယန်နိုင်ငံကို တိုက်ခိုက်ဖို့ ဂုဏ်သိက္ခာမဲ့တဲ့ စစ်တပ်ကို တည်ထောင်ထားတယ်။ အခု ယန်နိုင်ငံက ငါတို့ဆီ အကူအညီလာတောင်းပြီဆိုတော့ ငါတို့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး။ "

" ကျောက်နိုင်ငံဆီကို နိုင်ငံတော်စာချွန်လွှာပို့လိုက်။ ယန်နိုက်ငံအပေါ် သူတို့ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်ဖို့ ပြောလိုက်။ တကယ်လို့ ကျောက်နိုင်ငံက စစ်တပ်ကို မရုတ်သိမ်းဘူးဆိုရင် ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်ပြီး ယန်နိုင်ငံကို ကယ်တင်ဖို့ စစ်တပ်ကို စေလွှတ်မယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ယန်တန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ကြွေးကြော်လိုက်ကြသည်။

ကျောက်နိုင်ငံ၊ ဟန်တန်မြို့တော်၊ လုံထိုင်နန်းတော်အတွင်း ကျောက်ယန်က ချင်နိုင်ငံမှလာသော နိုင်ငံတော်စာချွန်လွှာကို ကြမ်းပြင်သို့ ပစ်ပေါက်လိုက်သည်။

" ရင်ကျန့် ယန်နိုင်ငံက ငါ့တပ်တွေကို ရုတ်သိမ်းဖို့ အမိန့်ပေးရအောင် သူ့ကိုသူ ဘာမှတ်နေတာလဲ။ " ကျောက်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

" အရှင်မင်းကြီး " ကောခိုင်က ချက်ချင်း ရှေ့ထွက်လာသည်။ " ရင်ကျန့်ရဲ့ လုပ်ရပ်တွေက ကျောက်နိုင်ငံကို ခြိမ်းခြောက်ဖို့ဆိုတာ ရှင်းနေပါတယ်။ ကျွန်တော်မျိုးတို့ ကြောက်စရာမလိုပါဘူး။ ကျွန်တော်မျိုးတို့စစ်အင်အားကို တိုးမြှင့်ပြီး ယန်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းသင့်ပါတယ်။ ယန်နိုင်ငံကို ချေမှုန်းပြီးတာနဲ့ ကျောက်နိုင်ငံက အရှင်မင်းကြီးရဲ့ လက်အောက်မှာ အင်အားပိုကြီးလာမှာပါ။ "

" ဝန်​ကြီးချုပ်က အကောင်းမြင်လွန်းနေပြီ။ " ကျောက်ယိက ရှေ့ထွက်ပြီး ပြောလိုက်သည်။ " ယန်နိုင်ငံက ချင်နိုင်ငံဆီက အကူအညီတောင်းပြီးပြီ။ အခု ကမ္ဘာကြီးက ကျောက်နိုင်ငံကို မတရားတဲ့ စစ်ပွဲဆင်နွှဲနေတယ်လို့ စွပ်စွဲနေကြပြီ။ "

" ရင်ကျန့်ရဲ့ လုပ်ရပ်က ကျုပ်တို့ကို တိုက်ခိုက်ဖို့ အရှိန်ယူနေတာ သေချာတယ်။ ကျောက်နိုင်ငံက ယန်နိုင်ငံကနေ စစ်တပ်ကို မရုတ်သိမ်းရင် ချင်မှာ တရားမျှတမှုဆိုတဲ့ အကြောင်းပြချက်ရှိနေလိမ့်မယ်။ နယ်စပ်ကို ကာကွယ်ဖို့နဲ့ ချင်စစ်တပ်ကို စောင့်ကြည်ဖို့ စစ်တပ်ကို စေလွှတ်သင့်ပါတယ်။ "

" ငါက ရင်ကျန့်ကို ကြောက်နေတယ်လို့ ထင်နေတာလား။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။ " လျန်ပိုက နယ်စပ်မှာ တပ်စွဲထားပြီးသားမဟုတ်လား။ သူရှိနေရင် နယ်စပ်က လုံခြုံပါတယ်။ ပြီးတော့ ကျောက်နိုင်ငံက ဝေနိုင်ငံနဲ့ မဟာမိတ်တွေပဲ။ ငါလည်း အရှင်ရှင်းလင်းကို ဆက်သွယ်ထားပြီ။ "

" တကယ်လို့ ချင်က ငါတို့ကို စစ်ချီရဲရင် အရှင်ရှင်းလင်းက သူ့စစ်တပ်ကို ဦးဆောင်ပြီး ဟန်နယ်မြေကို တိုက်ခိုက်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ချင်နိုင်ငံက ကျောက်နိုင်ငံကို ဘယ်လိုတိုက်မလဲ ငါကြည့်ချင်သေးတယ်။ " ကျောက်ယန်က လှောင်ပြုံးပြုံးလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ကောခိုင်က မြှောက်ပင့်ပြောဆိုလိုက်သည်။

" အရှင်မင်းကြီး ဝေနိုင်ငံကို အားကိုးတာက ကောင်းတဲ့နည်းဗျူဟာမဟုတ်ပါဘူး။ " ကျောက်ယိက အလျှော့မပေးဘဲ ဆက်ပြောလိုက်သည်။ " နယ်စပ်ကို ကာကွယ်ကို စစ်တပ်ကို ပိုစေလွှတ်သင့်ပါတယ်။ ဒါမှ ကျောက်နိုင်ငံရဲ့ ဘေးကင်းမှုကို အာမခံနိုင်ပါလိမ့်မယ်။ "

"ဝန်ကြီးချုပ် " ကျောက်ယန်က ကျောက်ယိကို လုံးဝ လျစ်လျူရှုထားသည်။ " အရှင်ရှင်းလင်းဆီကို ချင်နိုင်ငံအကြောင်း အသိပေးပြီး ပြင်ဆင်ထားဖို့ ပြောလိုက်။ ပြီးတော့ ဖန်ရွှမ်ဆီကိုလည်း အမိန့်တစ်ခုပို့လိုက်။ သူ့ရဲ့ စစ်တပ်ကို အရှိန်မြှင့်ပြီး ယန်နိုင်ငံကို တတ်နိုင်သမျှ အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းဖို့ ပြောလိုက်။ "

" အမိန့်အတိုင်းပါ။ " ကောခိုင်က ဦးညွှတ်ပြီး ပြန်ပြောလိုက်သည်။

ဝေနိုင်ငံ။

" အရှင် " ဝေပေါက လျင်မြန်စွာ ပြောလိုက်သည်။ " ကျောက်နိုင်ငံက သတင်းရပါပြီ။ ချင်ဘုရင်က ကျောက်ဘုရင်ဆီကို တပ်တွေရုတ်သိမ်းဖို့ နိုင်ငံတော်စာချွန်လွှာကို ပို့လိုက်တယ်။ ပြီးတော့ ချင်နိုင်ငံမှာလည်း စစ်တပ်ပြင်ဆင်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ "

" နောက်ဆုံးတော့ အဲ့ဒီနေ့ကို ရောက်လာပြီပဲ။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။ "ကျောက်က စစ်တပ်ကို စစုစည်းကတည်းက ချင်က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာ ငါသိနေခဲ့တယ်။ နောက်ဆုံးတော့ ချင်ဘုရင်အတွက် ဒါက ကျောက်နိုင်ငံကို ဖျက်ဆီးဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ "

" အရှင် အခု ချင်နိုင်ငံက တိုက်တော့မယ်ဆိုတော့ ဝေနိုင်ငံက မဟာမိတ်ကတိအတိုင်း စစ်တပ်ကို စေလွှတ်ပေးရလိမ့်မယ်။ ဒါက ဝေနိုင်ငံအတွက် အခွင့်အရေးပဲ။ ချင်သိမ်းပိုက်ထားတဲ့ ဟန်နယ်မြေတွေက မတည်မငြိမ်ဖြစ်နေတယ်။ တကယ်လို့ ဟန်နယ်မြေကိုသာ သိမ်းပိုက်နိုင်ရင် ဝေနိုင်ငံက အရင်ဂုဏ်သိက္ခာကို သေချာပေါက် ပြန်ရလိမ့်မယ်။ " ဝေပေါက မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။

ဝေဝူကျိက သူ၏ တူကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ " ချင်နိုင်ငံကို ရင်ဆိုင်တာက အဲ့လောက်လွယ်မယ်လို့ မင်းထင်နေတာလား။ ငါတို့ဝေနိုင်ငံက ကျောက်နိုင်ငံနဲ့ မဟာမိတ်တွေဆိုတာ ချင်နိုင်ငံက မသိဘူးထင်လား။ ချင်ဘုရင်က ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဒီလိုခြိမ်းခြောက်မှုရှိတဲ့ အမိန့်ကို ထုတ်ပြန်လိမ့်မယ်လို့ မင်းထင်လား။ "

" ဝေမြို့ကို စစ်တပ်ကြီးတစ်ခုနဲ့ ကာကွယ်ထားမှာ သေချာတယ်။ အဲ့ဒီမြို့ကို ထိုးဖောက်ဖို့က မလွယ်ဘူး။ "

" အရှင်ပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက ဝေနိုင်ငံအတွက် အကောင်းဆုံး အလွင့်အရေးတစ်ခုလည်း ဖြစ်နေတယ်။ " ဝေပေါက လက်မခံသေးဘဲ ပြောလုက်သည်။

" အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုကတော့ စစ်တပ်ကို စုစည်းဖို့ပဲ ကျန်တော့တယ်။ " ဝေဝူကျိက ပြောလိုက်သည်။ " စစ်သည်အင်အား တစ်သိန်းခွဲရှိတဲ့ စစ်တပ်က နယ်စပ်ဆီ ချီတက်ပြီး ဝေမြို့ကို ဖိအားပေးဖို့ အမိန့်ထုတ်လိုက်။ ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်တာနဲ့ ဝေနိုင်ငံကလည်း ချက်ချင်း တိုက်ခိုက်မယ်။ "

" အမိန့်အတိုင်းပါ။ " ဝေပေါက ချက်ချင်း ပြန်ပြောလိုက်သည်။ သူက လှည့်ထွက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာသသည်။

" အရင် ကျွန်တော် ကျောက်ဖုန်းရဲ့ ဦးခေါင်းကို ယူလာပေးမယ်လို့ ပြောခဲ့တယ်။ ဒီတိုက်ပွဲမှာ အရှင်ကို စိတ်မပျက်စေရပါဘူး။ ဝေနိုင်ငံကို ကျွန်တော်ကာကွယ်နိုင်တယ်ဆိုတာ သက်သေပြမယ်။ "

" ကောင်းပြီ။ ငါစောင့်ကြည့်နေမယ်။ " ဝေဝူကျိက ခေါင်းညိမ့်လိုက်သည်။

ဝေပေါ ထွက်သွားသောအခါ ဝေဝါကျိက တစ်ယောက်တည်း အတွေးနက်နေသည်။ ၎င်းမှာ ဝေနိုင်ငံက သူတို့၏ ကံကြမ္မာကို လောင်းကြေးထပ်ရမည့် တိုက်ပွဲဖြစ်သည်။

" စစ်သည်တစ်သိန်းခွဲက ဝေနိုင်ငံရဲ့ စစ်အင်အား တစ်ဝက်ပဲ။ မျှော်လင့်ထားသလို ဟန်နယ်မြေကို သိမ်းပိုက်နိုင်ဖို့ ဆုတောင်းရမှာပဲ။ အဲ့ဒီလိုဆိုရင် ဝေနိုင်ငံရဲ့ ကံကြမ္မာက ပိုပြီး ရှည်ကြာသွားနိုင်တယ်။ ဒီအခွင့်အရေးက အန္တရာယ်များလွန်းတယ်။ ချင်နိုင်ငံက တစ်ဆင့်ချင်း ဘယ်လိုအင်အားကြီးလာတယ်ဆိုတာ ငါကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ "

" တကယ်လို့ ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်တာ အောင်မြင်သွားရင် ဝေနိုင်ငံတစ်ခုတည်း ရပ်တည်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ အခု ငါက ချင်နိုင်ငံကို တိုက်ခိုက်ခဲ့ရင် သူတို့ကို စစ်ချီဖို့ အကြောင်းပြချက်ပေးသလိုဖြစ်သွားလိမ့်မယ်။ "

ဝေမြို့ပြင်မှ ချင်ကင်းထောက်များက မြို့ထဲသို့ မြင့်များဖြင့် အရှိန်ပြင်းပြင်း ပြေးဝင်လာကြသည်။

" အစီရင်ခံပါတယ်။ " ကင်းထောက်တစ်ယောက်က ကျောက်ဖုန်းကို ဦးညွှတ်ပြီး ပြောလိုက်သည်။ " ဝေမြို့ရဲ့ မြောက်ဘက်မှာ ဝေစစ်သည်တွေကို တွေ့ရပါတယ်။ ဝေနိုင်ငံရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေက ချင်နယ်မြေထဲကို ဝင်ရောက်လာပြီး ဝေမြို့ဆီကို ချီတက်လာကြပါပြီ။ စစ်သူကြီးရဲ့ အမိန့်ကို စောင့်ဆိုင်းနေပါတယ်။ "

ခန်းမထဲမှ တပ်မှူးများ၏ အမူအရာများက ပြောင်းလဲသွားကြပြီး ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

" ဝေဝူကျိ ထင်တဲ့အတိုင်းပဲ။ " ကျောက်ဖုန်းက အံ့ဩခြင်းမရှိဘဲ ပြုံးလိုက်သည်။ " သူက ငါတို့ တိုက်ခိုက်မှာစိုးလို့ ရေကြောင်းကို မသုံးဘဲ ဆယ်မိုင်လောက်ပတ်ပြီး လာခဲ့တာပဲ။ ဒါပေမယ့် ငါက အစကတည်းက ဝေမြစ်တစ်လျှောက်မှာ ခံစစ်ပြင်ဖို့ မရည်ရွယ်ထားဘူး။ "

All Chapters